အခန်း (၇၆၁-၇၆၂)
Vol. 39 Ch. 761-762
အပိုင်း(၇၆၁) ဟန်ရှန်းမန် အဆင့်တက်ခြင်း
ကျန်းယွီကျန်းက ခါးသက်သက် ပြုံးလိုက်သည်။
ယခုအခြေအနေအရ လင်းယွမ်က ဤရေလွှမ်းမိုးနေသော ကမ္ဘာကြီးတွင် လူတိုင်းကို ဦးဆောင်ပြီး အသက်ရှင်သန်နိုင်စွမ်း တကယ်ရှိသည်ဖြစ်စေ... မရှိသည်ဖြစ်စေ... သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
အကြောင်းမှာ သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတကို ရိုက်သွင်းခံထားရပြီ ဖြစ်သောကြောင့်ပင်။ ဤဘဝ... မဟုတ်သေး... နောင်ဘဝ... နောင်သံသရာအဆက်ဆက်တိုင်အောင် လင်းယွမ်၏ ထိန်းချုပ်မှုကို ခံရတော့မည် ဖြစ်သည်။
"စိတ်ချပါ... ငါ ဘာမှထပ်ပြီး လျှောက်မလုပ်တော့ပါဘူး"
ဖုန်းကျန့်ကုန်းက သူနှင့် အတိတ်ဟောင်းအကြောင်း လာပြောနေခြင်း မဟုတ်သည်ကို ကျန်းယွီကျန်း ကောင်းကောင်း သိထားသည်။
ဤသို့ပြောဆိုခြင်းဖြင့် မိမိကို လျှောက်မလုပ်ရန် သတိပေးနေခြင်းသာ ဖြစ်သည်။
ထိုက်ယန်တောင်ကို ရွေးချယ်လိုက်ပြီဖြစ်ရာ ထိုက်ယန်တောင်နှင့် သေချာပေါက် ပူးပေါင်းဆောင်ရွက်ရမည်သာ ဖြစ်၏။
ဖုန်းကျန့်ကုန်းက ခေါင်းအသာညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "ဝမ်ကျင်းက စိတ်မြန်ကိုယ်မြန်နိုင်သလို အရမ်းလည်း မာနကြီးတယ်... မင်း သူ့ကို သေချာ ထိန်းထားဦး"
ကျန်းယွီကျန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး "ငါလည်း အဲဒီကိစ္စအတွက် ခေါင်းကိုက်နေရတာပါကွာ... အရင်နှစ်တွေတုန်းက ငါ သူ့ကို အလိုလိုက်လွန်းခဲ့လို့ပါ"
ဖုန်းကျန့်ကုန်းက ဘာမှ ဆက်မပြောတော့ပေ။ သားသမီးကို အလိုလိုက်ခြင်းက သတ်တာနှင့် အတုတုပင် ဖြစ်ရာ ရှေ့ဆက် ဘာလုပ်ရမည်ကို ကျန်းယွီကျန်း ကိုယ်တိုင်သာ ဆုံးဖြတ်ရမည် ဖြစ်သည်။
သူသည် သင်္ဘောပေါ်မှ ဆင်းရန် လှည့်ထွက်သွားပြီး သူ့လက်ရှိ တာဝန်များကို စီစဉ်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင် သင်္ဘော၏ လျှောက်လမ်းထဲမှ လူရိပ်တစ်ခု ရုတ်တရက် ပြေးထွက်လာသည်။
ထိုသူမှာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်... လှပသော ဆံပင်တိုလေးနှင့် အချိုးကျလှပသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
"ဦးလေးဖုန်း"
ကျန်းဝမ်ကျင်းသည် နီရဲနေသော မျက်လုံးများဖြင့် ဖုန်းကျန့်ကုန်းကို လှမ်းခေါ်လိုက်သည်။
ဖုန်းကျန့်ကုန်းက သူမကို မြင်သောအခါ မေးလိုက်၏။ "ဝမ်ကျင်း... နင် ဒီမှာ ဘာလုပ်နေတာလဲ"
ကျန်းဝမ်ကျင်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်နေပြီး နာကြည်းသော လေသံဖြင့် မေးလိုက်သည်။ "ဦးလေးဖုန်း... ဖေဖေ ဘာဖြစ်သွားတာလဲဟင်... ဟိုလင်းယွမ်ဆိုတဲ့လူက ဖေဖေ့ကို တစ်ခုခုများ လုပ်လိုက်တာလား"
"ဖေဖေက အခု လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ... ဒီနေ့ သမီးကိုတောင် ရိုက်သေးတယ်"
"ဖေဖေက သမီးကို တစ်ခါမှ မရိုက်ဖူးဘူး... ဦးလေးဖုန်း ဖေဖေ့ကို ကယ်ပါဦး"
ထိုစကားကို ကြားသောအခါ ဖုန်းကျန့်ကုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ကျန်းဝမ်ကျင်းကို ကြည့်ကာ မေးလိုက်သည်။ "နင် ဘာသွားလုပ်လို့ အရိုက်ခံရတာလဲ"
"သမီး... သမီးက ဟိုလင်းယွမ်ဆိုတဲ့လူကို သွားရိုက်မလို့ လုပ်တာ... ပြီး... ပြီးတော့ သူ့ကို စကား နည်းနည်းပါးပါး မာမာပြောလိုက်မိတယ်"
ထိုစကားကြောင့် ဖုန်းကျန့်ကုန်းက ခေါင်းခါယမ်းလိုက်မိပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "နင် အခုထိ အခြေအနေကို သဘောမပေါက်သေးဘူးလား... ဦးလေးတို့အားလုံး အခု ဆရာလင်းယွမ်ဆီမှာ ခိုလှုံနေကြရပြီလေ"
"နင်က သူ့ကို သွားရိုက်မယ်ဆိုတော့... နင့်မှာ အသက်ဘယ်နှချောင်း ရှိလို့လဲ"
"ဘာလို့လဲ... ဘာဖြစ်လို့ သမီးတို့က အဲဒီလင်းယွမ်ဆိုတဲ့လူကို အရှုံးပေးရမှာလဲ... သူက ရိုးရိုးသာမန် လူတစ်ယောက်ပဲလေ... စစ်တပ်ထဲမှာ တစ်ရက်တောင် မနေဖူးတဲ့လူက စစ်တိုက်ဖို့ နားလည်ပါ့မလား... လူတွေကိုရော ဘယ်လို စီမံအုပ်ချုပ်ရမလဲဆိုတာ သူ သိလို့လား"
"ဦးလေးဖုန်း... ဦးလေးက သမီးတို့ စစ်တပ်ရဲ့ အကြီးအကဲ တစ်ယောက်လေ... ချိုးငှက်အဖွဲ့ တစ်ခုလုံးမှာ ဖေဖေကလွဲရင် ဦးလေးက အတော်ဆုံးပဲ မဟုတ်ဘူးလား"
"ဦးလေးကပါ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ... ဦးလေးတို့အားလုံး ဘာတွေ ဖြစ်ကုန်ကြတာလဲ"
ကျန်းဝမ်ကျင်းမှာ ရူးမတတ်ပင် ဖြစ်နေပြီ။ တစ်ချိန်က သူမ အလွန် လေးစားအားကျခဲ့ရသော စံပြပုဂ္ဂိုလ်များ အားလုံးသည် အဘယ်ကြောင့် ဤကဲ့သို့ ပြောင်းလဲသွားပြီး သာမန်လက်လုပ်လက်စား တစ်ယောက်ကို အရှုံးပေးသွားရသနည်း ဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။
မှန်သည်။ ကျန်းဝမ်ကျင်း၏ မျက်လုံးထဲတွင် လင်းယွမ်သည် တကယ့်ကို အဆင့်အတန်းမရှိသော သာမန် လူတန်းစားတစ်ယောက်သာ ဖြစ်သည်။
ရေဘေးကြီး မဖြစ်ခင်ကဆိုလျှင် ထိုကဲ့သို့သော လူမျိုးကို သူမက မျက်လုံးစွေ၍ပင် ကြည့်မည် မဟုတ်ပေ။
ယခုတော့ ဤကဲ့သို့သော အဆင့်နိမ့်လူတန်းစား... လူ့အဖွဲ့အစည်း၏ အစွန်အဖျားမှ လူတစ်ယောက်က သူမ၏ ခေါင်းပေါ်သို့ တက်နင်းလာရုံသာမက သူမ အလေးစားဆုံးသော ဖခင်နှင့် ဦးလေးများကိုပါ ကြောက်ရွံ့သွားစေခဲ့သည်။
သူမ နားမလည်နိုင်သလို လုံးဝလည်း လက်မခံနိုင်ပေ။
ဖုန်းကျန့်ကုန်းက ကျန်းဝမ်ကျင်းကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း အေးစက်လာလေသည်။
သူက အေးစက်သော လေသံဖြင့် "နင်က ကလေး မဟုတ်တော့ဘူး ဝမ်ကျင်း... စကားမပြောခင် ခေါင်းထဲကနေ အရင် စဉ်းစားစမ်းပါ" ဟု ပြောလိုက်သည်။
"နင်သာ ကျန်းယွီကျန်းရဲ့ သမီး မဟုတ်ခဲ့ရင် ခုနက စကားတွေ ပြောပြီးတာနဲ့ အသက်ရှင်လျက် ရှိနေဦးမယ် ထင်နေလား"
"ဆရာလင်းယွမ်ဆီမှာ မျက်နှာလိုမျက်နှာရ လုပ်ချင်တဲ့ လူတွေက နင့်ကို အရှင်လတ်လတ် ဝါးစားပစ်ဖို့တောင် ဝန်လေးမှာ မဟုတ်ဘူး ဆိုတာ နင်ယုံလား"
"ပြီးတော့ နင်က ပါးစပ်ဟလိုက်တာနဲ့ အဆင့်အတန်းမရှိတဲ့ လူတန်းစားလို့ သုံးနေတာ... အဲဒီလိုစကားမျိုး ဘယ်သူက သင်ပေးထားတာလဲ... ကျန်းယွီကျန်းလား"
"ဦးလေး တကယ် နားမလည်နိုင်ဘူး... နင်က ဘယ်ကများ အဆင့်အတန်းခွဲခြားတဲ့ စိတ်တွေ ရလာတာလဲ... နင့်အဖေ ကျန်းယွီကျန်းတောင် အစောပိုင်းနှစ်တွေတုန်းက အောက်ခြေဘဝကနေ တစ်ဆင့်ချင်း ကြိုးစားပြီး တက်လာခဲ့ရတာလေ"
"ဆရာလင်းယွမ်က အောက်ခြေလူတန်းစားဆိုရင်... နင့်အဖေကရော ဘာလဲ... ဦးလေးကရော ဘာလဲ"
"နင့်ရဲ့ ရယ်စရာကောင်းတဲ့ မာနတွေကို သိမ်းထားလိုက်တော့... ခေတ်ကြီးက ပြောင်းလဲသွားပြီ... နင် မမြင်ဘူးလား... ဒါမှမဟုတ် မမြင်ချင်ယောင် ဆောင်နေတာလား"
"ဒီအတိုင်းသာ ဆက်သွားနေရင် နင့်အဖေ သမီးကို မကယ်နိုင်တာ အသာထား... ဦးလေးလည်း နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး"
"နောက်တစ်ခါ ဒီလိုစကားမျိုး ထပ်ပြောရဲသေးရင် နင် သုံးရက်ထက် ပိုအသက်ရှင်ဖို့ မလွယ်ဘူးလို့ပဲ သတ်မှတ်ထားလိုက်တော့"
ထိုသို့ ပြောပြီးသည်နှင့် ဖုန်းကျန့်ကုန်းက သူ၏ တူမဖြစ်သူကို ဆက်လက် အာရုံမစိုက်တော့ပေ။
ဤတူမဖြစ်သူက ဤမျှအထိ တုံးအလိမ့်မည်ဟု သူ အရင်က ဘာကြောင့် သတိမထားမိခဲ့ပါလိမ့်။
သူက ခေါင်းယမ်းလိုက်ပြီး စကားပင် ဆက်မပြောချင်တော့ချေ။
အရင်က သူမသည် အခက်အခဲ ပြဿနာများနှင့် မကြုံတွေ့ခဲ့ဖူး၍ ဖြစ်နိုင်သလို... ထိုအချိန်က သူကိုယ်တိုင်ကလည်း ကျန်းဝမ်ကျင်း၏ လူမှုဆက်ဆံရေး အပြုအမူများကို သိပ်ပြီး ဂရုမစိုက်ခဲ့မိ၍လည်း ဖြစ်နိုင်သည်။
အရင်က ကျန်းဝမ်ကျင်းသည် သူတို့လူကြီးများရှေ့တွင် အမြဲတမ်း ဉာဏ်ကောင်းပြီး လိမ္မာရေးခြားရှိကာ စကားပြော ကောင်းသူလေး ဖြစ်ခဲ့သည်။
အနည်းငယ် မာနကြီးပြီး ဆိုးသွမ်းလျှင်ပင် အားလုံးက အလိုလိုက် အကြိုက်ဆောင်ကာ ခွင့်လွှတ်ပေးခဲ့ကြသည်။
သို့သော် ယခု ပတ်ဝန်းကျင် အခြေအနေက မတူတော့ပေ။ ကျန်းဝမ်ကျင်းက ဆက်လက်၍ မာနထောင်လွှားနေမည်ဆိုလျှင် အများအမြင်ကပ်စရာသာ ဖြစ်လာပေလိမ့်မည်။
ကျန်းဝမ်ကျင်းသည် ထွက်ခွာသွားသော ဖုန်းကျန့်ကုန်း၏ ကျောပြင်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာပြီး နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ... ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ"
"ဦးလေးတို့ တကယ်ပဲ ဘာတွေဖြစ်ကုန်ကြတာလဲ... ဟိုလင်းယွမ်ဆိုတဲ့လူက ဦးလေးတို့ကို ဘယ်လိုနည်းလမ်းတွေ သုံးလိုက်လို့ အားလုံး ဒီလိုဖြစ်ကုန်ရတာလဲ"
"ဟင့်ဟင့်"
ဖြတ်သန်းသွားလာနေသော အထက်တန်း စစ်အရာရှိအချို့က တစ်ချိန်က စစ်တပ်ခေါင်းဆောင်၏ သမီးဖြစ်သူကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြပြီး လူအတော်များများက ခေါင်းခါယမ်းသွားကြသည်။
အချို့လူများကမူ စိတ်ထဲမှ လှောင်ပြောင်ကာ အေးစက်စွာ ပြုံးနေကြသည်။
လေပြင်းမုန်တိုင်းများကြားတွင် ကျန်းဝမ်ကျင်းသည် ဤကမ္ဘာလောကကြီး တစ်ခုလုံး ပြိုလဲသွားပြီဟုသာ ခံစားနေရပြီး အရာအားလုံးက ပြောင်းလဲသွားခဲ့လေပြီ။
ယခုအချိန်သည်သာ သူမအတွက် အမှန်တကယ် ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသည်ဟု ခံစားနေရသည်။
...
ထိုက်ယန်တောင်။
လင်းယွမ် အိမ်ပြန်ရောက်သောအခါ ရန်မေက အိမ်မှာ မရှိဘဲ လင်းယာနှင့် ကလေးလေးသာ ရှိနေသည်။
"ကိုလင်းယွမ်... ဘယ်တုန်းက ပြန်ရောက်တာလဲ"
လင်းယာသည် လင်းယွမ်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး ကလေးကိုချီလျက် အလျင်အမြန် လျှောက်လာသည်။
လင်းယွမ်က ပြုံးကာ မေးလိုက်သည်။ "ရန်မေရော"
"ဈေးဝယ်စင်တာဘက်မှာ အလုပ်ရှုပ်နေတယ်... ကျွန်မ သွားခေါ်ပေးရမလား"
လင်းယွမ်က ပြုံးလျက် လက်ကာပြလိုက်ပြီး "မလိုဘူး... သူ့ကို အလုပ်ဆက်လုပ်ခိုင်းလိုက်ပါ" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းယာက ခေါင်းညိတ်လိုက်ပြီး လင်းယွမ်သည် သူမရင်ခွင်ထဲရှိ လင်းဟုန်လေးကို လက်လှမ်းကာ စနောက်လိုက်သည်။
"တုတုလေး... ဖေဖေ့ကို လွမ်းနေပြီလား... အိမ်မှာ လိမ္မာရဲ့လား"
တုတုလေးမှာ လပိုင်းမျှသာ ရှိသေးသဖြင့် အီအီအဲအဲသာ အော်တတ်သေးသည်။
သူသည် လင်းယွမ်ကို မြင်သောအခါ တခစ်ခစ် ရယ်မောကာ လင်းယွမ်အား ချီရန် လက်လှမ်းပြလေသည်။
လင်းယွမ်သည်လည်း မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး ကလေးကို လှမ်းချီလိုက်သည်။
သို့သော် သူ၏ လက်နှစ်ဖက်က လင်းဟုန်၏ ဂျိုင်းအောက်မှ ဖြတ်သွားချိန်တွင် လင်းယာ၏ ကြီးမားနူးညံ့သော ရင်သားအစုံနှင့် မတော်တဆ ထိမိသွားလေသည်။
လင်းယာ၏ ဖြူဝင်းသော မျက်နှာလေးမှာ ရဲသွားပြီး လင်းဟုန်လေးကို အလျင်အမြန် လွှတ်ပေးလိုက်ကာ "ရှင်ပဲ ကလေးကို ကြည့်ထားလိုက်တော့... ကျွန်မ နေ့လယ်စာ သွားပြင်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
လင်းယွမ်ကလည်း သူမ၏ ထူးခြားမှုကို ခံစားမိသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ကာ "သိပြီ... ခင်ဗျား လုပ်စရာရှိတာလုပ်ပါ... ကျွန်တော်တို့ကို ဂရုစိုက်နေစရာ မလိုပါဘူး" ဟု ပြောလိုက်သည်။
လင်းယာက ခေါင်းညိတ်ပြလိုက်ပြီး လင်းယွမ်အတွက် ရေတစ်ခွက် ငှဲ့ပေးကာ မီးဖိုချောင်ထဲသို့ အပြေးအလွှား ဝင်သွားလေသည်။
လင်းယွမ်သည် တုတုလေးကို စနောက်နေရင်းဖြင့် တကယ့်လက်တွေ့တွင်မူ သူက တုတုလေး၏ ခန္ဓာကိုယ်တွင်းရှိ အခြေအနေကို တိတ်တဆိတ် အာရုံခံကြည့်နေခြင်း ဖြစ်သည်။
စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ လင်းဟုန်လေး၏ ခန္ဓာကိုယ်မှာ ကျန်းမာရေး ကောင်းမွန်နေသည်ကို တွေ့ရသည်။
သို့သော် သူ၏ စိတ်စွမ်းအင်က အလွန် တက်ကြွနေသည်ကို လင်းယွမ် သိသိသာသာ ခံစားမိလိုက်သည်။
ထိုသို့ တွေ့ရှိလိုက်ရသဖြင့် လင်းယွမ်မှာ တွေးတောမိသွားသည်။ "တုတုလေးက နောက်ကျရင် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်လာမလား"
ယေဘုယျအားဖြင့် ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် မွေးဖွားလာသော ကလေးများသည် သန္ဓေပြောင်းအစွမ်း နိုးထလာနိုင်သည့် အလားအလာတွင် သူတို့မျိုးဆက်များထက် ပိုမို အားကောင်းကြသည်။
အကြောင်းမှာ ဤကလေးငယ်များသည် မိခင်၏ဝမ်းဗိုက်ထဲတွင် ရှိနေစဉ်ကတည်းက မိခင်၏ သန္ဓေပြောင်းစွမ်းအင်ဖြင့် အဆက်မပြတ် ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကမ္ဘာမပျက်မီက ကလေးများထက် များစွာ သန်မာရုံသာမက ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် သန္ဓေပြောင်းစွမ်းအင်များ မွေးရာပါ ပါရှိနေတတ်သည်။
သေချာသည်မှာ... ဤအချက်သည် ရန်ဆန်းမင် တို့အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ခန့်မှန်းထားခြင်းသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် မွေးခါစ ကလေးငယ်များ အလွန်နည်းပါးလွန်းလှပြီး ကလေးရှိလျှင်တောင်မှ အကြီးဆုံးက နှစ်နှစ်အရွယ်သာ ရှိသေးသည်။
နှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်ဆီကနေ ဘာကို သွားကြည့်လို့ ရနိုင်မည်နည်း။
တုတုလေးကို သန္ဓေပြောင်းစွမ်းအင်များ စောစီးစွာ နိုးထလာစေရန် ကူညီပေးသည့်အနေဖြင့် သန္ဓေပြောင်း အသီးအနှံများကို ကြိုတင် ကျွေးထားသင့်သလားဟု လင်းယွမ် တွေးမိလိုက်သည်။
သို့သော် နောက်ဆုံးတွင် ထိုအတွေးကို ဖျောက်ဖျက်ပစ်လိုက်သည်။
"ကလေးက ငယ်လွန်းသေးတယ်... ဒီလို အစွမ်းတွေကို သူ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
သူက ခေါင်းခါယမ်းလိုက်ပြီး ထိုအတွေးကို ဖိနှိပ်ထားလိုက်သည်။
ကလေးငယ်များသည် အဆိုးအကောင်းကို နားမလည်ကြသလို အလေးအပေါ့ကိုလည်း ခွဲခြားတတ်ကြသည် မဟုတ်ပေ။
၎င်းတို့ကို ဤကဲ့သို့သော သာမန်ထက် လွန်ကဲသည့် အစွမ်းများ ပိုင်ဆိုင်ခွင့် ပေးလိုက်ခြင်းက အချိန်မရွေး ပြဿနာကြီးတစ်ခု ဖန်တီးမိသလို ဖြစ်သွားနိုင်သည်။
လင်းယွမ်သည် တုတုလေးကို ချီလျက် အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
တစ်နေ့လုံး အိမ်ထဲတွင်ချည်း ပိတ်လှောင်ထား၍ မရပေ။ ယောက်ျားလေး ဖြစ်သည့်အတွက် အပြင်ထွက်ပြီး များများ ပြေးလွှားလှုပ်ရှားသင့်သည်။
သူက ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားပြီး ကလေးကို လွှတ်ထားလိုက်ချိန်တွင် စိတ်အဝေးထိန်းအစွမ်းဖြင့် လင်းဟုန်လေးကို ပင့်မထားကာ လေထဲတွင် ဖြည်းညှင်းစွာ လွင့်မျောစေလိုက်သည်။
လင်းဟုန်လေးမှာ ဤအရာများကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်ရာ ဝမ်းသာအားရဖြင့် "ဝါး" ခနဲ အော်ဟစ်လိုက်ပြီး လေထဲတွင် သူ၏ ခန္ဓာကိုယ်သေးသေးလေးကို မရပ်မနား လှုပ်ရှားနေလေသည်။
သူသည် စူးစမ်းချင်စိတ်ဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေပြီး တစ်ခါတစ်ရံတွင် "ခစ်ခစ်" ဟူသော ကလေးငယ်တစ်ယောက်၏ ရယ်သံလေးများ ထွက်ပေါ်လာတတ်သည်။
လင်းယွမ်သည် ကလေးလေး ပျော်ရွှင်နေသည်ကို ကြည့်ရင်း အလိုအလျောက် သဘောကျကာ ရယ်မောလိုက်မိသည်။
မကြာမီမှာပင် ထိုက်ယန်တောင်ပေါ်မှ လူရိပ်တစ်ခု လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ ဟန်ရှန်းမန် ဖြစ်ပြီး သူမသည် သူတို့ သားအဖနှစ်ယောက် လေထဲတွင် ပျံသန်းကစားနေကြသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး လှမ်းအော်လိုက်သည်။ "ကိုလင်းယွမ်... ကလေးထိန်းနေတာလား"
လင်းယွမ်က သူမကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။ "မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ"
ဟန်ရှန်းမန်သည် တွင်းနက်အရိပ်ရေပေါ်ကျွန်း ဘက်တွင် အမြဲတမ်း နေထိုင်ခဲ့သူဖြစ်ရာ ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဟန်ရှန်းမန်က ပြုံးလျက် "ကျွန်မရယ်... ဝူယင်ရယ်... ကျန်းဖန်ရယ် အခု အလှည့်ကျ တာဝန်ယူနေကြတယ်လေ... အဲဒီလိုလုပ်လိုက်တော့ ကျန်တဲ့လူနှစ်ယောက်က ပြန်လာပြီး သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ လာသုံးဖို့ လျှောက်ထားခွင့် ရတာပေါ့"
ထိုစကားကို ကြားသောအခါ လင်းယွမ်က မေးလိုက်သည်။ "ဘယ်လိုလဲ... အဆင့်တက်သွားပြီလား"
ဟန်ရှန်းမန်က ရယ်မောလိုက်ပြီး "ကံကောင်းလို့ပါ... ခုနလေးတင်ပဲ အဆင့်တက်သွားတာ"
ထိုစကားကို ကြားလိုက်ရသဖြင့် လင်းယွမ် ချက်ချင်း ပြုံးသွားပြီး အလျင်အမြန် မေးလိုက်သည်။ "မင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားတာလား... ဘယ်လို မျိုးရိုးဗီဇ သားရဲ နိုးထလာလဲ"
"နတ်ရေစင်ဖီးနစ်ငှက် ပါ"
လင်းယွမ်သည် မျက်ခုံးပင့်သွားပြီး အနည်းငယ် အံ့အားသင့်ကာ "နတ်ရေစင်ဖီးနစ်ငှက် ဟုတ်လား" ဟု မေးလိုက်သည်။
ဟန်ရှန်းမန်က ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် မေးလိုက်သည်။ "ကြည့်ချင်လို့လား"
လင်းယွမ်ကလည်း ချက်ချင်းပင် "လုပ်စမ်းပါ... ငါ့ကို ပြပါဦး" ဟု ပြောလိုက်သည်။
ဟန်ရှန်းမန်သည်လည်း တွန့်ဆုတ်မနေတော့ဘဲ သူမ၏ ခန္ဓာကိုယ်ကို လျှပ်ခနဲ လှုပ်ရှားကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
မကြာမီမှာပင် သူမ၏ ခန္ဓာကိုယ်မှ သွေးမြူခိုးများ ပြန့်နှံ့ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ရေခိုးရေငွေ့များက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။
သွေးမြူခိုးများနှင့် ရေခိုးရေငွေ့များကြားမှ စူးရှသော ဖီးနစ်ငှက် အော်သံတစ်ချက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ရွှီ"
သွေးမြူခိုးများကြားထဲမှ လေတိုးသံများနှင့်အတူ အမြင့် ပေ ၃၀ ကျော်ခန့်ရှိသော အပြာရောင် ရေဖီးနစ်ငှက်ကြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူမသည် အတောင်ပံနှစ်ဖက်ကို ဖြန့်ကြက်ကာ ကောင်းကင်ယံတွင် ပျံဝဲနေပြီး အတောင်ပံများကို ရိုက်ခတ်လိုက်တိုင်း မှုန်ဝါးဝါး ရေမြူခိုးများ ထွက်ပေါ်လာလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တုတုလေးသည် တခစ်ခစ် ရယ်မောလိုက်မိပြီး လက်ခုပ်တီးကာ အီအီအာအာ အော်ဟစ်နေတော့သည်။
ကလေးငယ်လေးသည် သူ၏ အိစက်နေသော လက်ဖဝါးလေးများဖြင့် လင်းယွမ်၏ အင်္ကျီစကို ဆွဲကာ နားမလည်နိုင်သော အသံလေးများကို ပြုလုပ်နေလေသည်။
"အိယ... အိယ"
လင်းယွမ်က ကလေးကို ချက်ချင်း ဖက်ထားလိုက်ပြီး ပြုံးကာ "ဟေ... တုတုလေးလည်း မြင်တယ်မလား... အပြာရောင် ငှက်ကြီးတစ်ကောင်လေ ဟုတ်တယ်မလား" ဟု ပြောလိုက်သည်။
"အဲဒါ တုတုလေးရဲ့ အန်တီရှန်းမန် အသွင်ပြောင်းထားတာပေါ့... လှတယ်မလား"
ဟန်ရှန်းမန်သည် လေထဲတွင် တစ်ပတ် ပျံသန်းပြပြီးနောက် မူလခန္ဓာကိုယ်သို့ လျင်မြန်စွာ ပြန်လည်ပြောင်းလဲလိုက်ကာ လင်းယွမ်၏ ရှေ့သို့ ပြန်လည်ဆင်းသက်လာပြီး ပြုံးလျက် မေးလိုက်သည်။ "ဘယ်လိုလဲ"
လင်းယွမ်က ပြုံး၍ "ဂုဏ်ယူပါတယ်... မင်း လေ့ကျင့်တာ ဒီလောက် ကြာနေပြီဆိုတော့ ဒီအဆင့်ကို ရောက်ဖို့ အချိန်တန်နေပါပြီ... ပင်ကိုယ်အစွမ်းကရော ဘာလဲ" ဟု ပြောလိုက်သည်။
ဟန်ရှန်းမန်က ပြုံးကာ "ချောက်နက်ရေလှိုင်း ပါ" ဟု ဖြေလိုက်သည်။
လင်းယွမ်သည် 'ထင်တဲ့အတိုင်းပဲ' ဟု စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ဟန်ရှန်းမန် နိုးထလာသော မျိုးရိုးဗီဇမြေပုံက သူနှင့် တစ်ထပ်တည်း တူညီနေသည် မဟုတ်ပါလော။
မဟုတ်သေး... တိတိကျကျ ပြောရလျှင် ဟန်ရှန်းမန်က 'နတ်ရေစင်ဖီးနစ်ငှက်' မျိုးရိုးဗီဇမျိုးစေ့ကို အစောဆုံး နိုးထခဲ့သူ ဖြစ်သည်။
လင်းယွမ်က နောက်ကျမှသာ ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းခဲ့ခြင်း ဖြစ်သည်။
သူက ကျင့်ကြံမှု အရမ်းမြန်လွန်းနေ၍သာ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဟန်ရှန်းမန်က နတ်ရေစင်ဖီးနစ်ငှက် မျိုးရိုးဗီဇမြေပုံကို နိုးထလာခဲ့ခြင်းမှာ အနည်းငယ် မထင်မှတ်ထားစရာ ဖြစ်သော်လည်း ဤအရာမှာ ကျိုးကြောင်းဆီလျော်မှု ရှိကြောင်းကို လင်းယွမ် ကောင်းကောင်း သိထားသည်။
အကြောင်းမှာ သူနှင့် ဟန်ရှန်းမန်တို့ အသုံးပြုခဲ့သော ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့များသည် မီယွမ်မိုးသစ်တောကျွန်း မှ သွေးသလင်းကျောက်များကို သန့်စင်ထားခြင်း ဖြစ်သောကြောင့်ပင်။
ပြီးတော့ မီယွမ်မိုးသစ်တောကျွန်း ဟုခေါ်သော ထိုရေပေါ်ကျွန်း၏ မူလခန္ဓာကိုယ်ကလည်း နတ်ရေစင်ဖီးနစ်ငှက်ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ယောက် တူညီသော မျိုးရိုးဗီဇ အသွင်သဏ္ဍာန်ကို နိုးထလာနိုင်ခြင်းမှာ ဖြစ်နိုင်ချေ ရှိပေသည်။
တိုက်ဆိုင်လွန်းသည်ဟုသာ ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းအများစုမှာ လူတစ်ထောင်တွင် ပုံစံတစ်ထောင် ကွဲပြားနေတတ်သောကြောင့် ဖြစ်သည်။
မီယွမ်မိုးသစ်တောကျွန်း တွင် အစွမ်းပိုင်ရှင်များ အများအပြား ရှိသလို၊ ယခင်က ရေနတ်ဘုရားဂိုဏ်း တွင်လည်း အစွမ်းပိုင်ရှင်များစွာ ရှိခဲ့သော်လည်း နတ်ရေစင်ဖီးနစ်ငှက် မျိုးရိုးဗီဇမျိုးစေ့ကို နိုးထလာသူ ဟူ၍ မရှိခဲ့ပေ။
အရင်တုန်းက လင်းယွမ်သည် ရေနတ်ဘုရားဂိုဏ်းမှ ဂိုဏ်းသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ဘာသာရေးဂိုဏ်းကြီး သုံးခု၏ မျိုးရိုးဗီဇမျိုးစေ့များသည် မည်သည့်အရာများ ဖြစ်သည်ကို သူတို့ကို အတင်းအကျပ် စစ်မေးခဲ့ဖူးသည်။
ထိုအချိန်ကတည်းက ရေနတ်ဘုရားဂိုဏ်းမှာ နတ်ရေစင်ဖီးနစ်ငှက် ဖြစ်ပြီး၊ မြေမိခင်ဂိုဏ်းမှာ အမွေးရှည်ဆင်ကြီး ဖြစ်ကြောင်းကို သူ သိရှိခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ရေနတ်ဘုရားဂိုဏ်းနှင့် မြေမိခင်ဂိုဏ်းတို့၏ ဌာနချုပ်များသို့ သူ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်၌ ဤမျိုးရိုးဗီဇမျိုးစေ့ အစွမ်းနှစ်မျိုးကို အသုံးပြုသူ တစ်ယောက်ကိုမျှ သူ မတွေ့ခဲ့ရပေ။
သေချာသည်မှာ ထိုလူများထဲတွင် မည်သူမျှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်အထိ မရောက်ရှိခဲ့သောကြောင့် ၎င်းတို့၏ မျိုးရိုးဗီဇ အသွင်သဏ္ဍာန်ကို မမြင်တွေ့ရခြင်းလည်း ဖြစ်နိုင်သည်။
အချုပ်အားဖြင့် ဆိုရလျှင် လောလောဆယ်၌ ဟန်ရှန်းမန် တစ်ယောက်တည်းကသာ သူနှင့် တူညီသော မျိုးရိုးဗီဇ အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်ထားသည်ကို လင်းယွမ် တွေ့မြင်ရခြင်း ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၇၆၂) လင်းယာ ကလေးနို့တိုက်ခြင်း
နတ်ရေစင်ဖီးနစ်ငှက် မျိုးရိုးဗီဇအသွင်သဏ္ဍာန်တွင် မည်သည့်အစွမ်းများရှိသည်ကို လင်းယွမ် ကောင်းကောင်းသိသည်။
ထို့ကြောင့် ဟန်ရှန်းမန်က သူမ၏ ပင်ကိုယ်အစွမ်းနှင့် မျိုးရိုးဗီဇအစွမ်းတို့ကို အတိအကျ ထုတ်မပြောလျှင်တောင် လင်းယွမ်က အားလုံးကို ရှင်းရှင်းလင်းလင်း သိနေ၏။
သူက ပြုံးကာ ပြောသည် "ကြည့်ရတာ ငါတို့နှစ်ယောက်က တကယ် ရေစက်ပါတဲ့ပုံပဲ"
ဟန်ရှန်းမန် နားမလည်ဘဲ သံသယဖြင့် မေးသည် "ရှင်... ဘာဖြစ်လို့လဲ"
လင်းယွမ်က လင်းဟုန်ကို သူမထံ ကမ်းပေးရင်း ပြောသည် "သူ့ကို ခဏလောက် ချီထားပေး"
ဟန်ရှန်းမန်သည် ပျာပျာသလဲဖြင့် လင်းဟုန်ကို ကမန်းကတန်း လှမ်းချီလိုက်သည်။
သူမ၏ ပုံစံမှာ လူသစ်တစ်ယောက်နှင့် အတော်လေး တူနေ၏။
သူမတွင် ကလေးထိန်းသည့် အတွေ့အကြုံမရှိသည်မှာ သိသာထင်ရှားလှသည်။ လင်းဟုန်၏ ဂျိုင်းအောက်မှနေ၍ လက်နှစ်ဖက်ဖြင့် ချီရန် ကြိုးစားသော်လည်း သူမ၏ လက်အင်အားကို မထိန်းနိုင်မည်ကိုလည်း စိုးရိမ်နေသည်။
ထို့ကြောင့် လင်းဟုန်ကို လက်ဝါးနှစ်ဖက်ဖြင့်သာ ပင့်ချီထားပြီး လက်မောင်းများဖြင့် ဝိုင်းရံထားလိုက်ရသည်။
သူမက ပျာပျာသလဲ ပြောသည် "အို... သူ့ကို ဘယ်လိုချီရမှာလဲ... သူက တစ်ချိန်လုံး လှုပ်စိလှုပ်စိ လုပ်နေတာပဲ"
"အိယ"
လင်းဟုန်လေးသည် သူမ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေရင်း ရင်းနှီးနေသော အနေအထားနှင့် နူးညံ့အိစက်သော အဖုအထစ်ကို ရုတ်တရက် ခံစားမိသွားသည်။
နို့သောက်ရတော့မည်ဟု မသိစိတ်မှ ထင်မှတ်သွားပြီး သူ၏ စားစရာဆီသို့ လက်လှမ်းကာ ဆုပ်ကိုင်ရန် ကြိုးစားတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသော ဟန်ရှန်းမန်၏ လှပသော မျက်နှာလေးမှာ ချက်ချင်း နီရဲသွားပြီး ကလေး၏ ဂုတ်ပိုးကို အမြန်ဆွဲမကာ သူမ၏ လက်မောင်းများကို အတတ်နိုင်ဆုံး အဝေးသို့ ဆန့်ထုတ်ထားလိုက်သည်။
သူမက ထိတ်လန့်တကြား အော်ဟစ်သည် "လင်းယွမ်... လင်းယွမ်... သူ့ကို အမြန် လာပြန်ခေါ်သွားပါတော့"
စိတ်လှုပ်ရှားလွန်းသဖြင့် အစ်ကို ဟူသော အသုံးအနှုန်းကိုပင် မခေါ်နိုင်တော့ဘဲ လင်းယွမ်၏ နာမည်ကိုသာ တိုက်ရိုက် ခေါ်လိုက်တော့သည်။
လင်းယွမ်သည် သူ၏ နတ်ရေစင်ဖီးနစ်ငှက် မျိုးရိုးဗီဇအသွင်သဏ္ဍာန်ကို ထုတ်မပြရသေးခင်မှာပင် သူမ၏ ရုတ်တရက် အော်ဟစ်သံကို ကြားလိုက်ရသဖြင့် အနောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရသည်။
သူမ၏ ပုံစံကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောမိသွားပြီး မေးသည်။ "ဘာဖြစ်လို့လဲ... ငါ့သားက သရဲ တစ္ဆေမှ မဟုတ်တာ... မင်းက ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ"
ဟန်ရှန်းမန်၏ မျက်နှာလေးမှာ နီရဲနေဆဲဖြစ်ပြီး ပျာပျာသလဲ ပြန်ပြောသည် "သူ... သူ ဗိုက်ဆာနေပုံရတယ်... အိမ်ပြန်ခေါ်သွားပြီး သူ့ကို တစ်ခုခု အမြန်သွားကျွေးလိုက်ပါ"
"ဒါဆို... ကျွန်မ ပြန်ပြီး စွမ်းအားတွေကို အရင် သွားတည်ငြိမ်အောင် လုပ်လိုက်ဦးမယ်... အားမှပဲ စကားဆက်ပြောကြတာပေါ့... တာ့တာ"
သူမသည် ရေစီးကြောင်းတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး "ဝှစ်" ဟူသော အသံနှင့်အတူ ကောင်းကင်ယံထဲသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားလေသည်။
ကပျာကယာ ထွက်ပြေးသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း လင်းယွမ်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရ၏။
ရင်ခွင်ထဲတွင် ငြိမ်ငြိမ်မနေသော လင်းဟုန်ကို ငုံ့ကြည့်လိုက်ပြီး ပါးလေးကို အသာအယာ ဆွဲလိမ်လိုက်သည်။
"နင်က ဒီအရွယ်လေးနဲ့ လူလည်ကျတတ်နေပြီပေါ့လေ... နေ့လယ်က မေမေ နို့ဝအောင် မတိုက်လိုက်ဘူးလား"
"ဒီကောင်စုတ်လေး"
လင်းယွမ် ခေါင်းခါယမ်းလိုက်ပြီး လင်းဟုန်ကို ပွေ့ချီကာ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။
"အမမေ... အမမေ"
အိမ်ထဲ ဝင်ဝင်ချင်းပင် လင်းယွမ်က ရန်မေကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။
အသံကြားသဖြင့် လင်းယာသည် မီးဖိုချောင်ထဲမှ အပြေးအလွှား ထွက်လာပြီး စပ်စုချင်စိတ်ဖြင့် မေးသည် "ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ"
လင်းယွမ်က အကျယ်ကြီး အော်ငိုနေသော လင်းဟုန်ကို ပွေ့ချီထားရင်း ပြောသည် "တုတု ဗိုက်ဆာနေပုံရတယ်... အသေအလဲ ငိုနေတာပဲ... အမမေ ပြန်ရောက်ပြီလား"
"မရောက်သေးဘူး... လာ... ကျွန်မကို ပေးကြည့်"
လင်းယာသည် သူမ၏ အဖြူရောင် သိုးမွေးအင်္ကျီကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ လက်ကို အလျင်အမြန် သုတ်လိုက်သည်။
ယခုအချိန်တွင် သိုးမွေးအင်္ကျီများမှာ အလွန် ရှားပါးနေပြီ ဖြစ်သည်။ ဤအဝတ်အစားများကို လင်းယွမ်က သူမ၏အိမ်မှ သိမ်းဆည်းသယ်ဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ညစ်ပတ်သွားပါက အသစ်ပြန်ဝယ်ရန် နေရာ လုံးဝ မရှိတော့ပေ။
သို့သော် ယခုအချိန်တွင် သူမသည် ထိုအရာများကို အရေးမစိုက်နိုင်တော့ဘဲ ကလေးငယ်ကိုသာ အာရုံစိုက်နေမိသည်။
သူမက လင်းဟုန်ကို လှမ်းယူပွေ့ချီလိုက်ရာ လင်းယွမ်က အလျင်အမြန် ပြောသည် "အမမေ့ကို ကျွန်တော် သွားရှာလိုက်ဦးမယ်"
လင်းယာက အမြန်တားသည် "အို... ကိုလင်းယွမ်... မလောပါနဲ့... သွားစရာ မလိုပါဘူး"
လင်းယွမ် နားမလည်စွာဖြင့် သူမကို လှည့်ကြည့်လိုက်သည်။
ထိုအခါ လင်းယာက ဆက်ပြောသည် "ရေခဲသေတ္တာထဲမှာ မနက်ကတည်းက ရန်မေ ညှစ်ထားခဲ့တဲ့ နို့ရည်တွေ ရှိတယ်... အဲဒါလေး နွှေးပြီး တုတု့ကို တိုက်လိုက်လို့ ရပါတယ်"
ထိုစကားကို ကြားသည်နှင့် လင်းယွမ်က အလျင်အမြန် ပြောသည် "ကျွန်တော် သွားယူပြီး နွှေးလိုက်မယ်... တုတု့ကို ခဏလောက် ထိန်းထားပေးဦး"
လင်းယာ ခေါင်းညိတ်ပြီး ပြန်ပြောသည် "ဟုတ်ကဲ့ပါ... အပေါ်ဆုံး ပထမထပ်မှာ... ဆယ်ထုပ်လောက် ရှိတယ်"
လင်းယွမ် ရေခဲသေတ္တာတံခါးကို အမြန်ဆွဲဖွင့်လိုက်ရာ ပထမအထပ်တွင် အဖြူရောင် လေစုပ်ပလတ်စတစ်အိတ်များ အပြည့်စီစီရီရီ ရှိနေသည်ကို တကယ်ပင် တွေ့လိုက်ရသည်။
လင်းယွမ် တစ်ထုပ်ကို အလွယ်တကူ ဆွဲယူလိုက်ပြီးနောက် ချက်ချင်း အံ့အားသင့်သွားသည်။ ဤတစ်ထုပ်၏ ပမာဏမှာ မနည်းလှပေ။
သူက အိတ်ပေါ်ရှိ အချင်အတွယ် အမှတ်အသားကို တစ်ချက် ကြည့်လိုက်သည်။ ၁ လီတာ ကိုတောင် ကျော်လွန်နေပြီပဲ။
လင်းယွမ်သည် လင်းယာဘက်သို့ လှည့်ကာ မေးသည် "၁ လီတာ က လောက်ပါ့မလား"
လင်းယာက ပြန်ဖြေသည် "ဒီတစ်ထုပ် အရင် တိုက်ကြည့်လိုက်ပါ... မလောက်မှ ထပ်နွှေးတာပေါ့"
လင်းယွမ်က ထိုနို့ရည်ထုပ်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး နို့ဘူးထဲသို့ လျင်မြန်စွာ လောင်းထည့်ကာ အပူပေးစက်ဖြင့် စတင် နွှေးလေသည်။
နို့ဘူးအပူပေးစက်နှင့် ဤလေစုပ်ပလတ်စတစ်အိတ်များ အားလုံးသည် လင်းယွမ်က စနစ်ထဲမှ အထူးတလည် လဲလှယ်ယူထားခြင်းဖြစ်ပြီး အားလုံးမှာ အသစ်စက်စက်များ ဖြစ်ကြသည်။
တန်ဖိုး သိပ်မကြီးသော်လည်း ထိုက်ယန်တောင် တစ်ခုလုံးတွင် ဒါမျိုး တစ်ခုတည်းသာ ရှိသည်ဆိုသည်ကိုတော့ အသေအချာပင်။
သူက နို့ရည်ကို လျင်မြန်စွာ အပူပေးလိုက်သည်နှင့် မွှေးပျံ့သော နို့နံ့လေး ပျံ့လွင့်လာသည်။
"ဒင်" ဟူသော အသံနှင့်အတူ အပူပေးခြင်း ပြီးဆုံးသွားပြီးနောက် လင်းယွမ်သည် နို့ဘူးအကြီးကို ထုတ်ယူကာ လင်းယာထံသို့ ချက်ချင်း ကမ်းပေးလိုက်သည်။
လင်းယာက နို့သီးခေါင်းကို လင်းဟုန်လေး၏ ပါးစပ်ထဲသို့ လျင်မြန်စွာ တေ့ပေးလိုက်သည်။
ချက်ချင်းပင် လင်းဟုန်လေး၏ ငိုသံ ရပ်တန့်သွားပြီး ပါးစပ်လေးဖြင့် နို့ဘူးကို အားရပါးရ စတင်စို့လေတော့သည်။ အသားပြည့်ပြည့် ဖောင်းမို့နေသော လက်သေးသေးလေး နှစ်ဖက်ဖြင့်လည်း နို့ဘူးကို တင်းကျပ်စွာ ဖက်ထား၏။
"ဂလု... ဂလု"
ကလေးငယ်မှာ အငမ်းမရ အာသာငမ်းငမ်း သောက်နေပြီး မျက်လုံးလေးများ မှေးစင်းသွားကာ အားပါးတရ စို့နေလေသည်။
သူ မည်မျှအထိ အားစိုက်နေသည်ကို ပြသနေသည့်အလား ပြင်းပြင်းထန်ထန် အသက်ရှူသံလေးများကိုပင် ကြားနေရသည်။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းယွမ်၏ မျက်နှာပေါ်တွင် ဖခင်တစ်ဦး၏ မေတ္တာအပြည့်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
လင်းယာက ပြောသည် "အို... ကုန်တောင် ကုန်တော့မယ်... ကိုလင်းယွမ်... တစ်ထုပ်တော့ လောက်မှာ မဟုတ်ဘူး... ဒီကလေးက အစားပုတ်တယ်... နောက်ထပ် တစ်ထုပ်လောက် ထပ်နွှေးပေးပါဦး"
လင်းယွမ် ချက်ချင်း ရယ်မောလိုက်ပြီး အမြန်ပြန်ပြောသည် "ဟုတ်ကဲ့ပါ"
သူက နို့ရည်ကို နွှေးနေရင်းနှင့် မေးလိုက်သည် "တုတု ဒီလောက်အများကြီး သောက်တာ ပြဿနာ မရှိဘူးမလား"
ကလေးမထိန်းဖူးသော်လည်း ကပ်ဘေးမတိုင်မီက ဗီဒီယိုအတိုလေးများ ကြည့်ဖူးပြီး ကလေးထိန်းသည့် ဗီဒီယိုအချို့ကို တွေ့ဖူးထားသည်။ မွေးကင်းစကလေးတစ်ယောက်အနေဖြင့် လီတာဝက် ခန့် သောက်လျှင်ပင် မနည်းလှတော့ပေ။
ကိုယ့်သားကျမှ ဘာလို့ ဒီလောက် အများကြီး သောက်နိုင်နေရတာလဲ။
လင်းယာက ပြုံး၍ ပြောသည် "ခေတ်ကြီးက မတူတော့ဘူးလေ ကိုလင်းယွမ်ရဲ့... တုတုက ရေလွှမ်းမိုးမှုကြီး ပြီးမှ မွေးလာတာဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကပ်ဘေးမတိုင်ခင်က ကလေးတွေနဲ့ မတူတော့ဘူး"
"သူ ဖွံ့ဖြိုးကြီးထွားဖို့အတွက် အာဟာရတွေ ပိုပြီး လိုအပ်တယ်လေ... ရန်မေက ကျန်းမာရေးကောင်းပြီး နို့ထွက်များလို့သာပေါ့... သာမန်လူဆိုရင် တကယ်ကို တိုက်နိုင်မှာ မဟုတ်ဘူး"
လင်းယွမ် အံ့အားသင့်သွားသည်။ ဤရှုထောင့်မှ သူ လုံးဝ မတွေးမိခဲ့ပေ။
လင်းယာ ထိုသို့ပြောလိုက်မှသာ သူ သဘောပေါက်သွားတော့သည်။
ဟုတ်ပေသည်။ ကပ်ဘေးအလွန် ကလေးငယ်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ကပ်ဘေးမတိုင်မီက ကလေးများထက် အဆပေါင်းများစွာ ပိုမို သန်မာနေပြီ ဖြစ်သည်။
ထို့အပြင် တုတု၏ ခန္ဓာကိုယ်တွင် ပိုမိုတက်ကြွသော ဆဲလ်များ ရှိနေသည်မှာ သိသာထင်ရှားလှသည်။ သန္ဓေပြောင်းစွမ်းအင်၏ ပြုစုပျိုးထောင်မှုကိုပင် ခံထားရသဖြင့် သဘာဝအလျောက် ဇီဝကမ္မဖြစ်စဉ်များ ပိုမိုမြန်ဆန်ကာ အာဟာရ လိုအပ်ချက်မှာလည်း ပိုများပြားလာခြင်း ဖြစ်သည်။
ထိုအချက်ကို တွေးမိသည်နှင့် ရန်မေ၏ ဆွဲဆောင်မှု အပြည့်ရှိသော ကိုယ်လုံးကိုယ်ပေါက်ကို သူ ပြန်မြင်ယောင်မိသွားသည်။
မိမိ၏ အလှအပခံစားမှု အမြင်များ အမြဲတမ်း မှန်ကန်နေခဲ့သည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာမိသွားသည်။ သူရွေးချယ်ထားသော အမျိုးသမီးအချို့မှာ နို့ရည် ခန်းခြောက်သွားမည် မဟုတ်ကြောင်း သေချာလှသည်။
ထိုသို့တွေးရင်း သူက လင်းယာကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။
ဒီနေရာကလည်း အတော်လေး ပြည့်ဖြိုးနေသည့်ပုံ ပေါက်သည်။
လင်းယာမှာ အာရုံခံစားမှု အလွန် ထက်မြက်သူဖြစ်ရာ လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်သည်နှင့် တစ်စုံတစ်ခုကို ချက်ချင်း သတိထားမိသွားပြီး မျက်နှာလေး အနည်းငယ် နီရဲသွားသည်။
သူမ အလျင်အမြန် မေးလိုက်သည် "ရပြီလား... တုတု သောက်လို့ ကုန်တော့မယ်"
လင်းယွမ်က နို့ဘူးအသစ်ကို အမြန်လှမ်းပေးလိုက်ပြီး ပြန်ဖြေသည် "ရပြီ... ရပြီ... ရော့"
လင်းယာက နို့ဘူးကို လှမ်းယူလိုက်ပြီး ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် လင်းဟုန်ကို ဆက်လက် တိုက်ကျွေးနေသည်။
လင်းယွမ်က ပြောသည် "လင်းယာ... ဒီရက်ပိုင်း အရည်သောက်စရာလေးတွေ များများ ထည့်ပေးပြီး ရန်မေ့ကို အားဖြည့်ပေးလိုက်ပါဦး"
လင်းယာ ခေါင်းညိတ်လိုက်သည် "ဟုတ်ကဲ့ပါ... ကျွန်မတို့ ထမင်းစားတိုင်း ငါးဟင်းချိုတွေ ပါပါတယ်"
လင်းယွမ် ပြုံးလိုက်သည် "ခင်ဗျားလည်း ပင်ပန်းသွားပြီ"
လင်းယာ ခေါင်းခါပြသည် "မပင်ပန်းပါဘူးရှင်... တုတုက ကျွန်မရဲ့ မွေးစားသားပဲ ဟာကို"
"အို"
သူမ ထိုစကားကို ပြောပြီးသည်နှင့် ရင်ဘတ်တွင် ရုတ်တရက် စိုစွတ်ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် အခြေအနေ မကောင်းတော့မှန်း သိလိုက်ပြီး ငုံ့ကြည့်လိုက်ရာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
လင်းယွမ် အလျင်အမြန် လှမ်းကြည့်လိုက်ပြီး မေးသည် "ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ"
ကြည့်လိုက်သည်နှင့် လင်းယွမ် တစ်ယောက် မှင်သက်သွားတော့သည်။
သူမ၏ ရင်ဘတ်တစ်ခုလုံး စိုရွှဲနေပြီး ပါးလွှာသော သိုးမွေးအင်္ကျီလေးမှာ ကိုယ်လုံးနှင့် တင်းကျပ်စွာ ကပ်နေကာ သူမ၏ မောက်ကြွနေသော အလှတရားများကို ထင်ရှားစွာ ပေါ်လွင်စေသည်။
"ဂေ့"
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာပင် လင်းဟုန်လေးက ဗိုက်ဝသွားသဖြင့် လေချဉ်တစ်ချက် တက်လိုက်ပြီး မျက်နှာလေးမှာ အိပ်ချင်မူးတူး ပုံစံလေး ဖြစ်နေသည်။
လင်းယွမ်က လင်းဟုန်လေး၏ ဘောင်းဘီခွကြားကို ကြည့်လိုက်ရာ... ဟိုက်... ဒီကောင်လေး သေးပါချလိုက်ပြီပဲ။
ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင် လင်းယာ၏ ကိုယ်ပေါ်သို့ သေးပါချလိုက်ခြင်း ဖြစ်နေသည်။
လင်းယွမ် ရှေ့သို့ အမြန်တိုးသွားပြီး ကလေးငယ်ကို ယူချီလိုက်ကာ လင်းယာအား ပျာပျာသလဲ ပြောသည် "အားနာပါတယ်ဗျာ... တောင်းပန်ပါတယ်... ဒီကောင်စုတ်လေးကတော့..."
လင်းယာလည်း ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး အမြန် ပြန်ပြောသည် "ကိစ္စမရှိပါဘူး... တုတုက ဘယ်လောက် မှရှိသေးလို့လဲ... စကားတောင် မပြောတတ်သေးတာ... ဒီအရွယ်လေး သေးပေါက်ချတာက ပုံမှန်ပါပဲ... ကျွန်မလည်း နေ့တိုင်း သူ့အိပ်ရာခင်းတွေ လျှော်ပေးနေရတာပဲကို"
"ကျွန်မ သွားဆေးလိုက်ဦးမယ်... သူ့ကို ခဏ ထိန်းထားပေးပါ"
လင်းယွမ် အမြန် ခေါင်းညိတ်လိုက်သည် "ဟုတ်ကဲ့ပါ... ကျွန်တော့်တာဝန်ထားလိုက်... လုပ်စရာရှိတာ သွားလုပ်ပါ"
လင်းယာသည် သုံးလှမ်းကို နှစ်လှမ်းဖြင့် ရေချိုးခန်းထဲသို့ အလျင်အမြန် ဝင်သွားသည်။
တကယ်တော့ ရင်ဘတ်နေရာက အတော်လေး အနေရခက်နေပြီး လင်းယွမ်၏ အကြည့်ကြောင့် သူမကို မျက်နှာပူစေသည်။
ရေချိုးခန်းထဲ ရောက်သည်နှင့် သူမသည် သိုးမွေးအင်္ကျီကို အမြန် ချွတ်ချလိုက်ရာ မောက်ကြွနေသော ရင်အုံအလှကို ပန်းရောင် အတွင်းခံလေးဖြင့် ဖုံးအုပ်ထားပြီး ဧရာမ ဂျုံမုန့်လုံးကြီး နှစ်လုံးအလား တုန်ခါနေသည်။
သူမက အတွင်းခံကို အလျင်အမြန် ချွတ်လိုက်ရာ အတွင်းခံပါ စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
မတတ်နိုင်တော့ဘဲ အဝတ်လျှော်စက်ထဲသို့ အားလုံး ပစ်ထည့်လိုက်ပြီးနောက် လှည့်ကာ ရေချိုးလိုက်ရတော့သည်။
ရေနွေးဖြင့် ချိုးလိုက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် ရုတ်တရက် ထိတ်လန့်သွားသည့် အရိပ်အယောင် ပေါ်လာသည်။
"ဒုက္ခပါပဲ... အဝတ်လဲဖို့ ယူမလာရသေးဘူး"
စောစောက သူမ အဝင်လောသွားခဲ့သည်။ တစ်ချက်က ကိုယ်ပေါ်တွင် စိုရွှဲနေပြီး အလွန်အနေရခက်နေသောကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ သေးစိုသွားခြင်းဖြစ်၍ သဘာဝကျကျ အမြန် လဲလှယ်ဆေးကြောချင်သောကြောင့် ဖြစ်သည်။
သို့သော် လောလွန်းသွားသဖြင့် အဝတ်အစားနှင့် မျက်နှာသုတ်ပုဝါ ယူလာရန်ပင် မေ့လျော့သွားခဲ့သည်။
သူမ ချက်ချင်းပင် ရင်ပူသွားရသည်။ ယခု အိမ်တွင် သူမနှင့် လင်းယွမ် နှစ်ယောက်တည်းသာ ကျန်ရှိနေသည် မဟုတ်ပါလော။
လင်းယွမ်ကို အကူအညီတောင်းပြီး သွားယူခိုင်း၍ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။
အကယ်၍ သူသာ အထင်လွဲသွားပါက သူမ ဘယ်လို မျက်နှာပြရဲတော့မည်နည်း။
တစ်ခဏအတွင်း လင်းယာမှာ စိတ်ရှုပ်ထွေး ပျာယာခတ်သွားပြီး ရေချိုးခန်းထဲတွင် အချိန်ဆွဲကာ အတော်ကြာအောင် ရေချိုးနေမိသည်။
"မဖြစ်ဘူး... ညစ်ပတ်နေတဲ့ အဝတ်ကိုပဲ အရင် ပြန်ဝတ်လိုက်မယ်... ခဏနေ အဝတ်သစ်ယူပြီးမှ ပြန်လာချိုးတော့မယ်"
ထိုသို့တွေးပြီး သူမသည် အဝတ်လျှော်စက်ထဲမှ စောစောက ညစ်ပတ်သွားသော အဝတ်များကို ပြန်လည် ထုတ်ယူလိုက်ရသည်။
ထိုသိုးမွေးအင်္ကျီမှာတော့ ပြန်ဝတ်၍ မရတော့ပေ။ လင်းဟုန်လေး၏ သေးများ စိုရွှဲနေသဖြင့် သူမ ပြန်ဝတ်ရန် လုံးဝ သတ္တိမရှိတော့ချေ။
ကံကောင်းသည်မှာ ကြိုးတစ်ချောင်းအင်္ကျီနှင့် အတွင်းခံလေး ကျန်ရှိနေသေးခြင်းပင်။
သို့သော် မျက်နှာသုတ်ပုဝါ မရှိသဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲနေပြီး သုတ်ရန် အရာဝတ္ထု မရှိပေ။
ထို့ကြောင့် သိုးမွေးအင်္ကျီ၏ ခြောက်သွေ့နေသော အစိတ်အပိုင်းကို ရွေးကာ ရိုးရိုးရှင်းရှင်းသာ သုတ်လိုက်ရသည်။
ထို့နောက် အတွင်းခံကို လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီး ကြိုးတစ်ချောင်းအင်္ကျီကို စွပ်လိုက်သည်။
အောက်ပိုင်းတွင်လည်း ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်မှသာ အပြင်ထွက်နိုင်သည့် အခြေအနေသို့ ရောက်သွားတော့သည်။
သူမသည် မှန်ထဲမှ မိမိကိုယ်ကို တစ်ချက်ကြည့်လိုက်ရာ ချက်ချင်း မျက်နှာ နီရဲသွားသည်။
ကြိုးတစ်ချောင်းအင်္ကျီမှာ ပခုံးပေါ်တွင် သေးသွယ်သော ကြိုးနှစ်ချောင်းသာ ချိတ်ဆွဲထားပြီး သူမ၏ အတွင်းခံကြိုးလောက်ပင် မကျယ်ပေ။
ရင်အုံမှာ အလွန် ပြည့်ဖြိုးလွန်းသဖြင့် ကြိုးတစ်ချောင်းအင်္ကျီလေးမှာ အနည်းငယ် ပုံပျက်သွားသည်အထိ ဆွဲဆန့်ခံထားရပြီး ကြီးမားလှသော ရင်သားအဟိုက်ကို ပေါ်လွင်နေစေသည်။
ဤကဲ့သို့ ဝတ်ဆင်ထားခြင်းက တကယ်ကို လွန်လွန်းနေသည်။
သို့သော် အခြေအနေက ဤသို့ဖြစ်နေပြီမို့ သူမတွင်လည်း အခြားကောင်းမွန်သော နည်းလမ်း မရှိတော့ပေ။
"ကိုလင်းယွမ် ဧည့်ခန်းထဲမှာ မရှိဘဲ သူ့အခန်းထဲ ပြန်သွားပါစေလို့ ဆုတောင်းရမှာပဲ"
လင်းယာ စိတ်ထဲမှ ဆုတောင်းရင်း ရေချိုးခန်းတံခါးကို တိတ်တဆိတ် ဖွင့်လိုက်သည်။
သူမက ခေါင်းကို အရင်ထုတ်ကာ အပြင်ဘက်သို့ တစ်ချက် အကဲခတ်လိုက်သည်။
ဧည့်ခန်းထဲတွင် လူမရှိသည်ကို မြင်သောအခါ သူမ ချက်ချင်း ဝမ်းသာသွားသည်။
ချက်ချင်းပင် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရေချိုးခန်းထဲမှ အလျင်အမြန် ထွက်လာကာ သူမ၏ အခန်းထဲသို့ အဝတ်အစားသွားယူရန် ပြင်လိုက်သည်။
သို့သော် ခြေတစ်လှမ်း လှမ်းလိုက်ရုံ ရှိသေးသည်၊ မီးဖိုချောင်ဘက်ဆီမှ "ဒေါင်" ဟူသော အသံကို ကြားလိုက်ရသည်။
တစ်စုံတစ်ရာနှင့် ဝင်တိုက်မိသွားပုံရသည်။
သူမ၏ ပြည့်ဖြိုးသော ကိုယ်လုံးလေးမှာ ချက်ချင်း တုန်ခါသွားပြီး မီးဖိုချောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လင်းယွမ်က သူမကို မျက်လုံးအပြူးသားဖြင့် မှင်သက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ လက်တစ်ဖက်တွင် လင်းဟုန်ကို ချီထားဆဲဖြစ်ပြီး အခြားလက်တစ်ဖက်တွင် နို့ဘူးကို ကိုင်ထားဆဲပင်။
လင်းယာမှာလည်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ချက်ချင်း ဖြစ်သွားပြီး တစ်ကိုယ်လုံး မျက်နှာ နီရဲသွားကာ လည်ပင်းနှင့် ပခုံးများပါ ချက်ချင်း နီမြန်းလာတော့သည်။
သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး လှည့်ကာ သူမ၏ အခန်းထဲသို့ အလောတကြီး ပြေးဝင်သွားလေတော့သည်။
ဆက်ရန်...