← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း - ၇၉

နားကပ်တစ်ဖက် ငှားရမ်းထားသော နှစ်ထပ်တိုက်ကလေးအတွင်း ဗွိုက်စင်နိုင်ငံထုတ် အချစ်အက်ရှင် ရုပ်ရှင်ကားတစ်ကား ပြသနေသည်။ ဇာတ်ညွှန်းမှာ အနုပညာဆန်သော လမ်းကြောင်းမှ သွေဖည်ပြီး အကြမ်းဖက်မှုဘက်သို့ ပိုနွယ်နေသော်လည်း အခြေအနေအရပ်ရပ်မှာ ပုံမှန်ပင်ဖြစ်ပြီး အက်ရှင်ကားများ၏ ပင်မအာဘော်အတိုင်းပင်။အခန်းတစ်ခု အတွင်း၌ ချန်မင်မှာ အချစ်ဇာတ်လမ်းတစ်ခုရိုက်ကူးနေ၏။

ဘေးအခန်းတွင် နားကပ်တစ်ဖက်၏ တပည့်များမှာ ချန်မင်နှင့်သူ၏ အချစ်ဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။ ကံကောင်းထောက်မစွာဖြင့် နားကပ်တစ်ဖက်နှင့် အားမောင်တို့မှာ သတိရှိနေဆဲဖြစ်ပြီး ရှီလဲ့ စီစဉ်ထားသော အလုပ်ကို မမေ့လျော့ကြပေ။

ဆယ်မိနစ်ခန့်အကြာတွင် ချန်မင် မှာ သုံးကြိမ်တိုင်တိုင် ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ခွေယိုင်ကာ လဲကျသွားတော့သည်။ သူက ဝင့်ကြွားသော မျက်နှာထားဖြင့် “ညီမလေး... မင်းတို့အကိုကြီးက တော်တယ်မလား” ဟု မေးလိုက်သည်။

စုစုပေါင်း ၁၁ မိနစ်။ အဝတ်အစားချွတ်ချိန်ကို ဖယ်လိုက်လျှင် သူသည် သုံးမိနစ်သာခံသော “အမြန်သေနတ်သမား”မျှသာ။ ဤသို့ဖြစ်ပါလျက်နှင့် တော်သည်ဟု မည်သို့ ပြောရဲသနည်း။

ရှောင်လန်သည် ချန်မင်ကို စိတ်ထဲမှ အထင်အမြင်သေးနေသော်လည်း မျက်နှာတွင်မူ အပြုံးမပျက်စေဘဲ “ကိုကိုချန်က တကယ်ကို တော်တာပဲရှင်” ဟု ချီးကျူးလိုက်သည်။

ချန်မင် သဘောကျသွားပြီး အဝတ်အစားများ ပြန်ဝတ်ကာ အိတ်ထဲမှ ငွေ ၁,၀၀၀ ယွမ် ထုတ်ပေးလိုက်သည်။ “ရော့... ဒါက မင်းအတွက် ဆုလာဘ်”

“ကျေးဇူးပါ ကိုကိုချန်” ရှောင်လန်က ဝမ်းသာအားရယူကာ ချန်မင်၏ ပါးကို နမ်းလိုက်သည်။

ချန်မင် နောက်တစ်ချီ ထပ်နွှဲချင်သော်လည်း သူ၏ လက်နက်မှာ ပျော့ခွေနေပြီဖြစ်သည်။ သုံးကြိမ်တိတိ ပစ်ခတ်ပြီးနောက် စိတ်ကူးနှင့်သာ ကျေနပ်နေရတော့သည်။ သူသည် ရေချိုးခန်းဝင်ကာ သန့်ရှင်းရေးလုပ်ပြီးနောက် ချက်ချင်း မထဘဲ ကုတင်ပေါ်တွင် နားနေလိုက်သည်။ နာရီဝက်ခန့်အကြာတွင် ဖုန်းထုတ်ကြည့်ရာ အခန်းထဲဝင်သည်မှာ တစ်နာရီကျော်သွားပြီဖြစ်ကြောင်း တွေ့ရမှ အဝတ်အစားလဲကာ ထွက်လာခဲ့သည်။

ဘေးအခန်းမှ နားကပ်တစ်ဖက်က ထိုအခြေအနေကို မြင်သောအခါ အားလုံးကို ချက်ချင်း အချက်ပေးလိုက်ပြီး အခန်းထဲမှ အသာအယာ ထွက်လာကြသည်။ ထို့နောက် အိမ်ရှေ့တွင် စကားပြောနေသည့်ဟန်ဖြင့် ဟန်ဆောင်နေလိုက်ကြသည်။

ချန်မင် အခန်းထဲမှ ထွက်လာပြီး နားကပ်တစ်ဖက်တို့အုပ်စု အောက်ထပ်တွင် စောင့်နေသည်ကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် ရှောင်လန်ကို ခေါ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

စင်္ကြံလမ်းတွင် ချန်မင်က အားနာသလို ဟန်ဆောင်ကာ “ညီအစ်ကိုတို့... တောင်းပန်ပါတယ်၊ ငါ့ကြောင့် အကြာကြီး စောင့်လိုက်ရပြီ” ဟု ဆိုသည်။ သူ၏ လေသံတွင် နားကပ်တစ်ဖက်တို့ကို အနိုင်ရလိုက်သည့်အလား ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေသည်။

နားကပ်တစ်ဖက်နှင့် သူ၏တပည့်များမှာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ နားကပ်တစ်ဖက်က တမင်တကာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဟန်ဖြင့် “ကိုကိုချန်ရာ... ကျုပ်တို့က လူကြမ်းတွေလေ၊ ခင်ဗျားကို ဘယ်ယှဉ်နိုင်ပါ့မလဲ” ဟု မြှောက်ပင့်ပေးလိုက်သည်။

ချန်မင်က ထိုမြှောက်ပင့်စကားကို အရှက်မရှိ လက်ခံလိုက်ပြီး “ဟို ရှီလဲ့ဆိုတဲ့ကောင်ကို ဘယ်အချိန်မှာ ခေါ်ထုတ်ရမလဲ” ဟု မေးသည်။

နားကပ်တစ်ဖက်က တည်ငြိမ်စွာပင် “အချိန်မရွေးပဲ ခင်ဗျား သူ့ကို နောက်လမ်းကြားကို ရောက်အောင် ခေါ်လာပေးရုံပဲ၊ ကျန်တာ ကျုပ်တို့ တာဝန်ထားလိုက်” ဟု ဆိုသည်။

ချန်မင် ဝမ်းသာအားရဖြင့် “ကောင်းပြီ... ကောင်းပြီ ဒါဆို အခုပဲ ဖုန်းဆက်လိုက်မယ်” ဟု ပြောကာ အပြင်သို့ အနည်းငယ် လျှောက်သွားပြီး ရှီလဲ့၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ ဤနံပါတ်ကို သူ ရှီလဲ့၏ နောက်ကြောင်း စုံစမ်းစဉ်ကတည်းက ရထားခြင်းဖြစ်သည်။

“ဟယ်လို ဘယ်သူပါလဲခင်ဗျာ” ရှီလဲ့၏ အသံထွက်လာသည်။

ချန်မင် ယုတ်မာစွာ ပြုံးလိုက်ပြီး လေသံနှိမ့်ကာ “ရှီလဲ့... ငါ ချန်မင်ပါ”

ရှီလဲ့သည် ထိုစဉ်က ကျောင်းဆောင်ရှိ သူ၏ အခန်းထဲတွင် ရှိနေသည်။ ဗွိုက်စင် ကန်နွန်အဖွဲ့အမှုကြောင့် သူသည် အိုရန်ရှန်းကို မည်သို့ ရင်ဆိုင်ရမည်မှန်း မသိသေးသဖြင့် မပြန်သေးပေ။ တစ်ဖက်တွင်လည်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲ နီးကပ်နေပြီဖြစ်သဖြင့် ကျောင်းထဲတွင် နေခြင်းက ပို၍ အဆင်ပြေသည်။

“အော်... မင်းလား ငါ့ကို ဘာကိစ္စ ရှာတာလဲ” ရှီလဲ့၏ လေသံတွင် သံသယအရိပ်အယောင် ပါသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေသည်။

ချန်မင်က အေးစက်စွာ ရယ်ကာ “ရှီလဲ့... မနက်ဖြန် ဆော့ဖ်ဝဲလ်ပြိုင်ပွဲကျရင် ငါ မင်းကို သေချာပေါက် အနိုင်ယူပြီး ရွှမ်ချင်းတက္ကသိုလ်ရဲ့ အရှက်ရစရာ ဖြစ်အောင် လုပ်ပြမယ်” ဟု ဆိုသည်။

ရှီလဲ့သည် ချန်မင် သူ့ကို အပြင်သို့ ထွက်လာအောင် မည်သို့ လှည့်ဖြားမည်ကို တိတ်တဆိတ် ခန့်မှန်းနေမိသည်။ ချန်မင်၏ အရှက်မရှိ လေလုံးထွားနေမှုကို ကြားသောအခါ သူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

“ချန်မင်... မင်းရဲ့ ကြွားလုံးတွေကို နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး.. ဘာမှမရှိရင် ဖုန်းချလိုက်တော့မယ်” ရှီလဲ့က စိတ်မရှည်သလို ပြောလိုက်သည်။

ချန်မင်က ချက်ချင်းပင် “ရှီလဲ့... မင်း ငါ့ရဲ့ ပြိုင်ပွဲဝင် ဆော့ဖ်ဝဲလ်ကို ကြိုမြင်ချင်လား မင်း ငါ့ကို မယှဉ်နိုင်ဘူးဆိုတာ ကြိုသိပြီး စိတ်ပျက်သွားအောင် ငါ ပြချင်လို့”

ချန်မင်၏ အတွေးအရ ရှီလဲ့ကို အပြင်သို့ ခေါ်ထုတ်ရန် ဤသည်မှာ အကောင်းဆုံး အကြောင်းပြချက်ပင်။ ရှီလဲ့အနေဖြင့် ပြိုင်ဘက်၏ လက်ရာကို စိတ်မဝင်စားဘဲ မနေနိုင်ဟု သူ ယုံကြည်ထားသည်။ ရန်သူကို သိမှ တိုက်ပွဲတိုင်း အောင်နိုင်မည် မဟုတ်ပါလား။ ရှီလဲ့သာ အပြင်ထွက်လာလျှင် အားလုံး ပြီးပြတ်သွားပေတော့မည်။

သို့သော် ချန်မင် မည်မျှပင် ဦးနှောက်စားပါစေ... သူ၏ အစီအစဉ်အားလုံးကို ရှီလဲ့က ကြိုသိနေပြီး သူ၏ အစီအစဉ်ကိုပါ ပြန်လည် အသုံးချရန် ပိုမိုကြီးမားသော ပိုက်ကွန်ကို ဖြန့်ထားသည်ကို သူ လုံးဝ မသိနိုင်ပေ။ ရှီလဲ့ကို ဆန့်ကျင်ရန် ရွေးချယ်မိခြင်းမှာ ချန်မင်အတွက်တော့ အကြီးမားဆုံး အမှားပင်။

“စိတ်မဝင်စားဘူး ချန်မင်... မင်းလို အသုံးမကျတဲ့ကောင်ရဲ့ လက်ရာကို ငါ စိတ်မဝင်စားဘူး... မင်းရဲ့ ဆော့ဖ်ဝဲလ်ဆိုတာ အမှိုက်ပဲ ဖြစ်မှာပါ အဲဒီတော့ ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ ထူးမှာမဟုတ်ဘူး.. မနက်ဖြန် ပြိုင်ပွဲကျမှ ငါ မင်းကို တရားမျှတစွာ အနိုင်ယူပြမယ်” ဟု ရှီလဲ့က ပြတ်သားစွာ ပြောကာ ဖုန်းချလိုက်သည်။

ချန်မင်သည် နှစ်ထပ်တိုက်ရှေ့တွင် ကြောင်တောင်တောင်နှင့် ကျန်ခဲ့သည်။ ရှီလဲ့က ဖုန်းချသွားခဲ့ပြီ။ ဤသည်မှာ သူ ရေးထားသော ဇာတ်ညွှန်းနှင့် ကွဲလွဲနေသည်။ သူ၏ ဇာတ်ညွှန်းအရ ရှီလဲ့သည် ပြိုင်ဘက်၏ လက်ရာကို လာကြည့်ရန် စိတ်လှုပ်ရှားစွာ ပြေးထွက်လာရမည်ဖြစ်ပြီး၊ ထိုအခါမှ နားကပ်တစ်ဖက်တို့က ဖမ်းဆီးကာ ခြေလက်များကို ရိုက်ချိုးရမည် ဖြစ်သည်။

‘တောက်!ရှီလဲ့က အပြင်မထွက်လာဘူး..ငါ သူ့ကို ဒီအတိုင်း လွှတ်ပေးရတော့မှာလား’ ချန်မင် စိတ်ထဲတွင် ပူပန်နေမိသည်။ ရှီလဲ့၏ စကားကို ကြားပြီးနောက် သူသည် ရှီလဲ့တွင် တကယ့်ကို အစွမ်းထက်သော ဆော့ဖ်ဝဲလ် ရှိနေမလားဟု စိုးရိမ်လာသည်။ ထို့ပြင် ပတ်ထရီးရော့တ် နှင့် လိုင်ကာ တို့ကဲ့သို့ ကုမ္ပဏီများ ဒိုင်အဖြစ် ပါဝင်လာခြင်းက ပြိုင်ပွဲကို ခန့်မှန်းရ ခက်ခဲစေသည်။

နားကပ်တစ်ဖက်သည် ချန်မင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမလုပ်ပေ။ ရှီလဲ့၏ ညွှန်ကြားချက်ကို သူ မှတ်မိနေသည်။ ချန်မင်ကို အခု မကိုင်တွယ်သေးဘဲ ဆော့ဖ်ဝဲလ်ပြိုင်ပွဲ ပြီးမှသာ အပြတ်ရှင်းရမည်။ ရှီလဲ့သည်လည်း ဤအရေးကြီးသော အချိန်တွင် အမှားအယွင်း မရှိစေချင်ပေ။

ရှီလဲ့သည် ချန်မင်ကို ဆော့ဖ်ဝဲလ်ပြိုင်ပွဲတွင် တရားမျှတစွာ အနိုင်ယူရန် လိုအပ်သည်။ ထိုသို့ အနိုင်ယူပြီးမှသာ သူ၏ နာမည်ကောင်းကို ထိန်းသိမ်းနိုင်မည် ဖြစ်ပြီး၊ ထို့နောက်မှ ချန်မင်ကို အကွက်ဆင်လျှင်လည်း ‘ချန်မင်ဟာ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားလို့ စိတ်မမှန်တော့ဘဲ လူမိုက်တွေနဲ့ ပြဿနာတက်တာ’ ဟု အကြောင်းပြနိုင်မည် ဖြစ်သည်။

ရှီလဲ့နှင့် ချန်မင်တို့၏ အစီအစဉ်မှာ ဆင်တူသော်လည်း ရှီလဲ့၏ အဆင့်က ပိုမြင့်နေသည်။ သူသည် ချန်မင်၏ အစီအစဉ်ကို ဖျက်ဆီးရုံတင်မကဘဲ ချန်မင်ကိုပါ ထောင်ချောက်ထဲသို့ ဆွဲသွင်းထားပြီးသား ဖြစ်သည်။

“ ဟို ရှီလဲ့ကို ခေါ်ထုတ်လို့ မရဘူးလား” နားကပ်တစ်ဖက်က သိလျက်နှင့် မေးလိုက်သည်။

ချန်မင်၏ မျက်နှာမှာ ပုပ်သိုးနေသည်။ “အဲဒီကောင် အပြင်မထွက်ဘူး မင်းတို့ ရွှမ်ချင်းတက္ကသိုလ် ကျောင်းဆောင်ထဲအထိ ဝင်ဖမ်းရဲလား”

နားကပ်တစ်ဖက်တို့အုပ်စုမှာ ခေါင်းခါလိုက်ကြသည်။ ရှီလဲ့ မဟုတ်သည့်တိုင်အောင် တက္ကသိုလ်ဝင်းထဲ ဝင်ဖမ်းပြီး ခြေလက်ရိုက်ချိုးဖို့ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စပင်။ သူတို့က အသက်မရှင်ချင်တော့သူများမှ မဟုတ်ဘဲ။

“ကျုပ်တို့ အသက်က တန်ဖိုးမရှိပါဘူး၊ အဖမ်းခံရလည်း ဘာမှမဖြစ်ဘူး... ဒါပေမဲ့ ခင်ဗျားကိုပါ ပါသွားအောင် ဆွဲသွင်းမိရင် မကောင်းဘူးလေ” နားကပ်တစ်ဖက်က နှိမ့်ချစွာ ပြောလိုက်သည်။

ချန်မင်လည်း လူအမဟုတ်သဖြင့် ထိုသို့လုပ်လျှင် ဖြစ်လာမည့် နောက်ဆက်တွဲကို သိသည်။ သူ သက်ပြင်းချကာ “ထားလိုက်တော့... အဲဒီကောင်ကို ခဏလွှတ်ထားလိုက်မယ်...မနက်ဖြန် ပြိုင်ပွဲပြီးမှ သူ့ကို ထပ်ပြီး လှည့်ခေါ်မယ်” ဟု ဆိုသည်။

နားကပ်တစ်ဖက်ကလည်း ချက်ချင်း ခေါင်းငြိမ့် ထောက်ခံလိုက်သည်။ “ကောင်းပါပြီ... ကောင်းပါပြီ ကျုပ်တို့ အချိန်မရွေး စောင့်နေပါ့မယ်”

ညပိုင်းတွင် ရှီလဲ့သည် ကျောင်းဆောင်ရှိ သူ၏ အခန်း၌ ကွန်ပျူတာဖြင့် ကျောင်းဖိုရမ်ကို ကြည့်နေသည်။ နေ့လယ်ပိုင်း ရေဒီယိုအစီအစဉ် ပြီးကတည်းက ပတ်ထရီးရော့တ် နှင့် လိုင်ကာ တို့ ဒိုင်အဖြစ် ပါဝင်မည့်သတင်းကြောင့် ဖိုရမ်တစ်ခုလုံး ချီးကျူးသံများဖြင့် ပြည့်နှက်နေသည်။

အချို့ကလည်း ရှီလဲ့၏ နောက်ခံအင်အားကို အမျိုးမျိုး ခန့်မှန်းနေကြသည်။ ရှီလဲ့သည် သူ၏ နောက်ခံကို ဖုံးကွယ်ထားသော သူဌေးသားတစ်ဦး ဖြစ်နိုင်သည်ဟုပင် ထင်ကြေးပေးနေကြသည်။ ရှီလဲ့သည် ထိုခန့်မှန်းချက်များကို ကြည့်ကာ ရယ်မောနေမိသည်။

ညတွင် ရှီလဲ့သည် အိပ်ရာပေါ်၌ လဲလျောင်းရင်း အိုးရန်ရှန်းကို မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားနေသည်။ အိုးရန်ရှန်းသည် တရားမျှတမှုကို မြတ်နိုးသူဖြစ်သဖြင့် သူမကို ကိုင်တွယ်ရန်မှာ တော်တော်လေး ခက်ခဲလှသည်။

တစ်ဖက်တွင်လည်း အိုးရန်ရှန်းသည် ထမင်းစားပွဲ၌ ရှီလဲ့၏ လွတ်နေသော နေရာကို ကြည့်ကာ တစ်ယောက်တည်း ထိုင်နေသည်။ သူမသည် ရှီလဲ့ကို ဘာကြောင့် အဖမ်းမခံခိုင်းခဲ့သနည်းဟု မိမိကိုယ်ကိုယ် ပြန်မေးနေမိသည်။ ရှီလဲ့သည် သူမကို ယဲ့ဖုန်းလက်မှ ကယ်တင်ခဲ့ပြီး သူမအစား ဓားစာခံ အဖြစ်ခံခဲ့သည်ကို သူမ ဘယ်တော့မှ မမေ့နိုင်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး အောက်တိုဘာ ၂၅ ရက်သို့ ရောက်ရှိလာခဲ့သည်။ ရွှမ်ချင်းတက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာနမှ ကြီးမှူးကျင်းပသော ဆော့ဖ်ဝဲလ်ပြိုင်ပွဲကို တက္ကသိုလ်ခန်းမကြီး၌ ခမ်းနားစွာ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ခန်းမကြီးအတွင်း လူပေါင်း ၃,၀၀၀ ခန့် ဆံ့ပြီး ကွန်ပျူတာဌာနမှ ကျောင်းသားများသာမက အခြားဌာနမှ ကျောင်းသားများပါ စည်ကားနေသည်။ ရှေ့ဆုံးတန်းတွင် ကျောင်းအာဏာပိုင်များ၊ အဓိက စပွန်ဆာဖြစ်သော ကျင်းယို ဆော့ဖ်ဝဲလ်၊ ကျီရှန့် အင်တာနက်လုံခြုံရေး နှင့် ဒိုင်လူကြီးများ ဖြစ်ကြသော ပတ်ထရီးရော့တ် နှင့် လိုင်ကာ တို့မှ ကိုယ်စားလှယ်များ ထိုင်နေကြသည်။

ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ ဦး ရှိသည်။ ရှီလဲ့သည် ဒိုင်လူကြီးများ၏ ထောက်ခံချက်ဖြင့် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ စင်နောက်ဘက်ရှိ ပြိုင်ပွဲဝင်များ နားနေဆောင်တွင် ရှီလဲ့သည် တည်ငြိမ်စွာ ထိုင်နေသည်။ သူသည် ချန်မင်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

‘ချန်မင်... အရင်ဘဝတုန်းက မင်း ငါ့ကို နှိပ်စက်ခဲ့သမျှ၊ စော်ကားခဲ့သမျှ အားလုံးကို ဒီဘဝမှာ အတိုးနဲ့ပြန်ဆပ်ခိုင်းမယ်’

အခန်း - ၈၀

လူသုံးထောင်ဆံ့သော ရွှမ်းချင်းတက္ကသိုလ်၏ ခန်းမကြီးမှာ နံနက် ကိုးနာရီကျော်ကတည်းက လူများဖြင့် ပြည့်နှက်နေပြီး လွတ်နေသော ထိုင်ခုံတစ်လုံးပင် မကျန်တော့ချေ။

ရှီလဲ့ နှင့် ချန်မင်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ ရွှမ်ချင်းတက္ကသိုလ်အတွင်း မကြုံစဖူးသော စိတ်ဝင်စားမှုကို ရရှိနေခြင်းပင်။ တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနကလည်း ၎င်းတို့၏ အစွမ်းအစကို ပြသရန်အတွက် ခန်းမအတွင်း၌ အဆင့်မြင့် ရုပ်ထွက်ကြည်လင်သော ကင်မရာများ တပ်ဆင်ထားပြီး တက္ကသိုလ်ဝဘ်ဆိုဒ်၏ ပင်မစာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။

ဆယ်နာရီထိုးခါနီးတွင် တက္ကသိုလ် အသံလွှင့်ဌာနမှ အစီအစဉ်တင်ဆက်သူ ကျူးဒန် ပင်လျှင် ဤဆော့ဖ်ဝဲလ်ပြိုင်ပွဲ၏ အစီအစဉ်တင်ဆက်သူအဖြစ် ပေါ်ထွက်လာခဲ့သည်။

“လေးစားအပ်ပါသော လူကြီးမင်းများ၊ ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများရှင်... ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနရဲ့ ဆော့ဖ်ဝဲလ်ပြိုင်ပွဲကနေ ကြိုဆိုပါတယ်၊ ကျွန်မကတော့ သတင်းထုတ်လွှင့်မှုဌာနမှ ကျူးဒန် ဖြစ်ပါတယ်” ကျူးဒန်က လူသုံးထောင်ကျော်ရှေ့တွင်ပင် အမူအရာပျက်ကွက်ခြင်းမရှိဘဲ သဘာဝကျကျနှင့် ယုံကြည်မှုရှိရှိ နှုတ်ခွန်းဆက်လိုက်သည်။

ခန်းမအတွင်း၌ လက်ခုပ်သံများ ခပ်ကျဲကျဲသာ ထွက်ပေါ်လာသော်လည်း ကျူးဒန်က စိတ်ပျက်မသွားဘဲ “အားလုံးက ပြိုင်ပွဲဝင်တွေရဲ့ လက်ရာတွေကို ကြည့်ဖို့ စိတ်မရှည်ဖြစ်နေကြပြီထင်တယ်၊ ဒါကြောင့် အချိန်မဖြုန်းတော့ပါဘူး၊ ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ ချစ်ခင်လေးစားရတဲ့ ကျောင်းအုပ်ကြီး အန်မင်းယဲ့ ကို အမှာစကားပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်” ဟု ရယ်စရာနှောကာ ပြောလိုက်သည်။

ကျောင်းအုပ်ကြီး အန်မင်းယဲ့က စင်ပေါ်တက်ကာ ကုမ္ပဏီကြီးနှစ်ခုကို ကျေးဇူးတင်စကားဆိုခြင်း၊ ကျောင်းသားများကို ကြိုးစားရန် တိုက်တွန်းခြင်း စသည့် အလုပ်သဘောဆိုင်ရာ စကားအနည်းငယ်ကိုသာ ပြောကြားပြီး နေရာသို့ ပြန်သွားခဲ့သည်။

ဒုတိယမြောက် စင်ပေါ်တက်လာသူမှာ ကွန်ပျူတာသိပ္ပံဌာနမှူး ကျီမင်ယဲ့ဖြစ်သည်။ သူသည် ဒိုင်အဖွဲ့၏ အဓိကဒိုင်လူကြီးဖြစ်ပြီး ‘ဗီတို’ အာဏာကိုပင် ကိုင်စွဲထားသူဖြစ်သည်။

ဤပြိုင်ပွဲ၏ ဒိုင်အဖွဲ့ကို အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်။ ကွန်ပျူတာသိပ္ပံဌာနမှ ကျောင်းသားကိုယ်စားလှယ် ၁၀ ဦးနှင့် ဌာနမှူး ကျီမင်ယဲ့အပါအဝင် တက္ကသိုလ်ဘက်မှ ဒိုင်များ၊ စပွန်ဆာပေးထားသည့် ကျင်းယို နှင့် ကျီရှန့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ နောက်ဆုံးတွင် ဧည့်သည်ဒိုင်အဖြစ် ပါဝင်သော ပတ်ထရီးရော့တ် နှင့် လိုင်ကာ ကုမ္ပဏီများ ဖြစ်ကြသည်။

အမှတ်ပေးစည်းမျဉ်းမှာ ရိုးရှင်းပါသည်။ အဓိကဒိုင် ကျီမင်ယဲ့တွင် အမှတ် ၂၀ ပေးပိုင်ခွင့်ရှိပြီး ကျန်ဒိုင်ငါးဦးမှာ ၁၀မှတ် စီသာ ပေးပိုင်ခွင့်ရှိသည်။ ပြိုင်ပွဲဝင်များ ပြသပြီးနောက် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်များကို ပယ်ထုတ်ကာ ပျမ်းမျှတွက်မည်ဖြစ်သည်။ ကျီမင်ယဲ့၏ အမှတ်မှာ ပယ်ထုတ်ခံရလျှင်ပင် ထက်ဝက်ကျန်ရှိမည်ဖြစ်ရာ သူသည် လူနှစ်ယောက်စာ မဲပေးပိုင်ခွင့်ရှိသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် တခြားဒိုင်များ မတရားလုပ်သည်ဟု ယူဆပါက ရလဒ်ကို ပယ်ဖျက်ကာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်သည့် အာဏာလည်း ရှိသည်။

ကျီမင်ယဲ့က ဆော့ဖ်ဝဲလ်များကို အချက်သုံးချက်ဖြင့် အကဲဖြတ်မည်ဟု ကြေညာခဲ့သည်။

၁။ လက်တွေ့အသုံးဝင်မှု - ဆော့ဖ်ဝဲလ်ဆိုသည်မှာ လက်တွေ့ဘဝတွင် အသုံးချနိုင်ရန်ဖြစ်ရမည်။

၂။ အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်မှု - ဆော့ဖ်ဝဲလ်တစ်ခုသည် ရုပ်ထွက်လှပပြီး အသုံးပြုရ လွယ်ကူရမည်။

၃။ ကျစ်လျစ်မှု - စွမ်းဆောင်ရည်ကောင်းသော်လည်း ဟတ်ဒ်ဝဲလ်အရင်းအမြစ်များ အလွန်အမင်း မလိုအပ်စေရ။

စည်းမျဉ်းများ ကြေညာပြီးနောက် ကျိမင်ယီက စင်ပေါ်အား ကျူးတန်းထံ ပြန်လည်လွှဲပြောင်းပေးလိုက်သည်။

“ကဲ... အချိန်မဆိုင်းဘဲ ပထမဆုံးပြိုင်ပွဲဝင်၊ ရေဒီယိုအစီအစဉ်ရဲ့ ဧည့်သည်ဟောင်းဖြစ်တဲ့ ချန်မင်ကို ဖိတ်ခေါ်ပါတယ်၊ ချန်မင်ရဲ့ လက်ရာမွန်ကို အတူတူ စောင့်ကြည့်ကြရအောင်”

ချန်မင်သည် သပ်ရပ်သော ရှပ်အင်္ကျီအဖြူ၊ ဘောင်းဘီရှည်နှင့် ပြောင်လက်နေသော သားရေဖိနပ်ကို စီးကာ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လက်ပ်တော့ကို ပိုက်၍ စင်ပေါ်သို့ တက်လာခဲ့သည်။ သူ၏ ရုပ်ရည်နှင့် ယဉ်ကျေးပျူငှာသော အမူအရာကြောင့် လူအများ၏ အထင်ကြီးမှုကို ရရှိသွားသည်။

ပထမတန်းရှိ ဒိုင်ခုံတွင် ကျီမင်ယဲ့က ဘေးမှ ကျန်းစုန့် ကို “ဒီကလေးရဲ့ စရိုက်က သိပ်မကောင်းဘူးလို့ ကြားတယ် ဟုတ်လား” ဟု တိုးတိုးလေး မေးလိုက်သည်။ ကျန်းစုန့်က ချန်မင်နှင့် ရှီလဲ့တို့၏ ပဋိပက္ခအကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်ရသည်။

ချန်မင်က မိမိကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် သူ၏ “အီလက်ထရွန်နစ် ပညာရေးစနစ်”ဆော့ဖ်ဝဲလ်ကို စတင်ပြသတော့သည်။

“ဒီစနစ်ကတစ်ဆင့် ကွန်ပျူတာကနေ သင်ခန်းစာတွေကို လေ့လာနိုင်သလို စာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်မှာပါ၊ ဆရာတွေရဲ့ အရင်းအမြစ်ကို ထိရောက်စွာ အသုံးချနိုင်သလို ကျောင်းပိတ်ရက်တွေမှာလည်း အိမ်ကနေ ကိုယ်တိုင်လေ့လာနိုင်မှာ ဖြစ်ပါတယ်” ဟု ချန်မင်က ဂုဏ်ယူစွာ ရှင်းပြသည်။

စခရင်ပေါ်တွင် လှပသော ပင်မစာမျက်နှာ ပေါ်လာပြီး ကျောင်းသားအကောင့်နှင့် ဆရာအကောင့်ဟူ၍ နှစ်မျိုးခွဲထားသည်။ ကျောင်းသားအကောင့်ဖြင့် ဝင်ရောက်သောအခါ “ကြိုဆိုပါတယ်...” ဟု အသံဖြင့် နှုတ်ဆက်သည့်စနစ်မှာ အကဲဖြတ်ဒိုင်များကို စိတ်ဝင်စားသွားစေသည်။

စနစ်အတွင်း၌ ဘာသာရပ်အမျိုးမျိုးကို ရွေးချယ်နိုင်ပြီး သင်ခန်းစာတစ်ခုချင်းစီအတွက် စစ်ဆေးမှုများ ပါဝင်သည်။ “ဒီစာမေးပွဲစနစ်က တခြားဝင်းဒိုးတွေကို ပြောင်းလို့မရအောင် ပိတ်ထားတဲ့အတွက် ခိုးချလို့မရပါဘူး၊ မေးခွန်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် အစဉ်လိုက်မတူအောင် ပြောင်းလဲပေးထားပါတယ်” ဟု သူက ဆိုသည်။

ဌာနမှူး ကျိီမင်ယဲ့က ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောကျနေသည်ကို တွေ့ရသောအခါ စပွန်ဆာကုမ္ပဏီများမှ ဒိုင်များလည်း လိုက်လံချီးကျူးကြသည်။

ဆက်လက်၍ ဆရာအကောင့်ဖြင့် ပြသရာတွင် “ကျောင်းသားများ၏ အခြေအနေကို စောင့်ကြည့်ခြင်း”၊ “မေးခွန်းဘဏ် ဖန်တီးခြင်း”၊ “ဆရာနှင့် ကျောင်းသား အပြန်အလှန် ဆက်သွယ်ခြင်း” နှင့် “တာဝန်များ ပေးအပ်ခြင်း” စသည့် လုပ်ဆောင်ချက်များကို အသေးစိတ် ရှင်းပြသွားသည်။

သရုပ်ပြမှုအပြီးတွင် ချန်မင်က လူအများကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူ၏ စိတ်ထဲတွင် ယုံကြည်မှုများ အပြည့်ရှိနေသည်။

‘ရှီလဲ့... မင်း တက်လာခဲ့စမ်းပါ၊ မင်းက မိဘမဲ့ လူဆင်းရဲတစ်ယောက်ဆိုတာကို ငါ ဒီနေ့ သက်သေပြလိုက်မယ်’ ဟု သူက တေးထားလေတော့သည်။

All Chapters