ချန်ရှင်းတစ်ယောက် ၁၉၇၀ ပြည့်လွန်နှစ်များသို့ အချိန်နှင့်ခန္ဓာ ကူးပြောင်းသွားခဲ့ပြီး ဇာတ်လမ်းအစမှာတင် နတ်မိမယ်လေးအလား အလွန်လှပသော ဇနီးသည်တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ငတ်မွတ်ခေါင်းပါးသည့် ထိုခေတ်ကာလတွင် လူတိုင်း အစာရေစာငတ်မွတ်၍ အအေးဒဏ်ကို အလူးအလဲ ခံစားနေကြရပြီး အသားတစ်နပ်စားရဖို့ဆိုသည်မှာပင် အကြီးအကျယ် ဇိမ်ခံမှုတစ်ခု ဖြစ်နေလေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် "ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်" နိုးထလာခဲ့ရာ ချန်ရှင်းတစ်ယောက် ခေတ်နှစ်ခေတ်ကြား လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ခဲ့တော့သည်။ အသားလား... ကြိုက်သလောက်သာ စားလိုက်စမ်းပါ။ အဝတ်အစားလား... စိတ်ကြိုက်သာ ဝတ်ပေတော့။ ငတ်မွတ်ခေါင်းပါးနေသည့် ခေတ်ကြီးထဲတွင် မည်သူမှ အရေးတယူမရှိသည့် ရှေးဟောင်းပစ္စည်းများမှာ ၂၁ ရာစုတွင်မူ တကယ့်တန်ဖိုးကြီးရတနာများ ဖြစ်လာခဲ့လေပြီ။ ငတ်မွတ်ခြင်းဖြင့် နပန်းလုံးနေရသည့် ဤခေတ်ကြီးမှာ ချန်ရှင်းကတော့ နေ့စဉ်နေ့တိုင်း အသား၊ငါး အဝစားနိုင်ရုံသာမက ဇနီးသည်လေးနှင့်အတူ အပူအပင်မဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေလေသည်။ ရံဖန်ရံခါတွင်လည်း ဇနီးချောလေး၏ ညီမလေးကပါ သူတို့နှင့်အတူ အဖော်ပြုပေးနေတတ်ပါသေးသည်။

