အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
Ch 87
( ကောင်းကင်ပြိုကျခြင်း)
ရွှေအမြုတေဓားချီ ထွက်ပေါ်လာသည်နှင့် ရွှမ်မင်တစ်ယောက် လေးလံသော ဖိအားကို ခံစားလိုက်ရကာ၊ အောက်ပြုတ်ကျမတတ် ဖြစ်သွားသည်။ သူ ကူကယ်ရာမဲ့စွာ အပေါ်မော့ကြည့်လိုက်ပြီး.... နောက်တစ်စက္ကန့်မှာ မျက်နှာကြီးရှုံ့မဲ့သွားတော့သည်။
“ ရွှေအမြုတေနယ်ပယ်.. နှစ်တစ်သောင်း၊ နှစ်တစ်သောင်းတိတိ ရှိပြီကွ”
“ မင်းငါ့ကို ဘယ်လောက်ထိ ပိတ်လှောင်ထားမှာလဲ”
“ မင်းငါ့ရဲ့ ရှေးဟောင်းကဝေဂိုဏ်းကို တကယ် အမြစ်ပျက်ဖျက်ဆီးချင်နေတာလား”
ကောင်းကင်ထက်က ဓားချီက တုံ့ပြန်မှု ပေးမလာဘဲ မတိုက်ခိုက်ခင်မှာ အရင်ဆုံး တိတ်တဆိတ် အတည်ပြုနေလေသည်။.
ရွမ်မင်လည်း သူ နှစ်တစ်သောင်းတိတိ ဖုံးကွယ်နိုင်ခဲ့သော ကံတရားကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူးမှန်း သိနေခဲ့သည်။
သူ၏အဆင့်အတန်းကို အပြည့်အဝ ဖော်ပြလိုက်ပြီးဖြစ်၍ မကြာခင်မှာပဲ ဓားချီက သူ့ကို မှတ်မိသွားတော့မည်။
“ ငါဒါကို လက်ခံဖို့ ငြင်းတယ်ကွာ”
ရွှမ်မင်က ချက်ချင်း လုယန်ကို လှည့်ကြည့်လိုက်ပြန်သည်။
“ ဒီနေ့ ငါမင်းရဲ့သက်တမ်းကို ငှားမယ်။ ကောင်းကင်ကိုဆန့်ကျင်ပြီး ငါ့ရှေးဟောင်းကဝေဂိုဏ်းကို ပြန်တည်ထောင်မယ်ကွ”
အသံဆုံးသည်နှင့် ရွှမ်မင်က တစ္ဆေခန်းမကို ထိန်းချုပ်ပြီး လုယန်ကို ရိုက်ချဖို့ ပြင်လိုက်သည်။
လုယန် မန္တာန်စာရွက်တွေကိုလည်း အသက်သွင်းသလို အစီအမံကနေလည်း အစွမ်းယူခဲ့သည်။ သို့ပေတည့် ရွှမ်မင်ကို ဘယ်လိုမှ မတိုက်ခိုက်နိုင်ခဲ့ပေ။
ဤနေရာမှာ အဆင့်အတန်းက စကားပြောလာ၏။
တစ္ဆေခန်းမ၏ ထိုင်ခုံရှစ်ခုမှာ အကြီးအကဲတွေ ဝင်ရောက်လိုက်သည်နှင့် ရွှမ်မင်၏ အဆင့်အတန်းက ကျော်လွန်သွားပြီး အခြေခံတည်ထောင်ခြင်းကျင့်ကြံသူနီးနီး ဖြစ်လာခဲ့သည်။
“ အသုံးမဝင်ဘူး။ မင်းငါ့ကို တစ္ဆေခန်းမကို ပြီးပြည့်စုံအောင်လုပ်ပြီး ငါ့ကိုယ်ငါ ဖော်ထုတ်မိအောင် အတင်းတွန်းအားပေးခဲ့တာ။ အခုမင်းရဲ့ တိုက်ကွက်တွေ တစ်ခုမှ အသုံးမဝင်တော့ဘူးကွ။ ဒီနတ်ပစ္စည်းကို ငါတို့အခြေခံတည်ထောင်ခြင်းနယ်ပယ် သခင်ကြီးတွေ ပူးပေါင်းဖန်တီးခဲ့တာ။ ထိုင်ခုံရှစ်ခုမှာ အခြေခံတည်ထောင်ခြင်း သခင်ကြီးတွေကိုသာ ထည့်နိုင်လို့ကတော့ ဒီနတ်ပစ္စည်းက ရွှေအမြုတေနယ်ပယ်အထိ အဆင့်မြင့်ပေးနိုင်တယ်”
ရွှမ်မင်၏ လေသံက ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့သည်။
လောကမှာရှိတဲ့ ဘယ်ဂိုဏ်းခေါင်းဆောင်က သူတို့၏ အမွေအနှစ်ကို မကျယ်ပြန့်စေချင်လို့လဲ။ ဘယ်သူကများ အမြင့်ကို မတက်လှမ်းချင်လို့လဲ။ ရှေးဟောင်းကဝေဂိုဏ်းက အဆုံးမဲ့နတ်ပစ္စည်းကို တည်ထောင်ပြီး အောင်မြင်လုနီးပါး ဖြစ်နေခဲ့တာပင်။ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ အရင်ဂိုဏ်းခေါင်းဆောင်ကြောင့်သာ မဟုတ်လျှင်..
ထိုတာအိုသခင်ကြောင့်ပဲ။
ထိုကျက်သရေမရှိသော ဓားချီကြောင့်ပဲ။
အကုန်ပျက်ဆီးခဲ့ရတာ
“ သတ်စမ်း”
ရွှမ်မင်၏ ကြိမ်းဝါးသံနှင့်အတူ တစ္ဆေခန်းမက ပိုအဆင့်အတန်းမြင့်သွားခဲ့ပြီး အခြေခံတည်ထောင်ခြင်းကို အဆင့်တက်ချိန်မှာသာ ကြုံရသော တက်လှမ်းခြင်းအဆင့်အတန်းကိုပါ ရောက်သွားသည်။
“ ငါမင်းကို ချီသန့်စင်ခြင်းရဲ့ နောက်ဆုံးအကန့်အသတ်အစွမ်းဆိုတာ ဘာလဲ ပြပေးမယ်”
ရွှမ်မင်က တစ္ဆေခန်းမ၏ ထိပ်သီးထိုင်ခုံမှာ ထိုင်နေရင်းမှ သူ၏ချီစွမ်းအင်တွေက ပိုမို နက်ရှိုင်းဆန်းကြယ်သွားသည်။ တစ်စက္ကန့်အတွင်းမှာပဲ ကောင်းကင်တံခါးကိုးခုကို ကျော်ဖြတ်ကာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်သွား၏။
လုယန်တစ်ယောက် မျက်စံတွေ ကျဥ်းမြှောင်းသွားတော့သည်။
သူသည်လည်း အဆင့်တက်ဖူးတာဖြစ်၍ ကောင်းကောင်းကြီး သိပေသည်။ အဆင့်တက်ခြင်းတွင် ဖြစ်စဥ်နှစ်ရပ်သာ ရှိသည်။ ပထမအဆင့်တက်လှမ်းပြီးလျှင် အခြေခံတည်ထောင်ခြင်းနယ်ပယ်၌ ဒုတိယအဆင့်ဖြစ်သော အမတအခြေခံကို တည်ဆောက်ရသည်။
အခု ရွှမ်မင်သည် ပထမအဆင့်ဖြစ်သော အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီ။
သို့ပေမဲ့ ထိုသူက အမတအခြေခံတည်တောက်ဖို့ မရွေးချယ်ဘဲ ထိုအစား..
စတင်ပြီး ပြုတ်ကျလေတော့၏။
အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်သည်နှင့် ရွှမ်မင်က တစ်နေရာကို လက်ညိုးထိုးလိုက်ပြီး ထိုနေရာတည့်တည့်ကို ပြုတ်ကျသွားသည်။ တစ်ချိန်ထဲဆိုသလို လုယန်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာသော အရိပ်မည်းတစ်ခုအား ခံစားလိုက်ရ၏။
ရွှမ်မင်၏ နည်းလမ်းကို သူချက်ချင်း သဘောပေါက်လိုက်သည်။ ထိုသူက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကနေ ပြုတ်ကျသော အရှိန်ကိုအသုံးပြုပြီး သူ့ကို တိုက်ခိုက်လိုက်တာပင်။ ထိုတိုက်ကွက်က အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ အစစ်ထက် အနည်းငယ်သာ အားပျော့သည်။
“ ကောင်းကင်ဘုံပြိုကျခြင်း”
နောက်တစ်စက္ကန့်မှာ အရိပ်ကြီးကျလာပြီး.. လုယန်၏ ခန္ဓာကိုယ်ကို ဝါးမြိုပါတော့သည်။ တစ်ရာမီတာအကွာအဝေးအတွင်းရှိ မြေကြီးတွေ အက်ကွဲကြောင်းထသွားသလို အလယ်မှာရှိနေသော အစီအမံ၊ မန္တာန်စာရွက်.. အားလုံး အမှုန့်ဖြစ်သွားသည်။ လှိုက်တက်လာသော ဖုန်မှုန့်လုံးကြီးက ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်တော့၏။
ထိုဖြစ်စဥ်က ကောင်းကင်ကြီးပြုတ်ကျလာသလိုမျိုး ပြင်းထန်သည့်အတွက် လေထုတစ်ခုလုံး ရှုတ်ထွေးသွားသည်။
လေထုကမငြိမ်မသက် ဖြစ်နေသည့်အပြင် လေထုထဲက စိတ်ဝိညာဥ်အစွမ်းတွေ ပြိုကွဲပြီး နေရာကွက်ကျား အလင်းပျောက်များ ထွက်ပေါ်လာသည်။ သို့သော် တဖြည်းဖြည်း အကုန်လုံး ပုံမှန်ပြန်ဖြစ်သွားပြီး ရွှမ်မင်၏ ယိုင်နဲ့နေသော ခန္ဓာကိုယ် ပြန်ထွက်ပေါ်လာ၏။
ကောင်းကင်ပြိုကျခြင်းသည် သာမာန်အစွမ်းတစ်ခု မဟုတ်ပေ။
ထိုအရာက အစွမ်းဆိုတာထက် အထူးနည်းလမ်းတစ်ခုလို့ ပြောလျှင် ပိုမှန်သည်။
အခြေခံတည်ထောင်ခြင်းကို အဆင့်တက်ခြင်း ဖြစ်စဥ်နှစ်ခုတွင် ပထမတစ်ဆင့်သည် ထိုသူ၏ ကျင့်ကြံမှုပေါ်သာ မူတည်သည်။ လုံလောက်သော သန်မာမှုရှိလျှင် အောင်မြင်လိမ့်မည်။ သို့ပေမဲ့ ဒုတိယတစ်ဆင့်ကတော့ ကျရှုံးသည်နှင့် သေဆုံးရလိမ့်မည်။
ဤကောင်းကင်ပြိုကျခြင်းနည်းလမ်းက ဒုတိယအဆင့်၏ သေဆုံးမှုကို အခြေခံပြီး ဖန်တီးထားသော ကိုယ့်ကိုယ်ကို ဖျက်ဆီးသည့် နည်းလမ်းတစ်ခုပဲ။
အဆင့်အတန်းကွာခြားမှုဖြင့် လွှမ်းမိုးပစ်လိုက်ရင်း ပြုတ်ကျသောအရှိန်ကို အသုံးပြုကာ၊ ရန်သူကို တိုက်ခိုက်လိုက်တာပင်။ ပြင်းထန်စွာဒဏ်ရာ ရနိုင်သော်လည်း ရလဒ်အနေဖြင့် အခြေခံတည်ထောင်ခြင်းအဆင့် တိုက်ခိုက်မှုကို ပြန်ပေးနိုင်သောကြောင့် ပေးဆပ်ရတာ ထိုက်တန်ပါသည်။
“ အမြန်ဆုံးအနိုင်ရချင်ရင် ဒီတစ်နည်းပဲ ရှိတော့တယ်”
ရွှမ်မင်၏ မျက်နှာက တည်ငြိမ်နေခဲ့သည်။ တစ္ဆေခန်းမမှာ အကြီးအကဲရှစ်ဦးရှိနေသရွေ့ လုယန်ကို ဖိနှိပ်ထားနိုင်တာ မှန်သော်လည်း၊ ထိုအရာက အနိုင်ရခြင်းမဟုတ်သေးပေ။
အပေါ်မှာ ရွှေအမြုတေဓားချီလည်း ရှိသေးသည့်အတွက် သူ အချိန်မဖြုန်းနိုင်ပါချေ။
ထို့ကြောင့် လုယန်ကို သေလုမြောပါး ရိုက်ချဖို့ ရွေးချယ်ခဲ့ပြီး နောက်ဆုံးအစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာ ဖြစ်သည်။
“ကောင်းကင်ဖမ်းချုပ်ဝိညာဥ်ဝါးမြိုခြင်းသိုင်း”
ရွှမ်မင် လက်ကွက်ဖော်လိုက်သည်နှင့် ဆန်းကြယ်သော စွမ်းအင်တွေက ဦးတည်ရာအစုံမှ ထွက်ပေါ်လာသည်။ သို့ပေမဲ့ လုယန်ကို ဦးတည်ထားတာ မဟုတ်ဘဲ ထိုအစား အောက်က ဥပဒေမဲ့မြို့ကို ဦးတည်ထားလေ၏။
နောက်တစ်စက္ကန့်မှာ ဥပဒေမဲ့မြို့တစ်ခုလုံး ပြောင်းပြန်ဖြစ်သွားပြီး.. အထဲမှာရှိသော သက်ရှိအားလုံး အသတ်ခံလိုက်ရသည်။ ဥပဒေမြို့တင် မဟုတ်ဘဲ လျှို့ဝှက်နယ်မြေထဲက နေရာစုံမှာ သွေးလွှမ်းသွားခဲ့သည်။
ချက်ချင်းဆိုသလို သိသာစွာမြင်နေရသော ဝိညာဥ်အလင်းတန်းတွေ အများကြီးက ရွှမ်မင်ကို ဝန်းရံလိုက်ကြသည်။ ထို့နောက်မိုးကြိုးလို အရှိန်ဖြင့် လုယန်ကို တိုက်ခိုက်ဖို့ ပြေးသွားတာ မြင်လိုက်ရချိန်မှာ ရွှမ်မင်၏ မျက်နှာထက်၌ အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
“ နှစ်တစ်သောင်းလောက် မင်းတို့ကို ကျွေးမွေးထားရတာ ဒီအချိန်အတွက်ပဲကွ”
သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူ့အပြုံးက အေးခဲသွားလေတော့သည်။
ဖုန်မှုန့်တွေ ပျောက်ကွယ်သွားချိန်မှာ လုယန် အပြင်ထွက်လာခဲ့သည်။ သူက သေဆုံးခါနီး အခြေအနေမှာလည်း မဟုတ်သလို သွေးစက်တစ်ချို့သာ ပေကျံနေသော အဝတ်အစားကို ကြည့်လိုက်ပါက၊ ဒဏ်ရာပင် မရခဲ့ကြောင်း သိနိုင်သည်။
“ ဒီတော့ တစ်နေရာလုံးကို သတ်ပစ်ခဲ့တာက ရွှေအမြုတေဓားချီမဟုတ်ဘဲ ခင်ဗျားပေါ့လေ”
လုယန် အကြောင်းအရင်းကို နားလည်လိုက်သောကြောင့် သက်ပြင်းသာ ချလိုက်သည်။
ဤလျှို့ဝှက်နယ်မြေအတွင်းမှာ သက်ရှိတွေ ဘာကြောင့် အများကြီးရှိနေရသနည်း။
ဘာကြောင့်ဆိုလျှင် ဘိုးဘေးက လျှို့ဝှက်နည်းလမ်းတစ်ခုအတွက် လူသားအရင်းအမြစ်တွေကို စုဆောင်းထားလို့ပဲ။
အတိတ်တုန်းက လျှို့ဝှက်နယ်မြေတစ်ခုလုံး သေဆုံးကုန်ရသည့် အကြောင်းအရင်းမှာလည်း ထိုသူက လျှို့ဝှက်နည်းလမ်းဖြင့် ရွှေအမြုတေဓားချီကို အံတုဖို့ ကြိုးစားခဲ့ဟန်ရှိသည်။ သို့ပေမဲ့ အဆုံးမှာ ဝိညာဥ်ပြိုကွဲပြီး သေဆုံးခဲ့ရသည်။
ထိုအတွေးကြောင့် လုယန် သက်ပြင်းချကာ ရွှမ်မင်ကို သနားစွာ ကြည့်လိုက်တော့သည်။
နှစ်တစ်သောင်းလောက် အသက်ရှင်နေခဲ့ပြီးမှ အလကားသေလိုက်ရတာ သနားစရာပင်။
“ မဖြစ်နိုင်တာ”
ရွှမ်မင် လုယန်ကို အလွန်မယုံကြည်နိုင်စွာ ကြည့်နေရင်းမှ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ မင်းငါ့ရဲ့ ကောင်းကင်ပြိုကျခြင်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ ဘာကိစ္စ ဘာမှမဖြစ်ရတာလဲ”
လုယန် ခပ်ဖွဖွ ပြုံးပြလိုက်သည်။
“ ကျုပ်မှာ လှည့်ကွက်တစ်ချို့ ရှိတယ်လေ”
(စွမ်းရည်- လှည့်ကွက်)
( လှည့်ကွက်တစ်ချို့ ပိုင်ဆိုင်လိုက်ပါ- ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ရပါစေ၊ တတ်နိုင်သော အကွာအဝေးအတွင်းမှာရှိနေသရွေ့ အလွယ်လေး ဖြေရှင်းနိုင်လိမ့်မည်)
လုယန်၏ လက်ရှိအခြေအနေအရ ချီသန့်စင်ခြင်းနယ်ပယ်အတွင်းက အရာအားလုံးသည် သူ၏ လုပ်နိုင်စွမ်းအတွင်း ရှိသည်။ ကောင်းကင်ပြိုကျခြင်း ဆိုလျှင်တောင်မှ ချွင်းချက်မရှိချေ။
ရွှမ်မင် အလွန်မျက်နှာပျက်သွားတော့၏။ လုယန်သာ သေလုမြောပါး ထိခိုက်ထားပါက၊ သူ့အနေဖြင့် လုယန်၏ခန္ဓာကိုယ်ကို လုယူဖို့ အောင်မြင်လိမ့်မည်။ သို့ပေမဲ့ လုယန်သာ အသေးစားထိခိုက်မှုပဲ ရှိနေလျှင်.. ကိစ္စတွေက အများကြီးပြောင်းလဲသွားပေမည်။
သူ၏ တစ်ရာရာခိုင်နှုန်း အောင်နိုင်မှုက ငါးဆယ်အောက်ကို ပြုတ်ကျသွားတော့သည်။
သို့ပေမဲ့ ရွှမ်မင်မှာ ရွေးစရာမရှိတော့ပေ။ သူ့ဘေးက ဝိညာဥ်တစ်သောင်းကို ထိန်းချုပ်လိုက်ပြီး လုယန်၏ အသိစိတ်ပင်လယ်ကို တိုက်ခိုက်ပါတော့သည်။
လုယန်၏ အသိစိတ်ပင်လယ်ကို တစ်ချက်ထဲနှင့် ဖျက်ဆီးနိုင်ပါက.. ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မည်။
နောက်တစ်စက္ကန့်မှာ လုယန်၏ အသိစိတ် ပင်လယ်အတွင်း၌ မြင်လိုက်ရတာက..
လုယန်၏ ဝိညာဥ်သည် တည်ငြိမ်စွာ ရပ်နေပြီး ကောင်းကင်ဘုံ၏ စွမ်းအင်တွေကို ပိုင်ဆိုင်ထားသည့်နှယ် ပေါ့ပါးစွာဖြင့် သူ့ကို အပြင်တွန်းထုတ်လိုက်လေတော့သည်။
ဘုတ်
ရွှမ်မင်, “....”
အလွန်အားမပါလွန်းသည့် တိုက်ခိုက်မှုကြောင့် ရွှမ်မင်တစ်ယောက် အပြင်ပြန်ရောက်သည်အထိ ဘာတွေဖြစ်သွားမှန်း.နားမလည်ခဲ့ချေ။
“ ပြောတယ်မလား၊ ကျုပ်မှာ လှည့်ကွက်တစ်ချို့ ရှိပါတယ်ဆို”
ပထမ ကောင်းကင်ပြိုကျခြင်းကို ခံနိုင်ခဲ့သည်။
အခု အသိစိတ်ပင်လယ်ထဲ ဖောက်ဝင်ခြင်းကိုလည်း ခံနိုင်နေပြန်သည်။
“ မဟုတ်ဘူး..အား..အား”
ရွှမ်မင် ဒေါသတကြီး အော်ဟစ်နေချိန်မှာပဲ..
ချွမ်..ချွမ်
နောက်တစ်စက္ကန့်မှာ အလွန်ထည်ဝါသော ဓားချီတစ်ခုက စကားတစ်ခွန်းမဆိုဘဲ ထိုသူ၏ ဝိညာဥ်ကို အပိုင်းပိုင်းဖျက်ဆီးပစ်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးကို တောက်ပသော အလင်းများက ကြယ်ပျောက်များလို ပျံ့ကျဲသွားတော့၏။
လုယန် ဘာမှမပြောတော့ဘဲ လက်တစ်ဖက်ခါရင်း ထိုအလင်းပျောက်တွေ အားလုံးကို သိမ်းဆည်းပစ်လိုက်သည်။ ထိုအရာတွေက အခြေခံတည်ထောင်ခြင်းအဆင့် ရှေးဟောင်းကဝေဂိုဏ်း၏ နောက်ဆုံးဂိုဏ်းခေါင်းဆောင် ပိုင်ဆိုင်သော မှတ်ဉာဏ်တွေပါဝင်သည့် နတ်အသိစိတ်တွေပဲလေ။ တစ်နည်းပြောရလျှင် အဖိုးမဖြတ်နိုင်သော ရတနာတွေဖြစ်သည်။
……
Ch 88
( ကောင်းကင်ဘုံရဲ့ ပြန်မွေးဖွားခြင်းဖြစ်စဥ်)
လျှို့ဝှက်နယ်မြေတစ်ခုလုံး ပြောင်သလင်း ခါသွားခဲ့သည်။
အထဲက သက်ရှိတွေကို ရွှမ်မင်က သတ်ပစ်ခဲ့ပြီး ကောင်းကင်ထက်ကဓားချီက ရွှမ်မင်ကို ပြန်သတ်ခဲ့သည်။ အခုတော့ လျှို့ဝှက်နယ်မြေနှင့် လုယန် သာ ရှိတော့၏။
သို့ပေမဲ့ ဓားချီက ဆက်မတိုက်ခိုက်ဘဲ နဂိုနေရာဖြစ်သော တိမ်စိုင်တွေကြားမှာ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
သို့ပေမဲ့ လုယန် နည်းနည်းလေးတောင် မပျော်သွားပါချေ။ ဓားချီ၏ သူ့ကံတရားကို ပစ်မှတ်ထားလိုက်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၍ မျက်နှာကြီးသာ တည်ငြိမ်နေခဲ့၏။ တစ်နည်းပြောရလျှင် ဓားချီသာ လှုပ်ရှားလိုက်ပါက၊ သူတို့တွေ မိုင်ပေါင်းတစ်သိန်း ဝေးကွာနေလျှင်တောင်မှ သူ့ခေါင်းပြတ်သွားနိုင်သည်။
“ ငါက ရှေးဟောင်းကဝေဂိုဏ်းရဲ့ အမွေအနှစ်ကို ယူလိုက်မိလို့လား”
လုယန်သည် လက်ထဲမှာ စုဝေးထားသော ရွှမ်မင်၏ အလင်းပျောက်များကို ကြည့်လိုက်သည်။ သူသာ ထိုအလင်းပျောက်များကို စွန့်လွှတ်လိုက်ပါက၊ ဓားချီ၏ ပစ်မှတ်ထားခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်။
“ ဒါပေမဲ့.. ငါလိုချင်တယ်လေ”
အခြေခံတည်ထောင်ခြင်းကျင့်ကြံသူလည်း ဖြစ်သလို တစ်ချိန်က ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့သည့် အကောင်ကြီး၏ ဝိညာဥ်အပိုင်းအစက သူအရင်က ခဏတာရခဲ့ဖူးသည့် ယွင်ဘိုးဘေးနှင့် နှိုင်းယှဥ်လို့မရပါချေ။
ယွင်ဘိုးဘေး၏ ဝိညာဥ်ကို ယန်ရှန်းကျန့်ယန်က သန့်စင်ပြီးမှ သူ့ကို ပေးခဲ့တာပင်။
သို့ပေမဲ့ အခုရွှမ်မင်၏ မှတ်ဉာဏ်ထဲမှာ နှစ်တစ်သောင်း အတွေ့အကြုံတွေ ပါဝင်နေသည်။ သိုင်းတွေ.. စွမ်းအင်တွေသာမက၊ အခြေခံတည်ထောင်ခြင်းဆိုင်ရာ လျှို့ဝှက်နည်းလမ်းတွေ အများကြီး ရှိနေနိုင်၏။
“ ငါဒီကံတရားကို ပျော်ပျော်ကြီး လက်ခံတယ်ကွာ”
လုယန် ချက်ချင်းပဲ အလင်းအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားလိုက်သည်။ အနီးတစ်နေရာတွင် လှိုဏ်ဂူတစ်ခု ဖန်တီးပြီးတာနှင့် တံခါးပိတ် ကျင့်ကြံလိုက်တော့၏။
ရက်များစွာကြာပြီးနောက်…
လုယန် မျက်လုံးပွင့်လာခဲ့သည်။ သူ့အရှေ့မှာ ဝိညာဥ်အပိုင်းအစတွေ ရှိနေသေးသော်လည်း အခုအကုန်သန့်စင်ခံထားရပြီး ဖြစ်သည်။
လုယန်သည် ရွှမ်မင်ကိုလည်း တော်တော်လေး နားလည်သွားခဲ့သည်။
“ ဒီဘိုးတော်က တော်တော် အရည်အချင်းရှိတဲ့ကောင်ပဲ”
လုယန် သက်ပြင်းချလိုက်ပြီး နောက်ထပ် အပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။ တစ်ခြားအပိုင်းတွေနှင့်မတူဘဲ ထိုအပိုင်းက အလွန်တောက်ပနေလေသည်။
ဤအပိုင်းထဲမှာ ရွှမ်မင်၏မှတ်ဉာဏ်ကို သိမ်းထားတာမဟုတ်ဘဲ သူ၏နောက်ဆုံး အထောက်အထားကို သိမ်းထားသောကြောင့်ပင်။
ရွှမ်မင်က သူ၏အရည်အချင်းကို အပြည့်အဝ ယုံကြည်မှုရှိသော်လည်း၊ ကျရှုံးသွားလျှင်ဆိုပြီး အရန်အစီအစဥ်တစ်ခုကို ဖန်တီးထားဆဲပင်။
အခုလုယန်၏ လက်ထဲက အထောက်အထားထဲမှာ ရှေးဟောင်းကဝေဂိုဏ်း၏ အမွေအနှစ်ကို ထည့်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောထားသည်။ သူ သေဆုံးသွားလျှင် ထိုအမွေအနှစ်ကို လုယန်က ရရှိပြီး ရှေးဟောင်းကဝေဂိုဏ်း ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးစားရမှာဖြစ်သည်။
သေချာပေါက် အခြေအနေတစ်ရပ်ကို သတ်မှတ်ထားတာပင်။
အမွေအနှစ်ကို ရချင်ပါက၊ လုယန်သည် ရှေးဟောင်းကဝေဂိုဏ်း၏ ကံတရားကို လက်ခံပြီး အနာဂတ်မှာ အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးရမည်။
မဟုတ်လျှင် ဤဝိညာဥ်အပိုင်းအစက ကိုယ့်ကိုယ်ကို အလိုအလျောက် ဖျက်ဆီးပစ်လိုက်မှာဖြစ်သည်။
တကယ်ကို ရွှမ်မင်က ဂိုဏ်းခေါင်းဆောင် ပီသသူ တစ်ဦးပင်။ သူ၏တစ်ဘဝလုံး ရည်မှန်းချက်က ဂိုဏ်းကြီး ပိုမိုကြီးမားလာဖို့ ဖြစ်ပြီး သေဆုံးသည့်တိုင်အောင် လက်မလျော့ခဲ့ပေ။
ဤဝိညာဥ်အပိုင်းထဲမှာ လုယန်သာ ကံတရားကို လက်ခံဖို့ ဆန္ဒရှိပါက၊ အခြေခံတည်ထောင်ခြင်းအဆင့်ကို အမြန်ဆုံးရနိုင်မည့် နည်းလမ်းကိုပင် ပြောပြပေးမည်ဟု ပြောထားသေးသည်။
လုယန် ဘယ်လိုလုပ် ငြင်းနိုင်မည်နည်း။
“ ငါအရင်ဆုံး အကျိုးအမြတ်ကို ယူရတာပေါ့။ ဒီကံတရားက ဘယ်လောက်ခိုင်မြဲနေပါစေ၊ နောက်ဘဝထိ လိုက်လာနိုင်မှာ မို့လို့လား”
ရှေးဟောင်းကဝေဂိုဏ်း၏ နောက်ဆုံးဂိုဏ်းခေါင်းဆောင် ရွှမ်မင်..
ထိုသူက အမြင့်ဆုံးမွေးရာပါရမီကို ပိုင်ဆိုင်ထားသော လူရည်ချွန်တစ်ယောက် ဖြစ်သည်။ ငယ်ရွယ်သော အသက်အရွယ်မှာ ကျင့်ကြံမှုလမ်းကြောင်းထဲ စဝင်ရောက်နိုင်ခဲ့ပြီး ယင်နဲ့ယန်စွမ်းအင်ကို ကောင်းမွန်စွာ နားလည်နိုင်စွမ်းကြောင့် ကျင့်ကြံမှုတိုးတက်လာကာ အခြေခံတည်ထောင်ခြင်းကို စတင်ဝင်ရောက်ခဲ့သည်။ ထို့အပြင် နောက်ထပ် နှစ်နှစ်ရာအတွင်းမှာ အခြေခံတည်ထောင်ခြင်းနယ်ပယ် ထိပ်ပိုင်းကိုပါ ရောက်လာခဲ့သည်။
သို့ပေမဲ့ ထိုသို့သော ပါရမီရှင်ကို ကောင်းကင်က မနာလိုလေသည်။
ထိုအချိန်မှာပဲ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ ခေါင်းဆောင်က မြင့်မားသော အဆင့်အတန်းကို အားကိုးပြီး ရွှမ်မင်၏ တာအိုလမ်းကြောင်းကို ဖျက်ချပစ်ခဲ့သည်။
ရွှမ်မင်က သေချာပေါက် ဘယ်လက်ခံနိုင်မည်နည်း။
ရွှမ်မင်က သူ၏မွေးရာပါ ပါရမီရှင်ဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါသည်။ အခက်အခဲကြားကနေ လျှို့ဝှက်နည်းလမ်းတစ်ခုကို ရှာတွေ့ပြီး တစ္ဆေခန်းမကို ဖန်တီးနိုင်ခဲ့သည်။
လက်ရှိ ဗလာတစ္ဆေဂိုဏ်း၏ အကြီးအကဲရှစ်ဦးသည် ထိုစဥ်က ရှေးဟောင်းကဝေဂိုဏ်း၏ အခြေခံတည်ထောင်ခြင်းနယ်ပယ် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အစွမ်းဖြင့် တစ္ဆေခန်းမကို အသက်သွင်းလိုက်ချိန်မှာ ရွှမ်မင်သည် မဟာဗဟိုချက်ကို ယာယီဖန်တီးရင်း ရွှေအမြုတေ ကျင့်ကြံသူအဖြစ် ယာယီအဆင့်တက်ခွင့် ရှိသွားသည်။ အိပ်မက်ဆန်သော အရာတစ်ခုကို ရွှမ်မင်က ဖြစ်အောင်လုပ်ပြသွားတာပင်။
သို့ပေမဲ့ ထိုအကြောင်းအရင်းကြောင့်ပဲ ရှေးဟောင်းကဝေဂိုဏ်းတစ်ခုလုံး ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရသည်။
ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ထိုရွှေအမြုတေဂိုဏ်းခေါင်းဆောင်က မိုင်းသောင်းချီ အဝေးကနေ ရှေးဟောင်းကဝေဂိုဏ်းတစ်ခုလုံးကို အမြစ်ပျက်ဖျက်ဆီးဖို့ ဓားချက်တစ်ချက်ကို ဖန်တီးခဲ့လေသည်။
“....”
လုယန် ဖတ်လေလေ၊ ပိုသတိကြီးလေလေ ဖြစ်သွားပြီး အဆုံးမှာ ရုတ်တရက် ပိတ်ချလိုက်သည်။ သူဆက်လဲ မဖတ်ရဲသလို တွေးတောင်မတွေးရဲတော့ပေ။
ရှေးဟောင်းကဝေဂိုဏ်းအပေါ် သူ၏နားလည်မှုတွေ ပိုမြင့်လာသည်နှင့် သူ့ကို ဆက်နွယ်ထားသော ကံတရားကြိုးမျှင်ကလည်း ပိုရှင်းလင်းလာမှန်း ခံစားမိလိုက်လို့ပင်။ ကြိုးမျှင်၏ တစ်ဖက်က သူ့ကို ရစ်ပတ်ထားချိန်မှာ.. ကျန်တစ်ဖက်က အဆုံးမဲ့သော အသူရာချောက်နက်လို တည်ရှိမှုတစ်ခုအတွင်းတွင် ကွယ်ပျောက်နေသည်။
“ သေစမ်း၊ အဲ့ဒီရွှေအမြုတေကျင့်ကြံသူ အသက်ရှင်နေသေးတာပဲ”.
တစ်ဖက်သူက ထိုရွှေအမြုတေကျင့်ကြံသူ ဖြစ်မည်ဟု လုယန် တစ်ရာ ရာခိုင်နှုန်း သေချာပါသည်။ လုယန် အကြောင်းအရာအားလုံးကို သဘောပေါက်သွားတာနှင့် ထိုသူကလည်း လုယန်ကို သတိထားမိသွားလိမ့်မည်။
“ ဒါကြီးက သောက်ရမ်းဆန်းကြယ်လွန်းတယ်။ အဲ့ဒါဘယ်လိုတောင် ပျက်ဆီးနေတဲ့ နေရာကြီးလဲ”
အချိန်အကြာကြီးနေပြီးနောက်မှာ လုယန် တည်ငြိမ်သွားခဲ့ပြီး လွန်ခဲ့သော နှစ်တစ်သောင်းက ရန်ငြိုးကို ပြန်မဆွရဲတော့ပေ။ ထိုအစား အမွေအနှစ်ကိုပဲ ဆက်လက် လေ့လာလိုက်တော့သည်။
ထိုအထဲမှာ ရွှမ်မင် အစောပိုင်းက အသုံးပြုခဲ့သော ဘုံကိုးဆင့်နတ်ဆိုးမိုးကြိုးသိုင်းအပြင် တစ္ဆေခန်းမကို အသုံးပြုရသော အရှင်ကိုးပါးထီးနန်းဆက်ခံခြင်းသိုင်းကိုလည်း အသေးစိတ်တွေ့ရသည်။ ရှေးဟောင်းကဝေဂိုဏ်း၏ အမွေအနှစ်က ရှေးဦးသူတော်စင်ဂိုဏ်းလို အများကြီးမရှိချေ။ ထိုအစား ရွှမ်မင်က သူတို့၏ စွမ်းရည်တွေကို အကန့်အသတ်အထိ ရောက်အောင် အဆင့်မြင့်ပေးထားခဲ့သည်။
လုယန် အကြောင်းအရာအသေးစိတ်ကို ဖတ်လိုက်ချိန်မှာ ပိုမိုအံ့သြသွားတော့သည်။
“ ဒါကြောင့် သူကငါ့ကို အခြေခံတည်ထောင်ခြင်းအဆင့် တိုက်ခိုက်နိုင်စွမ်း ရစေရမယ်လို့ ပြောခဲ့တာကိုး”
ရွှမ်မင်၏ တစ္ဆေခန်းမတွင် အခြေခံတည်ထောင်ခြင်းထိပ်သီးကျင့်ကြံသူ ကိုးယောက်သာ နေရာယူလိုက်ပါက အရှင်ကိုးပါးထီးနန်းဆက်ခံခြင်းသိုင်းကို အသက်သွင်းပြီး ရွှေအမြုတေကျင့်ကြံသူ အစွမ်းတွေကို ယာယီ ရရှိလာလိမ့်မည်။
သို့ပေမဲ့ အခြေခံတည်ထောင်ခြင်းထိပ်သီးကျင့်ကြံသူ ကိုးယောက်ကို ရှာတွေ့နိုင်ဖို့က သေချာပေါက် မလွယ်ကူပါချေ။
ထို့ကြောင့်ပဲ ဤသိုင်း၏ အကောင်းဆုံးအပိုင်းက ရောက်လာခဲ့သည်။ အရှင်ကိုးပါးနေရာတွင် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူများ နေရာယူလိုက်လျှင် ခေါင်းဆောင်ဖြစ်သူကို အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ၏ အစွမ်းများနှင့် အဆင့်အတန်းကို ယာယီ ချီးမြင့်ပေးနိုင်သည်။
ဗလာတစ္ဆေဂိုဏ်း၏ အကြီးအကဲရှစ်ယောက်ကိုလည်း ထိုရည်ရွယ်ချက်ကြောင့်ပဲ ရွှမ်မင်က အရှင်ကိုးပါးထီးနန်းရယူခြင်းသိုင်းကို လေ့ကျင့်ခိုင်းထားတာ ဖြစ်သည်။.အချိန်ကျတာနှင့် တစ္ဆေခန်းမကို အသက်သွင်းပြီး လွတ်မြောက်နိုင်ဖို့ စီစဥ်ထားတာပင်။ သို့ပေမဲ့ သူ့အစီအစဥ်က ကံဆိုးစွာ ကျရှုံးသွားခဲ့သည်။
သေချာပေါက် ဤနည်းလမ်းက ဘေးထွက်ဆိုးကျိုးမရှိတာတော့ မဟုတ်ပေ။
“ ဒီယာယီအဆင့်တက်တယ်ဆိုတာ တကယ်တော့ အဆင့်တက်ခြင်းအစစ်အမှန် မဟုတ်ဘူး”
“ သူက အခြေခံတည်ထောင်ခြင်းနယ်ပယ်နဲ့ အဆင့်အတန်းတူတဲ့ နယ်မြေတစ်ခုကို ဖန်တီးလိုက်ပြီး အဲ့ဒီကအစွမ်းကို အငှားယူသုံးတာပဲ”
ထိုနည်းလမ်းက လုယန် ကျင့်ကြံသော ချိန်းသွားပုံတက်လှမ်းခြင်းတာအို၏ ပုံမှန် လမ်းစဥ်မဟုတ်ပေ။
“ ဒါကတကယ်တော့ ကောင်းကင်သဘောတရားတာအိုလမ်းစဥ်ကို အခြေခံပြီး ဖန်တီးထားတာပဲ”
ရွှမ်မင် ဤသိုင်းကို စတင်ဖန်တီးစဥ်က တတိယလူတစ်ဦး၏ အကူအညီကို ယူခဲ့ရသေးကြောင်း လုယန် လျှင်မြန်စွာ အမှတ်ရလိုက်သည်။
ထိုနေရာက ကျန်းဒုံနယ်မြေမှာ တည်ရှိသော ထျန်းဝူ တာအိုအဖွဲ့အစည်းပဲ။
“ ချန်ရှီနန် ငါ့ကို တစ်ခါရှင်းပြဖူးတယ်။ ကျန်းဒုံနယ်မြေရဲ့ ကျင့်ကြံတဲ့ပုံစံက ငါတို့နဲ့ ကွဲပြားတယ်ဆိုပြီး.. သူတို့က အဆင့်မတက်ကျဘဲ ကောင်းကင်ရဲ့သဘောတရားကို လေ့လာရင်း တူညီတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိုက်ကြတာ”
“ ကျန်းဒုံနယ်မြေမှာ ထျန်းဝူတာအိုအဖွဲ့အစည်းက အုပ်ချုပ်တယ်။ သူက ဋ္ဌာန ၁၂ ခုခွဲပြီး ဂိုဏ်းတွေနဲ့ ပြည်သူတွေကို ထိန်းချုပ်တာမျိုးပဲ။ ထျန်းဝူတာအိုအဖွဲ့အစည်းရဲ့ လက်အောက်မှာ လူတွေက နတ်အစွမ်းကို မသင်ယူကြဘူး။ သဘာဝအလျောက် ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်ရဲ့ အစွမ်းကို အငှားသုံးနိုင်တဲ့ သူတွေကို ဋ္ဌာနကြီး ၁၂ ခုမှာ တာဝန်ပေးကြတယ်။ ဋ္ဌာနကြီး ၁၂ ခုမှာ ဝင်နိုင်တဲ့သူတွေက အခြေခံတည်ထောင်ခြင်းအဆင့် ရှိကြပြီး အုပ်စိုးသူတွေက ရွှေအမြုတေအဆင့် ရှိကြတယ်”
လုယန် ပိုမို မျက်မှောင်ကြုတ်သွားတော့သည်။
တာအိုလမ်းစဥ် မတူညီသောသူတွေက ပေါင်းဖက်လို့ မရပါချေ။ သူသည် ချိန်းသွားပုံတက်လှမ်းခြင်းတာအို၏ ကျင့်ကြံသူတစ်ဦး.ဖြစ်လာပြီးသားပင်။ အခုမှ ကောင်းကင်သဘောတရားတာအိုကို ပြောင်းလဲလို့မရတော့ဘူး။
“ ဒီတော့ငါသာဒီနတ်အစွမ်းကို သုံးလိုက်ရင် ငါ့ရဲ့အနာဂတ် ကျင့်ကြံမှုတွေ ရပ်တန့်ကုန်မှာပေါ့”
ကျန်းဒုံနယ်မြေမှာဆိုလျှင်တောင်မှ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ပြီးလျှင် ထပ်မံတိုးတက်နိုင်သေးပေမဲ့ ရွှမ်မင်ကိုယ်တိုင် ဖန်တီးထားသော တစ္တေခန်းမက ဆက်လက် မတိုးတက်နိုင်ပါချေ။
ထို့အပြင် ဒါက ဆိုးကျိုးတစ်ခုသာ ရှိသေးသည်။
နောက်တစ်ခုက.. ဤသိုင်းသည် နယ်မြေအတု တစ်ခုကို ဖန်တီးပြီး အစွမ်းကိုအငှားယူရသည့် အတွက် ထိုသူက နယ်မြေထဲမှာ ပိတ်မိသွားပေမည်။ ကမ္ဘာ့သွေးကြောတွေ ပျက်ဆီးတာနှင့် ထိုသူတည်ဆောက်ထားသော ယာယီနယ်မြေလည်း ပြိုကျလာရလိမ့်မည်။
“ ဒီနည်းလမ်းက ငါ့အတွက်မဟုတ်ဘူး။ ဒါပေမဲ့ လုံးဝသုံးလို့မရတာတော့ မဟုတ်သေးဘူးပဲ”
တကယ်တော့ ရွှမ်မင်ကလည်း နောက်ဆက်ခံသူက သူ၏တာအိုလမ်းစဥ်ကို မလိုက်ချင်မှာပဲဆိုသော အချက်ကို ထည့်စဥ်းစားမိသည့်အတွက် နောက်ထပ် နည်းလမ်းတစ်ခု ချန်ပေးထားခဲ့သည်။
“ စကြာဝဋ္ဌာပေါင်းစည်းပြီး ပြန်မွေးဖွားခြင်းသိုင်း”
လုယန်၏ မျက်လုံးတွေ မီးတောက်သွားတော့သည်။ ဤသိုင်း၏ အကျိုးကျေးဇူးက ရိုးရှင်းပါသည်။ ဤသိုင်းက သက်ရှိလူသားတစ်ယောက်ကို ရုပ်သေးရုပ်တစ်ခုဖြစ်လာအောင် သန့်စင်ပြီး အစောင့်အရှောက်နတ်ဘုရား.လုပ်ခိုင်းခြင်း ဖြစ်သည်။ ထိုရုပ်သေးရုပ်၏ ကံကောင်းမှု၊ ချီစွမ်းအင်.. အရာအားလုံးကို စိတ်ကြိုက် အသုံးပြုလို့ရသွားပြီး ထိုသူက ကျင့်ကြံသူနှင့် ကံတရားဆက်နွယ်မှုလည်း ရှိမှာမဟုတ်ပေ။
“ ဒီနည်းလမ်းနဲ့ ဖန်တီးထားတဲ့ ရုပ်သေးရုပ်ကို အရှင်ကိုးပါးထီးနန်းဆက်ခံခြင်းသိုင်း ကျင့်ခိုင်းလို့ရပြီ”
“ ဒါဆို ရှေးဟောင်းကဝေဂိုဏ်းရဲ့ ကံတရားကိုလဲ အဲ့ဒီရုပ်သေးရုပ်အပေါ်ပဲ လွှဲချလိုက်မယ်”
“ လိုတဲ့ ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူရှစ်ယောက်ကိုတောင် ရွှမ်မင်က ချန်ထားပေးခဲ့တယ်။ အခု အကုန်ကွက်တိပဲ”
နောက်ဆုံးကျန်နေသည့် တစ်ခုတည်းသောအရာက အလွန်များသော ချီစွမ်းအင် ပမာဏဖြစ်သည်။ လုယန်တစ်ယောက် အလွန်ရဲတင်းသော အကြံတစ်ခု ရလာတော့၏..
“ ယုစုကျန်း”
သူမသာ ရှောင်ရှစ်ယီကို အနိုင်ယူထားပြီးလျှင် ရှောင်ရှစ်ယီမှတစ်ဆင့် ရရှိမည့် အရောင်စုံလာဘ်ငါး၏ စွမ်းအင်က တစ္ဆေခန်းမကို အသက်သွင်းဖို့ လုံလောက်နိုင်ပါသည်။ ထို့အပြင် သူမကို အကာအကွယ်နတ်ဘုရားအဖြစ် ဖန်တီးပစ်လိုက်လို့ ရသေးသည်ပဲ။
…….