← Chapters

အခန်း (၇၆၇-၇၆၈)

Vol. 39 Ch. 767-768

အခန်း (၇၆၇-၇၆၈)

Vol. 39 Ch. 767-768

အပိုင်း (၇၆၇) ဗစ်တိုးရီးယားဒီဇိုင်း

လင်းယွမ်က ခေါင်းကိုမော့ကာ ဆေးရည်ကို ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်၏။

"ဂလု... ဂလု"

ဆေးရည်အားလုံးကို အကုန်အစင် မျိုချပစ်လိုက်ပြီ ဖြစ်သည်။

လင်းယွမ်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ လှည့်ပတ်စီးဆင်းနေသော အပူလှိုင်းများကို ခံစားနေလိုက်၏။

ထို့နောက် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူ၏ အသိစိတ်တစ်ခုလုံးကို မိမိ၏ မျိုးရိုးဗီဇမြေပုံဖြစ်သော "အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ" အပေါ်သို့ အပြည့်အဝ စူးစိုက်ထားလိုက်သည်။

သူ၏ အာရုံခံစားမှုနှင့်အတူ ခန္ဓာကိုယ်အတွင်းရှိ အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၏ မျိုးရိုးဗီဇများက အလွန်လျင်မြန်စွာ နိုးကြားတက်ကြွလာကြ၏။

လင်းယွမ်က မျက်လုံးမှိတ်လျက် မျိုးရိုးဗီဇများကို အလျင်အမြန် ချိန်ညှိကာ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ဝင်ရောက်သွားလေသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် နာရီဝက်ခန့် အကြာတွင်မူကား။

မျက်လုံးမှိတ်ထားသော လင်းယွမ်က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။

သူ၏ မျက်ဝန်းအိမ်များတွင် ခန့်မှန်းရခက်သော ထူးခြားသည့် အရောင်အဝါများ လင်းလက်နေသည်။

သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော စွမ်းအင်အရှိန်အဝါများမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုပြောင်းလဲမှုက ပြင်ပအမြင်တွင် သိပ်ပြီး သိသာခြင်းတော့ မရှိပေ။

"လူသားပုံစံမှာဆိုရင်တော့ ငါ့ရဲ့ မျိုးရိုးဗီဇ အရည်အသွေးတွေက နည်းနည်း ထပ်တက်လာတာပဲ"

"နှမြောစရာပဲ... လူသားပုံစံ ခန္ဓာကိုယ်က အမြဲတမ်း ကန့်သတ်ချက်တွေ ရှိနေတော့ အများကြီး မြင့်တက်လာအောင် လုပ်လို့မရဘူး"

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီးနောက် တီးတိုး ရေရွတ်လိုက်၏ "စနစ်"

"ဝှစ်"

စနစ် အရည်အသွေး ဇယားကွက်က လျင်မြန်စွာ ပွင့်လာသည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၅၃

ခွန်အား - ၁၅၄

အလျင် - ၁၅၃

စိတ်စွမ်းအင် - ၁၆၇

ဘုံအရည်အသွေးမှတ်များ - ဝ

မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲမြေရိုင်းဝက်ဝံ၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၊ တွင်းနက်အရိပ်နဂါး၊ လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ၊ ရဲရဲတောက် မီးလင်းယုန်၊ နတ်ရေစင်ဖီးနစ်ငှက်၊ အမွေးရှည်ဆင်ကြီး၊ ရွှေမွေးခြင်္သေ့မိစ္ဆာ

မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (၄၇%)

အသွင်တစ်ရာ ပင်ကိုယ်အစွမ်း - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲမြေရိုင်းဝက်ဝံ၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၊ တွင်းနက်အရိပ်နဂါး၊ လိပ်ဝိညာဉ် ပုံရိပ်ယောင်မြွေ၊ ရဲရဲတောက် မီးလင်းယုန်၊ နတ်ရေစင်ဖီးနစ်ငှက်၊ အမွေးရှည်ဆင်ကြီး၊ ရွှေမွေးခြင်္သေ့မိစ္ဆာ

ပင်ကိုယ်အစွမ်း - မျိုးရိုးဗီဇ အသွင်တစ်ရာ၊ သုမာရု ဟင်းလင်းပြင်၊ တွင်းနက်အရိပ်ကမ္ဘာ၊ ကြယ်ရေခဲဘောလုံး၊ တစ်ကိုယ်နှစ်စိတ်၊ လေဟာနယ် လျှပ်စီးမီးတောက်၊ ချောက်နက်ရေလှိုင်း၊ တောင်လို မယိမ်းမယိုင်၊ လျှပ်စီးမျို

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...

အမှတ် - ၁၂၃၂၁ မှတ်

မျက်စိရှေ့တွင် ပေါ်လာသော စနစ် အရည်အသွေး မှတ်တမ်းကို ကြည့်ရင်း လင်းယွမ်က ပြုံးလိုက်သည်။

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၄၇ ရာခိုင်နှုန်းအထိ တက်သွားပြီပဲ"

"အမှတ် သုံးသန်းတောင် ပေးပြီး လဲလှယ်ထားရတဲ့ မျိုးရိုးဗီဇမြေပုံ ကိုက်ညီဆေးရည်ဆိုတော့ တကယ်ကို စွမ်းတာပဲ"

"နာရီဝက်လေး အတွင်းမှာတင် ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ၁၄ ရာခိုင်နှုန်းတိတိ တက်သွားစေတယ်"

ကိုက်ညီဆေးရည် မသောက်မီက လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ ၃၃ ရာခိုင်နှုန်းသာ ရှိသော်လည်း နာရီဝက်အတွင်းမှာပင် ဆေးရည်၏ အကူအညီဖြင့် ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဤသို့ဖြင့် ထိုက်ယန်တောင် တစ်ခုလုံးတွင် သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာ အခြားသူများနှင့် ယှဉ်၍မရနိုင်လောက်အောင် ထိပ်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်၏။

လင်းယွီရုံ ပင်လျှင် ၄၀ ရာခိုင်နှုန်းသို့ ကပ်သီးလေး ရောက်ရှိရုံသာ ရှိသေးသည်။

လက်ရှိ မိမိ၏ စွမ်းရည်ဖြင့် မျိုးရိုးဗီဇပုံစံပြောင်းလိုက်ပါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သက်သက်ဖြင့်ပင် စစ်သင်္ဘောကြီးများ၏ စွမ်းအင်အမြောက် တိုက်ခိုက်မှုကို ခုခံနိုင်လောက်ပြီဟု လင်းယွမ်က ခန့်မှန်းမိသည်။

"အခု လက်ရှိစွမ်းရည်နဲ့ဆိုရင် ကောင်းကင်က မိုးကြိုးမုန်တိုင်းတွေကိုရော တောင့်ခံနိုင်မလား မသိဘူး"

လင်းယွမ်က အနည်းငယ် မျှော်လင့်တကြီး ဖြစ်လာပြီး မိုးကြိုးတိမ်တိုက်များကြားသို့ သွားကာ သူ၏ လက်ရှိ အကာအကွယ် စွမ်းရည်ကို စမ်းသပ်ကြည့်ချင်စိတ်များ ပေါ်လာသည်။

သူက မှတ်တမ်းကို ထပ်မံ ကြည့်ရှုလိုက်ရာ လူသားပုံစံတွင်လည်း သူ၏ မျိုးရိုးဗီဇ အရည်အသွေးမှတ်များ သိသိသာသာ တိုးတက်လာသည်ကို တွေ့လိုက်ရ၏။

ယခုဆိုလျှင် အရည်အသွေးတိုင်းက အမှတ် တစ်ရာ့ငါးဆယ် အထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု နှစ်ခုဆိုလျှင် အမှတ် တစ်ရာ့ခြောက်ဆယ်ကျော်အထိပင် ရှိနေလေပြီ။

"ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဒီလောက်အထိ တက်လာတာ... အသွင်တစ်ရာ မျောက်ဝံမိစ္ဆာက အစကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သားရဲ ဖြစ်နေလို့များလား"

ဤအကြောင်းပြချက်မှလွဲ၍ အခြား အကြောင်းပြချက်ကို စဉ်းစား၍မရသဖြင့် လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းနေမိသည်။

ယခင်ကတည်းက သူသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် အထူးတလည် အမှတ် ပေါင်းထည့်ခဲ့ခြင်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇ အရည်အသွေးမှတ်များကိုသာ ဘုံအရည်အသွေးမှတ်များ အသုံးပြု၍ အမြဲ မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုဆိုလျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးက သိသိသာသာကို ကပ်လိုက်လာပြီ ဖြစ်သည်။

လင်းယွမ်က အနည်းငယ် စဉ်းစား သုံးသပ်လိုက်သည် "အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့ကို မနိုးထခင်က... ငါ့ရဲ့ အစွမ်းက ဆင့်ကဲပြောင်းလဲခြင်း အစွမ်းပဲ"

"ဒီအစွမ်းက ခန္ဓာကိုယ်ပြောင်းလဲတာကို ပိုပြီး အသားပေးတယ်ဆိုတော့... အသွင်တစ်ရာ မျောက်ဝံမိစ္ဆာကလည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား မျိုးရိုးဗီဇသားရဲ ဖြစ်ဖို့ သေချာသလောက်ပဲ"

"ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးကို ဒီလောက်အထိ တိုးလာတာနေမယ်"

"အခု လက်ရှိ မျိုးရိုးဗီဇ အရည်အသွေးနဲ့ဆိုရင် လူသားပုံစံဖြစ်နေရင်တောင် အရမ်းကို ကြောက်စရာကောင်းနေပြီ"

အနာဂတ်တွင် တစ်စုံတစ်ယောက်က စွမ်းအင်ချိတ်ပိတ် အစီအရင် ကဲ့သို့သော လက်နက်မျိုးကို အသုံးပြု၍ သူ့ကို လာရောက် တိုက်ခိုက်မည်ဆိုပါက သူ အသွင်မပြောင်းလျှင်တောင်မှ အကုန်လုံးကို အလွယ်တကူ သုတ်သင်နိုင်လိမ့်မည်ဟု လင်းယွမ်က တွေးမိလိုက်သည်။

ထို့အပြင် စွမ်းအင်ချိတ်ပိတ် အစီအရင်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားသော ထိပ်တန်းအစွမ်းပိုင်ရှင်များကို ချိတ်ပိတ်ထားနိုင်မည် မဟုတ်ပေ။

သူက ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ ခန္ဓာကိုယ်မှ ခွန်အားများကို အသားကျစေရန် လှုပ်ရှားကြည့်လိုက်၏။

"၄၇ ရာခိုင်နှုန်း အဆင့်ဆိုတော့ အမှတ်တွေလည်း အကုန် ပြောင်သွားပြန်ပြီ"

"ဒါပေမဲ့ ကိစ္စမရှိဘူး... နောက်ပိုင်း ကိုယ့်ဘာသာကိုယ် ကျင့်ကြံရင် တစ်နေ့ကို သုညဒဿမသုံး ရာခိုင်နှုန်း တက်မယ်ဆိုတော့ ဆယ်ရက်အတွင်း ၅၀ ရာခိုင်နှုန်းကို ကျော်သွားလောက်ပါပြီ"

စွမ်းအင်စုဝေးအဆောက်အအုံမှ ထွက်လာချိန်တွင် ကောင်းကင်မှာ မှောင်မိုက်နေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တွင် လူအတော်များများက စွမ်းအင်စုဝေးအဆောက်အအုံကို အသုံးပြုရန် တန်းစီ စောင့်ဆိုင်းနေကြဆဲပင်။

လင်းယွမ်က တစ်ချက် ကြည့်လိုက်ပြီး စွမ်းအင်စုဝေးအဆောက်အအုံ၏ အထပ်များကို ဆက်လက် တိုးချဲ့မှ ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အသုံးပြုရန် လုံလောက်မည် မဟုတ်ကြောင်း တွေးလိုက်သည်။

"ဒါပေမဲ့ လောစရာတော့ မလိုသေးဘူး... ရေခဲလွှာတွေက မကြာခင် အရည်ပျော်တော့မှာဆိုတော့ အဲဒီအချိန်ကျရင် ရေပြင်ကြီးက ဆက်ပြီး မြင့်တက်လာဦးမှာ"

"အဲဒီအချိန်ကျရင် ထိုက်ယန်တောင်ကို ဆက်ပြီး ထိန်းထားနိုင်ပါ့မလား မသိဘူး... ဒီ အဆောက်အအုံတွေ အကုန်လုံးကို ရေပေါ်ကျွန်းဆီ ပြောင်းရွှေ့ရတော့မှာ"

"ဆောက်လုပ်ရေးဌာနက လူတွေကို ပိုပြီး ကြိုးစားခိုင်းမှ ရမယ်... ထိုက်ယန်တောင်... မိန်တောင်နဲ့ ကျွယ်ယွင်တောင်စောင်း သုံးခုလုံးက သယံဇာတတွေ အကုန်လုံးကို အမြန်ဆုံး တူးဖော်ပစ်မှ ဖြစ်မှာ... မဟုတ်ရင် အရမ်း နှမြောစရာ ကောင်းတယ်"

ထိုကိစ္စများကို စဉ်းစားရင်းဖြင့် လင်းယွမ်က အိမ်ရှိရာသို့ လျှောက်သွားလိုက်သည်။

ဈေးဝယ်စင်တာကြီးရှေ့ရှိ ကွင်းပြင်ကို ဖြတ်သွားစဉ် ရုတ်တရက် ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးက လင်းယွမ်၏ ရှေ့တွင် လာပိတ်ရပ်လိုက်၏။

"ကိုလင်းယွမ်"

ချွဲနွဲ့သော အမျိုးသမီးအသံလေး ထွက်ပေါ်လာသဖြင့် လင်းယွမ် မော့ကြည့်လိုက်ရာ ဝိုင်အရောင် ဆွဲဆောင်မှုရှိသည့် ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားသော ကျွမ်းရှုယွမ်က သူ၏ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က အနည်းငယ် ကြောင်သွားပြီး အံ့သြတကြီး မေးလိုက်သည် "ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ"

ကျွမ်းရှုယွမ်က နှုတ်ခမ်းကို မဲ့လိုက်ပြီး ညည်းညူလိုက်သည် "ကျွန်မ ဒီမှာ စောင့်နေတာ ညနေခင်း တစ်ခုလုံးတောင် ရှိနေပြီ"

လင်းယွမ်က အံ့သြသွားပြီး "အရေးကြီးတဲ့ သတင်း အချက်အလက် ရှိလို့လား"

ကျွမ်းရှုယွမ်က လှပသော မျက်ဝန်းများကို ဝေ့ဝဲလိုက်ကာ ပြုံးလျက် ဖြေလိုက်သည် "ဟုတ်တယ်... တကယ် အရေးကြီးတဲ့ သတင်းပဲ"

သူမ၏ မျက်လုံးများက အရည်လဲ့နေပြီး ဆွဲဆောင်မှုရှိအောင် ဟန်ဆောင်နေသည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်၏ စိတ်ထဲတွင် ချက်ချင်း သဘောပေါက်သွားလေသည်။

ဒီမိန်းမ စိတ်ကစားနေတာပဲ။

သူက တည်ငြိမ်သော မျက်နှာထားဖြင့် မေးလိုက်သည် "ဘာသတင်းလဲ"

"လျှို့ဝှက်ချက်လေ... ဒီမှာက လူတွေ အများကြီးပဲ ဆရာလင်း... ကျွန်မ အိမ်ကို လိုက်ခဲ့ပါလား... အဲ့ဒီရောက်မှ ပြောပြမယ်"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "မင်းအိမ်ကို သွားရမယ် ဟုတ်လား"

ကျွမ်းရှုယွမ်က လင်းယွမ်ကို မျှော်လင့်တကြီး ကြည့်ကာ "ဟုတ်တယ်လေ... အရေးကြီးတဲ့ လျှို့ဝှက်ချက် ရှိလို့ပါ"

လင်းယွမ်က စိတ်ထဲမှ ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည် "လမ်းပြ"

ကျွမ်းရှုယွမ်က ချက်ချင်း ဝမ်းသာသွားပြီး အမြန် ပြောလိုက်သည် "ကောင်းပါပြီ"

သူမက တင်ပါးကို လှုပ်ခါလျက် ရှေ့မှ လျှောက်သွားသည်။ အလွန် သိသာထင်ရှားသော ခါးနှင့် တင်ပါး အချိုးအစားကြောင့် သူမ၏ လမ်းလျှောက်ဟန်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။

ကိုယ်ကျပ် ချီဖောင်ဂါဝန်၏ ပံ့ပိုးမှုအောက်တွင် ဧရာမ မက်မွန်သီးကြီး နှစ်လုံးကို ဖွက်ထားသည့်အလား ပုံဖော်နေသည်။

လက်ဝါးဖြင့် နှစ်ချက်လောက် ရိုက်ချင်စိတ် ပေါက်သွားစေရန် အမှန်ပင် ညှို့ငင်နေတော့၏။

လင်းယွမ် ပင်လျှင် ရင်ထဲတွင် မီးဟုန်းဟုန်း တောက်လောင်လာသည်ကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားရသည်။

"ဒီ မိစ္ဆာမကတော့..."

လမ်းတစ်လျှောက်လုံး နှစ်ယောက်သားက နားလည်မှု ရှိစွာဖြင့် ခပ်ခွာခွာ လျှောက်လာခဲ့ကြသည်။

ကွင်းပြင်ထဲရှိ လူများက လင်းယွမ်ကို မြင်သည်နှင့် ချက်ချင်း ရိုသေလေးစားစွာ နှုတ်ဆက်ကြ၏။

လင်းယွမ်ကလည်း ပြုံး၍ ပြန်လည် နှုတ်ဆက်ကာ ရင်းနှီးသူများနှင့် တွေ့ပါက ခေတ္တရပ်၍ စကားပြောလေ့ ရှိသည်။

ရှေ့မှသွားနေသော ကျွမ်းရှုယွမ်ကမူ မာနကြီးသော ဌာနမှူးကျွမ်း ၏ ဟန်ပန်ကို ဖမ်းကာ မိမိဘာသာ ဆက်လျှောက်သွားနေသည်။

သို့သော် လင်းယွမ်နှင့် ပေ ၃၀၀ ကျော်ခန့် ဝေးကွာသွားသည်နှင့် သူမက အလိုအလျောက် ခြေလှမ်းများကို နှေးပစ်လိုက်သည်။

လင်းယွမ် ပြန်မီလာသည့်အချိန် ရောက်မှသာ ရှေ့သို့ ဆက်လျှောက်သွားပြန်၏။

ဤကဲ့သို့ အကြိမ်ကြိမ် လုပ်ဆောင်ရင်းဖြင့် နှစ်ယောက်သား တဖြည်းဖြည်း ဝေးကွာသွားကြကာ လူနေအိမ်ရာဇုန် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

ကျွမ်းရှုယွမ်၏ အိမ်မှာ ယခင် ကျောက်တုံးအိမ် မဟုတ်တော့ဘဲ ဈေးဝယ်စင်တာနှင့် ပိုမို နီးကပ်သော ဂူအိမ်လေး ဖြစ်နေပြီ ဖြစ်သည်။

ဤဂူအိမ်လေးများသည် ဈေးဝယ်စင်တာအနီးတွင် အစောဆုံး ထိုက်ယန်တောင် လူများက ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်၏။

ထိုစဉ်က သိပ်ပြီး ထူးခြားမှု မရှိသော်လည်း နောက်ပိုင်းတွင် ထိုက်ယန်တောင် ဈေးဝယ်စင်တာကြီးကို အစဉ်တစိုက် တိုးချဲ့လာသည်နှင့်အမျှ ဤအိမ်များက ပို၍ တန်ဖိုးတက်လာခဲ့သည်။

ကျွမ်းရှုယွမ်သည် သိုင်းဘုရင်ဂေဟာမှ သုံ့ပန်းအဖြစ် ထိုက်ယန်တောင်သို့ ဝင်ရောက်လာသူ ဖြစ်ရာ ပုံမှန်အားဖြင့် သူမ ရောက်လာချိန်တွင် ဤဂူအိမ်လေးများ အားလုံး လူပြည့်နေပြီ ဖြစ်သည်။

သူမ နေထိုင်ရန်အတွက် အိမ်ကျန်နေစရာ အကြောင်း လုံးဝ မရှိပေ။

သို့သော် သူမက ယခု ဤနေရာသို့ ပြောင်းရွှေ့လာနိုင်ခဲ့ပြီး ဈေးဝယ်စင်တာနှင့် သိပ်မဝေးသလို အရမ်းလည်း မနီးလွန်းသော နေရာကောင်းတစ်ခု ဖြစ်နေသည်။

ဈေးဝယ်စင်တာမှ ဆူညံသံများကိုလည်း မကြားရသည့်အပြင် နေရောင်ခြည်ဇုန် နယ်နိမိတ်အတွင်းလည်း ပါဝင်နေသဖြင့် နေရောင်ခြည်ဇုန်ရှိ သန္ဓေပြောင်း နေကြာပန်းများ၏ အလင်းရောင်ကိုလည်း ရရှိနိုင်သေးသည်။

ဤကဲ့သို့သော နေရာမျိုးမှာ သေချာပေါက်ကို အလွန် အဖိုးတန်လှပေသည်။

လင်းယွမ်က ဤဂူအိမ်လေးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။

သူက ကျွမ်းရှုယွမ်ကို ကြည့်ကာ ခပ်လေးလေး အသံဖြင့် မေးလိုက်သည် "ဒီအိမ်က မင်းအိမ် မဟုတ်ဘူးလို့ ငါ မှတ်မိပါတယ်"

သူ၏ လေသံ မကောင်းသည်ကို ကြားလိုက်ရသဖြင့် ကျွမ်းရှုယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

သူမက အလွန် ဉာဏ်ကောင်းသူ ဖြစ်ရာ လင်းယွမ် ဘာတွေးနေသည်ကို ချက်ချင်း သဘောပေါက်သွား၏။

ထို့ကြောင့် အလျင်အမြန် ရှင်းပြလိုက်သည် "ဒါက သူများဆီကနေ ကျွန်မ ဝယ်ထားတာပါ... လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ထားတာ မဟုတ်ရပါဘူး"

"အစအဆုံး ဆောက်လုပ်ရေးဌာနက လူတွေကိုပဲ ရှေ့ထွက်ခိုင်းတာပါ... ကျွန်မ လုံးဝ မျက်နှာ မပြထားပါဘူး"

လင်းယွမ်၏ မျက်နှာ အနည်းငယ် တင်းမာသွားပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည် "မင်း ဝယ်ထားတာ ဟုတ်လား... မင်းမှာ အဲဒီလောက် အမှတ် အများကြီး ရှိလို့လား"

"ဒီနေရာက ဈေးဝယ်စင်တာနား ကပ်နေတာ... အိမ်တွေက ဘယ်လောက် တန်ဖိုးကြီးလဲဆိုတာ မင်းရော ငါရော အသိဆုံးပဲ"

မိမိလက်ထဲရှိ လုပ်ပိုင်ခွင့်ကို အသုံးချကာ ကိုယ်ကျိုးရှာသူများကို လင်းယွမ် အမုန်းဆုံး ဖြစ်ကြောင်း ကျွမ်းရှုယွမ် သိထားသည်။

ယခင်က သားသတ်ရုံရှိ ချိုင်ကြည်၏ လက်အောက်ငယ်သား တစ်စု အဂတိလိုက်စားကြောင်း လင်းယွမ် သိသွားချိန်တွင် လင်းယွမ်က လုံးဝ ညှာတာမှု မရှိခဲ့ပေ။

ထိုသူများမှာ မိန်တုဥယျာဉ် မှစ၍ လင်းယွမ်နှင့်အတူ အခက်အခဲများကို ကျော်ဖြတ်လာခဲ့သော အဖော်များပင် ဖြစ်သည်။

လူတိုင်းက ဆရာလင်း၏ သည်းခံနိုင်မှု အတိုင်းအတာကို ကောင်းကောင်း သိထားကြသည်။

လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ခြင်းမျိုးကို လုံးဝ မလုပ်သင့်ပေ။

ကျွမ်းရှုယွမ်က လင်းယွမ်၏ စရိုက်ကို ပို၍ပင် ရှင်းလင်းစွာ သိထားသဖြင့် ဤကဲ့သို့သော မိုက်မဲသည့် အလုပ်မျိုးကို သဘာဝကျကျပင် လုပ်မည် မဟုတ်ပေ။

သူမက အလျင်အမြန် ရှင်းပြသည် "ရှင်လည်း သိတဲ့အတိုင်း ကျွန်မရဲ့ အစွမ်းက စိတ်ကို ဖတ်လို့ရတယ်လေ... ဖမ်းမိလာတဲ့ သုံ့ပန်း တော်တော်များများက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုယ်နဲ့ တစ်ပါတည်း သယ်မလာကြဘူး... နေရာတစ်ခုခုမှာ လျှို့ဝှက် သိမ်းထားတတ်ကြတာ"

"ဒါက ကျွန်မ ကိုယ့်အရည်အချင်းနဲ့ကိုယ် သွားယူလာတာပါနော်... လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တာ မဟုတ်ပါဘူး"

ဤစကားကို ကြားလိုက်ရသောအခါ လင်းယွမ် တစ်ချက် ကြောင်သွားမိသည်။

ကျွမ်းရှုယွမ်တွင် ဤကဲ့သို့သော ဓနဥစ္စာ ရှာဖွေနိုင်သည့် လမ်းကြောင်း ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူမက စုံစမ်းစစ်ဆေးရေးဌာန၏ ရာထူးကို အသုံးချကာ အနိုင်ကျင့် ဗိုလ်ကျခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူ၏ မျက်နှာထား ပြေလျော့သွား၏။

"ကြည့်ရတာ မင်း တော်တော်များများ ရထားပုံပဲ"

သူ၏ မျက်နှာထား ပြေလျော့သွားသည်ကို မြင်လိုက်ရသဖြင့် ကျွမ်းရှုယွမ်လည်း သက်ပြင်းချနိုင်သွားပြီး ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည် "ကျွန်မလည်း တခြား နည်းလမ်းမရှိလို့ပါ... အခုက အရွယ်လေး ရှိနေသေးလို့ တစ်ယောက်ယောက် နောက်လိုက်ပြီး ဌာနမှူး ရာထူးလေး ရနေတာလေ... နောက်ပိုင်း အသက်ကြီးလာရင် ဘာမှ ရှိတော့မှာ မဟုတ်ဘူး"

"တရားဝင် နေရာတစ်ခုမှ မရတာ... ကျွန်မ နောင်ရေးအတွက် နည်းနည်းပါးပါးတော့ ရှာထားရမှာပေါ့"

ထိုစကားကို ကြားလိုက်ရသဖြင့် လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်မိသည်။

ဒီမိန်းမက တရားဝင် နေရာတောင် လိုချင်နေသေးတာလား။

သူက ခပ်ဟဟ ရယ်မောလိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည် "အဲဒါဆိုလည်း များများလေး စုထားပေါ့"

ထိုစကားကို ကြားလိုက်ရသောအခါ ကျွမ်းရှုယွမ်၏ မျက်ဝန်းများတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်သည် "ဒီလောက် ဉာဏ်ကောင်းတဲ့လူက မိန်းကလေးတွေကိုကျ ဘယ်လို ချော့ရမလဲဆိုတာ မသိဘူးလား"

လင်းယွမ်က သူမကို တစ်ချက်ကြည့်ပြီး မေးလိုက်သည် "ငါက မိန်းကလေးတွေကို ချော့ဖို့ လိုလို့လား"

ကျွမ်းရှုယွမ် ချက်ချင်းပင် ဆွံ့အသွားရသည်။

ဟုတ်တာပေါ့... သူလို အာဏာရှိပြီး စွမ်းရည်မြင့်မားတဲ့ လူတစ်ယောက်အတွက် ဘယ်လို မိန်းမမျိုးကိုမဆို ရနိုင်တာပဲ မဟုတ်လား။

ဒီခိုလှုံရေးစခန်းမှာ သူ့ကုတင်ပေါ် တက်ချင်လွန်းလို့ အတင်းတိုးဝှေ့နေကြတဲ့ မိန်းမတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ဟမ့်... ဘာပဲဖြစ်ဖြစ် ဒီမမကတော့ သူ့ကို အရင် အိပ်ရမှာပဲ။

ထိုသို့ တွေးလိုက်မိသည်နှင့် ကျွမ်းရှုယွမ်၏ စိတ်အခြေအနေက ချက်ချင်း ပြန်ကောင်းလာတော့သည်။

သူမက ချက်ချင်း ပြုံးလိုက်ပြီး "အင်းပေါ့... ရှင်က ဆရာလင်းပဲလေ... လက်တစ်ဖျစ် တီးလိုက်တာနဲ့ မိန်းမတွေ အများကြီး ရောက်လာမှာပေါ့"

စကားပြောနေရင်းဖြင့် သူမက အိမ်တံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

လင်းယွမ်ကလည်း သူမနောက်မှ လိုက်ဝင်သွားရာ အိမ်အတွင်းတွင် သစ်သားကြမ်းခင်းများကို ခင်းကျင်းထားပြီး နံရံလေးဘက်စလုံးတွင်လည်း သစ်သားပြားများကို အသေအချာ တပ်ဆင်ထားသည်ကို တွေ့လိုက်ရ၏။

ပရိဘောဂများမှာလည်း အစုံအလင် ပါရှိပြီး နေရာ သိပ်မကျယ်သော်လည်း လူတစ်ယောက် နေထိုင်ရန်အတွက်မူ လုံလောက်လှပေသည်။

ကျွမ်းရှုယွမ်က "ကျွန်မ စဝယ်တုန်းကတော့ ဒီနေရာက စုတ်ပျက်နေတာပဲ... အသုံးကျတဲ့ ပရိဘောဂဆိုလို့ ဘာမှ မရှိဘူး... အလှဆင်ထားတာကလည်း အရမ်းကို ညံ့ဖျင်းလွန်းတယ်"

"ဒီက ပရိဘောဂတွေ အကုန်လုံးက ကျွန်မ ပိုက်ဆံ အများကြီး အကုန်ခံပြီး ဈေးဝယ်စင်တာနဲ့ ရေအောက်ရတနာရှာဖွေရေးအဖွဲ့ဆီကနေ ဝယ်လာတာတွေချည်းပဲ"

"ဘယ်လိုလဲ... ကြည့်ကောင်းတယ်မလား"

သူမက နောက်လှည့်ကာ လင်းယွမ်ကို ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်သည်။

လင်းယွမ်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "မဆိုးပါဘူး... နွေးနွေးထွေးထွေး ရှိပါတယ်... အပျိုကြီး တစ်ယောက် နေဖို့တော့ လုံလောက်ပါတယ်"

ကျွမ်းရှုယွမ်က သူ့ကို ချက်ချင်း မျက်စောင်းထိုးလိုက်၏。

လင်းယွမ်က မေးလိုက်သည် "မင်းပြောတဲ့ လျှို့ဝှက်ချက်ကရော"

ကျွမ်းရှုယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "ဒီမှာ ရှိနေတယ်လေ"

ထိုသို့ပြောရင်း သူမက ဝိုင်အရောင် စကတ်လေးကို ဖြည်းညင်းစွာ ဖြေချလိုက်ရာ ပိုးသားအနီရောင် စကတ်လေးမှာ ရေစီးကြောင်းအလား ချက်ချင်း လျှောကျသွားပြီး သူမ၏ နို့နှစ်ရောင်အလား စိုပြည်နေသော အသားအရေကို ပေါ်လွင်သွားစေသည်။

အလွန် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်မှာ လေထုထဲတွင် ချက်ချင်း ဗလာကျင်းသွားလေတော့၏။

အလွန် ဆွဲဆောင်မှု ပြင်းထန်သော အတွင်းခံ တစ်စုံက လင်းယွမ်၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လာသည်။

ခရမ်းရောင် ဇာပေါက် ကိုယ်ကျပ်အင်္ကျီလေးက သူမ၏ ကြီးမားလှသော ရင်သားများကို ပင့်တင်ပေးထားသည်။

အနက်ရောင် ဇာခြေအိတ်ရှည်လေးများက ပေါင်တံများကို တင်းကြပ်စွာ ဖုံးအုပ်ထားပြီး ပေါင်ရင်းတွင် တပ်ဆင်ထားသော ပေါင်စည်းကြိုးလေးက လျှို့ဝှက်ဆန်းကြယ်ကာ မျက်စိကျစရာ ကောင်းနေလေသည်။

ကျွမ်းရှုယွမ်က ပြုံးလျက် ပြောလိုက်သည် "ဘယ်လိုလဲ... ဒီတစ်စုံက ကျွန်မ တော်တော်ကြာအောင် လိုက်ရှာထားရတာ... နှမြောလွန်းလို့ အခုထိ မဝတ်ရသေးဘူး"

"ဗစ်တိုးရီးယားက နာမည်ကြီး မော်ဒယ်တွေ ဝတ်တဲ့ ဒီဇိုင်းမျိုးလေးနော်"

ဆက်ရန်...

အပိုင်း (၇၆၈) မုန်တိုင်းမလာမီ

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ရေခဲနှင့် နှင်းများ အရည်ပျော်ကျသည့် နှုန်းမှာ များစွာ မြန်ဆန်လာခဲ့ပြီး ရေမျက်နှာပြင်မှာလည်း သိသိသာသာ မြင့်တက်လာသည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။

ထို့ကြောင့် လင်းယွမ်က ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်း စသည့် ကျွန်းသုံးကျွန်းရှိ သယံဇာတ အရင်းအမြစ်များ တူးဖော်ခြင်းကို အရှိန်မြှင့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ရေခဲများ အရည်မပျော်မီ အဆိုပါ အရင်းအမြစ် အားလုံးကို ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်းသို့ မဖြစ်မနေ အကုန်ရွှေ့ပြောင်းရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ ထုတ်ပြန်ထားသည့် ခေတ်ဟောင်းမှ သတ္တုများ စုဆောင်းရေး ကြေညာချက်မှာလည်း အံ့မခန်း အကျိုးသက်ရောက်မှု ရှိခဲ့သည်။

ထိုက်ယန်တောင် အင်အားစု လက်အောက်ရှိ ရေပေါ်ကျွန်းများမှ လူအားလုံးက အဆိုပါ ကြေညာချက်ကို တက်ကြွစွာ တုံ့ပြန်ခဲ့ကြပြီး ရေအောက်သတ္တုများ ဆယ်ယူသည့် လုပ်ငန်းစဉ်တွင် ပါဝင်လာကြသည်။

အဆိုပါ သတ္တုများကို ဆယ်ယူနိုင်သည်နှင့် ထိုက်ယန်တောင်သို့ သွားရောက် ရောင်းချနိုင်ပြီး အမှတ် အမြောက်အမြားဖြင့် လဲလှယ်နိုင်မည် ဖြစ်သည်။

ရေခဲလွှာအောက်တွင် နစ်မြုပ်နေသော ခေတ်ဟောင်း သတ္တုပစ္စည်းများမှာ မရေမတွက်နိုင်အောင် ရှိနေသည်ကို သိထားရမည်။

လမ်းမီးတိုင်များ ဖြစ်စေ၊ လူနေအိမ် အဆောက်အအုံများ ဖြစ်စေ၊ စွန့်ပစ်ထားသော ကားများ ဖြစ်စေ အားလုံးတွင် သံနှင့် သတ္တုများ အမြောက်အမြား ပါဝင်နေကြသည်။

ရေကြီးမှုကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤသတ္တုများမှာ အလွယ်တကူ ဆွေးမြေ့ပျက်စီးသွားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အစွမ်းပိုင်ရှင်များအတွက်မူ ရေထဲဆင်းပြီး အဆိုပါ ပစ္စည်းများကို ဆယ်ယူရခြင်းမှာ ပိုက်ဆံကောက်ရသကဲ့သို့ ဖြစ်နေတော့သည်။

ခဏချင်းမှာပင် ထိုက်ယန်တောင် အင်အားစု တစ်ခုလုံး၌ ခေတ်ဟောင်း၏ သတ္တုများ ဆယ်ယူရေး လှုပ်ရှားမှုကြီး တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

ကြေးစားတပ်ဖွဲ့ အသီးသီးနှင့် ရေအောက်ရတနာရှာဖွေရေး အဖွဲ့များသည် လူသစ်များကို အမြောက်အမြား ခေါ်ယူနေကြပြီး ရေကွင်းသင်္ကေတများ၊ ရေငုပ်ကိရိယာများ စသည့် ပစ္စည်းများမှာလည်း ပြတ်လပ်သွားသည်အထိ ရောင်းကောင်းနေခဲ့သည်။

ထိုသို့သော အခြေအနေအောက်တွင် ထိုက်ယန်တောင်သည် ခေတ်ဟောင်းမှ သတ္တု အမြောက်အမြားကို ရရှိခဲ့သည်။

လက်နက်စက်ရုံ တစ်ခုလုံးသည်လည်း နေ့ရောညပါ အနားမယူဘဲ ဆက်တိုက် လည်ပတ်နေရသည့် လုပ်ငန်းစဉ်ကို စတင်ခဲ့ရသည်။

မကြာမီမှာပင် ကင်းစောင့်စက်ရုပ် အမြောက်အမြား၊ ထိုက်ယန်တောင် အမျိုးအစား ယာဉ်ပျံများ၊ ရွေ့လျား စစ်မြေပြင် သံချပ်ကာကားများ စသည့် စက်ကိရိယာများကို အမြန်ဆုံး ထုတ်လုပ်နိုင်ခဲ့သည်။

ထိုက်ယန်တောင် တစ်ခုလုံးသည် အလွန် လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု ကာလထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ထိုလဝက်ခန့် အချိန်အတွင်းတွင် လင်းယွမ်၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုမှာလည်း ထပ်မံ မြင့်တက်လာခဲ့ပြီး ၄၈.၆% သို့ ရောက်ရှိသွားရာ ဤတိုးတက်မှုနှုန်းမှာ သူ မျှော်မှန်းထားသည်ထက်ပင် ပိုမို ကျော်လွန်နေခဲ့သည်။

"ကြည့်ရတာ ဒီလကုန်မတိုင်ခင် ၅၀% ကို ကျော်နိုင်လောက်တယ်"

"သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာရဲ့ အာနိသင်က မဆိုးဘူးပဲ... နောက်လာမယ့် လဝက်အတွင်းမှာ ငါအပျင်းထူနေလို့ မဖြစ်ဘူး"

လင်းယွမ်က စိတ်ထဲမှ တွေးတောလိုက်ပြီး တစ်ဖက်တွင် ကြိုးစား လေ့ကျင့်ရင်း အခြားတစ်ဖက်တွင်လည်း မိသားစု ဘဝကို ဟန်ချက်ညီအောင် ထိန်းကျောင်းနေခဲ့သည်။

ထိုနေ့တွင် လေ့ကျင့်ခြင်း ပြီးဆုံးပြီးနောက် လင်းယွမ် အိမ်သို့ ပြန်လာခဲ့သည်။

အိမ်ရောက်ရောက်ချင်း လင်းယာတစ်ယောက် လင်းဟုန်လေးကို ပွေ့ချီထားရင်း ဟင်းရွက်သင်နေသည်နှင့် အတိအကျ ဆုံလေသည်။

သို့သော် လင်းဟုန်လေးက တငိုငိုတယိုယို ဖြစ်နေသဖြင့် သူမအနေဖြင့် ဟင်းရွက်သင်ရာတွင် အာရုံစိုက်၍ မရနိုင်ဘဲ ဖြစ်နေသည်။

၎င်းကို မြင်လိုက်ရသောအခါ လင်းယွမ်က မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး အမြန် လျှောက်သွားကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

လင်းယာက လင်းယွမ်ကို မြင်သောအခါ ပြန်ဖြေသည်။ "ခုနက သူ အခန်းထဲမှာ ဆော့နေရင်း... စားပွဲပေါ်က တစ်ရှူးဗူးကို မတော်တဆ တွန်းချမိပြီး ခေါင်းကို လာမှန်သွားလို့လေ"

ထိုစကားကို ကြားသောအခါမှ လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး "အဲဒါဆိုလည်း ဘာမှမဖြစ်ပါဘူး... ကျွန်တော်ပဲ ချီထားလိုက်မယ်" ဟု ပြောလိုက်သည်။

လင်းယာက "အင်း" ဟု ပြန်ထူးလိုက်ပြီး လင်းဟုန်လေးကို လင်းယွမ်ထံသို့ ကမ်းပေးလိုက်သည်။

လင်းယွမ်၏ လက်မောင်းများက သူမ၏ ရင်ခွင်ထဲမှ ဖြတ်သွားကာ လင်းဟုန်လေးကို ပွေ့ချီလိုက်သည်။

သို့သော် လင်းယာ၏ ရင်သားများမှာ အလွန် ထွားကြိုင်းလွန်းနေသဖြင့် မလွှဲမရှောင်သာဘဲ ပွတ်တိုက်မိသွားလေသည်။

ထိုအခါ လင်းယာ၏ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားပြီး လက်ကို အမြန် လွှတ်ကာ အနောက်သို့ တစ်လှမ်းဆုတ်၍ အကွာအဝေးကို ခွာလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က ဖြစ်ပွားခဲ့သော ရင်ခုန်ဖွယ် ကိစ္စရပ်ပြီးနောက်ပိုင်း သူမနှင့် လင်းယွမ်တို့ နှစ်ယောက်တည်း ရှိနေချိန်တိုင်းတွင် တစ်ခုခု လိုအပ်နေသလို၊ သို့မဟုတ် ရှက်ရွံ့နေသလိုမျိုး လေထုကို အမြဲတမ်း ခံစားနေရသည်။

သူတို့နှစ်ဦးစလုံးက ထိုသို့သော အခြေအနေမျိုးကို ရှောင်ရှားရန် အစွမ်းကုန် ကြိုးစားနေကြသော်လည်း ထိုလေထုက အကြောင်းပြချက် မရှိဘဲ ပေါ်လာတတ်မြဲပင်။

လူများနေချိန်တွင် အဆင်ပြေသော်လည်း သူတို့နှစ်ယောက်တည်း ရှိနေသည့် အခြေအနေမျိုး၌ ထိုလေထုက ပိုမို ပြင်းထန်လာတတ်သည်။

ပြီးခဲ့သည့် ညက ဖြစ်ပွားခဲ့သော ဆူညံသံများကြောင့် လင်းယာကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီးနောက် နောက်တစ်နေ့တွင် လင်းယွမ်က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ သွားရောက်ကာ အသံလုံ သင်္ကေတများ ရှိ၊ မရှိ သွားရောက် ရှာဖွေခဲ့သည်။

သို့သော် ပါမောက္ခ လီဟန်ကျုံး ကမူ အသံလုံ သင်္ကေတများမှာ အသုံးပြုရ အဆင်ပြေသော်လည်း အိမ်တွင် အသုံးပြုရန် အကြံမပြုကြောင်း လင်းယွမ်ကို သတိပေးခဲ့သည်။

ထိုစဉ်က လင်းယွမ် နားမလည်ခဲ့သဖြင့် လီဟန်ကျုံးက အစောပိုင်းတုန်းက လန်ယွဲ့ဟွာ၏ လူများ သူ၏အိမ်တွင်းသို့ မည်သို့မည်ပုံ ခိုးဝင်လာခဲ့ကြသည့် ကိစ္စကို ပြန်လည် သတိပေးခဲ့သည်။

ထိုအခါမှ လင်းယွမ် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဟုတ်ပေသည်... အိမ်တွင် အသံလုံ သင်္ကေတများကို အသုံးပြုလိုက်ပါက အိမ်တွင်း၌ ဆူညံသံများ ရှိတော့မည် မဟုတ်ပေ။

သို့သော် ရန်သူများ ခိုးဝင်လာခဲ့ပါက သူတို့၏ လှုပ်ရှားသံများပါ ပျောက်ကွယ်သွားမည် မဟုတ်ပါလော။

ထို့ကြောင့် လင်းယွမ်က ထိုအကြံကို စွန့်လွှတ်လိုက်ပြီး မိမိအိမ်၏ နံရံများတွင် အသံကာ ရေမြှုပ်ပြားများကဲ့သို့သော အရာများကို ကပ်ထားလိုက်သည်။ ဘာမှမရှိသည်ထက်တော့ ပိုကောင်းပေလိမ့်မည်။

လင်းယွမ်က ထိုရှက်ရွံ့စရာကောင်းသော အခြေအနေကို ဖြိုခွင်းလိုက်ပြီး "ကျွန်တော့်ဘာသာ ဧည့်ခန်းထဲ ခေါ်သွားလိုက်ပါ့မယ်... ခင်ဗျား အလုပ်ဆက်လုပ်လေ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့..."

လင်းယာက မျက်နှာလေး ရဲလာရင်း တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

ဧည့်ခန်းထဲတွင် လင်းယွမ်က သားဖြစ်သူကို စတင် ဆုံးမတော့သည်။

နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် ချော့မြူပြီးနောက်တွင် ယောကျာ်းကောင်းလေး တစ်ယောက် ဖြစ်လာစေမည့် အကြောင်းများကို စတင် ပြောပြနေတော့သည်။

"ဖေဖေ့ သားလေး တုတုက ယောကျာ်းပဲကို... တစ်ချက်လောက် အမှန်ခံရတာကို ဘာလို့ ငိုနေရတာလဲ"

"ဒီနားက နာသွားတာလား... လာ... ဖေဖေ ပွတ်ပေးမယ်"

"မငိုနဲ့တော့... မငိုနဲ့တော့နော်"

မီးဖိုချောင်ထဲရှိ လင်းယာသည် ဟင်းရွက်သင်ရင်း ဧည့်ခန်းထဲမှ ပြောဆိုသံများကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

သူမက ချက်ချင်းပင် ပါးစပ်ကို အမြန် ပိတ်ထားလိုက်သော်လည်း မျက်လုံးထောင့်ရှိ အပြုံးများကိုမူ မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

လင်းယွမ်သည် အဝေးတွင် ရှိနေသော်လည်း သူ၏ အံ့မခန်း စိတ်စွမ်းအင် ၁၆၁ မှတ် ရှိနေသဖြင့် မီးဖိုချောင်ထဲမှ လှုပ်ရှားသံများကို မည်သို့လျှင် မကြားဘဲ နေမည်နည်း။

ချက်ချင်းပင် သူလည်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

အပြင်ဘက်တွင် သတ်ဖြတ်ရာ၌ ပြတ်သားပြီး တည်ကြည် ခန့်ညားသူ တစ်ဦး ဖြစ်သော်လည်း အိမ်ပြန်ရောက်ပြီး သားဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရချိန်တွင်မူ သာမန် ဖခင်တစ်ဦးသာ ဖြစ်ကြောင်း ပြန်တွေးမိသွားသည်။

ဤကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေမှုက အမှန်တကယ်ပင် လူကို အံ့အားသင့်စေသည်။

လင်းယွမ်က မီးဖိုချောင်ဘက်သို့ မနေနိုင်ဘဲ တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ဤတစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့မျက်လုံးများကို ချက်ချင်းပင် ဖယ်ခွာ၍ မရတော့ပေ။

မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဟင်းရွက်သင်နေသည့် လင်းယာကို တွေ့လိုက်ရပြီး သူမ ဝတ်ဆင်ထားသော ရိုးရာဂျင်းဘောင်းဘီအောက်မှ လုံးဝန်းတင်းရင်းနေသော တင်ပါးများက ဂျင်းဘောင်းဘီကို တင်းကြပ်နေစေရာ မြင်ရသူအဖို့ သွေးကြောများပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားစေသည်။

လင်းယွမ်က စက္ကန့်အနည်းငယ်မျှ ကြည့်နေမိပြီးနောက် အကြည့်ကို အမြန်လွှဲဖယ်လိုက်ကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး "လင်းယာ... ကျွန်တော် တုတုကို အပြင်ခေါ်သွားပြီး တစ်ပတ်လောက် လမ်းလျှောက်လိုက်ဦးမယ်... ထမင်းစားချိန်ကျမှ ပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။

လင်းယာက ခေါင်းမော့လာပြီး "ဟုတ်ကဲ့ပါ... နောက်ထပ် နာရီဝက်လောက်ဆိုရင် ထမင်းစားလို့ရပြီ ထင်တယ်" ဟု ပြန်ဖြေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ကောင်းပါပြီ" ဟု ပြောလိုက်သည်။

သူက လင်းဟုန်လေးကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့သော်လည်း သူ၏ ခေါင်းထဲတွင်မူ မျက်လုံးကို ဖမ်းစားနိုင်သော ထိုမြင်ကွင်းက မသိမသာ ဝင်ရောက်လာမြဲပင် ဖြစ်သည်။

နာရီဝက် ကြာပြီးနောက် လင်းယွမ် အိမ်သို့ ပြန်ရောက်လာသည်။

ရန်မေလည်း အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

မကြာသေးမီ ကာလများအတွင်း သူမသည် ထမင်းအနပ်တိုင်း နီးပါး လာရောက် စားသောက်လေ့ရှိသည်။

လင်းယွမ် ပြန်မလာမီက သူမသည် မနက်နှင့် ညတွင်သာ ထမင်းပြန်စားလေ့ ရှိသည်ကို သိထားရမည်။

လင်းယွမ်နှင့် အတူတူ နေချင်လွန်း၍လား၊ သို့မဟုတ် တစ်ခုခုကို စိုးရိမ်နေ၍လား ဆိုသည်ကိုမူ မသိရပေ။

ကံကောင်းထောက်မစွာဖြင့် လဝက်ခန့် အချိန်အတွင်း အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်နေသဖြင့် သူမကို သက်ပြင်းချနိုင်စေခဲ့သည်။

နေ့လယ်စာကို လင်းယွမ်၊ ရန်မေ၊ လင်းယာနှင့် လင်းဟုန် လေးယောက်သားသာ စားသောက်ကြသည်။

ဆုန့်ဝမ်နှင့် တုံယန်တို့မှာ အလွန် အလုပ်များနေသဖြင့် ထမင်းပြန်စားရန်ပင် အချိန်မရှိကြပေ။

စိုက်ပျိုးရေးဌာနသည် စိုက်ပျိုးပင်များကို ပြောင်းရွှေ့စိုက်ပျိုးရန် လုပ်ဆောင်နေပြီး တောင်ပေါ်ရှိ မြက်နှင့် သစ်ပင်များကိုပင် နည်းလမ်းပေါင်းစုံဖြင့် ပြောင်းရွှေ့နိုင်သမျှ အကုန် ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြသည်။

ဘာပဲဖြစ်ဖြစ် ထိုက်ယန်တောင် ရေလွှမ်းမိုးခံရသည်နှင့် အဆိုပါ အပင်များလည်း ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

"ဒါနဲ့ ယန်ယန်ရော... ဘာလို့ ပြန်မလာတာလဲ" ဟု ရန်မေက သံသယဖြင့် မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ကျွယ်ယွင်တောင်စောင်း ဘက်က မွေးမြူရေးခြံကိုလည်း ပြောင်းရွှေ့ရဦးမယ်... သူ မွေးထားတဲ့ သန္ဓေပြောင်း သတ္တဝါ အုပ်ကြီးကိုလည်း အတူတူ ခေါ်သွားရဦးမယ်လေ... ပြီးတော့ ပိုးစာပင်တောတွေ... မီးဝါးတောတွေလည်း ရှိသေးတယ်... အဲဒါတွေကို သူကိုယ်တိုင် ကြည့်ရှုပြီး ရွှေ့ပြောင်းရမှာဆိုတော့ အခု သူလည်း အရမ်းကို အလုပ်များနေတာ"

ရန်မေက ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ဟူး... မောင်လေး ပြောကြည့်ပါဦး... ဒီရေခဲတွေ အရည်ပျော်သွားပြီးရင် တကယ်ပဲ ထိုက်ယန်တောင်ကို လွှမ်းမိုးသွားနိုင်မှာလား"

လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး "ပြောရခက်တယ်... ဒါပေမဲ့ ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းလောက်တော့ သေချာသလောက် ရှိတယ်လို့ ကျွန်တော် ထင်တယ်"

"အပြည့်အဝ လွှမ်းမိုးမသွားဘူး ဆိုရင်တောင်မှ ဧရိယာ သိပ်များများစားစား ကျန်မှာ မဟုတ်ဘူး... ကျွန်တော်တို့ရဲ့ ဒီတောင်ခါးပန်း နေရာလောက်ကတော့ သေချာပေါက် ရေမြုပ်သွားမှာပဲ"

ရန်မေက အိမ်ထဲရှိ အရာအားလုံးကို လိုက်ကြည့်လိုက်ပြီး သက်ပြင်းချကာ "မျက်စိတစ်မှိတ်အတွင်းမှာတင် နှစ်နှစ်တောင် ပြည့်တော့မယ်နော်"

"ဆောင်းရာသီက တစ်နှစ်... နွေရာသီက တစ်နှစ်နဲ့ ရာသီဥတုတွေလည်း ပြောင်းလဲကုန်ပြီ"

လင်းယွမ်က ပြောလိုက်သည်။ "ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ဘက်မှာ အဆောက်အအုံသစ်တွေ ဆောက်လုပ်နေပါပြီ"

"အဲဒီဘက်က ရေတွေကို အများကြီး ဖယ်ထုတ်ထားပြီးပြီဆိုတော့ ထိုက်ယန်တောင်က လူတွေနဲ့ ပစ္စည်းတွေ အကုန်လုံးကို ဆံ့ပါတယ်... စိတ်ချပါ... ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"

"ရေခဲလွှာတွေ အရည်ပျော်သွားတဲ့ အချိန်ကျရင် တခြား ရေပေါ်ကျွန်းတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်လိုက်မယ်... ဒါဆိုကျွန်တော်တို့ရဲ့ နယ်မြေက ပိုပြီး ကျယ်ပြန့်လာမှာပါ"

ရန်မေက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

လင်းယာက လင်းဟုန်လေးကို အစာခွံ့ကျွေးနေရင်း ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ဝင်မေးလိုက်သည်။ "ရေပေါ်ကျွန်းတွေရဲ့ အရည်အသွေးတွေက မတူကြဘူးလေ... အတူတူ ပေါင်းလို့ ရနိုင်ပါ့မလား"

လင်းယွမ်က ပြုံးလိုက်ပြီး "ဒီမေးခွန်းက မေးတာကောင်းတယ်... အရည်အသွေး မတူညီတဲ့ ရေပေါ်ကျွန်းတွေဆိုတာက သူတို့ ကျွန်းတွေမှာ ပါလာတဲ့ မူလ အရည်အသွေးတွေ မတူညီကြလို့ပဲ... သီအိုရီအရ ပြောရရင်တော့ တစ်ခုနဲ့တစ်ခု အချင်းချင်း သက်ရောက်မှု မရှိနိုင်ပါဘူး"

"ပြီးတော့ သူတို့ကို အပြည့်အဝ ပေါင်းစပ်ပေးဖို့ မလိုပါဘူး... တစ်ကျွန်းနဲ့ တစ်ကျွန်းကြားမှာ အကွာအဝေး နည်းနည်းစီ ထားလို့ရပါတယ်"

"ဒါပေမဲ့ ကျွန်တော်ခန့်မှန်းရသလောက်ဆို ဒီရေပေါ်ကျွန်းတွေ အချင်းချင်းကြားမှာ တွန်းကန်အား တစ်စုံတစ်ရာ ရှိနေနိုင်တယ်... အဲဒါကြောင့် အတိအကျ ဘယ်လို အခြေအနေ ဖြစ်မလဲ ဆိုတာကိုတော့ အချိန်ကျမှ ကြည့်ပြီး ပြောရမှာပဲ"

လင်းယွမ်၏ ဤစကားမှာ အခြေအမြစ်မရှိ ပြောနေခြင်း မဟုတ်ပေ။

လင်ယွီရုံက သူ့ကို ပြောပြခဲ့ဖူးသည်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြီးနောက် လာမည့်အဆင့်မှာ ကြယ်နတ်ဘုရား အဆင့်ဖြစ်ပြီး ကြယ်တာရာ သတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရကတည်းက ဖြစ်သည်။

ထိုအချိန်တွင် ကြယ်တာရာ အဆင့်ရှိ သတ္တဝါကြီးများသည် ခန္ဓာကိုယ် အရွယ်အစား ကြီးမားလာရုံသာမက နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေ တို့ပါ ပေါ်ပေါက်လာမည် ဖြစ်သည်။

ထိုအထဲတွင် ကြယ်တာရာ သတ္တဝါကြီးများသည် နှလုံးအမြူတေကို အသုံးပြုကာ မိမိကိုယ်တိုင် ဆွဲငင်အား စက်ကွင်းကို ဖန်တီးနိုင်ပြီး တိတ်ဆိတ်နေသော အာကာသထဲတွင် ရွေ့လျားသွားလာနိုင်မည် ဖြစ်သည်။

ဆွဲငင်အား စက်ကွင်း ရှိနေမှတော့ လေပေါ်ကျွန်းများ၊ ရေပေါ်ကျွန်းများ အားလုံးသည် ဤဆွဲငင်အား စက်ကွင်းကို အားကိုး၍သာ ရေပေါ်ပေါ်ခြင်းနှင့် လေပေါ်ပျံခြင်း ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်မည်ဟု လင်းယွမ် ခန့်မှန်းမိသည်။

ထို့ကြောင့် လေပေါ်ကျွန်း နှစ်ကျွန်း နီးကပ်လာပါက ဆွဲငင်အား တွန်းကန်မှုကြောင့် အပြည့်အဝ ဆက်စပ်၍ မရနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ရေပေါ်ကျွန်း အများအပြားကို အပြည့်အဝ ပေါင်းစပ်ကာ စူပါ တိုက်ကြီး တစ်တိုက်အဖြစ် ဖန်တီးရန် အစီအစဉ်မှာ ပြဿနာ အနည်းငယ် ရှိနေနိုင်ပေသည်။

အသေးစိတ် အခြေအနေကိုတော့ ထိုအချိန်ရောက်မှ စမ်းသပ်ကြည့်ပြီးမှ ပြောရမည် ဖြစ်သည်။

ထမင်းစားပြီးနောက် လင်းယွမ်နှင့် ရန်မေတို့ အသီးသီး အပြင်သို့ ထွက်သွားကြသည်။

လင်းယွမ်သည် ထုံးစံအတိုင်း သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရှိရာသို့ လာရောက်ကာ လေ့ကျင့်လေသည်။

သို့သော် ယခုတစ်ကြိမ်တွင် လေ့ကျင့်နေသည်မှာ နှစ်နာရီပင် မပြည့်သေးမီ တံခါးပေါက်မှ ကျွမ်းရှုယွမ်၏ စိုးရိမ်တကြီး အသံကို ကြားလိုက်ရသည်။

"ကိုလင်းယွမ်... ပြဿနာတက်ပြီ"

လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ကျွမ်းရှုယွမ်သည် အခြေအနေ အတိမ်အနက်ကို သိနားလည်သူ ဖြစ်ရာ သူ လေ့ကျင့်နေချိန်တွင် လာရောက် အနှောင့်အယှက်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် သေချာပေါက် အရေးကြီးသော ကိစ္စရှိနေ၍သာ ဖြစ်မည်။ သို့မဟုတ်ပါက ဤမျှ စိုးရိမ်တကြီး ဖြစ်နေမည် မဟုတ်ပေ။

သူက လေ့ကျင့်ရေး အခန်းတံခါးကို ချက်ချင်း ဖွင့်လိုက်ပြီး ကျွမ်းရှုယွမ်ကို လှမ်းကြည့်လိုက်သည်။

အဖြူရောင် ချီပေါင်း ဂါဝန်ကို ဝတ်ဆင်ထားသော ကျွမ်းရှုယွမ်က တံခါးဝတွင် ရပ်နေပြီး မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

"ဘာကိစ္စ ရှိလို့ ဒီလောက်တောင် လောနေရတာလဲ"

လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။

"လေပေါ်ကျွန်း ဘက်ကနေ သတင်းရောက်လာတယ်... ငရဲကျွန်းက ခိုက်ရီနည်းပညာ ကုမ္ပဏီဆီကို ဒီနေ့ ယာဉ်ပျံ အမြောက်အမြား ဝင်ရောက်လာတယ်တဲ့... ကြည့်ရတာ မြောက်ဘက်ကနေ လာတဲ့ပုံပဲ"

လင်းယွမ်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ ခိုက်ရီနည်းပညာ ကုမ္ပဏီက ယခင်တုန်းက ထိုက်ယန်တောင်ကို တိုက်ခိုက်ရန် လူလွှတ်ခဲ့သည့် ကိစ္စကို သူ မမေ့သေးပေ။

ပြီးခဲ့သည့်အကြိမ် တိုက်ခိုက်မှုအပြီးတွင် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းနေခဲ့ကြသည်။ ထိုက်ယန်တောင်ကလည်း သွားရောက် မေးခွန်းထုတ်ခြင်း မရှိခဲ့သလို တစ်ဖက်ကလည်း ထိုက်ယန်တောင်ကို ဆက်လက် အနှောင့်အယှက်ပေးခြင်း မရှိခဲ့ပေ။

သို့သော် လူတိုင်း၏ စိတ်ထဲတွင်တော့ ဒီရန်ငြိုးက ကျန်ရစ်နေခဲ့ပြီ ဆိုတာကို ကိုယ်စီ သိထားကြသည်။

လင်းယွမ်က လက်နက်စက်ရုံမှ ယာဉ်ပျံများ ပိုမို ထုတ်လုပ်နိုင်ရန် အချိန်လိုအပ်သည်။

ငရဲကျွန်းရှိ ခိုက်ရီနည်းပညာ ကုမ္ပဏီကလည်း မြောက်ပိုင်း ဌာနချုပ်မှ လူများ စေလွှတ်ကာ ကူညီပံ့ပိုးပေးမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ယခု ကြည့်ရသည်မှာ ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ အကူအညီများ နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်ပုံရသည်။

ကျွမ်းရှုယွမ် တစ်ယောက် အချိန်ဆွဲမနေဘဲ လင်းယွမ်ကို ချက်ချင်း လာရှာသည်မှာလည်း မဆန်းတော့ပေ။

လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ဌာနအသီးသီးက အထက်လူကြီးတွေကို အစည်းအဝေး ချက်ချင်း ခေါ်လိုက်"

"နောက်ပြီး ယာဉ်ပျံကိုလည်း ပြင်ဆင်ထား... ငါ ဒီနေ့ပဲ လေဟုန်စီး ငါးလိပ်စွန် ကျွန်းကို သွားမယ်"

လင်းယွမ်က စွမ်းအင်စုဝေးအဆောက်အအုံ ထဲမှ အလျင်အမြန် ထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ပြောလိုက်သည်။ "နောက်ပြီးတော့ တိုက်ခိုက်ရေးသမား မဟုတ်တဲ့ လူတွေကို ပြောင်းရွှေ့ဖို့ စပြီး စီစဉ်ထားလိုက်တော့"

"ထိုက်ယန်တောင် ဘက်က ယူသွားရမယ့် ပစ္စည်းတွေလည်း တော်တော်များများ ယူသွားပြီးလောက်ပြီ"

"နောက်လာမယ့် တိုက်ပွဲမှာ တစ်ဖက်လူက ထိုက်ယန်တောင်ကို တိုက်ခိုက်လာနိုင်ခြေ အရမ်းများတယ်... ဒါက ငါတို့ရဲ့ ပင်မ ဌာနချုပ်လေ"

ကျွမ်းရှုယွမ်က အမြန် ခေါင်းညိတ်ပြပြီး "အစည်းအဝေး ပြင်ဆင်ဖို့ သက်ဆိုင်ရာ လူတွေကို ကျွန်မ အကြောင်းကြားထားပြီးပါပြီ... တိုက်ခိုက်ရေးသမား မဟုတ်တဲ့ လူတွေကို ပြောင်းရွှေ့ဖို့ ကိစ္စကတော့ ရေတပ် သင်္ဘောအုပ်စု ဘက်က အချိန်မရွေး စတင် ပြောင်းရွှေ့ပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။

"ကျွန်မတို့ နေရာက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် နဲ့ အရမ်းနီးတယ်ဆိုတော့ သွားဖို့ အချိန်သိပ်မကြာပါဘူး... လူတွေ ပြောင်းရွှေ့ရတာ အရမ်း မြန်ပါတယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ သူတို့နှစ်ဦး စကားပြောနေရင်းဖြင့် ခေါင်းဆောင်စံအိမ် ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။

ဌာနအသီးသီးမှ ခေါင်းဆောင်ပိုင်းများ အားလုံးလည်း အချိန်မီ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters