← Chapters

အခန်း (၂၇၅၇-၂၇၅၈)

Vol. 216 Ch. 2757-2758

အခန်း (၂၇၅၇-၂၇၅၈)

Vol. 216 Ch. 2757-2758

အခန်း(၂၇၅၇)

ချူလင်းယွင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီဖြစ်ရာ ရွမ်ယီအင်မော်တယ်ဂိုဏ်းတွင် နေထိုင်ခိုင်းခြင်းသည် သူမ၏ ပါရမီကို အလဟဿ ဖြုန်းတီးသလိုသာ ဖြစ်နေပေလိမ့်မည်။

ကျန်းချန်သည် အဆင့်နိမ့်စကြဝဠာမှ လာသူ ဖြစ်သော်လည်း ကျန်းချန်၏ ပါရမီသည် အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အလွန်တရာ ရှားပါးသည်ဟု ဆို၍ ရသည်။

အကယ်၍ ချူလင်းယွင်သာ ကျန်းချန်၏ နောက်ကို လိုက်နိုင်မည်ဆိုလျှင် ရွမ်ယီအင်မော်တယ်ဂိုဏ်းတွင် နေရသည်ထက် ပိုမို ကောင်းမွန်သော အနာဂတ် ရှိလာလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် ကျန်းချန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့်လည်း ပတ်သက်ဆက်နွှယ်မှု များစွာ ရှိပြီး အနာဂတ်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူကို သေချာပေါက် သွားရောက် ရှာဖွေမည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ချူလင်းယွင်က ကျန်းချန်၏ နောက်သို့ လိုက်သွားခြင်းသည် နောင်တစ်ချိန်တွင် ထာဝရရှင်သန်ခြင်းအင်မော်တယ် နယ်မြေသို့ ပြန်လည်‌ ရောက်ရှိနိုင်မည့် အခွင့်အရေးလည်း ရှိလာနိုင်ပေသည်။

“ကောင်းပါပြီ.. မိန်းကလေးချူ အဆင်ပြေရင်တော့ ကျွန်တော့်ဘက်က ပြဿနာမရှိပါဘူး”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့သည့် ပါရမီရှင် တစ်ယောက်သည် ရွမ်ယီအင်မော်တယ်ဂိုဏ်းထဲတွင် ကျန်ရစ်ခဲ့မည် ဆိုလျှင် အမှန်တကယ်ပင် သူမ၏ ပါရမီကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

ချူလင်းယွင် ကဲ့သို့ ပါရမီရှင်သည် အနည်းငယ်မျှ လေ့ကျင့်ပေးလိုက်သည်နှင့် အနာဂတ် အောင်မြင်မှုများမှာ မှန်းဆ၍ ရမည် မဟုတ်ပေ။

လုရှောင်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆက်ခံသူ အနေဖြင့် အင်မော်တယ်လောကသို့ ပြန်လာခဲ့ရာ အကူအညီ တချို့ သေချာပေါက် လိုအပ်ပေလိမ့်မည်။

အကယ်၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကို နိုးထစေနိုင်ခဲ့သည့် ချူလင်းယွင်သာ ကြီးပြင်းလာခဲ့မည် ဆိုလျှင် လုရှောင်ချင်း အတွက် အလွန် ကြီးမားသည့် အ‌ထောက်အကူ ဖြစ်လာနိုင်၏။

ကျန်းချန်၏ စကားကို ကြားလျှင် ချူယန်ချိုးသည် အလွန်ပင် ဝမ်းသာသွားခဲ့ပြီး ချူလင်းယွင်ကို အလျင်အမြန် ပြောလိုက်သည်။

“လင်းယွင်.. မိတ်ဆွေလေးကျန်းချန်ကို ကျေးဇူးတင်လိုက်ဦးလေ”

“ကျေးဇူးတင်ပါတယ် အစ်ကိုလေးကျန်းချန်”

ချူလင်းယွင်က ရှေ့ကို တိုးလိုက်ပြီး ဦးညွှတ်၍ ဂါဝရပြုလိုက်သည်။

သူမ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းနေခဲ့၏။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကို နိုးထစေခဲ့သည့် ချူလင်းယွင် အတွက် ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် အမှန်တကယ်ပင် သေးငယ်လွန်းနေခဲ့သည်။

ထို့ကြောင့် သူမက ကျန်းချန်၏ နောက်သို့ လိုက်ပြီး ပိုမို ကျယ်ပြောသော ကမ္ဘာကြီးကို မြင်တွေ့ချင်နေခဲ့သည်။

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အားမနာပါနဲ့.. မင်းက ငါနဲ့အတူ လိုက်ခဲ့ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ မင်းပြင်ဆင်လို့ရအောင် တစ်ရက် အချိန်ပေးမယ်”

နောက်တစ်နေ့ နံနက်တွင် ကျန်းချန်နှင့် ချူလင်းယွင် တို့သည် ချူယန်ချိုးကို နှုတ်ဆက်၍ ရွမ်ယီအင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာလာခဲ့ကြသည်။

“အစ်ကိုလေးကျန်းချန်.. ကျွန်မတို့ ဘယ်ကိုသွားကြမလဲ”

ဟင်းလင်းပြင်အထက်တွင် ကျန်းချန်၏ နောက်သို့ လိုက်ပါလာရင်း ချူလင်းယွင်၏ လှပသော မျက်ဝန်းလေးထဲတွင် စူးစမ်းလိုသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

“ငါ ကိစ္စတစ်ခု ရှိလို့ အမည်မဲ့ အင်မော်တယ်နန်းတော်ရဲ့ ပင်မနန်းတော်ကို သွားဖို့ လိုအပ်တယ်.. အရင်ဆုံး ထျန်းယန်အင်မော်တယ်မြို့ကို သွားကြတာပေါ့.. အဲဒီက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုပြီး ကျိလင်အင်မော်တယ် မြို့တော်ကို သွားကြမယ်”

ထျန်းယန်အင်မော်တယ် မြို့တော်သည် ဤနေရာနှင့် အနီးဆုံးတွင် ရှိသည့် မြို့တော်ဖြစ်ပြီး တလော့အဆင့် အင်အားစုများ ရှိသည့် နေရာလည်း ဖြစ်သည်။

ထျန်းယန်အင်မော်တယ် မြို့တော်၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က တစ်ဆင့် သူက အမည်မဲ့ အင်မော်တယ်နန်းတော်၏ ပင်မနန်းတော်နှင့် ပိုမို နီးကပ်သည့် ကျိလင်အင်မော်တယ်မြို့‌တော် ဆီသို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။

ဆယ်ရက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် ထျန်းယန်အင်မော်တယ်မြို့တော် ဆီကို အဆုံးသတ်တွင် အဆင်ပြေ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြသည်။

မြို့ထဲတွင် တလော့အဆင့် အင်အားစုများ ရှိသည့် အင်မော်တယ်မြို့တော် တစ်ခု အနေဖြင့် ထျန်းယန်အင်မော်တယ်မြို့တော်သည် သဘာဝကျစွာပင် အလွန်တရာ စည်းကား၏။

ထျန်းယန်အင်မော်တယ်မြို့တော်၏ စည်ကားမှုသည် ထျန်းရွှေအင်မော်တယ်မြို့တော် မယှဥ်နိုင်လောက်သည် အထိ ကွာခြားလွန်းနေခဲ့၏။

ကျန်းချန်တို့ နှစ်ယောက်က ထျန်းယန်အင်မော်တယ် မြို့တော်ထဲတွင် တစ်ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက် သိပ်မကြာခင်မှာပင် ထျန်းယန်အင်မော်တယ် မြို့တော်ရှိ ကုန်သွယ်ရေးစျေး တစ်ခုထဲသို့ ရောက်ရှိလာခဲ့ကြသည်။

စျေးထဲတွင် သတ်မှတ်ထားသည့် အခကြေးငွေ အနည်းငယ်ပေးရုံဖြင့် ဆိုင်ခန်းငယ်လေး တစ်ခုကို ရရှိနိုင်မည် ဖြစ်ပြီး ဆိုင်ပိုင်ရှင် အနေဖြင့် ဆိုင်ခန်းဖွင့်ကာ အလိုရှိသည့် ပစ္စည်းများဖြင့် လဲလှယ် ကုန်သွယ်နိုင်မည် ဖြစ်သည်။

ကျန်းချန်က စျေးထဲကို ဝင်ရောက်ပြီး လျှောက်ကြည့်ချင်စိတ်ပေါ်လာခဲ့၏။

စျေးထဲတွင် သူ့ကို စိတ်ကျေနပ်စေလောက်မည့် ရတနာမျိုး တွေ့နိုင်မလားဟု ရှာဖွေချင်ခဲ့ခြင်း ဆိုလည်း မမှားပေ။

သို့သော်လည်း ကျန်းချန်၏ လက်ရှိ အနေအထားဖြင့် စျေးထဲမှ ပစ္စည်းများကို သဘောကျရန် ဆိုသည်မှာ သိသိသာသာပင် ခဲယဥ်းနေခဲ့သည်။

အတန်ကြာအောင် လှည့်လည်ကြည့်ရှုပြီးသည့် နောက်တွင် ကျန်းချန်သည် မည်သည့် ထူးထူးခြားခြားပစ္စည်းကိုမှ မတွေ့ရှိခဲ့ပေ။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး စျေးထဲကနေ ထွက်ခွာတော့မည့် အချိန်မှာပင် သူ၏ အကြည့်သည် ဘယ်ဘက်ခြမ်းရှိ ဆိုင်ခန်းတစ်ခု ပေါ်တွင် ရှိသည့် စာအုပ်ငယ်လေး တစ်အုပ်ဆီသို့ ကျရောက်သွားခဲ့သည်။

ထိုစာအုပ်ငယ်လေးသည် အလွန်တရာပင် ရိုးရှင်းပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်းပင် မသိရပေ။

စာအုပ်၏ တချို့နေရာများတွင် ပျက်စီးဆွေးမြည့်နေသည့် အတွက် နှစ်ကာလ မည်မျှပင် ကြာမြင့်ခဲ့ပြီကို မမှန်းဆနိုင်ပေ။

“မိတ်ဆွေလေးက ဒီစာအုပ်ကို စိတ်ဝင်စားလို့လား”

ယင်းအချိန်မှာပင် ဆိုင်ခန်း အနောက်ဘက်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော ဆံဖြူ အဘိုးအိုသည် ကျန်းချန်၏ အကြည့်ကို သတိပြုမိသွားခဲ့ပြီး ပြုံး၍ ပြောလိုက်သည်။

“မိတ်ဆွေလေးက အမြင်ရှိသားပဲ.. ဒီရှေးဟောင်းစာအုပ်က အင်မတန် ထူးခြားတဲ့ နောက်ခံသမိုင်း ရှိတယ်ကွ”

ထိုအဘိုးအိုက ပိန်ပါးပါးခန္ဓာကိုယ် ရှိပြီး အလွန်ပင် သာမန်ဆန်ကာ မည်သည့် အရှိန်အဝါမှ ထွက်ပေါ်မနေခဲ့ပေ။

သို့သော်လည်း ကျန်းချန်သည် ထိုအဘိုးအို၏ စွမ်းရည်က သူ့ထက် များစွာ သာလွန်နိုင်သည် ဟူသော ခံစားချက်မျိုးကို မရေမရာ ခံစားမိခဲ့သည်။

ကျန်းချန်က မျက်ခုံးကို အနည်းငယ်ပင့်ကာ မေးလိုက်၏။

“ဒီရှေးဟောင်းစာအုပ်မှာ ဘယ်လို နောက်ခံသမိုင်းကြောင်းရှိလဲ ဆိုတာ သိပါရစေ”

ဆံဖြူအဘိုးအိုက ကျန်းချန် အံ့အားသင့်လောက်မည့် စကားကို ပြောလိုက်သည်။

“ဒီစာအုပ်က ရှေးခေတ်ကာလ ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းစာအုပ် တစ်အုပ်ပဲ.. ဒါ့အပြင် ဒီစာအုပ်က ရှေးခေတ်ကာလက အင်မော်တယ်ဧကရာဇ် တစ်ပါးနဲ့ ပတ်သက်နေတဲ့ စာအုပ်ပဲ”

ဆံဖြူအဘိုးအိုက ထိုစကားကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူတော်တော်များများ၏ အကြည့်သည် အဘိုးအို ဆီသို့ ကျရောက်သွားခဲ့သည်။

အားလုံးက အဘိုးအိုကို အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေခဲ့ကြသည်။

“ဒီအဘိုးကြီးက တော်တော်အကြွားထူတာပဲ.. တကယ်လို့ ဒီစာအုပ်သာ ရှေးခေတ်ကာလက ရှေးဟောင်းစာအုပ် ဖြစ်ပြီး အင်‌မော်တယ်ဧကရာဇ်နဲ့ ပတ်သက်နေတယ် ဆိုရင် သူက ဒီလို နေရာမျိုးမှာ လာပြီး ရောင်းချနေပါ့မလား”

“အမှန်ပဲ ငတုံးငအ မှသာ ဒီစာအုပ်က အင်မော်တယ်ဧကရာဇ်နဲ့ ပတ်သက်နေတယ် ဆိုတာကို ယုံလိမ့်မယ်”

“............”

ကျန်းချန်က ပတ်ဝန်းကျင်မှ ဆွေးနွေး ငြင်းခုန်သံများကို လျစ်လျူရှုလိုက်ပြီး ဆံဖြူအဘိုးအိုနှင့် ဆိုင်ခန်းပေါ်မှ ရှေးဟောင်းစာအုပ်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

ဆံဖြူအဘိုးအို၏ စကားက အမှန်တကယ်ပင် ယုံရခက်သော်လည်း ကျန်းချန်ထံတွင် ခံစားချက် တစ်ခု ရှိနေခဲ့၏။

ယင်းမှာ အဘိုးအိုက လိမ်ညာနေခြင်း မဟုတ်ဘဲ ထိုစာအုပ်သည် အင်မော်တယ်ဧကရာဇ်နှင့် အမှန်တကယ် ပတ်သက်နေနိုင်သည် ဟူသော ခံစားချက်ပင် ဖြစ်သည်။

ရှေး‌ခေတ်ကာလကသည် ယနေ့ခေတ်နှင့် နှိုင်းယှဥ်လျှင် အင်မတန်ဝေးကွာလှသော ခေတ်ကာလတစ်ခု ဖြစ်သည်။

ထိုခေတ်ကာလသည် အင်မော်တယ်လောက၏ အထွတ်အထိပ်ကာလဟု ဆို၍ ရပြီး အင်မော်တယ်ဧကရာဇ်များ မရေမတွက်နိုင်အောင် ရှိခဲ့သည်ဟု ဆိုကြသည်။

နောက်ပိုင်းတွင်မူ အင်မော်တယ်လောကတွင် အင်မော်တယ်ကပ်ဘေး တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုကပ်ဘေးကြောင့် အင်မော်တယ်လောကရှိ အင်မော်တယ်ဧကရာဇ် အများအပြား လုံးဝပျောက်ကွယ်သွားခဲ့ရ၏။

ထိုအချိန်မှစ၍ အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ် တစ်ပါးမှ ထပ်မံပေါ်ထွက်မလာတော့ပေ။

အကယ်၍ ဤရှေးဟောင်းစာအုပ်သာ အင်‌မော်တယ်ဧကရာဇ်နှင့် အမှန်တကယ် ပတ်သက်နေသည် ဆိုလျှင် ထိုစာအုပ်သည် သေချာပေါက် တန်ဖိုးဖြတ်၍ မရနိုင်သည့် ရတနာတစ်ပါး ဖြစ်နေပေလိမ့်မည်။

“စီနီယာအင်မော်တယ်ကျောက်တိုင်.. ဒီရှေးဟောင်းစာအုပ်က တကယ်ပဲ အင်‌မော်တယ်ဧကရာဇ်နဲ့ ပတ်သက်နေတာလား”

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို မမေးဘဲ မနေနိုင်တော့ပေ။

ထိုအချိန်က သူသည် အင်မော်တယ်ကျောက်တိုင် ကနေတစ်ဆင့် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ရရှိခဲ့သည်။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ့ကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လက်ဆင့်ကမ်းပေးခဲ့သည့် ဧကရာဇ်ရှချင်းသည် ရှေးခေတ်ကာလက အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်နိုင်ခြေ အလွန်များသည်။

အင်မော်တယ်ကျောက်တိုင်သည် ဓားဧကရာဇ် ရှချင်းနှင့် ပတ်သက်နေသည့် အတွက် ရှေးခေတ်ကာလကဟု ဆို၍ ရပြီး ရှေးဟောင်းစာအုပ်၏ နောက်ခံသမိုင်းကြောင်းကို သိကောင်းသိနိုင်ပေလိမ့်မည်။

“အင်မော်တယ်ဧကရာဇ်နဲ့ ပတ်သက်မှု ရှိ မရှိတော့ ငါမသိဘူး.. ဒါပေမဲ့ ဒီစာအုပ်မှာ ရှေးခေတ်ကာလက အငွေ့အသက်တွေ ရှိနေတာတော့ အမှန်ပဲ.. ဒါက ရှေးခေတ်ကာလက ကျန်ရစ်ခဲ့တဲ့ပစ္စည်းတစ်ခု ဆိုတာတော့ သေချာတယ်”

အင်‌မော်တယ်ကျောက်တိုင်၏ စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

ဤရှေးဟောင်းစာအုပ်က အင်‌မော်တယ်ဧကရာဇ်နှင့် ပတ်သက်နေသည်ဖြစ်စေ၊ မပတ်သတ်သည်ဖြစ်စေ ရှေးခေတ်ကာလက ပစ္စည်းတစ်ခု ဖြစ်နေသရွေ့ ထိုအရာကို လဲလှယ်ယူရန် တန်ဖိုး ရှိ၏။

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တစ်ခါတည်း မေးလိုက်သည်။

“စီနီယာ.. ဒီရှေးဟောင်းစာအုပ်ကို ဘယ်လိုပစ္စည်းနဲ့ လဲလှယ်မှာလဲ”

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှ လူတော်တော်များများ၏ အကြည့်သည် ကျန်းချန် ဆီသို့ ကျရောက်သွားခဲ့သည်။

“ဒီကောင်လေးက ဒီလောက် စုတ်ပြတ်နေတဲ့ စာအုပ်လေးကို တကယ်ကြီး ဝယ်ချင်နေတာလား”

ထိုလူငယ်က ဆံဖြူအဘိုးအို၏ အဓိပ္ပာယ်မရှိသည့် စကားများကို အမှန်တကယ် ယုံကြည်ပြီး ထိုရှေးဟောင်းစာအုပ်ကို လဲလှယ်ရန် ကြံရွယ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ယနေ့ခေတ် အင်မော်တယ်လောကတွင် ရှေးခေတ်ကာလက ပစ္စည်း ဖြစ်နေသရွေ့ ယင်းသည် သာမန်ပစ္စည်း တစ်ခု မဟုတ်သည်မှာ သေချာ၏။

ထျန်းယန်အင်မော်တယ်မြို့တော်၏ ကုန်သွယ်ရေးစျေးလေးတွင် ရှေးခေတ်ကာလက ပစ္စည်းများကို တွေ့နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

အကယ်၍ တွေ့ခဲ့လျှင်ပင် ထိုပစ္စည်းသည် ရှေးခေတ်ကာလက အသုံးမဝင်သည့် ပစ္စည်းများသာ ဖြစ်နိုင်ပေလိမ့်မည်။

အခန်း(၂၇၅၇)ပြီး၏။

အခန်း(၂၇၅၈)

“အင်‌မော်တယ်ကျောက်တုံး တစ်သောင်းပဲ...လုံးဝ ထပ်လျှော့မှာ မဟုတ်ဘူး”

ဆံဖြူအဘိုးအိုက ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ကို လက်ညှိုးတစ်ချောင်းထောင်ပြကာ ပြောလိုက်သည်။

အဘိုးအို၏ တောင်းဆိုမှုကိုကြားလျှင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။

“ဒီအဘိုးကြီးက တကယ်ကို ပြောရဲဆိုရဲ ရပ်ကွက်ကပဲ.. ဒီလောက်စုတ်ပြတ်ပြီး မပြည့်စုံတဲ့ စာအုပ်တစ်အုပ်ကို အင်မော်တယ်ကျောက်တုံး တစ်သောင်းနဲ့ လိမ်ရောင်းဖို့ စိတ်ကူးရဲတယ်”

အင်မော်တယ်ကျောက်တုံး တစ်သောင်း ဆိုသည်မှာ အင်မော်တယ်လောကတွင် နည်းပါးသော ပမာဏ မဟုတ်ပေ။

အဓိက အင်အားစုကြီးများမှ ပါရမီရှင်များက လွဲလျှင် ယေဘုယျအားဖြင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများသာ ထိုကဲ့သို့ ပမာဏမျိုးကို ပိုင်ဆိုင်နိုင်ကြသည်။

ဤကဲ့သို့ များပြားသည့် ပမာဏဖြင့်ဆိုလျှင် ရွှေအင်မော်တယ်အဆင့် အင်မော်တယ်လက်နက် တစ်ခု သို့မဟုတ် ရွှေအင်မော်တယ်အဆင့် ကျင့်စဥ်တစ်ခုကိုပင် ဝယ်ယူနိုင်မည် ဖြစ်သည်။

ထိုပစ္စည်းက အမှန်တကယ် ရှေးခေတ်ကာလက ပစ္စည်းဖြစ်နေခဲ့လျှင်ပင် မည်သို့ အသုံးဝင်မှန်း မသိရသည့် စာအုပ်တစ်အုပ်အတွက် အင်မော်တယ်ကျောက်တုံး တစ်သောင်းကို မည်သူကမျှ အကုန်အကျခံလိမ့်မည် မဟုတ်ပေ။

ကျန်းချန်နှင့် ပိန်ပါးပါးအဘိုးအို၏ အခြေအနေသည် ပတ်ဝန်းကျင်ရှိ လူအများအပြား၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။

ထိုအထဲတွင် ကျောက်စိမ်းယပ်တောင်ကို ကိုင်ဆောင်ထားသည့် ပိုးထည်ဝတ်စုံဝတ် ချောမောသော လူငယ်တစ်ယောက်လည်း ပါဝင်ခဲ့သည်။

ထိုပိုးထည်ဝတ်စုံဝတ် လူငယ်၏ နံဘေးတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက် ရှိနေခဲ့၏။

“သခင်လေးအနေနဲ့ အဲဒီဆံဖြူအဘိုးအို ရောင်းနေတဲ့ ရှေးဟောင်းစာအုပ်ကို ဝယ်သင့်တယ်”

မီးခိုးရောင်ဝတ်စုံဝတ် အစေခံက ဆံဖြူအဘိုးအိုကို ကြည့်လိုက်ပြီးနောက်တွင် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပိုးထည်ဝတ်စုံဝတ်လူငယ်ကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အကြီးအကဲတန်.. အဲဒီအဘိုးကြီး ရောင်းနေတဲ့ ရှေးဟောင်းစာအုပ် အကြောင်းကို ခင်ဗျားသိနေလို့လား”

ပိုးထည်ဝတ်စုံဝတ်လူငယ်က စိတ်လှုပ်ရှားသွားပြီး ယပ်တောင်ကိုပိတ်ကာ သူ၏ နံဘေးမှ အဘိုးအိုကို မေးလိုက်သည်။

သူနံဘေးမှ အဘိုးအို၏ အမြင်အာရုံကို ပိုးထည်ဝတ်စုံဝတ် လူငယ်သည် အတော်လေး ယုံကြည်မှု ရှိသည်။

အကြီးအကဲတန်က ရှေးဟောင်းစာအုပ်ကို ဝယ်သင့်သည်ဟု ယူဆကတည်းကပင် ထိုပစ္စည်းသည် သာမန်ပစ္စည်း မဟုတ်သည်မှာ သေချာနေခဲ့ပြီ ဖြစ်၏။

“ဒီရှေးဟောင်းစာအုပ်က ဘာစာအုပ်လဲ ဆိုတာတော့ ငါမသိဘူး.. ဒါပေမဲ့ အဲဒီအဘိုးကြီးရဲ့အထောက်အထားကိုတော့ ခပ်ရေးရေး ခန့်မှန်းမိတယ်.. သူက လိမ်လည်လှည့်ဖျားမှုတွေ လုပ်မဲ့သူမျိုး မဟုတ်ဘူး”

အကြီးအကဲတန်က လေးနက်စွာ ပြောလိုက်သည်။

“ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီအဘိုးအိုက ရတနာများစွာပိုင်ရှင် အဘိုးအိုသော်ပေါင်ပဲ ဖြစ်လိမ့်မယ်”

“ရတနာများစွာပိုင်ရှင် အဘိုးအိုသော်ပေါင်လား”

ပိုးထည်ဝတ်စုံဝတ် လူငယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အဘိုးအိုသော်ပေါင်သည် အင်မော်တယ်လောက၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

တလော့အဆင့် အင်အားစုများပင်လျှင် အဘိုးအိုသော်ပေါင်ကို မသိသည့်သူ မရှိပေ။

အဘိုးအိုသော်ပေါင်၏ ဇာစ်မြစ်က အလွန်တရာပင် နက်နဲပြီး စွမ်းအားကလည်း မှန်းဆ၍ မရပေ။

အင်မော်တယ်လောက တစ်ခုလုံးတွင် အဘိုးအိုသော်ပေါင်၏ ဇာစ်မြစ်နှင့် ကျင့်ကြံခြင်းအဆင့်ကို သိရှိသည့်လူ အလွန်တရာပင် နည်းပါး၏။

အင်မော်တယ်နယ်မြေ တစ်ခုလုံးကို အုပ်ချုပ်နေသည့် အင်မော်တယ်ဘုရင်များသည်ပင် အဘိုးအိုသော်ပေါင်ကို အလေးအနက်ထား ဆက်ဆံကြသည်။

အဘိုးအိုသော်ပေါင်သည် အလွန်တရာ အစွမ်းထက်ရုံတင်မကဘဲ သူ၏ နာမည်အတိုင်းပင် မရေမတွက်နိုင်သော အနှိုင်းမဲ့ အင်မော်တယ် ရတနာများကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

သူက အင်မော်တယ်လောကတွင် နေရာအနှံ့ လှည့်လည်သွားလာရင်း ရေစက်ရှိသူများကို နည်းလမ်းအမျိုးမျိုးဖြင့် ရတနာများ ပေးကမ်းလေ့ ရှိသည်။

သူ့ရှေ့မှ အဘိုးအိုက ရတနာများပိုင်ရှင် အဘိုးအိုသော်ပေါင် အမှန်တကယ် ဖြစ်နေခဲ့လျှင် ဤရှေးဟောင်းစာအုပ်ကို သူမဖြစ်မနေ ယူရလိမ့်မည် ဖြစ်သည်။

“ဒီရှေးဟောင်းစာအုပ်ကို ကျွန်တော်ဝယ်ပါ့မယ်”

ဤစာအုပ်က အမှန်တကယ်ပင် ရှေးခေတ်ကာလက စာအုပ်မှန်း သိလိုက်ရပြီးသည့်နောက်တွင် ကျန်းချန်သည် အချိန်မဖြုန်းတော့ပေ။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး အမည်မဲ့အင်မော်တယ် နန်းတော်ကနေ ရရှိထားသည့် အင်မော်တယ်ကျောက်တုံး တစ်သောင်းကို ထုတ်ယူကာ ဆံဖြူအဘိုးအိုကို ပေးလိုက်သည်။

“လခွမ်း ဒီကောင်လေးက တကယ်ကြီး ဝယ်လိုက်ပြီဟ"

"ဒီစာအုပ်အစုတ်ကို အင်မော်တယ်ကျောက်တုံး တစ်သောင်းနဲ့ ဝယ်လိုက်တယ်လား.. ဒီကောင်က အင်အားစုကြီးက ဖြစ်နေလို့ ပိုက်ဆံတွေ ပေါနေရင်တောင် ဒီလိုမျိုးတော့ မဖြုန်းသင့်ဘူး"

"အဘိုးကြီးကတော့ ဒီကောင့်ကို အချဥ်ဖမ်းပြီး အတော်လေး မြတ်သွားခဲ့ပြီ”

“...........”

ဆွေးနွေးငြင်းခုန်သံ အများအပြား ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းပိုင်ရှင် တော်တော်များများ၏ မျက်ဝန်းထဲတွင် ဆံဖြူအဘိုးအိုကို မနာလိုအားကျသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့ကြသည်။

ထိုအဘိုးအိုသည် စာအုပ်အစုတ် တစ်အုပ်ကိုပင် အင်မော်တယ်ကျောက်တုံး တစ်သောင်း ဟူသော မိုးလောက်ထိ မြင့်မားသော စျေးနှုန်းဖြင့် ရောင်းလိုက်နိုင်သည် မဟုတ်ပါလော။

“ဒီအဘိုးကြီးက တော်တော် ကံကောင်းလွန်းတာပဲ”

“ကောင်လေး သတ္တိရှိသားပဲ.. ငါက ဒါမျိုးမှ သဘောကျတယ်”

ထိုစကားကိုပြောရင်း ဆံဖြူအဘိုးအိုက လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းစာအုပ်သည် ဆိုင်ခန်းပေါ်ကနေ ကျန်းချန်၏ လက်ထဲသို့ ပျံသန်းကာ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်မှာပင် ကျန်းချန်၏ အနောက်ဘက်ကနေ စကားသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“နေပါဦး စီနီယာ.. ကျွန်တော် ဒီရှေးဟောင်းစာအုပ်ကို အင်မော်တယ်ကျောက်တုံး နှစ်သောင်းနဲ့ ဝယ်ချင်ပါတယ်.. စီနီယာ ကျွန်တော့်ကို ရောင်းပေးနိုင်မလား”

ဒုတိယ ထွက်ပေါ်လာသော စကားသံကြောင့် ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့၏။

သူက နောက်ကို လှည့်ကြည့်လိုက်ရာ ကျောက်စိမ်းယပ်တောင်ကို ကိုင်ဆောင်ထားသည့် ပိုးထည်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးနှင့် အတူ သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ပိုးထည်ဝတ်စုံဝတ် လူငယ်သည် သာမန် ကျင့်ကြံသူ မဟုတ်ဘဲ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုလူငယ်၏ ပါရမီသည် အမည်မဲ့အင်မော်တယ် နန်းတော်မှ တလော့အဆင့် ပါရမီရှင်များထက်ပင် ပိုမို၍ သာလွန်နေခဲ့၏။

ရှေးဟောင်စာအုပ် လုဝယ်မည့်သူ တစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ရုတ်တရက် မှင်တက်သွားကြသည်။

ကျန်းချန်က အင်မော်တယ်ကျောက်တုံး တစ်သောင်းဖြင့် ရှေးဟောင်းစာအုပ်ကို ဝယ်ယူသည်ကပင် အတော်လေး အဓိပ္ပာယ် မရှိသည့်ကိစ္စ ဖြစ်နေခဲ့ချေပြီ။

ယခု မမျှော်လင့်ဘဲ ပိုးထည်ဝတ်စုံဝတ် လူငယ်တစ်ယောက်က ထပ်မံ၍ ပေါ်လာခဲ့ပြီး စျေးကို နှစ်ဆ မြှင့်တင်ကာ အင်မော်တယ်ကျောက်တုံး နှစ်သောင်းဖြင့် ဝယ်ယူချင်နေခဲ့သည်။

“ဒါက ဘယ်လို အခြေအနေကြီးလဲဟ”

“ယွီမိသားစုက သခင်လေး ယွီရီရှန်းပါလား.. သူက တကယ်ပဲ ဒီရှေးဟောင်းစာအုပ်ကို ဝယ်ချင်နေတယ်တဲ့လား”

ပိုးထည်ဝတ်စုံဝတ် လူငယ်၏ အထောက်အထားကို မှတ်မိသူတစ်ဦးက ရုတ်တရက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

“ဒီပိုးထည်ဝတ်စုံဝတ် လူငယ်က ယွီမိသားစုက သခင်လေး ယွီရီရှန်းလား”

ပိုးထည်ဝတ်စုံဝတ် လူငယ်၏ အထောက်အထားကို သိလိုက်ရလျှင် လူတိုင်းက အံ့အားသင့်သွားခဲ့ကြသည်။

ယွီမိသားစု၏ သခင်လေး ယွီရီရှန်းသည် ယွီလော့အင်မော်တယ်မြို့တော်မှ တလော့မျိုးနွယ်စု ဖြစ်သည့် ယွီမိသားစု၏ ပါရမီရှင် ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ထိပ်တန်းအဆင့်တွင်ရှိသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

တလော့မိသားစုမှ လူငယ်ပါရမီရှင်က ဤရှေးဟောင်းစာအုပ် အတွက် ပြိုင်ဆိုင်ချင်နေခဲ့ပြီး စျေးကို နှစ်ဆ ပေးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ကျန်းချန်၏ လက်ထဲမှ စုတ်ပြတ်နေသော ရှေးဟောင်းစာအုပ်ကို ငေးကြည့်မိလိုက်ကြ၏။

ထိုစာအုပ်သည် အမှန်တကယ်ပင် အဖိုးတန်စာအုပ်များ ဖြစ်နေပါသလော။

ဆံဖြူအဘိုးအိုက ယွီရီရှန်းကို ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လက်ညှိုးထိုးပြကာ အေးစက်စက် ပြောလိုက်သည်။

“ငါ ပစ္စည်းရောင်းရင် ငါနဲ့ ရေစက်ပါ မပါကိုဘဲ ကြည့်တယ်.. ဒီ‌ရှေးဟောင်းစာအုပ်ကို ငါ ဒီမိတ်ဆွေလေးဆီ ရောင်းချပြီးပြီ.. အခု သူက ဒီရှေးဟောင်းစာအုပ်ရဲ့ ပိုင်ရှင်ပဲ”

ထိုစကားကိုကြားလျှင် လူတိုင်းသည် မှင်တက်သွားခဲ့ကြသည်။

ယွီရီရှန်းလို တလော့မိသားစု၏ ပါရမီရှင်က အင်မော်တယ်ကျောက်တုံးနှစ်သောင်း ပေးနေသည့်တိုင် ထိုအဘိုးအိုသည် မရောင်းခဲ့ပေ။

ထိုအစား နာမည်မရှိသည့် အညတရကောင်လေး တစ်ယောက်ကို အင်မော်တယ်ကျောက်တုံး တစ်သောင်းဖြင့် ရောင်းချရန် ဆန္ဒ ရှိနေခဲ့၏။

ထိုအဘိုးအိုသည် ဆန်းကြယ်သော ပစ္စည်းများကို ရောင်းချရုံတင်မက စိတ်နေစိတ်ထားကလည်း သာမန်ထက် ထူးခြားနေခဲ့၏။

ဆံဖြူအဘိုးအို၏ စကားကိုကြားလျှင် ယွီရီရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အကယ်၍ သူသာ သာမန်လူများနှင့် ရင်ဆိုင်နေရသည် ဆိုလျှင် သူ၏ အဆင့်အတန်းသည် အတိုင်းအတာ တစ်ခုအထိ အသုံးဝင်မည် ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့တွင် ရှိနေသူမှာ ရတနာများပိုင်ရှင် အဘိုးအိုသော်ပေါင် ဖြစ်နေခဲ့သည်။

သူက တလော့အဆင့် မိသားစုဝင် ဖြစ်နေစေကာမူ ထိုအဘိုးအိုက သူ့ကို မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။

ဆိုရလျှင် အဘိုးအိုသော်ပေါင် အနေဖြင့် စကားကို ပြန်လည် ရုတ်သိမ်းရန်မှာ မဖြစ်နိုင်ပေ။

အကယ်၍ သူသာ ရှေးဟောင်းစာအုပ်ကို ရယူချင်သည်ဆိုလျှင် သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ဆီကနေ ဝယ်ယူရန် နည်းလမ်းသာ ရှိတော့သည်။

“ဒီကမိတ်ဆွေ ငါက ယွီလော့အင်မော်တယ်မြို့တော်က ယွီမိသားစုရဲ့သခင်လေး ယွီရီရှန်းပါ.. ဒီရှေးဟောင်းစာအုပ်ကို အင်မော်တယ်ကျောက်တုံး နှစ်သောင်းနဲ့ ဝယ်ယူဖို့ ဆန္ဒရှိပါတယ်.. ဒီရှေးဟောင်းစာအုပ်ကို မိတ်ဖြစ်ဆွေဖြစ် အနေနဲ့ ငါ့ကို ရောင်းချပေးလို့ရမလား”

ယွီရီရှန်းက ကျန်းချန်ကို ယဥ်ကျေးစွာ ဂါဝရပြု၍ ပြောလိုက်သည်။

ယွီရီရှန်း၏ စကားကို ကြားလျှင် လူတိုင်းသည် ကျန်းချန်ကို မနာလိုသော အမူအရာများဖြင့် ကြည့်နေကြ၏။

အင်မော်တယ်ကျောက်တုံး တစ်သောင်းဖြင့် ဝယ်ယူထားသည့် ရှေး‌ဟောင်းစာအုပ်ကို ရောင်းချလိုက်ရုံဖြင့် အသားတင် အင်မော်တယ်ကျောက်တုံး တစ်သောင်း မြတ်မည့်အပြင် ယွီရီရှန်း၏ ကျေးဇူးတင်ခြင်းကိုပါ ခံရလိမ့်မည် ဖြစ်သည်။

“ဒီကောင်လေးရဲ့ကံတရားက ကောင်းကင်ကိုတောင် ဆန့်ကျင်နေပါလား”

အခန်း(၂၇၅၈)ပြီး၏။

All Chapters