အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
Ch 89
( ရှောင်ရှစ်ယီ သေဆုံးခြင်း)
“ ငါသာအခြေခံတည်ထောင်ခြင်းနယ်ပယ်ကို လှုံ့ဆော်ပေးနိုင်တဲ့ အစောင့်အရှောက် နတ်ဘုရားတစ်ကောင်ကို ဖန်တီးနိုင်သွားရင် ငါ့ရဲ့မူရင်းခန္ဓာကိုယ် အဆင့်တက်ချိန်မှာ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းလောက် အကူအညီရှိလာလိမ့်မယ်”
လုယန် ကြာပန်းပုံထိုင်ရင်း စတင် စဥ်းစားတော့သည်။
“ ပြီးတော့ အဲ့ဒီအစောင့်အရှောက် နတ်ဘုရားရဲ့ ကံတရားကိုပါ ငါ အပြည့်အဝ ထိန်းချုပ်ခွင့်ရှိတယ်ဆိုတော့ လိုအပ်လာရင် ရှေးဟောင်းကဝေဂိုဏ်းရဲ့ ဖျက်ဆီးခံရမဲ့ကံတရားကိုပါ သူ့ကိုလွှဲချလိုက်လို့ရပြီ”
“ ဒီနည်းလမ်းနဲ့ဆိုရင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်း သိုင်းက ရမဲ့ အစွမ်းတွေကို အဆင့်တက်ဖို့ သုံးလို့မရဘဲ တစ္ဆေခန်းမမှာ ပေးလိုက်ရမှာ။ ဒါဆို ငါ့ရဲ့အဆင့်တက်နိုင်စွမ်း ဆယ်ရာခိုင်နှုန်း လျော့သွားမယ်။ ဒါပေမဲ့ အစောင့်အရှောက် နတ်ဘုရား ပြန်ရလာမှာဆိုတော့ အဲ့ဒါနဲ့၊ အဆင့်သုံးနဂါးချီစွမ်းအင်၊ ကမ္ဘာ့ယင်ချီစွမ်းအင်၊ ရွှေစင်ခန္ဓာနဲ့ မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းပါ ပေါင်းလိုက်ရင် ခုနှစ်ဆယ်ရာခိုင်နှုန်းရှိပြီ။ ငါအောင်အောင်မြင်မြင် အဆင့်တက်လို့ရပါသေးတယ်”
ယန်ရှန်းကျန့်ယန်ဆီက အဆင့်တက်ခြင်းတံဆိပ်ပြားပါ ရခဲ့ပါက၊ ရှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သွားပေမည်။
“ ပြီးတော့ ရွှမ်မင်ရဲ့ အတွေ့အကြုံတွေထဲကတစ်ဆင့် သိခဲ့တာအရ အဆင့်မတက်ခင် ပြင်ဆင်မှုကောင်းလေလေ၊ အကျိုးအမြတ်တွေ ပိုရလေလေပဲ”
“ အခြေခံတည်ထောင်ခြင်းနယ်ပယ်မှာ ဆက်လက်ကျင့်ကြံနိုင်ဖို့ အများကြီး အထောက်အကူဖြစ်တယ်”
“ အဲ့ဒီ အခြေခံတည်ထောင်ခြင်းနယ်ပယ်မှာ ကျင့်ကြံရတာက အသက်ကိုစွန့်စားရတဲ့လောင်းကစား တစ်ခုပဲ။ ဒီထဲမှာ သုံးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ရာခိုင်နှုန်းလောက်နဲ့ အောင်မြင်ပြီး အဆင့်တက်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိတယ်”
“ ဒါပေမဲ့ ဒါကအများကြီးပေးဆပ်ရတယ်။ ပြင်ဆင်မှု နည်းနေရင် အဆင့်တက်တဲ့အချိန်မှာ ထိခိုက်ပြီး တာအိုလမ်းကြောင်းမှာ ဆူးခလုတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဲ့ဒီဆူးခလုတ်တွေကို မဖယ်လို့ကတော့ နောက်ထပ်အဆင့်တက်နိုင်မှာ မဟုတ်ဘူး”
“ ဒီတော့ အခြေခံတည်ထောင်ခြင်းနယ်ပယ်ရဲ့ ကျင့်ကြံမှုတစ်လျှောက်လုံးက ကုသရတဲ့ဖြစ်စဥ်ပဲ”
“ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားပြီး ခုနှစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်း သေချာမှုနဲ့ အဆင့်တက်မယ်ဆိုရင် ကုသချိန်ကလည်း အများကြီး သက်သာသွားလိမ့်မယ်”
“ အကယ်လို့ တစ်ရာရာခိုင်နှုန်း သေချာမှုနဲ့ အဆင့်တက်လို့ကတော့ အဆင့်တက်တာနဲ့ အစောပိုင်းနယ်ပယ်ရဲ့ အကန့်အသတ်ကို ရောက်ရှိပြီး နောက်တစ်ခါ အဆင့်တက်ရင် အလယ်နယ်ပယ်ကို ရောက်နိုင်ပြီ”
“ ကျင့်ကြံရေးလောကမှာ ဒီနည်းလမ်းကို ပြီးပြည့်စုံတဲ့ အခြေခံတည်ထောင်ခြင်းကိုတက်လှမ်းခြင်းလို့ ခေါ်တယ်။ ရွှေအမြုတေကျင့်ကြံသူတွေရဲ့ သားသမီးတွေပဲ ဒီအခွင့်အရေးမျိုးကို မျှော်လင့်နိုင်ကြတာ”
ထိုအရာက ပုံမှန်ပင်ဖြစ်သည်။
လုယန်တောင်မှ ဘဝပေါင်းအဆက်ဆက် ပေးဆပ်မှုတွေကြောင့်သာ ရှစ်ဆယ်ရာခိုင်နှုန်းအတွက် အခွင့်အလမ်း မြင်ရတာ ဖြစ်သည်။ ဒါတောင်မှ နှစ်ဆယ်ရာခိုင်နှုန်းကို မမျှော်လင့်ရဲသေးဘူး။
ဒါက ပါရမီကြားက ကွာခြားချက် မဟုတ်ဘဲ နောက်ခံကွာခြားချက်သာ။
ပြီးပြည့်စုံတဲ့ အခြေခံတည်ထောင်ခြင်းတက်လှမ်းခြင်းကို ရရှိဖို့ လိုအပ်ချက်တွေက သာမာန်သူတစ်ဦး အနေနှင့် ဘယ်လိုမှ မရရှိနိုင်ပါချေ။ ရွှေအမြုတေကျင့်ကြံသူတွေ၏ တိုက်ရိုက်ဆက်ခံသူတွေသာ ထိုအခွင့်အရေးကို ရရှိနိုင်သည်။
သို့ပေမဲ့ လုယန်က ထိုအရာကို စိတ်မဝင်စားပါချေ။
“ ဒါက အချိန်ကုန်သက်သာတာလေးပဲ ရှိတာ။ အဲ့လောက်ကြီးထိ မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ဘူး”
“ ရှစ်ဆယ်ရာခိုင်နှုန်းဆို လုံလောက်ပြီ”
“ အရင်ဒီလောက်နဲ့ အဆင့်တက်မယ်”
အမြင့်ကိုရောက်မှပဲ အများကြီးမြင်နိုင်မည် ဆိုသည့်အတိုင်းပင် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို တက်လှမ်းပြီးမှပဲ သူ့အနေနှင့် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်မှာပင်။
လုယန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
“ ဒီအချိန်ဆို ယုစုကျန်း အဆင်သင့်ဖြစ်လောက်ပြီ။ ဟိုဘိုးတော်သာ ငါနဲ့တကယ် ပူးပေါင်းချင်တယ်ဆိုရင် သူမအောင်မြင်နေမှာ သေချာတယ်”
လုယန် လက်ချိုးကာရေတွက်ကာ ယုစုကျန်းကို စတင်စစ်ဆေးလိုက်တော့သည်။
တိမ်ပင်လယ်အတွင်းရှိ ရှေးဦးသူတော်စင်ဂိုဏ်း၌..
လျှို့ဝှက်နေရာတစ်ခုအတွင်းရှိ ကြေးနီရောင် ခန်းမအတွင်းတွင် ယုစုကျန်းသည် ကြာပန်းပုံထိုင်နေခဲ့သည်။ ပါးလျလျ အဝတ်စက သူမ၏ အနည်းငယ် နီစွေးနေသော အသားအရေကို မဖုံးကွယ်ထားနိုင်ပေ။
တစ်ဖက်က ရှောင်ရှစ်ယီ၏ မျက်လုံးတွေကတော့ တစ်စုံတစ်ခုကို အလွန်ဝေခွဲရခက်နေဟန်ဖြင့် ရဲတောက်နေလေ၏။ သူ့ ခန္ဓာကိုယ်က နွားသိုးရိုင်းတစ်ကောင်လိုမျိုး.ယန်စွမ်းအင်တွေ ပြင်းထန်နေခဲ့သည်။ ထိုစွမ်းအင်တွေက ယုစုကျန်း ကိုယ်က ပြန်ထွက်လာသော ယင်စွမ်းအင်နှင့် ပေါင်းစည်းသွားကြသည်။
“ အရှက်မရှိတဲ့ကောင်”
နောက်တစ်စက္ကန့်မှာ ယုစုကျန်းသည် အလယ်က ကြေးနီရောင်ခေါင်းတလားကို ရိုက်ချလိုက်ရင်း အေးစက်စွာ ပြောလိုက်၏။ သူမ၏ မျက်နှာက ဒေါသကြောင့် ရဲတောက်နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရှောင်ရှစ်ယီတစ်ယောက် ပိုမို ထိတ်လန့်သွားသည်။
သို့ပေမဲ့ ကြောက်ရွံ့မှုကြားမှာ ထိုးထွက်လာသော ထူးဆန်းသည့် ခံစားချက်တစ်မျိုးက ယုစုကျန်း၏ ခုခံမှုကိုတွေ့ရလေလေ၊ သူ့ကို ထိန်းချုပ်ရ ပိုခက်အောင် ပြုလုပ်နေတော့သည်။
တကယ်တော့ ဤကိစ္စတစ်ခုလုံးက လျှို့ဝှက်နယ်မြေအတွင်းမှာ ရတနာကို အမဲလိုက်ရာက အစပြုခဲ့လေသည်။
ရှောင်ရှစ်ယီက သူ၏ကောင်းမွန်သော ကံတရားကြောင့် ရတနာကို လျှင်မြန်စွာ ရှာတွေ့ခဲ့သော်လည်း၊ ယုစုကျန်းက မထင်ထားစွာ အချိန်မှီရောက်ရှိလာခဲ့ပြီး သူ့ဆီက ရတနာကို လုယူဖို့ အတင်းအကျပ် ကြိုးစားပါတော့၏။
ထိုသို့ဖြင့် အခွင့်အရေးနှင့် အတူ တွဲပါနေသော ထောင်ချောက်ကို နှစ်ယောက်လုံး ရင်ဆိုင်ရပါတော့သည်။ တကယ်တော့ တစ်စုံတစ်ယောက်က ရတနာကိုယူပြီးလျှင် ယင်နဲ့ယန်အစွမ်းဖြင့် ဟန်ချက်ညီအောင် ပြန်အားဖြည့်ခဲ့ဖို့ လိုအပ်သည်။ မဟုတ်လျှင် နယ်မြေတစ်ခုလုံး ပျက်ဆီးသွားလိမ့်မည်။
ယင်စွမ်းအင်ကို ပိုင်ဆိုင်သော ယုစုကျန်းနှင့် ယန်စွမ်းအင်ရှိသော ရှောင်ရှစ်ယီ.. သူတို့နှစ်ယောက်၏အတူရှိနေမှုက အချိန်ကိုက် ဖြစ်နေတော့သည်။
ထိုအချိန်မှာ ရှောင်ရှစ်ယီက ရုတ်တရက် မတ်တပ်ရပ်လာခဲ့သည်။
“ မလာခဲ့နဲ့”
တစ်ဖက်က ယုစုကျန်း အသည်းအသန် အော်ဟစ်လိုက်သော်လည်း၊ သူမ၏ နီစွေးနေသော မျက်လုံးနှင့် ဖြူဖွေးဖွေး အသားအရေက ဆန့်ကျင်ဘက်ကို ပြောနေလေရဲ့။
ရှောင်ရှစ်ယီ ပိုမိုစိတ်လှုပ်ရှားလာတော့၏။
သူတို့နှစ်ဦး ပိုမိုနီးကပ်လာချိန်မှာ ယင်စွမ်းအင်နဲ့ ယန်စွမ်းအင်ကလည်း ပေါင်းယှက်လာသည်။ နောက်တစ်စက္ကန့်မှာ သူ့လည်ပင်းကို သိုင်းဖက်လိုက်သော သွယ်လျလျ လက်တစ်ဖက်ကို ရှောင်ရှစ်ယီ မြင်လိုက်ရသည်။ မွှေးပျံ့သောရနံ့တစ်ခုကလည်း သူ့နှာခေါင်းဝကို ကျီစယ်နေ၏။
ယုစုကျန်း၏ အချက်ပြမှုတစ်ချို့ပါနေသော လေသံချိုချိုလေးက ရှောင်ရှစ်ယီ၏ နားထဲ ပဲ့တင်ထပ်လာခဲ့သည်။
“ ရှင် ကျွန်မကို ထိရဲရင် ကျွန်မရှင့်ကို သေချာပေါက် သတ်ပစ်မှာ”
ထိုစကားလုံးများက ရှောင်ရှစ်ယီ၏ ပုန်ကန်လိုစိတ်ကို တိုက်ရိုက် နှိုးဆွလိုက်ပါတော့သည်။
သူ ယုစုကျန်းအကြောင်းကို ကြားဖူးသည်။ ထိုနတ်သမီးစုကျန်းက ငယ်ရွယ်လှသော အသက်အရွယ်မှာ တပည့်တွေအများကြီးကို ကျော်လွန်ပြီး ချီသန့်စင်ခြင်းနှောင်းပိုင်းအထိ ရောက်လာခဲ့သည်။
သူမနှင့် နှိုင်းယှဥ်လိုက်လျှင် သူက ချီသန့်စင်ခြင်းအလယ်နယ်ပယ်သာ ရှိသေးသည့် သာမာန်သူတစ်ယောက်ပဲ။
အစကနေ အဆုံးအထိ သူမက အေးစက်စက်လုပ်နေပြီး သူ့ကို အထင်မကြီးသည့်အပြင် သူ့အခွင့်အရေးကိုပါ လုယူဖို့ ကြိုးစားခဲ့သည်။
သူ.သည်းမခံနိုင်တော့ပါချေ။
“ ကျုပ် ထိတယ်ကွာ၊ မင်းဘာလုပ်ချင်လဲ”
ရှောင်ရှစ်ယီ၏ မျက်လုံးတွေပါ နီရဲသွားပြီး နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေက အရိုင်းဆန်မှတ်ကို ရောက်ရှိသွားလေ၏။ သူ့ လက်ဖဝါးကြီးက သူမကိုဖမ်းချုပ်လိုက်ပြီး စတင်လှုပ်ရှားလိုက်တော့သည်။
ယင်နဲ့ယန်၏ပေါင်းစပ်မှုကြားမှာ နေ့တွေညတွေ ပြောင်းလဲကုန်ဆုံးခဲ့ပြီး ရက်ပေါင်းများစွာ ကြာမှသာ ယုစုကျန်း နိုးထလာခဲ့သည်။ သူမသည် ရှောင်ရှစ်ယီကို မုန်းတီးခဲ့သော်လည်း အဆုံးမှာ ခွင့်လွှတ်ပေးခဲ့ပြီး သူ့ကိုပင် ကယ်တင်ခဲ့သေးသည်။
သူတို့နှစ်ဦးကြားမှာ ခိုင်မာသော ဆက်ဆံရေးတစ်ခု ဖြစ်တည်လာ၏။
ထိုမှစပြီး ရှောင်ရှစ်ယီတစ်ယောက် ယုစုကျန်းကို မတွေးဘဲ မနေနိုင်တော့ပေ။
အထူးသဖြင့် ထိုရေခဲနတ်ဘုရားမကို အဝေးက မြင်တွေ့လိုက်ချိန်တ်ိုင်းမှာ၊ ထိုအေးစက်သော မျက်နှာဖုံးအောက်က သူတစ်ယောက်ပဲ မြင်တွေ့ခွင့်ရခဲ့သော ပူပူနွေးနွေး အခိုက်အတန့်များကို ပြန်စဥ်းစားမိလေသည်။
နှာခေါင်းက ဦးနှောက်ကို ကြီးစိုးသွားချိန်မှာ ရှောင်ရှစ်ယီတစ်ယောက် အလွန်အမင်း သန်မာလာချင်တော့သည်။ သူ သန်မာအောင်လုပ်ပြီး ယုစုကျန်း၏ ဘေး၌ ရပ်တည်ကာ သူမ၏တရားဝင်တာအိုလက်တွဲဖော် ဖြစ်လာချင်သည်။
ထိုအတွေးဖြင့် ရှောင်ရှစ်ယီတစ်ယောက် လာဘ်ရေကန်ကို ရောက်လာခဲ့သည်။
သူ၏အခြေအနေက အနိမ့်ကျဆုံးမှာ ရှိနေသည့်အတွက် လောင်းကစားလုပ်သင့်ပြီဟု ခံစားရလို့ပင်။
သာမာန်သူတွေ မမြင်ရသော နေရာ၌ ရှောင်ရှစ်ယီ၏ မိုးထိုးမတတ် မြင့်မားနေသော ကံကောင်းမှုများက လာဘ်ရေကန်မှာ ပေးဆပ်နေခဲ့ရသည်။
“ ဒီတစ်ခေါက် ငါသေချာပေါက် အောင်မြင်လိမ့်မယ်”
“ ငါ့ရဲ့လက်ကျန်အမှတ်တွေ အားလုံးရင်းပြီး လောင်းထားရတာ.. ရွှေရောင်ငါးလောက်တော့ ရမှာပါ။ ဟုတ်တယ်မလား”
“ရွှေရောင်မဟုတ်ရင်တောင် ခရမ်းလောက်တော့ ထွက်ခဲ့ကွာ”
စိတ်လှုပ်ရှားနေသော အကြည့်ပေါင်းများစွာ၏ အောက်မှာပဲ လာဘ်ရေကန်က ဆုလာဘ်ကို ထုတ်ပြလိုက်ချိန်မှာ အရောင်စုံလာဘ်ငါး ထွက်ပေါ်လာခဲ့သည်။
“ နိုင်ပြီ၊ ငါနိုင်ပြီ”
ချက်ချင်းဆိုသလို လူတိုင်း၏အကြည့်က အရောင်စုံလာဘ်ငါး၏ ရောင်ဝါများ လွှမ်းမိုးခံလိုက်ရသော ရှောင်ရှစ်ယီအပေါ် ရောက်လာလေ၏။ ထိုအထဲမှာ.. မနာလိုမှု၊ ဒေါသ၊ လူသတ်အရိပ်အငွေ့ စသည်ဖြင့် အစုံပါဝင်နေကြသည်။
သူတို့အားလုံး မေးချင်နေကြသည်က..
..ဒီခွေးမသားက ဘယ်ကကောင်လဲ.. ဆိုတာပင်။
ရှောင်ရှစ်ယီကတော့ အကုန်လုံးကို လျစ်လျူရှုထားလိုက်ပြီး လက်ထဲရောက်လာသော အရောင်စုံလာဘ်ငါးကို တမြတ်တနိုး ပွတ်သပ်လိုက်သည်။
ဒီငါးနှင့် သူ့၏ဘဝကို ပြောင်းလဲပစ်တော့မည်။
အခုကစပြီး ရေခဲနတ်ဘုရားမ ယုစုကျန်းက သူ့ကို မြင်နိုင်တော့မည်။
ပတ်ဝန်းကျင်၏ မနာလိုနေသော မျက်လုံးတွေအောက်မှာပဲ ရှောင်ရှစ်ယီ စကားတစ်ခွန်းမပြောဘဲ အရောင်စုံလာဘ်ငါးကို.သတ်ကာ ဝါးမြိုပစ်လိုက်တော့သည်။
နောက်တစ်စက္ကန့်မှာ လာဘ်ရေကန်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မနာလို ဒေါသထွက်နေသော တပည့်တွေသာမက၊ ရှောင်ရှစ်ယီပင် အတွေးတွေ ရပ်တန့်ကုန်သည်။ အချိန်စက်ဝန်းတစ်ခုလုံး ရပ်သွားဟန်ရှိလေသည်။
ကောင်းကင်နှင့်မြေကြီးကြားက အလင်းရောင်တွေအောက်မှာ ပုံရိပ်တစ်ခု ထွက်လာတော့သည်.. ထိုပုံရိပ်က ဖေကံကောင်း ပင်။
“ ကြည့်ရတာ ငါချတဲ့ငါးစာက ငါးကြီးကြီး မိပြီပဲ”
ဖေကံကောင်းက ရှောင်ရှစ်ယီကို ကျေနပ်စွာကြည့်ပြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။ အရောင်စုံလာဘ်ငါး၏ ပေါများသော ချီစွမ်းအင်နှင့်ဆိုလျှင် သူ၏ပြဿနာကို ဖြေရှင်းနိုင်တော့မည်ပင်။
ထိုအတွေးကြောင့် သူလျှင်မြန်စွာပဲ ရှောင်ရှစ်ယီဆီကနေ ချီစွမ်းအင်ကို စုပ်ယူဖို့ ကြိုးစားလိုက်သည်။
မကြာခင်မှာပဲ သူမှင်သက်သွားတော့၏။
ရှောင်ရှစ်ယီ၏ ခန္ဓာကိုယ်ထဲကို နတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ချိန်မှာ ထိုကောင်လေး၏ အသက်ဓာတ်ပင် မကျန်တော့အောင် အရာအားလုံး ဗလာကျင်းနေတာကို မြင်တွေ့လိုက်ရလို့ပင်။
ထိုသူက သေဆုံးသွားခဲ့ချေပြီ။
“ ငါဖမ်းလိုက်တဲ့ငါးက ဘယ်မှာလဲ။ အရောင်စုံလာဘ်ငါးရော”
ဖေကံကောင်း၏ မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားသလို.. ရှောင်ရှစ်ယီ အလောင်းကို ကြည့်နေရင်းမှ သူ အလွန်ဒေါသထွက်လာပါတော့သည်။
ဖေကံကောင်း လက်ချိုး တွက်ချက်လိုက်ပြီးချိန်မှာ ဒေါသထွက်လွန်း၍ မနေနိုင်စွာ ခါးသက်သက် ရယ်မောလိုက်တော့၏။
“ ရဲတင်းလိုက်တဲ့ကောင်”
……
Ch 90
( အစောင့်အရှောက်နတ်ဘုရား)
ရှေးဦးသူတော်စင်ဂိုဏ်း၏ ကောင်းကင်ပြုပြင်တောင်ထွတ်တွင်..
ရှောင်ရှစ်ယီတစ်ယောက် အရောင်စုံလာဘ်ငါးကို ဝါးမြိုလိုက်သည်နှင့် ယုစုကျန်း စတင်လှုပ်ရှားလိုက်သည်။ သူမ၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းကို အသက်သွင်းလိုက်သည့်အခါ ရှောင်ရှစ်ယီ သေဆုံးသည်အထိ စုပ်ယူခံလိုက်ရတော့၏။
အရောင်စုံလာဘ်ငါး၏ အလွန်များပြားသော ချီစွမ်းအင်ကြောင့် ယုစုကျန်း၏ ကျင့်ကြံမှုက ညတွင်းချင်းပဲ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်လာခဲ့သည်။
ယုစုကျန်း၏ ကျင့်ကြံမှုက ခုန်တက်လာတာပင်။
အဖြစ်အပျက်တိုင်းက မြန်ဆန်လွန်း၍ ယုစုကျန်း မှင်သက်မိနေသည့်တိုင်အောင် သူမရင်ထဲမှာ ပျော်ရွှင်မှုလှိုင်းလုံးကြီးတစ်ခု ရှိနေခဲ့သည်။ ဒါကသူမ၏ အခွင့်အရေးများလား။
“ ငါ ကောင်းကင်ဘုံကို တက်လှမ်းခွင့်ရဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
သို့သော် နောက်တစ်စက္ကန့်မှာပဲ အလွန်ရင်းနီးသော စွမ်းအင်လှိုင်းတစ်ခုက သူမ၏ ဒျန်ထျန်မှတစ်ဆင့် ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပျံ့နှံ့သွားခဲ့သည်။ တစ်ဆတ်ထဲ ယုစုကျန်း မျက်နှာပျက်လေပြီ။
“ ဒါက ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်းသိုင်း လား”
သူမ အာရုံခံလိုက်ချိန်မှာ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်အထိ ထိုးတက်နေခဲ့သော သူမ၏ချီစွမ်းအင်များက အလွန်လျှင်မြန်သော နှုန်းထားဖြင့် ပြုတ်ကျကုန်တာကို မြင်လိုက်ရသည်။
ဒီခံစားချက်ကို သူမ အလွန်ရင်းနီးသည်။ ဒီနည်းလမ်းနဲ့ပဲ သူမ မရေမတွက်နိုင်သော တပည့်တွေကို စုပ်ယူခဲ့ဖူးသည်။ အခုမှပဲ သူမက တစ်စုံတစ်ယောက်၏ အသုံးချခံ ဖြစ်နေတာကို သိလိုက်ရတော့သည်။ သို့ပေမဲ့ ဘာလို့လဲ.. သူမကို ဘယ်သူ အကွက်ချစီစဥ်ခဲ့တာလဲ.. သူမက ဘာကြောင့် ဘာမှ မသိခဲ့ရတာလဲ။
သူမ၏ နှလုံးသားထဲမှာ အလွန်အားနည်းသော ခံစားချက်တစ်ခု ရောက်ရှိလာသည်။
ပျော်ရွှင်မှုလှိုင်းလုံးကြီးက ဝမ်းနည်းမှုအဖြစ် အသွင်ပြောင်းချိန်မှာ သူမမျက်နှာထက်က ကျေနပ်ခြင်းများနေရာတွင် အကြောက်တရားများ ဝင်ရောက်လာခဲ့သည်။ ဖြည်းဖြည်းချင်း သေသည်အထိ စုပ်ယူခံရမည့် အကြောင်းကို တွေးလိုက်မိပြီး ယုစုကျန်း မျက်နှာကြီး ရှုံ့မဲ့သွားကာ အော်ဟစ်ပါတော့သည်။
“ ခဏ.. ခဏနေပါအုံး”
သူမ စအော်လိုက်သည်နှင့် အရှိန်နှုန်းက နှစ်ဆ ဖြစ်သွားလေ၏။ နောက်တစ်စက္ကန့်မှာ ယုစုကျန်း၏ ချီစွမ်းအင်တွေသာမက.. ကျင့်ကြံမှုနှင့် ကံတရားတွေအားလုံး ပျောက်ကွယ်သွားလေသည်။
ချက်ချင်းဆိုသလို ယုစုကျန်း၏ ဂူအရှေ့မှာ ဝင်ပေါက်နှစ်ခု ပေါ်လာသည်။ ထိုဝင်ပေါက်မှ ပုံရိပ်နှစ်ခုထွက်လာပြီး သူတို့အကြည့်က ယုစုကျန်း၏ အလောင်းပေါ် ကျရောက်သွားသည်။
“ တစ်လှမ်းနောက်ကျသွားပြီ” ဖေကံကောင်း၏ လေသံက တည်ငြိမ်နေသေးပေမဲ့ အေးစက်နေသော မျက်လုံးအတွင်းမှာ ဒေါသရိပ်တွေ မြင်နိုင်ပါသည်။ နောက်တစ်စက္ကန့်မှာ သူက အနောက်က ကောင်းကင်ပြုပြင်တောင်ထွတ်သခင် ရှိရာဘက်ကို လှည့်လိုက်သည်။
“ ချန်ထိုက်ဟဲ မင်းကျုပ်နဲ့ ရန်ဖြစ်ချင်နေတာလား”
ရှေးဦးသူတော်စင်ဂိုဏ်းထဲက လူတိုင်းက ဖေကံကောင်း၏ အခြေအနေကို သိကြပါသည်။ ဖေကံကောင်း၏ ငါးစာကို ဖျက်ဆီးလိုက်တာက သူ၏သက်တမ်းကို တိုအောင်လုပ်လိုက်တာနှင့် အတူတူပဲ။ သေချာပေါက် ဖေကံကောင်း၏ ဒေါသတကြီး လက်တုံ့ပြန်မှုကို ကြုံတွေ့ရလိမ့်မည်။.
ထိုကြောင့် ဖေကံကောင်းနှင့် မတည့်ဆုံး လူသန်ကြီးပင် ရှောင်ရှစ်ယီကို မထိရဲခဲ့တာဖြစ်သည်။
ဖေကံကောင်း၏ အဆင့်အတန်းက သာမာန်မှမဟုတ်ပဲ။
သူသည် အရင်တုန်းကလို မဟုတ်တော့လျှင်တောင်မှ သာမာန် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ တစ်ဦး အလွယ်တကူ ရန်စနိုင်မှာမျိုး မဟုတ်ဘူး။
သို့ပေမဲ့ သူနှင့် ကတောက်ကဆ အနည်းငယ်သာ ရှိခဲ့ဖူးသော ချန်ထိုက်ဟဲက အခုလိုမျိုး ကံကြမ္မာကြိုးမျှင်ကို ဖုံးကွယ်ပြီး သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု ဖေကံကောင်း မမျှော်လင့်ထားခဲ့ပါချေ။
“ ညီနောင် ဖေကံကောင်း စိတ်အေးအေးထားပါ”
ဖေကံကောင်းနှင့် ယှဥ်လျှင် ချန်ထိုက်ဟဲက တော်တော်လေး တည်ငြိမ်သည်။
“ ဒီကိစ္စကို ကျူးလွန်ခဲ့တဲ့သူက ပန်းလုံသခင်ကြီးရဲ့အမွေအနှစ်ကို ခိုးယူခဲ့တဲ့ သူခိုးပဲ”
“ မင်းနဲ့ကျုပ်နဲ့ ချီစွမ်းအင်ကို ခြေရာခံပြီးလိုက်သွားရင် အရောင်စုံလာဘ်ငါးကို ပြန်ရနိုင်တယ်။ ဘာမှမရတာထက်စာရင် ဒါကပိုမကောင်းဘူးလား။ ဒါပေမဲ့ မင်းက ကျုပ်နဲ့ တိုက်ခိုက်ချင်သပဆိုရင်လဲ ကျုပ် စိတ်ထဲမထားပါဘူး”
ချန်ထိုက်ဟဲက ဖေကံကောင်းကို အဆုံးထိ ဆန့်ကျင်ဖို့ တွေးမထားခဲ့ချေ။
သူက လူသန်ကြီးထံက ကျေးဇူးကြွေးတင်တာကို ရချင်၍ ဖေကံကောင်း၏ ပိုင်ဆိုင်မှုတစ်ချို့ကို ဖျက်ဆီးလိုက်ရုံသာဖြစ်သည်။ ဖေကံကောင်းကို သေတဲ့အထိ တိုက်ခိုက်ဖို့ မလိုအပ်သေးဘူး။
အခုလို ကမ်းလှမ်းလိုက်လျှင် သူနှင့် ဖေကံကောင်းကြားက ပဋိပက္ခကို တစ်နည်း ဖြေရှင်းနိုင်သွားလိမ့်မည်။
သူတို့ကြားက ဆက်ဆံရေးကတော့ အရင်ထဲက ကောင်းတာမဟုတ်၍ စိတ်ပူဖို့ မလိုအပ်ပါချေ။ ထို့အပြင် ဖေကံကောင်းအရှေ့မှာ လူသန်ကြီးရှိနေသရွေ့ သူ့ကို အာရုံစိုက်နိုင်အုံးမှာ မဟုတ်ပေ။
အရာအားလုံးက သူ၏ အကြံအစည်အတွင်းမှာပဲ ရှိပါသေးသည်။
ချန်ထိုက်ဟဲ ပြုံးပြလိုက်ပြီး ချက်ချင်း လက်ချိုးရေတွက်လိုက်သည်။ လုယန်၏.တည်နေရာကိုတွေ့သည်နှင့် လေဟာနယ်ဝင်ပေါက်တစ်ခု ဖွင့်လှစ်လိုက်တော့သည်။
ဖေကံကောင်း အံတင်းတင်းကြိတ်လိုက်ပြီး အနောက်ကနေ လိုက်လာပါ၏။
ထိုအချိန်တွင် တစ္ဆေလျှို့ဝှက်နယ်မြေအတွင်း၌..
နယ်မြေအပြင်မှာရှိသော အလင်းတန်းတစ်ခုကို အာရုံခံမိသည်နှင့် လုယန် မျက်လုံးဖွင့်လိုက်သည်။ အနည်းငယ် ပျော်ရွှင်သွားသောမျက်နှာဖြင့် ရှေးဦးသူတော်စင်ဂိုဏ်းရှိရာဘက်ကိုပင် လှည့်ကြည့်လိုက်သေး၏။
“ သောက်ဘိုးတော်၊ တကယ်ငါ့ကို သစ္စာဖောက်တာပဲ”
လုယန် အသက်တစ်ချက် ရှုသွင်းလိုက်သည်။ တကယ်တော့ ဖေကံကောင်းနှင့် ကောင်းကင်ပြုပြင်တောင်ထွတ်သခင်တို့ နှစ်ယောက်လုံး သူ့အနောက်ကို လိုက်လာမည်လို့ လုယန် မျှော်လင့်ထားပြီးသားပင်။ ထိုအရာက သူလိုချင်သောအရာလည်း.ဖြစ်သည်ပဲ။
လုယန် မူလနတ်ချီမန္တာန်စာရွက်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဆွဲဖြုတ်လိုက်ပြီး အကာအကွယ်ကို ဖြည်ချလိုက်တော့သည်။ ထိုမန္တာန်စာရွက်၏အစွမ်းကို လျှို့ဝှက်နယ်မြေမှာ ထည့်သွင်းလိုက်သည်။
“ ဒီအချိန်မှတော့ ဘာမှ ဖုံးမနေတော့ဘူး။ ဒီအစား လျှို့ဝှက်နယ်မြေရဲ့ ကံတရားကမှ ဖုံးကွယ်ဖို့ လိုလိမ့်မယ်။ ဒါဆို ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က ဒီကိုရောက်လာပြီး ဒါကဘာနေရာမှန်းမသိဘဲ အတင်းအကျပ် ဖွင့်ဖို့လုပ်လိုက်တာနဲ့ အထဲက ရွှေအမြုတေဓားချီက သူ့ကို ကြိုဆိုပေးလိုက်မှာပေါ့”
လုယန်၏ မျက်လုံးထဲ အေးစက်မှုတစ်ချို့ ဖြတ်ပြေးသွားသည်။
“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ သိုင်းတွေက ရှေးဟောင်းကဝေဂိုဏ်းထက် အများကြီးသာတယ်၊ ဒီတော့ အဲ့ဘိုးတော်က အခြေခံတည်ထောင်ခြင်းပဲ ရှိနေသေးရင်တောင်မှ သူ့မှာ ရွှေအမြုတေအဆင့် အသက်ကယ်ရတနာတစ်ခုခု ရှိနေနိုင်သေးတယ်”
“... ဒီထဲက ဓားချီကြောင့် မသေသေးရင်တောင်”
“ ငါသာ အခြေခံတည်ထောင်ခြင်းအဆင့် အစောင့်အရှောက်နတ်ဘုရားကို ဖန်တီးနိုင်ပြီးတာနဲ့ ငါ့ရဲ့ နှစ်ဘဝရန်ငြိုးကို ပြန်ဆပ်ပေးလို့ ရသွားပြီ”
လုယန် အချိန်မဆွဲရဲတော့ပေ။
“ အခုပဲ အစောင့်အရှောက် နတ်ဘုရားကို သန့်စင်ရမယ်”
လုယန် ကောင်းကင်ဘုံလျှို့ဝှက်ချက်ခိုးယူခြင်းသိုင်းကို အသက်သွင်းလိုက်သည်နှင့် ယုစုကျန်း၏ ဖျော့တော့သော ဝိညာဥ်နှင့်အတူ အရောင်စုံလာဘ်ငါး၏ ပေါများသော အစွမ်းတွေပါ တစ်ခါထဲ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်မှာ လုယန်သည် ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ဖြည်ချလိုက်သည်။ တစ္ဆေပေါင်းများစွာ ဝင်ရောက်ထားမှုကြောင့် စာလိပ်က အမည်းရောင်အလင်းတစ်ချက် ထုတ်ပေးလာ၏။ ထိုဝိညာဥ်တွေထဲမှာ အရှင်ကိုးပါးထီးနန်းယူခြင်းသိုင်းကို ကျင့်ကြံထားသော အကြီးအကဲရှစ်ယောက်ပါ ရှိသည်။ လုယန် စာလိပ်ကို လှုတ်ယမ်းလိုက်သောအခါ ရွှမ်မင်ဖန်တီးထားသော တစ္ဆေခန်းမပါ အပြင်ထွက်လာ၏။
“ စကြာဝဋ္ဌာပေါင်းစည်းပြီး ပြန်မွေးဖွားခြင်းသိုင်း”
လုယန် မရပ်ဘဲ လက်ကွက်တစ်ခု ဖော်လိုက်သည်။ သူ၏စိတ်ဝိညာဥ်အစွမ်းတွေက လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယုစုကျန်းကို ဖမ်းဆုတ်ကာ စတင်သန့်စင်တော့သည်။
“အား”
ယုစုကျန်း၏ အော်ဟစ်သံတွေ ပျောက်ကွယ်သွားချိန်မှာ သူမ၏ပုံစံက စိတ်ဝိညာဥိအလင်းလုံးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ မကြာခင်မှာပဲ သူမ၏ ဝိညာဥ်က အသစ်ပြန်ဖွဲ့စည်းပြီးသွားသည်။
အသစ်စက်စက် ဝိညာဥ်က သူမနှင့် တစ်ပုံစံထဲ တူပေမဲ့ လုယန်၏ သန့်စင်မှုကြောင့် သူမ၏ မှတ်ဉာဏ်တွေပျောက်ကွယ်သွားပြီး ဗလာမျက်လုံးများဖြင့် ပြန်ကြည့်နေခဲ့သည်။
နဂိုဗလာကျင်းနေသော ခန္ဓာကိုယ်မှာ အလင်းတွေ ဝန်းရံလာခဲ့သည်။ မကြာခင်မှာပဲ သူမ၏ ခန္ဓာကိုယ်က ကြာပွင့်တစ်ပွင့်လိုမျိုး ဖြူဖွေးသော ဝတ်စုံကြားမှာ ထွက်ပေါ်လာခဲ့ပြီး လေပေါ်မှာ ဝဲနေ၏။
ပုံမှန်အားဖြင့် ဤအခြေအနေက သန့်စင်ပြီးပြီလို့ ပြောနိုင်ပါသည်။
သို့ပေမဲ့ လုယန် အနည်းငယ်.မသက်မသာ ခံစားနေရသည်။ သူက သူမကို အခြေခံတည်ထောင်ခြင်း အဆင့်အတန်းတစ်ခု ချီးမြှင့်ရတော့မှာပင်။ သူမသာ အရမ်းသန်မာသွားပြီး ထိန်းချုပ်မှုလွတ်ကင်းသွားလျှင် ဘယ်လိုလုပ်မည်နည်း။
သူ့အနေနှင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သည်။
သူ တစ်ရက်ကျမှ “စုကျန်းရာ..ငါတော့မှား ပါပြီ” လို့ မပြောချင်ပါချေ။ ဒါဆို အရမ်းကို ပေါတောတော နိုင်သွားမည်မလား။
ထို့ကြောင့် သူ မရပ်တန့်တော့ဘဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုတ်ယမ်းလိုက်ပြန်ကာ သူမကို အထဲပြန်သိမ်းလိုက်သည်။ တစ်ချိန်ထဲမှာ သူမ၏ခန္ဓာကိုယ်ပေါ်မှာ များစွာသော ကန့်သတ်ချက်မန္တာန်များ ထားလိုက်၏။ သူမသာ သစ္စာဖောက်ဖို့ တစ်ချက်တွေးမိတာနှင့် အလိုအလျောက် ပျက်ဆီးသွားပြီး သူကတော့ လုံးဝထိခိုက်မှာမဟုတ်ကြောင်းကို သေချာစွာ ကန့်သတ်ချက် သုံးဆင့်လောက်ကို အထပ်ထပ် ထားပြီးမှပဲ သူ စိတ်သက်သာသွားခဲ့သည်။
ထိုသို့ဖြင့် နောက်ထပ်အချိန်တစ်ခု ကုန်ဆုံးသွားခဲ့သည်။
လုယန် လက်ကွက်ဖော်လိုက်ချိန်မှာ သူမက မျက်လွှာပင့်ကြည့်လာသည်။ သူမ၏ မျက်လုံးထဲမှာအလင်းရောင်တွေ ဝင်ရောက်နေပြီး ပုံမှန်ပြန်လည်ပတ်သွားသော စက်ရုပ်တစ်ခုလို အသက်ဝင်လာသည်။
နောက်တစ်စက္ကန့်မှာ သူမက ဒူးထောက်ချလိုက်ပြီး နူးညံ့သောနဖူးကို မြေပြင်နှင့် ထိလိုက်ကာ၊ ချိုမြိန်စွာပြောလိုက်သည်။
“ ကျွန်တော်မျိုးမ သခင့်ကို အရိုအသေပေးပါတယ်”
လုယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။
“ မင်းက အရင်တုန်းက ဝိညာဥ်မဟုတ်တော့ဘူး။ အခုကစပြီး မင်းရဲ့နာမည်က စုနီ ပဲ”
ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ကန့်သတ်ချက်ရှိနေသော အစောင့်အရှောက် နတ်ဘုရားမ စုနီ၏အသက်သည် လုယန်၏ လက်ခုတ်ထဲက ရေဖြစ်လာခဲ့ပြီပင်။ သူမ သစ္စာဖောက်မှာကို လုယန် တွေးပူဖို့ မလိုအပ်တော့ပါချေ။
“.. မင်းရဲ့နေရာကိုပြန်သွားတော့”
လုယန်၏ အမိန့်ရသည်နှင့် စုနီက တစ္ဆေခန်းမ၏ ထိပ်ဆုံးခုံမှာ ဝင်ထိုင်လိုက်သည်။
လုယန် ချက်ချင်းပဲ အရောင်စုံလာဘ်ငါး၏ ချီစွမ်းအင်တွေကို တစ္ဆေခန်းမကို ပို့ပေးလိုက်တော့သည်။
အရောင်စုံလာဘ်ငါး၏ စွမ်းအင်နှင့် ကံတရားများက လျော့ရဲနေသော တစ္ဆေခန်းမကို သံကိုမီးနှင့်အပူပေးလိုက်သည့်နှယ်၊ ဖိအားပေး ပေါင်းစပ်ပစ်လိုက်တော့၏။
သို့ပေမဲ့ ထိုအချိန်မှာပဲ..
ဝုန်း
လုယန် ချက်ချင်း မော့ကြည့်လိုက်သည်။ သူ့အကြည့်က လျှို့ဝှက်နယ်မြေကို ကျော်လွန်ပြီး အရိုးတောင်ထိပ်မှာ ပွင့်သွားသော ဟင်းလင်းပြင်ဝင်ပေါက်တစ်ခုအပေါ် ကျရောက်သွား၏။
ချန်ထိုက်ဟဲနှင့် ဖေကံကောင်း ရောက်လာလေပြီ.. နောက်ဆုံးတော့ ရန်သူတော်တွေ ရောက်ရှိလာခဲ့ပြီ။