← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း ၄၇ - ဒီခန္ဓာကိုယ်တစ်ခုပဲ ရှိပါတော့တယ်

လင်းရှို့ရှို့တစ်ယောက် သမီးလေးကို ရင်ခွင်ပိုက်ပြီး မြစ်ထဲခုန်ချကာ အဆုံးစီရင်ဖို့ ကြိုးစားခဲ့သော်လည်း ချန်ရှင်းက အချိန်မီ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ မိသားစုလျှို့ဝှက်ဆေးနည်းကို အသုံးပြု၍ သေမင်းနှုတ်ခမ်းဝသို့ ရောက်နေသည့် မြောင်မြောင်လေးကိုပါ အသက်ပြန်သွင်းပေးခဲ့သည်ဟူသော သတင်းက ချင်ရွှေရွာတစ်ခုလုံးတွင် တောမီးပမာ ညတွင်းချင်း ပျံ့နှံ့သွားတော့သည်။

နောက်တစ်နေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာတော့ ရွာသူရွာသားများ၏ ချန်ရှင်းအပေါ် ကြည့်မြင်ပုံများမှာ လုံးဝကို ပြောင်းလဲသွားခဲ့ချေပြီ။

ယခင်က တောဝက်များကို အမဲလိုက်ခြင်းနှင့် ကျားကြီးကို သတ်ဖြတ်ခြင်းတို့က သူတို့ရင်ထဲတွင် ချန်ရှင်းအား ချဉ်းကပ်ရန်ခက်ခဲသော အမဲလိုက်နတ်ဘုရားတစ်ပါးအဖြစ် ကြောက်ရွံ့လေးစားမှုကို ဖြစ်ပေါ်စေခဲ့၏။

ထို့နောက် ထူးခြားဆန်းပြားသော အိမ်ပုံစံများနှင့် မှော်ဆန်သည့် ကိရိယာများကို ထုတ်ပြခဲ့စဉ်က ချန်ရှင်းကို တကယ့် ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

ယခုအခါမှာတော့ ချန်ရှင်းကို ကြည့်နေသည့် သူတို့၏ မျက်ဝန်းများထဲတွင် ခံစားချက်တစ်ခုသာ ကျန်ရှိတော့သည်။ ထိုခံစားချက်မှာ ယုံကြည်ကိုးကွယ်မှုများဖြင့် မော့ကြည့်မိခြင်းပင် ဖြစ်တော့သည်။

"အမလေး... ကြားပြီးကြပြီလား၊ ချန်ရှင်းက လင်းရှို့ရှို့ရဲ့ သေခါနီးသမီးလေးကို အသက်ပြန်သွင်းလိုက်တာတဲ့တော်"

"ကယ်ရုံတင် ဘယ်ကမလဲ၊ ဒီမနက် လင်းရှို့ရှို့နဲ့တွေ့တော့ မြောင်မြောင်လေးကို ချီထားတာ မြင်လိုက်ရသေးတယ်။ ကလေးက လန်းလန်းဆန်းဆန်းနဲ့ ငါ့ကိုတောင် ရယ်ပြလိုက်သေးတာ။ မနေ့က သေတော့မယ်လို့ ဘယ်သူထင်မှာလဲ"

"တကယ်လားဟင်၊ ရွာထဲက ဆေးမြီးတိုဆရာကတောင် နာရေးအတွက် ပြင်ထားတော့လို့ ပြောလိုက်တာလေ"

"တကယ်ပေါ့ဟ၊ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပဲကို။ မြို့ပေါ်က ဆေးရုံတွေထက်တောင် အစွမ်းထက်နေသေးတယ်"

ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ရွာသားများမှာ အုပ်စုဖွဲ့ တီးတိုးပြောဆိုနေကြပြီး လူတိုင်း၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများက အထင်းသား ပေါ်လွင်နေသည်။

သူတို့ ပြောဆိုနေကြသော ချန်ရှင်းမှာ လူသားတစ်ဦးထက် နတ်ဘုရားတစ်ပါးအလား လုံးဝကို အသွင်ပြောင်းသွားခဲ့ချေပြီ။

အမဲလိုက်နတ်ဘုရား၊ ဗိသုကာပညာရှင်၊ ယခုအခါတွင်မူ သေလူကိုရှင်စေနိုင်သည့် ဆေးဆရာကြီး…။

ဤအခိုက်အတန့်တွင် ရွာသူကြီး ချန်ကွမ်လင်မှ အစ သုံးနှစ်သားကလေး အဆုံး၊ ချင်ရွှေတစ်ရွာလုံး ချန်ရှင်းအပေါ် ထားရှိသော ကြောက်ရွံ့ရိုသေမှုနှင့် ကြည်ညိုကိုးကွယ်မှုတို့မှာ မကြုံစဖူးသော အထွတ်အထိပ်သို့ ရောက်ရှိနေလေတော့သည်။

...

ညသန်းခေါင်ယံ….

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ ယာယီတဲလေးအတွင်း၌ ရေနံဆီမီးခွက်၏ အလင်းဖျော့ဖျော့က အာရုံစိုက်နေသော ချန်ရှင်း၏ ဘေးတိုက်မျက်နှာပုံရိပ်ကို ထင်ဟပ်နေသည်။

စားပွဲပေါ်မှာတော့ လူတိုင်းက အံ့ဖွယ်အရာဟု သတ်မှတ်ထားကြသော အိမ်ပုံစံဒီဇိုင်းများကို ဖြန့်ခင်းထားသည်။ သူက ဘေးနားရှိ စက္ကူစုတ်တစ်ချက်ပေါ်တွင် အုတ်နီခဲ၊ ကျောက်တုံးနှင့် သစ်သားပမာဏများကို တွက်ချက်ရင်း ငွေကြေးကို အထိရောက်ဆုံး မည်သို့သုံးစွဲရမည်ကို တွေးတောကာ အလုပ်ရှုပ်နေလေသည်။

သူ အကြံထုတ်နေစဉ်မှာပင် အပြင်ဘက်မှ အလွန်တိုးညင်းသော ခြေသံလေးတစ်ချက်ကို ကြားလိုက်ရသည်။ ထိုအသံမှာ ညလေပြည်သံများကြားတွင် နစ်မြုပ်လုနီးပါး ဖြစ်နေသော်လည်း တံခါးဝအရောက်မှာတော့ ရပ်တန့်သွားလေသည်။

ခဏအကြာတွင် တစ်ဖက်လူကို နှောင့်ယှက်မိမှာ စိုးရိမ်သည့်အလား တံခါးကို ခပ်ဖွဖွလေး လာခေါက်နေသံ ကြားလိုက်ရ၏။

ချန်ရှင်း မျက်ခုံးပင့်လိုက်ပြီး လက်ထဲမှ ဘောပင်ကို ချလိုက်သည်။

*ဒီအချိန်ကြီး ဘယ်သူပါလိမ့်*

သူ ထရပ်ကာ သစ်သားတံခါးကို ဖွင့်လိုက်သည်။

တံခါးအပြင်ဘက်တွင် ရပ်နေသည်မှာ လင်းရှို့ရှို့ပင်။

သူမက ရေချိုးသန့်စင်ထားပြီး သူမမှာ ရှိသမျှ အသန့်ရှင်းဆုံးဖြစ်မည့် အဝတ်ဟောင်းလေးကို လဲလှယ်ဝတ်ဆင်ထားပုံရသည်။ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အရောင်လွင့်လွင့် အဝတ်များက သူမ၏ လောကဓံအကြောင်း ပြောပြနေသော်လည်း ဖုံးကွယ်မရနိုင်သော သွယ်လျလျ ကိုယ်လုံးကိုယ်ပေါက်ကိုတော့ ပေါ်လွင်စေလေသည်။

သူမ၏ ဆံပင်စိုစိုလေးများက ပခုံးပေါ်တွင် ဝဲကျနေပြီး ဆံနွယ်ဖျားများမှ ကျလာသော ရေစက်လေးများက နုနယ်သော ပါးပြင်နှင့် လည်တိုင်သွယ်သွယ်လေးတစ်လျှောက် စီးကျနေသည်။

မှိန်ဖျော့သော မီးရောင်အောက်တွင် သူမ၏မျက်နှာလေးက ကြည်လင်ဝင်းပနေသော်လည်း မျက်ဝန်းများထဲမှာတော့ အဆုံးစမဲ့ စိုးရိမ်တုန်လှုပ်မှု၊ ရှက်ရွံ့မှုနှင့် ပြတ်သားသော ဆုံးဖြတ်ချက်တို့ ရောယှက်နေလေသည်။

ချန်ရှင်း တံခါးဖွင့်လိုက်သည့် ခဏမှာပင် သူမက အင်္ကျီအနားစကို တင်းတင်းဆုပ်ကိုင်ထားရာ လက်ဆစ်လေးများပင် ဖြူလျော့နေတော့သည်။

"အစ်ကိုချန်..."

သူမ၏အသံက တိုးလွန်းလှသဖြင့် မကြားတကြားပင် ဖြစ်နေသည်။

သူမ ပုံစံကို ကြည့်ပြီး ချန်ရှင်းက ဘာဖြစ်နိုင်မည်ကို ခန့်မှန်းမိလိုက်သဖြင့် ဘေးသို့ဖယ်ကာ အထဲသို့ ဝင်ခိုင်းလိုက်သည်။

လင်းရှို့ရှို့သည် ခေါင်းငုံ့လျက်သားဖြင့် အိမ်ထဲသို့ ဝင်လာခဲ့၏။

ချန်ရှင်း တံခါးကို ပြန်ပိတ်လိုက်ပြီး စကားတစ်ခွန်း မပြောရသေးခင်မှာပင်...

လင်းရှို့ရှို့၏ ဒူးနှစ်ဖက်က ခွေကျသွားပြီး စကားတစ်ခွန်းမှ မဆိုအားဘဲ သူ့ရှေ့တွင် လေးလံစွာ ဒူးထောက်ချလိုက်သည်။ သူမ၏ နဖူးလေးက အေးစက်စက် မြေကြီးနှင့် ထိကပ်သွားတော့သည်။

"အစ်ကိုချန်..."

သူမက ရှိုက်ငိုသံများနှင့်အတူ တဆတ်ဆတ် တုန်ယင်နေသည်။

"ကျွန်မ... ကျွန်မက အသုံးမကျတဲ့ လူတစ်ယောက်ပါ။ အစ်ကိုက မြောင်မြောင်လေးကို ကယ်ပေးခဲ့တာဟာ ကျွန်မတို့ သားအမိနှစ်ယောက်စလုံးရဲ့ အသက်ကို ကယ်ခဲ့တာနဲ့ အတူတူပါပဲ။ ဒီကျေးဇူးကို ကျွန်မ တစ်သက်လုံး ဆပ်လို့ကုန်မှာ မဟုတ်ပါဘူး"

မီးအိမ်ရောင်အောက်တွင် ခေါင်းမော့လာသော သူမ၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံနေပြီး ကျိုးပဲ့နေသော အလင်းစများအလား တဖျပ်ဖျပ် တောက်ပနေလေသည်။

"ကျွန်မမှာ ဘာမှမရှိပါဘူး။ ဒီ... ဒီခန္ဓာကိုယ်လေးတစ်ခုပဲ စင်ကြယ်ပါသေးတယ်။ ကျေးဇူးပြုပြီး... ကျွန်မကို မရွံလိုက်ပါနဲ့နော်"

ချန်ရှင်းတစ်ယောက် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး သူမကို ထူမရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

"ဘာလုပ်တာလဲ... ထစမ်းပါ"

သူ့လေသံက တည်ငြိမ်သော်လည်း အနည်းငယ် ပြတ်သားသွား၏။

ငါ မြောင်မြောင်ကို ကယ်ခဲ့တာက ဒါမျိုး လိုချင်လို့ မဟုတ်ဘူး"

သူ့လက်က သူမ လက်မောင်းကို ထိလိုက်သည့် ခဏမှာပင် လင်းရှို့ရှို့၏ ကိုယ်လေး တုန်ခါသွား၏။ ချန်ရှင်းက သူမကို မတ်တတ်ရပ်နိုင်အောင် ထူမပေးခဲ့သော်လည်း သူမကတော့ သူ့စကားကို လွဲမှားစွာ နားလည်သွားခဲ့ချေပြီ။

*သူ... သူက တကယ်ပဲ ငါ့ကို ရွံရှာနေတာပဲ။ ဟုတ်တာပေါ့…၊ ငါက ကလေးတစ်ဖက်နဲ့ မုဆိုးမတစ်ယောက်ပဲ၊ ငါ့ခန္ဓာကိုယ်ကလည်း မစင်ကြယ်တော့ဘူးလေ။ အစ်ကိုချန်လို ဖြောင့်မတ်တည်ကြည်တဲ့ ယောက်ျားတစ်ယောက်က ငါလို ကြွေလွင့်နေတဲ့ ပန်းတစ်ပွင့်ကို ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ။*

ဤအတွေးကပင် ခက်ခက်ခဲခဲ စုစည်းခဲ့ရသော သူမ၏ သတ္တိများကို တစ်ခဏချင်းမှာ ရိုက်ချိုးလိုက်တော့သည်။ ထိန်းမထားနိုင်သော မျက်ရည်များမှာ ရေကာတာကျိုးကျသလိုမျိုး ပါးပြင်ပေါ်သို့ ဒလဟော စီးကျလာလေတော့သည်။

သူမ၏ ကိုယ်လေးက သစ်ရွက်လေးတစ်ရွက်လို တုန်ယင်နေပြီး လုံးဝကို စိတ်ဓာတ်ပြိုလဲသွားရှာသည်။ ရှိုက်ငိုသံများကြောင့် စကားတစ်ခွန်းကိုပင် ပြည့်စုံအောင် မပြောနိုင်တော့ပေ။

"ဒါက... ဒါက ကျွန်မရဲ့ ခန္ဓာကိုယ်က ညစ်ပတ်နေတယ်လို့ ထင်လို့လားဟင်၊ ကျွန်မက မစင်ကြယ်ဘူးလို့ အစ်ကို ထင်နေတာလား"

သူမက မျှော်လင့်ချက်ကင်းမဲ့စွာ ငိုကြွေးနေတော့သည်။ သူမ၏ အသံထဲမှ မိမိကိုယ်ကိုယ် နှိမ့်ချမှုနှင့် ရှက်ရွံ့အားငယ်မှုတို့က ကြားရသူအဖို့ ရင်နင့်စရာပင်။

သူမ ပုံစံကို ကြည့်ရင်း ချန်ရှင်း စိတ်ထဲရှိ မကျေနပ်မှုများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ကူကယ်ရာမဲ့ သက်ပြင်းချမိရုံသာ တတ်နိုင်တော့သည်။

ဤခေတ်ကာလမှ အမျိုးသမီးများ၏ အတွေးအခေါ်ပင်…။

သူက သမီးဖြစ်သူကို ကယ်တင်ခဲ့သဖြင့် ကျေးဇူးတရားက အလွန်ပင် ကြီးမားလှရာ သူမမှာ ရှိသမျှ အဖိုးတန်ဆုံးအရာဖြင့် ကျေးဇူးဆပ်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိဟု သူမ တွေးနေခြင်း ဖြစ်သည်။

သူမ အတွေးထဲမှာတော့ သူ ငြင်းပယ်လိုက်ခြင်းက သူမ၏ အဖိုးတန်ဆုံးအရာအပေါ် ရွံရှာစက်ဆုပ်ခြင်းဟုသာ မြင်နေတော့သည်။

“မဟုတ်ပါဘူး”

သူ့လေသံက သိသိသာသာ နူးညံ့သွားသည်။

သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးလိုသဖြင့် သူ့လက်ကို မြှောက်လိုက်၏။ သို့သော် သူ၏ ညင်သာသော အမူအရာက လင်းရှို့ရှို့ကို တစ်ကြိမ်ထပ်၍ အထင်လွဲသွားစေပြန်သည်။

သူ့လက်က သူမ ပါးပြင်သို့ မထိခင်မှာပင် လင်းရှို့ရှို့ တုန်လှုပ်သွားခဲ့သည်။ သူ... သူက လက်ခံလိုက်ပြီဟု သူမ ထင်မှတ်လိုက်ခြင်းပင်။

သူမ မျက်လုံးများကို တင်းတင်းပိတ်လိုက်၏။ မျက်နှာတွင် အလွန်အမင်း ရှက်ရွံ့မှုများ ထင်ဟပ်နေသော်လည်း သူမ၏ လှုပ်ရှားမှုများတွင်မူ စတေးလိုစိတ် အပြည့်ရှိသော သတ္တိမျိုးဖြင့် သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်တော့သည်။

ကင်ပွန်းသီးရနံ့နှင့် အမျိုးသမီးတစ်ယောက်၏ သဘာဝကိုယ်သင်းနံ့လေး သင်းပျံ့နေသော နုနယ်သည့် ခန္ဓာကိုယ်လေးက ချန်ရှင်း၏ ရင်ခွင်ထဲသို့ အရှိန်ဖြင့် တိုးဝင်လာခဲ့လေသည်။

ချန်ရှင်း၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွား၏။

လင်းရှို့ရှို့က ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တုန်ယင်နေသော လက်ကလေးများဖြင့် သူမအင်္ကျီ၏ တစ်လုံးတည်းသော ကြယ်သီးကို စတင် ဖြုတ်နေတော့သည်။ ထိုလှုပ်ရှားမှုမှာ ကယောင်ကတမ်း ဖြစ်နေသော်လည်း ပြတ်သားလွန်းလှသည်။

ချန်ရှင်း သတိပြန်ဝင်လာပြီး သူမ၏ အေးစက်စက် လက်ကလေးကို လှမ်းဖမ်းကာ သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်စေလိုက်သည်။ သူ့အသံမှာ အနည်းငယ် အက်ရှကာ နိမ့်ဝင်သွား၏။

“ဒီလို မလုပ်ပါနဲ့”

ထိုစကားလုံးများက သူမ၏ ခေါင်းပေါ်သို့ ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ပင်။ လင်းရှို့ရှို့ လုံးဝကို ဆွံ့အသွားတော့သည်။ အင်္ကျီကို ဆုပ်ကိုင်ထားသော သူမ၏လက်ကလေးများ လေထဲတွင် တန့်သွားပြီး ဇဝေဇဝါဖြစ်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

*သူ... အခုထိ ငြင်းဆန်နေတုန်းပါလား။ သူမကို ထိတောင် မထိချင်ဘူးတဲ့လား။*

အကြီးအကျယ် အရှက်ရမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများက သူမကို တစ်ခဏချင်း ဝါးမျိုသွားတော့သည်။ သူမက မုဆိုးမဖြစ်နေလို့၊ ကလေးတစ်ယောက် ရှိနေလို့၊ ချန်ရှင်းက သူမကို ရွံရှာနေသည်ဟုသာ သူမ ခံစားနေရသည်။ သူမထံမှ အောင့်အီးထားသော ငိုသံတစ်ချက် ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ချန်ရှင်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမ၏ ပျော့ခွေနေသော ကိုယ်လေးကို ရင်ခွင်ထဲသို့ လှမ်းဆွဲသွင်းလိုက်သည်။

*ထားလိုက်ပါတော့လေ... ငိုပါစေ…*

ချန်ရှင်းက သူမကို ထပ်ပြီး တွန်းမထုတ်တော့ဘဲ သူ၏ ရင်ခွင်ကျယ်ကြီးထဲ မှီထားစေလိုက်သည်။ သူမ၏ နာကျည်းမှု၊ ရှက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှု အားလုံးကို မျက်ရည်များအဖြစ် ပြောင်းလဲကာ အားရပါးရ ပေါက်ကွဲထွက်စေလိုက်တော့သည်။

အခန်း (၄၈) - နတ်ဘုရားတွေထက် ချစ်သူစုံတွဲတွေကိုပဲ အားကျမိတယ်

လင်းရှို့ရှို့ခမျာ ချန်ရှင်း ရင်ခွင်ထဲ ရောက်ရှိနေပြီ၊ သူမ၏ နှာခေါင်းထဲတွင် ချွေးနံ့တသင်းသင်းနှင့် ယောက်ျားဆန်ဆန် ပြင်းရှရှ ရနံ့တို့က ပြည့်နှံနေသည်။

ထိုရနံ့က ပြင်းရှလွန်းလှသော်လည်း သူမကို အရင်က တစ်ခါမှ မခံစားဖူးသည့် လုံခြုံနွေးထွေးမှုမျိုးကို ပေးစွမ်းနေ၏။

သူမ အတားအဆီးမဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေသော်လည်း ချန်ရှင်းနှင့် ပူးကပ်နေရင်း သူမ၏ ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်း နူးညံ့ပျော့ပျောင်းလာပြီး အပူရှိန်တစ်ခုက ခန္ဓာကိုယ်ထဲမှ ဆောင့်တက်လာတော့သည်။

ကျေးဇူးဆပ်ချင်သည့် အတွေးက ပျောက်ကွယ်သွားခြင်း မရှိဘဲ ပို၍ပင် ခေါင်းမာစွာဖြင့် ပြတ်ပြတ်သားသား ဖြစ်လာလေသည်။

တဖြည်းဖြည်းနှင့် သူမ၏ ငိုသံလေး တိတ်သွားသည်။

မျက်ရည် ပေကျံကျံ မျက်နှာလေးဖြင့် သူမ မော့ကြည့်လိုက်သည်။ ထိတ်လန့်နေသည့် သမင်ပေါက်လေးတစ်ကောင်လို သူမ မျက်ဝန်းများက မျက်ရည်များဖြင့် ပြည့်လျှံနေကာ တောင်းပန်တိုးလျှိုးနေသည့် အကြည့်မျိုးဖြင့် မော့ကြည့်လာ၏။

ချန်ရှင်း ခေါင်းငုံ့ကာ သူမ၏ အကြည့်များနှင့် ဆုံလိုက်ချိန် တခဏအတွင်း အသက်ရှူသံများပင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

သူ ကြက်သေသေသွားသည့် ထိုအချိန်လေးမှာပင် လင်းရှို့ရှို့၏ တုန်ယင်နေသော လက်ကလေးများက မဝံ့မရဲနှင့်ပင် ချန်ရှင်း၏ ခါးဆီသို့ တဖြည်းဖြည်း တိုးကပ်သွားတော့သည်...။

ချန်ရှင်း၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွား၏။

သူ့အသက်ရှူသံများက လည်ချောင်းထဲမှာ တစ်ဆို့သွားသလိုပင်။

ဤတစ်ကြိမ်တော့ သူမကို သူ တွန်းမထုတ်ပစ်ခဲ့ပေ။

သူ ငြိမ်နေခြင်းက ခွင့်ပြုလိုက်သည်ဟု လင်းရှို့ရှို့ နားလည်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်ရည်လဲ့လဲ့ မျက်ဝန်းလေးများက ဘေးအန္တရာယ်ကြီးတစ်ခုမှ လွတ်မြောက်လာသည့်အလား ချက်ချင်းပင် တောက်ပသွားတော့သည်။

သူမ ပိုပြီး ရဲတင်းလာသည်။

သူ့ရင်ခွင်ထဲမှနေ၍ တဖြည်းဖြည်း ရုန်းထွက်လိုက်ပြီး နောက်တစ်ကြိမ် ဒူးထောက်ထိုင်ချလိုက်ပြန်သည်။

သူမ၏ လှုပ်ရှားမှုများက ကို့ရိုးကားယားနိုင်နေသော်လည်း ချန်ရှင်းအပေါ် အရာအားလုံးကို ပုံအောထားသည့်အလား စတင် ပြုစုပေးလေတော့သည်။

ချန်ရှင်း တံတွေးတစ်ချက် ကြိတ်မှိတ်မျိုချလိုက်၏။

အရှေ့တွင် ဒူးထောက်နေသော ထိုမိန်းမငယ်လေးကို သူ စိုက်ကြည့်နေမိသည်။ နက်မှောင်နေသော ဆံကေသာ၊ စိုးရိမ်ထိတ်လန့်မှုကြောင့် အနည်းငယ် တုန်ယင်နေသော သွယ်လျလျ ပခုံးကျစ်ကျစ်လေးများ...။

ချန်ရှင်း အကြည့်များက တဖြည်းဖြည်း နက်ရှိုင်းလာတော့သည်။

သူက လက်ဆန့်ထုတ်လိုက်ပြီး သူမ၏ ခေါင်းလေးပေါ် တင်လိုက်၏။

ထိုအချိန်မှာပင် စနစ်၏ အသိပေးသံက သူ၏ စိတ်ထဲတွင် အေးစက်စွာ ထွက်ပေါ်လာလေသည်။

[ပစ်မှတ်ကို ရှာဖွေတွေ့ရှိပါသည်။ လင်းရှို့ရှို့၊ သစ္စာရှိမှု - အမြင့်ဆုံးအဆင့်။ ချိတ်ဆက်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီပါသည်။ ချိတ်ဆက်ပါမည်လော။]

ချန်ရှင်း၏ မျက်ဝန်းများ နက်သထက် နက်ရှိုင်းသွားပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

"ချိတ်ဆက်မယ်"

[ဒင်…၊ ချိတ်ဆက်မှု အောင်မြင်ပါသည်။ စွမ်းအင် +၁၀၀]

*မိုက်တယ်ဟ*

......

ညလေအေးက ဟနေသည့် တံခါးကြားမှ တိုးဝှေ့ဝင်ရောက်လာရာ ရေနံဆီမီးခွက်၏ မီးတောက်ကလေးမှာ တဖျပ်ဖျပ် လှုပ်ခတ်သွားလေသည်။

လှုပ်ခတ်နေသော မီးရောင်နှင့်အတူ တဲအိမ်လေးထဲရှိ လေထုမှာလည်း ကတိလိလိ ရင်ခုန်စရာ ခံစားချက်များဖြင့် ပြည့်နှက်လာတော့သည်။

အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချန်ရှင်း၏ ဩရှရှ အသံကြီးက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

သူက လင်းရှို့ရှို့ကို လွှတ်ပေးလိုက်ပြီး သေသပ်စွာ ခေါက်ထားသော တဘက်သန့်သန့်တစ်ထည်ကို ကမ်းပေးလိုက်သည်။

"ရော့…၊ ငါတို့ ပြန်ကြရအောင်။ အိမ်မှာ မြောင်မြောင် တစ်ယောက်တည်းဆိုတော့ ကြောက်နေလိမ့်မယ်"

သူ့အသံက မည်သည့် ခံစားချက်မှ မရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်နေခဲ့လေပြီ။ ဘာမှ မဖြစ်ခဲ့သည့်အလားပင်။

လင်းရှို့ရှို့က တဘက်ကို လှမ်းယူလိုက်သည်။ အဝတ်စ၏ နူးညံ့သော အထိအတွေ့ကြောင့် သူမ၏ ရှုပ်ထွေးနေသော စိတ်အာရုံများ ပြန်လည် ကြည်လင်လာခဲ့၏။

သူ... သူက သူမကို ရွံရှာစက်ဆုပ်ခြင်း မရှိခဲ့ပေ။

ကျေးဇူးကြွေး တစ်စိတ်တစ်ဒေသကို ဆပ်လိုက်နိုင်ပြီဟု ထင်ရသည်။

သို့သော်လည်း အကြွေးတွေ ပိုတင်သွားသလို ခံစားနေရဆဲပင်။

သူမ ချန်ရှင်းကို ထပ်၍ မော့မကြည့်ရဲတော့ပေ။ သူမ၏ မျက်နှာလေးမှာ ပူထူနေပြီး ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်နေလေသည်။

သူမ မျက်နှာ ကမန်းကတန်း သုတ်လိုက်ပြီးနောက် ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်လုပ်ပြီး ကြယ်သီးကို ပြန်တပ်လိုက်သည်။

ထိုသို့ ပြင်ဆင်နေချိန် တစ်လျှောက်လုံး သူမက အပြစ်လုပ်ထားသော ကလေးငယ်တစ်ယောက်လို ခေါင်းကိုသာ အောက်ငုံ့ထားခဲ့သည်။

ချန်ရှင်းကတော့ အလျင်စလိုလုပ်ရန် မတိုက်တွန်းသလို ပေါ့ပျက်ပျက် အမူအရာမျိုးလည်း မရှိဘဲ သူမကို တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။

သူမ ပြင်ဆင်ပြီးသွားချိန်မှာတော့ သူက တံခါးကို ဖွင့်ပေးလိုက်ပြီး

"အချိန်လည်း လင့်နေပြီ။ လမ်းမှာ သတိထားသွားဦး"

လင်းရှို့ရှို့က ကြားရုံတမယ် အသံလေးဖြင့် တုံ့ပြန်လိုက်ပြီး ခေါင်းလေးငုံ့ကာ သူ့အနားမှ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့သည်။ သူမ၏ ပုံရိပ်လေးက ခပ်နက်နက် ညအမှောင်ထဲမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ချန်ရှင်း တံခါးကို ပြန်ပိတ်လိုက်၏။ တဲအိမ်လေးထဲမှာတော့ ဆပ်ပြာရနံ့နှင့် မိန်းမပျိုလေးတစ်ယောက်၏ ကိုယ်သင်းနံ့ ရောယှက်နေသော ရနံ့ထူးထူး​လေးက ကျန်ရှိနေဆဲပင်။

သူ့လက်များကို ငုံ့ကြည့်လိုက်မိသည့် ခဏတွင် ထိုမိန်းမငယ်လေး၏ နူးညံ့ပျော့ပျောင်းသော ခါးလေးနှင့် မျက်ရည်များ ရစ်သိုင်းကာ တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းလေးများကို စိတ်ထဲ၌ လျှပ်တစ်ပြက် မြင်ယောင်လာတော့သည်။

သူ တံတွေးတစ်ချက် မျိုချပြီးသွားပြီး တစ်ခဏမျှ စဉ်းစားတွေးတောနေမိသည်။ ထို့နောက် စိတ်နောက်စေသည့် အတွေးများကို ခေါင်းခါယမ်းကာ ဖယ်ပစ်လိုက်ပြီး အိမ်ပြန်ရန် လှည့်ထွက်လာခဲ့တော့သည်။

...

လင်းရှို့ရှို့တစ်ယောက် အပြေးတစ်ပိုင်း ပြန်လာခဲ့သည်မှာ အိမ်ရောက်သည်အထိပင်။

ဟောင်းနွမ်းဆွေးမြည့်နေသော သစ်သားတံခါးလေးကို တွန်းဖွင့်လိုက်သည်နှင့် ကုတင်ပေါ်တွင် အိပ်မောကျနေသော သမီးလေးကို သူမ ချက်ချင်း မြင်တွေ့လိုက်ရသည်။

မြောင်မြောင်၏ မျက်နှာလေးမှာ ပန်းသွေးရောင် သမ်းနေပြီး အသက်ရှူသံလေးများကလည်း ပုံမှန်အတိုင်း တည်ငြိမ်နေလေသည်။ ခပ်မှန်မှန် အသက်ရှူသံလေးများနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် ရင်အုပ်လေးက အသက်ဓာတ်၏ စွမ်းအားကို ဖော်ပြနေသလိုပင်။

ထိုမြင်ကွင်းကြောင့် လင်းရှို့ရှို့၏ နှလုံးသားလေးက ချက်ချင်းပဲ နွေးထွေးသွားတော့သည်။

သူမ ကုတင်ဘေးသို့ လျှောက်သွားလိုက်ပြီး ခေါင်းကို ငုံ့၍ သမီးလေး၏ ချောမွေ့နေသော နဖူးလေးကို ညင်သာယုယစွာ နမ်းရှိုက်လိုက်သည်။

တကယ့်ကို ကြည်နူးချမ်းမြေ့စရာလေးပင်။

ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသော လရောင်ဖျော့ဖျော့အောက်တွင် အိပ်မောကျနေသည့် သမီးလေး၏ မျက်နှာလေးကို ငေးကြည့်ရင်း သူမ ကုတင်စွန်း၌ ထိုင်နေမိသည်။ သူမ၏ မျက်ဝန်းများထဲမှာတော့ ဖော်ပြရခက်သော ခံစားချက်များ ပြည့်နှက်နေခဲ့သည်။

ယနေ့မှစ၍ သူမနှင့် သမီးလေး၏ ဘဝသည် ထိုအမျိုးသားနှင့် ခွဲခြား၍မရနိုင်အောင် ရစ်ပတ်ချိတ်ဆက်သွားခဲ့ပြီဆိုတာကို သူမ ကောင်းကောင်း သိနေသည်။

တရားဝင် ဇနီးမယားဟူသော အဆင့်အတန်းမျိုးကို သူမ မမက်မောသလို မသင့်တော်သည့် အတွေးမျိုး တွေးရန်လည်း သူမ မဝံ့ရဲပါ။

သူမ မျှော်လင့်တောင့်တမိသည်က သူ့အနောက်သို့ တကောက်ကောက် လိုက်ခွင့်ရရန်၊ သူ့ကို နေ့စဉ် မြင်တွေ့ခွင့်ရရန်နှင့်၊ သမီးလေး ဝဝလင်လင် စားသောက်ရပြီး အခြားသူများ၏ အနိုင်ကျင့် ဗိုလ်ကျမှုမှ ကင်းဝေးစေရန်သာ ဖြစ်သည်။

သူမအတွက် ဒီလောက်ဆိုရင်ကို လုံလောက်နေလေပြီ။

...

ချန်ရှင်း အိမ်ခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် အိပ်ခန်းထဲ၌ မီးလင်းနေဆဲ ရှိသေးသည်။

သူ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သင်းပျံ့ပျံ့ ချိုမြိန်သော ရနံ့လေးတစ်ခုက သူ့ထံ တိုးဝှေ့လာ၏။

ရွှီချင်းချင်းက တံခါးပေါက်ကို ကျောပေးလျက် အလှပြင် မှန်တင်ခုံလေးရှေ့မှာ ထိုင်နေသည်။

လက်ထဲတွင် မျက်နှာလိမ်း ခရင်မ်ဘူးလေးကို ကိုင်ထားပြီး သူမ၏ လက်ချောင်းထိပ်လေးများဖြင့် မျက်နှာပေါ်သို့ ခရင်မ် နည်းနည်းချင်းစီ ဂရုတစိုက် လိမ်းကျံနေလေသည်။

မှန်ထဲတွင်တော့ သက်ဝင်လှပနေသော သူမ၏ ခပ်ပြုံးပြုံး မျက်နှာလေး ထင်ဟပ်နေ၏။

ချန်ရှင်း သူမဘဝထဲ ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ သူမက ဂရုတစိုက် ရေလောင်းပျိုးထောင်ခံရသော ပန်းလေးတစ်ပွင့်အလား လှပစွာ ပွင့်အာလာခဲ့သည်။

ယခင်က အာဟာရ ချို့တဲ့မှုကြောင့် ဝါကြန့်ကြန့်ဖြစ်နေခဲ့သော သူမ၏ အသားအရေလေးမှာ ယခုအခါမှာတော့ ဖြူဝင်းနူးညံ့နေခဲ့ပြီဖြစ်ပြီး မှိန်ပျပျ မီးရောင်အောက်၌ စိုပြည်တောက်ပနေလေသည်။

ပုံမှန်အားဖြင့် အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုတို့သာ အမြဲ ဖုံးလွှမ်းနေတတ်သည့် မျက်ဝန်းလေးများကလည်း ယခုအခါတွင် ကောင်းကင်မှ ကြယ်တာရာလေးများကို ခူးခြွေထည့်ထားသည့်အလား အရောင်တလက်လက် တောက်ပနေခဲ့သည်။

မှန်ထဲတွင် ထင်ဟပ်နေသော တောက်ပစိုပြည်နေသည့် သူမ၏ ပုံရိပ်လေးကို ကြည့်ရင်း ရွှီချင်းချင်းတစ်ယောက် အလိုလိုနေရင်း ပြုံးမိသွားသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ချိုမြိန်နေပြီး ရှက်သွေးဖြာနေသော အပြုံးလေးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။

သူမကိုယ်သူမပင် သိပ်မမှတ်မိချင်တော့ပေ။

ဤအရာအားလုံးက ထိုအမျိုးသားကြောင့်သာ ဖြစ်တည်လာခဲ့ရခြင်း မဟုတ်ပါလား။

"ရှင်… ရှင်ကလည်း...၊ လမ်းလျှောက်လာတာ အသံလေးဘာလေးလည်း မပေးဘူး၊ လန့်သေတော့မှာပဲ"

ချန်ရှင်းက ပြုံးစိစိဖြင့် လျှောက်လာပြီးနောက် သူမ၏ ခါးလေးကို နောက်ဘက်ကနေ သိုင်းဖက်လိုက်သည်။ ထို့နောက် မွှေးပျံ့နေသော သူမ၏ ပခုံးလေးပေါ်သို့ မေးတင်လိုက်ပြီး မှန်နားသို့ တိုးကပ်သွားကာ သူ့မျက်နှာကို သူမ၏ မျက်နှာလေးနှင့် ပူးကပ်ထားလိုက်သည်။

"ကိုယ်ရဲ့ ချင်းချင်းလေး ဘယ်လောက်တောင် ပိုလှလာလဲဆိုတာ ကြည့်ရအောင်လေ"

မျက်နှာလိမ်း ခရင်မ်၏ ချိုမြိန်သော ရနံ့လေးနှင့် မိန်းမပျိုလေးတစ်ယောက်၏ သင်းပျံ့သော ကိုယ်သင်းနံ့လေးကြောင့် သူ့ရင်ထဲတွင် လှိုက်ဖိုသွားတော့သည်။

ရွှီချင်းချင်း၏ နှလုံးသားလေးမှာလည်း သူ၏ ရင်းနှီးနွေးထွေးလှသော အပြုအမူကြောင့် တဒိတ်ဒိတ် ခုန်လှုပ်သွားရ၏။ မှန်ထဲတွင် နီးကပ်စွာ ပူးကပ်နေသော သူတို့နှစ်ဦး၏ မျက်နှာများကို ကြည့်ရင်း ရှက်သွေးဖြာလျက် နီရဲလာတော့သည်။

"စကားတတ်လိုက်တာ"

ရွှီချင်းချင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ဒါက ဘယ်လိုလုပ် စကားတတ်တာဖြစ်ရမှာလဲ"

ချန်ရှင်းက အလေးအနက် လေသံဖြင့် ပြန်ပြောသည်။

"ဒါက အမှန်တရားပဲလေ။ အခုချိန် ကိုယ့်မိန်းမသာ အပြင်ထွက်သွားကြည့်၊ ရွာထဲက လူပျိုတွေ အကုန်လုံး မျက်လုံးပြူးပြီး ငေးကြည့်နေကြမှာ အသေအချာပဲ"

ချန်ရှင်းက ခေါင်း အနည်းငယ် စောင်းလိုက်ပြီး သူမ၏ ချောမွေ့နေသော ပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး သူမ၏ ပခုံးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။

"ကဲပါ... အလှလွန်မနေနဲ့တော့။ ကိုယ် မင်းအတွက် ရေနွေးသွားတည်ပေးမယ်၊ ရေချိုးပြီး စောစောအိပ်ကြတာပေါ့"

ရွှီချင်းချင်းက ကြည်ကြည်ဖြူဖြူ သဘောတူလိုက်ပြီး မီးဖိုခန်းထဲ ဝင်သွားသည့် ချန်ရှင်း၏ ထောင်ထောင်မောင်းမောင်း ကျောပြင်ကျယ်ကြီးကို ငေးကြည့်ရင်း သူမ နှုတ်ခမ်းထက်မှ အပြုံးလေးကို ဖုံးကွယ်မထားနိုင်တော့ချေ။

All Chapters