← Chapters

အဓမ္မစီးနင်းခြင်း

Vol. 12 Ch. 1185

အဓမ္မစီးနင်းခြင်း

Vol. 12 Ch. 1185

ပိုင်ရှောင်ချီက နှံ့နှံ့စပ်စပ်လိုက်ပြပြီးယပ်တောင်၏ လုပ်ဆောင်ချက်များအားလုံးအား သေသေချာချာရှင်းပြလေသည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းသည် ယပ်တောင်မျက်နှာပြင်ပေါ်ရှိ ရုပ်ပုံထဲက ထိပ်တွင် သေခြင်းတရားနှင့်ရှင်သန်ခြင်း တာအိုအနှစ်သာရ၏ အရှိန်အဝါဖြင့် ပြည့်နှက်လျက် ခံ့ညားထည်ဝါနေသော ပြာသာဒ်တစ်ဆောင်ရှိသည့် တောင်ကို ကိုယ်တိုင် သွားရောက်လည်ပတ်လိုက်သည်။

၄င်းသည် ကိုးထပ်ပြာသာဒ်တစ်ဆောင်ဖြစ်ပြီး အပေါ်ဆုံးအထပ်တွင် သေခြင်းတရားနှင့်ရှင်သန်ခြင်း တာအိုအနှစ်သာရပါဝင်လေသည်။ ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံက သူ့ကို ထိုအဆင့်ထဲ ဝင်ရောက်ခွင့်ပြုသည်အထိ မမြင့်မားပေ။ လေးထပ် အမြင့်ကိုသာ သူ ရောက်နိုင်လေသည်။

သို့သော် လေးထပ်မြောက်မှာပင် ကျင့်ကြံအားထုတ်သည့်အချိန် သူ၏တိုးတက်မှုသည် ယပ်တောင်ပေါ်ရှိ အခြားနေရာများထက်သော်လည်းကောင်း၊ ထာဝရအင်မော်တယ်နယ်မြေများထက် သော်လည်းကောင်း များစွာသာလွန်၏။ သူ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အထိ တင်ပျဥ်ခွေ၍ တရားထိုင်နေချိန် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တဟုန်းဟုန်းတောက်လောင်နေသော အပူတို့ဖြင့် ပြည့်နှက်နေ၏။ ထိုသို့ဖြစ်ပျက်လာစဥ် သေခြင်းတရားနှင့်ရှင်သန်ခြင်း တာအိုအနှစ်သာရ၏ လှုံ့ဆော်မှုကျေးဇူးကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ထိုအချိန်တိုလေးအတွင်း ပုံမှန် တစ်လလုံးလုံးကြာမည်ကဲ့သို့ တိုးတက်သွားလေသည်။

" ဒါက ကျင့်ကြံခြင်းရဲ့ နိဗ္ဗာန်ဘုံပဲ "

သူက ကောက်ချက်ချလိုက်သည်။

ဘေးက ပိုင်ရှောင်ချီက မျက်နှာလိုမျက်နှာရ ပြောသည်။

" သခင်လေး … နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်တာနဲ့ ငါးထပ်ကို ဝင်ရောက်နိုင်လိမ့်မယ်။ လောကနတ်ဘုရားတစ်ပါးဖြစ်တာနဲ့ ထိပ်ဆုံးအထပ် ဝင်ပြီး သေခြင်းတရားနဲ့ရှင်သန်ခြင်း တာအိုအနှစ်သာရကို တိုက်ရိုက်ထိတွေ့နိုင်လိမ့်မယ်။ အဲဒီအခါကျရင် သခင်လေးရဲ့ ကျင့်ကြံခြင်း ပိုတောင် မြန်လာမှာ "

ပိုင်ရှောင်ချန်းမှာ မျှော်လင့်ချက်များဖြင့် စိတ်လှုပ်ရှားနေလျက် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အတိုက်အခိုက်စွမ်းရည်က ယခင်ကထက် များစွာပို၍ သန်မာအားကောင်းလာသည်အထိ အနည်းငယ် ကျင့်ကြံလိုက်လေသည်။ နောက်ဆုံး သူထွက်ခွာလိုက်သည်။

ယပ်တောင်တစ်ဝိုက် လမ်းပတ်လျှောက်ပြီးနောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အသုံးပြု၍ ယပ်တောင်ထဲက ရုပ်ပုံများနှင့် သူတို့ထုတ်လွှတ်နိုင်သည့် နတ်ဘုရားအစွမ်းများကို ထိန်းချုပ်ရန် နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။

ကံဆိုးစွာပင် သူက တောင်ကိုသော်လည်းကောင်း၊ မြစ်ကိုသော်လည်းကောင်း လှုပ်သည်ဆိုရုံလေးပင် မလုပ်နိုင်ပေ။ သို့သော် လှေကိုအသုံးပြုရန် လိုအပ်ချက်များက သိပ်မြင့်မားပုံမရ၍ အနည်းငယ်အားထုတ်ပြီးနောက် သူသည် လှေကို မဆိုစလောက် တုန်ခါသွားအောင် လုပ်နိုင်လိုက်လေသည်။ လှေထဲ ကျားကစားနေသည့် လူနှစ်ယောက်ပင် ဆတ်ခနဲ ဖြစ်သွား၏။

သူသည် လှေကို ယပ်တောင်မျက်နှာ၏ အပြင်ဘက်သို့ အပြည့်အဝမဆင့်ခေါ်နိုင်သော်လည်း သူ လုပ်ဆောင်ခဲ့သည့် တိုးတက်မှုနှင့်ပတ်သက်၍ ကျေနပ်နေသေးသည်။ ယပ်တောင်အစုတ်ကြီး၏ ပိုင်ရှင်အစစ်ဖြစ်ရသည်မှာ အံ့သြဖွယ်ကောင်းလေသည်။ ပို၍ပင် ကောင်းသည်မှာ ယခု သူ ရရှိနိုင်သည့် ရတနာများနှင့် ဆေးလုံးများအားလုံးပင်။ သူတစ်ချက်လေးတွေးလိုက်ရုံနှင့် ထိုကဲ့သို့ပစ္စည်းများ မရေမတွက်နိုင်အောင် ယပ်တောင်၏အပြင်သို့ ပျံထွက်ပြီး သူ့လက်ထဲ ရောက်လာစေလေသည်။

ဤအချိန်တွင် အဆင့်အမျိုးမျိုးတွင် တွေ့ကြုံခဲ့သည့် အမှောင်သမားေတာ်များ သို့မဟုတ် ဝိညာဥ်များဖြင့် ပြည့်နှက်နေသောအဆင့်ကဲ့သို့ ထူးဆန်းသောအရာအချို့ကို ပြန်တွေးမိလိုက်သည်။ သူက ရိပ်ခနဲလှုပ်ရှား၍ အမှောင်သမားေတာ်များပါရှိသည့် အဆင့်ထံ ဦးတည်လိုက်သည်။

သူပေါ်လာသည်နှင့်တစ်ပြိုင်နက် အမှောင်သမားတော်များက သူ၏တည်ရှိမှုကို အာရုံရလိုက်ပြီး အပေါ်မော့ကြည့်လိုက်ရာ သူတို့ပထမဆုံးတွေ့ဆုံစဥ်ကတည်းက သူတို့၏အိပ်မက်ဆိုးထဲများတွင် ခြောက်လှန့်ခဲ့သော ပုဂ္ဂိုလ်ကို မြင်လိုက်လေသည်။ ချက်ချင်းပင် အော်ဟစ်သံများ ပွက်ပွက်ညံသွား၏။

" မင်းမေဘ … သူပဲ … အမှောင်သမားေတာ်တွေအတွက် အကုသိုလ်ကောင်ကြီး "

" မဖြစ်နိုင်ဘူး။ သူ ဘယ်လိုလုပ်ပြန်လာနိုင်တာလဲ။ ငါတို့ သူ့ကို နှင်ထုတ်ပြီးပြီ မဟုတ်ဘူးလား "

ပိုင်ရှောင်ချန်းက အမှောင်သမားေတာ်များ ကြောက်လန့်တကြား အော်ဟစ်နေသည်ကို မြင်သောအခါ ခေါင်းနောက်လှန်၍ အားပါးတရ ရယ်လိုက်သည်။ သူ ထိုကဲ့သို့ မွေးရာပါသမားတော်များကို ဘယ်နည်းနှင့်မှ အလွယ်တကူ အလွှတ်ပေးမည်မဟုတ်ပေ။ ယပ်တောင်နှင့်ပတ်သက်သည့် သူ၏လုပ်ပိုင်ခွင့်နှင့် စွမ်းအားများကို အသုံးပြု၍ သူက သူတို့နာခံစေရန် အလွန်လွယ်ကူစွာ ဖိအားပေးလိုက်သည်။

အမှောင်သမားတော်များက သူ၏တောင်းဆိုချက်များကို သဘောတူလေသည်။ သူတို့က မျက်ရည်တစမ်းစမ်းနှင့် သူတောင်းဆိုသည့်အတိုင်း တသွေမတိမ်း ဆေးများ စတင်ဖော်စပ်တော့သည်။

ထို့နောက် သူက ဝိညာဥ်များဖြင့် အဆင့်ကို သွားပြီး ထိုအဆင့်ကို ချက်ချင်း ပြောင်တလင်းခါစေလိုက်သည်။ ယခင်က ပိုင်ရှောင်ချီသည် ထိုဝိညာဥ်များကို သူ ယူ၍မရကြောင်း အခိုင်အမာပြောခဲ့၏။ ပိုင်ရှောင်ချန်းက ထိုသည်ကို သူ့ဘာသာသူ ၄င်းတို့အား ရယူချင်နေသည့်အတွက်ကြောင့်ဟု အဓိပ္ပါယ်ကောက်ခဲ့လေသည်။

ပိုင်ရှောင်ချီမှာ ပိုင်ရှောင်ချန်းက ယပ်တောင်ကို ဓားပြတိုက်နေသည်အား စောင့်ကြည့်ကာ ဘေးတွင်ရပ်နေ၏။ သူ၏နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ကျနေသော်လည်း သူက ထိုအရိပ်အယောင်တစ်ခုလေးကိုပင် သူ၏မျက်နှာပေါ်၌ မပြသပေ။ သူက ကြည့်သာကြည့်နေလေသည်။

ပိုင်ရှောင်ချန်းက ချောင်းဟန့်၍ ပြော၏။

" ငါ့ကို အဲဒီလိုမကြည့်နဲ့။ ဒီဝိညာဥ်တွေကို ဒီမှာ ဘာမှမလုပ်ဘဲထိုင်နေခိုင်းရမှာ ဖြုန်းတီးရာရောက်တယ်လေ။ ငါ ဒီကောင်တွေ ယပ်တောင်ကို အားဖြည့်ပေးနေတဲ့ စိတ်စွမ်းအင်တွေစားနေတာ ဘယ်နည်းနဲ့မှ ခွင့်မ ပြုနိုင်တော့ဘူး "

သူက ဖြောင့်မတ်တည်ကြည်ခြင်း၏ ပုံရိပ်အလား တင်ပျဥ်ခွေထိုင်ပြီး ယခုလေးတင် သူ ရရှိခဲ့သည့် ဆေးလုံးများကို အသုံးပြု၍ ထပ်မံကျင့်ကြံအားထုတ်ရန် စတင်တော့သည်။

လဝက်ကုန်သွား၏။ ယပ်တောင်၏ပိုင်ရှင်အသစ် ယခုလေးတင် ဖြစ်လာသဖြင့် ပိုင်ရှောင်ချန်းသည် အလွန်တရာ စိတ်အားတက်ကြွနေပြီး ယပ်တောင်၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များ၊ စွမ်းရည်များဖြင့် ပီတိဖြာနေတော့သည်။ သူက သူ၏အချိန်အများစုကို ကျင့်ကြံအားထုတ်ရင်းသော်လည်းကောင်း၊ နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ကို စူးစမ်းလေ့လာရင်းသော်လည်းကောင်း ကုန်ဆုံးလေသည်။

ကံဆိုးစွာပင် သူ့မှာ ဝိညာဥ်များများစားစား မကျန်တော့ပေ။ သို့သော် သူ ယာယီလုပ်ဆောင်ရန်အထိ လုံလောက်လေသည်။ နောက်ဆုံး၌ သူသည် စမ်းသပ်မှုအနည်းငယ်လုပ်ဆောင်နိုင်သည်အထိ ယုံကြည်ချက်ရှိလာ၏။ အောင်မြင်မှုများမရှိသော်လည်း ရှုံးနိမ့်မှုများက သူ့ကို ထိုးထွင်းသိမြင်နိုင်စွမ်းများစွာ ပေးပြီး အောင်မြင်တော့မည်ဟု ယုံကြည်ချက်ရှိလာလေသည်။

ပိုင်ရှောင်ချန်းက ယပ်တောင်အစုတ်ကြီးပေါ်က သူ၏အမှုကိစ္စများတွင် နစ်မြုပ်နေချိန် မိစ္ဆာဧကရာဇ်မြို့တွင် ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများအားလုံးကို နက်နက်နဲနဲအံ့သြတုန်လှုပ်သွားစေသော ကိစ္စတစ်ရပ် ဖြစ်ပျက်သွား၏။

အစက အရာအားလုံး တည်ငြိမ်အေးချမ်းနေခဲ့သည်။ မိစ္ဆာမင်းသားက အလွန်သိုသိုသိပ်သိပ်နေခဲ့ပြီး ပိုင်ရှောင်ချန်းအပေါ် နည်းနည်းလေးပင် စိတ်ဝင်စားပုံမရခဲ့ပေ။ မိစ္ဆာဧကရာဇ်သည်လည်း တံခါးပိတ်ကျင့်ကြံနေသည်။

သို့သော် အမှန်တွင် မိစ္ဆာမင်းသားသည် အဏ္ဏဝါခေါ်သံဂိုဏ်းကို ပစ်မှတ်ထားသော အကြံအစည်ကြီးတစ်ခု အကောင်အထည်ဖော်နေခဲ့ခြင်းပင်။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် သူ၏မဟာမိတ်များသည် တစတစများပြားသော ကျင့်ကြံသူများအား တဖြေးဖြေးစုဆောင်းနေခဲ့ပြီး ဖက်တီးကျန်းကြီးက ၄င်းတို့အားလုံးကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူတို့၏ တည်ရှိမှုကား နောက်ဆုံးပေါ်ပေါက်သွားလေသည်။

ယခင်က မိစ္ဆာမင်းသားသည် သူတို့အပေါ် လှုပ်ရှားရန် ယုံကြည်ချက်လုံလုံလောက်လောက် မရှိခဲ့ပေ။ သို့သော် ယခုတွင် သူ၏ သည်းခံနိုင်စွမ်းကား အဆုံးစွန်ထိ ရောက်သွားလေပြီ။ ထိုမျှသာမက မိစ္ဆာဧကရာဇ်ကို သူ့အတွက် လက်အသစ်တစ်ဖက်အဖြစ် သန့်စင်ခဲ့ပြီးနောက်မှာပင် သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများ မဆောင်ရွက်နိုင်သေးပေ။ မိစ္ဆာမင်းသားမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများအတွက် ဆာလောင်ငတ်မွတ်ကာ တမ်းတမ်းစွဲဖြစ်နေလေသည်။ ထို့ကြောင့် သူသည် လအနည်းငယ်အချိန်ပေးကာ အဏ္ဏဝါခေါ်သံဂိုဏ်းအား တိတ်တဆိတ်ဝိုင်းခဲ့၏။

ဂိုဏ်းသာ သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွင်း တည်ရှိခဲ့လျှင် သူလှုပ်ရှားရဲမည် မဟုတ်ပေ။ သို့သော် ၄င်းက မိစ္ဆာဧကရာဇ်နိုင်ငံတွင် ဖြစ်သည်ဆိုကတည်းက လုပ်ရကိုင်ရ ပို၍ရိုးရှင်းလွယ်ကူသည်။ သို့ပေမည့် သူလှုပ်ရှားသောအခါ မိုးကြိုးလျှပ်စီးပမာ ထိုးနှက်ရမည်ဖြစ်ကြောင်း သိ၏။

သူက အဏ္ဏဝါခေါ်သံဂိုဏ်းတပ်ဖွဲ့များ သူ့ကို ခုခံရန် အစွမ်းမဲ့ကြောင်း သေချာေစရန်အလို့ငှာ သူ့ကို အကူအညီပေးရန် ကောင်းကင်ဧကရာဇ်တချို့ ဖိတ်ကြားခဲ့သည်။ နောက်ဆုံး သူ လှုပ်ရှားသောအခါ သူ့တို့မှာ တိုက်ပင် မတိုက်ခိုက်နိုင်ဘဲ ချက်ချင်းအဖမ်းခံလိုက်ကြရ၏။

သတင်းက မိစ္ဆာဧကရာဇ်တစ်နိုင်ငံလုံးကို လှုပ်ရမ်းပစ်လိုက်သည်။ ထို့ပြင် ပို၍ ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသည်က မိစ္ဆာဧကရာဇ်မြို့တော်၏ အပြင်ဘက်ရှိ လွင်ပြင်တစ်ခုတွင် ဧရာမ မန္တန်ဝင်္ကပါတစ်ခု နေရာချနေသည်ဆိုသော မိစ္ဆာမင်းသား၏ နောက်ဆက်တွဲကြေညာချက်ပင်။

မန္တန်ဝင်္ကပါအတွင်း ပိတ်မိနေသည်က အဏ္ဏဝါခေါ်သံဂိုဏ်း၏ ကျင့်ကြံသူများအားလုံးနှင့်အတူ ယခင်က အကျဥ်းခံခဲ့ရသော ကောင်းကင်တံတားကျင့်ကြံသူတချို့ ဖြစ်လေသည်။ စုစုပေါင်း တစ်သောင်းရှိ၏။

သူတို့အားလုံး ချုပ်နှောင်ခံထားရပြီး အပြည့်အဝအသက်သွင်းပြီးသည်နှင့် သူတို့၏သွေးများကို နုတ်ယူမည်ဖြစ်သော မန္တန်ဝင်္ကပါ၏အပြင်ဘက်သို့ ထွက်မပြေးနိုင်ကြပေ။

မိစ္ဆာမင်းသားကိုယ်တိုင် ထိုလုပ်ငန်းကို မကြီးကြပ်သော်လည်း ကောင်းကင်ဧကရာဇ်ကျဲ့တိနှင့် ဝိညာဥ်ဝါးမျိုသခင်တို့ ကြီးကြပ်ကြလေသည်။

၎င်းက အထူးသဖြင့် သူတော်စင်ဧကရာဇ်နိုင်ငံတွင် လူစုကွဲနေသည့် ကောင်းကင်တံတားကျင့်ကြံသူများအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းဖြစ်သည်။ သူတို့အားလုံး ချက်ချင်း ဒေါသူပုန်ထသွားကြ၏။

" မိစ္ဆာမင်းသား "

စုန့်ချွဲမှာ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် သွားရောက်ဆုံတွေ့ရန် ပြင်ဆင်နေခဲ့သည်ဖြစ်၍ မိစ္ဆာဧကရာဇ်မြို့တော်နှင့် အနီးအနားမှာ ရှိသည်။ သူက ဖြစ်ပျက်နေသည်များအား ကြားသောအခါ သူ၏မျက်လုံးများတွင် ဒေါသများ၊ သတ်ဖြတ်လိုစိတ်များဖြင့် စတင်တောက်လောင်လာပြီး သူက သူ၏ကျင့်ကြံခြင်းအခြေခံကို ချက်ချင်း အားဖြည့်လိုက်သည်။

သူသည် ယခုထက်ထိ နှစ်ပေါင်းများစွာ အဖော်မဲ့မြေခွေးတစ်ကောင် ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော ရန်သူများအား သုတ်သင်ခဲ့လေသည်။ ထိုအကြောင်းနှင့် သူနှစ်ပေါင်းများစွာ ရရှိခဲ့သည့် ကျင့်ကြံခြင်းရင်းမြစ်များကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် အချိန်အတော်ကြာကတည်းက နှောင်းပိုင်းနတ်အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်လေသည်။

သို့သော် သူ၏အသတ်အဖြတ်အရှိန်အဝါကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်ကြောင်း ယုံကြည်ချက်ရှိလေသည်။

သတ်ဖြတ်ခြင်းနှင့်သုတ်သင်ခြင်းတာအိုနှင့်စပ်လျဥ်းသည့် နှစ်ပေါင်းများစွာ ဉာဏ်အလင်းက သူ့ကို သွေးတစ်စက်စက်ကျနေသည့် စူးရှချွန်ထက်နေသော ဓားတစ်ချောင်းအလား ဖြစ်သွားစေလေသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မိစ္ဆာမြို့တော်ဘက်သို့ တဟုန်ထိုးထွက်သွားလေသည်။

ထိုအခိုက်အတန့်၌ ယပ်တောင်အစုတ်ကြီးပေါ်တွင် ပိုင်ရှောင်ချန်းက နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်သွားလေပြီ။ သူက သူ့ကိုယ်သူဂုဏ်ယူနေလျက် ယပ်တောင်မှထွက်ခွာပြီး မိစ္ဆာဧကရာဇ်မြို့တော်ရှိ သံရုံးထဲက သူ၏သီးသန့်အခန်းကို ပြန်လိုက်သည်။ သူရုပ်လုံးပေါ်လာသည်နှင့်တစ်ပြိုက်နက် သူ၏ သတင်းပို့ကျောက်စိမ်းပေလွှာက ကျယ်လောင်စွာ တုန်ခါနေကြောင်း သတိထားမိလိုက်သည်။

ယပ်တောင်အစုတ်ကြီးမှာ အလွန်တရာဝေးကွာသောကြောင့် သူသည် ပေးပို့ထားသောစာများ မရနိုင်ခဲ့ပေ။ သို့သော် ယခုတွင် စာများအားလုံးဝင်ရောက်လာပြီး ထိုစာများကို သူ မြင်သောအခါ သူ့မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူက စိတ်လေးနေလျက် ရင်တဒိန်းဒိန်းခုန်ကာ ကျောက်စိမ်းပေလွှာထဲ သူ၏နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။

စာများအားလုံးနီးပါးကား ဖက်တီးကျန်းကြီးထံမှ ဖြစ်နေသည်။

All Chapters