← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉) တောင်ပေါ်ဓားပြများကို နှိမ်နင်းခြင်း

ဝိညာဉ်များက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

အကယ်၍ လူဝင်စားနိုင်မည်ဆိုလျှင် မည်သူက လူ့ပြည်တွင် လေလွင့်နေသော ဝိညာဉ်အဖြစ် နေထိုင်ကာ မကောင်းဆိုးဝါးစွမ်းအင်များ၏ ဖျက်ဆီးခြင်းကို ခံလိုမည်နည်း။

ယွင်ဟွားသည် သူတို့ သဘောတူသည်ကို မြင်သောအခါ အလွန်ဝမ်းမြောက်သွားလေသည်။

သူမသည် မျက်လုံးများကို မှိတ်ထားလျက် နှုတ်မှ ဂါထာမန္တာန်များကို ရွတ်ဆိုလိုက်ရာ ရေတွက်၍မရနိုင်သော နာကြည်းချက်များနှင့် မကောင်းဆိုးဝါးစွမ်းအင်များသည် ယွင်ဟွား၏ ခန္ဓာကိုယ်ထဲသို့ အလုအယက် ဝင်ရောက်လာကြ၏။

ထိုစဉ်။

အားကောင်းသော နာကြည်းချက်များကို ခံစားမိသွားသဖြင့် သေခြင်းရှင်ခြင်းစာအုပ်၏ နေရာလွတ်ထဲရှိ ငရဲလကျောက်သည် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်အနည်းငယ် ခုန်ပေါက်သွားပြီး သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွားအပေါ် အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူကာ ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့လေသည်။

လေထဲတွင် ဝဲပျံနေလျက် ၎င်း၏ ကိုယ်ပိုင်စွမ်းအင်ကို မြှင့်တင်ရန်အတွက် နာကြည်းချက်များကို စုပ်ယူလိုက်၏။

သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့က အလွန်အမင်း ထိတ်လန့်သွားကြသည်။

၎င်းသည် ချက်ချင်းပင် ရှေ့သို့ ပျံသန်းသွားသော်လည်း အတားအဆီးတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။

"အာ... ကျိန်စာသင့်နေတဲ့ ကျောက်တုံးစုတ်... နင်က ဟွားဟွားရဲ့ နာကြည်းချက်တွေကို ဘယ်လိုတောင် ခိုးယူရဲရတာလဲ... ဒီစာအုပ်က နင့်ကို သတ်ပစ်မယ်..."

"အရိုက်ခံရမယ့် ကျောက်တုံးစုတ်... အစအနမကျန်အောင် ရိုက်ချိုးပစ်မယ်... ပြန်ဆက်လို့မရအောင်ကို ရိုက်ခွဲပစ်မယ်..."

ကောင်လေးနှစ်ကောင်သည် ရိုင်းစိုင်းသော စကားများဖြင့် အော်ဟစ်ဆဲဆိုနေကြသော်လည်း ငရဲလကျောက်ကမူ မကြားချင်ယောင်ဆောင်နေပြီး စွမ်းအင်များကို တိတ်တဆိတ် စုပ်ယူနေလေသည်။

ယွင်ဟွားသည် သူမ၏ နာကြည်းချက်များ တဖြည်းဖြည်း လျော့နည်းလာသည်ကို ခံစားလိုက်ရ၏။

သူမသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူမရှေ့ရှိ မြင်ကွင်းကြောင့် အံကြိတ်ရသည်အထိ ဒေါသထွက်သွားလေသည်။

သို့သော်လည်း သူမသည် ယခုအချိန်တွင် ရပ်တန့်၍ မရနိုင်ပေ။

လူတစ်ဦးနှင့် ကျောက်တုံးတစ်တုံး၏ အလုအယက် လုယက်မှုသည် လျင်မြန်စွာပင် ပြီးဆုံးသွားလေသည်။

"ငါ နင့်ကို သတ်မယ်..."

ယွင်ဟွားသည် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲကို ချက်ချင်းပင် ထုတ်ယူလိုက်၏။ သူမသည် ယနေ့တွင် ဤကျောက်တုံးစုတ်ကို သေသည်အထိ ရိုက်ခွဲပစ်ရန် ဆုံးဖြတ်ထားလေသည်။ သူမ၏ ကျင့်စဉ်အရင်းအမြစ်များကို ခိုးယူဝံ့ခြင်းသည် သူမ၏ အဖိုးတန်ရွှေများကို ခိုးယူခြင်းနှင့် အတူတူပင် ဖြစ်သည်။

ငရဲလကျောက်သည် ရုတ်တရက် ရှောင်တိမ်းသွားပြီးနောက် အဖြူရောင်အလင်းတန်းတစ်ခု လက်သွားကာ ယွင်ဟွား၏ လက်ထဲသို့ ရတနာတစ်ခုကို ထွေးထုတ်ပေးလိုက်လေသည်။

ချက်ချင်းပင် လေထဲတွင် တန်ဖိုးတူဖလှယ်ခြင်းဟူသော စကားလုံးများ ပေါ်လာ၏။

ထို့နောက် ၎င်းသည် သေခြင်းရှင်ခြင်းစာအုပ်၏ နေရာလွတ်ထဲသို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားကာ ၎င်း၏ အရှိန်အဝါကို ပိတ်လှောင်ရန်နှင့် ပုန်းအောင်းရန်အတွက် ထောင့်တစ်နေရာကို ရှာဖွေပြီး ၎င်းစုပ်ယူခဲ့သော စွမ်းအင်များကို တဖြည်းဖြည်း ချေဖျက်နေလေသည်။

"ပန်းကလေး... ငါ့ကို စောင့်နေ... နင့်ဒေါသတွေ ပြေသွားအောင် ငါ အဲ့ဒါကို ဆွဲထုတ်ပေးမယ်..."

သေခြင်းရှင်ခြင်းစာအုပ်သည် ခေါင်းမှ မီးခိုးများထွက်လာသည်အထိ ဒေါသထွက်နေလေသည်။

ယွင်ဟွားသည် သူမ၏ လက်ထဲရှိ မီးအိမ်ကို ကြည့်ကာ ချက်ချင်းပင် အံ့သြမှင်တက်သွား၏။

ဝိညာဉ်စုဆောင်းခြင်းမီးအိမ်က သူမအတွက် ဘာအသုံးဝင်မည်နည်း။

"ပန်းကလေး... အဲ့ကျောက်တုံးစုတ်က အရမ်းဉာဏ်များတယ်... သူက သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်... သူ ဘယ်မှာ ပုန်းနေလဲဆိုတာ ငါ မခံစားမိဘူး..."

သေခြင်းရှင်ခြင်းစာအုပ်က စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ခေါင်းကို ကုတ်လိုက်သည်။

"ပန်းကလေး... အဲ့ဒီအချိန်တုန်းက ငါ စိတ်လွတ်နေခဲ့တာ ဖြစ်ရမယ်... သူက ရုတ်တရက် အပြင်ကို ထွက်လာတော့ ငါက မစဉ်းစားဘဲ ဖမ်းဆွဲလိုက်တာ... သူက ငါတို့ကို ပြဿနာရှာဖို့ သက်သက်ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး..."

ယွင်ဟွားသည် စိတ်ကောက်နေသော သေခြင်းရှင်ခြင်းစာအုပ်ကို ပုတ်ပေးလိုက်၏။

"အဲ့လိုမတွေးပါနဲ့... သူသာမရှိရင် ငါတို့တွေ အတူတူ ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး..."

သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ ဒေါသကို မထိန်းချုပ်နိုင်သေးပေ။

ထိုကျောက်တုံးစုတ်သည် နေရာလွတ်စွမ်းအားကို ထိန်းချုပ်နိုင်၏။ ၎င်းသည် ယမမင်း၏ နေရာလွတ်ကို ဖောက်ထွက်နိုင်သလို ပန်းကလေးကိုလည်း ဤနေရာသို့ ပို့ဆောင်ပေးနိုင်သည်။

၎င်းတွင် ၎င်း၏ ကိုယ်ပိုင်နေရာလွတ်လည်းရှိပြီး ၎င်းအလိုရှိသလို ဝင်ထွက်သွားလာနိုင်သည်။

ယွင်ဟွား၏ မျက်နှာအမူအရာမှာ မှုန်ကုပ်နေလေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုကျောက်တုံးစုတ်ကို မှတ်ထားမည် ဖြစ်သည်။

ထိုအချိန်တွင် တောင်ကြားအဝင်ဝ၌။

"ငါတို့ ထွက်သွားလို့ မရဘူး... ငါတို့ ထွက်သွားလို့ မရဘူး... သရဲရှိတာ ဖြစ်ရမယ်... သေချာပေါက်ပဲ..."

"ခေါင်းဆောင်... ငါတို့ ဘယ်လိုလုပ်ကြမလဲ... အဲ့လူတွေက ငါ့အသက်ကို လာတောင်းတာ ဖြစ်ရမယ်... ငါ မသေချင်ဘူး... ငါ မသေချင်ဘူး..."

"အား…. ငါ ဒီနေရာကနေ ထွက်သွားချင်တယ်... ထွက်သွားချင်တယ်..."

ခေါင်းဆောင်ဖြစ်သူ၏ မျက်ခုံးများသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် ဓားတစ်ချက်တည်းဖြင့် သူ၏ အသက်ကို အဆုံးသတ်လိုက်လေသည်။

"ပါးစပ်ပိတ်ထားစမ်း..."

သူသည် လူအုပ်ကြီးကို အေးစက်စွာ အကဲခတ်လိုက်၏။

"နောက်ထပ်အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်း ထပ်ပြောရဲတဲ့သူရှိရင် မင်းတို့ကို အခုချက်ချင်း အောက်ကို ပို့ပေးမယ်..."

သူသည် ဝိညာဉ်နှိမ်နင်းရေးအဆောင်ကို ရှင်းလင်းစွာ ရှာဖွေခဲ့ပြီး မိုးကြိုးပစ်ခံရသော သစ်သားကိုလည်း လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ပြုလုပ်ခဲ့ရာ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင် မည်သည့်အရာမှ မဖြစ်ခဲ့ပေ။ အတိအကျ ဘာတွေဖြစ်နေတာလဲ။

လူတိုင်း တုန်လှုပ်သွားကြသည်။

သူတို့သည် သူတို့ မမြင်နိုင်သောအရာကို ကြောက်ရွံ့နေကြပြီး ဒေါသထွက်လွယ်ကာ ခန့်မှန်းရခက်သော ခေါင်းဆောင်သည်ပင် လူအုပ်ကြီးကို ထိတ်လန့်စေခဲ့သည်။

"ဝံပုလွေတွေ... ဝံပုလွေတွေ အများကြီးပဲ..."

တစ်စုံတစ်ယောက်က ၎င်းတို့ကို မတော်တဆ မြင်တွေ့သွားပြီး အော်ဟစ်လိုက်လေသည်။

ခေါင်းဆောင်သည် ရုတ်တရက် လှည့်ကြည့်လိုက်၏။ ခေါင်းဆောင်ဝံပုလွေကြီးပေါ်ရှိ အမာရွတ်မှာ သူ၏ လက်ချက်ဖြစ်ပြီး သူ၏ ကျောပေါ်တွင်လည်း တိုက်ပွဲအတွင်း ၎င်းချန်ထားခဲ့သော လက်သည်းရာများ ရှိနေလေသည်။

ခေါင်းဆောင်ဝံပုလွေကြီးက သူ့အား မထီမဲ့မြင်ဖြင့် ကြည့်လိုက်သည်။ အကယ်၍ ၎င်းသည် ယခုအချိန်တွင် ဝင်ရောက်၍မရနိုင်သည့် အချက်သာမဟုတ်လျှင် သူ၏ လည်ပင်းကို သေချာပေါက် ကိုက်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။

"ကောင်းပြီ... နင်တို့ လက်စားချေရမယ့် အလှည့်ရောက်ပြီ..."

ဤတစ္ဆေများ၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ရင်း ယွင်ဟွားသည် သူတို့၏ ယခင်ဘဝက ခံစားခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုများကို တွေးကြည့်ရုံသာ တတ်နိုင်လေသည်။

"နင်တို့ လူတွေကို ကြိုက်သလို ညှဉ်းပန်းနှိပ်စက်နိုင်တယ်... ဒီနေရာက သီးသန့်ဆန်ပြီး အေးချမ်းတဲ့အတွက် အိမ်နီးနားချင်းတွေကို အနှောင့်အယှက်ဖြစ်မှာကို စိတ်ပူစရာမလိုဘူး..."

"အရေခွံခွာတာ၊ အကြောဆွဲထုတ်တာနဲ့ နှလုံးထုတ်တာတွေ အားလုံး လက်ခံနိုင်တယ်..."

"အိုး... နင်တို့အတွက် ဝံပုလွေသူငယ်ချင်း တစ်အုပ်ကိုလည်း ငါ ရှာတွေ့ထားတယ်... သူတို့က ကူညီရတာကို အရမ်းပျော်နေကြလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် ယွင်ဟွားက ဖြတ်တောက်ထားသော ခေါင်းကို ကမ်းပေးလိုက်၏။

လူခေါင်းကို သယ်ဆောင်လာသော တစ္ဆေတစ်ကောင်သည် လွင့်မျောသွားလေသည်။

သူမ၏ နောက်သို့လိုက်လာသော တစ္ဆေများအားလုံးလည်း ပျံသန်းသွားကြသည်။ သူမ ဤနေရာတွင် ရှိနေသဖြင့် တစ္ဆေများသည်ပင် နေရောင်ကို မကြောက်ရွံ့ကြတော့ပေ။

"အား..."

"ခေါင်းတစ်ခု... အဲ့ဒါ ပဉ္စမသခင်ကြီးရဲ့ ခေါင်းပဲ..."

"သူ လွင့်နေတယ်... လွင့်နေတယ်... သရဲရှိတယ်... တွမ့်ယွင်တောင်ထွတ်က တကယ့်ကို သရဲခြောက်တာပဲ..."

ခေါင်းဆောင်သည်လည်း ပဉ္စမညီတော်၏ ခေါင်းလွင့်မျောနေသည်ကို မြင်လိုက်ရသော်လည်း ဒေါသထွက်မည့်အစား သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ့ခြေထောက်များ အားနည်းသွားသလို ခံစားလိုက်ရ၏။

ယွင်ဟွားက သစ်ပင်တစ်ပင်ကို မှီထားလိုက်သည်။

ဤဓားပြများသည် တစ္ဆေများကို မမြင်နိုင်သည်ကို သူမ မေ့သွားခဲ့ပြီး သူမ၏ လက်ချောင်းများကို တောက်လိုက်လေသည်။

ဓားပြများသည် သူတို့၏ မျက်လုံးများတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။

နောက်တစ်စက္ကန့်တွင်။

သူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး နှုတ်ခမ်းများ ဖြူရော်သွားကာ သူ၏ ခြေဖဝါးမှ ခေါင်းအထိ အေးစက်သော ခံစားမှုတစ်ခု ဖြတ်ပြေးသွားလေသည်။

တစ္ဆေများအားလုံးသည် အလွန်ဆိုးရွားစွာ သေဆုံးသွားခဲ့သည့်ပုံပေါ်ပြီး သူတို့၏ ဟာလာဟင်းလင်းဖြစ်နေသော သွေးနီရောင်ပါးစပ်များက ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးဖြီးနေကြ၏။

"ငါတို့ရဲ့ အသက်တွေကို ပြန်ပေး..."

"သေလိုက်စမ်း... မင်းတို့ ဓားပြတွေ အားလုံး သေလိုက်ကြစမ်း..."

အချိန်တိုအတွင်း၌။

တောင်ကြားတစ်ခုလုံးသည် နှလုံးကွဲကြေမတတ် အော်ဟစ်သံများနှင့်အတူ ဝံပုလွေများ၏ အူသံများဖြင့် ပဲ့တင်ထပ်သွားလေသည်။ ဤသည်မှာ တကယ်ကို သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခုပင် ဖြစ်သည်။

"ရှောင်ကျင်းဇီကို သွားရွှေ့ကြစို့..."

ယွင်ဟွားသည် သူမ၏ ဘဏ္ဍာတိုက်လေး ထပ်မံပြည့်တော့မည်ကို သိရှိသဖြင့် သူမ၏ လက်များကို ပွတ်သပ်ကာ နောက်ပြောင်ချင်သော အပြုံးဖြင့် ပြုံးလိုက်လေသည်။

"အရာအားလုံးကို ရွှေ့ကြစို့... ပန်းတွေရော အားလုံးပဲ... တစ်ပြားမှ မချန်ထားခဲ့နဲ့..."

တရားသူကြီး၏စုတ်တံသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ၎င်း၏ လက်သီးဆုပ်လေးကို မြှောက်လိုက်၏။ ယခုအခါတွင် တောက်ပနေသော ရွှေလေးသည် အလွန်လှပသည်ဟု ၎င်းကလည်း ထင်မြင်နေလေပြီ။

တောင်ပေါ်ရွာလေးမှာ လူသူကင်းမဲ့နေလေသည်။

အိုး... တရားသူကြီး၏စုတ်တံက မှတ်ခြစ်ထားသော မြေပြင်ပေါ်ရှိ အလောင်းများမှလွဲ၍ပေါ့။

သေခြင်းရှင်ခြင်းစာအုပ်က ရေဒါလေးတစ်ခုအဖြစ် လုပ်ဆောင်ပေးသဖြင့် ယွင်ဟွား၏ နေရာလွတ်တွင် ရွှေများနှင့် ရတနာများ ပြည့်နှက်နေပြီး သူမ၏ မျက်စိကိုပင် ပြာသွားစေလုနီးပါး ဖြစ်နေလေသည်။

"ရှောင်ရှူးရှူး... ငါတို့ ပြန်ရောက်တဲ့အခါ ဓားပြတွေကို နှိမ်နင်းဖို့ ဧကရာဇ်မင်းမြတ်ဆီက ခွင့်ပြုချက်တောင်းမယ်... ငါက စစ်သူကြီးတစ်ယောက်ဖြစ်ချင်တယ်... စစ်တပ်အာဏာကို ကိုင်စွဲပြီး တပ်မသုံးရပ်ကို ကွပ်ကဲမယ်..."

"တပ်မတ

သုံးရပ်ကို ကွပ်ကဲမယ်..."

တရားသူကြီး၏စုတ်တံက ပဲ့တင်ထပ်လိုက်သည်။

သေခြင်းရှင်ခြင်းစာအုပ်က သက်ပြင်းချလိုက်၏။

"နင်က ဘာလို့ ဝန်ကြီးချုပ် မဖြစ်ချင်ရတာလဲ..."

"နန်းတွင်းအရာရှိနဲ့ စစ်သူကြီးက ဆန့်ကျင်ဘက်ဖြစ်နေတာမှ မဟုတ်တာ..."

ယွင်ဟွား၏ မျက်လုံးများသည် အလွန်စူးရှနေလေသည်။ ဓားပြများကို နှိမ်နင်းခြင်းသည် ရာထူးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး သူမသည် ရွှေများကိုလည်း ဖုံးကွယ်ထားနိုင်၏။ သူမသည် နှစ်ခုစလုံးကို လုပ်ဆောင်နိုင်သည်။

"ဒါဆိုရင် နင်က မင်းသားစုကို အရင်ရှင်းပစ်ရလိမ့်မယ်... သူ့မှာ စစ်တပ်အာဏာ အများဆုံးရှိတယ်..."

သေခြင်းရှင်ခြင်းစာအုပ်က တိတ်ဆိတ်စွာ ပြောလိုက်သည်။

ယွင်ဟွား၏ ရင်ဘတ်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။

“သူက ငါ့မောင်လေးရဲ့ ဖခင်၊ ငါ့အစ်မကြီးရဲ့ သားနဲ့ ကြင်ယာတော်စုရဲ့ ခင်ပွန်းလေ”

ဤသည်မှာ…

တော်တော်လေး ခက်ခဲတာပဲ။

တရားသူကြီး၏စုတ်တံသည် ၎င်း၏ မျက်လုံးလေးများကို ဟိုဟိုဒီဒီ ကစားရင်း ပြောလိုက်၏။

"မကြောက်ပါနဲ့ ပန်းကလေး... ငါတို့ သိုင်းပညာယှဉ်ပြိုင်ပွဲ လုပ်မယ်လို့ ဧကရာဇ်ကို ပြောလိုက်... နိုင်တဲ့သူက စစ်တပ်အာဏာကို ရမယ်လေ... ပြီးတော့ နင် အဲ့နေရာမှာ ရှိနေတာပဲ... ငါတို့ တုံလင်က စစ်သားတစ်ယောက်မှ ပျောက်ဆုံးသွားမှာ မဟုတ်ဘူး..."

သေခြင်းရှင်ခြင်းစာအုပ်၏ မျက်လုံးများ အရောင်လက်သွားလေသည်။

"ဟုတ်တယ် ပန်းကလေး... နင်က စစ်သားတစ်ထောင်နဲ့ တန်တယ်... နင် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲကို ဆွဲထုတ်လိုက်တာနဲ့ ရန်သူတွေရဲ့ ခေါင်းတွေအားလုံး အပိုင်းပိုင်းအစစ ဖြစ်သွားလိမ့်မယ်..."

"ဧကရာဇ်က တွက်ခြေမကိုက်ဘူးဆိုတာကို ဒီစာအုပ်ကတော့ မယုံနိုင်ဘူး..."

"အဲ့ဒါ အကြံကောင်းပဲ... ငါ ပြန်ရောက်ရင် သူ့ကို တိုက်ခိုက်မယ်..."

ယွင်ဟွားသည် ပစ်မှတ်အသစ်တစ်ခုကို ရှာတွေ့သွားလေသည်။

မြို့တော်၌ အဝေးရောက်နေသော မင်းသားစုသည် နှာချေခြင်း အကြိမ်အနည်းငယ် ဖြစ်ပေါ်သွား၏။ "ထူးဆန်းတယ်..." ဟု သူတွေးလိုက်သည်။

"ငါ အမြဲတမ်း ကျန်းမာရေးကောင်းပါတယ်... အအေးမိသွားတာများလား..."

တွမ့်ယွင်တောင်ထွတ်၏ တောင်ကြားသည် လျင်မြန်စွာပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အရှေ့ဘက်ဒေသတွင် နှိမ်နင်းရန် အခက်ခဲဆုံးသော ဓားပြအဖွဲ့သည် ယခုအခါတွင် အဆုံးသတ်သွားပြီ ဖြစ်သည်။

ယွင်ဟွားသည် ငရဲတံခါးကို ဖွင့်ရန် သူမ၏ ကန့်သတ်ထားသော ယင်စွမ်းအင်ကို အသုံးပြုကာ ဝိညာဉ်အုပ်စုကို အောက်သို့ ပို့ဆောင်ပေးလိုက်၏။

ယခုမှ သေဆုံးသွားသော ဤဝိညာဉ်များအတွက်မူ သူမ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားလေသည်။ သူမသည် ၎င်းတို့ကို ဖျက်ဆီးပစ်တော့မည့်အချိန်တွင် ရင်းနှီးသော အရှိန်အဝါနှစ်ခုက သူမအတွက် သတိပေးခေါင်းလောင်းများကို ချက်ချင်း မြည်စေခဲ့သည်။

သူမသည် လှည့်ပတ်လိုက်ပြီး ခေါင်းဆောင်ဝံပုလွေကြီးပေါ်သို့ တက်စီးကာ တွမ့်ယွင်တောင်ထွတ်မှ ထွက်ခွာသွားလေတော့သည်။

အခန်း (၁၅၀) ဒုက္ခပါပဲ... အဘိုးက အိမ်စာတွေအကြောင်း မေးနေပြီ…

"ဒုက္ခပါပဲ..."

"ယမမင်းက ဒီတစ်ကြိမ် ဝိညာဉ်တွေ လာရုပ်သိမ်းဖို့ ငါတို့ကို လွှတ်လိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး... လူတစ်ထောင်ကျော်ရှိတဲ့ ဒီဓားပြအဖွဲ့က တစ်ကြိမ်တည်းနဲ့ အပြတ်ရှင်းခံလိုက်ရတာပဲ..."

သေမင်းတမန်အမည်း စကားမဆုံးမီ လေထဲတွင် ကျန်ရစ်နေသော ယင်စွမ်းအင်များကို သူ ခံစားလိုက်ရပြီး သူ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွား၏။

“ဒါ... ဒါက အငြိုးကြီးတဲ့ ဝိညာဉ်တွေက အသက်တွေကို နှုတ်ယူသွားတာလား... ဒါပေမယ့်... အဲ့ဝိညာဉ်တွေက ဘယ်ရောက်သွားတာလဲ..."

သေမင်းတမန်အဖြူက တိတ်ဆိတ်နေလေသည်။

သူသည် မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ မကြာသေးမီက သေဆုံးသွားသော ဝိညာဉ်များအပြင် ငရဲတံခါး၏ ကျန်ရစ်နေသော အငွေ့အသက်များကိုပါ သူ သတိပြုမိလိုက်ပုံရပြီး ၎င်းက အနည်းငယ်ပင် ရင်းနှီးနေသယောင် ရှိနေသည်။

"လောင်ဟေး... လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အငွေ့အသက်ရှိနေသလားဆိုတာ မင်း ခံစားမိလား..."

သေမင်းတမန်အမည်းသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက် သံသယဖြင့် လှည့်ကြည့်လာသည်။

"မရှိပါဘူး... အကယ်၍ ငရဲတံခါးကို ဖွင့်ဖို့ လိုအပ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်သာဆိုရင် အဲ့တာက တာအိုဘုန်းကြီးတွေသာ လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလား..."

သူသည် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်၏။

“အငြိုးကြီးတဲ့ ဝိညာဉ်တွေကို ဆင့်ခေါ်ပြီး ငရဲတံခါးကို ဖွင့်နိုင်တဲ့ အဲ့လိုလူမျိုးက ဒီလောကမှာ ဘယ်အချိန်က ပေါ်လာခဲ့တာလဲ..."

"အကယ်၍ သူ့ကို လေလွင့်ဝိညာဉ်အဖြစ် ငါတို့ ခေါ်သွားနိုင်မယ်ဆိုရင်..."

သေမင်းတမန်အမည်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားသည်။

"အဲ့တာက ငါတို့အတွက် ကိစ္စတွေကို အများကြီး ပိုလွယ်ကူသွားစေလိမ့်မယ်..."

သေမင်းတမန်အဖြူမှာ အံ့အားသင့်သွား၏။

လောင်ဟေးပြောသည်က မှန်ပေသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်သည် ငရဲတံခါးများကို ဖွင့်ရန် မလိုအပ်ပေ။ သူက စိတ်ကူးယဉ်နေခြင်းသာ ဖြစ်တန်ရာ၏။

"မင်းပြောတဲ့ သေမင်းလမ်းကို လျှောက်လှမ်းခြင်းဆိုတာနဲ့ ပတ်သက်လို့ကတော့... ကျွမ်းကျင်တဲ့ တာအိုဘုန်းကြီးတွေက မိုက်မဲတဲ့သူတွေ မဟုတ်ဘူး..."

သေမင်းတမန်အမည်းက လျှာသပ်လိုက်သည်။

သူသည် ၎င်း၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို စုံစမ်းရန် ဝိညာဉ်များထဲမှတစ်ခုကို ကျပန်း ဆွဲယူလိုက်၏။

သူက စားသောက်နေရင်း ရုတ်တရက် လဲကျသွားပြီး သီးကာ သေဆုံးသွားခဲ့သည်လား...။

သူသည် အယူသီးမှုများကို မယုံကြည်ရန် ငြင်းဆန်ခဲ့ပြီး နောက်ထပ် ဝိညာဉ်အချို့ကို ဖမ်းဆီးခဲ့ရာ အငြိုးကြီးသော ဝိညာဉ်များ သို့မဟုတ် သူ့ကို ဆွဲဖြဲနေသော ဝံပုလွေအုပ်များနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

အဆိုပါ တာအိုဘုန်းကြီးဆိုသူမှာ ပေါ်မလာခဲ့ပေ။

သေမင်းတမန်အမည်းမှာ လုံးဝကို

တွေဝေသွားပုံရသည်။

တော်လောက်ပြီ…

သူတို့နှစ်ဦးသည် ဝိညာဉ်များကို အလျင်အမြန် ဖမ်းဆီးချုပ်နှောင်ကာ ငရဲပြည်သို့ ပြန်လည် ခေါ်ဆောင်သွားကြလေသည်။

ယမမင်းခန်းမ။

တရားသူကြီး ချွေ့ကျွယ်၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်နေပြီး သူ၏ ရှေ့တွင် ငိုကြွေးနေသော ယမမင်းကို အမှန်တကယ်ပင် ကန်ထုတ်ပစ်ချင်နေ၏။

သို့သော်လည်း သူ မဝံ့ရဲပေ...

"ကျွယ်ကျွယ်လေး... ငါ့ရဲ့ နေရာလွတ်မှာ တစ်ခုခု မှားယွင်းနေတယ်လို့ မင်း ထင်လား... ရက်အနည်းငယ်ကြာတိုင်း ပစ္စည်းတွေက ပျောက်ပျောက်သွားတယ်... ငါ့ရဲ့ နေရာလွတ်ထဲကို သူခိုးဝင်ခိုးသွားတယ်လို့ ငါ သံသယရှိတယ်... ဒါပေမယ့်..."

ယမမင်းက မျက်မှောင်ကြုတ်ကာ အနည်းငယ် တွေဝေသွားသည်။

"ဒါပေမယ့် အဲ့တာက လက်တွေ့မကျဘူး... ငါ့ရဲ့ ကိုယ်ပိုင် နေရာလွတ်ထဲကို ဘယ်သူကများ ဖောက်ထွင်းဝင်ရောက်နိုင်မှာလဲ..."

တရားသူကြီး ချွေ့ကျွယ်က ခေတ္တရပ်တန့်သွား၏။

တစ်ခုခုက သူ၏ စိတ်ထဲတွင် လက်ကနဲ ဖြတ်ပြေးသွားပုံရပြီး ၎င်းက အလွန်မြန်ဆန်လှသဖြင့် သူပင်လျှင် ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပေ။

"ယမမင်း... မင်းရဲ့ နေရာလွတ်ထဲမှာ မင်းရဲ့ နတ်ဘုရားအသိစိတ် အငွေ့အသက်ကို ဘာလို့ ချန်မထားခဲ့တာလဲ..."

တရားသူကြီး ချွေ့ကျွယ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ သူ၏ နေရာလွတ်ရတနာများကို ယူဆောင်သွားခြင်း မဟုတ်သရွေ့ သူသည် ဤကဲ့သို့သော ကိစ္စများကို အနှောင့်အယှက်ပေးမည် မဟုတ်ပေ။

"ငါ မချန်ထားခဲ့ဘူးလို့ မင်း ထင်နေတာလား..."

ယမမင်းသည် ချွေ့ကျွယ်ကို စူးရဲစွာ ကြည့်လိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ရေကြေးမုံ ပျောက်ဆုံးသွားကတည်းက သူသည် သတိထားနေခဲ့ခြင်း ဖြစ်၏။

"ထွက်သွားစမ်း... မင်း ငါနဲ့အတူ နေပေးဖို့ မလိုဘူး..."

ကျွယ်ကျွယ်လေးက သူ့ကို ယခုအချိန်တွင် သိပ်မနှစ်သက်သည်ကို သူ မမြင်နိုင်ဟု မထင်လိုက်နှင့်။

“ဟွန့်”

သူခိုးက ကျွယ်ကျွယ်လေး၏ နေရာလွတ်ထဲတွင် လမ်းလျှောက်ထွက်လာမည်ကို သူ အလွန်မျှော်လင့်မိလေသည်။ ထိုအခါမှ သူ ယခု မည်သို့ ခံစားနေရသည်ကို နားလည်လာလိမ့်မည်ဖြစ်၏။

ယွင်ဟွားသည် ဖြူမည်း သေမင်းတမန်များကြောင့် အလွန်ထိတ်လန့်သွားပြီး သူမ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားလေတော့သည်။

အကယ်၍ ထိုနှစ်ဦးသာ သူမနှင့် ဆုံမိပါက သူမ၏ အဖော်လေးနှစ်ဦးနှင့်အတူ ရှိနေသော ကောင်းမွန်သည့် နေ့ရက်များသည် ချက်ချင်းပင် အဆုံးသတ်သွားမည် ဖြစ်သည်။

အထူးသဖြင့် ထိုအသည်းမည်းသော သေမင်းတမန်အမည်းပင် ဖြစ်သည်။ အကယ်၍ သူမ ကျင့်ကြံနိုင်သည်ကိုသာ သူ သိသွားပါက သူမကို သေချာပေါက် အလုပ်ကြမ်းဆွဲခေါ်သွားမည် ဖြစ်၏။

ယွင်ဟွားသည် နောက်တစ်နေ့ ညနေခင်းတွင် မြို့သို့ ပြန်ရောက်လာခဲ့သည်။

ဤသည်မှာ ချွေ့ဟုန်ယွမ်အတွက် ဝံပုလွေတစ်ကောင်ကို ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်ပြီး သူ၏ ခြေထောက်များမှာ ယခုတိုင် တုန်ရီနေဆဲပင် ဖြစ်၏။

"အရှင်မင်းသား..."

နန်ကုန်းယွမ်သည် ထိုမိန်းကလေးက တောင်ပေါ်ဓားပြများလက်မှ သူမ၏ မိခင်ဘက်မှ အဘိုးနှင့်အဘွားတို့ကို မတော်တဆ ကယ်တင်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

"အရှင်မင်းသား... အခု ဘယ်လိုခံစားနေရပါသလဲ..."

ချွေ့ဟုန်ယွမ်သည် မင်းသားမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမလို ဖြစ်ခဲ့ပြီး သေဘေးနှင့် ကြုံတွေ့ခဲ့ရကြောင်းကို သူ၏ မြေးမလေးထံမှ ကြားသိခဲ့ရသည်။

သူသည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

*သူရဲကောင်းဆန်တဲ့ လူငယ်လေးပါပဲ... သူ သက်တမ်းမရှည်နိုင်တာ နှမြောစရာပဲ... မင်းသားစု အိမ်တော်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိလာအောင် မင်းသားရဲ့ မိသားစုအတွက် အမွေဆက်ခံသူတစ်ယောက်လောက် သူ ချန်ထားနိုင်မလား မသိဘူး…*

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နယ်စားကြီး... ဒီမင်းသား အခု အများကြီး သက်သာနေပါပြီ..."

သူတို့၏ အဓိပ္ပာယ်မရှိသော စကားစမြည်ပြောဆိုမှုများကို နားထောင်ရင်း ယွင်ဟွားမှာ အလွန်စိတ်ပူလာသဖြင့် ခေါင်းကုတ်ပါးကုတ်ဖြစ်လာကာ နန်ကုန်းယွမ်၏ ရှေ့တွင် စုတ်တံနှင့် မှင်ကို ချထားလိုက်လေသည်။

"ရှောင်ယွမ်ယွမ်... ရှင် ဧကရာဇ်ဆီကို အမြန်ဆုံး စာတစ်စောင် ရေးလိုက်သင့်တယ်... ငါ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေအကြောင်း သူ့ကို ပြောပြပြီး ငါကို ဆုချီးမြှင့်ဖို့နဲ့ ငါ့ရဲ့ ကောင်းမှုကုသိုလ်တွေကို အသိအမှတ်ပြုပေးဖို့ သူ့ကို တောင်းဆိုပေးပါ..."

နန်ကုန်းယွမ်က ခပ်ဖွဖွ ပြုံးလိုက်သည်။

သူ စုတ်တံကို ကောက်ကိုင်လိုက်ချိန်တွင် ချွေ့ဟုန်ယွမ်က သူ၏ လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရာ လက်ဖက်ရည်များ စင်ထွက်လာသဖြင့် ယွင်ဟွားမှာ တုန်လှုပ်သွားလေသည်။

"အဓိပ္ပါယ်မရှိတာ..."

ချွေ့ဟုန်ယွမ်က ယွင်ဟွားကို တင်းမာစွာ ကြည့်လိုက်၏။

"ဆက်ခံသူမင်းသားမှာ ဘယ်လို အဆင့်အတန်းမျိုး ရှိသလဲ... သူ့ကို ရှောင်... ရှောင်...လို့ နင်က ဘယ်လိုလုပ် ခေါ်နိုင်ရတာလဲ..."

ထိုစကားလုံးနှစ်လုံးကို နှုတ်မှ ထုတ်ပြောရန်ပင် သူ ရှက်ရွံ့နေခဲ့သည်။

“သူ့ကို ရှောင်ယွမ်ယွမ်လို့ ခေါ်တာ ဘာမှားနေလို့လဲ..”

“ငါ့ရဲ့ ပန်းကလေးက တကယ်တော့ ငရဲပြည်မှာ ပြန်လည်မွေးဖွားခြင်းကို တာဝန်ယူရတဲ့ နတ်သမီးတစ်ပါးပဲ... သူမကို 'နတ်သမီး' လို့ ရိုရိုသေသေ မခေါ်တဲ့ ဘယ်သူမဆို... နင်တို့ သေမျိုးတွေသာ သူမရဲ့ အဆင့်အတန်းကို သိခဲ့မယ်ဆိုရင် ချက်ချင်း ဒူးထောက်ရမှာ မဟုတ်ဘူးလား..”

သေခြင်းရှင်ခြင်းစာအုပ်မှာ အလွန်ဒေါသထွက်သွားသဖြင့် ခါးထောက်လိုက်လေသည်။ အကယ်၍ သူက ပန်းကလေး၏ မိခင်ဘက်မှ အဘိုးဖြစ်မနေခဲ့လျှင် ၎င်းက သေချာပေါက် ကျိန်ဆဲနေမည် ဖြစ်၏။

“ဟုတ်တယ်... ဟုတ်တယ်... ဒီည ငါ သူ့အတွက် အိပ်မက်တစ်ခု ဖန်တီးပေးမယ်... တစ်ညလုံး "ရှောင်ယွမ်ယွမ်" လို့ အော်ခေါ်နေအောင် လုပ်ပေးမယ်... အဲ့လိုဆိုရင် မင်းသားကို နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ "ရှောင်ယွမ်ယွမ်" လို့ပဲ ခေါ်တော့အောင် သူ့ရဲ့ စိတ်ထဲမှာ စွဲထင်သွားလိမ့်မယ်..”

တရားသူကြီး၏စုတ်တံက ၎င်း၏ ပန်းကလေးကို ယခုလေးတင် ခြောက်လှန့်လိုက်သော ချွေ့ဟုန်ယွမ်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

ချွေ့ဟုန်ယွမ်မှာ အသက်ရှူကျပ်သွားလေသည်။

ထိုမြင်ကွင်းကို တွေးမိသောအခါ နန်ကုန်းယွမ်၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။

"နယ်စားကြီး… ဒီမင်းသားက အဲ့လိုခေါ်ဝေါ်တာကို သဘောတူပြီးတော့ ကန့်ကွက်စရာ မရှိပါဘူး..."

ချွေ့ဟုန်ယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်၏။

"ငါလည်း 'ရှောင်ယွမ်ယွမ်' ဆိုတဲ့ နာမည်ပြောင်က အတော်လေး ကောင်းတယ်လို့ ထင်ပါတယ်... အဲ့တာက မင်းတို့ လူငယ်တွေနဲ့ သင့်တော်ပေမယ့် ငါ့လို အဘိုးကြီးတစ်ယောက်အတွက်တော့ မသင့်တော်ပါဘူး..."

ဘုရားရေ…။

ဤတရားသူကြီး၏စုတ်တံက သေခြင်းရှင်ခြင်းစာအုပ်ထက်ပင် ပို၍ ရက်စက်သေးသည်။

ကျန်းလင်းရှူက သူမ၏ ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်၏။ ဤအဘိုးကြီးပင်လျှင် ကြောက်ရွံ့ရသည့် အချိန်များ ရှိနေပုံရသည်။

“ဟွန့်... သူ့နေရာသူသိတာကောင်းတယ်”

“အတိအကျပဲ... မဟုတ်ရင် ငါ ပေပေ့အနေနဲ့ သူ့ကို အလွတ်ပေးလိုက်မှာ မဟုတ်ဘူး..”

ယွင်ဟွားက အနည်းငယ် အံ့အားသင့်သွားသည်။

သူမ၏ အဘိုးဖြစ်သူ၏ အပြောင်းအလဲက မြန်ဆန်လွန်းလှသဖြင့် သူမ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။

နန်ကုန်းယွမ် စုတ်တံကို ကောက်ကိုင်လိုက်သည်ကို ချွေ့ဟုန်ယွမ် ကြည့်နေရင်း သူ၏ တင်းကျပ်သော သဘာဝက ပြန်လည် ပေါ်ထွက်လာခဲ့သည်။

"မလုပ်ပါနဲ့ အရှင်မင်းသား... အရှင်မင်းသားက ပြင်းထန်တဲ့ နာမကျန်းမှုကနေ အခုမှ သက်သာခါစဆိုတော့ ပိုပြီး အနားယူသင့်ပါတယ်..."

သူသည် စုတ်တံနှင့် မှင်ကို ယူလိုက်၏။

ချက်ချင်းပင်။

သူသည် သူ၏ လက်ထဲရှိ စုတ်တံကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မြေးမလေးကို ကြည့်လိုက်သည်။

နန်းတွင်းသို့ အရာရှိတစ်ဦးအဖြစ် ဝင်ရောက်လာသော မိန်းကလေးငယ်တစ်ဦးအနေဖြင့် ဧကရာဇ်ထံသို့ အသေးစိတ်အချက်အလက်များကို အခြားတစ်ဦးမှတစ်ဆင့် မည်သို့ သတင်းပို့နိုင်မည်နည်း။

ထို့ကြောင့် သူက ၎င်းကို ယွင်ဟွား၏ ရှေ့သို့ တိုက်ရိုက် တွန်းပို့လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

"မင်းဘာသာမင်း ရေးလိုက်... ပြီးခဲ့တဲ့ ခြောက်လအတွင်း မင်းရဲ့ လက်ရေး တိုးတက်လာသလားဆိုတာ အဘိုးကို ကြည့်ခွင့်ပေးစမ်းပါ..."

ယွင်ဟွား၏ မျက်နှာအမူအရာမှာ ခဲအေးသွားလေသည်။

ချွေ့ဟုန်ယွမ်သည် ယွင်ဟွား၏ မျက်နှာပေါ်ရှိ အမူအရာကို သတိမထားမိဘဲ ယွင်ဟွားအတွက် စာရွက်ကိုပင် ဂရုတစိုက် ဖြန့်ပေးလိုက်သေးသည်။

"စကားမစပ်... အဘိုး မထွက်သွားခင်က ထားခဲ့တဲ့ အိမ်စာတွေကို မင်း ပြီးအောင် လုပ်ခဲ့ရဲ့လား... အဲ့အထဲမှာ အပုဒ် ကိုးဆယ်လောက် ရှိတယ်..."

သူ ခေတ္တရပ်လိုက်ပြီးနောက် ပြောလိုက်၏။

"ငါတို့ မြို့တော်ကို ပြန်ရောက်တဲ့အခါ အဲ့တာကို ငါ့ စစ်ဆေးမယ်... အကယ်၍ အခြားတစ်ယောက်က မင်းအတွက် ရေးပေးခဲ့မယ်ဆိုရင် အကျိုးဆက်တွေကို မင်း သိပါတယ်..."

“ဒုက္ခပါပဲ... ပြီးသွားပြီ..”

ရှောင်ဟွားဟွားသည် သူမ၏ နဖူးကို ရိုက်လိုက်ရင်း သူမ၏ အဘိုးပေးထားသော အကြံအစည်များကို အကောင်အထည် မဖော်ရသေးမီ သူမ၏ မိခင်ဘက်မှ အဘိုးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရကြောင်းကို နားလည်သွားခဲ့သည်။

နန်ကုန်းယွမ်က ထိုမိန်းကလေးငယ်၏ မျက်နှာအမူအရာကို အနီးကပ် စောင့်ကြည့်နေခဲ့၏။

ထို့ပြင် ယခုလေးတင် သေခြင်းရှင်ခြင်းစာအုပ်မှ "ပြီးသွားပြီ" ဟူသော စကားလုံးအရ နင်းအန်းနယ်စားက အိမ်စာများအကြောင်း ပြောနေခြင်းဖြစ်ပြီး သူမက သေချာပေါက် မလုပ်ရသေးကြောင်း သူ ခန့်မှန်းမိလိုက်သည်။

ချွေ့ဟုန်ယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"ငါ့မြေးမလေး... မင်း မျက်နှာနည်းနည်း ဖြူရော်နေပါလား... မင်း အိမ်စာတွေကို လုံးဝ မထိခဲ့တာလား..."

ဤမိန်းကလေးငယ်မှာ သွက်လက်လှုပ်ရှားတတ်သူ ဖြစ်၏။ မထွက်ခွာမီက သူမကို စောင့်ကြည့်ရန် သူ၏ သမက်ဖြစ်သူကို သူ အထူးတလည် မှာကြားခဲ့သည်။

အို…

သူတို့က သူ၏ ညွှန်ကြားချက်များကို အမှန်တကယ်ပင် အလေးအနက် မထားခဲ့ကြပေ။

ယွင်ဟွား တံတွေးမြိုချလိုက်၏။

“အဘိုး... အဘိုး... စိတ်မပူပါနဲ့… သမီး တကယ် ရေးပြီးသွားပါပြီ..."

သူမက အလွန်လေးနက်သော ပုံစံဖြင့် ရင်ဘတ်ကို ပုတ်လိုက်သော်လည်း အတွင်းစိတ်ထဲတွင်မူ သူမ ငိုလုမတတ် ဖြစ်နေခဲ့သည်။

“ကျစ်... ရှောင်ရှူးရှူး... ရှောင်ပေပေ့... နင်တို့နှစ်ယောက် အခုချက်ချင်း တစ်ခုခု စဉ်းစားပေးဖို့ လိုတယ်... မဟုတ်ရင် မြို့တော်ကို ပြန်ရောက်တဲ့အခါ ငါ မသေရင်တောင် ဒုက္ခအကြီးအကျယ် ရောက်တော့မယ်…”

သေခြင်းရှင်ခြင်းစာအုပ်ပင်လျှင် စိုးရိမ်ပူပန်မှုကြောင့် သူမ၏ မျက်နှာလေးကို ရှုံ့မဲ့သွားစေခဲ့သည်။

“နင် ဘာလို့ ထွက်မပြေးတာလဲ..”

All Chapters