အခန်း (၇၆၉-၇၇၀)
Vol. 39 Ch. 769-770
အပိုင်း(၇၆၉) ရောက်လာပြီ
"အားလုံးပဲ... လေပေါ်ကျွန်းဘက်က သတင်းရတယ်... ခိုက်ရီနည်းပညာ ကုမ္ပဏီရဲ့ အကူတပ်တွေ ရောက်နေပြီတဲ့"
ခေါင်းဆောင်စံအိမ်တွင် လင်းယွမ်၏ စကားတစ်ခွန်းက တစ်ခန်းလုံးကို ချက်ချင်း ပွက်လောရိုက်သွားစေသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာကြသည်။
"ခိုက်ရီနည်းပညာ ကုမ္ပဏီရဲ့ အကူတပ်တွေ ဟုတ်လား"
"ဆရာလင်း... ရန်သူတွေ ဘယ်လောက်တောင် ရောက်လာတာလဲ"
"သူတို့က ကျွန်တော်တို့နဲ့ စစ်ဖြစ်ချင်နေတာလား"
"အပိုတွေ မမေးစမ်းပါနဲ့... ပြီးခဲ့တဲ့တစ်ခေါက် ထိုက်ယန်တောင်ကို ဝင်တိုက်တုန်းက ကိစ္စအတွက် အခုထိ သူတို့ဘက်က လာမဆွေးနွေးသေးဘူး... ပြီးတော့ သူတို့ရဲ့ ယာဉ်ပျံတွေကိုတောင် ပြန်မယူဘူးဆိုကတည်းက ကျွန်တော်တို့ကို အလွတ်ပေးဖို့ မရည်ရွယ်ဘူးဆိုတာ သိသာနေတာပဲ"
"ဟမ့်... ဘယ်သူက ဘယ်သူ့ကို အလွတ်ပေးမလဲဆိုတာ ပြောဖို့စောပါသေးတယ်... ဆရာလင်း... လေပေါ်ကျွန်းကိုသွားပြီး တိုက်ပွဲဝင်ဖို့ ကျွန်တော့်ကို ခွင့်ပြုပါ"
"ကျွန်တော်လည်း လိုက်မယ်"
"ဆရာလင်း... ကျွန်တော့်ကိုလည်း ခွင့်ပြုပါ"
အစည်းအဝေးခန်းထဲတွင် လူအများအပြားက ဒေါသတကြီးဖြင့် ပါဝင်တိုက်ခိုက်ရန် တောင်းဆိုနေကြပြီး မကျေမနပ်ဖြစ်ကာ ရင်ထဲတွင် ဒေါသများ ဆူပွက်နေကြသည်။
လင်းယွမ်က လက်ကိုဆန့်ထုတ်ကာ လေထဲတွင် ဖိချလိုက်သည့် ဟန်ပြရင်း "အားလုံး စိတ်အေးအေးထားကြပါဦး... လူအင်အား အတိအကျ စီစဉ်တာကိုတော့ ခဏနေမှ ဆက်ပြောကြတာပေါ့"
"သူတို့ ငြိမ်နေတာ လဝက်လောက် ရှိသွားပြီ... အခု အကူတပ်တွေ ရောက်လာပြီဆိုတော့ စတင်လှုပ်ရှားဖို့ ပြင်ဆင်နေလောက်ပြီ"
"ဒါပေမဲ့ သူတို့က ချက်ချင်းပဲ ဝင်တိုက်မလား... ဒါမှမဟုတ် အရင်ဆုံး သွေးတိုးလာစမ်းပြီးမှ တိုက်မလားဆိုတာတော့ မသိရသေးဘူး"
"ကျွန်တော်တို့ဘက်က အစစအရာရာ သတိထားပြီး ပြင်ဆင်ထားဖို့တော့ လိုတယ်"
"ဒါ့အပြင် ခိုက်ရီနည်းပညာ ကုမ္ပဏီတင်မကဘူး... မုန်ယာကုမ္ပဏီကလည်း မကြာခင် လူလွှတ်လာနိုင်တယ်"
"သူတို့က အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း သူတို့ ထိန်းချုပ်ထားတဲ့ လေပေါ်ကျွန်းတွေရဲ့ အခြေအနေကို လာစစ်ဆေးတတ်တယ်"
"အချိန်တွက်ကြည့်ရရင်... သူတို့လည်း ရောက်လာတော့မယ့် အချိန်ပဲ"
"အဲဒီအချိန်ကျရင် ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ရန်သူက ခိုက်ရီနည်းပညာ ကုမ္ပဏီတစ်ခုတည်း မဟုတ်တော့ဘဲ မုန်ယာကုမ္ပဏီက လူတွေပါ ပါလာနိုင်တယ်"
လီရှန်ယန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဆရာလင်း... မုန်ယာကုမ္ပဏီက လေဟုန်စီး ငါးလိပ်စွန် ကျွန်းကို လာစစ်ဆေးတဲ့အခါ... ကျွန်းက ကျွန်တော်တို့ လက်ထဲ ရောက်နေပြီဆိုတာကို သူတို့ မသိသေးရင်... ဒီတစ်ခေါက် လာတဲ့အထဲမှာ လူအင်အား အများကြီး ပါလာမှာ မဟုတ်ဘူး"
"အဲဒီအချိန်ကျရင် သူတို့ကို ဖမ်းချုပ်ထားဖို့ နည်းလမ်းရှာရမယ်... မုန်ယာကုမ္ပဏီ ဌာနချုပ်ဆီ သတင်းပြန်ရောက်ဖို့ဆိုတာကလည်း အချိန်တစ်ခု ယူရဦးမှာလေ"
"ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး ခိုက်ရီနည်းပညာ ကုမ္ပဏီကို အရင်ဆုံး ရှင်းပစ်လို့ ရနိုင်တယ်... ပြီးတော့ ငရဲကျွန်းကိုပါ သိမ်းပိုက်လိုက်မယ်"
"အဲဒီလိုသာဆိုရင် ကျွန်တော်တို့က အင်အားစုနှစ်ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့"
သူ၏ ဤစကားကြောင့် လူအများအပြား ခေါင်းညိတ် ထောက်ခံသွားကြသည်။
"ဒါကလည်း နည်းလမ်းကောင်း တစ်ခုပဲ"
"ရှန်ယန်ရဲ့ အကြံက မဆိုးဘူးနော်"
"ဒါပေမဲ့ အဓိကက မုန်ယာကုမ္ပဏီရဲ့ သတင်းစီးဆင်းမှု အမြန်နှုန်းအပေါ်မှာပဲ မူတည်နေတာ"
"သူတို့ရဲ့ စစ်ဆေးရေးမှူးတွေကို ကျွန်တော်တို့က ဖမ်းချုပ်ထားမယ်ဆိုရင်... ဟိုဘက် ဌာနချုပ်က သတင်းရဖို့ ဆယ်ရက်ကနေ လဝက်လောက်တော့ ကြာမှာပဲ... ဒီအချိန်ကွာဟမှုကိုတော့ ကောင်းကောင်း အသုံးချလို့ ရတယ်"
"ဒါကြောင့် လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ရန်သူက ခိုက်ရီနည်းပညာ ကုမ္ပဏီပဲ"
လူတိုင်းက တစ်ယောက်တစ်ပေါက် ဝင်ရောက်ဆွေးနွေးကြရင်း တဖြည်းဖြည်းနှင့် အစီအစဉ်ကို အတည်ပြုနိုင်ခဲ့ကြသည်။
လက်ရှိ ပထမဆုံး လုပ်ရမည့် အဓိကတာဝန်မှာ ခိုက်ရီနည်းပညာ ကုမ္ပဏီကို ဖြေရှင်းရန်ပင် ဖြစ်သည်။
မကြာမီတွင် အစည်းအဝေးမှ ဆုံးဖြတ်ချက် တစ်ခုချမှတ်လိုက်ပြီးနောက် ယာဉ်ပျံတပ်မကြီးသည် လေပေါ်ကျွန်းဆီသို့ ချက်ချင်း ပျံသန်းသွားကြကာ ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ တိုက်ခိုက်မှုကို နေရာမရွေး၊ အချိန်မရွေး ရင်ဆိုင်နိုင်ရန် အသင့်ပြင်ထားလိုက်ကြသည်။
ထို့အပြင် ထိုက်ယန်တောင်ဘက်တွင်လည်း ရန်သူများ၏ ချုံခိုတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ယာဉ်ပျံတစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့ရမည် ဖြစ်သည်။
လင်းယွမ်က ကိုယ်တိုင် လူရွေးချယ်ကာ အင်အားစုစည်းလိုက်ပြီး သူနှင့်အတူ လေပေါ်ကျွန်းသို့ ဝင်ရောက်ကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။
ဒီတစ်ခေါက်တွင်တော့ သူသည် လင်ယွီရုံကို ခေါ်မသွားဘဲ ထိုက်ယန်တောင် ပင်မစခန်းတွင် စောင့်ရှောက်ရန် ချန်ထားရစ်ခဲ့သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၄၀% အထိ ရောက်ရှိနေသော လင်ယွီရုံကဲ့သို့ အစွမ်းထက်သူတစ်ယောက် ရှိနေခြင်းကြောင့် အနည်းဆုံးတော့ ရန်သူဘက်မှ အဆင့်မြင့် အစွမ်းပိုင်ရှင်များ ထိုက်ယန်တောင်ကို ဝင်ရောက်တိုက်ခိုက်လာမည်ကို လင်းယွမ် ပူပန်နေစရာ မလိုတော့ပေ။
စစ်ဆင်ရေး အစီအစဉ်များကို သေချာချမှတ်ပြီးနောက် လင်းယွမ်က အိမ်သို့ ခဏ ပြန်လာခဲ့သည်။
အိမ်တွင် ရန်မေက သူ၏ အဝတ်အစားများကို စောစောစီးစီးကတည်းက သေချာ သိမ်းဆည်း ပြင်ဆင်ပေးထားသည်။
ဆုန့်ဝမ်နှင့် အခြားသူများကလည်း အရာအားလုံးကို သေချာ ပြင်ဆင်ထားကြပြီး ဖြစ်သည်။
အိမ်တစ်အိမ်လုံးက ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
"မောင်လေး... ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်" ဟု ရန်မေက နူးညံ့သော လေသံလေးဖြင့် ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "စိတ်ချပါ... ကျွန်တော်သာ ခွင့်မပြုရင် ဘယ်သူမှ ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"
သူက အိမ်ထဲကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး "အားလုံးပဲ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲကို ပြောင်းနေကြပါ... ဒီဘက်က သိပ်မလုံခြုံတော့ဘူး"
"ရှေ့လျှောက် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်... နောက်ပိုင်း ရေတွေ ထပ်တက်လာရင် ထိုက်ယန်တောင်လည်း ရေမြုပ်သွားနိုင်တယ်လေ"
မိန်းကလေးများမှာ ဤအိမ်လေးကို မခွဲခွာချင်ကြသော်လည်း အားလုံးက ခေါင်းညိတ် လက်ခံလိုက်ကြသည်။
ယခုအချိန်တွင် လူတိုင်းက ထိုက်ယန်တောင်မှ တဖြည်းဖြည်း ပြောင်းရွှေ့နေကြပြီ ဖြစ်ရာ သူတို့လည်း သဘာဝကျကျပင် ပြောင်းရွှေ့ရမည် ဖြစ်သည်။
မိန်းကလေးများကို နှုတ်ဆက်ပြီးနောက် လင်းယွမ်က ထူလုံနှင့် အခြားသူများကို ခေါ်ဆောင်ကာ ယာဉ်ပျံပေါ်သို့ တက်လိုက်ပြီး တိမ်လွှာများအထက်သို့ နောက်တစ်ကြိမ် တက်သွားလေတော့သည်။
"ဂျိန်း"
ကောင်းကင်ထက်တွင် လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်နေပြီး မိုးကြိုးများက ပြင်းထန်စွာ ရိုက်ခတ်နေသည်။
မရေမတွက်နိုင်သော လျှပ်စီးတန်းများက ဝုန်းဒိုင်းကြဲကာ ဖြတ်သန်းသွားကြပြီး ထိုက်ယန်တောင်၏ ယာဉ်ပျံများအားလုံးက အကာအကွယ်ဒိုင်းများကို ချက်ချင်း ဖွင့်လှစ်လိုက်ကြသည်။
စွမ်းအင်ငြိမ် သင်္ကေတ၏ အကာအကွယ်အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများက လျင်မြန်စွာ ပြိုကွဲသွားပြီး ဖိအားများ တည်ငြိမ်သွားကာ နောက်ဆုံးတွင် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ယာဉ်ပျံများအတွက် အားသွင်းပေးလိုက်လေသည်။
လင်းယွမ်က အပြင်ဘက်ရှိ မိုးကြိုးမုန်တိုင်းကို လှမ်းကြည့်ရင်း သူ၏ လက်ရှိစွမ်းအားဖြင့် ထိုမိုးကြိုးများ၏ အစွမ်းကို ခုခံနိုင်စွမ်း ရှိမရှိ စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
သို့သော် နောက်ဆုံးတွင်တော့ သူ၏ အသိတရားက ထိုယှဉ်ပြိုင်ချင်စိတ်ကို ဖိနှိပ်ထားလိုက်နိုင်သည်။
"စွန့်စားတာမျိုး မလုပ်တာပဲ ကောင်းပါတယ်... နောက်မှ ငါနဲ့စွမ်းအားချင်း သိပ်မကွာတဲ့ သန္ဓေပြောင်း သားရဲနည်းနည်းလောက်ကို ဖမ်းပြီး မိုးကြိုးမုန်တိုင်းထဲ ပစ်ထည့်စမ်းကြည့်လိုက်ရင် သိရမှာပါပဲ"
ယာဉ်ပျံက မိုးကြိုးမုန်တိုင်းဇုန်ကို အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားပြီး မည်းမှောင်နေသော တိမ်တိုက်များကို ဖောက်ထွင်းကာ တိမ်လွှာများအထက်သို့ ရောက်ရှိသွားလေသည်။
နေရောင်ခြည်က တိမ်ဖြူများကို ဖြတ်သန်းလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ရွှေရောင်အဖြစ် ဆေးခြယ်ပေးလိုက်သည်။
အောက်ဘက်ရှိ မည်းမှောင်နေသော တိမ်တိုက်များက အနက်ရောင် ကုန်းမြေကြီးတစ်ခုအလား ထင်မှတ်ရသည်။
တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ဤနေရာကသာ လူ့ပြည်လောကအစစ်အမှန် ဖြစ်သည်ဟု ခံစားလိုက်ရသည်။
တိမ်လွှာများအထက်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြသော လီရှောင်ကျွင်း၊ ကျိုးဖေ့၊ နိချီနှင့် ကျုံးဆန်းတို့က ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်တရာ အံ့အားသင့် မှင်သက်နေကြသည်။
ဤအချိန်လေးတွင် သူတို့သည် နှစ်နှစ်နီးပါးမျှ မမြင်တွေ့ခဲ့ရသော နေမင်းကြီးကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
ကမ္ဘာသစ်ကို ပြန်လည် မြင်တွေ့ရသည့် ခံစားချက်မျိုးကို အပြည့်အဝ ခံစားနေကြရသည်။
လူတိုင်း၏ စိတ်ဓာတ်များ တက်ကြွလန်းဆန်းသွားကြပြီး ရင်ထဲတွင် ပေါ့ပါးလွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
"တိမ်လွှာတွေရဲ့ အထက်မှာက ဒီလိုမျိုးပါလား"
"ဟိုမှာကြည့်စမ်း... ငှက်ကြီး"
"ဒီမှာ သန္ဓေပြောင်း ငှက်သားရဲကြီးတွေ အများကြီးပဲ"
"ဟိုဘက်ကို ကြည့်ကြဦး... လေပေါ်ကျွန်း... အဲဒါ လေပေါ်ကျွန်းပဲ"
"အမလေးဗျာ... လေပေါ်ကျွန်းကြီးက ကြီးလိုက်တာ"
"ဟိုဘက်မှာ... ဟိုဘက်မှာလည်း နောက်တစ်ကျွန်း ရှိသေးတယ်"
"ဘုရားရေ... ကပ်ဘေးကြီး မဖြစ်ခင်ကသာဆိုရင် ကောင်းကင်ပေါ်မှာ ဒီလို ထူးဆန်းတဲ့ မြင်ကွင်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ယုံမှာလဲ"
လူတိုင်းက ကောင်းကင်ထက်ရှိ မြင်ကွင်းများကို ကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားကာ ဝေဖန်ဆွေးနွေးနေကြသည်။
အချို့က ခေတ်ဟောင်းက လက်ကိုင်ဖုန်းများကို ထုတ်ယူကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေကြသည်။
လင်းယွမ်က သူတို့ကို တားမြစ်ခြင်း မပြုဘဲ "လေဟုန်စီး ငါးလိပ်စွန် ကျွန်းကို သွားမယ်" ဟုသာ အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ"
ယာဉ်ပျံအသီးသီးမှ ကပ္ပတိန်များက ယာဉ်ပျံ၏ ဦးတည်ရာကို ချက်ချင်း ပြောင်းလဲလိုက်ကြပြီး ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေသော ယာဉ်ပျံနောက်သို့ အလျင်အမြန် လိုက်ပါသွားကြသည်။
"ဝှစ်" "ဝှစ်" ဟူသော လေခွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မကြာမီမှာပင် ယာဉ်ပျံ အစင်းတစ်ရာနီးပါးသည် လေဟုန်စီး ငါးလိပ်စွန် ကျွန်း၏ ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။
လင်းယွမ်က ကောင်းကင်ပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ လေဟုန်စီး ငါးလိပ်စွန် ကျွန်းမှာ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
မူလက လေဟုန်စီး ငါးလိပ်စွန် ကျွန်း၏ စခန်းနေရာဖြစ်သော နေရာလေးမှာ ယခုအခါ ဆယ်ဆမက ပိုမို ကျယ်ပြန့်အောင် တိုးချဲ့တည်ဆောက်ထားပြီး ဖြစ်သည်။
ပတ်ပတ်လည်တွင်လည်း ဧရာမ ထိုက်ယန်တောင် ကောင်းကင်ပိတ် အမြောက်တပ်ကြီးကို နေရာချထားပြီး တောတောင်များစွာကို ပိတ်ဆို့ကာကွယ်ထားသည်။
လေယာဉ်ကွင်းပေါ်တွင် ဦးလေးမာ၊ ဒေါက်တာတုနှင့် အခြားသူများက စောစောစီးစီးကတည်းက ဤနေရာတွင် စောင့်ဆိုင်းနေကြသည်။
ယာဉ်ပျံ အစင်းတစ်ရာနီးပါး ဆင်းသက်လာသည်နှင့်အမျှ ဦးလေးမာနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။
"အရမ်းကောင်းတာပဲ... တစ်ခါတည်းနဲ့ ယာဉ်ပျံတွေ ဒီလောက်တောင် အများကြီး ရောက်လာတယ်ဆိုတော့ ငါတို့စခန်းရဲ့ လုံခြုံရေးအတွက် အာမခံချက် အပြည့်ရှိသွားပြီ" ဟု ဦးလေးမာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
တုကျစ်ကျဲကလည်း မျက်မှန်ကို ပင့်တင်လိုက်ရင်း "ယာဉ်ပျံ အရေအတွက်အရ ပြောရရင်... ကျွန်တော်တို့ဆီမှာ အခုရှိနေတဲ့ အရေအတွက်က ခိုက်ရီနည်းပညာ အကူတပ်ရဲ့ ယာဉ်ပျံတွေထက် မနည်းတော့ဘူး"
"စိတ်ချပါ... လင်းယွမ် ကိုယ်တိုင် ရောက်လာပြီဆိုတော့ ဘာအမှားအယွင်းမှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး"
ဦးလေးမာသည် လင်းယွမ်အပေါ် အလွန် ယုံကြည်မှုရှိနေပြီး တုကျစ်ကျဲ၏ ပခုံးကို ပုတ်ကာ ရယ်မောလိုက်ရင်း "သွားရအောင်... ငါနဲ့အတူ သွားကြိုကြမယ်" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် လင်းယွမ်နှင့် အခြားသူများလည်း ယာဉ်ပျံပေါ်မှ အသီးသီး ဆင်းလာကြသည်။
တွေ့တွေ့ချင်းမှာပင် ဦးလေးမာက ဟားတိုက်ရယ်မောလိုက်ပြီး "လင်းယွမ်... မင်းက တစ်ခါတည်းနဲ့ ယာဉ်ပျံတွေ အများကြီး ခေါ်လာတာပဲ... ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါတို့ အေးအေးဆေးဆေး အိပ်လို့ရပြီ ထင်တယ်"
"ခိုက်ရီနည်းပညာ ဘက်ကလာတဲ့ အကူတပ်ထဲမှာလည်း ယာဉ်ပျံက အစင်း သုံးလေးဆယ်လောက်ပဲ ပါတာပါ"
လင်းယွမ်က ပြုံးလိုက်ပြီး "ပေါ့ပေါ့ဆဆတော့ မနေနဲ့ဦးဗျ... ဟိုဘက်က အကူတပ် လွှတ်လိုက်ပြီဆိုကတည်းက သာမန်လူတွေတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး... ယာဉ်ပျံဆိုတာက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ... တကယ့် အဆင့်မြင့် တိုက်ပွဲတွေကျရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားတဲ့ အစွမ်းပိုင်ရှင်တွေအပေါ်မှာပဲ မူတည်နေတာ"
မာကောချိုင်က ဟားတိုက်ရယ်မောလိုက်ပြီး "ဘယ်လောက်ပဲ စွမ်းစွမ်း... မင်းလောက်တော့ တော်ပါ့မလားကွာ"
လင်းယွမ်က ပြုံးရင်း ခေါင်းခါလိုက်သည်။ "အနောက်မြောက်ဘက်က အစွမ်းပိုင်ရှင်တွေ အများကြီး ရှိလောက်တယ်... သူတို့ဆီက အစွမ်းနဲ့ပတ်သက်တဲ့ နည်းပညာ တိုးတက်မှုအဆင့်က ကျွန်တော်တို့ဘက်ထက် အများကြီး သာလွန်နေတာဆိုတော့ အထင်သေးလို့တော့ မရဘူး"
"ဒါနဲ့... ဒီတစ်ခေါက် လာရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ကင်းစောင့်စက်ရုပ် အတော်များများကိုလည်း ခေါ်လာခဲ့သေးတယ်"
ထိုသို့ပြောရင်း လင်းယွမ်က သုမာရု ဟင်းလင်းပြင်ကို ဖွင့်ကာ ကင်းစောင့်စက်ရုပ် အစီး(၂၀) ကို ထုတ်ယူလိုက်သည်။
ကင်းစောင့်စက်ရုပ်များ၏ သင်္ကေတနည်းပညာ အဆင့်အတန်းမှာ ယာဉ်ပျံများထက်ပင် သာလွန်နေသေးသည်။
ထိုက်ယန်တောင်၏ ယာဉ်ပျံများက အချိန်တိုအတွင်းမှာ အစင်းတစ်ရာနီးပါးအထိ စုဆောင်းနိုင်ခဲ့ခြင်းမှာ ထိုက်ယန်တောင် လက်နက်စက်ရုံမှ ထုတ်လုပ်ထားခြင်းချည်း သက်သက် မဟုတ်ပေ။
ထိုအထဲမှ တစ်ဝက်ခန့်မှာ ရန်သူများကို နှိမ်နင်းရာမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပြီး အထဲတွင် စစ်တပ်မှ ထုတ်လုပ်ထားသော ယာဉ်ပျံအများအပြားပင် ပါဝင်နေကာ ထိုက်ယန်တောင် လက်နက်စက်ရုံတွင် ချက်ချင်း ပြန်လည်မွမ်းမံထားခြင်း ဖြစ်သည်။
ထို့ကြောင့်သာ ယာဉ်ပျံ အရေအတွက်က ဤမျှများပြားနေခြင်း ဖြစ်သည်။
သို့သော် ကင်းစောင့်စက်ရုပ်များကမူ လက်နက်စက်ရုံမှ ကိုယ်ပိုင် အပြည့်အဝ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ထုတ်လုပ်မှု နည်းပညာပိုင်းဆိုင်ရာ ခက်ခဲမှုများသာမက စက်ရုပ်သင်္ကေတများကို ရေးဆွဲရမည့် သုတေသနဌာနမှ ကျွမ်းကျင်ပညာရှင်များ နည်းပါးနေခြင်းကြောင့်လည်း ဖြစ်သည်။
ယခုအခါ သင်္ကေတများကို စက်ယန္တရားများဖြင့် တစ်ပုံစံတည်း တိတိကျကျ ပုံတူကူးယူနိုင်နေပြီ ဖြစ်သော်လည်း...
သို့သော် မူရင်းပုံစံကိုမူ သုတေသနဌာနမှ ကျွမ်းကျင်ပညာရှင်များကသာ ရေးဆွဲပေးရန် လိုအပ်နေသေးသည်။
သူတို့ရှေ့မှ ဧရာမ ကင်းစောင့်စက်ရုပ်ကြီး အစီး(၂၀) ကို ကြည့်ရင်း ဦးလေးမာရော တုကျစ်ကျဲပါ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေကြသည်။
"ဒီကင်းစောင့်စက်ရုပ်တွေက အရင်တုန်းက မင်းနဲ့ တိုက်ခဲ့တဲ့ အမျိုးအစားတွေပဲလား... တိုက်ခိုက်နိုင်စွမ်းကရော ဘယ်လိုနေလဲ" ဟု တုကျစ်ကျဲက အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... နည်းပညာပိုင်းကတော့ တစ်ပုံစံတည်းပဲ... ပြီးတော့ ကျွန်တော်တို့က နည်းနည်းပါးပါး ထပ်ပြီး မွမ်းမံထားသေးတယ်"
ဦးလေးမာက စုပ်သပ်လိုက်ပြီး "မဆိုးဘူးဟ... အခုတော့ စက်ရုပ်တွေတောင် အသင့်ဖြစ်နေပြီဆိုတော့... ငါတို့က ဒီလောက် ပြည့်စုံလုံလောက်တဲ့ တိုက်ပွဲမျိုးကို ဘယ်တုန်းကများ ကြုံဖူးလို့လဲ"
လင်းယွမ်လည်း သူ၏ ဤစကားကြောင့် ရယ်မောသွားရသည်။
တကယ်တမ်းလည်း သူ ဤခရီးတစ်လျှောက် ဖြတ်သန်းလာခဲ့ရာတွင် ပြိုင်ဘက်ပေါင်းများစွာ၊ အင်အားစုပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူ့လက်ထဲတွင် ဤမျှလောက် ပြည့်စုံလုံလောက်နေသည့် အချိန်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
"သွားရအောင်... အထဲရောက်မှ ဆက်ပြောကြတာပေါ့"
လင်းယွမ်က ပြုံးရင်း လူအုပ်ကြီးကို ခေါ်ဆောင်ကာ စခန်းဆီသို့ လျှောက်သွားလိုက်သည်။
ယခုအခါ စခန်းအဆောက်အအုံကြီးမှာ ကြီးမားကျယ်ပြန့်စွာ တိုးချဲ့တည်ဆောက်ထားပြီး အထဲတွင်လည်း ထပ်ခိုးများ ကြီးမားကျယ်ပြန့်စွာ ရှိနေသည်။ မူလက မုန်ယာကုမ္ပဏီ၏ စခန်းနေရာကို သုတေသနခန်းအဖြစ် ပြောင်းလဲထားပြီး တုကျစ်ကျဲက ဤနေရာတွင် ယာဉ်ပျံများကို ပြုပြင်ခြင်းနှင့် သံချပ်ကာ စစ်ကားများကို သုတေသနပြုလုပ်ခြင်းတို့ လုပ်ဆောင်နေသည်။
ထိုစက်ပစ္စည်းများ အားလုံးမှာ တစ်ခုစီတိုင်းက အလွန်တရာ ကြီးမားလှပေသည်။
အစည်းအဝေးခန်းထဲသို့ ရောက်သောအခါ လင်းယွမ်က ဦးလေးမာကို ကြည့်ကာ "ဦးလေးမာ... ခိုက်ရီနည်းပညာ ဘက်က အခြေအနေ အတိအကျကို ပြောပြပါဦး" ဟု မေးလိုက်သည်။
ဦးလေးမာက ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး "ဒီနေ့ မနက်ပိုင်းတုန်းက ခိုက်ရီနည်းပညာ ဘက်မှာ ရုတ်တရက် ယာဉ်ပျံ အစင်းနှစ်ဆယ်၊ သုံးဆယ်လောက် ငရဲကျွန်းထဲ အဝင်အထွက် လုပ်နေကြတယ်"
"ငါတို့လူတွေက သူတို့ကို အမြဲစောင့်ကြည့်နေတာဆိုတော့ သတင်းရရချင်း ချက်ချင်း ပြန်လာပြီး သတင်းပို့ကြတာပဲ"
"ငါတို့ရဲ့ စုံစမ်းမှုတွေအရ ဒီယာဉ်ပျံ အစင်းဆယ်ဂဏန်းလောက်က မြောက်ဘက်ကနေ အခုလေးတင် ပျံလာတာ ဖြစ်လောက်တယ်... အခြေခံအားဖြင့်တော့ အဲဒါ ခိုက်ရီနည်းပညာ ရဲ့ အကူတပ်ဆိုတာ သေချာသလောက် ရှိနေပြီ"
"မင်းတို့ မရောက်လာခင်လေးတင် ယာဉ်ပျံ သုံးစင်းလောက်က ငါတို့ လေဟုန်စီး ငါးလိပ်စွန် ကျွန်းရဲ့ အပေါ်ကနေ တမင်တကာ ဖြတ်ပျံပြီး အခြေအနေကို လာစုံစမ်းသွားသေးတယ်"
"ငါတို့က ပြင်းပြင်းထန်ထန် မောင်းထုတ်ပြီး သတိပေးလိုက်မှ ဟိုဘက်က ပြန်လှည့်သွားကြတာ"
"ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နောက်ထပ် ယာဉ်ပျံ နှစ်စင်း ထပ်ရောက်လာပြီး လေဟုန်စီး ငါးလိပ်စွန် ကျွန်း ပတ်ပတ်လည်ကို တစ်ပတ်ပတ်ကြည့်ပြီး ပြန်သွားကြပြန်တယ်"
"ငါထင်တာတော့... ဟိုဘက်က ငါတို့ရဲ့ အားနည်းချက် အားသာချက်တွေကို လာစုံစမ်းနေတာ ဖြစ်မယ်"
"ကြည့်ရတာ သိပ်မကြာခင်မှာပဲ သူတို့က ငါတို့ရဲ့ အခြေအနေကို သေချာသိသွားရင် တရားဝင် စတင်တိုက်ခိုက်ဖို့ ပြင်ဆင်လောက်ပြီ"
လင်းယွမ်က နားထောင်ပြီးနောက် မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ကြည့်ရတာ ဟိုဘက်က ဆွေးနွေးဖို့ အစီအစဉ်မရှိဘဲ တိုက်ရိုက်ပဲ အင်အားသုံး ဝင်တိုက်ဖို့ စီစဉ်ထားပုံရတယ်"
တုကျစ်ကျဲက သုံးသပ်ပြလိုက်သည်။ "ကျွန်တော် ထင်တာတော့... သူတို့က လေဟုန်စီး ငါးလိပ်စွန် ကျွန်းကို အမြန်ဆုံး သိမ်းပိုက်ချင်နေတာ ဖြစ်မယ်... ဘာပဲဖြစ်ဖြစ် ဒီနေရာက အရင်က မုန်ယာကုမ္ပဏီရဲ့ နယ်မြေလေ"
"ခိုက်ရီနည်းပညာ ကုမ္ပဏီက မုန်ယာကုမ္ပဏီနဲ့ အရင်ကတည်းက သဘောတူညီချက် တစ်ခုခု ရှိထားပုံရတယ်... ဒါကြောင့် အမြဲတမ်း အကွာအဝေးက နီးကပ်နေပေမဲ့ သူတို့ဘာသာသူတို့ လေပေါ်ကျွန်းတွေကို ခွဲပြီး အုပ်ချုပ်နေကြတာ... တစ်ယောက်ကို တစ်ယောက် ဝင်မစွက်ဖက်ကြဘူး"
"ဒါပေမဲ့ အခု ဒီလေပေါ်ကျွန်းက ကျွန်တော်တို့ လက်ထဲ ရောက်နေပြီဆိုတော့ ဟိုဘက်ကလည်း သေချာပေါက် ငြိမ်နေနိုင်မှာ မဟုတ်တော့ဘူး... သူတို့လည်း ဒီလေပေါ်ကျွန်းကို လုယူချင်နေမှာပဲ... အဲဒီလိုဆိုရင် နောက်ပိုင်းကျရင် မုန်ယာကုမ္ပဏီက သူတို့ကို ပြန်တောင်းဖို့ အကြောင်းပြချက် မရှိတော့ဘူးလေ"
လင်းယွမ်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး သူလည်း ဤအချက်ကို ခန့်မှန်းမိနေသည်။
"ဝှီး"
အစည်းအဝေး စတင်သည်မှာ ဆယ်မိနစ်ကျော်ခန့်သာ ရှိသေးသော်လည်း ရုတ်တရက် စခန်းတစ်ခုလုံးတွင် သတိပေး အချက်ပေးသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
နားကွဲမတတ် ဆူညံနေသော အချက်ပေးသံများကြောင့် အခန်းထဲရှိ လူအားလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။
ဦးလေးမာက ချက်ချင်း ထရပ်လိုက်ပြီး "ဒါ လေကြောင်းရန် ကာကွယ်ရေး အချက်ပေးသံပဲ... ခိုက်ရီနည်းပညာ ကုမ္ပဏီက လူတွေ ထပ်ရောက်လာပြန်ပြီ ထင်တယ်" ဟု အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က ချက်ချင်း ထရပ်လိုက်ပြီး လေးနက်သော လေသံဖြင့် "သွားမယ်... ကျွန်တော်တို့ အပြင်ထွက်ပြီး သူတို့နဲ့ ရင်ဆိုင်ကြတာပေါ့"
သူ့ဘေးရှိ ထူလုံ၊ ချန်ကျန့်ဖုန်းနှင့် အခြားသူများ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ချက်ချင်း ပေါ်လာကြသည်။
လူတိုင်းက လင်းယွမ်၏ နောက်သို့ အသီးသီး လိုက်ပါသွားကြပြီး အဆောက်အအုံထဲမှ ထွက်လာကာ လေယာဉ်ကွင်းဆီသို့ အလျင်အမြန် ပျံသန်းသွားကြလေတော့သည်။
ဆက်ရန်...
အပိုင်း (၇၇၀) ဝမ်ထျန်အန်း
"တီ... တီ... တီ"
စခန်းအတွင်းရှိ သတိပေးဥဩဆွဲသံများက ဆက်လက်မြည်ဟည်းနေသည်။
လူအားလုံးက လေယာဉ်ကွင်းပြင်ပေါ်မှနေ၍ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
လေဟုန်စီး ငါးလိပ်စွန်ကျွန်း၏ ကောင်းကင်ယံထက်တွင် ယာဉ်ပျံ ဒါဇင်ပေါင်းများစွာ ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
စခန်းက ချက်ချင်းပင် အကာအကွယ်အစီအရင်ကို ဖွင့်လှစ်လိုက်သည်။
ဤနေရာရှိ အကာအကွယ်အစီအရင်သည် ထိုက်ယန်တောင်၏ ကောင်းကင်ချိတ်ပိတ် အမြောက်စနစ်နှင့် မတူညီဘဲ ယာဉ်ပျံများ၏ အကာအကွယ်အစီအရင် အလုပ်လုပ်ပုံ နိယာမမျိုးကို အသုံးပြုထားခြင်း ဖြစ်သည်။
စွမ်းအင်ငြိမ် သင်္ကေတကို အဓိကထား၍ အားကောင်းသော စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကို ဖန်တီးထားခြင်းပင်။
ဤသင်္ကေတ အစီအရင်စနစ်ကို တုကျစ်ကျဲ ကိုယ်တိုင် ဒီဇိုင်းဆွဲ ဖန်တီးထားခြင်း ဖြစ်သည်။
ယခုအခါ အကာအကွယ်အစီအရင်ကို ဖွင့်လှစ်ပြီးဖြစ်ကာ လေထဲရှိ ယာဉ်ပျံများကလည်း ပထမအကျော့ တိုက်ခိုက်မှုကို စတင်လိုက်ကြပြီ ဖြစ်သည်။
"ဘုန်း... ဘုန်း... ဘုန်း"
စွမ်းအင်အမြောက်များက ဆက်တိုက် ပစ်ခတ်လာပြီး အကာအကွယ်အစီအရင်ပေါ်သို့ ရူးသွပ်စွာဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ကြသည်။
ထို စွမ်းအင်အမြောက်များက အကာအကွယ်အစီအရင်ပေါ်သို့ ကျရောက်သွားသောအခါ ရေကန်မျက်နှာပြင်ပေါ်သို့ ရေပေါက်များ ကျဆင်းသွားသကဲ့သို့ ဂယက်လှိုင်းများ ထသွားလေသည်။
အကာအကွယ်အစီအရင် တစ်ခုလုံးတွင် ဂယက်လှိုင်းများ အဆက်မပြတ် လှုပ်ခတ်နေသည်။
စွမ်းအင်ငြိမ် သင်္ကေတများက အလျင်အမြန် တောက်ပလာပြီးနောက် များပြားလှသော စွမ်းအင်ငြိမ် သင်္ကေတများ စတင်အလုပ်လုပ်လာကာ ထိုစွမ်းအင်အမြောက်များ၏ စွမ်းအင်အားလုံးကို စွမ်းအင်ငြိမ် သင်္ကေတက စုပ်ယူဖြန့်ခွဲလိုက်ပြီး စခန်းအတွင်းသို့ အလျင်အမြန် စုစည်းသွားစေသည်။
တုကျစ်ကျဲက ပြုံးလျက် "အကာအကွယ်အစီအရင်ပေါ်က စွမ်းအင်ငြိမ် သင်္ကေတ အစီအရင်ကြီးကို ကျွန်တော် စွမ်းအင်စုဆောင်းတဲ့ စနစ် ထည့်သွင်းပေးထားပြီး စခန်းရဲ့ စွမ်းအင်ထုတ်လုပ်တဲ့ စက်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတယ်" ဟု ပြောလိုက်သည်။
"ဒီစွမ်းအင်ထုတ်လုပ်တဲ့ စက်တွေက စခန်းတစ်ခုလုံးကို လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးနိုင်ရုံသာမက စွမ်းအင်ငြိမ် အစီအရင်ကြီးကိုပါ စွမ်းအင် ပြန်လည်ဖြည့်တင်းပေးနိုင်တယ်"
"ရန်သူဘက်က တိုက်ခိုက်မှု ပြင်းထန်လေလေ... စွမ်းအင်ငြိမ် အစီအရင်ကြီးက ပိုပြီး ခိုင်မာလာလေလေပဲ"
လင်းယွမ်နှင့် အခြားသူများက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကြသည်။
သူက အသံကို နှိမ့်ကာ "ငါတို့ချည်းပဲ အထိုးခံနေရဖို့ အကြောင်းမရှိဘူး... ဟွမ်ဖာ... ရွှီဟွမ်... ဖေးခန်း... ကျန်းဟွေး... ဝူကျန်းယွီ... ဆုန်ဖေး... မင်းတို့ လူတွေကို ခေါ်ပြီး ယာဉ်ပျံတွေနဲ့ ထွက်... ရန်သူ့ယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။
"သူတို့ကို အိမ်မပြန်နိုင်အောင် လုပ်ပစ်ရမယ်"
"အမိန့်အတိုင်းပါ"
ပထမအသုတ် လေယာဉ်မှူးများက ယာဉ်ပျံများပေါ်သို့ အသီးသီး တက်ရောက်သွားကြပြီး အဖွဲ့ခေါင်းဆောင် အသီးသီး၏ အမိန့်ပေး ကွပ်ကဲမှုအောက်တွင် ယာဉ်ပျံများကို မောင်းနှင်ကာ စွမ်းအင်ငြိမ် အစီအရင်ကြီးထဲမှ ချက်ချင်း ထွက်ခွာသွားကြသည်။
"ဝုန်း... ဝုန်း... ဝုန်း"
လေထုပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ယာဉ်ပျံများက လေကိုခွဲကာ ထွက်ပေါ်လာကြသည်။
စွမ်းအင်ငြိမ် အစီအရင်ကြီးထဲမှ ထွက်ခွာသွားသည်နှင့် ထိုက်ယန်တောင်၏ ယာဉ်ပျံများ အားလုံးက အကာအကွယ်အစီအရင်များကို အသီးသီး ဖွင့်လှစ်လိုက်ကြသည်။
တစ်ဖက်ရန်သူ၏ ပစ်ခတ်မှုများကို ကြံ့ကြံ့ခံရင်း သူတို့ဘက်ကလည်း ဗုံးကြဲတိုက်ခိုက်မှု စနစ်ကို စတင်လိုက်ကြသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ပြင်းထန်သော ဗုံးပေါက်ကွဲသံများက ကောင်းကင်ယံထက်တွင် အဆက်မပြတ် ထွက်ပေါ်လာသည်။
ယာဉ်ပျံ ဒါဇင်ပေါင်းများစွာက ကောင်းကင်ယံတွင် ပုံစံမျိုးစုံဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြပြီး လေထုပေါက်ကွဲမှု လှိုင်းတံပိုးများကို ဖန်တီးနေကြသည်။
ဤနေရာရှိ လှုပ်ရှားမှုများက အနီးအနားရှိ ပျံသန်းနိုင်သော သန္ဓေပြောင်း သားရဲမြောက်မြားစွာကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
အစွမ်းထက်သော ပျံသန်းနိုင်သည့် သန္ဓေပြောင်း သားရဲအချို့က တောင်ပံများကို ဖြန့်ကာ အလွန်လျင်မြန်သော အလျင်ဖြင့် ထိုးဆင်းလာကြသည်။
အချို့သော သန္ဓေပြောင်း သားရဲများဆိုလျှင် အရွယ်အစားမှာ ပေ (၁၆၀) ကျော်အထိပင် ရှိနေကြသည်။
ဤသည်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ ထိတ်လန့်ဖွယ်ရာ သန္ဓေပြောင်း သားရဲများ ဖြစ်ကြောင်း အသေအချာပင်။
အရွယ်အစား ပေ (၁၆၀) ကျော်ရှိခြင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အတိုင်းအတာ ၅၀% ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
ထို့အပြင် ဤအဆင့်ရှိ ပျံသန်းနိုင်သော သားရဲကြီးများ၏ အရေအတွက်မှာလည်း မနည်းလှပေ။
သို့ဖြစ်ရာ ကောင်းကင်ယံမှ ပြင်းထန်သော တိုက်ပွဲကြီးမှာ ချက်ချင်းပင် ရှုပ်ထွေးသော တိုက်ပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်များ အလိုလို ကြုတ်သွားမိသည်။
ထိုအချိန်မှာပင် ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ယာဉ်ပျံများ အားလုံးက တံခါးများကို ရုတ်တရက် တပြိုင်နက် ဖွင့်လှစ်လိုက်ကြသည်။
ထို့နောက် အခန်းများအတွင်းမှ လေးထောင့်သေတ္တာပုံစံ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်ကြသည်။
ထိုသေတ္တာများက မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ပြင်းထန်သော အစိမ်းရောင် မီးခိုးငွေ့များကို ထုတ်လွှတ်လိုက်သည်။
ထို မီးခိုးငွေ့များက အလျင်အမြန် ပျံ့နှံ့သွားရာ ကောင်းကင်ယံရှိ ပျံသန်းနိုင်သော သားရဲကြီးများက ထိုအစိမ်းရောင် မီးခိုးငွေ့များကို ရှူရှိုက်မိသည်နှင့် တစ်ပြိုင်နက် ရူးသွပ်သွားသကဲ့သို့ မီးခိုးငွေ့များ ထွက်ပေါ်နေသော သေတ္တာများဆီသို့ ရူးသွပ်စွာ ထိုးဆင်းသွားကြသည်ကို တွေ့လိုက်ရသည်။
ထိုသေတ္တာများက အလျင်အမြန် ကျဆင်းလာပြီး စခန်းအပြင်ဘက်ရှိ အကာအကွယ်အစီအရင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
"အစီအရင်" ဟူသော အသံနှင့်အတူ သေတ္တာများက အကာအကွယ်အစီအရင်ပေါ်သို့ ကျရောက်သွားပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသွားသည်။
ချက်ချင်းပင် အတွင်းမှ အရည်များ အများအပြား ပန်းထွက်လာကာ ပျံသန်းနိုင်သော သားရဲကြီးများစွာကို ပို၍ ဆွဲဆောင်သွားပြီး အကာအကွယ်အစီအရင်ကို ရူးသွပ်စွာ စတင်တိုက်ခိုက်ကြတော့သည်။
"အဲ့ဒါ ဘာတွေလဲ"
"မကောင်းတော့ဘူး... အဲဒီသေတ္တာတွေက သန္ဓေပြောင်း သားရဲတွေကို ဆွဲဆောင်နိုင်တယ်"
"တောက်... သူတို့က ဒီပစ္စည်းတွေကို သုံးပြီး သန္ဓေပြောင်း သားရဲတွေကို ငါတို့ရဲ့ အကာအကွယ်အစီအရင်ဆီ လာတိုက်ခိုက်အောင် မြှူဆွယ်နေတာပဲ"
"ဆရာလင်း... အခု ဘယ်လိုလုပ်ကြမလဲ"
စခန်းအတွင်းရှိ လူအားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြပြီး အသီးသီး အလန့်တကြား အော်ဟစ်လိုက်ကြသည်။
လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့သူတွေ ငါ့နောက်လိုက်ခဲ့... ဒီပစ္စည်းတွေကို ချက်ချင်း သွားရှင်းမယ်" ဟု အမိန့်ပေးလိုက်သည်။
"မှတ်ထားနော်... ဒီအရည်တွေ ယိုစိမ့်မထွက်အောင် ဟင်းလင်းပြင် အမျိုးအစား ကိရိယာတွေကို အသုံးပြုကြ"
ထိုသို့ပြောပြီးနောက် သူက ပထမဆုံးအနေဖြင့် ရှေ့သို့ ပြေးထွက်သွားလေသည်။
အနီးဆုံးရှိ အစိမ်းရောင်အရည် တစ်ခု၏ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
မြေပြင်ပေါ်ရှိ သေတ္တာမှာ ကွဲကြေနေပြီဖြစ်ရာ လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ ရေစီးကြောင်းတစ်ခုကို ထိန်းချုပ်ကာ ထိုအရည်များကို လျင်မြန်စွာ ဆေးကြောပစ်လိုက်သည်။
သို့သော် ထိုအရည်များက ရေစီးကြောင်းဖြင့် ဆေးကြောလိုက်သောအခါ ချက်ချင်းပင် ပျံ့ကျဲသွားပြီး ရေစီးကြောင်းတစ်လျှောက် အံ့ဩဖွယ်ကောင်းလောက်အောင် ပျံ့နှံ့သွားလေသည်။
လင်းယွမ်၏ မျက်မှောင်များ ကြုတ်သွားသည်။
သူက ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သော မီးတောက်တစ်ခုအဖြစ် ပြောင်းလဲကာ ထိုအစိမ်းရောင် အရည်များထဲသို့ ပစ်သွင်းလိုက်သည်။
"ဘုန်း"
မီးတောက်များ လောင်ကျွမ်းသွားသောအခါ ချက်ချင်းပင် အစိမ်းရောင်အရည်များက အလျင်အမြန် အငွေ့ပျံသွားပြီး တလိပ်လိပ် တက်နေသော မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲကာ နောက်တစ်ဖန် ပျံ့ကျဲသွားပြီး ပိုမိုကျယ်ပြန့်သော နေရာအထိ ပျံ့နှံ့သွားတော့သည်။
လင်းယွမ်၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားသည်။
ရေရော မီးကပါ ဒီအရည်တွေကို ထိရောက်စွာ မရှင်းလင်းနိုင်ဘူးဆိုတော့ ဒီပစ္စည်းက တကယ်တမ်း ဘာကြီးလဲ။
လင်းယွမ်က ချက်ချင်း လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးအတွင်းမှ ရေခဲများ ပျံ့နှံ့လာပြီး "ဝှစ်" ဟူသော အသံနှင့်အတူ ထိုအစိမ်းရောင် အရည်များကို တိုက်ရိုက် အေးခဲပစ်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ အောင်မြင်သွားခဲ့သည်။
အရည်များအားလုံး ချက်ချင်း ခဲသွားပြီး အနံ့များ ပျံ့လွင့်မသွားနိုင်တော့ပေ။
ကောင်းကင်တွင် ပျံဝဲနေသော ပျံသန်းနိုင်သည့် သန္ဓေပြောင်း သားရဲများမှာ ချက်ချင်း အသိစိတ် အနည်းငယ် ပြန်ဝင်လာပြီး ခန္ဓာကိုယ်ကို အလျင်အမြန် အပေါ်သို့ ဆွဲတင်ကာ အခြား အစိမ်းရောင် မီးခိုးငွေ့များရှိရာသို့ ပြောင်းလဲ ထိုးဆင်းသွားကြသည်။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ "ဒီအစိမ်းရောင် အရည်တွေကို ရေခဲဓာတ် အစွမ်းနဲ့ တိုက်ခိုက်ကြ" ဟု ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်သည်။
ထူလုံက ချက်ချင်း ခေါင်းလှည့်ကာ "ရေခဲဓာတ် လက်နက် ပါတဲ့လူတွေ ထွက်ခဲ့ကြ" ဟု အော်ပြောလိုက်သည်။
"ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ ထွက်ခဲ့" ချန်ကျန့်ဖုန်းကလည်း ချက်ချင်း အော်ဟစ်လိုက်သည်။
ချက်ချင်းပင် စခန်းအတွင်းမှ လူအများအပြား အလျင်အမြန် ပြေးထွက်လာကြသည်။
အချို့ကလည်း ထူးခြားသော သန္ဓေပြောင်းအစွမ်း လက်နက်များကို ကိုင်ဆောင်ကာ ပြေးထွက်လာကြသည်။
အချို့က သေနတ်များကို အသုံးပြု၍ ရေခဲဓာတ် ကျည်ဆန်များကို တစ်တောင့်ပြီးတစ်တောင့် ပစ်ခတ်ကြသည်။
"ဒိုင်း... ဒိုင်း" ထိုအစိမ်းရောင် အရည်များမှာ ချက်ချင်း ရေခဲအဖြစ် အေးခဲသွားကြသည်။
ရေခဲဓာတ် အစွမ်းပိုင်ရှင် အချို့ကလည်း လက်ဝါးနှစ်ဖက်မှ အေးစက်သော ရေခဲမြူများကို အမြောက်အမြား ထုတ်လွှတ်ကာ အစိမ်းရောင် အရည်များကို အလွန်လျင်မြန်စွာ အေးခဲပစ်ကြသည်။
ဤသို့ဖြင့် ထိုအရည်များက အလျင်အမြန် အေးခဲသွားကြသည်။
သို့သော် သူတို့ဘက်မှ အရည်များကို အေးခဲနေချိန်တွင် ကောင်းကင်ပေါ်ရှိ ရန်သူ့ယာဉ်များက ဤအစိမ်းရောင် သေတ္တာများကို အဆက်မပြတ် ပစ်ချနေဆဲ ဖြစ်သည်။
ထို့ကြောင့် ဤအစိမ်းရောင် အရည်များမှာ လျော့ပါးမသွားသည့်အပြင် ပို၍ပင် များပြားလာတော့သည်။
ကောင်းကင်ယံမှ ဆွဲဆောင်ခံရသော ပျံသန်းနိုင်သည့် သန္ဓေပြောင်း သားရဲများမှာလည်း ပို၍များပြားလာပြီး အရွယ်အစား ပေ (၁၆၀) မှ (၂၀၀) အထိ ရှိသော အလွန်အစွမ်းထက်သည့် သန္ဓေပြောင်း သားရဲများပင် အများအပြား ပေါ်ထွက်လာကြပြီ ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ လင်းယွမ်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
ရန်သူ့ဘက်တွင် ဤကဲ့သို့သော လှည့်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က လေထဲသို့ တိုက်ရိုက် ခုန်တက်သွားပြီး လက်ဝါးနှစ်ဖက်ကို အားကုန် ဖြန့်ကားလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း သူ့ကို ဗဟိုပြု၍ ထိတ်လန့်ဖွယ်ရာ အအေးဓာတ်များ အလျင်အမြန် ပျံ့နှံ့ထွက်ပေါ်လာသည်။
အအေးဓာတ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရေခဲများ အေးခဲသွားပြီး ကောင်းကင်ယံတွင် ဧရာမ ရေခဲလွှာကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဒုန်း... ဒုန်း... ဒုန်း"
ခိုက်ရီနည်းပညာ ကုမ္ပဏီမှ ပစ်ချလိုက်သော သေတ္တာများမှာ မြေပြင်သို့ မကျရောက်မီ ရေခဲလွှာပေါ်သို့ ကျရောက်သွားပြီးနောက် တိုက်ရိုက် အေးခဲသွားကြတော့သည်။
ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ယာဉ်ပျံတစ်စင်းပေါ်တွင် စိမ်းပြာရောင် ဝတ်ရုံရှည်ကို ခြုံလွှမ်းထားသော အရိပ်တစ်ခုက လေယာဉ်မှူး၏ အနောက်ဘက်တွင် ရပ်နေသည်။
သူက အောက်ဘက်ရှိ လင်းယွမ်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
"အတော်ကောင်းတဲ့ ရေခဲဓာတ် အစွမ်းပိုင်ရှင်ပဲ... သူက ဒီလူအုပ်စုရဲ့ ခေါင်းဆောင်လား"
ဘေးနားရှိ လူငယ်တစ်ဦးက "ထျန်အန်း... မင်း ဝင်ပါတော့မလို့လား" ဟု မေးလိုက်သည်။
အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက ပြုံးလိုက်ပြီး "သူ့စွမ်းရည်က ဘယ်လောက်ရှိလဲ... ငါ ကိုယ်တိုင် ဝင်ပါဖို့ တန်ရဲ့လား ဆိုတာ အရင် စမ်းကြည့်ရမယ်"
"အားဟွေ... သူ့ကို ချိန်ထားလိုက်"
"နားလည်ပါပြီ... အားလုံး အမိန့်နာခံကြ... ဟို ရေခဲဓာတ် အစွမ်းပိုင်ရှင်ကို ချိန်ထား"
"အမိန့်အတိုင်းပါ"
"အမိန့်အတိုင်းပါ"
...
ဝမ်ထျန်အန်း၏ အမိန့်ပေးသံနှင့်အတူ ချက်ချင်းပင် ယာဉ်ပျံများ အားလုံးက အမြောက်ပြောင်းများကို လှည့်ကာ လင်းယွမ်ကို တပြိုင်နက် ချိန်ရွယ်လိုက်ကြသည်။
လင်းယွမ်က ကျောဘက်မှ စူးရှသော အန္တရာယ် အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။
သူက ဘာမှထပ်မပြောတော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံကို ချက်ချင်း ဖွင့်လှစ်လိုက်သည်။
"ဝုန်း"
နောက်တစ်ခဏတွင် သူ၏ တစ်ကိုယ်လုံး၌ သွေးလေများ လွှမ်းခြုံသွားပြီး အမြင့် ပေ (၁၆၀) နီးပါးရှိသော ဧရာမ ရေခဲဝက်ဝံကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရေခဲဝက်ဝံကြီး၏ တစ်ကိုယ်လုံးတွင် ရေခဲချပ်ဝတ်များ ဖုံးလွှမ်းနေပြီး လက်တစ်ဖက်တည်းဖြင့် ထိတ်လန့်ဖွယ်ရာ ရေခဲလွှာ ကောင်းကင်ယံကို ပင့်မထားလေသည်။
"ဘုန်း... ဘုန်း... ဘုန်း"
ရေတွက်၍မရသော စွမ်းအင်အမြောက်များက စုပြုံ၍ ဗုံးကြဲ တိုက်ခိုက်လာကြသည်။
မျက်တောင်တစ်ခတ်အတွင်း များပြားလှသော အလင်းအမြောက်များက ရေခဲလွှာကို ရိုက်ခွဲကာ လင်းယွမ်ဆီသို့ ဗုံးကြဲလာသည်။
လင်းယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် နှိုင်းယှဉ်၍မရအောင် ကြီးမားလှသော ရေခဲဘောလုံးကြီး တစ်ခု အလျင်အမြန် စုစည်းဖြစ်ပေါ်လာသည်။
အလင်းအမြောက်များ အားလုံး အလင်းဘောလုံးကို ထိမှန်သွားသောအခါ ချက်ချင်း ပေါက်ကွဲသွားပြီးနောက် အလင်းတန်းများက တိုက်ရိုက် ပြန်လည် ရောင်ပြန်ဟပ်ထွက်သွားသည်။
"ဝုန်း... ဝုန်း"
ပြင်းထန်သော ပေါက်ကွဲမှုများအကြားတွင် ရေခဲဘောလုံးကြီးမှာ တစ်ပတ်စာလောက်သာ ပါးလွှာသွားခဲ့သည်။
အပေါ်ယံတွင် ချိုင့်ခွက်များ ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အပျက်အစီးများဖြင့် ပြည့်နှက်နေပုံရသည်။
သို့သော် ရေခဲဘောလုံးကြီး အတွင်းရှိ ထိုရေခဲမြေရိုင်းဝက်ဝံကြီးမှာမူ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရခြင်း မရှိပေ။
လင်းယွမ်က ခေါင်းမော့ကာ ကောင်းကင်ယံရှိ ယာဉ်ပျံများကို ကြည့်ရင်း အေးစက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။
သူက ထိုယာဉ်ပျံများဆီသို့ သူ၏ ဝက်ဝံလက်ဖဝါးကို မြှောက်ကာ လက်ခလယ်ကို တိုက်ရိုက် ထောင်ပြလိုက်သည်။
ထို့နောက် အခြားလက်တစ်ဖက်ဖြင့် အားကုန် တွန်းထုတ်လိုက်သည်။
"ဝုန်း"
ရေခဲလွှာပေါ်ရှိ အစိမ်းရောင် အရည်များအားလုံးကို သူက တစ်စုတစ်စည်းတည်း ထုပ်ပိုးလိုက်ပြီး ကောင်းကင်ယံရှိ ယာဉ်ပျံများဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။
"ဘုန်း... ဘုန်း... ဘုန်း"
အစိမ်းရောင် အရည်များ ရောနှောပါဝင်နေသော ထိုရေခဲတုံးများက ယာဉ်ပျံများ၏ စွမ်းအင်အစီအရင်များပေါ်သို့ အသီးသီး သွားရောက် ရိုက်ခတ်သည်ကို တွေ့လိုက်ရသည်။
ယာဉ်ပျံ၏ စွမ်းအင်အစီအရင် ခိုင်မာမှုအရ ဤမျှလောက် တိုက်ခိုက်မှုမျိုးက ယာဉ်ပျံ၏ အကာအကွယ်ကို သဘာဝကျကျပင် မဖောက်ထွင်းနိုင်ပေ။
သို့သော် ထိုအစိမ်းရောင် အရည်များကမူ အကာအကွယ်အစီအရင်ပေါ်သို့ ဖျန်းပက်ခံလိုက်ရသည်။
ချက်ချင်းပင် ကောင်းကင်ယံရှိ သန္ဓေပြောင်း သားရဲများမှာ သွေးနံ့ရသွားသော ငါးမန်းများကဲ့သို့ ဦးတည်ရာကို အလျင်အမြန် ပြောင်းလဲလိုက်ကြပြီး ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ယာဉ်ပျံများဆီသို့ အသီးသီး ထိုးဆင်းသွားကြတော့သည်။
ခိုက်ရီနည်းပညာ ကုမ္ပဏီဘက်တွင် ချက်ချင်း အရှုပ်အထွေး ဖြစ်သွားပြီး အချို့ဆိုလျှင် အကာအကွယ်အစီအရင်ကို တိုက်ရိုက်ပင် ရုပ်သိမ်းလိုက်ကြသည်။
အကြောင်းမှာ အကာအကွယ်အစီအရင်နှင့် ယာဉ်ပျံကြားတွင် နေရာလွတ် ရှိနေသေးသောကြောင့် အကာအကွယ်အစီအရင်ကို ရုပ်သိမ်းလိုက်သည့် အခိုက်အတန့်တွင် ဤအစိမ်းရောင် အရည်များ ပြုတ်ကျသွားမည် ဖြစ်သောကြောင့်ပင်။
ယာဉ်ပျံများက ဤအခွင့်အရေးကို အသုံးချကာ အရည်များကို လျင်မြန်စွာ ရှောင်တိမ်းပြီး လွတ်မြောက်ရန် ကြိုးစားကြသည်။
သို့သော် ဤလုပ်ရပ်က တစ်ဖက်ရှိ ထိုက်ယန်တောင် ယာဉ်ပျံများအတွက် အခွင့်အရေး ဖြစ်သွားစေသည်။
ထိုက်ယန်တောင်၏ ယာဉ်ပျံများက အသီးသီး အမြောက်များ ဖွင့်ကာ ထို ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ယာဉ်ပျံများကို ချိန်ရွယ်လိုက်ကြသည်ကို တွေ့လိုက်ရသည်။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ယာဉ်ပျံများဘက်တွင် ချက်ချင်း ထိခိုက်ကျဆုံးမှုများ ရှိလာခဲ့သည်။
ယာဉ်ပျံ အစင်းအတော်များများ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။
လူရော စက်ပါ အတူတကွ ပျက်ကျသွားပြီး လေဟုန်စီး ငါးလိပ်စွန်ကျွန်း၏ သစ်တောများအတွင်းသို့ ဝင်တိုက်သွားလေသည်။
အခြေအနေ ပြောင်းပြန်ဖြစ်သွားသည်ကို မြင်သောအခါ ခိုက်ရီနည်းပညာ ကုမ္ပဏီ၏ ပင်မယာဉ်ပျံအတွင်းရှိ ဝမ်ထျန်အန်း၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားသည်။
ဘေးနားရှိ လူငယ်မှာ ပျက်စီးသွားသော ယာဉ်ပျံများကို ဂရုမစိုက်ဘဲ လင်းယွမ်ကိုသာ စူးစိုက်ကြည့်နေသည်။
သူက "အရွယ်အစားက ပေ (၁၅၀) ကိုတောင် ကျော်နေတာ... ဒီလူရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုက ၄၅% ကို ကျော်လွန်နေပြီပဲ" ဟု စကားစလိုက်သည်။
"ကျစ်... ဒီလိုအဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်မျိုးက ငါတို့ ကုမ္ပဏီမှာတောင် ဌာနခွဲ ခေါင်းဆောင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေပြီ"
"ဝမ်ထျန်အန်း... မင်း မလှုပ်ရှားသေးဘူးလား"
ဝမ်ထျန်အန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး "ရေခဲဓာတ် အစွမ်းပိုင်ရှင်... ပြီးတော့ အကာအကွယ်ပိုင်းကို ကျွမ်းကျင်တဲ့ အမျိုးအစားပဲ" ဟု ပြောလိုက်သည်။
"အစ်ကိုကျိုး... ခင်ဗျားလို ဈေးကွက်ရှာဖွေရေးဌာန မန်နေဂျာတစ်ယောက်က လက်ပိုက်ကြည့်နေတော့မလို့လား"
ထိုလူငယ်က ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး "မင်းက ငါနဲ့ ပူးပေါင်းဖို့ မထိုက်တန်ဘူးလို့ ထင်နေတယ် မှတ်တာ" ဟု ပြောလိုက်သည်။
ဝမ်ထျန်အန်းက "ငါက ငတုံးမှ မဟုတ်တာ... တစ်ဖက်လူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၄၅% အထက်ကို ရောက်နေမှန်း သိသာနေတာပဲ... ငါက ၄၀% ကျော်ရုံလေးပဲ ရှိတာကို ဘာကိစ္စ အတင်းသွားတိုက်ရမှာလဲ" ဟု ပြန်ပြောသည်။
"စကားများမနေနဲ့... အတူတူ သွားတိုက်ကြမယ်"
ထိုသို့ပြောရင်း သူက အခန်းတံခါးကို တိုက်ရိုက်ဆွဲဖွင့်ကာ အောက်သို့ ခုန်ချလိုက်သည်။
မြေပြင်သို့ မကျရောက်မီ သူ၏ တစ်ကိုယ်လုံးတွင် အစိမ်းရောင် သွေးမြူများ ပျံ့နှံ့လာသည်ကို တွေ့လိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း နှိုင်းယှဉ်၍မရအောင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးတစ်ခုက သွေးမြူများထဲမှ ပျံထွက်လာခဲ့သည်။
၎င်းမှာ တစ်ကိုယ်လုံး စိမ်းပြာရောင်ရှိသော ဧရာမ ပုစဉ်းရင်ကွဲမိစ္ဆာကြီးတစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
၎င်း၏ တစ်ကိုယ်လုံးမှာ အစိမ်းရောင် သံချပ်ကာကဲ့သို့ အသားအရေရှိပြီး တံစဉ်းကဲ့သို့သော ရှေ့လက်တစ်စုံမှာ ဧရာမ ကြီးမားကာ ထက်မြက်လှသည်။
ကျောဘက်ရှိ တောင်ပံတစ်စုံက မြည်ဟည်းတုန်ခါနေပြီး တစ်ကိုယ်လုံး အရွယ်အစားမှာ အရှည် ပေ (၁၃၀) အထိ ရှိနေသည်။
အမြင့်မှာလည်း ပေ (၃၀) ကျော်ပင် ရှိနေသေးသည်။
၎င်း၏ ဓားလက်ရုံးတစ်စုံမှာ တစ်ဖက်စီတိုင်းက ပေ (၆၀) မှ (၁၀၀) နီးပါးခန့်ရှိသော ထိတ်လန့်ဖွယ်ရာ အရှည်ရှိနေလေသည်။
ဆက်ရန်...