← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁) အရှက်မရှိသော မိသားစု

အဘွားကြီးယန်သည် သူမ၏ မြေးအကြီးဆုံးကို ရုတ်တရက် လှမ်းကြည့်လိုက်ရာ သူ၏ မည်းနက်ပြီး လေးထောင့်ကျနေသော မျက်နှာကြီး နီရဲသွားသည်ကို မြင်လိုက်ရသဖြင့် သဘောပေါက်သွားလေ၏။

ခိုးနားထောင်နေသော သေခြင်းရှင်ခြင်းက ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။

“နင့်မေ... ဒီအရှက်မရှိတဲ့ကောင်တွေ... နင်က ဘာကောင်မို့လို့လဲ... ငါ နင့်ကို သတ်မယ်... သတ်ပစ်မယ်... ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ နောက်ထပ် တစ်စက္ကန့်တောင် အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး..”

သေခြင်းရှင်ခြင်းစာအုပ်က ဒေါသတကြီးဖြင့် အစွယ်များကို ထုတ်ကာ ၎င်း၏ ချွန်ထက်သော လက်သည်းနှစ်ခုဖြင့် သူ၏ လည်ပင်းကို လှမ်းဆွဲရန် ကြိုးစားလေ၏။

“အား... ကောင်းကင်ဘုံက တကယ့်ကို မတရားတာပဲ... ဘာလို့ ဒီစာအုပ်လေးက သူ့ကို သေအောင်မကုတ်ဆွဲနိုင်ရတာလဲ…”

ယွင်ဟွားသည် ရှောင်ရှူးရှူးက သူမဘက်မှ ရပ်တည်ပေးနေကြောင်း သိရှိသဖြင့် စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးလိုက်သည်။

“ရှောင်ရှူးရှူး... ကိစ္စမရှိပါဘူး... နင့်ရဲ့ ပန်းကလေးက သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်မှာ မဟုတ်ပါဘူး…”

ယွင်ဟွား၏ အကြည့်များက မှောင်မိုက်သွားလေသည်။

သူမ၏ မြေးဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သွားပြီးနောက် အဘွားကြီးယန်၏ ကြမ်းတမ်းသော အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားလေ၏။

"မိန်းကလေး... ငါ့မြေးကို ဘယ်လိုမြင်လဲ... သူက အရပ်ရှည်ပြီး သန်မာတယ်လေ... အသားနည်းနည်း မည်းပေမယ့် မိန်းမကို အလိုလိုက်မယ့် ယောက်ျားမျိုးပါ... အကယ်၍ ငါတို့သာ ဆွေမျိုးတွေ ဖြစ်သွားမယ်ဆိုရင် လူတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးဆပ်ဖို့ကိစ္စက အသေးအဖွဲလေး ဖြစ်သွားပြီပေါ့..."

ယန်တာ့ကျွမ်းသည် ရင်ကော့လိုက်ပြီး ယွင်ဟွားအား ကောက်ကျစ်သော အကြည့်များဖြင့် ကြည့်လိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်က ဒေါသကြောင့် မျက်လုံးများ နီရဲလာပြီး ယန်တာ့ကျွမ်း၏ ခေါင်းကို ထုရိုက်ကာ ဆက်လက် ဆဲဆိုနေလေ၏။

နန်ကုန်းယွမ်သည် ထိုမိသားစုကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး မိန်းကလေးငယ်က သူတို့ကို မည်သို့မည်ပုံ ရိုက်သတ်မည်ကို ကြိုတင် စိတ်ကူးယဉ်နေလေပြီ။

အိုး... ထိုစုတ်တံလေးလည်း ပါသေးသည်လေ။

သူက ဝံပုလွေများကို မြှူဆွယ်နိုင်မည်ဟု အနည်းငယ် မျှော်လင့်နေပြီး ဝံပုလွေတစ်အုပ်လုံးဆိုလျှင် ပိုကောင်းမည်ဟု တွေးတောနေ၏။

"ဒါနဲ့... ငွေကြေးတွေအပြင် မင်းရဲ့ တင်တောင်းခံစားခွင့်ထဲမှာ ခြံဝင်းကြီးကြီးတစ်ခုနဲ့ ဆိုင်ခန်းတချို့လည်း ပါသင့်တယ်နော်..."

အဘွားကြီးယန်သည် နောင်အနာဂတ်တွင် အိမ်ကြီးအိမ်ကောင်း၌ နေထိုင်ရကာ အစေခံများခြံရံလျက် သခင်မကြီးယန်ဟု ရိုသေစွာ ခေါ်ဝေါ်ခံရမည့် အချိန်ကို စိတ်ကူးယဉ်နေလေပြီ။

အခြားသူများအားလုံးကလည်း ထိုကဲ့သို့ပင် စိတ်ကူးယဉ်နေကြလေ၏။

မမျှော်လင့်ဘဲ ဤမျှကြီးမားသော စည်းစိမ်ချမ်းသာကြီးက သူတို့၏ လက်ထဲသို့ ကျဆင်းလာခဲ့သည် မဟုတ်ပါလား။

ယွင်ဟွားက သူမ၏ လက်ကောက်ဝတ်ကို လှည့်ပတ်လိုက်စဉ် သူမ၏ မျက်လုံးများထဲတွင် မှောင်မိုက်သော အရောင်တစ်ခု လက်သွားလေသည်။

ဤမိသားစုသည် သူမ၏ မောင်လေးကို လောဘတကြီး လိုချင်နေရုံသာမက သူမကိုပါ အကြံအစည်ရှိနေကြသေးရာ သူတို့က တကယ်ပင် သေချင်နေကြခြင်းဖြစ်၏။

လူလုံးမပြဘဲ ဘေးတွင် ပုန်းနေသော ယန်ချွေ့ယာသည် ယွင်ဟွား၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အပြုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

သူမ၏ ဦးနှောက်က အသည်းအသန် အလုပ်လုပ်နေလေ၏။

ရွာသားများပင်လျှင် သူမ မိသားစုကို ကယ်တင်ခဲ့သည့်အကြောင်း မသိကြရာ သူမက ဤနေရာသို့ မည်သို့ ရောက်လာကြောင်းကို ဆိုဖွယ်ရာပင် မရှိတော့ပေ။ ထို့အပြင် သူမကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦး၏ ဘေးတွင် အစောင့်အရှောက်များ ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။

ယန်ချွေ့ယာသည် ချိုမြိန်သော အိပ်မက်မက်နေဆဲဖြစ်သည့် သူမ၏ အဘွားဖြစ်သူကို လှမ်းကြည့်လိုက်ရာ ရင်တဒိတ်ဒိတ် ခုန်လာလေ၏။

ယခုအခါ သူမသည် ဤကိစ္စတွင် ပါဝင်ပတ်သက်မိသည်ကို အလွန်နောင်တရနေမိလေသည်။

ထိုကဲ့သို့သော မိသားစုမျိုးသည် သူတို့လို လူများက အလွယ်တကူ ခြယ်လှယ်၍ ရနိုင်သူများ မဟုတ်ပေ။

သူမသည် ဤအိမ်မှ ထွက်ခွာသွားချင်နေလေပြီ။

"မိန်းကလေး... ဘယ်လိုဆုံးဖြတ်လိုက်ပြီလဲ..."

အဘွားကြီးယန်က ယွင်ဟွားအား မျက်နှာချိုသွေးကာ ကြည့်လိုက်သည်။ ဤသည်မှာ တန်ဖိုးကြီးမားသော ရတနာတစ်ပါးဖြစ်သဖြင့် ယခုအချိန်တွင် သူမအား ပို၍ ကြင်ကြင်နာနာ ဆက်ဆံရမည် မဟုတ်ပါလား။

"ကောင်းပြီလေ..."

ယွင်ဟွားက အေးစက်စွာ ပြုံးလိုက်သည်။ သူမ၏ ခြေကျင်းဝတ်မှာလည်း နီးပါး အပြည့်အဝ သက်သာလာခဲ့ပြီဖြစ်၏။

အဘွားကြီးယန်နှင့် သူမ၏ အဖွဲ့သည် ယွင်ဟွားက သဘောတူလိုက်သည်ကို ကြားသောအခါ အလွန်ဝမ်းသာအားရဖြစ်သွားကာ ပျော်ရွှင်စွာ ခုန်ပေါက်ချင်စိတ်ပင် ပေါက်သွားကြသည်။

ယန်တာ့ကျွမ်းက ချက်ချင်းပင် ရှေ့သို့ တိုးလာကာ သူ၏ လက်ဝါးကြီးများကို စိတ်လှုပ်ရှားစွာ ပွတ်သပ်ရင်း ဝါထိန်နေသော သွားများကို ပေါ်အောင် ပြုံးပြလိုက်သည်

"ဒါဆို... မင်းနာမည်က ဘယ်လိုခေါ်လဲ... ငါ့ကို အစ်ကိုကျွမ်းလို့ ခေါ်လို့ရတယ်နော်..."

သူသည် ပျော်ရွှင်မှုထဲတွင် နစ်မြောနေဆဲဖြစ်ရာ ယွင်ဟွားက သူ၏ ဗိုက်ကို ကန်ချလိုက်သောအခါ ထွက်ပြေးရန် ကြိုးစားနေသည့် ယန်ချွေ့ယာအပေါ်သို့ ပြုတ်ကျသွားလေ၏။

"အား..."

"အား..."

စူးရှသော အော်ဟစ်သံနှစ်ခုက ကျန်ရှိနေသူများကို အသိပြန်ဝင်လာစေသည်။

အဘွားကြီးယန်သည် အော်ဟစ်လိုက်ပြီး သူမ၏ မြေးအကြီးဆုံးဆီသို့ ပြေးသွားလေ၏။ သွေးဆုတ်နေသော မျက်နှာနှင့် ဗိုက်ကို ဖက်ကာ နာကျင်နေပုံကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် အလွန်နာကျင်သွားသည်။

ယွင်ဟွားက သူတို့ကို အေးစက်စွာ ကြည့်နေလေ၏။ သူမသည် ကန်ချလိုက်စဉ်က အားအများကြီး မလျှော့ထားခဲ့ပေ။ ထိုအချက်က သူ့ကို သေလုမျောပါး ခံစားရစေရန် လုံလောက်လှသည်။

“ပန်းကလေး... ကန်ချက်က တကယ်လှတာပဲ..”

“ပြီးတော့ အဲ့အဘွားကြီးကိုလည်း အလွယ်တကူ လွှတ်မပေးနဲ့... သူမရဲ့ တွက်ကိန်းတွေက နင့်ရှေ့မှာတင် ကျနေပြီ.”

တစ်နေကုန်နီးပါး ဒေါသထွက်နေခဲ့ပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားလေ၏။

“စိတ်မပူပါနဲ့ ရှောင်ရှူးရှူးရယ်... ငါ သူတို့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပါဘူး…”

လူတစ်ယောက် နှစ်ယောက်လောက်ကို အကြံအစည်ရှိရုံဖြင့် သူတို့က ယွင်ဟွားကို အလွယ်တကူ ခြယ်လှယ်နိုင်မည်ဟု တကယ်ပင် ထင်မှတ်နေကြသည်။

"ငါက ဒေါသကြီးပြီး နွားတစ်ကောင်လို သန်မာတယ်... အကယ်၍ နင်က ငါ့ရဲ့ အနာဂတ်ယောက်ျား ဖြစ်ချင်တယ်ဆိုရင် အရိုက်ခံနိုင်ရမယ်... အထူးသဖြင့် ခေါင်းမာရမယ်..."

"ဘာလို့လဲဆိုတော့ ငါက စိတ်မကြည်တဲ့အခါ လူတွေရဲ့ ခေါင်းကို ခွဲပစ်ရတာ သဘောကျလို့ပဲ... ငါ့မှာ ခေါင်းခွဲတတ်သော အနိုင်ကျင့်သူဆိုတဲ့ နာမည်ပြောင်လည်း ရှိသေးတယ်... အဲ့တာက ငါ့ရဲ့ အရင်မှတ်တမ်းတွေပဲ... ညတွင်းချင်း လူဒါဇင်ပေါင်းများစွာရဲ့ ခေါင်းတွေကို ခွဲပစ်ခဲ့ဖူးတယ်..."

နန်ကုန်းယွမ် : သူသည် ကြည့်ကောင်းသော ပြဇာတ်မြောက်မြားစွာကို လွတ်သွားခဲ့ပြီဟု တွေးလိုက်မိလေသည်။

ယွင်ဟွားသည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားကာ သူတို့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

"နင်တို့ရဲ့ ခေါင်းအနည်းငယ်က ငါ ခွဲပစ်ဖို့တောင် လောက်မှာမဟုတ်ဘူး..."

ယန်မိသားစုဝင်များ…

အဘွားကြီးယန်သည် ယွင်ဟွား၏ စကားများကို အလေးမထားခဲ့ပေ။ သူမသည် မြေးအကြီးဆုံးအတွက် စိုးရိမ်နေဆဲဖြစ်၏။ သူမက ချွေးမနှစ်ယောက်ကို အမိန့်ပေးကာ ရိုင်းစိုင်းစွာ ပြောလိုက်သည်။

"သွား... အဲ့ကောင်မစုတ်ကို ငါ့အတွက် ကြိုးတုပ်စမ်း... ငါ့မြေးက သူမကို သဘောကျတာ သူမရဲ့ ကံကောင်းမှုပဲ..."

စကားနားမထောင်သူများအတွက်မူ ဆေးတစ်ခွက် တိုက်လိုက်ရုံဖြင့် အတင်းအကျပ် နာခံစေနိုင်မည် ဖြစ်သည်။

သူမက မြေးအကြီးဆုံးကိုပင် ကန်ရဲသည်။ မိသားစုထဲသို့ ရောက်လာသည်နှင့် ယန်မိသားစု၏ စည်းမျဉ်းစည်းကမ်းများအကြောင်း သူမကို သင်ခန်းစာပေးရမည်။

"အဘွား... အဘွား... အဘွား သူမကို... သေချာလေး ဂရုစိုက်ပေးရမယ်နော်..."

“ကျစ်... ကောင်မစုတ်လေးက တကယ့်ကို ရက်စက်တာပဲ”

ယန်တာ့ကျွမ်းမှာ နာကျင်လွန်းသဖြင့် ခါးပင် မဆန့်နိုင်တော့ပေ။ သူ၏ နှုတ်ခမ်းများမှာ သွေးဆုတ်နေပြီး နဖူးတွင်လည်း ချွေးစေးများ ပျံနေလေ၏။ ယွင်ဟွားကို ပြန်ကြည့်လိုက်သောအခါ သူမအား ပိုင်ဆိုင်လိုစိတ်က ပို၍ ပြင်းပြလာခဲ့သည်။

“ပန်းကလေး... သူ့မျက်လုံးကို ဖောက်လိုက်... အခုချက်ချင်း ဖောက်လိုက်စမ်း..”

သေခြင်းရှင်ခြင်းစာအုပ်က သူ့ကို ချက်ချင်း ကန်းသွားစေချင်သဖြင့် မျက်လုံးများကို ကုတ်ဖဲ့နေပြီး တရားသူကြီး၏စုတ်တံကိုလည်း အဆက်မပြတ် ဆဲဆိုနေလေသည်။

“စုတ်တံစုတ်လေး... ပြန်ရောက်တာနဲ့ နင့်ကို အမှုန့်ဖြစ်တဲ့အထိ ရိုက်ပစ်မယ်..”

"စိတ်မပူပါနဲ့ မြေးလေးရယ်... မင်းကို အနိုင်ကျင့်တဲ့သူတိုင်းကို အဘွားက ကလဲ့စားချေပေးမှာပါ..."

အဘွားကြီးယန်က ယန်တာ့ကျွမ်းကို စိတ်အေးစေရန် ပြောလိုက်ပြီး ချွေးမနှစ်ယောက်ကို အော်ဟစ်လိုက်သည်။

"နင်တို့ ဘာရပ်လုပ်နေကြတာလဲ... မြန်မြန်သွားလေ..."

၎င်းတို့ထဲမှတစ်ဦးမှာ ယန်တာ့ကျွမ်း၏ အရင်းနှီးဆုံး မိခင်ဖြစ်သည်။ သားဖြစ်သူ အနိုင်ကျင့်ခံရသည်ကို မြင်သောအခါ သူမသည် လက်မောင်းများကို ပင့်တင်ကာ ယွင်ဟွားဆီသို့ လျှောက်သွားလေ၏။

"ဒုတိယယောင်းမ... နင်က သူမရဲ့ ညာဘက်လက်ကို ဖမ်း... ငါက ဘယ်ဘက်လက်ကို ဖမ်းမယ်... မျက်နှာကိုတော့ မရိုက်နဲ့... သူမက ရုန်းကန်ရင် အသားနုတဲ့ နေရာတွေကိုသာ လိမ်ဆွဲလိုက်..."

သူမ၏ သားက လိုချင်နေမှတော့ ဤနေရာတွင် ဆက်ထားရမည်သာဖြစ်သည်။

သူမ နာမည်ပျက်သွားသည်နှင့် ဤကောင်မစုတ်၏ မိသားစုက ရှက်ရွံ့သွားပြီး ယန်မိသားစုထံသို့ အတင်းပို့ဆောင်လာမည်မှာ သေချာလှသည်။

ယွင်ဟွား၏ မျက်နှာက ထိုအခိုက်အတန့်တွင် အလွန် မှောင်မိုက်နေလေ၏။

သူတို့က သူမ၏ အားနည်းချက်များကို အသုံးချလိုလျှင် သူတို့ကို ငရဲပြည်သို့ ပို့ဆောင်ပေးရမည်သာ။

ယွင်ဟွားက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် လျှောက်လာသော သူတို့ကို အေးစက်စွာ ကြည့်နေလေသည်။ သူမသည် သူတို့ကို ဘေးတစ်ဖက်စီသို့ ကန်ချလိုက်ရာ လေထဲသို့ လွင့်စင်သွားပြီး နံရံနှင့် ဆောင့်မိကာ အောက်သို့ လိမ့်ကျသွားကြသည်။

"အား… အောင်မလေး..." ဟူသော အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် ယန်မိသားစုဝင်များမှာ မျက်လုံးများ ပြူးကျယ်သွားကြလေ၏။

ယွင်ဟွားသည် ယန်တာ့ကျွမ်း၏ စိုက်ကြည့်ခြင်းခံရသဖြင့် အလွန် နေရခက်သွားသည်။ သူမသည် လက်လေးကို ကျောဘက်သို့ လှည့်လိုက်ရာ ရွှေဖရုံစေ့ နှစ်စေ့ ပေါ်လာလေ၏။

သူမ၏ သိုလှောင်နယ်မြေထဲတွင် ရွှေပြားငယ်လေးများနှင့် အခြားရတနာများမှလွဲ၍ ဘာမျှမရှိပေ။

သူမကိုယ်သူမ အလွန် သနားသွားမိသည်။

ပြန်ရောက်သောအခါ သေတ္တာတစ်လုံးအပြည့် ကျောက်စရစ်ခဲများ ဖြည့်ထားဦးမည်။

ယွင်ဟွားသည် မြေပြင်ပေါ်ရှိ ယန်တာ့ကျွမ်းအား ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"ငါ့ရဲ့ ရှောင်ရှူးရှူးက အစကတည်းက နင့်မျက်လုံးတွေကို ဖောက်ထုတ်ခိုင်းနေတာ... သူက ငါ့ရဲ့ အကောင်းဆုံးအဖော်ပဲ... သူမက အဲ့လိုပြောမှတော့ ငါက သေချာပေါက် အလိုလိုက်ရမှာပေါ့..."

ရှောင်ရှူးရှူးက ယန်တာ့ကျွမ်းကို မထိခိုက်နိုင်ကြောင်း သိလိုက်ရချိန်တွင် မည်မျှ စိတ်ပျက်အားငယ်သွားခဲ့သည်ကို သူမ မှတ်မိနေသေးသည်။

“အား…”

“ပန်းကလေး... ပန်းကလေး... ရှူးရှူးက နင့်ကို သေမတတ် ချစ်တာပဲ... အမြဲတမ်း နင့်ဘက်မှာ ရှိနေမှာပါ…”

ရုတ်တရက် သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွား၏ မျက်နှာကို ဆွဲကိုင်ကာ ပြင်းပြင်းပြပြ နမ်းရှိုက်လိုက်လေ၏။

သေချာသည်မှာ သူတို့၏ ပန်းကလေးသည် အမြဲတမ်း အချစ်စရာအကောင်းဆုံးသူ ဖြစ်သည်။

အခန်း (၁၄၂) ယွင်ဟွားက ယန်မိသားစုကို ဖြေရှင်းလိုက်ပြီးနောက် သူ့အား ပွေ့ချီလိုက်ခြင်း

ယွင်ဟွားသည် အနည်းငယ် ပြုံးလိုက်ပြီး သေခြင်းရှင်ခြင်းစာအုပ်လေး၏ ခေါင်းလေးကိုပုတ်ရန် လက်မြှောက်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ယန်မိသားစု၏ ထိတ်လန့်နေသော မျက်နှာထားများကြား၌ ယွင်ဟွားသည် သူမလက်ထဲရှိ ရွှေဖရုံစေ့နှစ်စေ့ကို ယန်တာ့ကျွမ်းဆီသို့ တိကျစွာ ပစ်လွှတ်လိုက်၏။

ထိုခဏ၌ နာကျင်စွာ အော်ဟစ်သံများက ရွာတစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

ရွာသူရွာသားများသည် ထိုဆူညံသံကြောင့် နိုးလာကြပြီး ထိုအသံမှာ အဘွားကြီးယန်အိမ်မှ လူရမ်းကား၏ အသံဖြစ်ကြောင်း အလိုအလျောက် သိလိုက်ကြသည်။

သတ္တိနည်းသော ရွာသားအချို့သည် မျက်မှောင်ကြုတ်ကာ စောင်ခြုံလျက် တစ်စောင်းလှည့်ကာ ဆက်အိပ်လိုက်ကြ၏။

ဤမိသားစုသည် ကောင်းသောလူများ မဟုတ်ပေ။ အနည်းငယ်မျှ ပတ်သက်မိလျှင်ပင် သူတို့က အရှင်လတ်လတ် အရေခွာပစ်မည်ဖြစ်ပြီး သို့မဟုတ်ပါက ကောင်းမွန်သော ဘဝတစ်ခုရရှိမည် မဟုတ်ပေ။

ယန်မိသားစုအပေါ် ရန်ငြိုးရှိသော ရွာသားအချို့မှာမူ ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံများကြောင့် ကုတင်ပေါ်မှ ချက်ချင်း ထလာကြလေသည်။

သို့သော် သူတို့ အိမ်ပြင်သို့ ခြေလှမ်းမချရသေးမီ တောင်ပေါ်မှ ဝံပုလွေများ၏ အူသံများ ပဲ့တင်ထပ်လာသဖြင့် အလွန်တရာ ကြောက်လန့်သွားကြပြီး အိမ်ထဲသို့ ချက်ချင်း ပြန်ပြေးကာ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ဆို့လိုက်ကြသည်။

"ဘုရားရေ..."

"ဘာလို့ ဝံပုလွေတွေက ဒီနှစ် ဒီလောက်စောစော တောင်ပေါ်ကဆင်းပြီး အစာရှာလာကြတာလဲ..."

"ဘာစောင့်နေတာလဲ မြန်မြန် မြေအောက်ခန်းထဲ အရင်ဝင်ကြစို့..."

ရွာထဲရှိ ဆူညံပွက်လောရိုက်မှုများနှင့် တောင်ပေါ်မှ ဝံပုလွေအူသံများသည် ယွင်ဟွားအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပေ။

အဘွားကြီးယန်သည် သူမ၏ အကြီးဆုံးမြေး မျက်စိနှစ်ဖက်လုံး ကန်းသွားကာ မြေပြင်ပေါ်တွင် လဲကျလျက် ကျယ်လောင်စွာ အော်ဟစ်နေသည်ကို မြင်သောအခါ ရင်ကွဲမတတ် ခံစားလိုက်ရလေသည်။

"အဘွား အဘွား သူမကို သတ်လိုက်ပါ သူမကို သေတာထက်ဆိုးတဲ့ ဒုက္ခမျိုး ရောက်စေချင်တယ်..."

ယန်တာ့ကျွမ်းက မျက်လုံးများကို အုပ်ထားလျက် သူမကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့စဉ်က ကိန်းအောင်းနေသော ရမ္မက်ဆန္ဒများ မရှိတော့ဘဲ ယခုအခါ သူမကို သတ်ချင်စိတ်သာ ရှိတော့၏။

သေတာထက်ဆိုးတဲ့ ဘဝဆိုတာလား။

နန်ကုန်းယွမ်၏ အေးစက်သော မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ကိန်းအောင်းနေ၏။ ဤမိန်းကလေး၏ လုပ်ရပ်များနှင့် ကလေးနှစ်ယောက်က သူတို့လူကို ကာကွယ်ပေးပုံကို ထောက်ရှုလျှင် သူသည် သေတာထက်ဆိုးသော ဘဝ၌ အမှန်တကယ် ရှင်သန်ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် တောင်ပေါ်မှ ဝံပုလွေများ၏ အူသံကို ကြားလိုက်ရသည် မဟုတ်ပါလား။

"ကောင်းပြီ ကောင်းပြီ စိတ်မပူပါနဲ့ အဘွားက သူမကို သေချင်စော်နံသွားအောင် လုပ်ပေးမယ်..."

အဘွားကြီးယန်က ရက်စက်ကြမ်းကြုတ်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ယွင်ဟွားကို စိုက်ကြည့်ရင်း မျက်နှာကြီး ရှုံ့မဲ့နေလေသည်။

"ငါ့မြေးကို နာကျင်အောင်လုပ်တဲ့ ယုတ်မာတဲ့ကောင်မ ဒီနေ့တော့ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး..."

သူမသည် ပတ်ဝန်းကျင်သို့ ရူးသွပ်စွာ အကဲခတ်လိုက်ပြီး မြေးဖြစ်သူ ယူလာသော တုတ်ကို ကောက်ကိုင်ကာ ယွင်ဟွားအား ညွှန်ပြလျက် ကျိန်ဆဲလိုက်၏။

"ကောင်မစုတ် နင်နဲ့ နင့်ရဲ့ အစ်ကို ဒုက္ခိတတို့ ဒီနေ့ ဒီနေရာကနေ ထွက်သွားလို့မရဘူး..."

ထို့နောက် အဘွားကြီးယန်က လူစုအား အမိန့်ပေးလိုက်သည်။

"သွားကြ အားလုံး သွားကြ ဒီကောင်မကို အရင်ဖမ်းကြ..."

အဘွားကြီးယန် စကားပြောဆိုပြီးသည်နှင့် သူမ၏ ခင်ပွန်း၊ သားနှစ်ယောက်နှင့် အခြားမြေးများသည် ယွင်ဟွားဆီသို့ ရက်စက်သော ရည်ရွယ်ချက်များဖြင့် လျှောက်လာကြလေသည်။

ယွင်ဟွားသည် အေးစက်စွာ ရယ်မောလိုက်၏။ မကြာမီတွင်…

ရင်ကွဲမတတ် အော်ဟစ်သံများသည် ဟောင်းနွမ်းနေသော အိမ်လေးထဲမှ ပဲ့တင်ထပ်လာပြီး တစ်သံထက်တစ်သံ ပိုမိုကျယ်လောင်လာကာ ရွာသူရွာသားများ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလေသည်။

ဝံပုလွေအုပ်ကြီးက အဘွားကြီးယန်အိမ်ထဲ ဝင်လာပြီး လူတွေကို ကိုက်ဖြတ်စားသောက်နေတာများလား။

“ဘုရားရေ…”

သို့ဆိုလျှင် သူတို့ ဘာလုပ်သင့်သနည်း။

“ပန်းကလေး သူမကို ပြင်းပြင်းထန်ထန် ရိုက်လိုက် တုံ့ဆိုင်းမနေနဲ့ ဒီမိသားစုတစ်စုလုံးက ကောင်းတဲ့လူတွေ မဟုတ်ဘူး…”

“သူတို့က ရွာထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ် သူတို့က အမြဲတမ်း ငွေညှစ်တယ် ကြက်တွေ ခွေးတွေ ခိုးတယ် မဟုတ်ရင် အခြားလူတွေရဲ့ တံခါးဝမှာ မစင်တွေ ပစ်ချကြတယ် ရွာသားတွေက သူတို့ကို ဘယ်လောက်တောင် မုန်းတီးလဲဆိုတာ နင် တွေးကြည့်နိုင်တယ်…”

“ဒါ့အပြင် ဒီအဘွားကြီးယန်မှာ ရာဇဝတ်မှု မှတ်တမ်းရှိတယ်..လွန်ခဲ့တဲ့နှစ်တွေက ဘေးအိမ်က အဘွားကြီး သူမထက် ပိုကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတာကို မြင်တော့ အဲ့အဘွားကြီး တောဟင်းရွက်တွေ တူးနေတုန်း အနောက်ကနေ တောင်ကုန်းအောက်ကို တွန်းချခဲ့တာပဲ…”

“သူမရဲ့ သားနှစ်ယောက်ကလည်း မကောင်းဘူး သူတို့က အရင်က လူကုန်ကူးသူတွေကို သိတယ် ပြီးတော့ ရွာထဲမှာ တစ်ယောက်တည်း ကစားနေတဲ့ ကလေးတွေကို ပြန်ပေးဆွဲပြီး ရောင်းစားခဲ့ကြတယ် ပြီးတော့ သူတို့ကို ကူညီရှာဖွေပေးချင်ယောင် ဆောင်ခဲ့ကြတယ်…”

“ပြီးတော့ သူမရဲ့ ချွေးမနှစ်ယောက်ကလည်း ပါးစပ်အရမ်းကြမ်းတယ် မိန်းကလေးတစ်ယောက် ပစ္စည်းတစ်ခုခုထွက်ဝယ်ရင်တောင် သူတို့က ယောကျာ်းတွေကို ဖြားယောင်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲတတ်ကြတယ်…”

“ဒါ့အပြင်…”

သေခြင်းရှင်ခြင်းစာအုပ်က ဤမိသားစု၏ ကံကြမ္မာများကို လှန်လှောကြည့်နေရင်း အလွန်ဒေါသထွက်လာကာ မြေကြီးကိုပင် အရူးအမူး ထုရိုက်နေလေတော့သည်။

စောင်အောက်တွင် ဆုပ်ကိုင်ထားသော နန်ကုန်းယွမ်၏ လက်ချောင်းများသည် ဖြူလျော့သွား၏။ ဤမိသားစုက အမှန်တကယ်ပင် သေသင့်ပေသည်။

ယွင်ဟွားသည် ရှောင်ရှူးရှူးက သူတို့၏ အခြေအနေအကြောင်းကို ပြောပြနေသည်ကို နားထောင်နေရင်း သူမ၏ ရိုက်နှက်မှုများက ပိုမိုရက်စက်လာကာ သူတို့ကို နာကျင်စွာ အော်ဟစ်စေလေသည်။

"အား..."

"ကယ်ကြပါဦး..."

"လူတစ်ယောက်က လူတစ်ယောက်ကို သတ်တော့မယ်..."

"သတ်တယ်..."

ယွင်ဟွားက အေးစက်စွာ ပြောလိုက်၏။

"လူသတ်တာလား ကလေးတွေကို ရောင်းစားတာလား ကောလာဟလတွေ ဖြန့်တာလား ဒါတွေက နင်တို့ တစ်မိသားစုလုံး လုပ်ခဲ့တဲ့အရာတွေ မဟုတ်ဘူးလား..."

သူတို့က မယုံနိုင်လောက်အောင် ရဲတင်းပြီး ရက်စက်ကြမ်းကြုတ်ကြသည်။ တစ်အိမ်တည်းသားတွေဖြစ်နေတာ အံ့ဩစရာ မရှိတော့ပေ။

ယန်မိသားစုဝင် အားလုံး၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားကြ၏။

"ကောင်မစုတ် နင် နင် အဓိပ္ပါယ်မရှိတာတွေ ပြောနေတယ် ငါ့ယန်မိသားစုက အပြစ်ကင်းတယ် သတိထား ငါ နင့်ကို အာဏာပိုင်တွေဆီ တိုင်မယ်..."

အဘွားကြီးယန်က အလွန်ထိတ်လန့်သွားသည်။ ထိုဖြစ်ရပ်ဖြစ်ပွားခဲ့သည်မှာ ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ကြာခဲ့ပြီဖြစ်ရာ သူမ မည်သို့ မည်ပုံ သိနေရသနည်း။

"အပြစ်ကင်းကြောင်း သက်သေပြမလို့လား အာဏာပိုင်တွေဆီ တိုင်မလို့လား..."

ယွင်ဟွားက အေးစက်စွာ နှာမှုတ်လိုက်၏။

"အတော်ပဲ ငါက လက်ရှိ ဧကရာဇ်က ကိုယ်တိုင်ခန့်အပ်ထားတဲ့ ပဉ္စမအဆင့် နက္ခတ်တာရာ လေ့လာရေးဌာန၏ အရာရှိဖြစ်ပဲ..ငါက ဗေဒင်ဟောခြင်းနဲ့ ကံကြမ္မာဖတ်ခြင်းမှာ ကျွမ်းကျင်တယ် ဒါ့အပြင် ငါက အခု ဒုတိယအဆင့် ချန်နင်း ကောင်တီမင်းသမီးလည်းဖြစ်သေးတယ် ကုတင်ပေါ်မှာ လဲနေတဲ့သူက မင်းသားစုရဲ့ ဆက်ခံသူပဲ..."

"အကယ်၍ နင်တို့သာ လောဘမကြီးဘဲ အကွက်မချခဲ့ဘူးဆိုရင် ငါက နင်တို့ကို အာရုံစိုက်နေမှာ မဟုတ်ဘူး ငါက နင်တို့ကို သနားပြီး ရွှေအချို့တောင် ပေးကောင်းပေးလိမ့်မယ်..."

"နင်တို့ တစ်မိသားစုလုံးက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တာ..."

"အခု ဘာဖြစ်သွားလဲဆိုတာ ကြည့်လိုက် ငါ စိတ်ကူးပေါက်တာနဲ့ နင်တို့အတွက် ဗေဒင်ဟောပေးဖို့ ဆုံးဖြတ်လိုက်တယ် ပြီးတော့ နင်တို့ထဲက တစ်ယောက်မှာ လူသတ်မှုရှိနေပြီး အခြားနှစ်ယောက်က လူကုန်ကူးသူတွေနဲ့ အဆက်အသွယ်ရှိကာ နင်တို့ရဲ့ မြေးတွေကလည်း နောက်ကွယ်မှာ မပြောပြရဲလောက်အောင် ညစ်ပတ်တဲ့ အလုပ်တွေ လုပ်နေကြတာကို ငါ ရှာဖွေတွေ့ရှိခဲ့တယ်..."

"နင်တို့က အာဏာပိုင်တွေဆီ တိုင်ချင်တယ်ပေါ့ ဒါဆိုရင် နင်တို့ကို ဒီမင်းသမီးက တရားသူကြီးဆီ ပို့ပေးပြီး နင်တို့ရဲ့ ရာဇဝတ်မှုတွေ အားလုံးကို အများပြည်သူသိအောင် ဖော်ထုတ်ပေးမယ်..."

ထိုသို့ပြောပြီးနောက် ယွင်ဟွားသည် လူများကို ရိုက်နှက်ခြင်းမှ ရပ်တန့်လိုက်ပြီး ယန်မိသားစုဝင်များကို ကြိုးများစွာဖြင့် လျင်မြန်စွာ တုပ်နှောင်လိုက်လေသည်။

"အား ကောင်မစုတ် ငါ့ကို လွှတ်ပေး ဘာရာထူးလဲ တုံလင်နိုင်ငံမှာ မိန်းကလေးတစ်ယောက်က အရာရှိရာထူး ယူထားတယ်ဆိုတာ ငါတို့ တစ်ခါမှ မကြားဖူးဘူး..."

"ဟစ် ဘာ အဓိပ္ပါယ်မရှိတဲ့ မင်းသမီးလဲ ဘာ မင်းသားလဲ နင်က ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား ငါ မအဘူး..."

"နင် ခွေးမလေး နင် *#&..."

လူအုပ်ထံမှ ကျိန်ဆဲသံများသည် အလွန် ရိုင်းစိုင်းလှသဖြင့် နန်ကုန်းယွမ်၏ မျက်နှာသည် ပြာနှမ်းသွားလေသည်။

“နင်တို့သာ ခွေးမသား စအိုမပါတဲ့ သားကို မွေးတာ နင် မိခင်ကိုစော်ကားတဲ့ကောင် သူတောင်းစား ပြည့်တန်ဆာတွေ *#&...”

သေခြင်းရှင်ခြင်းစာအုပ်ကလည်း စတင်၍ ကျိန်ဆဲတော့သော်လည်း တစ်ဖက်လူက လုံးဝမကြားနိုင်သဖြင့် သေခြင်းရှင်ခြင်းစာအုပ်ကို အလွန်ဒေါသထွက်စေကာ ရင်ဘတ်ကိုထုပြီး ခြေဆောင့်နေလေတော့သည်။

နန်ကုန်းယွမ်သည် ဤအချိန်တွင် သူ မလှုပ်ရှားနိုင်သည်ကို တစ်ဖန် နောင်တရမိပြန်သည်။ သို့မဟုတ်ပါက ဤလူများသည် စကားပြောခွင့်ပင် ရမည်မဟုတ်ပေ။

"အမတ်ငယ်ယွင် သူတို့ပါးစပ်ကို ပိတ်လိုက်ပါ..."

မိန်းကလေးငယ်လေးသည် လျှာဖြတ်ရသည့် သွေးထွက်သံယိုလုပ်ရပ်အတွက် နူးညံ့လွန်းလှသည်။ သူတို့ အာဏာပိုင်များထံ ရောက်သွားသည်နှင့် ဤလူများထဲမှ တစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။

နန်ကုန်းယွမ် စကားပြောပြီးသည်နှင့် ယွင်ဟွားက သူ့အား အံတုစွာ စိုက်ကြည့်လိုက်၏။

"ရှောင်ယွမ်ယွမ် ငါက နင့်ကို အမတ်ယွင်လို့ မခေါ်ဖို့ ပြောထားတယ် နင်က ငါ့ကို အစ်မကြီးလို့ ခေါ်သင့်တယ်..."

ထိုသို့ပြောပြီးနောက် သူမသည် စောင်ကို အပိုင်းပိုင်း ဆွဲဖြဲကာ အလုံးလေးများဖြစ်အောင် လိပ်လိုက်ပြီး သူတို့၏ ကျိန်ဆဲနေသော ပါးစပ်များကို ပိတ်ရန် အသုံးပြုလိုက်လေသည်။ ထို့နောက် အေးစက်သော လေပြေများနှင့် ထိတွေ့စေရန် သူတို့ကို ခြံဝင်း၏ အလယ်ဗဟိုသို့ ဆွဲခေါ်သွား၏။

ယွင်ဟွားသည် လှည့်ကာ ကုတင်ပေါ်မှ နန်ကုန်းယွမ်အား ပွေ့ချီလိုက်ပြီး သက်တောင့်သက်သာရှိကာ သန့်ရှင်းသော အခန်းတစ်ခန်းကို ရှာဖွေလိုက်သည်။

"မောင်လေး လာပါ ငါ နင့်အတွက် အခန်းသစ်တစ်ခု ရှာပေးမည် ညသန်းခေါင်ယံရောက်နေပြီဆိုတော့ ဒီညအတွက် ဒီအတိုင်းပဲ နေလိုက်ပါ မနက်ဖြန်ကျမှ ငါတို့ မြို့ထဲသွားကြမယ်.."

မည်သို့ပင်ဆိုစေ ရှောင်ယွမ်ယွမ်ထံမှ ငွေများစွာ ယူထားခဲ့ရာ အဘွားကြီးယန်၏ အခန်းထဲရှိ အရာအားလုံးသည် အသစ်စက်စက်များ ဖြစ်နေလေသည်။

နန်ကုန်းယွမ်…

သူ၏ မျက်နှာသည် ချက်ချင်းပင် ရဲရဲနီသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"မိန်းကလေး မြန်မြန် ငါ့ကို အောက်ချပေး..."

All Chapters