← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) - ညှိနှိုင်း၍ မရလျှင် လုယူမည့် ကျိုးရီ

ကျိုးရီသည် မှတ်ဉာဏ်များ စုပ်ယူရန် လူသေအလောင်းများကို ရှာဖွေခဲ့ရာ သူ မသိသေးသော မှတ်ဉာဏ်များနှင့် နည်းလမ်းများစွာကို လျင်မြန်စွာ ရရှိခဲ့သည်။

အချို့မှာ သီရိချောက်နက် အကြောင်းဖြစ်ပြီး အချို့မှာမူ မဟာကမ္ဘာနှင့် သက်ဆိုင်ပေသည်။

‘ကမ္ဘာ့ဘုရင်များ’၊ ‘နယ်မြေနတ်ဘုရားများ’ နှင့် ‘နတ်ဘုရားဧကရာဇ်များ’ အကြောင်းကို ကျိုးရီ ပထမဆုံးအကြိမ်အဖြစ် သိလာခဲ့ရသည်။

‘နတ်ဆိုးဘေးအန္တရာယ်’ နှင့် ‘ကမ္ဘာပြင်ပ နတ်ဆိုးများ’ အကြောင်းကိုလည်း ပထမဆုံးအကြိမ် ကြားဖူးလာခဲ့သည်။

ဤလောက၏ အန္တရာယ်များအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာ၏။ ဤနေရာသို့ လာရောက်ခြင်းမှာ တကယ်ကို မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ကျိုးရီ ခံစားလိုက်ရသည်။

မဟာအရှင်သခင်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူ ပေါ့ပေါ့ဆဆနေ၍ မရသေးပေ။

လောကကြီး၏ ကျယ်ပြောမှုမှာ သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာ သာလွန်နေပြီး အစွမ်းထက်သူများမှာ နွားမွေးကဲ့သို့ ပေါများလွန်းလှပေသည်။

သူ ပို၍ အစွမ်းထက်ချင်သည်၊ ပို၍ ပို၍ အစွမ်းထက်ချင်သည်။

သူသည် ကြယ်တာရာများကြားတွင် ခရီးသွားလာချင်ပြီး ထိပ်တန်းကျင့်ကြံသူများသာ မြင်တွေ့နိုင်သော နယ်မြေပေါင်းသိန်းချီကြားရှိ မြင်ကွင်းများကို မြင်တွေ့ချင်သည်။

၎င်းတို့အားလုံး ဖြစ်လာနိုင်ရန် ကူညီပေးနိုင်သည်မှာ ကျင့်ကြံခြင်း တွေ့အကြုံများ၊ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များပင် ဖြစ်သည်။

တစ္ဆေချီစွမ်းအင် ဝင်စားခြင်းသိုင်း၊ ကောင်းကင်ဧကရာဇ် ခရမ်းရောင်အလင်းသိုင်း၊ မိုးကြိုးခုနစ်ကြိမ်သတ် ဓားတာအို၊ လေ မိုးကြိုး သိုင်းကိုးမျိုး၊ ရေခဲဖုံးလွှမ်းကမ္ဘာ။

ထိုနတ်ဘုရားစွမ်းရည်များမှာ အပြင်လောကတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ယခုအခါ ၎င်းတို့အားလုံးကို ကျိုးရီက အရယူနိုင်ခဲ့ပြီး အနာဂတ်တွင် သူ့လက်ထဲ၌ သေချာပေါက် ပြန်လည်အသက်ဝင်လာပေတော့မည်။

ဤအရာများက ပိုမိုအစွမ်းထက်သော အဆင့်များဆီသို့ ချီတက်ရန်အတွက် သူ၏ ယုံကြည်မှုများဖြစ်သလို မိမိကိုယ်ကို ကာကွယ်ရန်အတွက် ယုံကြည်မှုများလည်း ဖြစ်လေသည်။

နှမြောစရာတစ်ခုမှာ ကျိုးရီသည် ဤနေရာတွင် မည်သည့် လက်နက် သို့မဟုတ် ကောင်းကင်နှင့် မြေကြီးရတနာကိုမျှ မတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤစစ်မြေပြင်မှာ ရှေးဟောင်းခေတ်ကတည်းက ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။

ဤစစ်မြေပြင်တွင် သိုင်းသူတော်စင်များ၊ မြေကမ္ဘာအင်မော်တယ်များ အပါအဝင် မဟာအရှင်သခင်အဆင့်ရှိ သူများပင်လျှင် အများအပြား ရှိနေလေသည်။

သီရိချောက်နက်သည် ဤလောကရှိ အစွမ်းထက်ကျင့်ကြံသူ ‌အတော်များများကို ထိန်းသိမ်းထားသည်ဟု ဆိုနိုင်ပေသည်။

ဤသည်မှာ ယခင်က ကျိုးရီ တွေဝေခဲ့ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး ၀ိညာဉ်စွမ်းအင်က အလုံအလောက် ပေါကြွယ်ဝနေပါလျက် သူနေထိုင်သည့် လောကကြီးသည် အခြားဝတ္ထုများထဲတွင် ရေးသားထားသကဲ့သို့ ဇာတ်လိုက်က မည်သည့်အဆင့်သို့ ရောက်သည်ဖြစ်စေ အဆင့်တူ ကျင့်ကြံသူများနှင့် အဘယ်ကြောင့် မဆုံတွေ့ရသနည်း။

ယခု သူ နားလည်သွားလေပြီ။

ကျင့်ကြံသူအများအပြားသည် အစပိုင်းတွင် သီရိချောက်နက်၏ အထူးကန့်သတ်ချက်ကို မသိကြဘဲ အလျင်စလို ဝင်ရောက်သွားပြီးနောက် ပြန်ထွက်၍မရနိုင်တော့ဘဲ ဤနေရာတွင်သာ နေထိုင်ခဲ့ကြရသည်။

သူတို့သည် အင်အားစုအသီးသီး၏ ဥသျှောင်များ၊ အဓိကတည်ရှိမှုများ ဖြစ်ကြပြီး ဤနေရာတွင် ပိတ်မိသွားသောအခါ သူတို့၏ အမွေအနှစ်များကို လက်ဆင့်မကမ်းပေးနိုင်တော့သဖြင့် ဤလောကရှိ ကျင့်ကြံခြင်းများက တစ်နေ့တခြား ပိုမိုနှေးကွေးလာရခြင်းဖြစ်သည်။

ထို့ကြောင့် အပြင်ဘက်တွင် တွေ့ရန်ခက်ခဲသော ကျင့်ကြံသူများက ဤနေရာတွင် နွားမွေးကဲ့သို့ များပြားနေခြင်းဖြစ်သည်။

လက်တွေ့တွင် ဤနေရာရှိ အဆင့်မြင့်ကျင့်ကြံသူ အရေအတွက်မှာ မတော်တဆ ပြုတ်ကျလာသော အဆင့်နိမ့် သိုင်းပညာရှင်များထက် ပိုမိုများပြားနေနိုင်ပေသည်။

ထို့အပြင် ကန့်သတ်ချက်များကြောင့် ဤနေရာမှ မလွတ်မြောက်နိုင်ကြဘဲ ချောက်နက်ထဲတွင်သာ နှစ်ပေါင်းများစွာ ကျင့်ကြံပြီး ဘုရင်များအဖြစ် အုပ်ချုပ်လာခဲ့ကြ၏။

အရင်းအမြစ်များစွာကို သိမ်းပိုက်ထားခဲ့သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည်။

ထို့ကြောင့် သူ ဤနေရာသို့ ရောက်လာသောအခါ ပစ္စည်းကောင်းတစ်ခုမျှ မတွေ့ရခြင်းမှာ သဘာဝပင်။

များမကြာမီ ကျိုးရီသည် အဆင့်မြင့်ရတနာအပိုင်းအစ၏ အချက်ပြမှုဖြင့် နေရာ တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

သူ့ရင်ဘတ်ပေါ်ရှိ ရတနာအပိုင်းအစလေးမှာ အပြင်းအထန် တုန်ခါနေသည်။

အပိုင်းအစများ ပိုမို စုဆောင်းမိလေလေ၊ အခြားအပိုင်းအစများကို အာရုံခံနိုင်စွမ်းက ပိုမို တိုးတက်လာလေလေဖြစ်ပြီး အစွမ်းထက်ခွန်အားများကိုလည်း ထုတ်ဖော်နိုင်လာလေသည်။

“ဝိညာဉ်တိမ်တိုက်လိုဏ်ဂူ”

ကျိုးရီ သူ့ဦးနှောက်ထဲတွင် ရှာဖွေကြည့်လိုက်ရာ ယခုလေးတင် စုပ်ယူခဲ့သော မှတ်ဉာဏ်များထဲမှ ဝိညာဉ်တိမ်တိုက်လိုဏ်ဂူနှင့် ပတ်သက်သော သဲလွန်စများကို တွေ့ရှိလိုက်ရသည်။

လွန်ခဲ့သော နှစ်ပေါင်းခြောက်ရာကျော်က လင်းယွမ်ဂိုဏ်း၏ ဘိုးဘေးကြီးသည် သီရိချောက်နက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြန်ထွက်မရတော့ပေ။

သူမ၏ အလှအပကြောင့် ကောင်းကင်ဝင်ရိုး မဟာအရှင်သခင်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး သူ၏ မောင်းမမိဿံများအနက်မှ တစ်ဦးဖြစ်လာကာ ဝိညာဉ်တိမ်တိုက်လိုဏ်ဂူကို ချီးမြှင့်ခံခဲ့ရသည်။

သူမ၏ ခွန်အားမှာ လွန်ခဲ့သော နှစ်တစ်ရာကတည်းက မြေကမ္ဘာအင်မော်တယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မဟာအရှင်သခင်အဆင့်သို့ ဝင်ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုတော့သည်။

သို့သော် သူမသည် လမ်းမှန်ကျင့်ကြံခြင်းလမ်းစဉ်မှ မဟုတ်ပေ။ အခြားကျင့်ကြံသူကို စုပ်ယူပြီး ကိုယ့်ကျင့်ကြံခြင်းကို မြှင့်တင်သည့် ကျင့်ကြံသူဖြစ်ရာ သူမ၏ ဂုဏ်သတင်းက အလွန်ဆိုးရွားလှပေသည်။

ကျိုးရီကတော့ ထိုအရာများကို ဂရုမစိုက်ပေ။

သူ့အတွေးမှာ ရိုးရိုးရှင်းရှင်းလေးသာ။ ‘ညှိလို့ရရင် ညှိကြည့်မယ်၊ ညှိမရရင် လုယူမယ်’

ဆိုရိုးစကားရှိသည် မဟုတ်လော။ ‘မင်း ငါ့ကို မျက်နှာသာပေးရင် ငါ မင်းကို လေးစားမယ်၊ မင်း ငါ့ကို မျက်နှာသာမပေးရင် ငါ စားပွဲကို မှောက်ချပစ်မယ်'

‘ခွန်အားကြီးသူက အရာအားလုံးကို လွှမ်းမိုးနိုင်တယ်၊ ငါက သူ့ကို ဒူးထောက်တောင်းပန်နေစရာလား'

ထိုသို့ဖြင့် ကျိုးရီသည် ဝိညာဉ်တိမ်တိုက်လိုဏ်ဂူအတွင်းသို့ အသံ ပို့လွှတ်လိုက်သည်။

“ကျင့်ကြံသူကျိုးရီက လာရောက် ဂါရဝပြုပါတယ်”

ခဏအကြာတွင် အမျိုးသမီးနှစ်ဦး ဝိညာဉ်တိမ်တိုက်လိုဏ်ဂူအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

နှစ်ဦးလုံး သိုင်းသခင်အဆင့်တွင် ရှိပြီး တစ်ဦးမှာ သိုင်းသခင်အဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေကာ သိုင်းသူတော်စင်အဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

သီရိချောက်နက်အတွင်းတွင် အကူအညီရှာဖွေရန် ခက်ခဲလှသည်။ ဤနေရာတွင် အားနည်းသူ နည်းပါးပြီး အစွမ်းထက်သူများ များပြားလွန်းလှသည်။ လက်အောက်ငယ်သားများ ရှာဖွေရန် ခွန်အားရှိရုံသက်သက်နှင့် မရပေ။

သိုင်းသခင်နှစ်ဦးကို အစေခံမိန်းကလေးများအဖြစ် အသုံးပြုနိုင်သူမှာ အလွန် ရှားပါးလှပေသည်။

“အရှင်က ဘယ်ကလာတာလဲ”

ကျိုးရီကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့၏ မျက်လုံးများထဲတွင် မောက်မာမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

ချမ်းသာသော သူဌေးကြီးတစ်ဦး၏ မျက်နှာသာပေးမှုကို ရရှိထားသော သခင်မလေးတစ်ဦးကဲ့သို့ပင် သူတို့ကိုယ်သူတို့ ရွှေချထားသည်ဟု ခံစားနေကြပုံရသည်။

“သွေးဖီးနစ်နတ်ဘုရားနန်းတော်”

“သွေးဖီးနစ်နတ်ဘုရားနန်းတော်လား”

ထိုစကားကို ကြားသောအခါ အမျိုးသမီး နှစ်ဦး အနည်းငယ် လန့်သွားပြီး သူတို့၏ မျက်လုံးထဲရှိ မောက်မာမှုများ သိသိသာသာ လျော့ကျသွားသည်။

သွေးဖီးနစ်နတ်ဘုရားနန်းတော်၏ နာမည်မှာ အတော်ထင်ရှားပြီး သီရိချောက်နက်အတွင်း၌ပင် ဩဇာလွှမ်းမိုးမှု ရှိနေပေသည်။

‘ကောင်းပြီ၊ အခုကစပြီး အပြင်ထွက်ရင် ငါက သွေးဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ ဂိုဏ်းသဘာပတိကြီးပဲ'

“သွေးဖီးနစ်နတ်ဘုရားနန်းတော်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး၊ တောင်းပန်ပါတယ်။ စီနီယာက ကျွန်မတို့ရဲ့ ဝိညာဉ်တိမ်တိုက်လိုဏ်ဂူမှာ ဘာကိစ္စများ ရှိလို့လဲ”

“ဆွေးနွေးစရာတစ်ခု ရှိလို့ပါ”

ကျိုးရီ ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။ အမျိုးသမီးနှစ်ဦးက ထပ်မံပြောဆိုလိုသော်လည်း လိုဏ်ဂူအတွင်းမှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာလေ၏။

“အရိပ်အပါး နားမလည်တဲ့ ကောင်မလေးတွေ၊ သွေးဖီးနစ်နတ်ဘုရားနန်းတော်က တာအိုမိတ်ဆွေတစ်ယောက်ကို ဘာလို့ အမြန် မဖိတ်ခေါ်ကြတာလဲ”

အမျိုးသမီးနှစ်ဦး ချက်ချင်း တိတ်ဆိတ်သွားပြီး လေးစားစွာဖြင့် ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်ကြသည်။ ကျိုးရီကလည်း ယဉ်ကျေးမနေဘဲ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

လိုဏ်ဂူတစ်ခုလုံးမှာ အမှောင်ထုဖုံးလွှမ်းပြီး နေရာတိုင်းတွင် အရိုင်းဆန်မှုများကို မြင်တွေ့ရနိုင်သည်။

ခန်းမဆောင်အတွင်း၌ ကြီးမားသော ကုတင်တစ်လုံးမှလွဲ၍ အခြား မည်သည့်အရာမှ မရှိပေ။

ကုတင်ပေါ်တွင် လိုက်ကာများ လေးဘက်လေးလံ ကာရံထားပြီး ဝေဝါးဝါးသာ မြင်တွေ့နေရသည်။

ကိုယ်လုံးကိုယ်ပေါက်လှပသည့် အမျိုးသမီးတစ်ဦးက ကုတင်ပေါ်တွင် ဘေးတစောင်း လှဲလျောင်းနေသည်။

သူမသည် ပခုံးကို ဖော်ထားပြီး အောက်တွင် စကတ်တိုလေးကိုသာ ဝတ်ဆင်ထားကာ လက်ထဲတွင် ရွှေကွပ်ထားသော ကျောက်စိမ်း ဆေးတံတစ်ခုကို ကိုင်ဆောင်ထားသည်။

ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းလှပေသည်။

မည်သို့ပင်ဆိုစေ သူမသည် နှစ်တစ်ထောင်ကျော် နေထိုင်ခဲ့သော မိစ္ဆာမကြီးတစ်ဦး ဖြစ်လေသည်။

သူမ၏ မြှူဆွယ်နိုင်စွမ်းမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီး လုပ်ရှားမှုတိုင်းက တစ်ဖက်လူကို သွေးဆောင်ဖြားယောင်း နေလေ၏။

“တာအိုမိတ်ဆွေက အတော်လေး သူစိမ်းဆန်နေပါလား။ မကြာသေးခင်ကမှ ရောက်လာတာလား”

“ဟုတ်တယ်”

“ဒါဆိုရင်တော့ တာအိုမိတ်ဆွေက တကယ်ကို ကံမကောင်းတာပဲ။ ဒီသီရိချောက်နက်ထဲကို ဝင်လာပြီးတာနဲ့ နတ်ဘုရားတစ်ပါးတောင်မှ အလင်းရောင်ကို ပြန်မြင်ရဖို့ ခက်ခဲသွားလိမ့်မယ်”

“အပြင်လောက ဘယ်နေရာမှာမှ ရှာမတွေ့နိုင်လောက်အောင် အစွမ်းထက်တဲ့ ကျင့်ကြံသူအတော်များများက ဒီနေရာမှာ စုဝေးနေကြတာ”

“ချောက်နက်ထဲမှာ လူတိုင်းက အပြိုင်အဆိုင် လုယက်နေကြရတော့ ပြိုင်ဆိုင်မှုက အပြင်လောကထက် အဆသောင်းချီပြီး ပိုပြင်းထန်တယ်၊ သတိမထားမိရင် ဒီနှစ်တွေတစ်လျှောက်လုံး ကျင့်ကြံလာခဲ့တာတွေ အားလုံး အလကားဖြစ်သွားမှာပဲ”

ကျိုးရီ သူမနှင့် အီစီကလီ လုပ်မနေတော့ဘဲ ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

“ဒီတစ်ခါလာတာ ဆွေးနွေးစရာကိစ္စတစ်ခု ရှိလို့ပါ”

“ဘာများလဲ”

“ရတနာအပိုင်းအစတစ်ခု ဝယ်ချင်လို့”

“ရတနာအပိုင်းအစတစ်ခုလား”

တစ်ဖက်လူမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။

“ဒါလား”

ကျိုးရီ၏ ရင်ဘတ်ပေါ်ရှိ ရတနာအပိုင်းအစလေးမှာ အပြင်းအထန် တုန်ခါလာသည်။ ၎င်းမှာ သူလိုချင်သော ရတနာအပိုင်းအစလေး ဖြစ်ကြောင်း ထင်ရှားလှသည်။

“မှန်တယ်”

“ဒါလေးကိုကောက်ရထားတာ အတော်ကြာပြီ၊ ဘာအတွက် အသုံး၀င်တာလဲဆိုပြီး အမြဲတွေးနေတာ၊ တာအိုမိတ်ဆွေရဲ့ အကြိုက်နဲ့ သွားတွေ့နေတာကိုး”

ခေတ္တရပ်နားပြီးနောက် သူမသည် အပိုင်းအစကို ဆုပ်ကိုင်ကာ ပြုံးလိုက်သည်။

“တာအိုမိတ်ဆွေက ဘယ်လောက်ပေးဖို့ ပြင်ဆင်ထားလဲ မသိဘူး”

“ခင်ဗျားက ဘယ်လောက် လိုချင်လဲ”

“ဟီးဟီး... ဒီအပိုင်းအစက ကျွန်မအတွက် အသုံးမဝင်ပေမယ့် တာအိုမိတ်ဆွေက ကိုယ်တိုင်ကိုယ်ကျ လာရှာတယ်ဆိုတော့ ရှင့်အတွက် အရမ်းအသုံးဝင်လိမ့်မယ်လို့ ယူဆရတာပဲ”

“ဒီချောက်နက်ထဲမှာ အရင်းအမြစ်တွေ မရှားပါဘူး၊ ဒါပေမယ့် အဲဒီအရင်းအမြစ်တွေက အသုံးမဝင်ဘူး။ ချောက်နက်ထဲကနေ မထွက်နိုင်ဘူးဆိုရင် မဟာအရှင်သခင် ဖြစ်သွားရင်တောင် ဘာအရေးပါတော့မှာလဲ”

“တစ်ဖက်မှာကျတော့ အင်မော်တယ်လမ်းစဉ်က ရှည်လျားပြီး အတော်လေး ပျင်းစရာကောင်းတယ်၊ တာအိုမိတ်ဆွေလည်း သဘောတူတယ် မဟုတ်လား”

အလင်းနှင့် အရိပ်များ ဖြတ်ပြေးသွားပြီးနောက် မွှေးပျံ့သော လေပြင်းတစ်ခု တိုက်ခတ်သွားကာ လင်းယွမ်နတ်သမီးက အနီးသို့ ချဉ်းကပ်လာလေသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် သူမ အော်ဟစ်လိုက်ပြီး ထိတ်လန့် ဒေါသထွက်စွာဖြင့် အလျင်အမြန် ဆုတ်ခွာသွားတော့သည်။

All Chapters