← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) - ကမ္ဘာတစ်သောင်းညီလာခံသို့ ရောက်ရှိခြင်း (၁)

အခြားလူအနည်းငယ်မှာလည်း အခြေခံအားဖြင့် ဤကမ္ဘာပေါ်ရှိ ထိပ်တန်းသိုင်းပညာရှင်များသာ ဖြစ်ကြသည်။ သူတို့အားလုံးသည် နယ်မြေနတ်ဘုရားများ ဖြစ်ကြသည်။

သူတို့သည် သူ၏ အမိန့်များကို အပြည့်အဝ နာခံချင်မှ နာခံမည် ဖြစ်သော်လည်း ပါဝင်လာပြီးသည်နှင့် သူတို့တွင် အခြားရွေးချယ်စရာလမ်းကြောင်း မရှိတော့ပေ။

တိုက်ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ယင်းသည် အသေအကြေ ရုန်းကန်ရမည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်သာ။

အခြားသူများ၏ လက်ချက်ဖြင့် မသေဆုံးချင်ပါက သူတို့ ငြင်းဆန်ကြလိမ့်မည်မဟုတ်ပေ။ သို့မဟုတ်ပါက အားလုံး အတူတကွ ငရဲသို့ သွားရပေလိမ့်မည်။

အချိန်များ လျင်မြန်စွာကုန်လွန်သွားပြီး မကြာမီမှာပင် အားလုံး စုဝေးမိသွားကြသည်။

နေ့တွင် သူတို့အားလုံးသည် နေရာတစ်ခုတည်းသို့ ရောက်ရှိလာကြပြီး လေဟာနယ်-အချိန် တံခါးပေါက်ကို ဖွင့်လှစ်ကာ ကမ္ဘာတစ်သောင်းညီလာခံဆီသို့ ဦးတည်သွားရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

အားလုံးက ရိုသေလေးစားစွာဖြင့် တစ်ပြိုင်နက်တည်း နှုတ်ခွန်းဆက်သလိုက်ကြသည်။

“နတ်ဘုရားဧကရာဇ်ကျိုး”

“အရှင်သခင်”

သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် အားလုံးက ချက်ချင်းပင် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

ထိုလူများကြားရှိ လူတိုင်းသည် သူ၏ နတ်ဘုရားစွမ်းအားအောက်တွင် အပြည့်အဝ နစ်မြုပ်နေကြခြင်းတော့မဟုတ်ပေ။ အချို့သော သူများတွင် ရွေးချယ်စရာမရှိသောကြောင့်သာ ဖြစ်သည်။

အင်အားကြီးသူများက ဆက်လက်၍ အင်အားကြီးနေဆဲဖြစ်ပြီး အင်အားကြီးမားခြင်းက အခြားသူများထံမှ အရင်းအမြစ်များကို ပိုမိုရယူနိုင်ခြင်းပင်။

ဤနေရာတွင် သူ့ကို အလွန်အမင်း နာကြည်းနေသူများ သေချာပေါက် ရှိနေမည် ဖြစ်သော်လည်း သူတို့တွင် အခြားရွေးချယ်စရာမရှိပေ။

ထို့ကြောင့် သူတို့သည် ဤနေရာတွင် လိမ္မာရေးခြားရှိစွာဖြင့် အညံ့ခံနေရုံသာ တတ်နိုင်ပေသည်။

ကျိုးရီသည် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးနောက် စကားစတင်လိုက်သည်။

“အားလုံး စုံစုံလင်လင်ပြန်ဆုံဖြစ်တာ တော်တော်လေးကြာသွားပြီပဲ၊ ဒီနေ့လို အားလုံး အတူတူစုစည်းမိဖို့ဆိုတာ ခက်ခဲတဲ့အပြင် အခုကိစ္စကလည်း အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်နေတယ်”

“ဒီပွဲပြီးသွားရင်တော့ အေးအေးဆေးဆေးထိုင်ပြီး စကားပြောဖို့ အချိန်တစ်ခု ရှာကြတာပေါ့၊ မင်းတို့ရဲ့ စွမ်းအားတွေကို ဒီထက်ပိုပြီး ကြီးမားလာအောင် ငါ့ဘက်ကနေ တစ်ခုခုပေးနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”

ထိုစကားကို ကြားလိုက်ရသောအခါ တက်ရောက်လာသူအားလုံး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤစကား၏ အဓိပ္ပာယ်ကို သူတို့အားလုံး နားလည်ထားသောကြောင့်ပင်။

နတ်ဘုရားဧကရာဇ်တစ်ပါးဆိုသည်မှာ မူလကတည်းက ဤကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသော အထွတ်အထိပ် အင်အားကြီးမားသူတစ်ဦးဖြစ်သည်။

ဤမျှ အရည်အချင်းပြည့်ဝသော အထွတ်အထိပ် အင်အားကြီးသူတစ်ဦးကို လမ်းညွှန်ပြသပေးရန် ဖိတ်ခေါ်ခြင်းက ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲလှပေသည်။

သို့သော် ယခုအခါတွင်မူ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန်မလိုအပ်တော့ချေ။

ကျိုးရီသာ သူတို့ကို ကူညီပေးနိုင်မည်ဆိုပါက မည်သည့်အရာကိုမဆို သူတို့ ရယူပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။

………..

ဝုန်း...

အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ကြောင့် အာကာသအက်ကွဲကြောင်းကြီးသည် အညှာအတာကင်းမဲ့စွာ ဆုတ်ဖြဲခံလိုက်ရ၏။

ဤအရာအားလုံးက မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြစ်ပေါ်သွားခဲ့သည်။

အရှင်ကျိုးရီနှင့် အခြားသူများသည် အာကာသအက်ကွဲကြောင်းအတွင်းသို့ အတူတကွ ဝင်ရောက်သွားကြသည်။

အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားခြင်းက သူတို့အား အခြားသောနယ်ပယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်းပင်။

ကျိုးရီနှင့် မတူသည်မှာ အခြားသူများအားလုံးက ဤကဲ့သို့သော အခြားနယ်ပယ်တစ်ခု၏ စွမ်းအားကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ။

ယခုကဲ့သို့ ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင် ထိုနေရာ၏ နက်နဲဆန်းကြယ်လှသော သဘာဝတရားများအောက်၌ အားလုံးမှာ ရုန်းထွက်မရနိုင်လောက်သည်အထိ နစ်မြောသွားကြလေတော့သည်။

တစ်စုံတစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ဒီနေရာက တကယ်ကို အံ့မခန်းပဲ၊ ဒီမှာ တခြားဘယ်စွမ်းအားမှ မရှိသလောက်ပဲ၊ အာကာသစွမ်းအင်နဲ့ အချိန်စွမ်းအင်တွေပဲ ရှိနေတာ”

နောက်တစ်ဦးကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်ဆွေးနွေးလာသည်။

“ဒါက ဒီစွမ်းအားနှစ်ခုက စကြဝဠာတစ်ခုလုံးမှာ အခြေခံအကျဆုံးစွမ်းအားနှစ်ခု ဖြစ်နေလို့ပေါ့၊ ဒီစွမ်းအားနှစ်ခုကသာ စကြဝဠာထဲက တခြားစွမ်းအားတွေရဲ့ လည်ပတ်မှုကို ပြီးပြည့်စုံအောင် ထိန်းသိမ်းပေးနိုင်တာလေ၊ မဟုတ်ရင် တခြားဘယ်စွမ်းအားကမှ ကျန်တဲ့အရာတွေကို ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး”

“အချိန်နဲ့ လေဟာနယ် အတိုင်းအတာတွေကို အသုံးပြုပြီး ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံတစ်ခုလုံးကို ဖန်တီးခဲ့တဲ့ ဒီစကြဝဠာရဲ့ မူလဖန်တီးရှင်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ”

ကျိုးရီသည်လည်း ဤမေးခွန်းကို တစ်ခါတစ်ရံ တွေးတောမိတတ်ပေသည်။ အကယ်၍ စကြဝဠာကို ဖန်တီးခဲ့သူသည် အစကတည်းက အချိန်နှင့် အာကာသစွမ်းအားများကို အခြေခံစွမ်းအားများအဖြစ် အသုံးမပြုခဲ့ပါက ယခုအချိန်တွင် ဤစကြဝဠာကြီးတစ်ခုလုံး မည်သို့သောအခြေအနေမျိုး ဖြစ်နေမည်နည်း။

လေဟာနယ် ကမောက်ကမဖြစ်မှုများနှင့် အချိန် ကမောက်ကမဖြစ်မှုများ ပြည့်နှက်နေပြီး ယခုလက်ရှိ စကြဝဠာ၏ပုံသဏ္ဌာန်မျိုး တည်ရှိနေမည် မဟုတ်လောက်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူ့စွမ်းအားများက နောက်ထပ် အဆင့်တစ်ခုသို့သာ ထပ်မံတက်လှမ်းနိုင်ခဲ့မည်ဆိုပါက ဤကဲ့သို့သောစွမ်းအားမျိုးကိုပင် ကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်လာပေလိမ့်မည်။

ထိုအချိန်ရောက်လာပါက သူကိုယ်တိုင်ပင်လျှင် သေးငယ်သော စကြဝဠာလေးတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိလာပေမည်။ ထိုစကြဝဠာငယ်လေးအတွင်းမှ ဆင့်ကဲပြောင်းလဲမှုများကို လေ့လာခြင်းဖြင့် ၎င်း၏ လျှို့ဝှက်နက်နဲမှုများကို သူ ရှာဖွေတွေ့ရှိလာနိုင်ပေသည်။

ထိုအရာက အနာဂတ်တွင် သူ့စွမ်းအားများကို မြှင့်တင်ရန်အတွက် ပိုမိုကြီးမားသော အထောက်အကူများ ပေးစွမ်းနိုင်ပေလိမ့်မည်။

လီရွှန်ကျိုးသည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လှမ်းမေးလိုက်သည်။

“အရှင်ကျိုးရီ... တကယ်လို့ ကျွန်တော်တို့သာ ဒီနေရာက လျှို့ဝှက်နက်နဲမှုတွေကို နားလည်သဘောပေါက်နိုင်မယ်ဆိုရင် ကျွန်တော်တို့လည်း နတ်ဘုရားဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မယ့်မျှော်လင့်ချက် ရှိလာနိုင်တာလား”

ကျိုးရီက သဘောတူဟန်ဖြင့် ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်၊ တစ်နည်းအားဖြင့်ပြောရရင် အချိန်နဲ့ လေဟာနယ်ဆိုတာ နတ်ဘုရားဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေခံအကျဆုံး အရာတွေပဲ၊ ဒါပေမယ့် အရေးအကြီးဆုံး အရာကတော့ ဒါမဟုတ်သေးဘူး၊ အဲဒါက ကိုယ်တိုင် နားလည်သဘောပေါက်မှုအပေါ်မှာ မူတည်တယ်”

“ကိုယ့်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက သတ်မှတ်ထားတဲ့အဆင့်တစ်ခုအထိ ရောက်သွားမှသာ စိတ်စွမ်းအင်ကို ရရှိနိုင်မှာ၊ မဟုတ်ရင်တော့ ဒီစွမ်းအားတွေကို ခန္ဓာကိုယ်ထဲ အတင်းအကျပ်စုပ်ယူလိုက်ရင်တောင်မှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”

“ဒီစွမ်းအားတွေကို သာမန် အချိန်နဲ့ လေဟာနယ် စွမ်းအားတွေလို့ မထင်လိုက်နဲ့၊ အခုလက်ရှိ မင်းတို့အတွက်တော့ ဒါတွေက အဆိပ်ပြင်းနဲ့ ဘာမှမကွာဘူး၊ နည်းနည်းလေး စုပ်ယူမိတာနဲ့တင် ခန္ဓာကိုယ်ထဲက မျှခြေကို ပျက်စီးစေပြီး ခန္ဓာကိုယ် ထာဝရပျက်စီးသွားနိုင်တယ်”

“ဟူး...”

အားလုံး၏ ပါးစပ်ဖျားမှ လေပူတစ်ချက်စီ မှုတ်ထုတ်လိုက်ကြသည်။ ဤအရာက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်မဟုတ်လော။

ယင်းတို့က အလွန်တရာစွမ်းအားကြီးမားနိုင်ကြောင်း သူတို့ တွေးထားခဲ့သော်လည်း သူတို့ကို ချက်ချင်း သေဆုံးသွားစေနိုင်လောက်သည့်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု‌ တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ကြပေ။

သူတို့အားလုံးသည် မဟာကမ္ဘာရှိ အစွမ်းအထက်ဆုံး တည်ရှိများဖြစ်သော နယ်မြေနတ်ဘုရားများ ဖြစ်ကြသည်မဟုတ်လော။

ရွှမ်ရဲက ခပ်ဟဟရယ်မောလိုက်ရင်း ဝင်ပြောလိုက်သည်။

“မင်းတို့မပြောနဲ့ဦး... ငါ့ရဲ့ လက်ရှိအဆင့်နဲ့တောင်မှ ဒီစွမ်းအားတွေကို လွယ်လွယ်ကူကူ မထိန်းချုပ်နိုင်သေးဘူး”

“အလွန်ဆုံးမှ ငါလုပ်နိုင်တာက ဒီအာကာသအက်ကွဲကြောင်းထဲမှာ ဖြေးဖြေးနဲ့ မှန်မှန် သွားလာနိုင်ရုံလေးပဲ၊ တခြား ဘာမှမလုပ်နိုင်သေးဘူး”

“အရှင်ကျိုးရီလို ထိပ်တန်း အင်အားကြီးပုဂ္ဂိုလ်တွေကသာ ဒီစွမ်းအားတွေကို ထိန်းချုပ်နိုင်တာ၊ သူဆိုရင် အချိန်နဲ့ လေဟာနယ်စွမ်းအားတွေကို အလွယ်တကူ စုပ်ယူနိုင်သလို ဖျက်ဆီးပစ်လို့လည်း ရတယ်”

“ဟူး...”

အားလုံးမှာ တအံ့တဩဖြင့် ထပ်မံ၍ လေကိုသာ ပြင်းပြင်း ရှူသွင်းလိုက်ကြပြန်သည်။

သို့သော် လီရွှန်ကျိုးက နားမလည်ဖြစ်နေသည့် အမူအရာဖြင့် ထပ်မံမေးမြန်းလာပြန်သည်။

“ဒါနဲ့ အရှင်ကျိုးရီ... အရင်တုန်းက ဒီနေရာကို တိုက်ရိုက်ရောက်လာခဲ့တာ မဟုတ်ဘူးမလား၊ ဒီအဆင့်ကိုရောက်ဖို့ ဘယ်လိုများ နားလည်သဘောပေါက်ပြီး တက်လှမ်းနိုင်ခဲ့တာလဲ”

“အနာဂတ်မှာ ကျွန်တော်တို့ ကိုးကားနိုင်ဖို့အတွက် နည်းနည်းလောက် ရှင်းပြပေးလို့ရမလား၊ ဒါမှ ကျွန်တော်တို့လည်း အဲဒီအဆင့်ကိုရောက်အောင် ကြိုးစားကြည့်လို့ရမှာ”

ကျိုးရီသည် သူ့ခေါင်းကို သူတစ်ချက်ခေါက်လိုက်ရင်း ကျီစယ်လိုက်၏။

“အိုလီ... မင်းက တခြားအရာတွေ အားလုံးမှာ တော်ပေမယ့် ကောင်းတဲ့အရာမှန်သမျှ ကိုယ့်အတွက်ပဲ သိမ်းထားချင်တဲ့ ဒီအကျင့်တစ်ခုကိုတော့ မပြင်နိုင်သေးဘူးပဲ၊

နတ်ဘုရားဧကရာဇ်အဆင့်ကို နားလည်သဘောပေါက်ဖို့ဆိုတာ ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကြီးကို စကားတစ်ခွန်းတည်းနဲ့ လွယ်လွယ်လေး ရချင်နေတာလား၊ အဲဒီလိုဆိုရင် ဒီနားလည်သဘောပေါက်မှုကြီးက အရမ်းတန်ဖိုးမဲ့မသွားဘူးလား”

လီရွှန်ကျိုးက အရှက်အကြောက်ကင်းမဲ့စွာဖြင့် ခပ်ဖြီးဖြီးလုပ်နေလေ၏

“အရှင်ကျိုး... အဲဒါကမှန်ပေမယ့် အခု ကျွန်တော်တို့အားလုံးက အရှင့်ရဲ့လက်အောက်ငယ်သားတွေ ဖြစ်နေပြီဆိုတာကိုလည်း မမေ့နဲ့ဦး၊

ကျွန်တော်တို့ ပိုပြီး အင်အားကြီးလာတယ်ဆိုတာကလည်း အရှင့်ဆီမှာ ပိုပြီးအစွမ်းထက်တဲ့ လက်အောက်ငယ်သားတွေ ရှိလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ”

“ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အရှင် နစ်နာစရာမှမရှိတာ၊ ဒီလိုဆိုမှတော့ လျှို့ဝှက်ထားစရာ လိုသေးလို့လား”

ကျိုးရီသည် အပြုံးတစ်ဝက်ဖြင့် ပြောလိုက်၏။

“မင်းကတော့လေ…. စကားတတ်နေတယ်ပေါ့။ ထားပါတော့... မင်းက ဒီလိုပြောလာမှတော့လည်း ဘာပဲဖြစ်ဖြစ် ဒါက သိပ်ပြီးကြီးကျယ်တဲ့ ကိစ္စကြီးမှမဟုတ်တာ”

ထိုအခါ အခြားသူများအားလုံးသည် အသုံးဝင်သော သတင်းအချက်အလက် တစ်ခုတစ်လေကိုမျှ လက်လွတ်မခံရဲကြဘဲ ချက်ချင်းပင် နာစွင့်ကာ သေချာနားထောင်ရန် ပြင်ဆင်လိုက်ကြလေသည်။

ကျိုးရီ စတင်၍ ရှင်းပြလေ၏။

“ငါက မဟာကမ္ဘာတစ်ခုထဲမှာပဲ နားလည်သဘောပေါက်ခဲ့တာ၊ အတိုင်းအတာတစ်ခုအထိ ရောက်လာတဲ့အခါကျတော့ ငါစုပ်ယူဖို့ လိုအပ်တဲ့ စွမ်းအင်တွေက မဟာကမ္ဘာထဲမှာ မရှိတော့ဘဲ အပြင်ဘက်မှာ ရှိနေတယ်ဆိုတာကို ငါ ရှာတွေ့ခဲ့တယ်”

“အဲဒီနောက်မှာ ငါက ရန်ဟွမ်မဟာကမ္ဘာရဲ့ အပြင်ဘက်ကို တိုက်ရိုက်ထွက်လာခဲ့ပြီး ဒီအချိန်နဲ့ လေဟာနယ်စွမ်းအင်တွေကို စုပ်ယူခဲ့တယ်၊ အဲဒီကနေတစ်ဆင့် နတ်ဘုရားဧကရာဇ်အဆင့်ကို ထပ်ပြီးတက်လှမ်းနိုင်ခဲ့တာပဲ”

“ဒါကြောင့် နောင်တချိန် မင်းတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ချင်တဲ့အခါ အရင်ဆုံး မဟာကမ္ဘာတစ်ခုထဲမှာပဲ နားလည်သဘောပေါက်နိုင်အောင် အာရုံစိုက်ကြ၊

သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိ ရောက်လာပြီး မင်းတို့ရဲ့ စွမ်းအားတွေက ရုပ်ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်တော့မယ်လို့ ခံစားလာရတဲ့အခါကျမှ အပြင်ဘက်ကို ထွက်လာခဲ့၊ အဲဒီအခါကျရင် အရာအားလုံးက အလိုလို ပြည့်စုံသွားလိမ့်မယ်”

All Chapters