ကျိုးရီသည် အခြားကမ္ဘာလောကတစ်ခုသို့ ကူးပြောင်းရောက်ရှိသွားပြီနောက် မသေမျိုးတစ်ဦး ဖြစ်လာခဲ့သည့်အပြင်၊ သေဆုံးသွားသူများ၏ မှတ်ဉာဏ်များကို စုပ်ယူနိုင်သောစွမ်းရည်အား ပိုင်ဆိုင်ထားလေသည်။ အခြားသူများက ငွေကြေးအတွက် ပူပန်နေရချိန်တွင် ကျိုးရီသည်ကား ရွှေတောင်ကြီးတစ်လုံးစာမက စုဆောင်းနေမိပြီဖြစ်၏။ အခြားသူများက သိုင်းပညာရပ်များအတွက် ပူပန်နေရချိန်တွင် ကျိုးရီမှာမူ လောကရှိ သိုင်းပညာရပ်အားလုံးကို စုဆောင်းမိပြီးသား ဖြစ်နေသည်။ ... နန်းတွင်းအာဏာလုတိုက်ပွဲများ၊ လောကအလယ်က သွေးချောင်းစီးတိုက်ပွဲများ... စသည်တို့အားလုံးကို ကျိုးရီကမူ အကျဉ်းထောင်ထဲမှသာ တိတ်တဆိတ်ကြည့်ရှုနေခဲ့သည်။ မည်သည့်ခေတ်အဆက်ဆက် ပြောင်းလဲသွားသည်ဖြစ်စေ၊ ကမ္ဘာလောကကြီး မည်သို့ ပျက်စီးနေသည်ဖြစ်စေ သူသည်ကား ထိုနေရာလေးတွင်ပင် သိုသိုသိပ်သိပ် ရှိနေခဲ့၏။ ... သူတစ်ချိန်က ကယ်တင်ခဲ့ဖူးသော ကောင်လေးက နာမည်ကျော်ကြားသော "ဓားနတ်ဘုရား" ဖြစ်လာခဲ့သည်။ သူအပျင်းပြေ မွေးထားခဲ့သော ကြက်ကလေးက ပြိုင်ဘက်ကင်း "နတ်ဆိုးဘုရင်" ဖြစ်လာခဲ့သည်။ သူအရိပ်ခိုနားလေ့ရှိသော တည်သီးပင်ကြီးသည်ပင်လျှင် တုန်လှုပ်ဖွယ် "မိစ္ဆာအရှင်သခင်" တစ်ပါးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သူသင်ကြားပေးခဲ့သော ပါရမီရှင်များသည်လည်း တစ်လောကလုံးက ဩချရလောက်အောင် ကျော်ကြားခဲ့၏။ ခေတ်ကာလများစွာ ကုန်ဆုံးသွားပြီးနောက် သမိုင်းကြောင်းတစ်လျှောက်ကို ပြန်လည်ကြည့်ရှုလိုက်လျှင် နေရာတိုင်း၌ သူ၏ ပုံရိပ်ယောင်များကိုသာ တွေ့မြင်ရပေတော့မည်။

