← Chapters

ဒါ…ဒါ မှားနေတယ် မဟုတ်လား

Vol. 41 Ch. 405

ဒါ…ဒါ မှားနေတယ် မဟုတ်လား

Vol. 41 Ch. 405

...

"ကျောက်ရင်း၊ ရည်းစားဆိုတာ ဘာလဲ နင်သိလား။"

"ရည်းစားလား။ အင်း... ရည်းစားဆိုတာ ရည်းစားပေါ့။ တန်ခယ်၊ နွီဖျောင် ဒါမှမဟုတ် ပစ်မှတ် လို့လည်း ခေါ်ကြတယ်လေ..."

"ငါ ဆိုလိုတာက ရည်းစားဆိုတဲ့ စကားလုံးရဲ့ ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်လေ။ အဲဒါက ဘယ်လိုမျိုးကို ကိုယ်စားပြုတာလဲ။"

"ဪ။ အဲဒီသဘောကို ပြောတာလား။ သဘာဝကျပါတယ်။ နင်က ဒီခေတ်အကြောင်း သိပ်မသိသေးဘူးဆိုတော့ ရှင်းပြပါ့မယ်။ ရည်းစားဆိုတာ ရှေးခေတ်က ရင်ဖွင့်ဖက်လိုမျိုးပေါ့။ ချစ်သူရည်းစား ဆက်ဆံရေးမျိုးလေ။ အဲဒီထက် ပိုတိုးတက်သွားရင် စေ့စပ်ထားသူ ဒါမှမဟုတ် ဇနီးအဖြစ် ပြောင်းလဲသွားတယ်။ ဒါပေမဲ့ အခုခေတ် လူတွေက အများကြီး ပိုပွင့်လင်းလာကြပြီ။ အရင်တုန်းကဆိုရင် စုံတွဲတွေက လက်မထပ်ရသေးဘဲနဲ့ နမ်းတောင် မနမ်းကြဘူး။ အခုကျတော့ရော။ ချစ်သူကောင်လေးနဲ့ ကောင်မလေးတွေက အချိန်တိုင်း နမ်းနေကြတာပဲ၊ အတူတူတောင် အိပ်ကြသေးတယ်။ ဘလာ ဘလာ ဘလာ..."

လီချင်းရန်က ခေတ်သစ်ကမ္ဘာအကြောင်း ဗဟုသုတ မရှိသည်ကို အခွင့်ကောင်းယူပြီး၊ ကျောက်ရင်းက အုပ်ချုပ်ရေးမှူးအတွက် အတတ်နိုင်ဆုံး အကျိုးရှိစေမည့် ပုံစံမျိုးနှင့် ပြောပြနေခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် သူပြောသည်များက သိပ်မလွဲလှပေ။

ယခုခေတ်တွင် လူအများက အလွယ်တကူပင် အတူအိပ်တတ်ကြသည်။

အရက်နည်းနည်း သောက်လိုက်ရုံနှင့် လုံးဝ သူစိမ်းနှစ်ယောက်က တစ်ညတာ အချစ်ဇာတ်လမ်းမျိုး ဖြစ်သွားနိုင်၏။

ခိုင်မာသော ဆက်ဆံရေးတစ်ခု ရှိနေသူများပင် အဖော်ပြောင်းခြင်း သို့မဟုတ် တခြားလူတွေကိုပါ ထပ်ပေါင်းထည့်ခြင်းမျိုး လုပ်တတ်ကြသေးသည်။

ရိုးရာစုံတွဲများ မရှိတော့သည်မှာ မဟုတ်သော်လည်း အရမ်းရှားသွားလေပြီ။

ကျောက်ရင်းက "ရှေးခေတ်လူတစ်ယောက်" ဖြစ်သော လီချင်းရန်လိုလူမျိုးက အလွန် ရှေးရိုးစွဲကြီးပြီး ဖြူစင်ကာ ကိုယ်ကျင့်တရား ကောင်းမွန်သော ပုံစံမျိုး ဖြစ်ရမည်ဟု သေချာပေါက် ယုံကြည်ထား၏။

သို့သော် အရမ်းဖြူစင်လွန်းလျှင်လည်း တောင့်တင်းပြီး ပျင်းစရာကောင်းသောပုံစံ ပေါက်သွားနိုင်သည်။

အတူအိပ်ရန် ကိစ္စကို အသာထာား။ အနည်းဆုံးတော့ အုပ်ချုပ်ရေးမှူး၏လက်ကို ကိုင်ခြင်း သို့မဟုတ် ခိုးနမ်းခြင်းလောက်က သူ့အတွက် အဆင်ပြေသင့်သည် မဟုတ်ပါလား။

ဒီအစွမ်းထက် စုံတွဲကို ဖြစ်မြောက်အောင် ငါ လုပ်ပေးရမယ်။

သူက စိတ်ကူးပေါက်ရာ လုပ်တတ်သော ထိုစည်းမဲ့ကမ်းမဲ့ လင်းလင်လင်လို မဟုတ်ပေ။ တစ်စက္ကန့်လေးတွင် ချမ်းသာပြီး နောက်တစ်စက္ကန့်တွင် ရိုင်းစိုင်းသွားခြင်းမျိုး မဟုတ်။

လီချင်းရန်က လောကအတွေ့အကြုံ သိပ်မရှိဘဲ အကာအကွယ်ပေးခံထားရသော မိန်းကလေးမျိုး ဖြစ်နေသည်မှာ ထင်ရှင်းပေသည်။ သူ အရင်က ရည်းစားပင် ထားဖူးမည် မဟုတ်ပေ။

သူက ကျင့်စဉ်အဆင့်နှင့် အသက်အရွယ်ကြောင့်သာ ရင့်ကျက်ပြီး ဉာဏ်ပညာရှိသလို ပေါက်နေခြင်း ဖြစ်သည်။

သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းကို သိတယ်မလား။ သူက အဲဒီထဲက နဂါးမိန်းကလေးလိုမျိုးပဲ။

လီချင်းရန်က နေ့လယ်ခင်း တစ်ခုလုံးကို ကျောက်ရင်းထံမှ ဗဟုသုတများစွာ သင်ယူရင်း ကုန်ဆုံးခဲ့သည်။

ချစ်သူရည်းစားဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း အပါအဝင် ကမ္ဘာတွင် သူတို့ မည်ကဲ့သို့ ပုံမှန် အပြန်အလှန် ဆက်ဆံကြပုံကိုပါ သင်ယူခဲ့သည်။

အသေအချာပင်။ ရည်းစားဆိုသည်ကို သူ သူသိပြီးသား ဖြစ်သည်။

အဲဒါက တာအိုလက်တွဲဖော်နဲ့ အတူတူပဲ မဟုတ်လား။

အဲဒီထက်တောင် ပိုပြီး ရင်းနှီးနိုင်သေးတယ်။

တကယ်တော့ တာအိုလက်တွဲဖော်ဆိုတာ ချစ်သူရည်းစား ဖြစ်ဖို့ မလိုပါဘူး။ ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက်။ စိတ်တူကိုယ်တူ ကျင့်ကြံသူတွေ ဖြစ်ဖို့ပဲ လိုတာ။

စစ်မှန်တဲ့ အဓိပ္ပာယ်အရဆိုရင်တော့ တာအိုလက်တွဲဖော်ဆိုတာ ကိုယ့်ရဲ့ လမ်းစဉ်ကို အတူတကွ မျှဝေလျှောက်လှမ်းတဲ့ သူကို ခေါ်တာ။

အများစုမှာတော့ ယောကျ်ား-မိန်းမ တာအိုလက်တွဲဖော်တွေက ချစ်သူတွေအဖြစ် ပြောင်းလဲသွားတတ်ကြလို့သာ။

ဆရာက တာအိုလက်တွဲဖော် ဖြစ်ဖို့ ဘာလို့ တစ်ခါမှ မပြောခဲ့တာ ဒါကြောင့်ကိုး။

သူ့ရဲ့ ခံစားချက်တွေက အဲဒီထက် ပိုနက်ရှိုင်းပြီး ပိုရှုပ်ထွေးနေခဲ့တာကိုး။

ဆရာ-တပည့် တားမြစ်ချက်ကြီး ရှိနေလို့သာ သူ ဖွင့်မပြောရဲဘဲ ဖြစ်နေခဲ့တာ။

...

၎င်းကို တွေးမိသော် လီချင်းရန်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ "အရူးကြီး…"

"ဟမ်။ ဘာပြောလိုက်တာလဲ။" ချန်ဟွိုက်အန်က သူ၏ ရင်ခွင်ထဲတွင် အဖက်ခံထားရသည်မှာ အတန်ကြာနေပြီဖြစ်ပြီး သူ၏ လက်မောင်းများက တစ်နေရာတည်းတွင် ပိတ်မိနေသဖြင့် ထုံကျင်နေပြီ ဖြစ်သည်။ သူ၏ ဦးနှောက်တောင်မှ ဝေဝါးစ ပြုလာပြီ ဖြစ်သည်။

"ဘာမှမဟုတ်ပါဘူး။" လီချင်းရန်က တခစ်ခစ် ရယ်လိုက်သည်။

ဆရာက သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောဖို့ အရမ်း ရှက်နေတယ်ဆိုရင်... သူ့ရဲ့ သိက္ခာကို ကာကွယ်ပေးဖို့အတွက် ငါက အလိုက်သင့် နေပေးပြီး မသိချင်ယောင် ဆောင်ပေးလိုက်မယ်။

သူက ချန်ဟွိုက်အန်ကို လွှတ်ပေးလိုက်ပြီး သူ့ရှေ့တည့်တည့်ကို လျှောက်သွားကာ၊လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခေါင်းလေးစောင်းကာ သူ့ကို အကဲခတ်လိုက်သည်။ သူ၏ မျက်လုံးများက ကောက်ကျစ်သော အငွေ့အသက်ဖြင့် တောက်ပနေ၏။

ငါစိတ်ထင်လို့ပဲလား၊ ဒါမှမဟုတ် အဲဒီ တောက်ပနေတဲ့ မျက်လုံးတွေထဲမှာ ပါးနပ်ကောက်ကျစ်တဲ့ အရောင်တစ်ခု လက်ခနဲ ဖြစ်သွားတာကို မြင်လိုက်ရတာလား။

ငါစိတ်ထင်လို့ပဲ ဖြစ်ရမယ်။

ငါ့ရဲ့ အပြစ်ကင်းစင်တဲ့ တပည့်လေးက ဘယ်လိုလုပ်ပြီး လျှို့ဝှက်အကြံအစည်တွေ ရှိနေနိုင်မှာလဲ။

နောက်တစ်ခဏတွင်တော့ လီချင်းရန်က ရုတ်တရက် ပြောလိုက်သည်။ "ဆရာ၊ ဒီကမ္ဘာမှာ ရည်စားတွေက သူတို့ရဲ့ ကောင်မလေးတွေကို နှုတ်ဆက်တဲ့အနေနဲ့ ပါးကို နမ်းရတယ်လို့ ကြားတယ်။ ဥပမာ မနက်နိုးလာရင် မနက်ခင်းအနမ်း၊ နေ့လယ်ဘက်မှာ နေ့လယ်ခင်းအနမ်း၊ ပြီးတော့ ညဘက်မှာ ညချမ်းအနမ်းပေါ့။ အဲဒါက ဂရုစိုက်မှုနဲ့ ချစ်ခင်ယုယမှုကို ပြသတဲ့ လက္ခဏာတစ်ခုအနေနဲ့ ရည်ရွယ်တယ်တဲ့။ အဲဒါ တကယ်ပဲလား။"

ချန်ဟွိုက်အန် - "..."

ဒါ... ဒါက သိပ်မမှန်သလိုပဲ။

အဲဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သူ ဘယ်ကနေ သွားကြားလာတာလဲ။

ထို့နောက် သေချာစဉ်းစားကြည့်လိုက်ရာ... လုံးဝ မှားနေသည်လည်း မဟုတ်ပေ။

နောက်မှ အမိမခံရအောင် သူက ပါးပါးနပ်နပ် ခေါင်းညိတ်လိုက်သည်။

"အဲဒါ အမှန်ပဲ။ ဒါက စုံတွဲတွေ အချင်းချင်း ဂရုစိုက်ကြောင်း ပြသတဲ့ နည်းလမ်းတစ်ခုပါ၊ ဒါပေမဲ့ လုံးဝ မဖြစ်မနေ လုပ်ရမယ်လို့တော့ မဟုတ်ပါဘူး..."

"ဒါဆို ဆရာက ဘာလို့ ကျွန်မကို အဲဒီလို မလုပ်တာလဲ။" လီချင်းရန်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူတို့ မျက်နှာချင်း လက်မအနည်းငယ်သာ ကွာတော့သည့်အထိ ရုတ်တရက် ရှေ့သို့ တိုးလာသည်။ သူ၏ မျက်လုံးဝိုင်းကြီးများက ချန်ဟွိုက်အန်ကို လေးနက်စွာ စိုက်ကြည့်နေ၏။

"ဆရာက ကျွန်မကို နည်းနည်းလေးမှ ဂရုမစိုက်လို့လား။"

"မ…မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ဘူး။" ချန်ဟွိုက်အန်က အထိတ်တလန့်ဖြင့် လက်ကို ယမ်းလိုက်သော်လည်း၊ လီချင်းရန်က သူ့ကို ရှင်းပြခွင့် မပေးပေ။

"ကျွန်မက ဆရာ့ရဲ့ ရည်းစား ဖြစ်နေပြီကို။ ဆရာက သမီး ရထိုက်တဲ့ ဂရုစိုက်မှုကိုတောင် မပေးဘူး။ ဆရာက ဒီဆက်ဆံရေးအပေါ် ရိုးသားမှု မရှိဘူးဆိုတာ ရှင်းနေတာပဲ။"

သူက လက်ကိုပိုက်ကာ မျက်နှာလွှဲသွားပြီး နုနယ်သော ကျောပြင်လေးက တရားမျှတသော ဒေါသများကို ဖြာထွက်နေ၏။

"မဟုတ်ဘူး၊ ငါ ရိုးသားပါတယ်။ မင်း ငါ့ကို ယုံရမယ်…"

ချန်ဟွိုက်အန် အထိတ်တလန့်ဖြစ်သွားပြီး ရှင်းပြရန် ကြိုးစားနေသည်။

လီချင်းရန်က ရုတ်တရက် ပြန်လှည့်လာပြီး ပြောလိုက်သည်။ "ဒါဆိုရင် ဆရာ ကျွန်မကို နမ်း…" ==

သူက သူ၏ပါးပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ သူ၏ မျက်နှာက နီမြန်းနေသော်လည်း အမူအရာက လုံးဝကို လေးနက်နေ၏။

"ရည်းစားတစ်ယောက်က သင့်တော်တဲ့ ဂရုစိုက်မှုနဲ့ ကောင်းချီးတွေကို ရထိုက်တယ်။ ကျွန်မလည်း အဲဒါကို လိုချင်တယ်"

ချန်ဟွိုက်အန်က လက်မအနည်းငယ်သာ ကွာဝေးသည့် လီချင်းရန်၏ လှပသော မျက်နှာလေးကို မှင်သက်စွာ စိုက်ကြည့်နေသည်။ သူက တံတွေးကို အပြင်းအထန် မြိုချလိုက်မိသည်။

ကိစ္စများက သူ၏ထိန်းချုပ်မှုအောက်မှ လုံးဝ လွတ်ထွက်သွားခဲ့လေပြီ။

ငါ လိုချင်ခဲ့တာက ခေတ်သစ် ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး သူ ဘာမှမသိတာကို အသုံးချပြီး အသာစီးရဖို့ သက်သက်ပဲ။

အခု ကြည့်ဦး။ သူက ငါ့ကို ကြိုတင် ရိပ်မိသွားပြီး အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ။ အခုတော့ ငါကပဲ ကစားခံလိုက်ရပြီ။

"ချင်းရန်။၊ ပါးကို နမ်းတာက ချစ်သူတွေကြားက ဂရုစိုက်မှုနဲ့ ချစ်ခင်ယုယမှုကို ဆိုလိုတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။"

"ဒါပေါ့။ ကျောက်ရင်း အဲဒီလို ပြောခဲ့တာပဲ"

ချန်ဟွိုက်အန် - "...."

ကောင်းပြီလေ၊ ကောင်းပြီ။

ကျောက်ရင်းရဲ့ ကူညီချင်စိတ်က အရမ်းကို ပြင်းထန်လွန်းနေတယ်။

ကြည့်ရတာ သူ့ကို လစာတိုးပေးရတော့မယ် ထင်တယ်။

ချန်ဟွိုက်အန်က မျက်နှာအမူအရာကို အပြုံးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ "ကောင်းပြီလေ။ ငါက ဂရုမစိုက်တာ မဟုတ်ပါဘူး။ ချင်းရန်။ ဒီကစည်းမျဉ်းတွေက ချင်းယွန်ဘုံနဲ့ ကွာခြားနေလို့ပါ။ ဟိုမှာက နမ်းတယ်ဆိုတာ အရမ်းကို ရင်းနှီးတဲ့ ရည်စားတွေအတွက်ပဲ သီးသန့်ထားတဲ့ အရာလေ။ ငါက အရမ်း ရဲတင်းလွန်းနေတယ်လို့ ထင်သွားမှာကို စိုးရိမ်လို့ပါ"

"ဆရာက အရမ်း တောင့်တင်းလွန်းတယ်…" လီချင်းရန်က ဂရုမစိုက်သလို နှုတ်ခမ်းစူလိုက်သည်။

"ရောမရောက်ရင် ရောမလို ကျင့်ရမှာပေါ့။"

ကဲ…လီချင်ရန်က ဒီလို ပြောလာမှတော့ ငါ နောက်ဆုတ်လို့ မရတော့ဘူး။

အနားသို့ အရမ်းနီးကပ်နေသော လီချင်းရန်၏ နုနယ်သော မျက်နှာလေးကို စိုက်ကြည့်ရင်း ချန်ဟွိုက်အန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့သို့ ကိုင်းလိုက်သည်။

လီချင်းရန်က အားလုံးကို စတင်ခဲ့သူ ဖြစ်သော်လည်း သူက စိုးရိမ်တကြီးဖြင့် အင်္ကျီလက်စများကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

သူ၏ဆရာ မျက်နှာက တဖြည်းဖြည်း နီးကပ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

သတ္တိနှင့် တောင့်တမှုတို့ ရောနှောနေခြင်းက ရှက်ရွံ့မှုကို ဖိနှိပ်ထားပြီး ငြိမ်ငြိမ်လေးနေရန် သူ့ကို ကူညီပေးခဲ့သည်။

ထို့ပြင် ထိုရဲတင်းမှုနှင့် ဂရုမစိုက်မှု အခိုက်အတန့်လေးကပင် ချန်ဟွိုက်အန်ကို နီးကပ်လာရန် သတ္တိများ ပေးလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။

အထက်မှ အလင်းရောင်က ညရောက်လာသကဲ့သို့ မှိန်ကျသွား၏။

ပါးပြင်က ထိုနွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည့် အခိုက်အတန့်တွင် လီချင်းရန်၏ နှလုံးခုန်သံများ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။

သူ ဝေဝေဝါးဝါး ဖြစ်သွားစဉ် စိတ်ထဲတွင် လုံးဝ ဗလာကျင်းသွား၏။

ရွှတ်။

ချန်ဟွိုက်အန်က လီချင်းရန်ကို နမ်းလိုက်သည်။

သူက သူ့နှုတ်ခမ်းကို လျက်လိုက်၏။

လီချင်းရန်က မိတ်ကပ် မလိမ်းထားသည့်အတွက် ပေါင်ဒါမှုန့် အရိပ်အယောင်လေးပင် မရှိပေ။

ဆိုလိုသည်မှာ အရသာက လုံးဝကို သန့်စင်ပြီး သဘာဝအတိုင်းပင်။ သူ့ကို နူးညံ့ပြီး၊ အိစက်ကာ၊ စိုစွတ်နေသော အထိအတွေ့ အပြည့်အဝ ခံစားခွင့် ပေးလိုက်သည်။

အရမ်းကောင်းလွန်း၍ သူက နောက်ထပ်တစ်ခါ ထပ်နမ်းဖို့ ပြင်လိုက်၏။

သို့သော် ရုတ်တရက် လီချင်းရန်က သူ့ကို ညင်သာစွာ တွန်းဖယ်လိုက်သည်။

"ဆရာ…"

သူက တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး မျက်နှာအမူအရာက လေးနက်သွား၏။

ရှင်းပြနေရန် အချိန်မရှိပေ။ သူက စကားတစ်ခွန်းတည်း ချန်ထားခဲ့ပြီး မျက်လုံးများကို မှိတ်လိုက်တော့သည်။

"ကျွန်မ အဆင့်ထွက်တော့မယ်။"

စကားအဆုံးတွင် ချန်ဟွိုက်အန်က လီချင်းရန်၏ ခေါင်းထက်မှ စင်ကြယ်သော ချီစွမ်းအင်ငွေ့တန်းလေး တစ်ခု ထွက်ပေါ်လာသည်ကို အံ့ဩမှင်သက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

...

All Chapters