← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း - ၇၁

ဟိုတယ်ဧည့်ခန်းထဲတွင် ရှီလဲ့၊ လင်းယွီမော့နှင့် မုရွှမ်းတို့သည် ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ ကျောင်းတော်သူအလှပန်းလေးနှစ်ဦးမှာ ဖြတ်သွားဖြတ်လာလူများ၏ အာရုံကို ဖမ်းစားထားသော်လည်း လူတိုင်းမှာ စည်းကမ်းရှိကြသည်။ အလွန်ဆုံးမှ တစ်ယောက်ကိုတစ်ယောက် ကြည့်ရုံသာကြည့်ကြပြီး လာရောက်စကားပြောခြင်းမျိုး မရှိကြပေ။

သို့သော်လည်း ပုပြတ်ပြီး ဝတုတ်အကျည်းတန်လှသော အိချီရို ဧည့်ခန်းထဲသို့ လှမ်းဝင်လာသည်နှင့် သူတို့အား ရမ္မက်ဇောဖြင့် ကြည့်ကာ ဂျပန်ဘာသာဖြင့် ညစ်ညမ်းသောစကားများကို ပြောဆိုတော့သည်။

" ဝါတာဂူချီ ၊အီနိုး...ဟိုဘက်မှာကြည့်စမ်း၊ ချောလိုက်တဲ့ မိန်းကလေးနှစ်ယောက်...တစ်ညကို ဘယ်လောက်ပေးရမလဲမသိဘူး...ငါသူတို့ကိုဝယ်ပြီး ဒီည ပျော်ပစ်လိုက်ချင်တယ်" အိချီရိုက ဂျပန်ဘာသာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သူပြောသော ဝါတာဂူချီနှင့် အီနိုးဆိုသူမှာ ကန်နွန်ကုမ္ပဏီမှ စေလွှတ်လိုက်သော နည်းပညာကျွမ်းကျင်သူများဖြစ်သည့် ဝါတာဂူချီ အာကာဂီ နှင့် အီနိုး ယိုရှီဟီကို တို့ပင် ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည်လည်း လင်းယွီမော့နှင့် မုရွှမ်းတို့ကို လှမ်းကြည့်နေကြသည်။ သူတို့မှာလည်း လူကောင်းများမဟုတ်ကြသဖြင့် ရှီလဲ့ကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ပုပြတ်ဝတုတ် အိချီရိုက "ကူယိုကို၊ ဟိုမိန်းကလေးနှစ်ယောက်ကို တစ်ညဘယ်လောက်လဲလို့ သွားမေးစမ်း" ဟု အမိန့်ပေးလိုက်သည်။

မီဆုရှီတာ ကူယိုကိုမှာ အိချီရိုကို အနေခက်စွာ ကြည့်လိုက်သည်။ ဤနေရာမှာ ဗွိုင်စင် မဟုတ်ပေ။ ဟိုတယ်ဧည့်ခန်းထဲက မိန်းကလေးတိုင်းမှာ ကချေသည်များ မဟုတ်နိုင်ပေ။

"အိနုခွန်... ဒါက... တကယ်လို့ သူတို့က အဲဒီလိုလူတွေမဟုတ်ရင် ဘယ်လိုလုပ်မလဲ" ဟု ကူယိုကိုက တိုးတိုးလေး မေးလိုက်သည်။

ရှီလဲ့သည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ အိနုအိချီရို၏ ဖုန်းနံပါတ်ကို Blacklist ထည့်လိုက်သည်။ ထို့နောက် မျက်နှာပျက်ပျက်ဖြင့် မုရွှမ်းကို တိုးတိုးလေးပြောလိုက်သည်။ "မုရွှမ်း၊ ကန်နွန် ကုမ္ပဏီနဲ့ ဆွေးနွေးစရာ မလိုတော့ဘူး"

မုရွှမ်းက အံ့အားသင့်စွာဖြင့် "ဘာလို့လဲ" ဟု ပြန်မေးသည်။

ရှီလဲ့က အလယ်တွင်ထိုင်နေရင်း မုရွှမ်းနှင့် လင်းယွီမော့တို့ကို အနားတိုးခိုင်းကာ ပုပြတ်ဝတုတ် အိနုအိချီရို ပြောလိုက်သော စကားများကို ရှင်းပြလိုက်သည်။

လင်းယွီမော့မှာ ထိုလူပုကို ချက်ချင်း မျက်စောင်းထိုးကြည့်လိုက်ပြီး မုရွှမ်းမှာမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

မီဆုရှီတာ ကူယိုကိုသည် ရှီလဲ့တို့ဆီသို့ လျှောက်လာကာ မချိပြုံးပြုံးလျက် တာ့ရှားဘာသာစကားကို ကျွမ်းကျင်စွာဖြင့် ပြောဆိုသည်။ "မင်္ဂလာပါရှင်၊ ကျွန်မက မီဆုရှီတာ ကူယိုကိုပါ... မေးပါရစေ၊ ဒီမိန်းကလေးနှစ်ယောက်အတွက် တစ်ညကို ဘယ်လောက်ပေးရမလဲရှင်"

ရှီလဲ့၏ မျက်နှာမှာ မည်းမှောင်သွားပြီး အေးစက်စက် အသံဖြင့် "ထွက်သွားစမ်း ငါ့မှာ မိန်းမတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တတ်တဲ့ အကျင့်မရှိတာကို မင်းကံကောင်းတယ်လို့သာ မှတ်လိုက်" ဟု ဟောက်လိုက်သည်။

ကူယိုကိုမှာ လန့်ဖျန့်သွားပြီး အိချီရိုအနားသို့ ပြေးပြန်သွားသည်။

အိနုအိချီရိုက ရှီလဲ့ကိုကြည့်ကာ ညာဘက်လက်ခလယ်ကို ထောင်ပြလိုက်သည်။ ထို့နောက် ဂျပန်ဘာသာဖြင့် တောက်လျှောက် ဆဲဆိုတော့သည်။

ရှီလဲ့သည် လက်သီးကို တင်းတင်းဆုပ်ကာ မတ်တပ်ရပ်လျက် အိချီရိုကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

မုရွှမ်းက ရှီလဲ့၏ ဘယ်ဘက်လက်ကို ဆွဲထားပြီး လင်းယွီမော့က ညာဘက်လက်ကို ဆွဲထားသည်။ အလှပန်းလေးနှစ်ဦးမှာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

"ရှီလဲ့ စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး"

"ရှီလဲ့၊ စိတ်အေးအေးထား"

ရှီလဲ့က နှာခေါင်းရှုံ့ကာ ပြန်ထိုင်လိုက်သည်။ လင်းယွီမော့က ရှီလဲ့၏ ရင်ဘတ်ကို သူမ၏ ဖြူနုသောလက်ကလေးဖြင့် ပုတ်ပေးရင်း "စိတ်အေးအေးထားပါ...အဲဒီလို အနှောင့်အယှက်မျိုးကို စိတ်မတိုပါနဲ့" ဟု ချော့လိုက်သည်။

မုရွှမ်းက ရှီလဲ့၏ လက်မောင်းကို လွှတ်လိုက်သည်။ လင်းယွီမော့၏ လုပ်ရပ်ကိုကြည့်ရင်း သူမ၏ရင်ထဲတွင် အနည်းငယ် ဟာတာတာ ခံစားလိုက်ရသည်။ "ရှီလဲ့၊ တစ်ဖက်လူက ဗွိုက်စင်နိုင်ငံသားတွေလေ... သူတို့ကို ထိခိုက်အောင်လုပ်ရင် ပြဿနာ အများကြီး တက်နိုင်တယ်"

ရှီလဲ့က အေးစက်စွာ ပြုံးကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

ဖုန်းမှာ ချက်ချင်းဆိုသလို ဝင်သွားပြီး တစ်ဖက်မှ မောက်မာသောအသံ ထွက်ပေါ်လာသည်။ "ဘယ်အရူးလဲကွ"

ရှီလဲ့က လေသံအေးအေးဖြင့် "ငါ ရှီလဲ့ပဲ" ဟု ပြောလိုက်သည်။

တစ်ဖက်မှ မောက်မာသောအသံမှာ ချက်ချင်းပင် နူးညံ့သွားပြီး ဖားယားသောလေသံပင် ပါလာသည်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် အစ်ကိုကြီးရှီ ဒါ ခင်ဗျားမှန်း မသိလို့ပါ... ကျွန်တော့်ကို ခိုင်းစရာရှိလို့လားဗျ ကျွန်တော် ဘာလုပ်ပေးရမလဲ"

ရှီလဲ့က အေးစက်စွာ ပြောလိုက်သည်။ "မင်းရဲ့ လူမိုက်အုပ်စုကို ခေါ်ပြီး နောက်‌ေဖးလမ်းကြားမှာ ငါ့ကို စောင့်နေ"

"ပြဿနာမရှိပါဘူး ရှီလဲ့... အခုချက်ချင်း လာခဲ့ပါ့မယ်" ဖုန်းထဲမှ စကားပြောသူမှာ ပြီးခဲ့သည့်အကြိမ်က ရှီလဲ့ကို လိပ်စာကတ် ပေးခဲ့သော လူမိုက်ပင် ဖြစ်သည်။

ဖုန်းချပြီးနောက် ရှီလဲ့ မတ်တပ်ရပ်လိုက်သည်။ "ယွီမော့၊ မုရွှမ်း... နောက်ဖေးလမ်းကြားကို သွားကြစို့"

အိချီရိုနှင့် သူ၏ အပေါင်းအဖော် ဗွိုက်စင်သား သုံးဦးမှာ လင်းယွီမော့နှင့် မုရွှမ်းတို့ကို ရမ္မက်မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ရှီလဲ့သည် အိနုအိချီရို ဘေးမှ ဖြတ်သွားသောအခါ အေးစက်စွာ နှာခေါင်းရှုံ့ခဲ့သည်။

ဟိုတယ်မှ ထွက်လာပြီးနောက် လင်းယွီမော့က သက်ပြင်းချလိုက်သည်။ "ရှီလဲ့၊ အဲဒီလူသုံးယောက်ရဲ့ မျက်လုံးတွေက အရမ်းရွံဖို့ကောင်းတာပဲ"

မုရွှမ်းကလည်း ထောက်ခံသည်။ "ဗွိုက်စင်က နှာဘူးတွေကတော့ နာမည်ကြီးတဲ့အတိုင်းပါပဲ"

ရှီလဲ့က တက္ကစီတစ်စီးကို တားလိုက်သည်။ "စိတ်မပူပါနဲ့၊ နောက်မှ သူတို့ကို သင်ခန်းစာပေးမယ်"

မိနစ်အနည်းငယ်အကြာတွင် ရှီလဲ့နှင့် ကျန်နှစ်ဦးမှာ နောက်လမ်းကြားသို့ ရောက်ရှိလာသည်။ အချိန်မှာ ညနေ ၅ နာရီနီးပါး ရှိပြီဖြစ်၍ ဆိုင်ခန်းများမှာ ညစာအတွက် စားပွဲများကို ပြင်ဆင်နေကြပြီ ဖြစ်သည်။

ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို ရွေးချယ်ပြီးနောက် ရှီလဲ့သည် ထပ်မံဖုန်းဆက်လိုက်သည်။

" ငါ 'ချန်' အစားအသောက်ဆိုင်မှာ ရှိနေတယ်.. လာခဲ့တော့"

ဖုန်းချပြီး ခေတ္တအကြာတွင် နားကပ်တစ်ဖက်သည် တပည့် ၇ ယောက်ကို ဦးဆောင်ကာ ဆိုင်ထဲသို့ ဝင်လာသည်။ သူသည် ရှီလဲ့အနားသို့ ရိုရိုသေသေ လျှောက်လာပြီး ခါးညွှတ်ကာ နှုတ်ဆက်သည်။ "အစ်ကိုကြီးရှီ... မင်္ဂလာပါဗျ"

သူ့နောက်မှ လူမိုက် ၇ ယောက်သည်လည်း တစ်ပြိုင်နက် ခါးညွှတ်နှုတ်ဆက်ကြသည်။

ရှီလဲ့က လက်ယမ်းပြလိုက်သည်။ နားကပ်တစ်ဖက်က လင်းယွီမော့နှင့် မုရွှမ်းတို့ကိုလည်း ခါးညွှတ်နှုတ်ဆက်ပြန်သည်။ "မင်္ဂလာပါ မမလေးတို့"

တပည့် ၇ ယောက်ကလည်း လိုက်ဆိုကြသည်။ "မင်္ဂလာပါ မမလေးတို့"

လင်းယွီမော့က လက်ခါပြရင်း "မဟုတ်... မဟုတ်ဘူး... တို့က ရှီလဲ့ရဲ့..."

မုရွှမ်းကမူ တည်ငြိမ်နေပြီး ဘာမှ မပြောပေ။ သူမသည် မြေပဲပြုတ်ကို အေးအေးလူလူ ခွာစားနေသည်။

"ကဲ... နားကပ်တစ်ဖက်၊ ဒီနေ့ မင်းကို အကူအညီတစ်ခု တောင်းချင်လို့ ခေါ်လိုက်တာ" ဟု ရှီလဲ့က ပြောသည်။

နားကပ်တစ်ဖက်က ချက်ချင်း ခေါင်းငြိမ့်သည်။ "ဘာပဲလိုလို ခိုင်းပါဗျ"

ရှီလဲ့က နားကပ်တစ်ဖက်ကို ပြုံးကြည့်နေမိသည်။ နားကပ်တစ်ဖက်သည် သူ့ကို အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေသည်ကို သူ နားမလည်ပေ။ သို့သော်လည်း နားကပ်တစ်ဖက်သည် ရှီလဲ့နှင့် ယဲ့ဖုန်းတို့ အတူတူ မနက်စာစားနေသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ရှီလဲ့ ဘယ်သောအခါမှ သိလိမ့်မည်မဟုတ်ပေ။

"နားကပ်တစ်ဖက်၊ ငါ မင်းကို လူအချို့ကို သင်ခန်းစာပေးစေချင်တယ်...ငါကိုယ်တိုင် လုပ်လို့မဖြစ်တဲ့ လူတွေမို့လို့..." ရှီလဲ့က လှမ်းကြည့်လိုက်သည်။

နားကပ်တစ်ဖက်က ချက်ချင်းပြန်ဖြေသည်။ "ဘယ်မျက်စိမပါတဲ့ ခွေးက အစ်ကိုရှီကို လာစော်ကားတာလဲ.. ကျွန်တော် သေချာပေါက် သင်ခန်းစာပေးလိုက်ပါ့မယ်"

ရှီလဲ့က မျက်မှောင်ကြုတ်ကာ "ဗွိုက်စင်က ကောင်လေးတချို့ပါပဲ" ဟု ဆိုသည်။

"ဗျာ..." နားကပ်တစ်ဖက် ထိတ်လန့်သွားသည်။ 'နိုင်ငံခြားသားတွေလား ဒါက မလွယ်ဘူးနော်'

"ဘာလဲ...အခက်အခဲရှိလို့လား" ရှီလဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှိန်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

နားကပ်တစ်ဖက်၏ မျက်လုံးထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။

'သေချာတယ်၊ သူက ယဲ့ဖုန်းရဲ့ လူမိုက်အုပ်စုထဲကပဲ ကြည့်ရတာတင် ကြောက်စရာကောင်းလိုက်တာ ထားလိုက်ပါတော့၊ နိုင်ငံခြားသားဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ ယဲ့ဖုန်းကို သွားစော်ကားတာထက်စာရင် တော်သေးတယ်။ အလွန်ဆုံးမှ ၁၅ ရက်လောက် အချုပ်ထဲနေရမှာပေါ့' နားကပ်တစ်ဖက်မှာ စိတ်ထဲတွင် အဆိုးဆုံးအတွက် ပြင်ဆင်လိုက်သည်။

"ပြဿနာမရှိပါဘူး အစ်ကိုရှီရဲ့ အမိန့်က အတည်ပါပဲ" နားကပ်တစ်ဖက်က ချက်ချင်း ပြန်ဖြေသည်။

ဆိုင်ပိုင်ရှင်မှာ ရှီလဲ့၏ အနေအထားကို ကြည့်ကာ အံ့သြနေမိသည်။ ထိုသို့ သန့်သန့်ပြန့်ပြန့် လူငယ်လေးမှာ လူမိုက်ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေမည်လား။

'နေဦး၊ အဲဒီလူငယ်ဆီက ပိုက်ဆံမယူတာပဲ ကောင်းမယ်' ဆိုင်ပိုင်ရှင်က စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

ရှီလဲ့က လက်မြှောက်ကာ နားကပ်တစ်ဖက်၏ ပခုံးကို ပုတ်လိုက်သည်။ "အရင်ဆုံး စားသောက်ကြဦး..ငါ အဲဒီ ဗွိုက်စင်သားတွေကို ခေါ်လိုက်မယ် နောက်မှ မင်း အကြောင်းပြချက်တစ်ခုရှာပြီး သူတို့ကို သင်ခန်းစာပေးလိုက် အဲဒီ ဝတုတ်ပုကိုတော့ အဓိကထားပြီး ဂရုစိုက်ပေးဦး"

နားကပ်တစ်ဖက်က ခေါင်းငြိမ့်ကာ တပည့် ၇ ယောက်ကိုခေါ်ပြီး ရှီလဲ့ဘေးက စားပွဲမှာ ထိုင်လိုက်သည်။

လင်းယွီမော့က တိုးတိုးလေး မေးသည်။ "ရှလဲ့ ဒါ ပြီးခဲ့တဲ့အကြိမ်က နင် သင်ခန်းစာပေးလိုက်တဲ့ လူလား"

"အေး၊ အဲဒီ နားကပ်တစ်ဖက်ပဲ" ရှီလဲ့က ခေါင်းငြိမ့်ဝန်ခံလိုက်သည်။

မုရွှမ်းက တည်ငြိမ်စွာ ပြောသည်။ "ရှီလဲ့၊ ငါတို့နိုင်ငံက နိုင်ငံခြားသားတွေကို ဘယ်လိုဆက်ဆံလဲ သိတယ်မလား.. အဲဒီ ဗွိုက်စင်သားတွေက စိတ်ပျက်ဖို့ကောင်းပေမဲ့ သူတို့ကို ရိုက်လိုက်ရင် ရဲတွေ စုံစမ်းလိမ့်မယ်... နင် ပြဿနာတက်မှာ မကြောက်ဘူးလား သူတို့က ဆဲရုံပဲ ဆဲတာလေ။ ဒါက ထိုက်တန်ရဲ့လား..."

ရှီလဲ့က ရယ်ကာ "အဲဒီခွေးကောင်က ငါ့ကိုပဲ ဆဲတာဆိုရင် ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ သူက နင်တို့အပေါ် မကောင်းတဲ့ စိတ်ကူးတွေရှိနေတယ်...ငါ သူ့ကို ဘယ်လိုလွှတ်ပေးနိုင်မှာလဲ"

လင်းယွီမော့မှာ စိတ်လှုပ်ရှားသွားသည်။ "နင်က အရမ်းကြင်နာတတ်တာပဲ"

မုရွှမ်းကမူ အပြင်ပန်းတွင် ဘာမှမပြသော်လည်း ရင်ထဲတွင်တော့ လှုပ်ခတ်သွားမိသည်။

ရှီလဲ့သည် ဖုန်းထုတ်ကာ အိချီရို၏ နံပါတ်ကို ခေါ်လိုက်သည်။ တစ်ဖက်မှ အိချီရိုက ဂျပန်ဘာသာဖြင့် "စုတ်ပြတ်သတ်နေတဲ့ကောင်၊ အချိန်အဆ လုံးဝမရှိဘူး ကူဒါအီကို၊ သူ ဘယ်မှာလဲဆိုတာ မေးစမ်း" ဟု အော်ဟစ်ဆဲဆိုသည်။

မီဆုရှီတာ ကူဒါအီကိုက ဖုန်းကိုယူကာ "ဟယ်လို၊ ရှီလဲ့ ၊ အခု ဘယ်မှာလဲဟင်ကျွန်မတို့ ဟိုတယ်ကို ရောက်နေပြီ"

ရှီလဲ့က အေးစက်စက် လေသံဖြင့် "ကျွန်တော် အခု အစားအသောက်လမ်းမှာ ရောက်နေတယ်.. ကန်နွန် ကိုယ်စားလှယ်အဖွဲ့ကို လေးစားတဲ့အနေနဲ့ ရွှမ်ချင်း မြို့ရဲ့ နာမည်ကြီးအစားအစာတွေကို ကျွေးချင်လို့ပါ..တက္ကစီဆရာတိုင်း သိပါတယ် ငါးမိနစ်လောက်ပဲ ကြာမှာပါ.. ကျွန်တော် ချန်အိမ်တော် အစားအသောက်ဆိုင်မှာ စောင့်နေပါ့မယ်"

မီဆုရှီတာ ကူဒါအီကိုက ချက်ချင်း မှတ်သားလိုက်ပြီး "ကျေးဇူးတင်ပါတယ် ရှီလဲ့...ကျွန်မ အိချီရိုကို ပြောပြပြီး ချက်ချင်း လာခဲ့ပါ့မယ်"

ရှီလဲ့သည် နှာခေါင်းရှုံ့ကာ ဖုန်းချလိုက်သည်။ သူ့မိန်းကလေးများကို စော်ကားချင်နေသော လူကို သူက ဘယ်လိုလုပ် လွှတ်ပေးနိုင်ပါမည်နည်း။

ဟိုတယ်တွင် မီဆုရှီတာ ကူဒါအီကိုက ရှီလဲ့၏ စကားကို ဘာသာပြန်ပြလိုက်သည်။ အိချီရိုက မောက်မာစွာဖြင့် "ဒီရှီလဲ့ဆိုတဲ့ကောင်က တော်တော်လေး အသိတရားရှိသားပဲ...သူသာ ဒီထက်ပိုပြီး လိမ္မာရင် ကန်နွန်က သူ့ဆော့ဖ်ဝဲလ်ကို ဝယ်ယူပေးကောင်း ပေးနိုင်လိမ့်မယ်"

ဝါတာဂူချီ အာကာဂီက ပြုံးကာ "အိချီရို၊ ငါကြားတာတော့ တာ့ရှားက မိန်းမတွေက အရမ်းလှတယ်ဆိုပဲ"

"အိချီရို၊ ဒီတစ်ခေါက်တော့ တာ့ရှားမှာ ကောင်းကောင်း ပျော်ကြရအောင်"

အိချီရို၏ ပုပြတ်ဝတုတ်သော ခန္ဓာကိုယ်ကြီးကို မတ်ကာ "ဒါပေါ့၊ ငါတို့ ကောင်းကောင်းပျော်ရမှာပေါ့.. ဒီက မိန်းမတွေကို ဗွိုက်စင်ယောက်ျားတွေရဲ့ စွမ်းအားကို ပြပေးရမယ်"

ထို့နောက် အိချီရိုနှင့် ကျန်ဗွိုက်စင်လူယုတ်မာ နှစ်ဦးမှာ အရှက်မရှိ တဟားဟား ရယ်မောကြတော့သည်။

မီဆုရှီတာ ကူဒါအီကိုမှာ ထိုလူသုံးဦးကို ဘာမှမကြားသလိုမျိုး ကြည့်ကာ "အိချီရို၊ ကျွန်မတို့ သွားသင့်ပြီ" ဟု သတိပေးလိုက်သည်။

အိချီရိုက ကူဒါအီကို၏ ပခုံးကို ပုတ်ကာ "သွားစို့ လမ်းပြစမ်း" ဟု အမိန့်ပေးလိုက်လေသည်။

အခန်း - ၇၂

ရွှမ်ချင်းတက္ကသိုလ်၏ နောက်လမ်းကြားသည် အစားအသောက်လုပ်ငန်းများ စုဝေးရာနေရာဖြစ်သည်။ ညနေ ၅ နာရီ၊ ၆ နာရီဝန်းကျင်ရောက်သည်နှင့် ထိုနေရာမှာ လူစည်ကားလှုပ်ရှားနေတတ်သည်။

‘ချန်’ အစားအသောက်ဆိုင်တွင် ရှီလဲ့နှင့် နားကပ်တစ်ဖက်တို့သာ စားပွဲမှာ ထိုင်နေကြသော်လည်း မိနစ်အနည်းငယ်အကြာတွင် တက္ကသိုလ်ကျောင်းသား စားပွဲနှစ်လုံး ထပ်မံရောက်ရှိလာသည်။

ထိုစားပွဲများထဲမှ လူနှစ်ယောက်ကို ရှီလဲ့ သိနေသည်။

ရှီလဲ့က လက်မြှောက်ပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။ သူ့ရှေ့တည့်တည့် စားပွဲတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် ဖက်ရှင်မျက်မှန်တစ်စုံ တပ်ထားပြီး အနုပညာရှင်ဆန်သော အရှိန်အဝါရှိကာ အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားသည်။ သူမှာ အနုပညာဌာနမှ နိုင်ငံခြားပြန် ပါမောက္ခ တုချွန်ဟွေပင် ဖြစ်သည်။

တုချွန်ဟွေးကလည်း ရှီလဲ့ကို မှတ်မိသဖြင့် ပြုံးကာ ခေါင်းငြိမ့်ပြသည်။ သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေသော အမျိုးသမီးက လှည့်ကြည့်လာရာ သူမမှာ အနုပညာဌာန၏ အလှပန်းလေးကော်မေတင် ဖြစ်နေသည်။

ရှီလဲ့က စနောက်သော အပြုံးဖြင့် တုချွန်ဟွေးကို လက်မထောင်ပြလိုက်သည်။

ဒီနှစ်ယောက်က တားမြစ်ထားတဲ့ ဆရာနဲ့ တပည့်အချစ်ဇာတ်လမ်းကို ခင်းနေကြတာလား။

လင်းယွီမော့က ရှီလဲ့၏ အမူအရာကိုကြည့်ပြီး “နင် သိတဲ့သူတွေလား” ဟု မေးသည်။

“ယွီမော့၊ နင်လည်း သူတို့ကို သိပါတယ်” ရှီလဲ့က ရယ်ကျဲကျဲဖြင့် ပြောလိုက်ရာ လင်းယွီမော့မှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး တုချွန်ဟွေးတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

မုရွှမ်းကမူ စိတ်မဝင်စားဘဲ မြေပဲပြုတ်များကိုသာ ဆက်ခွာစားနေသည်။ သူမသည် မြေပဲပြုတ်ကို အလွန်ကြိုက်ပုံရပြီး ပန်းကန်တစ်ဝက်လောက်ပင် ကုန်နေပြီဖြစ်သည်။

“ဟင်” လင်းယွီမော့က ခေါင်းလှည့်လာပြီး တိုးတိုးလေးပြောသည်။ “ဟိုလူက အနုပညာဌာနက ဆီဆေးပန်းချီ ပါမောက္ခ မဟုတ်လား”

မုရွှမ်းသည် မြေပဲခွာနေရင်း လက်ခဏရပ်သွားသည်။ သူမသည်လည်း ထိုအတင်းအဖျင်းသတင်းကို စိတ်ဝင်စားသွားပုံရသည်။

ရှီလဲ့က ထူးဆန်းသော အပြုံးဖြင့် “ဟုတ်တယ်၊ သူက အနုပညာဌာနက ပါမောက္ခ တုချွန်ဟွေးလေ.. ဟိုအမျိုးသမီးကလည်း နင်သိတဲ့ ကော်မေတင်ပဲ၊ ပြီးခဲ့တဲ့အကြိမ်က ငါတို့နဲ့ အတူတူ ထမင်းစားခဲ့တဲ့ တစ်ယောက်လေ”

မုရွှမ်း မျက်မှောင်ကြုတ်သွားသည်။ ကော်မေတင်မှာ မုရွှမ်း၏ သူငယ်ချင်းဖြစ်သည်။ ကော်မေတင်တစ်ယောက် တုချွန်ဟွေးနှင့် အတူတူ ထမင်းစားနေလိမ့်မည်ဟု သူမ မထင်ထားပေ။ ဒါ ချိန်းတွေ့နေတာလား။

လင်းယွီမော့က ရှီလဲ့ကို မျက်စောင်းထိုးလိုက်သည်။ “နင့်အပြုံးက အရမ်းကြည့်ရဆိုးတာပဲ ဟော... ဟိုမှာ ဗွိုက်စင်က လူယုတ်မာတွေ ရောက်လာပြီ”

ရှီလဲ့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ နောက်ဖေးလမ်းကြား၏ အဝင်ဝတွင် ပုပြတ်ဝတုတ် အကျည်းတန်သော လူတစ်ယောက်သည် အမျိုးသမီးတစ်ဦးကို ဖက်လျက် မဲ့ပြုံးပြုံးကာ ချန်စားသောက်ဆိုင်ဘက်သို့ လျှောက်လာနေသည်။

“နားကပ်တစ်ဖက်၊ ပစ်မှတ် ရောက်လာပြီ” ရှီလဲ့က တိုးတိုးလေး အော်လိုက်သည်။ ထို့နောက် ထိုလူပုကို လက်ညှိုးထိုးပြကာ “တွေ့လား အဲဒီ အရိုက်ခံရမယ့် ပုပြတ်ဝတုတ် အကျည်းတန်ကောင်ပဲ”

ထိုလူ၏ ရုပ်ရည်မှာ အလွန်ပင် ထူးခြားဆိုးဝါးလှသဖြင့် မြင်သူတိုင်းက လက်ယားချင်စရာ ဖြစ်နေသည်။ နားကပ်တစ်ဖက်မှာလည်း ချက်ချင်းပင် မှတ်မိသွားသည်။

“ရှီလဲ့... စိတ်မပူပါနဲ့၊ သူ့အမေတောင် မှတ်မိမှာမဟုတ်တဲ့အထိ ကျုပ်တို့ ပညာပေးလိုက်ပါ့မယ်” နားကပ်တစ်ဖက်က ကတိပေးလိုက်သည်။

ရှီလဲ့က ခေါင်းငြိမ့်ပြကာ ပြုံးလျက် မတ်တပ်ရပ်ပြီး လင်းယွီမော့ဘေးတွင် ဝင်ထိုင်ကာ ပွဲကြည့်ရန် ပြင်လိုက်သည်။

အိချီရိုသည် မီဆုရှီတာ ကူယိုကို ကို ဖက်လျက် ချန်စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ ကူယိုကိုက ဆိုင်းဘုတ်ကိုကြည့်ကာ ဂျပန်ဘာသာဖြင့် “ဒါ ချန်စားသောက်ဆိုင်ပဲ” ဟု ပြောသည်။

အိနုအိချီရိုက နှာခေါင်းရှုံ့လိုက်သည်။ “ဟိုတာ့ရှားကဝက်ကို ဖုန်းဆက်လိုက်၊ ငါတို့ ရောက်ပြီလို့ ပြော” ထို့နောက် အိနုအိချီရိုက ဆိုင်ထဲသို့ ဝေ့ကြည့်လိုက်ရာ လင်းယွီမော့နှင့် မုရွှမ်းတို့ကို မြင်သွားပြီး ချက်ချင်းပင် ဂျပန်ဘာသာဖြင့် အော်ပြောသည်။ “ဝါတာဂူချီ၊ အီနိုး... ကြည့်စမ်း၊ ဟိုတယ်က ကောင်မလေးနှစ်ယောက် ဒီမှာလည်း ရှိနေတယ်ဟေ့”

ထိုသို့ပြောပြီး အိချီရိုသည် ရှီလဲ့၏ စားပွဲဆီသို့ လျှောက်လာသည်။ နားကပ်တစ်ဖက်၏ စားပွဲဘေးမှ ဖြတ်အသွားတွင် နားကပ်တစ်ဖက်က ခြေထောက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ ထိုလူပုမှာ တိုက်မိပြီး မှောက်ခုံ လဲကျသွားတော့သည်

“အား”

လူပုသည် ခေါင်းမော့လာရာ ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နေသည်။ သူက ဂျပန်ဘာသာဖြင့် “တောက်... တာ့ရှားဝက်ကောင်၊ အရူး၊ မင်းကို ငါပညာပေးမယ်” ဟု အော်ဟစ်သည်။ သူ၏ ရှေ့သွားနှစ်ချောင်းမှာ မြေကြီးနှင့် ဆောင့်မိပြီး ကျိုးသွားလေပြီ။

ဝါတာဂူချီ အာကာဂီက နားကပ်တစ်ဖက်ကို တည်တည်တံ့တံ့ ကြည့်ကာ မပီကလာ ရှဟျားဘာသာစကားဖြင့် “လူကြီးမင်း၊ ဘာလို့ ခြေထောက်ကို ထုတ်လိုက်တာလဲ” ဟု မေးသည်။

နားကပ်တစ်ဖက်က ဘယ်ဘက်လက်သန်းဖြင့် နားကို ကလော်နေရင်း ခေါင်းကို စောင်းကာ “ငါက ဒီလိုလေး နားကလော်ရတာ သက်သောင့်သက်သာရှိလို့လေ ဘာလဲ... မင်းကို အနှောင့်အယှက် ဖြစ်လို့လား” ဟု ခပ်ရွဲရွဲ ပြန်ပြောသည်။

လူပုမှာ နားကပ်တစ်ဖက်ကို ဒေါသတကြီး ကြည့်ကာ “မင်း... ငါဘယ်သူလဲဆိုတာ သိလား” ဟု အော်သည်။

“ဒါဆို မင်းက ဘယ်သူလဲ” နားကပ်တစ်ဖက်ကတော့ ဂရုမစိုက်ဟန်ဖြင့် နားကိုသာ ဆက်ကလော်နေပြီး လူပုကို ကြည့်ပင်မကြည့်ပေ။

မီဆုရှီတာ ကူယိုကိုက အနားသို့ အမြန်လာကာ “လူကြီးမင်း၊ ကျွန်မတို့က ဗွိုက်စင် ကန်နွန်ကုမ္ပဏီက ရွှမ်ချင်းမြို့ကို လာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေပါ.. ပြဿနာမတက်ချင်ရင် ကျွန်မတို့ကို တောင်းပန်ပြီး ဆေးကုသစရိတ် အကုန်လုံးကို တာဝန်ယူပေးပါ” ဟု ပြောလိုက်သည်။

နားကပ်တစ်ဖက်က နှာခေါင်းရှုံ့လိုက်ကာ “ငါကလည်း ဘယ်သူများလဲလို့ ဗွိုက်စင်က ကောင်လေးတချို့ပဲကိုး” ဟု ဆိုကာ မတ်တပ်ရပ်လိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် ကူယိုကို၏ မေးစေ့ကို ဆွဲမကာ “ညီလေးတို့... မင်းတို့ အဝတ်အစားမပါတဲ့ ဗွိုက်စင်မတွေကိုပဲ မြင်ဖူးတယ်မလား..ဒီနေ့တော့ အဝတ်အစားပါတာကို မြင်ရပြီဟေ့၊ မနေတတ်မထိုင်တတ် ဖြစ်နေကြပြီလား” ဟု လှောင်ပြောင်လိုက်သည်။

လူမိုက် ၇ ယောက်မှာ တဟားဟား ရယ်မောကြပြီး ကူယိုကိုကို ညစ်ညမ်းစကားများဖြင့် ဝိုင်းပြောကြတော့သည်။

ကူယိုကိုက နားကပ်တစ်ဖက်၏ လက်ကို ပုတ်ထုတ်ကာ “လူကြီးမင်း၊ လေးလေးစားစား ဆက်ဆံပါ၊ မဟုတ်ရင် ကျွန်မတို့ ရဲခေါ်ပါ့မယ်” ဟု ခပ်တင်းတင်း ပြောသည်။

နားကပ်တစ်ဖက်က ရယ်မောကာ “ရဲခေါ်မလို့လား ရဲစခန်းက ဒုရဲမှူးက ငါ့ဦးလေးဆိုတာ မင်းမသိဘူးလား” ဟု ကြွားဝါလိုက်သည်။ ဤသည်မှာ သူ လိမ်ညာပြောဆိုနေခြင်းသာ ဖြစ်သည်။

ကူယိုကိုမှာ အမှန်ဟု ထင်မှတ်သွားပြီး မျက်နှာပျက်သွားကာ အတင်းအကျပ် ပြုံးပြလျက် ဦးညွှတ်တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ် လူကြီးမင်း၊ ကျွန်မတို့ လူကြီးမင်းရဲ့ ထမင်းစားချိန်ကို အနှောင့်အယှက် ပေးမိသွားပါတယ်။ အခုပဲ ထွက်သွားပါ့မယ်”

အိချီရိုမှာ နားကပ်တစ်ဖက်၏ စကားကို နားမလည်သဖြင့် ကူယိုကိုကို ဒေါသတကြီး ပြောသည်။ “ကူယိုကို၊ နင် ဘာလုပ်နေတာလဲ.. ငါတို့ ဗွိုက်စင်အင်ပါယာကြီးရဲ့ မျက်နှာကို နင်က ဖျက်နေတာပဲ ဒီနေ့တော့ ငါ့ကို ခြေထိုးလဲတဲ့ ဒီဝက်ကို သင်ခန်းစာ ပေးရမယ် အာကာဂီ၊ အီနိုး... သူ့ကို ပညာပေးလိုက်စမ်း”

အာကာဂီနှင့် အီနိုးမှာ တစ်ဖက်တွင် လူ ၈ ယောက်ရှိနေသည်ကို မြင်သဖြင့် အနေခက်နေကြသည်။ ဒါမှမဟုတ် သူတို့ကို အတွင်းခံအင်္ကျီ အပြင်မှာဝတ်တဲ့ စူပါမန်းတွေလို့ အိချီရိုက ထင်နေတာလား။

အိချီရိုက သူတို့ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်သည်။ “ဘာလုပ်နေတာလဲ ငါ့သွားတွေ ကျိုးကုန်ပြီလေ၊ ငါ့ကို မကူညီချင်ဘူးလား ကန်နွန်မှာ အလုပ်ဆက်မလုပ်ချင်တော့ဘူးလား”

အာကာဂီနှင့် အီနိုးတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အလုပ်ပြုတ်တာထက်စာရင် အနည်းငယ် အရိုက်ခံရတာက ပိုတော်သေးသည်ဟု ဆုံးဖြတ်လိုက်ကြသည်။

“သွားမယ်” အာကာဂီက မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် အော်ဟစ်ကာ ရှေ့သို့ တိုးသွားသည်။

အီနိုးမှာမူ အနည်းငယ် နောက်ကျပြီး နားကပ်တစ်ဖက်တို့ကို သတိဖြင့် ကြည့်နေသည်။ ၎င်းတို့၏ ဝတ်ပုံစားပုံအရ ဤလူများမှာ လူကောင်းများမဟုတ်ကြောင်း သူ သိနေသည်။

နားကပ်တစ်ဖက်သည် အာကာဂီ ပြေးဝင်လာသည်ကို မြင်သောအခါ သဘောကျစွာ ရယ်မောလိုက်သည်။ အစကတော့ ဗွိုက်စင် နိုင်ငံတကာသူငယ်ချင်းတွေကို ရိုက်မိရင် အချုပ်ထဲ ၁၅ ရက်လောက် နေရမှာကို သူ စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် ယခုမူ ဗွိုက်စင်သားများက အရင်စတိုက်သဖြင့် သူ အားနာစရာ မလိုတော့ပေ။

အာကာဂီ၏ လက်သီးကို ရင်ဘတ်ဖြင့် ခံယူပြီးနောက် နားကပ်တစ်ဖက်က “ညီလေးတို့... သူတို့ကို ပညာပေးလိုက်စမ်း” ဟု အမိန့်ပေးလိုက်သည်။

လူမိုက် ၇ ယောက်သည် နားကပ်တစ်ဖက်၏ ဦးဆောင်မှုဖြင့် အိနုအိချီရို၊ အာကာဂီနှင့် အီနိုးတို့ကို မြေပြင်ပေါ်သို့ လှဲချကာ ဝိုင်းဝန်း ထိုးကြိတ်တော့သည်။ ကူယိုကိုမှာ အမျိုးသမီးဖြစ်သဖြင့် အရိုက်မခံရပေ။

ဤလူမိုက်များမှာ လူရိုက်ရာတွင် အတွေ့အကြုံများလှသဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် မရစေဘဲ အလွန်နာကျင်အောင် မည်သို့ရိုက်ရမည်ကို သိကြသည်။ နားကပ်တစ်ဖက်သည် အိချီရို၏ ပေါင်ကြားကို ကန်လိုက်ရာ သူမှာ အကျယ်ကြီး အော်ဟစ်သွားတော့သည်။ ထို့နောက် နားကပ်တစ်ဖက်သည် အိချီရို၏ ကိုယ်ပေါ်သို့ ခွစီးကာ ပါးကို ဘယ်ပြန်ညာပြန် ရိုက်တော့သည်။

‘ဒီဝတုတ်လေးက ငါ့မမလေးတွေကို စော်ကားခဲ့တာ ဖြစ်ရမယ် ဟဲဟဲ... ငါ ရက်စက်တယ်လို့ မထင်နဲ့နော်၊ ရှီလဲ့ကိုသာ အပြစ်တင်လိုက်’ ဟု နားကပ်တစ်ဖက်က တွေးရင်း အိချီရို၏ မျက်နှာကို တဖြန်းဖြန်း ရိုက်နေသည်။

“ဖြန်း... ဖြန်း... ဖြန်း...”

ပါးရိုက်သံများမှာ ချန်စားသောက်ဆိုင်အတွင်း ဟိန်းထွက်သွားသည်။ တုချွန်ဟွေး၏ စားပွဲတွင် အနုပညာဌာန အလှပန်းလေး ကော်မေတင်က မျက်မှောင်ကြုတ်ကာ “ဒီလူမိုက်တွေက ငါတို့ တာ့ရှားရဲ့ သိက္ခာကို ချနေတာပဲ” ဟု ပြောသည်။

တုချွန်ဟွေးက ခေါင်းခါကာ “မေတင်၊ ပြဿနာတစ်ခုကို အပြင်ပန်းကြည့်ရုံနဲ့ မဆုံးဖြတ်ပါနဲ့.. အဲဒီ ဗွိုက်စင်သားတွေက တစ်စုံတစ်ယောက်ကို သွားစော်ကားမိလို့ သင်ခန်းစာ အပေးခံရတာ ဖြစ်မှာပါ” ဟု ပြောရင်း ရှီလဲ့၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။

ကော်မေတင်က “ပါမောက္ခတု... ကျွန်မတို့ မြန်မြန်စားပြီး သွားရအောင်..ရဲတွေ ရောက်လာရင် ပြဿနာ တက်နေဦးမယ်” ဟု ဆိုသည်။

တုချွန်ဟွေးက ပြုံးကာ ခေါင်းငြိမ့်သည်။ “ကောင်းပါပြီ၊ ပြန်ရောက်ရင် မင်းကို ဆီဆေးနဲ့ ပုံတူပန်းချီဆွဲနည်း သင်ပေးမယ်”

ဆိုင်ထဲက တခြားဖောက်သည်များမှာလည်း ဘာမှမမြင်သလိုမျိုး နေကြသည်။ သူတို့မှာ ဤလမ်းကြားတွင် ကျင်လည်နေသူများဖြစ်သဖြင့် နားကပ်တစ်ဖက်တို့အဖွဲ့ကို သိကြသည်။ ဤလူမိုက်များမှာ နောက်ခံ အကြီးကြီးမရှိသော်လည်း အလွန် စိတ်အနှောင့်အယှက်ပေးတတ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် မည်သူမျှ ထိုကံဆိုးလှသော အိချီရိုကို ကူညီရန် ရှေ့ထွက်မလာကြပေ။

ရှီလဲ့သည် ကန်နွန်အဖွဲ့သားများ နားကပ်တစ်ဖက်တို့အဖွဲ့၏ အရိုက်ခံနေရသည်ကို အရသာခံကြည့်နေသည်။ လင်းယွီမော့က ရှီလဲ့၏ နားနားသို့ ကပ်ကာ “ဒီအတိုင်း ဆက်သွားရင် တစ်ခုခု ဖြစ်သွားမလား” ဟု တိုးတိုးလေး မေးလိုက်သည်။

လင်းယွီမော့၏ နွေးထွေးသော ထွက်သက်မှာ ရှီလဲ့၏ နားကို လာထိသဖြင့် ရှီလဲ့မှာ နားယားသွားသည်။

“ယွီမော့၊ အဲဒီကောင်က နင်တို့ကို စော်ကားရဲတာလေ.. ငါ သူ့ကို ဒီအတိုင်း လွှတ်ပေးမယ် ထင်လို့လား စိတ်မပူပါနဲ့၊ အဲဒီလူမိုက်တွေက အတွေ့အကြုံရှိပါတယ်... ပြဿနာ အကြီးကြီး မဖြစ်စေရဘူး” ရှီလဲ့၏ မျက်နှာမှာ ပုံမှန်အတိုင်းဖြစ်ပြီး သူ၏မျက်လုံးထဲတွင် သနားခြင်း အရိပ်အယောင် လုံးဝမရှိပေ။

မုရွှမ်း၏ မျက်လုံးများမှာလည်း တည်ငြိမ်နေပြီး သူမရှေ့မှ အကြမ်းဖက်မှုများကို ကြည့်ကာ ကြောက်ရွံ့ခြင်း မရှိပေ။

အိချီရို၏ မျက်နှာမှာ ဝက်ခေါင်းလို ဖူးယောင်နေပြီး သတိပင် လစ်သွားရှာသည်။ နားကပ်တစ်ဖက်က မတ်တပ်ရပ်ကာ အိချီရိုကို နောက်ထပ် အနည်းငယ် ကန်လိုက်ပြီးမှ “ကောင်လေး... တာ့ရှားပြည်မှာ လာပြီး မောက်မာရဲတယ်ပေါ့..နောက်ခါ မှတ်ထားဦး.. ငါတို့မြေပေါ်မှာ လာပြီး ဆရာမလုပ်နဲ့” ဟု ဟောက်လိုက်သည်။

အဝေးမှ ယူနီဖောင်းဝတ် ရဲနှစ်ဦးမှာ ဆိုင်ဘက်သို့ တိတ်တဆိတ် ပြေးလာနေသည်။ ဆိုင်နှင့် မီတာ ၅၀ ခန့် အကွာသို့ ရောက်သောအခါ ရဲများက အသံကုန် အော်ဟစ်လိုက်ကြသည်။

“ရပ်လိုက်စမ်း အကုန်လုံး ရပ်ကြ၊ ဘယ်သူမှ မပြေးနဲ့”

နားကပ်တစ်ဖက်က လက်မြှောက်ကာ “ညီလေးတို့... ရပ်လိုက်တော့” ဟု အမိန့်ပေးသည်။

ရဲနှစ်ဦး ရောက်လာသောအခါ နားကပ်တစ်ဖက်က “ရဲအကိုကြီးတို့... ကျုပ်တို့ မပြေးပါဘူး.. လူတွေအများကြီး ကြည့်နေတာပဲ၊ ဘယ်ကို ပြေးမှာလဲ... ရဲအကိုကြီးတို့ မလာခင်တောင် ကျုပ်တို့က ရဲစခန်းမှာ သွားပြီး အဖမ်းခံမလို့ပါ... ကျုပ်တို့ရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ထောက်ထားပြီး အပြစ်ကို လျှော့ပေါ့ပေးပါဦးနော်” ဟု ပြောင်စပ်စပ် ပြောလိုက်သည်။

ရဲနှစ်ဦးမှာ နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ပေါ်က လူသုံးယောက်ကို အမြန်ကြည့်လိုက်သည်။ ၎င်းတို့မှာ သွေးအိုင်ထဲတွင် သနားစရာကောင်းလောက်အောင် လဲနေသော်လည်း အသက်ရှူသံမှာ မှန်ကန်နေဆဲဖြစ်သည်။ အသက်အန္တရာယ် မရှိကြောင်း သိလိုက်ရသဖြင့် ရဲနှစ်ဦးမှာ သက်ပြင်းချနိုင်သွားတော့သည်။

All Chapters