← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) - ဆေးဖက်ဝင်ဟင်းရည်၏ အကူအညီနှင့် ထိုးတက်သွားသော ခွန်အား

ကောင်းကင်အကျဉ်းထောင်သို့ ပြန်ရောက်သောအခါ မိုးလင်းလုနီးပါးပင် ရှိနေခဲ့ပြီဖြစ်သည်။

ကျိုးရီသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့များကို ဆေးကြောသန့်စင်လိုက်ပြီးနောက် သူ၏အခန်းငယ်လေးဆီသို့ ပြန်လာကာ တစ်ညတာရရှိခဲ့သော ပစ္စည်းများကို စတင်ရေတွက်လေတော့သည်။

နှစ်ရာသုံးဆယ်တေးခန့်နှင့် ငွေဒါဇင်အနည်းငယ်ခန့် တန်ဖိုးရှိသော ရွှေတုံးငယ်အနည်းငယ်အပြင် ငွေတစ်ရာခန့်ဖြင့် ရောင်းချနိုင်မည့် ရတနာအချို့တို့ကို တွေ့ရပြီး စုစုပေါင်းအားဖြင့် တေး သုံးလေးရာခန့် ရှိနေလေသည်။

သာမန်လူများအတွက် ဤငွေပမာဏမှာ တစ်သက်လုံးရှာဖွေလျှင်ပင် ရရှိနိုင်မည်မဟုတ်သော ပမာဏဖြစ်သော်လည်း ကျန်းမိသားစုအတွက်မူ အသေးအသုံးစရိတ်ငွေမျှသာ ဖြစ်ပေသည်။

ချမ်းသာကြွယ်ဝသူများသည် သူတို့၏ ဘိုးဘေးသင်္ချိုင်းများတွင် ပစ္စည်းများ ထည့်သွင်းမြှုပ်နှံရသည်ကို နှစ်သက်ကြ၏။ ပထမအချက်မှာ သူတို့၏ ကြွယ်ဝချမ်းသာမှုကို ပြသရန်ဖြစ်ပြီး ဒုတိယအချက်မှာ နိမိတ်ကောင်းများ ရယူရန်ဖြစ်သည်။

ဘိုးဘေးများ၏ သင်္ချိုင်းဂူများတွင် ပိုမိုများပြားသော ကြွယ်ဝချမ်းသာမှုများကို ပျိုးထောင်ပေးနိုင်မည့် ဓနဥစ္စာများ ရှိနေခြင်းဖြင့် နောင်လာနောက်သား မျိုးဆက်များတွင်လည်း ပေါများကြွယ်ဝသော ဘဏ္ဍာရေးအရင်းအမြစ်များ ရှိလာစေရန် မျှော်လင့်ကြခြင်းပင်ဖြစ်သည်။

ချမ်းသာသော မိသားစုများကို မဆိုထားနှင့်၊ သာမန်မိသားစုများပင်လျှင် အလွန်အမင်း ဆင်းရဲနွမ်းပါးခြင်းမရှိပါက သူတို့၏ လူကြီးသူမများအတွက် ကောင်းချီးမင်္ဂလာများ တောင်းခံနိုင်ရန် ကြေးပြားအချို့ကို ထည့်သွင်းပေးလေ့ရှိကြသည်။

ဤလောကရှိ လူတိုင်းသည် သင်္ချိုင်းဖောက်ထွင်းသူများ မဟုတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤပဒေသရာဇ်လူ့အဖွဲ့အစည်းတွင် တစ္ဆေများနှင့် နတ်ဘုရားများကို ယုံကြည်မှုများမှာ အလွန်ပျံ့နှံ့လွှမ်းမိုးနေဆဲ ဖြစ်သောကြောင့်ပင်။

တစ္ဆေများနှင့် နတ်ဘုရားများကို မကြောက်ရွံ့သူပင်လျှင် ‘ယင်ကောင်းမှုကုသိုလ်’ ဟူသော စကားလုံးက လူအများကို ကြောက်ရွံ့တွန့်ဆုတ်သွားစေရန် လုံလောက်နေသေးသည်။

ကျိုးရီ ကိုယ်တိုင်က အလောင်းစစ်ဆေးသူတစ်ဦးဖြစ်ကာ တစ္ဆေများနှင့် နတ်ဘုရားများအကြောင်း ပြောဆိုရခြင်းကို မကြောက်ရွံ့သလို ဇနီးမယားရယူရန်နှင့် သားသမီးများ မွေးဖွားရန်လည်း အစီအစဉ်မရှိပေ။

ထို့ကြောင့် သဘာဝကျစွာပင် သူသည် ယင်ကောင်းမှုကုသိုလ်ကို မလိုအပ်ချေ။ သူသည် အမှန်တကယ်ပင် မွေးရာပါ သင်္ချိုင်းဖောက်ထွင်းရေး ပါရမီရှင်တစ်ဦး ဖြစ်နေလေသည်။

“ဒီငွေတွေနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် အကူအညီဖြစ်စေမယ့် ဆေးဖက်ဝင်အရွက်တွေကို ဝယ်လို့ရပြီ၊ ဒါပေမယ့် အရွက်တွေကို ပြုတ်ဖို့လိုတယ်၊ ပြီးတော့ တခြားသူတွေ မသိအောင် ဖုံးကွယ်ထားဖို့ကလည်း ခက်ခဲလိမ့်မယ်၊ ကောင်းကင်အကျဉ်းထောင်ထဲက တာဝန်ကျအခန်းက ဆက်နေဖို့ မသင့်တော်တော့ဘူး၊ နေစရာနေရာ သပ်သပ်တစ်ခု ရှာမှရမယ်”

ကျိုးရီ စိတ်ထဲမှ တွက်ဆလိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းသခင်ကြီး၏သင်္ချိုင်းဂူ အဖောက်ခံရသည့် သတင်းမှာ တာ့ချန်မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး သာမန်ပြည်သူများစွာမှာ ဤသတင်းကို ကြားသောအခါ မျက်နှာများ ပြာနှမ်းသွားသည်အထိ အသက်ရှူမှားသွားခဲ့ကြရသည်။

“ဟီးဟီးဟီး”

“ဟားဟားဟား”

‘ကျန်းမိသားစုရဲ့ သခင်လေး၊ မဟုတ်သေးဘူး၊ အခု ငါ့ကို ကျန်းသခင်ကြီးအသစ်လို့ ခေါ်ရမယ်’

သူသည် ရွှေသေတ္တာတစ်လုံးကို သယ်ဆောင်ကာ မြို့တော်ဝန်ရုံးသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့ပြီး ကြီးမားသောဆုကြေးငွေများ ပေးအပ်ကာ သင်္ချိုင်းဖောက်ထွင်းသူကို ဖမ်းဆီးပြီး ဤအရှက်ရမှုကို ဆေးကြောရန်အတွက် ထိုသူအား အပိုင်းပိုင်းခုတ်ထစ်ကာ အသေဆိုးဖြင့် သတ်ဖြတ်ပစ်မည်ဟုပင် ကျိန်တွယ်ပြောဆိုခဲ့လေသည်။

ထို့ကြောင့် မြို့တော်ဝန်ရုံးတစ်ခုလုံးမှာ ချက်ချင်းပင် အလုပ်များသွားတော့သည်။ ရဲအုပ်အချို့က သူတို့၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ မြို့တစ်ခွင်လုံးတွင် လူများကို လိုက်လံဖမ်းဆီးကြရာ တာ့ချန်မြို့တော် တစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့၏။

မြို့တော်ဝန်ရုံးသည် ကျန်းသခင်ကြီးအို၏ သင်္ချိုင်းဂူကို မည်သူခိုးယူသွားကြောင်းကို သဘာဝကျစွာပင် မသိရှိနိုင်သော်လည်း ၎င်းမှာ ပြဿနာမဟုတ်ပေ။

သူတို့သည် သင်္ချိုင်းဖောက်ထွင်းသူများ ဖြစ်နေသရွေ့ အားလုံးကို ဖမ်းဆီးလိုက်လျှင် လုံလောက်ချေပြီ။ ဆုကြေးငွေများမှာ မြို့တော်ဝန်ထံသို့ ရောက်ရှိသွားမည်ဖြစ်ပြီး သင်္ချိုင်းဖောက်ထွင်းသူများ၏ ပိုင်ဆိုင်မှုများမှာမူ ရုံးတော်မှအစေခံများ၏ အကျိုးအမြတ်များ ဖြစ်လာမည်ဖြစ်သည်။

ကောင်းကင်အကျဉ်းထောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ရာမှ သူသည် ဆရာမပါဘဲ အရာများစွာကို သင်ယူတတ်မြောက်ခဲ့ပြီးဖြစ်သည်။

နေ့စဉ်ဘဝတွင် ရုံးတော်မှ လူများသည် ဤလူမိုက်များနှင့် သူတို့၏ လျှို့ဝှက်အရောင်းအဝယ်များကို ကောင်းစွာ သိရှိထားကြ၏။ တစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း သင်္ချိုင်းဖောက်ထွင်းသူများသည် ရုံးတော်မှလူများ၏ ပါးစပ်ကို ပိတ်ထားရန် အကျိုးအမြတ်တချို့ကို အမြဲတမ်း ခွဲချန်ထားလေ့ရှိကြသည်။

ရုံးတော်မှ လူများသည် ဤလူမိုက်များကို ကြက်များကဲ့သို့ မွေးမြူထားပြီး အခါအားလျော်စွာ ကြက်ဥဥလာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းသာ။

သို့သော် အမှန်တကယ်ကြီးမားသော ပြဿနာတစ်ခုခု ဖြစ်ပွားလာပါက ထိုကြက်များကို ဖမ်းဆီးကာ သတ်ဖြတ်ပြီးနောက် အမွေးနုတ်၍ ကြက်စွပ်ပြုတ်ဖြစ်အောင် ရေနွေးအိုးထဲ ထည့်ပြုတ်ပစ်လိုက်ရုံသာ ရှိလေသည်။

လောကကြီး၏အမှောင်ထုသည် သာမန်လူများ ဘယ်သောအခါမျှ အမှန်တရားကို မြင်တွေ့နိုင်မည်မဟုတ်သော အရာတစ်ခုပင်တည်း။

ဤအမှု၏ ကြိုးကိုင်သူနှင့် တစ်ဦးတည်းသော ကျူးလွန်သူဖြစ်သည့် ကျိုးရီသည် ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ရန်အတွက် ဤအချိန်ကို အခွင့်ကောင်းယူ၍ အပြင်ဘက်တွင် ငွေအနည်းငယ်သုံးကာ တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းတစ်ခုကို ငှားရမ်းလိုက်လေသည်။

ယနေ့တွင် သူသည် ဆေးဖက်ဝင်အပင်၊ အရွက်အချို့ကို ဝယ်ယူပြီး အိမ်သို့ပြန်လာကာ စတင်ပြုတ်လေတော့သည်။ လျင်မြန်စွာပင် ခြံဝင်းတစ်ခုလုံး ဆေးဘက်၀င်အရွက်များ၏ ပြင်းထန်သော အနံ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။

၎င်းသည် အမှန်တကယ်ပင် မစင်နံ့များအလားဖြစ်ကာ ခြံ၀န်းတစ်ခုလုံး ပြည့်နှက်နေခဲ့သည်။ သောက်လိုက်လျှင် အန်ချင်လာမည်ဖြစ်ပြီး မသောက်ဘဲနေပါကလည်း တစ်ခွက်လျှင် ငွေငါးတေး ဖြုန်းတီးလိုက်သလိုဖြစ်ပေမည်။

“အော့၊ ဒီအနံ့က ဘာလို့ ဒီလောက်တောင် ပြင်းနေရတာလဲ” သူက နှာခေါင်းကို ပိတ်ရင်း အော်ဟစ်လိုက်သည်။

၎င်းမှာ သူ၏ ပထမဆုံးအကြိမ် ဆေးဖက်ဝင်ဟင်းရည် ပြုလုပ်ခြင်းဖြစ်ပြီး ထိုစူးရှသောအနံ့က လူတစ်ယောက်ကို အန်ချင်စိတ်ပေါက်လာစေရန် လုံလောက်နေသည်။

“ငါများ ပစ္စည်းအတုတွေ ဝယ်လာမိတာများလား”

ထိုသို့တွေးကြည့်သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအရပ်ဒေသရှိ အကျော်ကြားဆုံး ဟွေချွန်းခန်းမမှ ဝယ်ယူခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

ဟွေချွန်းခန်းမသည် မြို့တော်တွင် ရှစ်ရာစုတိုင်တိုင် တည်ရှိခဲ့သော ဆိုင်တစ်ဆိုင်ဖြစ်ပြီး ယခင်မင်းဆက်ကတည်းက ဆေးဖက်ဝင်ဟင်းရည်များနှင့် ဆေးလုံးအမျိုးမျိုးကို အထူးပြုရောင်းချခဲ့ခြင်း ဖြစ်သည်။

သိုင်းပညာရှင်များစွာသည် ဟွေချွန်းခန်းမမှ ဝယ်ယူလေ့ရှိကြသဖြင့် သူတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းကို ဖျက်ဆီးပစ်ကြမည်မဟုတ်ပေ။

ဆေးဖက်ဝင်အရွက်များ ပျစ်ချွဲသော အရည်မည်းကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကျိုးရီသည် ပန်းကန်လုံးတစ်လုံးစာ ခပ်ယူကာ အအေးခံလိုက်ပြီး နှာခေါင်းကိုပိတ်၍ တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။

ဂလု၊ ဂလု။

ပန်းကန်လုံးထဲရှိ ဆေးဖက်ဝင်ဟင်းရည်များ ဗိုက်ထဲရောက်သွားပြီးနောက် ပထမတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။

ထို့နောက် ခြောက်သွေ့သောအပူရှိန်အဖြစ် ပြောင်းလဲသွားကာ စွမ်းအင်လှိုင်းတစ်ခုက အဆက်မပြတ် ကျယ်ပြန့်လာသကဲ့သို့ ခံစားလိုက်ရသည်။

“ဟိုက်၊ တကယ်ကို အစွမ်းထက်တာပဲ”

ဆေးဖက်ဝင်ဟင်းရည်ကို ပထမဆုံးအကြိမ် သောက်ဖူးခြင်း ဖြစ်သော်လည်း ကျိုးရီသည် ခန္ဓာကိုယ်အတွင်းရှိ သိသာထင်ရှားသော စွမ်းအင်များကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

သူသည် ထိုစွမ်းအင်များကို စုပ်ယူရန် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို ချက်ချင်းပင် လှ့ည်ပတ်လိုက်သည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းသည် ၎င်းကို အလွန်လျင်မြန်စွာ စုပ်ယူလိုက်ပြီး ထိုစွမ်းအင်များကို စစ်မှန်သောချီစွမ်းအင်အဖြစ် ဖိသိပ်ကာ သူ၏သွေးကြောများအတွင်းသို့ ပေါင်းစပ်လိုက်သဖြင့် ခွန်အားအနည်းငယ်မျှ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

“အံ့မခန်းပဲ၊ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းဆိုတဲ့ နာမည်နဲ့ တကယ်ကိုလိုက်ဖက်တာပဲ”

ဆေးဆိုင်လက်ထောက်၏ ပြောစကားအရ သာမန်သိုင်းပညာရှင်တစ်ဦးသည် ဆေးဖက်ဝင်ဟင်းရည် တစ်ခွက်ကို အပြည့်အဝချေဖျက်နိုင်ရန် အနည်းဆုံး နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် အချိန်ယူရမည်ဖြစ်သော်လည်း သူကမူ ၎င်းကို ချေဖျက်ရန် နံ့သာတိုင်တစ်တိုင်စာ၏ တစ်ဝက်ခန့်ကိုသာ အချိန်ယူခဲ့ရသည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို ကျင့်ကြံသူများသည် ဆယ်နှစ်အတွင်း သိုင်းသခင်အဆင့်သို့ ဝင်ရောက်နိုင်သည်ဟု ဆိုကြသည်မှာ အံ့သြစရာတော့မဟုတ်ပေ။

ဤမျှ လျှင်မြန်သောအစာချေဖျက်နိုင်စွမ်းရှိပါက ဝက်တစ်ကောင်ပင်လျှင် ဆယ်နှစ်အတွင်း သိုင်းသခင်အဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

ကျိုးရီသည် ကျန်ရှိနေသော ဆေးဖက်ဝင်ဟင်းရည်များကို ပါးစပ်ထဲသို့ ချက်ချင်းလောင်းထည့်လိုက်ရာ သူ၏ ကျင့်ကြံခြင်းအခြေခံ သိသိသာသာ မြင့်တက်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

ပုံကြီးချဲ့ပြောရမည်ဆိုလျှင် သူ့အရှေ့တွင် အချက်အလက်ပြဘုတ်တစ်ခုသာ ရှိနေမည်ဆိုပါက ကျင့်ကြံခြင်းအဆင့်အတွက် အတွေ့အကြုံရမှတ်များ တစ်စတစ်စ ခုန်တက်နေသည်ကို မြင်တွေ့ရမည်မှာ သေချာလှသည်။

သေချာသည်ကတော့ သူပိုင်ဆိုင်သော ငွေများသည်လည်း အလွန်လျင်မြန်စွာ လောင်ကျွမ်းနေခဲ့သည်။

ဆေးဖက်ဝင်ဟင်းရည်တစ်ခွက်လျှင် ငွေငါးတေး ကျသင့်ပြီး ကျိုးရီအနေဖြင့် ပြုတ်ခြင်းနှင့် သန့်စင်ခြင်းများကြားတွင် တစ်နေ့လျှင် ဆေးဖက်ဝင်ဟင်းရည် နှစ်ခွက်ခန့် သောက်သုံးနိုင်မည်ဖြစ်ရာ ငွေဆယ်တေး ကုန်ကျမည်ဖြစ်သည်။

၎င်းမှာ တစ်လလျှင် ငွေ‌ တေးသုံးရာ၊ တစ်နှစ်လျှင် ငွေသုံးထောင်ခြောက်ရာတေး ဖြစ်လေသည်။

‘ဘုရားရေ... စာပေလေ့လာခြင်းက ဆင်းရဲသားတွေအတွက်ဖြစ်ပြီး သိုင်းပညာလိုက်စားခြင်းက ချမ်းသာတဲ့သူတွေအတွက်ပဲ ဆိုတာ တကယ်ပဲ မှန်နေတာကိုး'

“တာ့ချန်မြို့တော် အပြင်ဘက်မှာ မှောင်ခိုဈေးတစ်ခု ရှိတယ်လို့ ငါကြားဖူးတယ်၊ အဲဒီမှာ ဆေးဖက်ဝင်ဟင်းရည်တွေနဲ့ ဆေးလုံးတွေက ဒီကထက် အများကြီးပိုဈေးပေါတယ်၊ ပြီးတော့ ကျင့်ကြံခြင်းသိုင်းပညာတွေနဲ့ လက်နက်တွေလည်း ရောင်းချတယ်၊ သိုင်းပညာရှင်အများအပြားက ရတနာရှာဖို့အဲဒီကို သွားကြတယ်ဆိုပဲ” အတွေးတို့က သူ့ခေါင်းထဲ ဝင်လာပြန်သည်။

သေချာစဉ်းစားပြီးနောက်တွင် ကျိုးရီသည် ထိုအကြံအစည်ကို လက်လျှော့လိုက်၏။ မှောင်ခိုဈေးတွင် မျက်စိများစွာရှိကာ စည်ကားနေပြီး လူမိုက်အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။

‘တကယ်လို့များ ငါလေးက ကျွမ်းကျင်သူတစ်ဦးနဲ့ ဆုံမိပြီး အသတ်ခံလိုက်ရရင် ဘယ်လောက်တောင် အခြေအနေဆိုးသွားလိုက်မလဲ’

“အရင်က ငါခိုးလာခဲ့တဲ့ ရတနာတွေကို အရင်ရောင်းလိုက်တာ ပိုကောင်းမယ်”

ကျိုးရီသည် ရတနာများကို ယူဆောင်လာကာ သူ၏စစ်မှန်သောချီစွမ်းအင်ကို လည်ပတ်စေလိုက်ရာ မျက်နှာအရေပြားမှာ တစ်ခဏမျှ လိမ်ကောက်သွားပြီးနောက် အခြားမျက်နှာတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

ဤသည်မှာ သူသည် ကျန်းဟူလောကရှိ ကိုယ်ရံတော်တစ်ဦးထံမှ ရရှိထားသော စစ်မှန်သောချီစွမ်းအင် မျက်နှာပြောင်းလဲခြင်း နည်းစနစ်ဖြစ်ပြီး အတော်လေးအသုံးဝင်လှသည်။

သိပ်မကြာမီမှာပင် တာ့ချန်မြို့တော် အတွင်းရှိ ရှေးဟောင်းပစ္စည်းများကို အထူးပြု လက်ခံသော ပေါင်ဆိုင်တစ်ဆိုင်သို့ သူ ရောက်ရှိသွားသည်။

ဤကဲ့သို့သော နေရာမျိုးသည် မှောင်ခိုဈေးကွက်အရောင်းအဝယ်များနှင့် အနည်းငယ်ပတ်သက်နေပြီး မည်သည့်အရာကိုမဆို လက်ခံရဲကြသည်။

သူတို့ ပစ္စည်းများကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် နိုင်ငံတစ်ဝန်းလုံးသို့ တိုက်ရိုက်ပေးပို့လေ့ရှိကြရာ မည်မျှပင် အရည်အချင်းရှိစေကာမူ ၎င်းတို့ကို ခြေရာခံနိုင်မည်မဟုတ်ပေ။

အရာရှိအချို့သည်လည်း ဤလမ်းကြောင်းကို မကြာခဏ အသုံးပြုလေ့ရှိကြပြီး သူတို့၏ လျှို့ဝှက်အရောင်းအဝယ်များမှာ ရှုပ်ထွေးလှသည်ဟု ဆိုကြသည်။

အဆင့်မြင့် အရာရှိတစ်ဦးက အသက်အန္တရာယ်ရှိသော အမှုတစ်ခုကို သတင်းမပို့သရွေ့ တာ့ချန်မြို့တော် မြို့တော်ဝန်ပင်လျှင် လာရောက်စုံစမ်းစစ်ဆေးရဲမည် မဟုတ်ပေ။

သူ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အရပ်ပုပု၊ ဗိုက်ပူပူ ဆိုင်ရှင်က အပြုံးတစ်ခုဖြင့် သူ့ကိုကြိုဆိုရန် ရှေ့သို့ ထွက်လာလေသည်။

“ဧည့်သည်တော်၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ ကျွန်တော်က ဒီဆိုင်လေးရဲ့ ဆိုင်ရှင် ဝမ်ဟယ်ပါ၊ ခင်ဗျား ဘာကိစ္စများ ရှိလို့ပါလဲ၊ တစ်ခုခု ဝယ်ချင်လို့လား၊ ဒါမှမဟုတ် ရောင်းချင်လို့လား”

“ကျွန်တော့်မှာ ပစ္စည်းတချို့ရှိတယ်၊ အဲဒါကို ငွေနဲ့လဲချင်လို့ပါ”

“ခင်ဗျား ဘာရောင်းမလို့လဲဆိုတာ သိပါရစေ”

“မိသားစုအမွေဟောင်းတချို့ပါ”

ကျိုးရီက ပစ္စည်းများကို ထုတ်ယူလို၏။ တစ်ဖက်လူက သေချာကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးများက အနည်းငယ် ဟိုဒီကစားသွားပြီး ပြုံးလျက်ပြောလိုက်၏။

“ဧည့်သည်တော်၊ ခင်ဗျားရဲ့ ဒီပစ္စည်းတွေက ပစ္စည်းကောင်းတွေပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်ဆိုင်လေးက သေးလွန်းနေတယ်၊ ခင်ဗျား တခြားနေရာသွားတာ ပိုကောင်းလိမ့်မယ်”

ကျိုးရီ ရောက်လာပြီးမှတော့ ဒီအတိုင်း ပြန်ထွက်သွားဖို့ရာ မဖြစ်နိုင်ပေ။ ဤပစ္စည်းများကို မြင်တွေ့သူ များလေလေ၊ သူ့ကို မှတ်မိပြီး ပစ်မှတ်ထားခံရရန် ပိုလွယ်ကူလေလေ ဖြစ်သည်။

“ကျွန်တော်နဲ့ အဓိပ္ပာယ်မရှိတာတွေ လာမပြောနေနဲ့၊ ခင်ဗျား ဒီပစ္စည်းတွေက ဘာတွေလဲဆိုတာကို သိတယ်မလား၊ ပြီးတော့ လက်ခံပြီး ရောင်းနိုင်တယ်ဆိုတာလည်း ကျွန်တော်သိတယ်၊ ခင်ဗျား ဈေးနှိမ်ချင်လို့ လုပ်နေတာပဲ၊ ခင်ဗျား မသေချင်ဘူးဆိုရင် ကျွန်တော်နဲ့ ဒီလိုအကြံအစည်တွေ လာမလုပ်နဲ့”

သူက စူးရှသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ သတိပေးလိုက်သည်။

စကားပြောပြီးနောက် လက်ဝါးကို သစ်သားစားပွဲပေါ်သို့ ရိုက်ချလိုက်ရာ လေးလံခိုင်ခံ့သော နှင်းဆီသစ်သားစားပွဲပေါ်တွင် နက်ရှိုင်းသော လက်ဝါးရာတစ်ခု အမှန်တကယ်ပင် ထင်ကျန်ရစ်ခဲ့လေသည်။

ခွန်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တတ်သော ဤလောကတွင် ကျင့်ဝတ်တရားဆိုသည်မှာ များစွာပြောစရာမရှိပေ။

သိုင်းပညာစွမ်းအားရှိနေလျက်နှင့် အသုံးမပြုခြင်းက အရူးလုပ်ရပ်တစ်ခုသာ ဖြစ်လေသည်။

သေချာသည်ကတော့ ကျိုးရီ၏ လက်ဝါးစွမ်းအားကို မြင်တွေ့လိုက်ရသည်နှင့် ဝမ်ဟယ်မှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းဖြစ်တည်မှု ကျင့်ကြံသူပါလား”

အခန်း (၆) - သင်္ချိုင်းဖောက်သူတော်စင် ဂုဏ်ပုဒ်

ဆိုင်ရှင် ဝမ်ဟယ်က ပြုံးရွှင်စွာဖြင့် အလျင်အမြန် တောင်းပန်လေသည်။

“ကျွန်တော့် အမြင်အာရုံညံ့ဖျင်းတာကြောင့်ပါ၊ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးကို မမှတ်မိခဲ့ဘူး၊ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ သခင်ကြီးရဲ့ ပစ္စည်းတွေအားလုံးကို ကျွန်တော်ယူပါ့မယ်၊ စုစုပေါင်း ငွေတစ်ရာ ကျသင့်ပါတယ်၊ ဘယ်လိုသဘောရပါသလဲဗျ”

ကျိုးရီက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ဝါးကို ရုပ်သိမ်းလိုက်သည်။

“ကောင်းပြီလေ”

ဆိုင်ရှင်က ကျိုးရီထံသို့ ငွေတစ်ရာတေးတန် ငွေစက္ကူတစ်ရွက်ကို လျင်မြန်စွာ ထုတ်ပေးလိုက်ပြီးနောက် ပြုံးလျက်မေးလိုက်၏။

“သခင်ကြီးရဲ့ မွန်မြတ်လှတဲ့နာမည်ကို ကျွန်တော် မသိရသေးဘူးနော်”

“လီချန်ရှိုး”

“လီချန်ရှိုး၊ နာမည်ကောင်းလေးပဲ၊ အနာဂတ်ကျ သခင်ကြီးဆီမှာ ပစ္စည်းကောင်းတွေ ရှိလာရင် ကျွန်တော့်ဆိုင်ကို လာရှာလို့ရပါတယ်၊ ဒါပေမယ့် သခင်ကြီးနဲ့ ဆွေးနွေးစရာတစ်ခုခု ရှိလာခဲ့ရင် သခင်ကြီးကို ကျွန်တော် ဘယ်လိုရှာရမလဲ”

ကျန်းဟူလောကသည် လောကီရေးရာ ဉာဏ်ပညာနှင့် လူမှုဆက်ဆံရေးကို တန်ဖိုးထား၏။ သူသည် နောက်ပိုင်းဖြစ်တည်မှုအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသောကြောင့် တစ်ဖက်လူက အနာဂတ်လိုအပ်ချက်များအတွက် သူ့ကို မိတ်ဆွေဖွဲ့ချင်နေသည်မှာ သဘာဝပင်။

ကျိုးရီသည်လည်း အနာဂတ်တွင် အရောင်းအဝယ်များ မလွဲမသွေ ပြုလုပ်ရဦးမည်ဖြစ်ရာ ထိုသူကို အလွန်အကျွံ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နိုင်ပေ။

“ကျွန်တော့်ကို ရှာဖို့လိုလာရင် တံခါးဝမှာ မီးအိမ်နီတစ်လုံး ထွန်းထားလိုက်ပါ”

ထိုသို့ပြောပြီးနောက် သူသည် မတ်တပ်ရပ်ကာ ထွက်ခွာသွားလေသည်။

“မီးအိမ်နီ ထွန်းထားရမယ်၊ ကောင်းပြီ၊ သဘောတူတယ်”

အပေါင်ဆိုင်မှ ထွက်ခွာလာပြီးနောက် လက်ထဲရှိ တေးတစ်ရာတန် ငွေစက္ကူကို ကြည့်ရင်း ကျိုးရီ၏နှုတ်ခမ်းများက အထက်သို့ အနည်းငယ် ကွေးတက်သွား၏။

“မကြာသေးခင်ကမှ သင်္ချိုင်းဖောက်သူခိုးတွေ အဖမ်းခံလိုက်ရတယ်၊ ဒါပေမယ့် တာ့ချန်မြို့တော် အပြင်ဘက်မှာ သင်္ချိုင်းသစ်တွေ အများကြီး ရှိနေသေးတယ်၊ ဒါက ငါ့ရဲ့ စွမ်းရည်တွေကို ပြသဖို့ အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင်တယ်”

သူသည် လမ်းမပေါ်သို့ထွက်လာပြီး မြည်းသား နှစ်ကျင်းနှင့် ဟွာတျောင်ဝိုင် တစ်အိုးကို ဝယ်ယူကာ အောင်ပွဲခံရန် အိမ်သို့ပြန်လာခဲ့သည်။

သူ အားရပါးရ သောက်စားနေစဉ်မှာပင် မျက်ခုံးပင့်လိုက်မိသည်။ ခြံဝင်းအတွင်း၌ လှုပ်ရှားမှုတစ်ခု ရှိနေ၏။

“အပေါင်ဆိုင်က လူတွေများလား”

ကျိုးရီ၏ မျက်လုံးများအတွင်း၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ နှောင်းပိုင်းဖြစ်တည်မှုအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းက သူ၏ အာရုံငါးပါးကို များစွာ တိုးတက်စေခဲ့ပြီး တီးတိုးပြောဆိုသံများက သူ့နားထဲသို့ လွင့်ပျံလာသည်။

“ပင်းဇီ၊ မင်း အမြင်မှားတာ မဟုတ်ဘူးမလား”

“စိတ်မပူပါနဲ့ ဒုတိယအစ်ကို၊ ဒီကောင်လေး ဒီခြံဝင်းထဲ ဝင်သွားတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်လိုက်တာပါ”

“သောက်ကျိုးနည်း၊ အပေါင်ဆိုင်အမျိုးမျိုးရဲ့ အပေါက်ဝတွေမှာ ငါတို့ချောင်းနေတာ လနဲ့ချီနေပြီ၊ နောက်ဆုံးတော့ ခိုးရာပါပစ္စည်းလာရောင်းတဲ့ ကောင်ကို တွေ့ပြီကွ”

“ဒီကောင်လေးကို အရင်က အလုပ်လုပ်တဲ့ နေရာတွေမှာ ငါ မမြင်ဖူးဘူး၊ တကယ်တော့ ဒီကောင်က ငါတို့ရဲ့ သင်္ချိုင်းတွေကို ဖောက်တဲ့ကောင်ပဲဖြစ်ရမယ်၊ ခေါင်းဆောင်ဟော်ကိုတောင် ရုံးတော်ကဖမ်းမိပြီး ခေါင်းဖြတ်သတ်ခံရအောင် လုပ်ခဲ့တာ၊ သူကတော့ ဇိမ်ကျကျ နေနေတယ်၊ ခဏနေ ငါတို့ အထဲဝင်သွားရင် သူ့ကို အရင်ချုပ်ထားပေး၊ သူ့အပေါ်ကို ငါ့ဒေါသတွေ ပုံချပစ်ရမယ်”

ထိုစကားလုံးများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျိုးရီက တံခါးကို ကိုယ်တိုင် ဖွင့်လိုက်လေပြီ။

လူအချို့မှာ ရုတ်တရက် လန့်ဖျပ်သွားကြ၏။

“ငါတို့ကို တွေ့သွားပြီ”

“သူ့ကို အပြေးမခံနဲ့၊ သတ်လိုက်”

ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် အရှေ့ဆုံးမှလူက အရင်ဆုံး စတင်လှုပ်ရှားလိုက်သည်။ ခြေနှစ်လှမ်းဖြင့် ကျိုးရီထံသို့ ရောက်ရှိလာပြီး ဓားဖြင့် သူ၏ခေါင်းအား ခုတ်ချလိုက်သည်။

ကျိုးရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရန်သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။

ရန်သူ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် သူက အနည်းငယ် အားစိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ကြီးမားလှသည့် ခွန်အားများက ရန်သူ၏ လက်မောင်းကို မုန့်ကျိုးလိမ်တစ်ခုပမာ လိမ်ချိုးပစ်လိုက်ပြီး တိုက်ရိုက်ပင် ကျိုးပဲ့သွားစေလေ၏။

“အား”

ကျိုးရီသည် အော်သံမထွက်ပေါ်လာနိုင်မီမှာပင် ဓားရှည်းကို လုယူလိုက်ပြီး ဓားတစ်ချက်တည်းဖြင့် ရန်သူ့ခေါင်းကို ဖြတ်ချလိုက်လေသည်။ ထိုလှုပ်ရှားမှုမှာ ချောမွေ့နေပြီး မျက်စိတစ်မှိတ်အတွင်း ပြီးမြောက်သွားခဲ့ခြင်းဖြစ်၏။

“ဘာ”

ကျန်ရှိနေသော လူအနည်းငယ်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ဆံပင်များထောင်ထသွားပြီး ခြေဖဝါးမှစ၍ ဦးရေပြားအထိ စိမ့်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ကြရသည်။

“သောက်ကျိုးနည်း၊ သူက ကျင့်ကြံသူပဲ၊ ပြေးကြ”

ထိုလူစုမှာ ချက်ချင်းပင် ငှက်သားရဲများပမာ ထွက်ပြေးကြလေတော့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် ကျိုးရီ၏နေအိမ်ကို သိရှိနေပြီး သူ့မျက်နှာကိုလည်း မြင်တွေ့ထားပြီးဖြစ်သည်။ ကျိုးရီက သူတို့ကို မည်သို့ အလွတ်ပေးနိုင်မည်နည်း။

ခြေဖျားထောက်ကာ တစ္ဆေတစ်ကောင်ပမာ လွင့်ပျံသွားပြီး သူတို့ထဲမှ နှစ်ယောက်၏နောက်သို့ ချက်ချင်းရောက်ရှိသွားသည်။

ကျိုးရီ လက်မြှောက်ကာ ခုတ်ချလိုက်ရာ နောက်ထပ် ခေါင်းနှစ်လုံး လွင့်စင်သွားပြန်၏။

ထို့နောက် သူ၏လက်ထဲရှိ ဓားရှည်ကို လှမ်းပစ်လိုက်ရာ နံရံပေါ်သို့တက်နေသည့် သင်္ချိုင်းဖောက်သူခိုးတစ်ဦး၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသဖြင့် သင်္ချိုင်းဖောက်သူခိုးခင်‌မျာ သူ၏ကံကြမ္မာကို လက်မခံနိုင်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားရတော့သည်။

သူကိုယ်တိုင်ကတော့ အခြားတစ်ဖက်သို့ ပြေးသွားကာ နောက်ဆုံးလူ၏လည်ပင်းကို ဖမ်းဆုပ်လိုက်ရာ ထိုသူမှာ ကြောက်လန့်တကြား ချက်ချင်းတောင်းပန်လေတော့၏။

“အစ်ကိုကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ ကျွန်တော့်မှာ အသက်ရှစ်ဆယ်အရွယ် အမေအိုကြီးရယ်၊ နို့စို့ကလေးအရွယ် ကလေးလေးရယ် ရှိသေးလို့ပါ”

“မင်း မှားသွားတယ်ဆိုတာကို မင်းတကယ်မသိဘူး၊ မင်း သိတာက သေရတော့မယ်ဆိုတာကိုပဲ”

သူ၏ ကျားလက်သည်းပမာ လက်ကို အားစိုက်လိုက်ရာ ဂျင်တစ်သောင်းအား ခွန်အားများထွက်ပေါ်လာပြီး ထိုသူ၏ခေါင်းကို ကျောရိုးနှင့်အတူ ဆွဲနုတ်ပစ်လိုက်လေတော့သည်။

ဘုန်း။

အလောင်း မြေပြင်ပေါ်သို့ ကျသွား၏။ ဤသို့ဖြင့် အားလုံးသေဆုံးသွားကြပြီး အသက်ရှင်ကျန်ရစ်သူတစ်ဦးမျှ မရှိတော့ပေ။

“ဒီလောကမှာ ရှင်သန်နေရရင် ဒီလိုအကျိုးဆက်တချို့က ရှောင်လွှဲလို့မရဘူးပဲ၊ ခွန်အားရှိမှသာ အရာအားလုံးကို ဖြေရှင်းနိုင်မှာ”

ကျိုးရီသည် အလောင်းများကို အလျင်အမြန်ရှာဖွေပြီး သူတို့၏မှတ်ဉာဏ်များကို ရယူလိုက်ကာ ကျင့်ကြံခြင်းကို စုပ်ယူရန် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို လှည့်ပတ်လိုက်လေသည်။

[ဝူလောင် ဆိုတဲ့ ခွေးမသား၊ ငွေခွဲတိုင်း သူက ငါ့ကို အနည်းဆုံးပေးတယ်၊ မင်းမိန်းမကို သွားရိုးလိုက်]

[ဝူလောင်က သိပ်ပြီး အသုံးမကျပေမယ့် သူ့မိန်းမကတော့ တကယ်ကို မိုက်တယ်ကွာ၊ ဖြူဖြူဖွေးဖွေး၊ ကြီးကြီးမားမားနဲ့ နူးအိနေတာပဲ၊ ဒီအလုပ်ကို နောက်တစ်နှစ်လောက် လုပ်ပြီးရင် ငါ့ဘာသာငါ သီးသန့်ခွဲထွက်တော့မယ်]

[သန်ဘက်ခါကျရင် ဒုတိယမရီးက သူ့အိမ်ကိုလာခဲ့ဖို့ ပြောတယ်၊ ငါမသွားရင် ငါ့ကိုယ်ငါ သစ္စာဖောက်သလို ဖြစ်မယ်၊ သွားရင် ဒုတိယအစ်ကို့ကို သစ္စာဖောက်သလို ဖြစ်မယ်၊ ဒုတိယအစ်ကို၊ တောင်းပန်ပါတယ်]

[၀ူလောင်ရဲ့ မိန်းမက ငါနဲ့အတူ ထွက်မပြေးခင် တေးတစ်ရာ လိုချင်တယ်တဲ့၊ အလုပ်နည်းနည်းလောက် ထပ်လုပ်လိုက်ရင် လုံလောက်လောက်ပါပြီ]

[ဒီအလုပ် နှစ်ခါလောက်ထပ်လုပ်ပြီးရင် ငါ့မိန်းမကိုခေါ်ပြီး ထွက်ပြေးတော့မယ်၊ ဒီခွေးမသားတွေက နေ့တိုင်း ငါ့မိန်းမကို ကြည့်နေတာများ ၀ါးစားတော့မယ့်အတိုင်းပဲ၊ သောက်ကျိုးနည်း၊ သူတို့ဘာသာ မိန်းမ မရှာဘဲ တခြားလူရဲ့ မိန်းမတွေကိုပဲ နေ့တိုင်း လိုက်ကြည့်နေကြတယ်၊ တစ်သက်လုံးမိန်းမ မရမယ့်ကောင်တွေ]

ကျိုးရီ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သိုင်းလောက ကိစ္စရပ်များမှာ အမှန်တကယ်ပင် ရှုပ်ထွေးလှသည်။

ဤလူများ၏ မှတ်ဉာဏ်များထဲတွင် တန်ဖိုးရှိသည့်အရာ တစ်ခုမျှ မပါဝင်ခြင်းမှာ ဝမ်းနည်းစရာပင် ဖြစ်သော်လည်း သူတို့သည် သူ၏အတွင်းအားကို အတော်လေး တိုးတက်စေခဲ့ပြီး ကျင့်ကြံခြင်းမှာလည်း သူကိုယ်တိုင် ရက်အနည်းငယ်ကြာ လေ့ကျင့်ရသည်နှင့် ညီမျှသည်အထိ သိသိသာသာ မြင့်တက်လာခဲ့သည်။

ကျိုးရီသည် သူတို့၏အလောင်းများကို ခြံဝင်းအတွင်းရှိ တည်ပင်အောက်တွင် မြှုပ်နှံလိုက်ပြီး မြေကြီးကို တင်းတင်းကြပ်ကြပ် ပြန်ဖို့ထားလိုက်ရာ သူတို့ ဇွန်ဘီများအဖြစ် ပြောင်းလဲသွားလျှင်ပင် ပြန်လည်တွားသွား ထွက်လာနိုင်မည် မဟုတ်တော့ပေ။

“အလုပ်ချိန်မှာ အလောင်းစစ်တယ်၊ အလုပ်ချိန်ပြီးရင် သင်္ချိုင်းဖောက်တယ်၊ ပြီးတော့ တစ်ခါတလေ လူတစ်ယောက်ကို မြှုပ်နှံရတယ်၊ ဒီဘဝမှာတော့ သေသွားတဲ့သူတွေနဲ့ ငါ ခွဲခွာလို့မရနိုင်တော့ဘူးထင်ရဲ့”

နွေဦးကာလ ကုန်ဆုံး၍ ဆောင်းဦးပေါက်လာပြီး မျက်စိတစ်မှိတ်အတွင်း လအနည်းငယ် ကြာမြင့်သွားပြန်၏။ ရာသီဥတုမှာ အေးလာပြီး နံနက်ခင်းတွင် နိုးလာသောအခါ ခြံဝင်းအတွင်းရှိ မြက်ခင်းပြင်မှာ နှင်းခဲများ ဖုံးလွှမ်းနေချေပြီ။

“ဆောင်းဦး ရောက်လာပြန်ပြီပဲ”

ကျိုးရီ ထလာပြီး အပြင်သို့ ထွက်လိုက်သည်။ နံနက်ခင်းအအေးဓာတ်က သူ့အပေါ် လုံးဝသက်ရောက်မှုမရှိချေ။

သူ၏အရေပြားမှာ အေးစက်နေသော်လည်း အသားနှင့် သွေးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အကာအကွယ်အလွှာက တားဆီးထားလေသည်။

ကျိုးရီသည် လက်များကို နောက်ပစ်လျက် ကောင်းကင်အကျဉ်းထောင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။

“ငါ့ရဲ့ စစ်မှန်တဲ့ အနှစ်သာရက အရေပြားကို ဖောက်ထွက်နေပြီ၊ မွေးရာပါအဆင့်ကိုရောက်ဖို့ စက္ကူပါးလေးတစ်ရွက်စာလောက်ပဲ လိုတော့တယ်၊ ငါ အဲဒါကို ဒီနှစ်ရက်အတွင်း ချိုးဖျက်နိုင်လောက်မယ်ထင်တာပဲ”

ပြန်စဉ်းစားကြည့်လျှင် သူသည် ဤလောကသို့ ရောက်ရှိလာသည်မှာ တစ်နှစ်ကျော်မျှသာ ရှိသေးသော်လည်း မွေးရာပါအဆင့်ကို မျှော်လင့်နေပြီဖြစ်သည်။ ဤတိုးတက်မှုနှုန်းမှာ ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို လေ့ကျင့်နေသော သာမန်လူများထက် ပိုမြန်နေ၏။

“အရင်လူရဲ့ ရွှေလက်ချောင်းက ထာဝရအသက်ရှင်ခြင်းတဲ့၊ ငါ့ရဲ့ ရွှေလက်ချောင်းကတော့ လူသေတွေမှာကျန်ရစ်တဲ့ မှတ်ဉာဏ်တွေကို ရရှိတာပဲ၊ ဒီ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီက... မူလခန္ဓာကိုယ်ကနေများ လာတာလား”

မည်သို့ပင်ဖြစ်စေ သူသည် ဤနေရာသို့ ကူးပြောင်းလာသော ဒုတိယမြောက်လူ ဖြစ်သည်။ ဤခန္ဓာကိုယ်တွင် ပြဿနာများ ရှိနေသည်မှာ သေချာ၏။

အခြားကမ္ဘာများမှ ကူးပြောင်းလာသူနှစ်ဦးကို ဆက်တိုက် ဆွဲဆောင်နိုင်ပြီး ယခုကဲ့သို့ လျင်မြန်စွာ ကျင့်ကြံနိုင်သော ခန္ဓာကိုယ်သည် သာမန်ခန္ဓာကိုယ်တစ်ခုတော့ လုံးဝမဟုတ်ပေ။

‘ဖြစ်နိုင်တာက...’

ကျိုးရီ၏ နှုတ်ခမ်းများ ကွေးတက်သွားသော်လည်း သူက လျင်မြန်စွာပင် ဖုံးကွယ်လိုက်သည်။

‘နှိမ့်ချနေမှဖြစ်မယ်၊ နှိမ့်ချနေဖို့ လိုတယ်’

သူ မြည်းသားအသားညှပ်ပေါင်မုန့်တစ်ခု ဝယ်ကာ လမ်းလျှောက်ရင်း စားလာခဲ့ရာ စားပြီးသွားချိန်တွင် ခရိုင်ရုံးတော်သို့ပင် ရောက်ရှိသွားလေပြီ။

“သင်္ချိုင်းဖောက်သူတော်စင် အဖမ်းခံရပြီတဲ့”

“တကယ့် သူရဲကောင်းတစ်ယောက်ကိုကွာ၊ နှမြောစရာပဲ”

အကျဉ်းထောင်သို့ ရောက်ရှိသွားချိန်တွင် ကျိုးရီသည် ထောင်စောင့်များ၏ သက်ပြင်းချသံများကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားမိ၏။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း လုံလောက်သော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိရန်အတွက် ကျိုးရီသည် သင်္ချိုင်းဖောက်သူခိုးအဖြစ် လှုပ်ရှားခဲ့ပြီး တာ့ချန်မြို့တော်ရှိ သြဇာအာဏာကြီးမားသော မှူးမတ်မိသားစုအားလုံး၏ ဘိုးဘေးသင်္ချိုင်းများကို ဝင်ရောက်မွှေနှောက်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သြဇာအာဏာရှိသော မှူးမတ်မိသားစုများသည် ပြည်သူများကို နေ့ရောညပါ ခေါင်းပုံဖြတ်နေကြသဖြင့် ကျိုးရီတစ်ခါမှ အပစ်မကင်းသလို မခံစားခဲ့ရပေ။

တစ်ခါတစ်ရံတွင် အချို့သော သြဇာအာဏာရှိ မိသားစုများ၏ ပြုပြင်မွမ်းမံထားသော သင်္ချိုင်းအသစ်များသို့ ဒုတိယအကြိမ်၊ မဟုတ်သေး။ တတိယအကြိမ်ပင် သွားရောက်ခဲ့သေးရာ တာ့ချန်မြို့တော်ရှိ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များကို ဒေါသထွက်လွန်း၍ ခုန်ပေါက်သွားစေခဲ့၏။

ဤသြဇာအာဏာကြီးမားသော မှူးမတ်မိသားစုများသည် လူကောင်းများ မဟုတ်သောကြောင့် သာမန်ပြည်သူများအားလုံးက လက်ခုပ်တီးကာ အားပေးခဲ့ကြပြီး သူ့ကို ‘သင်္ချိုင်းဖောက်သူတော်စင်’ ဟူသော ဂုဏ်ပုဒ်ကိုပင် ပေးအပ်ခဲ့ကြလေသည်။

သူ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ကြေညာရန်အတွက် ဝတ္ထုအမျိုးမျိုးကိုပင် ရေးသားခဲ့ကြသေး၏။

“သင်္ချိုင်းဖောက်သူတော်စင်က ရက်စက်တဲ့ အာဏာရှင်တွေရဲ့ သင်္ချိုင်းတွေကို သွေးနဲ့ဆေးကြောပြီး ချမ်းသာတဲ့သူတွေဆီက လုယူကာ ဆင်းရဲသားတွေကို ကူညီပြီး ကမ္ဘာကြီးကို ကယ်တင်ခဲ့တယ်”

“သင်္ချိုင်းဖောက်သူတော်စင်က ကျန်းမိသားစုရွာကို သုံးကြိမ်တိုင်တိုင် သွားရောက်ပြီး ဓားပြ ကျန်းဆန်လျန်ကို အပြစ်ပေးခဲ့တယ်” ဟူသော စာသားများပင် ပါဝင်သေး၏။

သာမန်ပြည်သူများသည် လက်တွေ့လောက၏ အမှောင်ထုကို တွန်းလှန်နိုင်စွမ်း မရှိကြသဖြင့် ဤကျေနပ်ဖွယ်ကောင်းသော ဝတ္ထုများကိုသာ အားကိုးကာ နှစ်သိမ့်မှု အရိပ်အယောင်တစ်ခု ရယူခဲ့ကြရာ ထိုဝတ္ထုများသည် အလွန်အမင်း ရေပန်းစားလာခဲ့လေသည်။

တော်ဝင်နန်းတော်ကပင် ထိတ်လန့်သွားပြီး သူ့ကို စုံစမ်းစစ်ဆေးရန်အတွက် ကျန်းဝူဌာနမှ ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့သည်။

ထို့ကြောင့် သူသည် ဤလုပ်ငန်းမှ ယာယီအနားယူရန် ရွေးချယ်စရာမရှိတော့ဘဲ လွန်ခဲ့သော တစ်လကျော်ခန့်ကတည်းက အနားယူနေခဲ့ခြင်းဖြစ်သည်။

‘တော်ဝင်နန်းတော်က ဖမ်းမိသွားတယ်ဆိုတဲ့ သင်္ချိုင်းဖောက်သူတော်စင်က ဘယ်ကရောက်လာတာလဲ’

All Chapters