← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) ရှေးဟောင်းပစ္စည်းများ

"ချင်းချင်း… ချင်းချင်းရေ... တံခါးဖွင့်ပါဦး… နင် အဆင်ပြေရဲ့လား"

ထိုအသံက မောဟိုက်နေပြီး စိုးရိမ်ပူပန်မှုများ အပြည့်ပါဝင်နေသော ကျောက်ဖန်းအာ၏

အသံပင် ဖြစ်သည်။

လက်ထဲတွင် တဖျပ်ဖျပ် တောက်ပနေသော ထင်းခွဲဓားကြီးကို ကိုင်ဆောင်လျက်

ခြံဝင်းတံခါးဆီသို့ သူမ ပြေးလာခဲ့သည်။ သို့သော်

တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးဟောင်းကြီးကိုသာ

မြင်လိုက်ရ၏။ အချိန်မီ မရောက်လာနိုင်တော့ဘူးဟု တွေးမိကာ သူမ အရမ်းကို

စိုးရိမ်ပူပန်သွားပြီး မျက်လုံးများပင် နီရဲလာတော့သည်။ ထို့နောက်

ရွှီချင်းချင်း၏ နာမည်ကို အော်ခေါ်ရင်း တံခါးကို ခြေထောက်ဖြင့်

ဆောင့်ကန်ရန် ပြင်လိုက်တော့သည်။

ထိုစဉ် ချန်ရှင်းက တံခါးကို ဖွင့်ပေးလိုက်၏။

အားကုန်သုံးပြီး ကန်ချရန် ပြင်နေသော ကျောက်ဖန်းအာမှာ တံခါးလာဖွင့်ပေးသည့် လူကောင်းပကတိ

ချန်ရှင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်ကာ ကြက်သေသေသွားလေသည်။

သူမ ခြံဝင်းထဲသို့ အမြန်ပြေးဝင်သွားရာ ရှုပ်ပွနေသော မြေပြင်၊ ကွဲအက်နေသော

ရေစည်ကြီးနှင့် ဖရိုဖရဲ ပြန့်ကျဲနေသော သစ်သားတုတ်များကို

တွေ့လိုက်ရ၏။ ထို့အပြင် ချန်ရှင်း၏ အကာအကွယ်ပေးမှုအောက်တွင် ရပ်ရင်း

ငိုကြွေးနေရှာသော ရွှီချင်းချင်းကို မြင်လိုက်ရသောအခါ သူမ လုံးဝကို

ဆွံ့အသွားတော့သည်။

"ဝမ်တယ်ရှန်းတို့ တိရစ္ဆာန်အုပ်စုရော... ဘယ်ရောက်သွားကြပြီလဲ"

သူမက ရွှီချင်းချင်းကို ကမန်းကတန်း ဆွဲခေါ်လိုက်ပြီး တစ်ခုခု

ထိခိုက်ဒဏ်ရာများ ရထားသလားဆိုတာကို သေချာစစ်ဆေးကြည့်လိုက်သည်။

ရွှီချင်းချင်း၏ မျက်နှာလေး ရဲတက်သွားကာ မသိစိတ်အရ ချန်ရှင်းအနီးသို့

ပိုတိုးကပ်သွားမိသည်။ ထို့နောက် သူမကိုယ်တိုင်ပင်

သတိမထားမိလိုက်သော ဂုဏ်ယူမှု၊ ကြည်ညိုလေးစားမှုတို့ ရောယှက်နေသည့်

လေသံတိုးတိုးလေးဖြင့် ခုနက ဖြစ်ပျက်ခဲ့သမျှကို

ပြန်လည်ပြောပြလိုက်တော့သည်။

၎င်းကို ကြားပြီးနောက် ကျောက်ဖန်းအာ၏ ပါးစပ်ကြီးမှာ ကြက်ဥတစ်လုံး

ဝင်ဆံ့လောက်သည့်အထိ တဖြည်းဖြည်း

ကျယ်သထက် ကျယ်လာတော့သည်။

သူမက ဘီလူးသဘက်တစ်ကောင်ကို မြင်လိုက်ရသည့်အလား ချန်ရှင်းကို မယုံနိုင်စွာဖြင့်

စိုက်ကြည့်နေမိ၏။

သူမက သူ့ကို ခေါင်းအစ ခြေအဆုံး၊ ထို့နောက် ခြေအစ ခေါင်းအဆုံး အထက်အောက် စုန်ချည်ဆန်ချည်

ကြည့်နေမိသည်။ သူမ၏ အကြည့်များက ကနဦး အံ့သြမှုနှင့်

သံသယဖြစ်မှုတို့မှတဆင့်

တုန်လှုပ်ချောက်ချားမှုသို့

ကူးပြောင်းသွားပြီး နောက်ဆုံးတွင်မူ ထူးဆန်းသော

အကြည့်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

"ချလွမ်…"

သူမ လက်ထဲရှိ ထင်းခွဲဓားကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ပထမဆုံးအကြိမ်အဖြစ် ကျောက်ဖန်းအာက ချန်ရှင်းကို လက်ခံအသိအမှတ်ပြုသော

အကြည့်မျိုးဖြင့် ကြည့်လာကာ ရိုးသားပွင့်လင်းစွာ

ပြောလိုက်သည်။

"မဆိုးဘူးပဲ….၊ နောက်ဆုံးတော့လည်း နင်က

ယောက်ျားပီသလာပြီပေါ့လေ"

ထိုသို့ပြောပြီးနောက် သူမစကားများက တစ်ခုခု လွဲချော်နေသည်ဟု ခံစားလိုက်ရသည်။ သူမက

ဘာကိစ္စနဲ့ သူ့ကို ချီးကျူးနေရတာလဲ။ သူမ၏ ပါးပြင်များ ရုတ်တရက် ပူနွေးလာပြီး

ကပျာကယာပင် မာနတခွဲသားဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် တစ်ဖက်သို့

ခေါင်းလှည့်သွားပြီး သူ့ကို ထပ်မကြည့်တော့ချေ။

......

ရွှီချင်းချင်း အမှန်တကယ်ပင် အထိအခိုက်မရှိဘဲ အနည်းငယ်

ထိတ်လန့်သွားရုံသာဖြစ်ကြောင်း မြင်လိုက်ရမှသာ ကျောက်ဖန်းအာလည်း စိတ်အေးသွားတော့သည်။

သူမက မြေပြင်ပေါ် ပြုတ်ကျနေသော ထင်းခွဲဓားကြီးကို ကောက်ယူလိုက်သည်။ ထို့နောက် သူမ မပြန်မီ

တွေဝေရှုပ်ထွေးသော အကြည့်တစ်ချက်ဖြင့် ချန်ရှင်းကို ကြည့်လိုက်လေသည်။

ထိုအကြည့်ထဲတွင် သတိပေးဟန့်တားမှု၊ အကဲခတ်လေ့လာမှုတို့

ပါဝင်နေသော်လည်း အခြားအရာအားလုံးထက်... အထင်ကြီးလေးစားမှုတို့က

ပိုမို ကြီးစိုးနေခဲ့သည်။

"သူ့ကို သေချာ ဂရုစိုက်လိုက်ပါ"

ထိုသို့မှာကြားပြီး ကျောက်ဖန်းအာ တစ်ယောက် လှည့်ထွက်သွားလေတော့သည်။ လှည့်ထွက်သွားသော သူမ၏ ကျောပြင်လေးကပင် မာနတရားတို့ အထင်းသား ပေါ်လွင်နေလျက်ရှိနေ၏။

ချန်ရှင်းက ယိုင်နဲ့နဲ့ ခြံဝင်းတံခါးကြီးကို ပြန်ပိတ်လိုက်သည်။ တံခါးမင်းတုံး ချလိုက်သော အသံနှင့်အတူ ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားတော့သည်။

သူ လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပနေသော ဗာဒံစေ့သဏ္ဌာန်

မျက်လုံးအစုံနှင့် ဆုံတွေ့လိုက်ရသည်။

ရွှီချင်းချင်းမှာ မျက်နှာလေး မော့လျက် သူ့ကို ကြည့်နေခဲ့သည်။ ယခင်က အကြောက်တရားများနှင့် မျက်ရည်များ ပြည့်နှက်နေတတ်သော ထိုမျက်လုံးအစုံလေးမှာ ယခုအခါ စကြဝဠာ ဂလက်ဆီတစ်ခုလုံးကို ငုံထားသည့်အလား ကြည်ညိုလေးစားမှု၊ မြတ်နိုးတွယ်တာမှုတို့က ဖုံးကွယ်မရ တဖျပ်ဖျပ် တောက်ပနေလေသည်။

ချန်ရှင်း၏ ရင်တစ်ခုလုံး ရုတ်ချည်း နွေးထွေးသွားရသည်။ လူမိုက်လူရမ်းကားများကို

ရင်ဆိုင်ခဲ့ရစဉ်ကတောင် တစ်ချက်လေးမှ မတုန်လှုပ်ခဲ့သော သူ့နှလုံးသားမှာ

ဤအကြည့်တစ်ချက်အောက်တွင် အထိန်းအကွပ်မဲ့ ခုန်ပေါက်လာတော့သည်။

သို့သော် သူ စကားတစ်ခွန်းမှ ထွက်မလာဘဲ ရှေ့သို့သာ တိုးသွားလိုက်ပြီး လက်ဆန့်တန်းကာ သေးသွယ်ပိန်ပါးသော ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

ရွှီချင်းချင်း၏ ကိုယ်လုံးလေး အနည်းငယ် တောင့်တင်းသွားသော်လည်း များမကြာမီ လုံးဝ

ပြေလျော့သွားတော့သည်။ ဆိပ်ကမ်းကို ရှာတွေ့သွားသော လှေငယ်လေးတစ်စင်းပမာ သူ၏

ကျစ်လျစ်တောင့်တင်းသော ရင်ခွင်ကျယ်ကြီးပေါ်တွင် နာခံမှုရှိစွာ မှီတွယ်နေလိုက်တော့သည်။

ဒုတ်... ဒုတ်... ဒုတ်...

သူ၏ တည်ငြိမ်၍ အားကောင်းလှသော နှလုံးခုန်သံများက ပါးလွှာသော အဝတ်အစားများမှတစ်ဆင့်

သူမ၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာသည်။ နှစ်သိမ့်မှုအပေးနိုင်ဆုံး

သံစဉ်တစ်ခုသဖွယ် သူမ ရင်ထဲရှိ နောက်ဆုံးကျန်ရစ်နေသော အကြောက်တရား

အငွေ့အသက်လေးများကိုပင် လုံးဝ ငြိမ်သက်သွားစေသည်။

တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့သော လုံခြုံနွေးထွေးမှုတို့က သူမကို အပြည့်အဝ

လွှမ်းခြုံထားတော့သည်။

ချန်ရှင်းလည်း သူ့ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးတစ်ကောင်လို နာခံနေရှာသော

ကောင်မလေးကို ငုံ့ကြည့်လိုက်ပြီး ချောမွေ့နေသော နဖူးလေးထက်သို့

အနမ်းတစ်ပွင့် ညင်သာစွာ ခြွေချလိုက်လေသည်။

ငှက်တောင်မွေးလေးတစ်ချောင်းဖြင့် လာရောက် ပွတ်တိုက်သွားသည့်အလား ညင်သာနူးညံ့လှသော်လည်း လောင်ကျွမ်းလုမတတ် ပူလောင်မှုတစ်ခုကိုပါ သယ်ဆောင်လာခဲ့သည်။

ရွှီချင်းချင်း၏ ကိုယ်လုံးလေး ပြင်းထန်စွာ တုန်ယင်သွားရပြီး သူမ၏ နဖူးပြင်မှနေ၍

အပူလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူမ၏ ကိုယ်အင်္ဂါ

အစိတ်အပိုင်းများနှင့် အရိုးအဆစ်များအထိ လျင်မြန်စွာ

ပျံ့နှံ့သွားတော့သည်။

သူမ၏ ပါးပြင်လေးများမှာ ရှက်သွေးဖြာ၍ ရဲရဲနီလာ၏။ ထိုအခိုက် သူမ အထက်သို့ပင် မော့မကြည့်ရဲတော့ဘဲ သူမ၏ မျက်နှာလေးကို သူ၏ ရင်ခွင်ထဲ၌သာ နက်နက်ရှိုင်းရှိုင်း အပ်ထားရင်း တစ်သက်လုံး ထိုနေရာမှာပဲ ပုန်းကွယ်နေချင်စိတ်များ ပေါက်လာတော့သည်။

[ဒင်…၊ ရွှီချင်းချင်းထံမှ ပျော်ရွှင်မှုနှင့် လုံခြုံနွေးထွေးမှု ခံစားချက်များ တိုးလာကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်]

[စွမ်းအင် +၄၀]

သူ့စိတ်ထဲမှ စနစ်၏ အသိပေးသံ ထွက်ပေါ်လာချိန်မှာတော့ ချန်ရှင်းလည်း နှုတ်ခမ်းထက်ရှိ

အပြုံးကို ဆက်လက် ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။

ထို့နောက် သူက ခြံဝင်းထဲရှိ ရှုပ်ပွနေသည်များကို စတင် ရှင်းလင်းလိုက်တော့သည်။

ပြန့်ကျဲနေသော သစ်သားတုတ်များကို ကောက်ယူပြီး ထောင့်တစ်နေရာသို့ ပစ်ထားလိုက်သည်။

မှောက်ကျနေသော စားပွဲနှင့် ကုလားထိုင်များကို အတည့်ပြန်ထားလိုက်ပြီး

မြေပြင်ပေါ်ရှိ အုတ်ကြွပ်အကွဲအစများနှင့် ရွှံ့စေးများကို လှည်းကျင်းရန်

တံမြက်စည်းတစ်ချောင်းကို သွားယူလိုက်လေသည်။

သူ၏ လှုပ်ရှားမှုများက သွက်လက်မြန်ဆန်ပြီး ထိရောက်လှသည်။ ခုနက ရင်တမမ ဖြစ်စရာ

ခိုက်ရန်ဖြစ်ပွားမှုက သူ၏ ခွန်အားများကို အနည်းငယ်မျှပင်

ယုတ်လျော့သွားစေခြင်း မရှိသည့်အလားပင်။

"ကျွန်မ... ကျွန်မ ကူလုပ်ပေးပါ့မယ်"

သူ အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း ရွှီချင်းချင်းက တိုးတိုးလေး ပြောလိုက်ပြီး အမှိုက်တံစဉ်း သွားယူရန် ပြင်လိုက်သည်။

"အဲ့ဒီမှာပဲ ငြိမ်ငြိမ်လေး ရပ်နေလိုက်"

ချန်ရှင်းက သူမ၏ ပခုံးလေးကို ဖမ်းကိုင်လိုက်ပြီး အိမ်ခေါင်မိုးစွန်းအောက်ရှိ

အတော်အသင့် သန့်ရှင်းနေသော ခုံတန်းလျားလေးပေါ်၌ ဝင်ထိုင်စေရန်

တွန်းပို့လိုက်သည်။

သူ၏ လေသံက အာဏာပါပြီး ငြင်းဆန်ခွင့်မရှိသည့်ဟန် ပေါက်နေသော်လည်း သူမကို ကြည့်နေသော

သူ့မျက်ဝန်းများထဲတွင်မူ အလိုလိုက် အကြိုက်ဆောင်လိုသော မြတ်နိုးယုယမှုများဖြင့်

ပြည့်နှက်နေခဲ့သည်။

"ကိုယ် ရှင်းလင်းနေတာကိုပဲ ထိုင်ကြည့်နေတော့"

ရွှီချင်းချင်းလည်း ထပ်မလှုပ်ရဲတော့ဘဲ လိမ္မာနာခံစွာဖြင့် ငြိမ်ငြိမ်လေး ထိုင်နေလိုက်တော့သည်။

မေးစေ့လေးကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း သူမ၏ တောက်ပသော မျက်လုံးလေးများက ချန်ရှင်းထံမှ တစ်ခဏလေးပင် မခွာရက်နိုင်အောင် ဖြစ်နေရသည်။ သူမ နှုတ်ခမ်းထက်တွင်

ဖုံးကွယ်မရနိုင်သော အပြုံးချိုချိုလေးတစ်ခု ချိတ်ဆွဲထားလျက် အလုပ်ရှုပ်နေသော

ချန်ရှင်း၏ ကျောပြင်ကိုသာ ငေးကြည့်နေမိတော့သည်။

ဒီယောက်ျားက သူမရဲ့ ခင်ပွန်းလေ…

ထိုအတွေးလေးက သူမကို ပထမဆုံးအကြိမ်အဖြစ် အလွန်တရာ ပျော်ရွှင်စေပြီး

ဂုဏ်ယူဝင့်ကြွားမှုတို့ကို ခံစားလာရစေသည်။

ချန်ရှင်း၏ အကြည့်တို့က ခြံဝင်းအဝင်ဝရှိ ဟောင်းနွမ်းဆွေးမြည့်နေသော

တံခါးကြီးပေါ်သို့ ကျရောက်သွားချိန်မှာတော့ သူ့မျက်ဝန်းများက ချက်ချင်းပင် အေးစက်ခက်ထန်သွားတော့သည်။

ဝမ်တယ်ရှန်းနှင့် လူမိုက်တစ်သိုက်မှာ အတော်လေး ကြောက်လန့်သွားကြပြီး လတ်တလော

ပြန်လာရဲကြတော့မည် မဟုတ်သော်လည်း သူတို့ နေထိုင်ရာ ဤအိမ်လေးက လုံခြုံမှု

လုံးဝကင်းမဲ့နေသည်ဟု သူ ခံစားနေရဆဲပင်။ သစ်သားတံခါးတစ်ချပ်နှင့် ပတ်ပတ်လည်

ဝန်းရံထားသော မြေစေးတံတိုင်းဟောင်းလေးတစ်ခုက မည်သည့် အန္တရာယ်ကိုမျှ

တားဆီးကာကွယ်ပေးရန် မလုံလောက်နိုင်ပေ။

မိမိအနေဖြင့် ငွေကို အမြန်ဆုံးရှာဖွေရပေမည်။ ထို့နောက် ဤခြံဝင်းအိုကြီးကို ဖြိုဖျက်ကာ

မည်သူတစ်ဦးတစ်ယောက်မျှ ကျူးကျော် ဝင်ရောက်မလာနိုင်မည့်

ခိုင်ခံ့တောင့်တင်းသော အိမ်သစ်တစ်လုံး ဆောက်လုပ်ရပေမည်။ ဤအတွေးက သူ၏ စိတ်အာရုံထဲတွင် မယုံနိုင်လောက်အောင် ရှင်းလင်းပြတ်သားလာပြီး အရေးတကြီး လုပ်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာတော့သည်။

မွန်းတည့်ချိန် ရောက်သောအခါ နောက်ဆုံးတော့ ခြံဝန်းလေးကို ကြည့်ပျော်ရှုပျော်ဖြစ်အောင်

ရှင်းလင်းပြီးစီးသွားလေပြီ။ ချန်ရှင်းက မြေပြင်ပေါ်ရှိ သွေးကွက်များနှင့်

ရွှံ့ဗွက်များကို ဘာမှမဖြစ်ခဲ့သည့်အလား ရေစင်အောင် ဆေးကြောပစ်လိုက်သည်။

ထို့နောက် အိမ်ထဲသို့ ဝင်ကာ ပေါင်ဝက်ခန့်ရှိမည့် သကြားဖြူအနည်းငယ်ကို

ဆီစိမ်စက္ကူဖြင့် အထုပ်ငယ်လေးတစ်ခု ထုပ်ပိုးလိုက်လေသည်။

ထို့နောက် ၁၉၇၀ ခုနှစ်များ၏ အခြေအနေအရ တန်ဖိုးကြီးမားသော လက်ဆောင်တစ်ခုဟု

သတ်မှတ်နိုင်သည့် ဤလက်ဆောင်ထုတ်လေးကို ကိုင်ဆောင်ကာ

ဘေးအိမ်သို့ တန်းတန်းမတ်မတ် သွားရောက်ပြီး အဒေါ်လျို၏ တံခါးကို

ခေါက်လိုက်လေသည်။

"ဘယ်သူတုန်း..."

ကျွိကနဲ မြည်သံနှင့်အတူ တံခါးပွင့်သွားပြီးနောက် အဒေါ်လျိုက

အပြင်သို့ ခေါင်းပြူကြည့်လာသည်။

တံခါးဝ၌ ရပ်နေသူမှာ ချန်ရှင်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမ ခဏတာ မှင်တက်သွားလေသည်။

သို့သော် ချက်ချင်းပဲ သူမ၏ မျက်နှာပေါ်၌ ဟန်ဆောင်လွန်းရာကျနေသည့်

နွေးထွေးပျူငှာသော အပြုံးကြီးတစ်ခု အစားထိုးဝင်ရောက်လာတော့သည်။ အရင်က သူမ ဆက်ဆံခဲ့သော အပြုအမူများနှင့်ဆိုလျှင် ၁၈၀ ဒီဂရီ ပြောင်းပြန်ဖြစ်သွားသည့် အခြေအနေပင်။

"အို... ချန်ရှင်း ပါလား။ လာလာ... အထဲဝင်ခဲ့လေ"

အဒေါ်လျိုက ချန်ရှင်းကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး ဧည့်ခန်းဆောင်ရှိ အဓိက

ဧည့်သည်များ ထိုင်လေ့ရှိသော နေရာ၌ နွေးထွေးပျူငှာစွာ နေရာချပေးလေသည်။ သူမ၏ အပြုအမူများမှာ ရိုးရိုးအိမ်နီးချင်းတစ်ယောက်ကို ဖိတ်ခေါ်နေသည်နှင့် မတူဘဲ အလွန်အရေးပါ

အရာရောက်သော ပုဂ္ဂိုလ်ကြီးတစ်ဦးကို ကြိုဆိုဧည့်ခံနေသည့်အလားပင်။

"အဒေါ်လျို…၊ အပင်ပန်းမခံပါနဲ့"

ချန်ရှင်းက သကြားထုပ်လေးကို စားပွဲပေါ် တင်လိုက်ရင်း မချိပြုံးလေးဖြင့် ပြောလိုက်သည်။

"ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စတွေကြောင့် အဒေါ်လည်း အတော်လေး လန့်သွားမှာပဲ။

ဒါလေးက ကလေးတွေ အချိုတည်းဖို့ အမှတ်တရလက်ဆောင်လေးပါ"

အဒေါ်လျိုမှာ အတော်လေး အလေးချိန်စီးပုံရသော သကြားဖြူထုပ်လေးကို မြင်လိုက်ရသောအခါ

မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။ သူမက ကပျာကယာ လက်ကာပြရင်း ငြင်းဆန်လိုက်၏။

"ဒါက များလွန်းပါတယ်ကွယ်။ မင်းက သဘောကောင်းလွန်းပါတယ် တူလေးရယ်။ဒီနေ့

မင်းလုပ်ခဲ့တဲ့ အလုပ်က အများအကျိုးဆောင်တဲ့ အလုပ်ကြီးပဲလေ။ တကယ့်ကို အားရကျေနပ်စရာ ကောင်းလိုက်တာဆိုတာ... အဒေါ်ဖြင့် ကြည့်နေရင်းနဲ့တောင် ရင်ထဲမှာ ပေါ့ပါးသွားတာပဲ"

ထိုနေ့နံနက်က အဖြစ်အပျက် အစအဆုံး အားလုံးကို သူမ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်

မဟုတ်ပါလား။

*ဘုရားရေ… လူတစ်ယောက်တည်းက လူခုနစ်ယောက်၊ ရှစ်ယောက်လောက်ကို ဘာမှမဟုတ်သလို

အေးအေးဆေးဆေးပဲ ရှင်းပစ်လိုက်နိုင်တာတဲ့။ ဝမ်တယ်ရှန်းဆိုတဲ့ကောင်ဆို ဘောင်းဘီထဲတောင် သေးထွက်ကျသွားသေးတာ…။*

*ဒါက အရင်က အရက်သမား ချန်ရှင်း မဟုတ်တော့ဘူးလေ။ သူက သေချာပေါက် လူလုံးထွက်မပြဘဲ

ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်ရမယ်။*

စကားစမြည်ပြောဆိုပြီးနောက် အချိန်သင့်ပြီဟု ယူဆကာ ချန်ရှင်းက ဟန်မပျက်ဘဲ

မေးလိုက်သည်။

"အဒေါ်လျို…၊ ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ။ ကျွန်တော်တို့ ရွာမှာ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းပစ္စည်းတွေ စုတဲ့လူများ ရှိမလားဗျ"

"ရှေးဟောင်းပစ္စည်း ဟုတ်လား"

အဒေါ်လျိုလည်း အံ့သြသွားသည်။

"အဲ့ဒါတွေကို ဘာလုပ်မလို့လဲ။ အဲ့ဒါတွေက စားလို့သောက်လို့ ရတဲ့အရာတွေမှ မဟုတ်တာ"

ချန်ရှင်းက ပြုံးလိုက်ပြီး သူ ကြိုတင်ပြင်ဆင်ထားသော အကြောင်းပြချက်ကို

ပေးလိုက်သည်။

"ဘာရယ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဒေါ်ပေးလိုက်တဲ့ နှာရှူဆေးဘူးလေးကို

ကျွန်တော် ညဘက်ကျ သေချာထိုင်ကြည့်နေမိတယ်။ အဲ့ဒီလို ကြည့်ရင်းနဲ့ တော်တော်လေး

စိတ်ဝင်စားစရာ ကောင်းမှန်း သိလာရလို့ပါ"

သူက ရေတစ်ငုံ သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ကျွန်တော် စဉ်းစားမိတာက ဒီရှေးဟောင်းပစ္စည်းတွေဟာ အချိန်အကြာကြီး

ဖြတ်သန်းလာခဲ့ရတာဆိုတော့ သူတို့ရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းပေါင်းများစွာ ရှိနေနိုင်တယ်လေ"

"အဲ့ဒီ ရှုပ်ရှုပ်ယှက်ယှက် ကိစ္စတွေကို ကျွန်တော် ဆက်မတွေးချင်တော့ဘူး။ အိမ်မှာ

ပြထားဖို့နဲ့ အမှတ်တရအဖြစ် သိမ်းဆည်းထားဖို့ ဇာတ်လမ်းလေးတွေ ရှိတဲ့ ပစ္စည်းတချို့ စုဆောင်းချင်လို့ပါ။ တန်ဖိုးမရှိတဲ့ အိုးကွဲ၊ စဉ့်အိုးကွဲတွေ ဒါမှမဟုတ် သစ်သားဟောင်းလေးတွေလည်းရတယ်။ ရှေးဟောင်းပစ္စည်းဆို ကျွန်တော် သဘောကျပါတယ်"

အခန်း (၁၈) - တစ်ရွာလုံးက ရတနာတွေ လာလဲကြပြီ

ဤစကားကို ကြားသောအခါ အဒေါ်လျူ အစပိုင်းတွင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သော်လည်း ချက်ချင်းဆိုသလို သဘောပေါက်သွားကာ သူမ၏ ပေါင်ကို ဖြန်းခနဲ ရိုက်ချလိုက်တော့သည်။

"ဪ... ဒီလိုကိုး"

အဒေါ်လျူ ချန်ရှင်းကို ကြည့်နေပုံက ခိုက်ရန်ဖြစ်ပွားတတ်သော လူကြမ်းကြီးတစ်ယောက်အား ကြည့်နေသလို မဟုတ်တော့ပေ။ ငွေကြေးပြည့်စုံပြီး အနုပညာ ခံစားတတ်လာသည့် အထက်တန်းကျကျ လူကြီးလူကောင်းတစ်ယောက်အား ကြည့်သည့်အကြည့်မျိုးသို့ ချက်ချင်းပြောင်းလဲသွားတော့သည်။

"ရွာထဲမှာ ဒီလိုပစ္စည်းတွေဆိုတာ ပုံနေတာပဲ"

အဒေါ်လျူက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ချက်ချင်း တာဝန်ယူလိုက်တော့သည်။

"ဘယ်အိမ်မှာမဆို ဘိုးဘေးတွေ လက်ထက်ကတည်းက ကျန်ခဲ့တဲ့ အိုးကွဲတွေ၊ ပစ္စည်းအစုတ်တွေ ရှိနေတတ်တာချည်းပဲ။ အဲဒါတွေက စားလို့သောက်လို့ရတဲ့ အရာတွေမှ မဟုတ်တာ၊ နေရာပဲ ပိုယူနေတာလေ။ ဒီမှာပဲ ခဏစောင့်နေ၊ အဒေါ် သွားစုံစမ်းပေးမယ်"

ထိုသို့ပြောပြီးသည်နှင့် အဒေါ်လျူတစ်ယောက် ကမန်းကတန်း ပြေးထွက်သွားတော့သည်။

သတင်းစကားက တောမီးလောင်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အပြောကောင်းလှသော အဒေါ်လျူ၏ နှုတ်ဖျားမှ အမွှမ်းတင် ချဲ့ကားပြောဆိုမှုများနှင့်အတူ ထိုသတင်းက ဆယ်မိနစ် မပြည့်လိုက်ခင်မှာပဲ ချင်ရွှေရွာ တစ်ရွာလုံးဆီသို့ ရောက်ရှိသွားတော့သည်။

"သတင်းထူးဟေ့... သတင်းထူး၊ ချန်ရှင်းတစ်ယောက်တော့ လူလုံးသူလုံး လှသွားပြီဟေ့။ လောင်းကစားတွေ အကုန်ဖြတ်လိုက်ပြီး ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းနေပြီတဲ့"

"သူ့အိမ်က တန်ဖိုးကြီးတဲ့ ဆန်တွေကို ငါတို့ဆီက အသုံးမကျတဲ့ အမှိုက်တွေနဲ့ လာလဲပေးနေတာဟေ့။ ပန်းကန်ကွဲတွေ၊ အိုးကွဲတွေလည်း အကုန်ရတယ်တဲ့"

"တကယ်ကြီးလား၊ ဆန်နဲ့ လဲပေးတာတဲ့လား"

"တကယ်ပါဆို၊ လီအိမ်က တတိယသားလေး သူ့အိမ်ရှေ့က ဖြတ်သွားရင်း ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာတဲ့"

အတိုချုပ်ဆိုရလျှင် 'ချန်ရှင်းတစ်ယောက် ရူးသွားပြီ၊ အဖိုးတန် ဆန်တွေကို အမှိုက်တွေနဲ့ လိုက်လဲနေပြီ' ဟူ၍ပင်။

ဤသတင်းကြောင့် ချင်ရွှေရွာ တစ်ရွာလုံး ပွက်လောရိုက်သွားကာ အုတ်အော်သောင်းနင်း ဖြစ်သွားကြလေတော့သည်။

လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူများက ပေါက်တူးများကို ပစ်ချခဲ့ကြသည်။ အိမ်တွင် ဖိနပ်ချုပ်နေသူများကလည်း အပ်နှင့်ချည်ကြိုးများကို အသာချထားလိုက်ကြသည်။ ရွာထိပ်၌ နေဆာလှုံနေသော အဘိုးအိုပင်လျှင် သူထိုင်နေသည့် ခုံတန်းလျားပေါ်မှ ဝုန်းခနဲ ထခုန်လိုက်တော့သည်။

အသုံးမဝင်တဲ့ အတိုအစတွေကို စားနပ်ရိက္ခာတွေနဲ့ လဲပေးတယ်တဲ့လား...။

လောကကြီးမှာ ဒီလောက် အချောင်ရမယ့် အခွင့်အရေးမျိုး တကယ်ကြီး ရှိနေတာတဲ့လား...။

အချိန်တိုလေးအတွင်းမှာပင် အိမ်တိုင်းအိမ်တိုင်းမှာ သေတ္တာများ၊ ဗီရိုများကို တအုန်းအုန်း မွှေနှောက်ရှာဖွေနေကြသည့် အသံများ ဆူညံသွားတော့သည်။ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော သေတ္တာကြီးများကို ဖွင့်ကာ ဟိုဟိုဒီဒီ အဟောင်းအမြင်းများကို ဆွဲထုတ်လာကြသည်။ တစ်ရွာလုံးက ရတနာရှာဖွေသည့် ကပ်ရောဂါ ကူးစက်ခံလိုက်ရလေပြီ။

နာရီဝက် မပြည့်လိုက်ခင်မှာပဲ ချန်ရှင်းအိမ်၏ ဟောင်းနွမ်းနေသော တံခါးပေါက်အပြင်ဘက်၌ အံ့မခန်း ရှည်လျားလှသော လူတန်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ရွာသားများသည် မိမိတို့၏ အဖိုးတန်ဆုံးဆိုသော ပစ္စည်းများကို ကိုယ်စီ ပွေ့ပိုက်ထားကြပြီး သူတို့၏ မျက်နှာပေါ်တွင်လည်း တစ်ပုံစံတည်းသော မျက်နှာထား၊ အလောတကြီး ဖြစ်နေသော မျက်ဝန်းများကို မြင်တွေ့နေရသည်။ သူတို့ နောက်ကျသွားလျှင် ချန်ရှင်းဆိုသည့် အရူးကြီး စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေကြခြင်းပင်။

တန်းစီနေသည့် လူအုပ်ကြီးထဲတွင် အချို့က အက်ကွဲနေသော ချဉ်ဖတ်အိုးများကို ပွေ့လာကြ၏။ တချို့က သံချေးတက်နေသည့် ထွန်သွားအကျိုးများကို သယ်လာကြသည်။ အချို့ဆိုလျှင် ခြေသုံးချောင်းသာပါသော ခုံပုလေးကိုပင် မြှောက်ကိုင်လာကြသေးသည်။ ဤမြင်ကွင်းကြီးက ရယ်ချင်စရာကောင်းနေသလို အံ့ဩမှင်တက်ဖွယ်လည်း ကောင်းနေလေသည်။

ချန်ရှင်း တံခါးကို ဖွင့်လိုက်ချိန်တွင် ဈေးပွဲတော်တစ်ခုလို အုန်းအုန်းထနေသော မြင်ကွင်းကြီးကို တွေ့လိုက်ရ၏။ ရွာသားများ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော လောဘတရားနှင့် အလောတကြီးဖြစ်နေမှုတို့ကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်စွန်းများက ခပ်ရေးရေး တွန့်ကွေးသွားလေသည်။

*အမိုက်စားပဲ...။ အစီအစဉ်တော့ အလုပ်ဖြစ်သွားပြီ*

အပိုစကားများ ဆိုမနေတော့ဘဲ ခြံဝင်းထဲသို့ ထိုင်ခုံတစ်လုံး ရွှေ့ကာ ဝင်ထိုင်လိုက်သည်။ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေသူတစ်ဦးသဖွယ် တည်ကြည်လေးနက်သော အငွေ့အသက်များလည်း သူ့ထံတွင် တောက်ပနေ၏။

"မလောကြနဲ့...၊ တစ်ယောက်ချင်းစီ လာခဲ့ကြပါ"

ရွှီချင်းချင်းက သူ့နံဘေးတွင် စာရွက်နှင့်ဘောပင် ကိုင်ပြီး မှတ်တမ်းတင်ရန် အသင့်ရပ်နေသည်။

မိမိ၏ ခင်ပွန်းအား တစ်ရွာလုံးက ယခုကဲ့သို့ သဲသဲလှုပ် အရေးပေးနေကြသည်ကို မြင်သောကြောင့် သူမ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှု၊ ဂုဏ်ယူမှုတို့ဖြင့် နီရဲနေလေသည်။ ချန်ရှင်းက တန်ဖိုးရှိသော ဆန်များကို အမှိုက်များနှင့် လဲချင် လဲပါစေ၊ လောင်းကစားသာ မလုပ်တော့ဘူးဆိုပါက သူမဘက်မှ အပြည့်အဝ လက်ခံနိုင်ပေသည်။

ပထမဆုံး ထွက်လာသူက အသားမည်းမည်း ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ့လက်ထဲတွင် ဟင်းသီးဟင်းရွက် အကြွင်းအကျန်များပင် မဆေးရသေးသည့် ပန်းကန်လုံးကြီး တစ်လုံးကို အမြတ်တနိုး ကိုင်ဆောင်ထား၏။

"ရှင်းဇီ...၊ ဒါလေးရော ဘယ်လိုလဲ။ ငါ့ရဲ့ ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက ဆင်းသက်လာတဲ့ ရှေးဟောင်းပစ္စည်း အစစ်နော်"

ချန်ရှင်း တစ်ချက်မျှ ကြည့်လိုက်သည်နှင့် ချင်မင်းဆက်အလယ်ပိုင်း ရွာသုံးမီးဖိုမှ ထုတ်လုပ်ခဲ့သော ကြွေကြမ်းပန်းကန်လုံးတစ်လုံးဖြစ်မှန်း သိရှိလိုက်သည်။ အတန်အသင့်တော့ တန်ကြေးရှိပေသည်။

"ကောင်းပြီ"

သူ ခေါင်းညိတ်လိုက်ပြီး ရွှီချင်းချင်းအား လှည့်ပြောလိုက်သည်။

"မှတ်ထားလိုက်...၊ ဝမ်အာကျူး၊ ဂျုံမှုန့် တစ်ပေါက်ဝက်နဲ့ လဲပေးမယ်"

ဂျုံမှုန့် တစ်ပေါင်ဝက်တောင်လား...။

ရွှီချင်းချင်းထံမှ ဂျုံအိတ်ကို လှမ်းယူလိုက်သောအခါ ဝမ်အာကျူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အိပ်မက်မက်နေသလားဟုပင် ထင်မှတ်သွား၏။

ပန်းကန်ကွဲတစ်လုံးကို ဂျုံမှုန့်တစ်ပေါင်ဝက်နှင့် လဲလှယ်ခွင့်ရလိုက်သည်လား။ ဤမျှ တန်လွန်းသော အပေးအယူကြောင့် သူ့ခြေထောက်များပင် ခွေယိုင်ချင်သွားလေသည်။

"ကျေးဇူးပါပဲ... ကျေးဇူးတင်ပါတယ် အစ်ကိုရှင်"

ဝမ်အာကျူးက ဂျုံအိတ်ကို ပိုက်ထားရင်း တရစပ် ကျေးဇူးတင်နေတော့သည်။ ချန်ရှင်းအား လူ့ပြည်သို့ ဆင်းသက်လာသည့် သက်ရှိဘုရားလောင်းတစ်ဆူသဖွယ် ခံစားနေမိပြီး ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။

ပထမဆုံး လဲလှယ်မှု အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါ ရွာသားများမှာ ပို၍ပင် အရူးအမူး ဖြစ်သွားကြတော့သည်။

ရိုးသားပုံရသော အခြားရွာသားတစ်ယောက်က သူ့အိတ်ကပ်ထဲမှ အဝတ်စဖြင့် ထုပ်ထားသော အရာတစ်ခုကို တုန်တုန်ယင်ယင်နှင့် ဆွဲထုတ်လာသည်။ ထိုအဝတ်စကို ဖြည်လိုက်သောအခါ ကြေးဒင်္ဂါးပြား အထပ်လိုက်လေး ဖြစ်နေ၏။

ချန်ရှင်းက ၎င်းကို လှမ်းယူလိုက်ပြီး အလေးချိန် ခန့်မှန်းကာ ပေါ့ပေါ့ပါးပါး ပွတ်သပ်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် လိမ္မာပါးနပ်သော အရိပ်အယောင်တစ်ခု လင်းလက်သွား၏။

အများစုမှာ ချင်မင်းဆက်က သာမန် ကြေးဒင်္ဂါးများသာ ဖြစ်သော်လည်း ရှားပါးလှသော ကြေးဒင်္ဂါးတချို့လည်း ရောနှောပါဝင်နေသည်။

"ဒါလည်း မဆိုးပါဘူး"

ချန်ရှင်းက အငွေ့တလူလူ ထွက်နေဆဲဖြစ်သော ပူပူနွေးနွေး ပေါက်စီလေးတစ်လုံးကို ကမ်းပေးလိုက်သည်။

"ရော့... ယူသွားလိုက်"

ရွာသားဖြစ်သူက ပေါက်စီကို လှမ်းယူလိုက်သည်။ နွေးထွေးသော အတွေ့အထိကြောင့် သူ့မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားရ၏။ ပေါက်စီကို ကိုင်ထားရင်း ဝမ်းသာလုံးဆို့နေကာ ကျေးဇူးတင်စိတ်များဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။

ခြံဝင်းထဲတွင်တော့ အလဲအလှယ်လုပ်ငန်းက အရှိန်အဟုန် အပြည့်ဖြင့် စည်ကားနေဆဲပင်။

ခြံတံတိုင်း၏ အပြင်ဘက်၌မူ အဒေါ်ဝမ်က ခြေဖျားထောက်လျက် ခြံထဲသို့ အကဲခတ် ကြည့်ရှုနေလေသည်။

မီးမွှေးရန် ထင်းအ​ဖြစ်တောင် မသုံးမဝင်ဟု သူမ ယူဆထားသော အမှိုက်သရိုက်များကို ဂျုံအိတ်များ၊ ပေါက်စီများနှင့် တကယ်ကြီး လဲလှယ်ပေးနေသည်ကို မြင်သောအခါ သူမ၏ ကောက်ကျစ်သော မျက်နှာကြီးမှာ မှတ်မိနိုင်စရာ မရှိတော့လောက်အောင် ရှုံ့မဲ့သွားတော့သည်။ သူမ၏ မျက်လုံးများ နီရဲလာသည်အထိ မနာလိုဝန်တိုမှု အဆိပ်မီးများက ပြင်းထန်စွာ တောက်လောင်နေလေပြီ။

"အရူးကောင်...၊ အသုံးအဖြုန်း ကြီးလိုက်တာ"

သူမက အသံကို နှိမ့်ကာ သွားကြိတ်ရင်း ကျိန်ဆဲလိုက်သည်။

"ပိုက်ဆံတွေ ပိုလျှံနေတယ်ပေါ့လေ ဟုတ်လား။ ပစ္စည်းကောင်းတွေကို အမှိုက်တွေနဲ့ လဲနေတယ်။ စောင့်သာကြည့်နေလိုက်၊ ရက်နည်းနည်းကြာရင် နင့်ရဲ့စည်းစိမ်တွေ အကုန်ပြောင်ပြီး နေစရာ နေရာတောင် ရှိမှာမဟုတ်ဘူး"

ခြံဝင်းထဲရှိ ချန်ရှင်းကတော့ သူမ၏ ကျိန်ဆဲသံများကို လျစ်လျူရှုထားလေသည်။

မွန်းလွဲပိုင်း အချိန်တိုလေးအတွင်းမှာပင် သူရှေ့ရှိ အမှိုက်များက တောင်လိုပုံနေလေပြီ။

ဒီနေ့အတွက် ဒီလောက်ပါပဲဟု သူကြေညာလိုက်သောအခါ ရွာသားများမှာ မကျေမနပ်ဖြင့် လူစုခွဲသွားကြလေသည်။ နောက်တစ်ခေါက် အချောင်လာနှိုက်နိုင်ရန် အိမ်ပြန်၍ ထပ်ရှာကြမည်ဟု ကိုယ်စီ ကြံစည်ထားကြသေးသည်။

ချန်ရှင်းက ခြံတံခါးကို ပိတ်လိုက်ပြီး ပစ္စည်းအပုံကြီးကို ကြည့်လိုက်ကာ ကျေနပ်အားရသည့် အပြုံးတစ်ခု သူ့မျက်နှာထက်တွင် ပေါ်လွင်လာသည်။

"ချင်းချင်း...၊ ဒီကို လာကူပါဦး။ ဒါတွေအကုန်လုံး အခန်းထဲ သယ်ရအောင်"

"အင်း…"

ရွှီချင်းချင်းက စိတ်လိုလက်ရ တုံ့ပြန်လိုက်သည်။

သူတို့နှစ်ဦး အတူတကွ ပူးပေါင်းကာ အိုးခွက်ပန်းကန်များနှင့် သံတိုသံစ အားလုံးကို အိမ်ခန်းထဲသို့ သယ်ယူသွားကြသည်။

အိပ်ခန်းတံခါးကို သေချာပိတ်လိုက်ပြီးနောက် ရွှီချင်းချင်းက ညစာပြင်ဆင်ရန်အတွက် မီးဖိုချောင်ဘက်သို့ ထွက်သွားလေသည်။

အခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည့် အချိန်မှသာ ချန်ရှင်း၏ အပြုံးများက အမှန်တကယ် ပွင့်လန်းလာတော့သည်။

သူက အမှိုက်ပုံကြီးအနီးသို့ လျှောက်သွားလိုက်ပြီး ချင်မင်းဆက်မှ ကြွေပန်းကန်လုံးကြီး၊ ကြေးဒင်္ဂါးပြား အထပ်လိုက်ကလေး၊ ပန်းချီစာအုပ်ဟောင်းတစ်အုပ်နှင့် ကြေးဝါနံ့သာပေါင်းဖိုတို့ကို သေသေချာချာ ရွေးထုတ်လိုက်သည်။

ဤအစစ်အမှန် ရတနာပစ္စည်းများကို ကြည့်ရင်း ချန်ရှင်းက သူ့စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်သည်။

“သိမ်းလိုက်”

စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်တက်နေဆဲဖြစ်သော ရှေးဟောင်းပစ္စည်းများမှာ သူ့မျက်စိရှေ့မှ ကွယ်ပျောက်သွားပြီး သူ၏ သိုလှောင်ရုံထဲသို့ အကုန်ရောက်ရှိသွားလေတော့သည်။

ပြီးပြည့်စုံလွန်းသော ဖုံးကွယ်မှုပင်။

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက်မှာတော့ သူ့လက်ကို ခါထုတ်လိုက်ပြီး အူမြူးအားရနေသော မျက်နှာထားဖြင့် အိမ်ခန်းထဲမှ ထွက်လာခဲ့လေသည်။

ညစာစားပြီးနောက် ချန်ရှင်းက မနက်ဖြန် ခရိုင်မြို့သို့ သွားမည့်အကြောင်း ပြောပြလာသည်။

"အိမ်မှာ တောကောင်တွေ အများကြီး ကျန်နေသေးတယ်၊ ဒီတိုင်းထားရင် ပုပ်သိုးသွားလိမ့်မယ်။ မနက်ဖြန် မနက်စောစော ခရိုင်မြို့ကို သွားပြီး အဲ့ဒါတွေ ရောင်းဖို့ စီစဉ်ထားတယ်။ ပြီးတော့ ဒီနေ့ ရလာတဲ့ ရတနာတွေကိုပါ တစ်ခါတည်း ယူသွားလိုက်မယ်။ မြို့ကလူတွေများ စိတ်ဝင်စားမလားပေါ့"

ဤဆင်ခြေမှာ အပြစ်ရှာစရာမရှိအောင် ယုတ္တိတန်လွန်းနေသည်။

ရွှီချင်းချင်းကလည်း သူ့အပေါ် အပြည့်အဝ ယုံကြည်နေပြီ ဖြစ်သည်။

သူ ခရိုင်မြို့သို့ သွားမည်ဟု ကြားသောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ သံသယဖြစ်ခြင်း မဟုတ်ဘဲ ခွဲခွာရမည်ကို တွန့်ဆုတ်နေမှုနှင့် စိုးရိမ်ပူပန်မှုတို့သာ ဖြစ်လေသည်။

သူမက မတ်တတ်ထရပ်ကာ ချန်ရှင်းထံ လျှောက်သွားလိုက်သည်။ ထို့နောက် ခြေဖျားလေးကို အသာထောက်လျက် အနည်းငယ် တွန့်ကြေနေသော သူ့အင်္ကျီကော်လာကို သပ်ရပ်အောင် ပြင်ပေးနေ၏။ ဗာဒံစေ့သဏ္ဌာန် မျက်လုံးဝိုင်းဝိုင်းကြီးများထဲတွင် သတိပေးမှာကြားလိုသော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

"လမ်းမှာ ဂရုစိုက်သွားနော်၊ မိုးမချုပ်ခင် အိမ်ပြန်ရောက်အောင် လာဖို့လည်း မမေ့နဲ့ဦး"

ပြာနုနု ဂါဝန်လေးကို ဝတ်ဆင်ထားဆဲဖြစ်သော သူမထံမှ သင်းပျံ့ပျံ့ မိန်းကလေးရနံ့နှင့် နွေးထွေးသော ဝင်သက်ထွက်သက်များက ချန်ရှင်း၏ မေးဖျားကို ခပ်ဖွဖွ လာရောက်ရိုက်ခတ်နေသည်။

ချန်ရှင်း၏ ရင်အစုံမှာ ဒိန်းခနဲ ခုန်ပေါက်သွားရ၏။ သူ့အနားသို့ ကပ်လွန်းနေပြီး စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တင်းတင်းစေ့ထားသည့် နီသွေးသွေး နှုတ်ခမ်းဖူးဖူးလေးကို ကြည့်ရင်း သူ ရုတ်တရက် ခေါင်းငုံ့ချလိုက်သည်။

ရွှီချင်းချင်းတစ်ယောက် သတိမထားလိုက်မိခင်မှာပင် သူမ၏ နှုတ်ခမ်းလေးခမျာ ရွှတ်ခနဲ နမ်းရှိုက်ခံလိုက်ရလေပြီ။

အလွန် နူးညံ့ပြီး ချိုမြိန်လှပေသည်။

"အို..."

ရွှီချင်းချင်းမှာ အမြီးနင်းခံလိုက်ရသော ကြောင်ပေါက်လေးတစ်ကောင်နှယ် အလန့်တကြား ရေရွတ်လိုက်မိသည်။ သူမ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ ပါးစပ်လေးကို လက်ဖြင့် အုပ်ထားရင်း သူမ၏ မျက်နှာလေးမှာ နေဝင်ဆည်းဆာအလား ချက်ချင်းဆိုသလို နီရဲတွတ်သွားလေတော့သည်။

All Chapters