← Chapters

မင်းနာမည် ပြောစမ်း

Vol. 12 Ch. 1184

မင်းနာမည် ပြောစမ်း

Vol. 12 Ch. 1184

ပိုင်ရှောင်ချန်းမှာ ထိုစကားလုံးများပြောရန် အချိန်အတော်ကြာစောင့်စားနေခဲ့ရသည်။ ယခင်က ထိုစကားများကို သူ ဖွင့်ဟပြောဆိုနိုင်ခဲ့သော်လည်း မပြောရဲခဲ့ပေ။ အစောင့်အရှောက်ဝိညာဥ်က မည်မျှသဘောထား သေးသိမ်ကြောင်း သိထား၍ သူ့ကို ရန်စခြင်းက အလွန်အန္တရာယ်များနိုင်ကြောင်း သူ သိသည်။

သို့သော် ယခုတွင် သူ နည်းနည်းလေးမှ ဂရုမစိုက်ပေ။ သူသည် ယပ်တောင်၏ ပိုင်ရှင်ဖြစ်လာ၍ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်သည်။ ယခုတွင် သူသည် သူဖြစ်ချင်သည့်အခါတိုင်း သူ၏သခင်အဖြစ် ဇာတ်ကောင်နေရာတွင် အရသာခံနိုင်လေသည်။

ဤကဲ့သို့ အော်ဟစ်ရသည်မှာ အလွန်အားရကျနပ်စရာကောင်းလေသည်။ ၄င်းမှာ ချွေးတပြိုက်ပြိက်ကျ ပူလောင်အိုက်စပ်သော နေ့တစ်နေ့တွင် ရေအေးအေးလေးတစ်ခွက်သောက်လိုက်ရသည့်အလား ဖြစ်သည်။

သူက အင်္ကျီလက်စကို ခါယမ်းကာ အသံကို ပို၍ပင် မြှင့်ကာ အော်ဟစ်လိုက်သည်။

" မြန်မြန်။ ဘာတွေ ဖင်လေးနေတာတုန်း။ ကိုယ်တော်ပိုင် စကားပြောချင်တယ်နော် "

သူ၏အသံက ယပ်တောင်အစုတ်ကြီးကိုဖြတ်၍ ပြန်လူးလာပဲ့တင်ထပ်သွားစဥ် အစောင့်အရှောက်ဝိညာဥ်မှာ ခပ်ဝေးဝေးက ယပ်တောင်အရိုးပေါ်တွင် ခါးသီးသောမျက်နှာထားနှင့် လက်နှစ်ဖက် ခေါင်းပေါ်တင်၍ ဆံပင်များကို ဆောင့်ဆွဲရင်း ကုပ်ကုပ်ကလေး ထိုင်နေ၏။ ကံဆိုးစွာပင် သူလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ အရေးမကြီး၊ ပိုင်ရှောင်ချန်း၏စကားကို နားထောင်ရမည်ဖြစ်သည်။ မမြင်နိုင်သောအားများက ထိုသို့လုပ်စေနေလေသည်။ သူက သက်ပြင်းချကာ လှည့်၍ သူ့ထံ ပျံသန်းလိုက်သည်။

ထိုစဥ် သူက သူ၏ပုံပန်းသွင်ပြင်ကို မည်သူမဆို သဘောကျနှစ်သက်မည့် ဆွဲဆောင်မှုရှိသော ကောင်လေးတစ်ယောက်အသွင် ပြောင်းလဲလိုက်သည်။

ပိုင်ရှောင်ချန်းက ယောင်ခြောက်ဆယ်လုပ်နေခြင်းအား အလွန်မကျေမနပ်ဖြစ်နေပြီး နောက်ဆုံးတွင် အစောင့်အရှောက်ဝိညာဥ် ချဥ်းကပ်လာသည်ကို မြင်သောအခါ ဟွန့်ခနဲ အေးစက်စက်နှာမှုတ်လိုက်သည်။

အစောင့်အရှောက်ဝိညာဥ်မှာ တုန်ရီသွားပြီး စိတ်လှုပ်ရှားမှုအနည်းငယ် ရောထွေးနေသော အဖားဆုံးအမူအရာ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ ပိုင်ရှောင်ချန်းအရှေ့တွင် ရပ်တန့်ကာ သူက လက်ယှက်၍ ဦးညွှတ်လိုက်သည်။

" သခင်ကြီးကို အရိုအသေပေးပါတယ် "

" ငါ မင်းရဲ့ ဒီပုံစံကို မကြိုက်ဘူး "

ပိုင်ရှောင်ချန်းက မပွင့်တပွင့်ပြောလိုက်သည်။ ယခင်က သူသည် အစောင့်အရှောက်ဝိညာဥ်ကို နတ်ဘုရားအာရုံအသွင်ဖြင့်သာ အမြဲတမ်းရင်ဆိုင်ခဲ့ရလေသည်။ သို့သော် ယခုတွင် သူသည် ရုပ်အသွင်ဖြင့် ဤနေရာကို ရောက်ရှိလာခဲ့၍ ပိုင်ရှောင်ချန်းအတွက် သူ့ကို လူကိုယ်တိုင် ပထမဆုံးမြင်ဖူးခြင်း ဖြစ်နေတော့သည်။

သူသည် ပိုင်ရှောင်ချန်းကိုယ်တိုင်ထက် ပို၍ပင် ဖြူဖွေးနုနယ်နေလေသည်။

ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် မျက်ရည်များ အစောင့်အရှောက်ဝိညာဥ်၏ မျက်နှာတစ်လျှောက် စီးကျလာပြီး ပြန်မပြောလိုသဖြင့် အတတ်နိုင်ဆုံး အရှက်ကွဲသည့်ပုံပေါ်အောင် လုပ်လိုက်လေသည်။အမှန်မှာ သူတကယ့်ကို ကြောက်နေခြင်းပင်။ သူသည် ပိုင်ရှောင်ချန်းကို အလွန်နက်ရှိုင်းသောအဆင့်တစ်ခုထိ အသေအချာ ဒုက္ခပေးခဲ့သည် မဟုတ်ပါလော။

" သခင်ကြီး ...ကျွန်တော်... "

အစောင့်အရှောက်ဝိညာဥ်က မြှောက်လုံးပင်လုံးအနည်းငယ် ပြောရန် ပြင်လိုက်သော်လည်း သူ မပြောနိုင်ခင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ချောင်းဟန့်လိုက်သည်။

သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် အစောင့်အရှောက်ဝိညာဥ်ကို ခေါင်းအစခြေအဆုံးကြည့်ပြီးနောက် ပြောသည်။

" မင်းရဲ့ သခင်အသစ်ကို မင်းနာမည်ပြောဖို့ အချိန်ရောက်လာပြီပဲ။ ကဲပြောစမ်းပါဦး"

ပိုင်ရှောင်ချန်းက ကောက်ကျစ်စွာ ရယ်လိုက်သည်။ ဤစကား၏လားရာနှင့်ပတ်သက်၍ အလွန်ကျေနပ်ရတော့မည်ဖြစ်ကြောင်း သူ ခံစားချက်ရနေလေပြီ။

အစောင့်အရှောက်ဝိညာဥ်၏မျက်နှာမှာ ထမင်းသီးသွားသကဲ့သို့ ဖြူဆုပ်သွားတော့သည်။ အချိန်အနည်းငယ်ကြာသော် သူအသံထွက်နိုင်လိုက်လေသည်။

" ကျွန်တော့်နာမည်က … အဲဒါက ... ရှောင်ချီပါ "

ပိုင်ရှောင်ချန်းမှာ အားပါးတရ မရယ်ဘဲ မနေနိုင်တော့ပေ။ သူက ကျောနောက်လက်ကိုပစ်ကာ မေးကိုမော့၍ ခမ်းနားကြီးကျယ်စွာ ပြောသည်။

" ငါပြောတာ မင်းရဲ့မျိုးရိုးနာမည်လဲ ပါတယ်။ ပြော … မင်းရဲ့ နာမည်အပြည့်အစုံက ဘာတုန်းကွ "

" ကျွန်တော့် မျိုးရိုးက ရှောင်... " အစောင့်အရှောက်ဝိညာဥ်မှာ လုံးဝကြေကွဲသွားသောပုံဖြင့် ခပ်တိုးတိုး ပြန်ဖြေသည်။

ပိုင်ရှောင်ချန်းက တဟားဟားရယ်ကာ ပြော၏။

" အခုက စပြီး မင်းရဲ့မျိုးရိုးက ပိုင်ပဲ။ လာ လာ ။ မင်းရဲ့ နာမည်အသစ်ကို အကျယ်ကြီး ပြောလိုက် "

အစောင့်အရှောက်ဝိညာဥ်မှာ အစက ချီတုံချတုံဖြစ်နေပါသော်လည်း ပိုင်ရှောင်ချန်း တဟားဟားအော်ရယ်ရင်းသာ ရပ်နေသည်ကို စဥ်းစား၍ ဒေါသထွက်လာပြီး ပြောသည်။

" မင်း...... ချီးထုပ်။ ရတယ်လေ ငါ့နာမည်က အခု ပိုင်ဖြစ်လဲ ဘယ်သူက ဂရုစိုက်မှာတုန်း။ ငါ့ကို ပိုင်ရှောင်ချီလို့သာ ခေါ်လိုက် "

ဤအချိန်တွင် ပိုင်ရှောင်ချန်း၏ အစောင့်အရှောက်ဝိညာဥ်အပေါ် မကျေမချမ်းမှုများမှာ စတင်ပျောက်ကွယ်နေပြီဖြစ်သည်။ သူက အေးစက်စက်နှာမှုတ်၍ ယပ်တောင်အရိုးများထံ လမ်းလျှောက်သွားလိုက်သည်။

" သိပ်တော်တယ် ပိုင်ရှောင်ချီ။ မင်းရဲ့ သခင်အသစ်ကို ဒီယပ်တောင်အစုတ်ကြီးကို လိုက်ပြပါဦး "

ခြုံငုံရလျှင် ပိုင်ရှောင်ချန်းသည် အစောင့်အရှောက်ဝိညာဥ်၏ နာမည်အသစ်ကို အလွန်ကျေနပ်နေပုံရသည်။

" ဟွန်း " သူက တွေးသည်။

" အရင်က ငါ့ကို ဒုက္ခအများကြီးပေးအောင် ဘယ်သူက မင်းကို တိုက်တွန်းနေလို့လဲ "

ပိုင်ရှောင်ချန်းက အလွန်ကျေနပ်နေသော်လည်း ပိုင်ရှောင်ချီမှာ ဝမ်းနည်းပက်လက် မျက်ရည်တစမ်းစမ်းဖြစ်နေတော့သည်။ ဤသည်မှာ သူ ရှောင်ရှားရန် နင့်နင့်နဲဲနဲ ဆုတောင်းခဲ့သည့် အရာ အတိအကျ ဖြစ်ပေသည်။ သူ ထိုကျမ်းကျိန်ခဲ့စဥ်ကတည်းက ပိုင်ရှောင်ချန်း အောင်မြင်သွားပါက ထိုသို့ဖြစ်ပျက်ပြီး သူ၏မျိုးရိုးကို အတင်းအဓမ္မပြောင်းစေမည်ကို ကြောက်ခဲ့၏။

ယခုတွင် ကပ်ဘေးကြီး ရောက်လာပြီး ထွက်သွားခဲ့ပြီဖြစ်၍ သူ စိတ်ပျက်လက်ပျက်သာ သက်ပြင်းချပြီးနောက် ပိုင်ရှောင်ချန်းကို ဦးဆောင်၍ ယပ်တောင်ကြီးကို မိတ်ဆက်ပေးတော့သည်။ အမှန်ပင် သူက တတ်နိုင်သမျှ အဆိုးရွားဆုံးလုပ်ရန် ချက်ချင်းပြင်လိုက်သည်။ သူ့အတွက် ဝမ်းနည်းဖွယ်ကောင်းစွာ သူ့မှာ သူလုပ်နေသည့်အရာကို တသွေမတိမ်းပြောနိုင်သော ပိုင်ရှောင်ချန်းကို နောက်တစ်ကြိမ် လျှော့တွက်ခဲ့မိပြန်သည်။

" ဒီမှာ နားထောင် ပိုင်ရှောင်ချီ " သူက ပြောသည်။

" ကောင်းကောင်းမွန်မွန်လုပ်၊ ငါ့ကို ပျော်အောင်လုပ်ပေးရင် ငါမင်းရဲ့ အရင်မျိုးရိုး ပြန်ပေးမယ်"

ပိုင်ရှောင်ချီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ပိုင်ရှောင်ချန်းကို သူ တိုက်ခိုက်ခဲ့ချိန်တုန်းက ပါးနပ်သောလူတစ်ယောက်အလား ဖြစ်ခဲ့၏။ သို့သော် အမှန်မှာ ယခု ပိုင်ရှောင်ချန်းက သူ၏သခင်ဖြစ်လာခဲ့၍ တန်ပြန်တိုက်ခိုက်ရန် သူဘာမှမတတ်နိုင်ခြင်းပင်။

ပိုင်ရှောင်ချန်း၏ စရိုက်ကို သိပ်မယုံသော်လည်း သူ လိုက်နာလျှင် နောက်ဆုံး၌ သူ၏မျိုးရိုးနာမည်ပြန်ပြောင်းနိုင်မည်လား ပြောမရပေ။

ရုတ်တရင် မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုအတွက် အကြောင်းပြချက်အသစ်တစ်ခုရှာတွေ့သွားကာ သူသည် ယပ်တောင်ကြီးနှင့် ပတ်သက်သမျှ အရာအားလုံးကို တက်တက်ကြွကြွ စတင်မိတ်ဆက်ပေးတော့သည်။

" သခင်ကြီး ဒီအမွေအနှစ်ယပ်တောင်မှာ စုစုပေါင်း ယပ်တောင်အရိုး ( ၁၀၈ ) ချောင်းပါပြီး တစ်ချောင်းစီမှာ ဆုလာ်အမျိုးမျိုးပြည့်နှက်နေပါတယ်။ သခင်ကြီး အဲဒါတွေကို လိုချင်ရင် သခင်ကြီးရှေ့မှာ ချက်ချင်း ပေါ်လာလိမ့်မယ် “

" ဟုတ်တယ် ဆုလာဘ်တွေက အဲဒီလိုမျိုးဆိုပေမယ့် အဆင့်ထဲမှာရှိတဲ့ ဖြစ်တည်မှုတွေကတော့ အဲဒီလိုမဟုတ်ဘူး။ အဲဒါတွေကို အဆင့်အားလုံးမှာ မျှထားတယ် ... ဥပမာ ဝိညာဥ်အရေအတွက် အကန့်အသတ်နဲ့ပဲ့ ရှိတာမျိုးပေါ့ “

" ေဩာ် ဟုတ်သားပဲ။ သခင်ကြီးက အခု ယပ်တောင်ရဲ့ ပိုင်ရှင်ဆိုတော့ အရှင်မိုးမြေဧကရာဇ်ရဲ့ သေခြင်းတရားနဲ့ရှင်သန်ခြင်း တာအိုအနှစ်သာရရဲ့ ဉာဏ်အလင်းရှာလို့ရပြီ။ ပြောရရင် သခင်ကြီးရဲ့ ကျင့်ကြံခြင်းအခြေခံ မြင့်သင့်သလောက် မြင့်တာနဲ့ ယပ်တောင်ရဲ့ ကြောက်ခမန်းလိလိစွမ်းအားတွေ၊ စွမ်းရည်တွေကို အသုံးပြုနိုင်လိမ့်မယ် “

" ဒီယပ်တောင်က လူတွေခေါ်တဲ့ ကမ္ဘာရတနာတစ်ပါးဆိုတာထက် သာတယ်။ ဒါက စကြဝဋ္ဌာရတနာပဲ။ ဒါ စကြဝဠာကို ဖြတ်ပြီး ပျံသန်းသွားရင် သရဲတွေ၊ နတ်ဘုရားတွေ ငိုကြွေးရတဲ့အထိ ကောင်းကင်နဲ့ မြေကြီးကို လှုပ်ရမ်းပစ်နိုင်တယ် “

" ယပ်တောင်ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားအစွမ်းက ယပ်တောင်ရဲ့မျက်နှာပြင်မှာ သီးသန့်တည်ရှိတယ်...."

ပိုင်ရှောင်ချန်းသည် မိတ်ဆက်စကားကို နားထောင်၍ ဘဝခိုက်ပြီး ကျေနပ်နေလေသည်။ သူ့မှာ ယပ်တောင်၏ အစောင့်အရှောက်ဝိညာဥ်အား အဆင်ပြေပြေ ကိုင်တွယ်ခဲ့သည်ထက်ပို၍ မာန်တက်စရာမရှိတော့ပြီ။ သူ့အနေဖြင့် အနည်းငယ်သာ အားစိုက်ထုတ်ခဲ့ရလေသည်။

" ဆုပေးဒဏ်ပေးစနစ် " သူက အခြေအနေများကို အရသာခံ၍ တွေးလိုက်သည်။

" ဒါ ငါ့ရဲ့ဆောင်ပုဒ်ပဲ "

ပိုင်ရှောင်ချီမှာမူ ပိုင်ရှောင်ချန်း၏ အမူအရာများကို အနီးကပ် အကဲခတ်နေပြီး သင့်တော်သည့်ပုံပေါ်သည့်အခါတိုင်း အချက်အလက်များ အလျင်အမြန်ထပ်ဖြည့်တတ်သည်။ သူက ရံဖန်ရံခါ အပေါ်တက်ပြီး ပိုင်ရှောင်ချန်း၏ ဂုတ်၊ ပခုံးတို့ကိုပင် နှိပ်နယ်ပေးလိုက်သေးသည်။

ပိုင်ရှောင်ချန်းက သူ လေးစားစွာ ပြုမူနေသည်ကို သတိထားမိပြီး သူ၏မျက်နှာပေါ်က ဖော်လံဖားနေသော အမူအရာကို မြင်သောအခါ ပို၍ လေးနက်စွာ သက်ပြင်းချလိုက်သည်။

ယပ်တောင်မျက်နှာပေါ်က ရုပ်ပုံပေါ်လာသောအခါ ပိုင်ရှောင်ချန်းက ၄င်းကို လှမ်းကြည့်လိုက်သည်။ ယခင်က သူသည် ၄င်းကို အဝေးမှသာ ကြည့်ရှူနိုင်ခဲ့သော်လည်း ယခုယပ်တောင်အရိုးပေါ်တွင် ရပ်ပြီး ၄င်းကို ကြည့်လိုက်သောအခါ ပန်းချီကားချပ်ထဲ သူ ဆွဲသွင်းခံလိုက်ရသည့်အလားပင်။

မြစ်၊ တောင်နှင့် အခြားအရာအားလုံးက တစ်ခုနှင်တစ်ခု သဟဇာတဖြစ်နေပုံရသည်။ မြစ်ထဲတွင် လှေတစ်စင်းလည်းရှိပြီး လှေပေါ်တွင် အမျိုးသားနှစ်ယောက် ကျားကစားနေကြ၏။ မြစ်အတွင်း၌ နန်းတော်လည်း တည်ရှိပြီး မိုးမြေဧကရာဇ်လက်ကြီးကား ကောင်းကင်တွင် လွင့်မျောနေသည်။

ပိုင်ရှောင်ချန်းမှာ ဤမျှစိတ်အားမတက်ကြွနိုင်တော့ပေ။

" သခင်ကြီး ၊ သခင်ကြီးရဲ့ ကျင့်ကြံခြင်းအခြေခံ မြင့်သင့်သလောက်မြင့်တာနဲ့ ယပ်တောင်မျက်နှာပြင်မှာ ပစ္စည်းတွေရဲ့ ပုံရိပ်တွေကို ဖန်တီးနိူင်လိမ့်မယ်။ ဥပမာ အဲဒီလှေက တကယ်တမ်း ကမ္ဘာရတနာတစ်ခုပဲ။ ပြီးတော့ ဟိုမှာ ကြွေအံကစားနေတဲ့ လူနှစ်ယောက်က တကယ်တော့ လောကနတ်ဘုရားအဆင့်ကျွန်တွေပဲ “

" ဟိုတောင်ကို မြင်လား။ အဲဒါကို သေခြင်းတရားနဲ့ရှင်သန်ခြင်း တာအိုအနှစ်သာရကိုသုံးပြီး ဖန်တီးခဲ့တာ “

" ပြီးတော့ အဲဒီ မြစ်က သာမန်မြစ်မဟုတ်ဘူး။ အဲဒီမြစ်ရေတစ်စက်က ဘယ်နေရာထားထား နောက်ထပ် မြင့်မြတ့်ထူးကဲတဲ့ မြစ်ကြီးတစ်စင်းအဖြစ် အသွင်ပြောင်းနိုင်တယ် “

" ပြီးတော့ ရှိသေးတယ်။ သခင်ကြီး အရင်က ကျွန်တော် အဲဒီ မိုးမြေဧကရာဇ်လက်ကြီးရဲ့ စွမ်းအားကို ဘယ်လောက်လိုချင်ခဲ့လဲ မှတ်မိတယ်မလား။ သခင်ကြီး အခု ယပ်တောင်အစုတ်ကြီးထဲကို စိတ်အာရုံလေးသာ စေလွှတ်လိုက်၊ အဲဒါနဲ့ ဘာလုပ်လို့ရလဲ မြင်နိုင်လိမ့်မယ် "

ပိုင်ရှောင်ချန်းက သိချင်စိတ်များပြင်းပြလျက် မျက်လုံးများကိုပိတ်ပြီး ယပ်တောင်ကြီးထဲသို့ သူ၏စိတ်ကို ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ဟင်းလင်းပြင်၏ အခြားတစ်နေရာတွင် သူရှိရာဘက်သို့ ဦးတည်လာနေသော နောက်ထပ် ယပ်တောင်အစုတ်ကြီးတစ်ခုကို သူ အာရုံရလိုက်လေသည်။

" ယပ်တောင်အစုတ်ကြီးရဲ့ နောက်တစ်ခြမ်း "

သူက မျက်လုံးများဖွင့်ရင်း ကောက်ချက်ချလိုက်သည်။

" အတိအကျပဲ "

ပိုင်ရှောင်ချီက စိတ်လှုပ်ရှားစွာ ပြန်ဖြေ၏။

" အဲဒါ ဘယ်လောက်မြန်မြန်ရွေ့လျားနေလဲ စဥ်းစားကြည့်ရင် တစ်ခုနဲ့တစ်ခုဆုံဖို့ ကြာမှာမဟုတ်တော့ဘူး။ သူတို့ ဆုံသွားတာနဲ့ ယပ်တောင်ကြီးက အပြည့်ပြန်ဖြစ်သွားလိမ့်မယ် "

" ယပ်တောင်ရဲ့ တစ်ခြမ်းကတင် ဒီလောက်စွမ်းအားကြီးနေရင် " ပိုင်ရှောင်ချန်းက တွေးသည်။

" ငါ့မှာ တစ်ခုလုံးရှိလို့ကတော့ .... ဘယ်သူမှ ငါ့ကို ရန်စရဲမှာမဟုတ်တော့ဘူး"

ထိုကဲ့သို့ အတွေးများက သူ့ကို ယခင်ကထက်ပို၍ ရဲရင့်ပြီးသတ္တိရှိလာသည်ဟု ခံစားရလိုက်စေသည်။

All Chapters