← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

Ch 85

(ခန္ဓာကိုယ်လုယူခြင်း)

တကယ်တော့ ထိုရုပ်ထုက သာမာန်အလှပြဖို့ ဖန်တီးထားခြင်းမဟုတ်ပေ။

ထိုရုပ်ထုက ဗလာတစ္ဆေဂိုဏ်း၏ အ​ခြေခံလို့ပြောလို့ရသည်။ အရိုးတောင်အောက်ခြေက ကမ္ဘာ့စွမ်းအင်ကြောနှင့် ထိစပ်နေသော လျှို့ဝှက်နယ်မြေ၏ ဗဟိုအကျဆုံး နေရာတစ်ခုပင်။

ထိုရုပ်ထုကို ဘိုးဘေးအသက်ရှိစဥ်က ဆောက်လုပ်ခဲ့ပြီး တစ္ဆေထိန်းချုပ်သူတွေကို ဆောက်လုပ်ခိုင်းကာ သာမာန်လူသားတွေကို အရင်းအမြစ်အဖြစ် အသုံးပြုခဲ့သည်။ ဘိုးဘေး အသက်သုံးရာပြည့်သည့်အတွက် သက်တမ်းစေ့လို့ သေဆုံးရချိန်မှသာ ရုပ်ထုဆောက်လို့ ပြီးမြှောက်ခဲ့လေသည်။ ထိုရုပ်ထုထဲမှာ မရေမတွက်နိုင်သော နတ်အစွမ်းတွေ ပါဝင်နေသောကြောင့် ဂိုဏ်း၏ နောက်ဆုံးဝှက်ဖဲတစ်ခု ​ဖြစ်လေကာ၊ လုံးဝမလိုအပ်ဘဲ အသုံးမပြုခဲ့ကြပေ။

သို့ပေမဲ့ အခုတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပြီ။

လုယန်သည် ရုပ်ထု၏ထိပ်မှာ ထိုင်နေလိုက်ပြီး ဖုန်းရွှေကိုကစားလိုက်ရင်း ရုပ်ထု၏တည်နေရာကို ပြောင်းရွှေ့လိုက်သည်။ ထိုသို့ဖြင့် သူကလျှို့ဝှက်နယ်မြေ၏ ဗဟိုနေရာကို ဝင်ယူလိုက်သည်။

သို့သော် လုယန် သေချာလုပ်ခဲ့တာတော့ မဟုတ်ပေ။ ထိုအရာက အဆင့်အတန်းကွာခြားမှုကြောင့် အလိုအလျောက်ဖြစ်လာသော ဖြစ်စဥ်တစ်ခုလို့ ပြောလို့ရနိုင်ပါသည်။

ငါးစိမ်းမြင်ငါးကင်ပစ်လိုက်သည့်နှယ် လျှို့ဝှက်နယ်မြေ၏ ဗဟိုနေရာက လုယန်ကို တွေ့တာနှင့် သူ၏မြင့်မား​သော အဆင့်အတန်းကြောင့် ငါးအိုကြီးကိုစွန့်ပစ်လိုက်တော့သည်။

“ ကျုပ်​ရောက်လာခဲ့ပြီ၊ ခင်ဗျား ဘယ်မလဲ”

လုယန်၏အသံထွက်လာသည်နှင့် ရွှေစင်ခန္ဓာထွက်ပေါ်လာပြီး ထိုပုံရိပ်က ပါးစပ်ဟကာ အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ချက်ချင်းပဲ လုယန်၏ စကားသံက လျှို့ဝှက်နယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

သေမျိုးတွေကတော့ အဆင်ပြေပါသည်.. သူတို့ကမခံနိုင်စွာ နားပိတ်လိုက်ကြပြီး ဘာဖြစ်လို့ဖြစ်မှန်းမသိ ရှုတ်ထွေးနေကြသည်။

သို့ပေမဲ့ အကြီးအကဲရှစ်ယောက်ကတော့ လုယန်၏အသံထဲက ဗုံးတစ်ခုလို ပေါက်ကွဲထွက်လာသော ဖိအားကိုခံစားလိုက်ရကာ လွတ်မြောက်အလင်းပင် မတည်မငြိမ်ဖြစ်လာပြီး အောက်ပြုတ်ကျမတတ် ဖြစ်သွားလေ၏။ လုယန်နှင့် သူ့အနောက်က ရွှေစင်ခန္ဓာကို ကြည့်လိုက်မိပြီး သူတို့မျက်နှာမှာ အကြောက်တရားတွေ ပြည့်နှက်သွားတော့သည်။

“ ဒီကောင်က မောက်မာလှချည်လား…ဘိုးဘေးကို မလေးမစားလုပ်ရဲတယ်”

“ ဒါပေမဲ့ အသံတစ်ချက်နဲ့တင် ကျုပ်တို့ကို ဒီလိုဖြစ်အောင် လုပ်သွားတာနော်အကို.. ဒီလူက ဘိုးဘေးလိုမျိုး တည်ရှိမှုတစ်ခု ဖြစ်နေမလား”

“ မဖြစ်နိုင်တာ”

ချက်ချင်းပဲ အကြီးအကဲရှစ်ယောက်လုံး မျက်နှာကြီးတွေ နီရဲသွားကာ မထိန်းနိုင်အောင် ပျက်ယွင်းသွားကြ၏။ သူတို့၏ လုယန်ကို ဖမ်းဆီးမည့်အစီအစဥ်က အလွန်မဖြစ်နိုင်သလို ခံစားလာရသည်..

သို့သော် မကြာခင်မှာပဲ သူတို့မျက်နှာက ပျော်ရွှင်မှုတွေ ပြည့်နှက်သွားပြန်သည်။

လုယန်၏ အော်ဟစ်သံကြောင့် အောက်ကရုပ်ထုသည် အနည်းငယ်တုန်ခါသွားခဲ့ပြီး ဝိညာဥ်တစ်ခုသည် အိပ်နေရာမှ နိုးလာသည့်နှယ် သက်ပြင်းချသံတစ်ခုဖြင့် ထွက်လာတာ မြင်လိုက်ရလို့ပင်။

“ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့တပည့်၊ မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ”

အသံဆုံးသည်နှင့် အေးစက်ဟန်ရသော လုယန်အောက်က ရုပ်ထု၏ မျက်ခုံးတန်းများ ပြေလျော့သွားကာ မျက်လုံးနှစ်ဖက်မှ စိတ်ဝိညာဥ်အလင်းတွေ ဖြာထွက်လာသည်။

အခြေခံတည်ထောင်ခြင်းဝိညာဥ် နိုးလေပြီ။

ယွင်ဘိုးဘေးလိုမျိုး အခြေခံတည်ထောင်ခြင်းဝိညာဥ်ဆိုပေမဲ့ ဒီတစ်ယောက်​က ပိုအင်အားကြီးဟန်ရှိသည်။

ချက်ချင်းပဲ ရုပ်ထုတစ်ခုလုံးက အလင်းတွေဖြာထွက်လာတာကို လုယန် မြင်လိုက်ရသည်။ ထို့နောက် ကမ္ဘာ့ချီစွမ်းအင်တွေကို စုပ်ယူပြီး ပုံရိပ်တစ်ခု စုဝေးလာသည်။ အမတအရောင်အဝါတွေ ပိုင်ဆိုင်ထားပြီး ငယ်ရွယ်သော ရုပ်ရှည်နှင့် ထိုသူက လုယန်ကိုမြင်သည်နှင့် ရယ်မောကာ စကားစလိုက်သည်။

“ စိတ်ဝင်စားစရာပဲ။ မိတ်ဆွေရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဘယ်မှာလဲ။ မင်းက ဝိညာဥ်တစ်ကောင်ပဲလား”

“ ဒီလိုမြင်ကွင်းမျိုးနဲ့ ဟာသဖြစ်စေရတာ စိတ်မကောင်းပါဘူး”

လုယန် ခပ်ဖွဖွပြုံးပြလိုက်ပြီး တည့်တည့်စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

“ ဒါပေမဲ့ သခင်ကြီးကကော ဘာထူးနေလို့လဲ။ ဒါငါးကြိမ်မြောက်မွေးဖွားခြင်း အခြေအနေမှာမလား”

ထိုသူက ရှေးဟောင်းကဝေဂိုဏ်း၏ လက်ကျန်သခင်ကြီးတစ်ယောက်ဆိုတာ လုယန် သေချာပါသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကနေ အခုချိန်အထိ ရှင်သန်နေနိုင်ဖို့ဆိုလျှင် သေချာပေါက် လေးကြိမ်ပြန်မွေးဖွားပြီးပြီ ဖြစ်ရမည်။ သေချာပေါက် ကြောက်စရာမရှိပါချေ။

“ ကျုပ်ကရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်ဆိုတာ သခင်ကြီးဘယ်လိုသိလဲ”

ထိုသူက ခပ်ဖွဖွ ခေါင်းယမ်းရင်း ဖြေလာ၏။

“ မင်း အစောပိုင်းက လှုပ်ရှားလိုက်တာ ကျုပ်ဂိုဏ်းထဲက လူတွေအကုန် ပြောင်လုနီးပါးပဲ။ အဲ့လိုသောက်ရူးအကွက်တွေက ရှေးဟောင်းသူတော်စင်ဂိုဏ်း အပြင် မရှိနိုင်ဘူး”

ထို့နောက် ထိုသူက ရယ်မောလိုက်ပြန်သည်။

“ တကယ်ကို ရှေးဦးသူတော်စင်ဂိုဏ်းသားပဲ”

လုယန်, “....”

အချိန်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် လုယန် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

“ ခင်ဗျားကျုပ်ကို ခေါ်တာ ဘာကိစ္စလဲ”

“ ဒီနေရာကလွတ်မြောက်ပြီး ရှေးဟောင်းကဝေဂိုဏ်းကို ပြန်တည်ထောင်ဖို့ပဲ”

“ ဒါကြောင့် ငါမင်းဆီက ငှားချင်တာရှိတယ်။ မင်းမငြင်းဘူးလို့ မျှော်လင့်ပါတယ်”

“ ဟုတ်လား” လုယန် စိုက်ကြည့်လိုက်ကာ

“ ခင်ဗျားက ဘာငှားချင်တာလဲ”

လုယန်၏ စကားကြောင့် ထိုသူက ပြန်ကြည့်လာသည်။ ထိုသူ၏မျက်နှာက တဖြည်းဖြည်း ကြောက်စရာကောင်းလာကာ သားကောင်ကိုကြည့်နေသော သားရဲတစ်ကောင်လိုမျိုး မျက်လုံးထဲမှာ စူးရှရှ အလင်းတွေဝင်ရောက်လာသည်။

လုယန်ကလည်း မကြောက်ဘဲ တည့်တည့်ပြန်ကြည့်ပေးလိုက်သည်။

“ မင်းနားလည်ပါတယ် ဟုတ်တယ်မလား။ ငါက မင်းတို့ရဲ့ရှေးဦးသူတော်စင်ဂိုဏ်းကို အသုံးချပြီး အထဲက ရွှေအမြုတေဓားချီကို ဖြေရှင်းဖို့လုပ်နေတာပဲ။ ဒါကြောင့် ရှေးဦးသူတော်စင်ဂိုဏ်းသားဖြစ်ကြောင်း အထောက်အထားတစ်ခု ငါလိုတယ်”

ထိုသူက သွားဖွေးဖွေးတွေ ပေါ်သည်အထိ အေးစက်စက် ပြုံးပြလိုက်သည်။

“ ငါတို့က ဝိညာဥ်တွေအကြောင်းကို အများကြီးလေ့လာခဲ့တဲ့အတွက် ဝိညာဥ်ကို ထိန်းချုပ်ပြီးခိုင်းစေတဲ့ နေရာမှာကော၊ ပြန်မွေးဖွားတဲ့နေရာမှာကော ဉာဏ်အလင်းပွင့်ခဲ့တယ်။ ငါက လေးကြိမ်မြောက်မွေးဖွားပြီးပြီ။ ငါ့ရဲ့ငါးကြိမ်မြှောက်က အရင်လို အခြေခံတည်ထောင်ခြင်းအတွက် အခွင့်အလမ်းတွေ လွယ်လွယ် ရစေနိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ငါမလိုအပ်ပဲ မမွေးဖွားချင်ဘူး”

“ မင်းသာ မင်းရဲ့ခန္ဓာကိုယ်ကို ငှားဖို့ စိတ်ကူးရှိရင်ပေါ့”

“ မင်းရဲ့ခန္ဓာကိုယ်ကို ယူလိုက်ရင် အခြေခံတည်ထောင်ခြင်းအတွက် ငါ ကံတရားတွေ စုဝေးလို့ရပြီ။ မင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေရှိတယ်”

ထိုသူက တည်ငြိမ်သောလေသံဖြင့် ပေါ့ပါးစွာ ပြောသွားခဲ့သည်။

“ ခင်ဗျားက ကျုပ်ကို ဝင်ပူးချင်တယ်ပေါ့လေ” လုယန် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

“ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ရွှေအမြုတေ ဓားချီကြောင့် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေ အများကြီးသေသွားချိန်မှာ ငါတစ်ယောက်ပဲ ရှင်သန်နိုင်ခဲ့တာ ဘာလို့လို့ မင်းထင်လဲ”

ဘိုးဘေးက အတွေ့အကြုံရှိဖူးပြီးသားပင်။ သူသည် အရင်တုန်းက သေမျိုးတစ်ယောက်၏ ခန္ဓာကိုယ်ထဲကို ယာယီပြောင်းရွှေ့နေထိုင်လိုက်ပြီး ထိုသူ၏ ကံကြမ္မာဖြင့် သူ့ကိုယ်သူ ဖုံးကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ရွှေအမြုတေဓားချီထံမှ လွတ်မြောက်ပြီး တစ်ဦးတည်းရှင်သန်ခဲ့တာပင်။

“ ဒါဆို ခင်ဗျားက ကျုပ်ကိုပစ်မှတ် ထားလိုက်တာပေါ့”

“ ငါမင်းကို ကျေးဇူးတင်ရမှာ” ဘိုးဘေးက ရယ်မောလိုက်သည်။

“ င့ါအချိန်ကုန်နေပြီ။ မင်းသာ ပေါ်မလာရင် ငါအကြာကြီးနေနိုင်တော့မှာ မဟုတ်ဘူး”

လုယန် မျက်နှာကိုမဲ့လိုက်သည်။

“ ခင်ဗျား ကျုပ်ကို ဝင်ပူးနိုင်မယ်ထင်လို့လား”

“ ဘဝမှာ လောင်းကစားဆိုတာ ရှောင်လွှဲလို့မရဘူး။ ငါ့ရဲ့ရှေးဟောင်းကဝေဂိုဏ်းကို ဒီပုံစံအတိုင်း ပျောက်ကွယ်ခွင့် မပြုပေးနိုင်ဘူး။ ငါသေချာပေါက် ဘာကိုပဲ ပေးဆပ်ရပေးဆပ်ရ၊ အကုန်လုပ်မှာပဲ”

ဘိုးဘေးက ထိုသို့ပြောလိုက်ပေမဲ့ သူ၏ပုံစံက အလွန်ယုံကြည်ချက်ရှိနေကာ၊ လုယန်က သူ့ပြိုင်ဘက်ဖြစ်မလာနိုင်ဘူးလို့ သတ်မှတ်ထားဟန်ရှိသည်။ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်အတွက် အတွေ့အကြုံများနေလို့ ဖြစ်ပေမည်။

မည်သို့ပင်ဆိုစေ ဤအခိုက်အတန့်မှာ လုယန် တော်တော်လေး အခက်တွေ့သလို ခံစားနေရသည်။

သို့ပေမဲ့ သူ့ခေါင်းထဲမှာ မေးခွန်းတစ်ခု ရှိနေဆဲပင်။

အကယ်လို့ ဝင်ပူးရုံတစ်ခုပဲဆိုလျှင် ရွှေအမြုတေဓားချီက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဘာကြောင့် သတ်ဖြတ်ရမှာလဲ။ သူ မသိသေးသော နောက်ထပ် အရေးကြီးအချက်တစ်ခု ရှိနေရအုံးမည်။

သေချာပေါက် ဘိုးဘေးက သူ့ကို မပြောပြနိုင်ပါချေ။

ပြောပြလာလျှင်တောင်မှ သူလည်း မယုံရဲဘူး။ အခုတောင် ထိုသူပြောသွားသော စကားတွေထဲက သုံးပုံတစ်ပုံကိုပဲ ယုံရဲတာဖြစ်သည်။ မတော်လို့ သူ့ကို လှည့်ဖျားသွားလျှင် ဘယ်လိုလုပ်မည်နည်း။

“ ကြည့်ရတာ ခင်ဗျားကိုအရင်ဖမ်းပြီး ကျုပ်သိချင်တာကို ရှာရတော့မဲ့ပုံပဲ”

လုယန် မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ရုတ်ချည်း​ပျောက်ကွယ်သွားခဲ့သည်။ သို့ပေမဲ့ သူ့အနောက်က ရွှေစင်ခန္ဓာက ပိုပြီးရှင်းလင်းလာရင်း လက်နှစ်ဖက်ကို ပူးယှက်လိုက်သည်။

ဝုန်း

ချက်ချင်းဆိုသလို ဘိုးဘေး၏ အမြင်အာရုံထဲ ရွှေရောင်အလင်းတွေသာ ဖုံးလွှမ်းသွားသည်။ လုယန်၏ လက်ဖဝါးနှစ်ဖက်ကြားမှာ အညှပ်ခံရတော့မည်မှန်း သူချက်ချင်း နားလည်လိုက်တော့သည်။

သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ အလွန်ပြင်းထန်သော အဖြူရောင်အလင်းတစ်ခုက လက်ဝါးကြားကနေ အပြင်ကို ပေါက်ထွက်လာသည်။

ထို့နောက် ထိုအဖြူရောင်အလင်းတွေကို အလယ်မှာ ထည့်ထားသော တိမ်မည်းတွေက ကောင်းကင်ယံကို လှိုက်တက်လာခဲ့ပြီး တိမ်မည်းတွေကြားမှာ အလွန်ခမ်းနားသော နန်းတော်တစ်ခု ထွက်ပေါ်လာသည်။ ထိပ်တည့်တည့်မှာ အလွန်ထင်ရှားစွာ ရေးသားထားသည်က..

“ တစ္ဆေခန်းမ”

နန်းတော်၏ ကျောက်စိမ်းတံခါးချပ်ကြီး ပွင့်သွားသောအခါမှာ အလယ်တည့်တည့်၌ တရားထိုင်နေသော ဘိုးဘေးကို မြင်လိုက်ရသည်။ ထိုသူက ဗုဒ္ဓပုံရိပ်တစ်ခုကို အနောက်မှာ တစ်ခါထဲ စုဝေးထားကာ ဘယ်လက်မှာ လူခေါင်းပုံပါဝင်သော စာလိပ်တစ်ခုနှင့်ညာလက်မှာ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။

တကယ်တော့ ထိုသူက.. ရှေးဟောင်းကဝေဂိုဏ်း၏ ထိပ်သီးအကြီးအကဲ အရှင် ရွှမ်မင် ပဲ ဖြစ်လေသည်။

“ အခြေခံတည်ထောင်ခြင်းကို ရောက်လာရင် အဆင့်အတန်းဆိုတာ အလိုလိုရလာတဲ့အရာပဲ။ ကြွားနေစရာကို မဟုတ်တာ”

အသံဆုံးသည်နှင့် ချီစွမ်းအင်တွေ အရှေ့ပြေးထွက်လာခဲ့သည်။

ဘုန်း

နောက်တစ်စက္ကန့်မှာ ထိုသူ၏ အဆင့်အတန်းက လုယန်နှင့် အတူတူ ဖြစ်သွားကာ၊ ပြင်းထန်နေသော စွမ်းအင်လှိုင်းနှစ်ခုက အချင်းချင်း မာန်ဖီကြတော့၏။

ဗလာတစ္ဆေဂိုဏ်း၏ အကြီးအကဲရှစ်ယောက် ခဗျာ တုံ့ပြန်ချိန်တောင် မရလိုက်ပေ။

စွမ်းအင်နှစ်ခု၏ ရိုက်ခတ်မှုက မကောင်းဆိုးဝါးတစ်ကောင်လို အရှိန်အဟုန်ကြီးဖြင့် ဆူနာမီလှိုင်းလုံးကြီးတွေလို လွင့်စင်လာရာ၊ ထိုသူတွေအားလုံး အနောက်ကို လွင့်သွားပြီး သွေးအန်ကုန်ကြသည်။

ထိုအချိန်မှာ ဘိုးဘေး၏ မျက်ခုံးစပ်ကြားက အလင်းက ပိုမိုတောက်ပလာလေ၏။

“ ဒီအချိန်မှာ သေမလားအနိုင်ယူမလားပဲ ရှိတယ်”

ဘိုးဘေး၏.အသံက တိုးဖျော့နေသော်လည်း စိတ်ပိုင်းဖြတ်မှုများဖြင့် တည်ငြိမ်နေခဲ့သည်။

ထိုဆန်းကြယ်သော အခြေခံတည်ထောင်ခြင်းအဆင့်ဘိုးဘေးက လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် ကောင်းကင်၏ ကံကြမ္မာမှ လွတ်မြောက်နိုင်ခဲ့ကာ၊ လူသားတစ်ဦး၏ ကိုယ်တွင်းမှာ ပုန်းခိုရင်း နေထိုင်ခဲ့ဖူးသည်။

သို့ပေမဲ့ အခုတော့ ထိုသူက ဆက်လက်မဖုံးကွယ်တော့ပဲ သူ့၏ အဆင့်အတန်းအစစ်အမှန်ကို ပြန်ယူလိုက်လေ၏။ သရုပ်မှန်နှင့်အ​တူ တွဲပါနေသော ကံတရားကပါ ရှင်းရှင်းလင်းလင်းကြီး ​ရောက်ရှိလာပါတော့သည်။

ချွမ် ချွမ်

လျှို့ဝှက်နယ်မြေ၏ ကောင်းကင်ယံမှာ ပျောက်ကွယ်နေသော ဓားချီထံမှ တစ်စုံတစ်ခုကို တုံ့ပြန်လိုက်သည့်နှယ် ထွက်ပေါ်လာသော တိုးဖျော့ဖျော့ မြည်သံကို အကုန်ကြားလိုက်ရတော့၏။

…….

Ch 86

( ရှေးဟောင်းကဝေဂိုဏ်းရဲ့ နောက်ဆုံးခေါင်းဆောင်)

ရွှမ်မင်၏ အရှိန်အဝါက အလွန်ပြင်းထန်နေသော်လည်း၊ လုယန်က အများကြီး တုန်လှုပ်မသွားပါချေ။ ထိုသူ၏ အခြေအ​နေက သူနှင့်အများကြီး မကွာခြားတာ လုယန် နားလည်နေလို့ပင်။

အခုချိန်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိတော့သောကြောင့် နတ်စွမ်းရည်ဖြင့်သာ တိုက်ခိုက်နိုင်သည်။ ကိုယ့်ထက် အဆင့်နိမ့်သော သူကို အဆင့်အတန်းအားကိုးဖြင့် အနိုင်ယူခြင်းက ပြဿနာမရှိပေမဲ့ အခုလို လယ်ဗယ်တူ ရန်သူတစ်ယောက်အရှေ့မှာ လုယန်၏ အားနည်းချက်က ရှင်းရှင်းလင်းလင်းကြီး ထွက်ပေါ်လာတော့သည်။

လက်ရှိ လုယန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က သေပြီးအသွင်ပြောင်းနေရသောကြောင့် ရွှမ်မင်နှင့် လက်ရည်တူဖြစ်နေရသည်။

သို့ပေမဲ့ လုယန်က ဒီအထိ လာရဲမှတော့ သေချာပေါက် ဝှက်ဖဲတစ်ခု ရှိနေလို့ပင်။

“ ဘုံကိုးဆင့်နတ်ဆိုးမိုးကြိုး”

ရွှမ်မင်က အေးစက်သော မျက်နှာထားဖြင့် လက်ဟန်တစ်ခု ဖန်တီးလိုက်သည်။ လေဟာနယ်ထဲက မိုးကြိုးတွေစုဝေးလာပြီး လုယန်၏အပေါ်တည့်တည့်ကို ပစ်ချလိုက်လေ၏။

သို့ပေမဲ့ လုယန်မခုခံခဲ့ပေ။ ထိုအစား သွေးလွှမ်းမိုးအစီအမံကို အသက်သွင်းပြီး မိုးကြိုးသွားအားလုံးကို ခြေထောက်အောက်မှာ စုဝေးလိုက်သည်။.တစ်ချိန်ထဲမှာ နဖူးစပ်ရှိ ဓားဆေးလုံးကို မိုင်ပေါင်းများစွာ ပျံသွားစေလိုက်သည်။ ထိုနေရာမှာ ဓားအလင်းတစ်ခု ဖန်တီးလိုက်ပြီး နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို အသုံးပြုရင်း ထိုနေရာကို တယ်လီပို့လိုက်သည်။

ဝုန်း ဒုန်း

နောက်တစ်စက္ကန့်မှာ ဒေါသတကြီး ပစ်ချလိုက်သော မိုးကြိုးတွေက ဥပဒေမြို့ပေါ် ကျရောက်သွားပြီး သွေးအိုင်တွေကြားက အလောင်းများစွာကို လုယန် အနောက်လှည့်ကြည့်လိုက်သည်။

သို့ပေမဲ့ အလောင်းတွေထဲက ဝိညာဥ်တစ်ကောင်တောင်မှ ​မထွက်ပေါ်ခဲ့ပေ.. ထိုသူတွေခဗျာ ဝိညာဥ်ပါပြိုကွဲပြီး သေဆုံးသွားခဲ့သည်။

“ ဝိညာဥ်ကိုတိုက်ခိုက်တဲ့ မိုးကြိုးပဲ”

လုယန် မျက်လုံးတွေ ကျဥ်းမြှောင်းသွား၏။ မိုးကြိုးသွားဆိုတာ ယန်စွမ်းအင်ဓာတ်ကို အခြေခံသော ခိုင်မာသည့်တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ သို့ပေမဲ့ ပြင်းထန်သော ဖိအားအောက်မှာ နူးညံ့သောယင်စွမ်းအင်ကို အခြေပြုပြီး မိုးကြိုးသွားကို ဖန်တီးလို့ရသည်.. ယန်မိုးကြိုးက လူတစ်ဦး၏ အပေါ်ယံအခွံမာကို ထိခိုက်စေချိန်မှာ ယင်မိုးကြိုးက ဝိညာဥ်ကို တိုက်ခိုက်နိုင်သည်။

ထိုသူ အသုံးပြုသွားသော ဘုံကိုးဆင့်နတ်ဆိုးမိုးကြိုးက ဝိညာဥ်ကို ထိခိုက်စေနိုင်သော အစွမ်းရှိသည်။ ထိုသူက သေချာပေါက် သူ့အကြောင်းကို နားလည်ပြီး တိုက်ခိုက်လိုက်တာပင်။ သူသာ ထိုမိုးကြိုးချက် မိသွားပါက၊ နေရာမှာတင် ပြာဖြစ်သွားလိမ့်မည်။

လုယန် ချက်ချင်းပဲ ဓားအလင်းတွေကို ပတ်ပတ်လည်မှာ ဖြန့်ကျက်ပစ်လိုက်တော့သည်။

“ ဓားသိုင်းလား”

ရွှမ်မင်က မျက်နှာကိုမဲ့ကာ ဆက်ပြောသည်။

“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ နတ်ဓားထိန်းချုပ်ခြင်းသိုင်းက အမြန်ဆုံးနေရာကူးပြောင်းသိုင်းဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒီလောက်နာမည်ကြီးတဲ့ သိုင်းအတွက် တန်ပြန်တိုက်ကွက်ဆိုတာ သေချာပေါက် ရှိပြီးသားပဲ ကောင်လေး”

“ ငါ့ရဲ့ ရှေးဟောင်းကဝေဂိုဏ်းနဲ့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနဲ့ ဒီလောက် တိုက်ခိုက်ခဲ့တာ၊ သူတို့ရဲ့ သိုင်းကို နားမလည်ပဲ နေမလား”

“ ပြီး မင်းပုံစံက ကျွမ်းကျွမ်းကျင်ကျင်လဲ မရှိဘူး။ နှစ်ကိုယ်တွဲကျင့်ကြံပြီး မတရားယူထားတဲ့သိုင်းမလား။ အဲ့လို မဖြစ်စလောက် အကွက်နဲ့ ငါ့ရှေ့ကြွားလုံးထုတ်ပြရဲသေးတယ်”

ထိုသူက ပြောပြီးသည်နှင့် အပေါ်ကို လက်ညိုးထိုးလိုက်သည်။

လက်ချောင်းထိပ်မှ အရင်းပြုပြီး ထွက်ပေါ်လာသော အနက်ရောင်အလင်း ပျောက်များက လုယန်၏ ဓားအလင်းများထက် အရေအတွက် မနည်းပေ။ သေချာကြည့်လိုက်လျှင် ထိုအနက်ရောင် အလင်းတစ်ခုချင်းဆီက တစ္ဆေတစ်ကောင် ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

လုယန် ဓားအလင်းကို အသုံးပြုပြီး တိုက်ပွဲနေရာက ပျောက်ကွယ်သွားသည်နှင့် ရွှမ်မင်လဲ တစ်ချိန်ထဲမှာ ပျောက်ကွယ်သွားသည်။

နောက်ထပ်ဓားအလင်းတစ်ခုမှာ လုယန် ပြန်ထွက်ပေါ်လာသည်နှင့် အနီးရှိ အနက်ရောင်အလင်းက ရွှမ်မင်အဖြစ် ပြောင်းလဲသွားတာကို မြင်လို​က်ရလေ၏။

ဝုန်း

နောက်တစ်စက္ကန့်မှာ ယင်မိုးကြိုး ပစ်ချလိုက်သည်။ လုယန်တစ်ယောက် လက်ထဲက ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အသည်းအသန် လှုတ်ယမ်းပြီး မိုးကြိုးငါးသွယ်မန္တာန်စာရွက် ထောင်ချီကို ဖော်ထုတ်လိုက်ရ၏။ ထိုမိုးကြိုးတွေထံမှ အသွင်ပြောင်းထွက်ပေါ်လာသော ယန်မိုးကြိုးများစွာ​က ယင်မိုးကြိုးတွေကို လမ်းတစ်ဝက်မှာ ခုခံလိုက်ကြသည်။

“ မန္တာန်စာရွက်လား”

ထိုမြင်ကွင်းကြောင့် ရွှမ်မင် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း၊ မကြာခင်မှာ ပြေလျော့သွားသည်။

“ မင်းမှာ ဘယ်လောက်ရှိနိုင်မှာလဲ။ အလကားပါကွာ..”

သို့သော် နော​က်တစ်စက္ကန့်မှာ တစ်ခုချင်းထွက်ပေါ်လာသော မန္တာန်စာရွက်များက ကောင်းကင်အနှံ့ အပြည့်ဖြစ်သွားသောကြောင့် ရွှမ်မင်တစ်ယောက် ပြောနေတာပင် ရပ်သွားတော့သည်။

လုယန်သည် အတိတ်ဘဝမှာတုန်းက အစီအမံပညာရပ်နှင့်မန္တာန်ပညာရပ်ကို အဆင့်ခုနှစ်အထိ လေ့လာခဲ့ပြီးသားပင်။ ထို့အပြင် အားယားနေသော ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲက ဝိညာဥ်များကြောင့် မန္တာန်စာရွက်တွေက သူ့လက်ထဲမှာ အစုအဝေးတစ်ခုအထိ ရှိနေပြီးသားဖြစ်သည်။ သူ့အနေနှင့် မိုင်တစ်ရာအတွင်းက ကောင်းကင်နှင့်မြေကြီးအစွမ်းကို အငှားယူသုံးနိုင်သည်အထိ မန္တာန်စာရွက်တွေဖြင့် ကြမ်းပြနိုင်သည်ပင်။

ထိုမျှမကသေး.. ဥပဒေမဲ့မြို့ ပတ်ပတ်လည်မှာ အစီအမံတွေ တစ်ခုပြီးတစ်ခု အသက်ဝင်လာခဲ့သည်။

အချိန်တစ်ခုကြာသည်အထိ နေရာစုံမှ ထွက်ပေါ်နေသော အလင်းတန်းတွေ.. မီးတောက်တွေက.. အစီအမံကြီးတစ်ခုလို ဖြစ်သွားပြီး ရွှမ်မင်ကို အလယ်တည့်တည့်မှာ ပိတ်ထားလိုက်သည်။

“ ကျုပ်ဒီကို မပြင်ဆင်ဘဲ ရောက်လာမယ်လို့ ထင်နေသလား”

ထိုဘိုးဘေးဆိုသူနှင့် ရင်ဆိုင်ဖို့အတွက် လုယန် ကြိုပြင်ဆင်ထားတာပင်။ မြို့ထဲကို မဝင်ခင်မှာ ပတ်ပတ်လည်တွင် အစီအမံအသေးလေးတွေဖြင့် အစီအမံကြီးတစ်ခုကို ဖန်တီးထားခဲ့သည်။ အခု အစီအမံအသက်ဝင်လာသည့်အတွက် သူ့မှာ ကမ္ဘာတစ်ခုလုံးကို လှုပ်ယမ်းနိုင်သည့် အစွမ်းတွေ ရောက်လာပြီဖြစ်သည်။

အတိတ်မှာတုန်းက လုယန် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ရန်သူကို ရင်ဆိုင်ချိန်တွင် အဆင့်ကိုးသွေးလွှမ်းမိုး အစီအမံတစ်ခုကိုသာ အသုံးပြုခဲ့ရသည်။ ထိုတုန်းကတောင်မှ သူအများကြီး အကူအညီဖြစ်ခဲ့သည်။

အစီအမံ၏အရေးပါပုံကို ရွှမ်မင်လဲ ကောင်းကောင်းသိသည်ပင်။ ချက်ချင်း မျက်နှာပျက်သွားပြီး လက်ဟန်ဖန်တီးရင်း အစီအမံပိုင်နက်ထဲက ထွက်ပြေးနိုင်ဖို့ ကြိုးစားတော့သည်။

“ ဟမ့် ပြေးချင်တယ်လား”

ထိုအချိန်မှာ လုယန် လက်တစ်ဖက်ယမ်းလိုက်သည့်အတွက် အစောပိုင်းက ဓားအလင်းများစွာက စတင်တိုက်ခိုက်လိုက်ကြသည်။.အစောပိုင်းက လုယန်၏ ထွက်ပြေးနိုင်စွမ်းကို လျှော့ချနိုင်ရန် ရွှမ်မင် အသုံးပြုခဲ့သော အနက်ရောင်တစ္ဆေငယ်များစွာကို လုယန်၏ ဓားအလင်းတွေက တစ်စက္ကန့်အတွင်းမှာ ဖြေရှင်းလိုက်သောကြောင့် ရွှမ်မင်တစ်ယောက် မပြေးနိုင်တော့ဘဲ ခြေချုပ်မိသွားတော့သည်။ အစီအမံအလယ်ကနေ ခါးသက်စွာပဲ ကြည့်နေနိုင်ခဲ့သည်။

လုယန် အေးစက်စက်ပြုံးလိုက်ပြီး လက်ဟန်တစ်ခု ထပ်ဖန်တီးလိုက်တော့၏။

ချက်ချင်းဆိုသလို အစီအမံက တစ်ချက်တုန်ခါသွားပြီး မရေမတွက်နိုင်သော မန္တာန်စာရွက်တွေ ထွက်ပေါ်လာသည်။ လေ၊ ရေ၊ မီး၊ မိုးကြိုး.. ဓာတ်လေးပါး၏ တိုက်ခိုက်မှုတိုင်းက အလယ်က ရွှမ်မင်ရှိရာကိုသာ ဦးတည်လေတော့၏။

သာမာန်အစီအမံတစ်ခုသာဆိုလျှင် ရွှမ်မင် အခုလောက် အထိနာမှာမဟုတ်ပေ။ သို့ပေမဲ့ လုယန်က အစီအမံကို ကိုယ်တိုင်ထိန်းချုပ်နေပြီး..မြင့်မားသော အဆင့်အတန်းပါ ရှိနေလေရာ၊ ရွှမ်မင် အခွင့်မသာနိုင်ခဲ့ချေ။ လေ၊ရေ၊မီး၊ မိုးကြိုးတို့ ပျောက်ကွယ်သွားချိန်မှာ ရွှမ်မင်၏ပုံရိပ်ပြန်ထွက်ပေါ်လာလိမ့်မည်။ သို့ပေမဲ့ အခေါ​က်တိုင်းမှာ သူ့ဝိညာဥ်၏ အလင်းက သိသာစွာ လျော့နည်းသွားခဲ့သည်။

“ ကောင်းတယ်..ဟဟ ကောင်းပြီလေ”

ရွှမ်မင် ဆံပင်တွေဖွာလန်ကြဲနေခဲ့သလို.. မျက်လုံးတွေကလည်း ရေခဲမှတ်ကို ရောက်နေသလိုမျိုး ​အေးစက်နေတော့သည်။

“ငါ ဒီအခြေအနေကို ထုတ်မသုံးချင်ပေမဲ့ ငါ့မှာ ရွေးစရာမရှိတော့ဘူးပဲ”

အသံဆုံးသည်နှင့် ထိုသူ၏ အရှိန်အဝါက ရုတ်ချည်းပြောင်းလဲသွားသည်။

သူ၏အမိန့်တစ်ချက်နှင့် အနောက်က တစ္ဆေခန်းမက ကြီးမားသွားပြီး ပိုမိုစစ်မှန်လာကာ အလယ်က ထိုင်ခုံကြီး၏ ဘေးမှာ ထိုင်ခုံငယ်ရှစ်ခု ထွက်ပေါ်လာသည်။

“ ကိုယ့်နေရာကိုယ် ပြန်လာကြစမ်း”

မကောင်းဆိုးဝါးဆန်လှသော အသံတစ်ခုက ဦးတည်ရာအနှံ့ကို ပျံ့နှံ့သွားသည်။ အဝေးကို ရောက်နေနှင့်ပြီးသော သွေးနီရောင်အလင်းတန်းရှစ်ခုလုံး ချက်ချင်းပဲ အစီအမံထဲကို အထိန်းအကွတ်မဲ့စွာ ပြေးဝင်လာတော့သည်။

ထိုအလင်းတန်းတွေကြားထဲမှာ အလွန်ကြောက်လန့်နေသော မျက်နှာထားများဖြင့် အကြီးအကဲရှစ်ယောက်ကို မြင်တွေ့ရပေလိမ့်မည်။ လုယန် အစီအမံကို အသက်သွင်းပြီး ဘယ်လိုပင် တား​​မြစ်ပါစေ၊ ထိုနက်ရှိုင်းသောစွမ်းအင်ကို မတားဆီးနိုင်ခဲ့ဘူး။ မကြာခင်မှာပဲ ထိုရှစ်ယောက်လုံးက ရွှမ်မင်၏ဘေးက်ို ရောက်လာခဲ့သည်။

“ မရဏအရှင်၊ ဖိုးသူတော်၊ မြင်းမျက်နှာ၊ ကျွဲခေါင်း၊ ယွင်တရားသူကြီး၊ ယုတရားသူကြီး၊ နေ့နတ်ဘုရားနဲ့ ညနတ်ဘုရား”

ရွှမ်မင်နာမည်ခေါ်လိုက်သည့် သူတိုင်းက တစ္ဆေခန်းမ၏ ထိုင်ခုံငယ်ပေါ် ရောက်ရှိသွားကာ.. လူရှစ်ယောက် စုံသွားချိန်၌

ဘုန်း

ရွှမ်မင်က အလယ်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး တစ္ဆေခန်းတစ်ခုလုံးနှင့် ပေါင်းစပ်ပစ်လိုက်သည်။ တစ္ဆေတစ်သောင်း၏ အော်ဟစ်သံတွေနှင့် တစ္ဆေခန်းမတစ်ခုလုံးက အသွင်ပြောင်းသွားပြီး မြေအောက်လောကတစ်ခုလုံး လူသားကမ္ဘာကို ရောက်လာသည့်အတိုင်းပဲ လုယန်၏အစီအမံကို အသာလေး ကျော်လွန်သွားသည်။

တစ်ချိန်ထဲဆိုသလို ဓားကြီးတစ်ချောင်း၏ မြည်သံကလည်း ပျံ့လွင့်လာပြန်သည်။

ဓားသံထဲမှာ ဖော်ပြ၍မရနိုင်လောက်အောင် နက်ရှိုင်းသော စွမ်းအင်လှိုင်းတွေပါဝင်နေပြီး လူတိုင်းကို မြင်ကွင်းတစ်ခု မြင်ယောင်စေလိုက်၏..

ထိုနေရာမှာ ချောက်ကမ်းပါးကြီးတစ်ခုသာ ရှိနေခဲ့သည်။

ချောက်ကမ်းပါးထိပ်မှာ ကြာပန်းပုံတရားထိုင်နေသော သူရဲကောင်းဆန်သည့် အသွင်အပြင်များနှင့် လူရွယ်တစ်​ယောက်က လောကတစ်ခွင်ကို နက်ရှိုင်းသောမျက်နှာထားဖြင့် ကြည့်နေခဲ့သည်။ ထိုသူ၏ဒူးခေါင်းပေါ်မှာ ဓားတစ်ချောင်းက ကန့်လန့်ဖြတ်အနေအထားဖြင့် ရှိနေ၏။ ထိုသူက မြောက်ပိုင်းတစ်နေရာကို လ​က်ညိုးထိုးကာ ပိုင်းချလို​က်သည်။

“ ရှေးဟောင်းကဝေဂိုဏ်းရဲ့ခေါင်းဆောင်.. အဲ့ဒီမကောင်းတဲ့ကောင်ကို သတ်ရမယ်”

ချွမ်ချွမ်

နောက်တစ်စက္ကန့်မှာ ပုံရိပ်တွေအားလုံး ပျောက်ကွယ်သွားသည်။ လျှို့ဝှက်နယ်မြေထဲက ရွှေအမြုတေဓားချီ နိုးထလာပြီမှန်း လုယန် တွေ့လိုက်ရ၏။

လုယန် နောက်ဆုံးတော့ ဘိုးဘေးဆိုသူ၏ သရုပ်မှန်ကို သိရှိသွားခဲ့ပြီ။

ရှေးဟောင်းကဝေဂိုဏ်း၏ နောက်ဆုံးဂိုဏ်းခေါင်းဆောင် ရွှမ်မင်။

…….

All Chapters