← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) - ငရဲမျက်စိ

“ဪ... ဒါကြောင့်ကိုး”

လီရွှန်ကျိုးက ခေါင်းညိတ်လိုက်ပြီး ကျိုးရီကမူ ဝေခွဲမရဖြစ်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

“စီနီယာအနေနဲ့ တာ့ချန်ကို ဝမ်မင်းသားက သိမ်းပိုက်လိုက်တာကို သိနေတာတောင် ဘာဖြစ်လို့ အဲဒီနောက်ပိုင်း ဖြစ်ရပ်တွေကိုကျ မသိရတာလဲ”

လီရွှန်ကျိုးက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြန်လည်ဖြေကြားလာသည်။

“ဒါက ပုံမှန်ပါပဲ။ ဒီနေရာကို ဝင်လာတဲ့ သိုင်းပညာရှင်တွေထဲမှာ သိုင်းသခင်အဆင့်ထက် မြင့်တဲ့သူဆိုရင် ပြန်ထွက်ဖို့ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး၊ ခွန်အားကြီးလေလေ ထွက်ရခက်လေလေပဲ”

“ငါ့လို ကျင့်ကြံမှုအဆင့်ရှိတဲ့သူဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူးပေါ့”

“ငါရထားတဲ့ သတင်းအချက်အလက်တွေကလည်း မကြာသေးခင်ကမှ အပြင်လောကကနေ ရောက်လာတဲ့သူတွေဆီကနေပဲ သိရတာ”

“ဒါ့အပြင် တာ့ချန်ဆိုတာက ဒီနေရာနဲ့ယှဉ်ရင် ဝေးလံခေါင်ဖျားတဲ့ ဒေသတစ်ခုပဲလေ၊ အဲဒီကနေ ထွက်လာနိုင်တဲ့သူကလည်း အတော်ရှားလွန်းတော့ သတင်းအချက်အလက်ရဖို့က ခက်ခဲလွန်းတယ်”

“ငါသိတာကတော့ တာ့ချန်ကို ငါတို့မိသားစုရဲ့ စတုတ္ထမြောက်မင်းသားက သိမ်းပိုက်လိုက်တယ်ဆိုတာပဲ၊ ဒါပေမယ့် အဲဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါမသိဘူး။ အခု တာ့ချန်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

ကျိုးရီက စတင်ရှင်းပြတော့သည်။

“ထိုက်ကျုံးဧကရာဇ်ပြီးတဲ့နောက် တာ့ချန်ဟာ ဧကရာဇ်နှစ်ပါးရဲ့ အုပ်ချုပ်မှုကို ဖြတ်သန်းခဲ့ရပြီး အဲဒီနောက်မှာတော့ လီချင်းယွန် နန်းတက်ခဲ့ပါတယ်၊ လီချင်းယွန်ရဲ့ နန်းတက်ခါစမှာ တာ့ချန်ရဲ့ မြောက်ဘက်နယ်စပ်တွေကို လူရိုင်းတွေက လာရောက်နှောင့်ယှက်ခဲ့ကြတယ်”

“နယ်စပ်ဒေသ လုံခြုံရေးအတွက် သူကိုယ်တိုင်ပဲ ထိပ်တန်းစစ်သည်တော်ငါးသိန်းကို ဦးဆောင်ပြီး ရန်သူတွေကို သုတ်သင်ဖို့ မြောက်ပိုင်းမန်ကို ချီတက်ခဲ့တယ်”

လီရွှန်ကျိုးက ချက်ချင်းပင် လက်ခုပ်တီးလိုက်ပြီး ပြောလာသည်။

“ကောင်းတယ်... ငါ့ရဲ့ လီမိသားစု မျိုးဆက်ပီပီ ရဲရင့်တာပဲ”

ကျိုးရီသည် သူ၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်ကို ကြည့်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားမိသည်။ လီရွှန်ကျိုးက ထပ်မံ ပြောဆိုလာသည်။

“အဲဒီနောက်ရော... ဆက်ပြောစမ်းပါ။ ငါ့မျိုးဆက်က အဲဒီ မြောက်ပိုင်းမန်က လူရိုင်းတွေကို အမှုန့်ကြိတ်ပြီး ငါ့တို့ တာ့ချန်ရဲ့ ဩဇာအာဏာကို ဖြန့်ကြက်နိုင်ခဲ့ရဲ့လား”

“သူဦးဆောင်သွားတဲ့ ထိပ်တန်းစစ်သည်တော် ငါးသိန်းလုံး လုံးဝ သုတ်သင်ရှင်းလင်းခံလိုက်ရပါတယ်”

လီရွှန်ကျိုးမှာ စကားပင်မဆိုနိုင်တော့ချေ။

လေထုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ အပ်ကျသံ ကြားရလောက်သည်အထိ ငြိမ်သက်သွားတော့သည်။

အချိန်အတော်ကြာမှ လီရွှန်ကျိုး စကားဆိုလာနိုင်သည်။

“မဟုတ်ဘူး... ထိပ်တန်းစစ်သည်တော်ငါးသိန်းလုံး ပျောက်ကွယ်သွားတယ် ဟုတ်လား။ သူ တိုက်ခဲ့တာ မြောက်ပိုင်းမန် ဟုတ်ရဲ့လား။ အဲဒီအကောင်တွေကို တိုက်တာက အလွယ်‌လေးနိုင်သင့်တာ မဟုတ်ဘူးလား"

“အဲဒီငါးသိန်းက တကယ့် ထိပ်တန်းစစ်သည်တော်တွေရော ဟုတ်ရဲ့လား။ ဒါမှမဟုတ် အရေအတွက် ပြည့်အောင် စုထားတဲ့ လူအုပ်ကြီးသက်သက်ပဲလား”

“မြောက်ပိုင်းမန်က အကူအညီတွေ ရှာတွေ့ခဲ့လို့လား။ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလား”

လီရွှန်ကျိုးသည် မေးခွန်းပေါင်းများစွာကို ဆက်တိုက်မေးမြန်းလာခဲ့၏။ ဤအမှန်တရားကို လက်မခံနိုင်သေးသည့်ပုံပင်။

ကျိုးရီလည်း ထပ်ပြောပြရန်မှတစ်ပါး အခြားမရှိတော့ချေ။

“ဒါတွေအားလုံးက အမှန်တရားတွေပါ၊ တခြားဘယ်သူမှ ဝင်မပါခဲ့ဘူး၊ မြောက်ပိုင်းမန်ကပဲ တာ့ချန်ကို အနိုင်ယူခဲ့တာပါ”

လီရွှန်ကျိုးမှာ ဒေါသထွက်လွန်းသဖြင့် နဖူးပေါ်ရှိ သွေးကြောများပင် ထောင်တက်လာသည်။

“တောက်... ဒီကောင် စစ်ပွဲကို ဘယ်လိုများ တိုက်ခဲ့တာလဲ။ ထိပ်တန်းစစ်သည်တော် ငါးသိန်းနဲ့ဆိုရင် ဘယ်လိုနည်းနဲ့ တိုက်တိုက် မရှုံးသင့်ဘူး။ သူက ဝက်တစ်ကောင်လား”

“အကယ်လို့ ငါသာ တစ်နေ့နေ့ ဒီနေရာကနေ ထွက်သွားနိုင်ရင် သူ့ကို သေချာပေါက် အရေခွံဆုတ်ပစ်မယ်”

“ဒါဆိုရင်တော့ ခင်ဗျားအတွက် မျှော်လင့်ချက် မရှိတော့ဘူး”

ကျိုးရီ ဆက်လက် ပြောဆိုလိုက်သည်။

“လီချင်းယွန် ရှုံးနိမ့်သွားပြီးတဲ့နောက် မြောက်ပိုင်းမန်စစ်တပ်က အရှိန်အဟုန်အပြည့်နဲ့ တောက်လျှောက်တိုးဝင်လာခဲ့ပြီး မြို့တံခါးဖွင့်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ လီချင်းယွန်ကို စစ်တပ်ရဲ့အရှေ့မှာ သံကြိုးတွေနဲ့ တုတ်နှောင်ပြီး ခေါ်လာခဲ့ကြတယ်”

“အဲဒီ ဒုက္ခဆိုးကြီးနဲ့ ရင်ဆိုင်ရချိန်မှာ ယာယီဧကရာဇ်အဖြစ် ခန့်အပ်ခံရတဲ့ လီချင်းရွှမ်း နန်းတက်ခဲ့တယ်၊ စစ်သည်တွေကို ဦးဆောင်ပြီး မြောက်ပိုင်းမန်ကို အနိုင်တိုက်နိုင်ခဲ့တယ်”

လီရွှန်ကျိုး သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

“အနည်းဆုံးတော့ အရှက်မကွဲအောင် ထိန်းပေးနိုင်မယ့်သူတစ်ယောက် ရှိနေသေးတာပဲ၊ လီမိသားစုရဲ့ မျိုးဆက်မှာ အရည်အချင်းရှိတဲ့သူတွေ ကျန်သေးတာပဲ”

“ဒါပေမယ့် သူလည်း ကြာကြာမနေခဲ့ရပါဘူး၊ မြောက်ပိုင်းမန်က လူတွေက လီချင်းယွန်ကို ပြန်ပို့ပေးခဲ့ပြီး ဧကရာဇ်နှစ်ပါး အချင်းချင်း တိုက်ခိုက်ကြရာကနေ နှစ်ယောက်လုံး သေဆုံးသွားခဲ့ကြတယ်”

“ဒါပေမယ့် လီချင်းရွှမ်း မသေခင်မှာ နိုင်ငံတော်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ရိုက်ခွဲပစ်ပြီး တာ့ချန်နဲ့ အပြင်လောကကြားက အတားအဆီးကို ဖျက်ဆီးခဲ့တယ်”

“အဲဒီနောက်ပိုင်းနှစ်တွေမှာ တာ့ချန်က နတ်ဆိုးတွေရဲ့ ကျူးကျော်မှုတွေကို ခံခဲ့ရတယ်၊ လက်ရှိ နန်းတက်နေတဲ့သူကတော့ ကျင်းဧကရာဇ်ပဲ”

“သူက မင်ဟွမ်ကျမ်းစာကို ကျင့်ကြံထားပြီး သူ့ရဲ့နောက်ကွယ်မှာ ထျန်းကျီဂိုဏ်း ရှိနေတယ်။ သူရဲ့ အစွမ်းထက် ဧကရာဇ်အာဏာ လှည့်ကွက်တွေနဲ့ တာ့ချန်တစ်ခုလုံးကို ထိန်းချုပ်ထားပြီးပြီ”

“ဒါပေမယ့် ဒီငြိမ်းချမ်းမှုက အကြာကြီးခံမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့မြေးဖြစ်သူ ဝမ်ဧကရာဇ်က အသက်ရှင်နေသေးလို့ပဲ၊ သူက မဟာကမ္ဘာမှာ အင်အားစုတွေ ပျိုးထောင်ပြီး သူ့ရဲ့ထီးနန်းကို ပြန်လည်သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားတယ်”

“နောက်ပိုင်းမှာ ကိစ္စတွေအများကြီး ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါ့ရဲ့ လီမိသားစု မျိုးဆက်တွေက နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် မင်ဟွမ်ကျမ်းစာကို မှီခိုနေရတာပဲ တကယ်ကို ရယ်စရာကောင်းလွန်းတယ်”

“ဒါနဲ့ မင်းက မင်ဟွမ်ကျမ်းစာကို ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ။ ပြီးတော့ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ”

“ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်တွေ ပါနေလို့ မဖြေကြားနိုင်တာကို ခွင့်လွှတ်ပေးပါ စီနီယာ”

လီရွှန်ကျိုး ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ပေ။

“မင်းရဲ့ခွန်အားကလည်း မခေဘူး၊ မင်း ဘယ်လောက် အစွမ်းထက်လဲဆိုတာကို ငါတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး၊ မင်းက လှည့်ကွက်တစ်ခုခုကို သုံးထားတာပဲဖြစ်ဖြစ်၊ တကယ်ပဲ အစွမ်းထက်နေတာဖြစ်ဖြစ် အနည်းဆုံးတော့ မင်းရဲ့အဆင့်က ငါ့ထက်မနိမ့်ဘူး”

“ဒါ့အပြင် မင်းက မင်ဟွမ်ကျမ်းစာ ကျင့်ကြံထားပြီးတာကို ဒီလောက် အစွမ်းထက်နေတယ်ဆိုတော့ ကျမ်းစာအတွင်းရှိ သဲလွန်စတွေကို ရှာတွေ့ပြီး အဲဒီလူ ကျင့်စဉ်ထဲမှာ ဝှက်ထားခဲ့တဲ့ စိတ်စွမ်းအားကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့တာပဲ။ တကယ်ကို ရှားလွန်းတယ်”

“အကယ်လို့ ငါ့ရဲ့ လီမိသားစုမှာ မင်းလို မျိုးဆက်သစ်တစ်ယောက်သာ ရှိခဲ့ရင် ငါတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်ကြီးက သေချာပေါက် အောင်မြင်မှာပဲ”

သူ ခေတ္တရပ်နားပြီးနောက် ထပ်မံပြောဆိုလာသည်။

“ဒါပေမယ့် နှမြောစရာကောင်းတာက ဒီနေရာကို လာတာက သေလမ်းပဲ။ သီရိချောက်နက်နဲ့ ပတ်သက်ပြီး အရာရာတိုင်းက ကောင်းပေမယ့် အားနည်းချက်တစ်ခု ရှိတယ်၊ အဲ့တာက ဝင်လာတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ဘယ်လောက်ပဲ မြင့်နေပါစေ ပြန်ထွက်လို့ မရတော့တာပဲ”

“ဒါ့အပြင် မင်းက စန်းရွှေမဟာအရှင်သခင်ကို စော်ကားမိသွားပြီ၊ သူက အစွမ်းထက် မဟာအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦးပဲ၊ အရမ်း အငြိုးကြီးတဲ့သူ။ မင်းက သူ့မယားကို သတ်လိုက်တာဆိုတော့ သူက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”

“ပြီးတော့ မင်းက သွေးဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ နာမည်ကိုတောင် အသုံးချခဲ့သေးတယ်။ သွေးရောင်ဖီးနစ်နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေး လုစန်းထျန်းကလည်း မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး”

“ဒါက မင်းအတွက်တော့ အရမ်းခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါမြင်တယ်၊ သူတို့ကို အတူတူ ခုခံဖို့အတွက် အခြားမဟာမိတ်တစ်ယောက်ကို မင်းမရှာနိုင်ဘူးဆိုရင်ပေါ့”

“ကိစ္စမရှိပါဘူး၊ ဒီအတွက် ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်။ ဒီကိုလာတာက စီနီယာ့ဆီကနေ သတင်းအချက်အလက်အချို့ကို မေးမြန်းချင်လို့ပါ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး”

“မေးစမ်းပါဦး၊ မင်းက ငါ့ရဲ့ တာ့ချန်ကလာတဲ့ ဂျူနီယာတစ်ယောက် ဖြစ်နေတာကို ထောက်ထားပြီး ငါသိသမျှ အကုန်ပြောပြမယ်”

“ဒီ သီရိချောက်နက်ထဲမှာ အောက်ခြေမမြင်ရတဲ့ အမည်းရောင်ရေကန်ကြီးတစ်ခု ရှိတဲ့နေရာ၊ အဲဒီရေကန်ထဲမှာ လျှပ်စီးပုံသဏ္ဌာန် ချိုတွေရှိတဲ့ ခြေသည်းနှစ်ခုပါ ရေနဂါးကြီးတစ်ကောင် ရှိတယ်။ အဲဒီနေရာက ဘယ်နေရာလဲဆိုတာ စီနီယာ သိလား”

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လီရွှန်ကျိုး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့သည်။

သူသည် အလွန်လေးနက်သော လေသံဖြင့် ပြောလာသည်။

“ကောင်လေး... ဒီချောက်နက်ကြီးထဲမှာ အဲဒီနေရာ ရှိနေတယ်ဆိုတာ မင်း ဘယ်လိုလုပ်ပြီး သိတာလဲ”

“လင်းယွမ်နတ်သမီးရဲ့ မှတ်စုတွေထဲမှာ ကျွန်တော် ရှာတွေ့ခဲ့တာပါ၊ ပြီးတော့ ကျွန်တော့်အတွက် အဲဒီနေရာမှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ၊ စီနီယာအနေနဲ့ ကူညီပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”

လီရွှန်ကျိုး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။

“ငါ မင်းကို မပြောချင်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီနေရာက အန္တရာယ်များလွန်းလို့ပါ၊ အဲဒါကို သီရိချောက်နက်ထဲက အန္တရာယ်အရှိဆုံး ကန့်သတ်နယ်မြေတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြတာ”

“အဲဒီနေရာကြိ ငရဲမျက်စိလို့ ခေါ်ကြပြီး အခြားကမ္ဘာတစ်ခုနဲ့ ဆက်သွယ်နေနိုင်တယ်လို့ ပြောကြတယ်”

“မင်းရဲ့ လက်ရှိကျင့်ကြံမှုက ဒီလောက်တောင် အစွမ်းထက်နေမှတော့ ငါတို့ရှိနေတဲ့လောကမှာ ကမ္ဘာက တစ်ခုတည်း မဟုတ်ဘူးဆိုတာ မင်း သဘောပေါက်ထားသင့်ပြီ၊ ဒီကမ္ဘာပြင်ပမှာ မဟာကမ္ဘာတွေ အများကြီးရှိနေသေးတယ်”

“မင်းရဲ့ လက်ရှိ ကျင့်ကြံမှုက မဟာအရှင်သခင်အဆင့်ကို ရောက်နေလောက်ပြီ၊ ဒါပေမယ့် ငါမင်းကို ပြောပြရရင် ဒီနှစ်တွေတစ်လျှောက်လုံး အဲဒီနေရာမှာ မဟာအရှင်သခင်လေးပါးတောင် ကျဆုံးခဲ့ဖူးတယ်”

“အခုဆိုရင် အဲဒါ ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သိသွားပြီ မဟုတ်လား”

ကျိုးရီ ခေါင်းညိတ်ပြလာသော်လည်း ထပ်မံပြောဆိုလိုက်ပြန်သည်။

“ကျွန်တော့်ကို နေရာပြောပြပေးဖို့ စီနီယာ့ကို တောင်းဆိုချင်ပါတယ်”

သူ့လက်ထဲရှိ အဆင့်မြင့်ရတနာ၏ အပိုင်းအစအားလုံးကို သူ မဖြစ်မနေ စုဆောင်းရပေမည်။

မဟာတာအိုအင်မော်တယ်ဘူးသီး၏ အဆင့်မှာ အလွန်မြင့်မားနေပြီ ဖြစ်သော်လည်း ကျိုးရီ၏ခွန်အားများ တိုးတက်လာသည်နှင့်အမျှ အဆင့်မြင့်ရတနာအပိုင်းအစများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ စတင် ရှာဖွေတွေ့ရှိလာခဲ့သည်။

၎င်း၏ စွမ်းအားမှာ မဟာတာအိုအင်မော်တယ်ဘူးသီးထက် များစွာ သာလွန်နေပြီး တိုက်ခိုက်ရေးအမျိုးအစားရတနာတစ်ခု ဖြစ်သည်။

အစိတ်အပိုင်းအားလုံးကိုသာ ရှာတွေ့ခဲ့ပါက ၎င်းမှာ သူ့အတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျိုးရီသည် လက်ရှိတွင် ဤနယ်ပယ်အတွင်း၌ ရှိသူတိုင်းနှင့် ယှဉ်နိုင်နေပြီဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ပြောရဲသော်လည်း ပိုမိုမြင့်မားသေ တည်ရှိမှုများနှင့် ရင်ဆိုင်ရလျှင်မူ အန္တရာယ်များလွန်းနေသေးငည်။

ထို့ကြောင့် သူ ပိုမိုအစွမ်းထက်လာရပေမည်။

အချို့သော အရာများက စွန့်စားရကျိုး နပ်ပေသည်။

“မင်း... မင်း… ကောင်လေး၊ မင်းက တကယ်ကို ခေါင်းမာတဲ့သူပဲ”

All Chapters