← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 10 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 10 Ch. 113-114

အခန်း(၁၁၃)

မိုက်ကယ်ရဲ့ ဘက်တော်သား အယောက်(၅,၀၀၀)စလုံးမှာ သူနဲ့ တန်းတူ ဖောက်ထွင်းလို့မရတဲ့ ဒိုင်းလွှားတွေ ရှိကြတယ်ဆိုတဲ့ အချက်ကို သိလိုက်ရတဲ့အခါ ဆီဘက်စတီယန်တစ်ယောက် အံ့ဩလွန်းလို့ မှင်သက်သွားရတာပေါ့။

ဘာပဲဖြစ်ဖြစ် မိုက်ကယ် ပိုင်ဆိုင်ထားတဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ဆိုတာက ဘယ်လိုမန္တန်မျိုးကိုမဆို ခုခံကာကွယ်နိုင်တဲ့ အရာမျိုးလေ။ ဘယ်လို ဒြပ်စင်မျိုးပဲ ဖြစ်နေပါစေ၊ အဲဒီအကာအကွယ်ကိုသုံးတဲ့သူထက် အဆင့်မသာသရွေ့တော့ ဘယ်မန္တန်ရဲ့ သက်ရောက်မှုကိုမှ ခံရမှာ မဟုတ်ပါဘူး။

"ဟုတ်တယ်၊ သူတို့မှာလည်း ရှိတယ်" လို့ မိုက်ကယ်က အမှန်အတိုင်းပဲ ပြောလိုက်တာပေါ့။

"ဒါပေမဲ့ သူတို့ဟာကိုတော့ အဆင့်နိမ့် ဒြပ်စင်ဘက်စုံအကာအကွယ် လို့ ခေါ်တယ်။ ကျွန်တော့်ဟာထက်စာရင်တော့ အစွမ်းနည်းနည်း ပိုနည်းတာပေါ့။ ကျွန်တော်က ကြယ်လေးပွင့်မှော်ဆရာ တစ်ယောက်ဖြစ်တာကြောင့် ကြယ်လေးပွင့်မန္တန်နဲ့ အဲဒီအောက်အဆင့်ရှိတဲ့ ဘယ်မှော်မန္တန်မှ ကျွန်တော့်ကို ဘာမှ လုပ်လို့မရဘူး။ ဒါပေမဲ့ သူတို့အတွက်ကတော့ တကယ်လို့ သူတို့က ကြယ်လေးပွင့်မှော်ဆရာ ဖြစ်နေရင်တောင် ကြယ်သုံးပွင့်မန္တန်နဲ့ အဲဒီအောက်အဆင့်တွေကိုပဲ ကာကွယ်နိုင်မှာပါ"

မိုက်ကယ်က အဲဒီအကာအကွယ်ဟာ ဒီကမ္ဘာမှာ အစွမ်းထက်ဆုံးအကာအကွယ်တွေထဲက တစ်ခုဖြစ်နေတာကို ဂရုမထားဘဲ စိတ်ပျက်လက်ပျက် လေသံမျိုးနဲ့ ရှင်းပြနေတာပါ။ အကောင်းဆုံး အကာအကွယ် မန္တန် တွေတောင်မှ သတ်မှတ်ထားတဲ့ ဒြပ်စင် အချို့ကိုပဲ ကာကွယ်နိုင်တာလေ။

ဥပမာအားဖြင့် လိပ်ခွံချပ်ဝတ်ဆိုတဲ့ အကာအကွယ် မန္တန်ဟာ မီးဒြပ်စင်မှော်ဆရာတွေကြားမှာ အရမ်း ရေပန်းစားတာပေါ့၊ ဘာလို့လဲဆိုတော့ အဲဒါက မီးဒြပ်စင်မှော်ဆရာတွေရဲ့ သဘာဝရန်သူဖြစ်တဲ့ ရေဒြပ်စင်မန္တန်တွေကို ကာကွယ်ပေးနိုင်လို့ပါ။

ဒါပေမဲ့ အဲဒီမန္တန်က မြေဒြပ်စင်မန္တန်တွေနဲ့တွေ့ရင်တော့ အားနည်းချက်ရှိပြန်တာပေါ့။ ဒါကြောင့် မြေဒြပ်စင်မန္တန်တွေကို ကာကွယ်ချင်ရင်တော့ အဲဒါကို တုံ့ပြန်နိုင်မယ့် နောက်ထပ် အကာအကွယ်မန္တန်တစ်ခုကို ထပ်ပြီး သင်ယူရမှာပါ။

မှော်ဆရာတွေအနေနဲ့ အကာအကွယ် မန္တန် တွေကို အများကြီး မသင်ယူနိုင်ကြဘူးလေ၊ မဟုတ်ရင် တိုက်စစ် မန္တန်တွေ သင်ယူဖို့အတွက် အချိန်အလုံအလောက် ရှိမှာ မဟုတ်တော့တာကိုး။

ဒါကြောင့် မိုက်ကယ်က စိတ်ပျက်နေတဲ့ အဆင့်နိမ့်ဒြပ်စင်ဘက်စုံအကာအကွယ်ဆိုတာတောင်မှ ဆီဘက်စတီယန်လို အဆင့်မြင့်မှော်ဆရာတွေရဲ့ အကာအကွယ်တွေထက် အများကြီး ပိုပြီး ကောင်းမွန်နေတာပါ။

ပြီးတော့ အဲဒါက မန္တန် မဟုတ်ဘဲ စွမ်းရည်တစ်ခုဖြစ်တာကြောင့် အဲဒီလို ဖောက်ထွင်းလို့မရတဲ့ အကာအကွယ်ကို သုံးဖို့အတွက် ဘာမှော်စွမ်းအင်မှ မလိုအပ်ပါဘူး။ အဲဒါက ခန္ဓာကိုယ်ရဲ့ ဒုတိယအရေပြားလိုမျိုး အမြဲတမ်း ရှိနေပြီး အကန့်အသတ်မရှိ အမြဲတမ်း ကာကွယ်ပေးနေတာပေါ့။

လူပုနိုင်ငံတော်က ဘာလို့ မိုက်ကယ်နဲ့ မဟာမိတ်ဖွဲ့ခဲ့သလဲဆိုတာကို ဆီဘက်စတီယန် နောက်ဆုံးတော့ နားလည်သွားပါတော့တယ်။ ဒီ လူပုတွေက တိုက်ခိုက်ရေးအမျိုးအစားမဟုတ်ကြဘူးဆိုပေမဲ့ သူတို့ဘာသာသူတို့တောင် လျော့တွက်လို့မရတဲ့ အင်အားစုကြီးတစ်ခု ဖြစ်နေတာကိုး။ မှော်သားရဲနဲ့မိစ္ဆာတွေမှာ သူတို့ရဲ့ ပင်ကိုယ် အကာအကွယ်တွေကို ဖောက်ထွင်းနိုင်ဖို့ဆိုရင် အင်မတန်ကြီးမားတဲ့ အင်အားမျိုးလိုအပ်မှာပါ။

မိုက်ကယ်က သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်ကြီးတစ်ခုကို တည်ထောင်လာမယ့် အချိန်ကို တွေးကြည့်လိုက်ရင် တကယ့်ကို ကြောက်စရာ ကောင်းလှတာပေါ့၊ အဲဒီစစ်တပ်က လူတိုင်းဟာ သူတို့ရဲ့ သာမန် အကာအကွယ်လေးတွေနဲ့တင် ဘယ်လို မှော်မန္တန် မျိုးကိုမဆို တားဆီးနိုင်တဲ့ စွမ်းရည် ရှိနေကြတာလေ။ သူတို့ဟာ ဒြပ်စင်မန္တန်အားလုံးကို ခုခံနိုင်စွမ်း ရှိကြသလို ဘယ်လို ဒြပ်စင် မန္တန် မျိုးကိုမဆိုလည်း ပြန်ပြီး အသုံးပြုနိုင်ကြတာပါ။

သူ့ရဲ့ စစ်တပ်က တင်းကျပ်စွာ စောင့်ကြပ်ထားတဲ့ နယ်မြေတစ်ခုကို ဝင်ရောက် တိုက်ခိုက်ရင်တောင်မှ ဘာ မန္တန် မှ သုံးစရာမလိုဘဲ ဘာဒဏ်ရာမှ မရဘဲ ပြန်ထွက်လာနိုင်မှာပေါ့။ သူတို့ရဲ့ အကာအကွယ်တွေက အဲဒီလောက်အထိ အစွမ်းထက်တာကိုး။ လူပုတွေအနေနဲ့ အစောကြီးကတည်းက မိုက်ကယ်နဲ့ မဟာမိတ်ဖွဲ့ခဲ့တာဟာ တကယ့်ကို ထက်မြက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။

ဆီဘက်စတီယန်ဟာ ခြောက်သွေ့လွင်ပြင်မှာ မိုက်ကယ် တည်ထောင်ခဲ့တဲ့ နိုင်ငံအကြောင်းကို အရင်က သေချာ ဂရုမထားခဲ့မိပါဘူး။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို တစ်စေ့တစ်စောင်း မြင်လိုက်ရတဲ့အခါ မိုက်ကယ်နဲ့ မိတ်ဆွေဖြစ်ခဲ့ရတာကို ဝမ်းမသာဘဲ မနေနိုင်တော့တာပေါ့။

အဆင့်မြင့်စွမ်းရည်ကို ရရှိထားတဲ့သူတွေဟာ ကမ္ဘာကြီးကိုအုပ်စိုး ဒါမှမဟုတ် အကြီးအကျယ် ပြောင်းလဲပစ်ကြလိမ့်မယ်ဆိုတဲ့ ကောလာဟလက တကယ်ပဲ ဖြစ်ပုံရပါတယ်။ မိုက်ကယ်က လူကောင်းတစ်ယောက် ဖြစ်နေတာကိုပဲ သူ ကျေးဇူးတင်နေမိတာပေါ့။

တကယ်လို့ မိုက်ကယ်သာ လမ်းမှားကို ရွေးချယ်ခဲ့မယ်ဆိုရင် သူအလိုရှိတာနဲ့ ဒီကမ္ဘာမြေကြီးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တာကိုး။ ဆီဘက်စတီယန် အဲဒီလို တွေးလိုက်မိရုံနဲ့တင် ကြက်သီးတောင် ထသွားမိတယ်။

နာရီအနည်းငယ် ကြာတဲ့အခါမှာတော့ လူပုနဲ့ မှော်သားရဲမိစ္ဆာတွေဟာ မိုက်ကယ်ခိုင်းထားတဲ့ မီသရယ်မှော်နှင်တံ ငါးခုကို အပြီးသတ်နိုင်ခဲ့ကြပါတယ်။ တစ်ခုချင်းစီမှာ မတူညီတဲ့ အစွမ်းတွေကို ပြသနိုင်ဖို့အတွက် မတူညီတဲ့ ဒြပ်စင်တွေ ပါဝင်နေတာပေါ့။

ဆီဘက်စတီယန်ဟာ သူတို့ရဲ့ နည်းပညာအပေါ် အင်မတန် စူးစမ်းချင်စိတ် ဖြစ်နေပေမဲ့ သူကိုယ်တိုင် ဖြစ်ဖြစ်၊ တခြား မှော်ဆရာတွေ ဖြစ်ဖြစ်၊ မီသရယ် ဘယ်လိုလုပ်ရမလဲဆိုတာ သိနေရင်တောင်မှ ဖန်တီးနိုင်ကြမှာ မဟုတ်ဘူးဆိုတာကို သူ နားလည်ထားပါတယ်။

မီသရယ်ကို ဖန်တီးနိုင်ဖို့ဆိုရင် ဒြပ်စင် ပေါင်းစုံ ကျွမ်းကျင်မှုရှိဖို့က မဖြစ်မနေလိုအပ်ချက်တစ်ခုလေ။ ရီနေးတားက လက်မှုပညာသည်တွေက အစကနေ အဆုံးထိ မီသရယ်ကို ဖန်တီးပြနေတာကို မြင်ပြီးတဲ့နောက်မှာ ဆီဘက်စတီယန် ကတော့ အဲဒီအချက်ကို သေချာပေါက် အတည်ပြုနိုင်ခဲ့တာပေါ့။

ဒါဟာ မိုက်ကယ်ရဲ့ ဘက်တော်သားတွေပဲ ဒြပ်စင်အားလုံးမှာ ကျွမ်းကျင်မှုရှိကြတာကြောင့် သူတို့ပဲ မီသရယ်ကို ဖန်တီးနိုင်တယ်လို့ ဆိုလိုတာပါ။

ဆီဘက်စတီယန် ကတော့ ဒီကိစ္စအပေါ် သိပ်ပြီး စိတ်ပျက်မနေပါဘူး။ သူကိုယ်တိုင် အဲဒီလိုမျိုး မဖန်တီးနိုင်ရင်တောင်မှ မီသရယ်ထဲမှာ သူ လေ့လာချင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ဗဟုသုတတွေ အများကြီး ရှိနေသေးတာကိုး။

"ကျေးဇူးပါပဲ မိုက်ကယ်။ ဒီ မှော်နှင်တံတွေနဲ့ဆိုရင် မီသရယ်ရဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေကို ငါတို့ ပိုပြီး ရှာဖွေနိုင်တော့မှာပါ" လို့ ဆီဘက်စတီယန် က ပြောရင်း မှော်နှင်တံတွေကို လက်ခံယူကာ လုံခြုံတဲ့ သေတ္တာထဲကို ထည့်လိုက်ပါတယ်။

"မီသရယ်နဲ့ ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီး ကျန်သေးတယ်လို့ ကျွန်တော် ခံစားမိတယ်။ အဲဒါကြောင့် အဘိုးကြီးတို့လည်း အဲဒါကို လေ့လာဖို့ ကြိုးစားနေတာက ကျွန်တော့်အတွက် စိတ်အားတက်စရာပါပဲ" လို့ မိုက်ကယ်က ပြန်ပြောလိုက်တာပေါ့။

သူက မီသရယ် ကို ပိုပြီး အသုံးချနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေချင်နေတာဖြစ်ပြီး ကြယ်ရှစ်ပွင့်မှော်ဆရာ တစ်ယောက်ရဲ့ အမြင်ကိုရရှိတာဟာ သူ့အတွက် အင်မတန် အထောက်အကူ ဖြစ်စေမှာလေ။

"အခွင့်အရေး ရမယ်ဆိုရင် မှော်ပညာရှင်အစည်းအရုံး ဆီကို သွားလည်သင့်တယ်နော်။ မင်းသာ သူတို့ကို မီသရယ် အသုံးအဆောင်တစ်ခု ပြသနိုင်မယ်ဆိုရင် သူတို့ရဲ့ မျက်နှာသာပေးမှုကို ရရှိမှာ သေချာပါတယ်။ အဲဒါက မင်းရဲ့ လုပ်ငန်းဆောင်တာတွေမှာ အများကြီး အထောက်အကူ ဖြစ်မှာပါ" လို့ ဆီဘက်စတီယန် က အကြံပေးလိုက်ပါတယ်။

"မင်းက မင်းရဲ့ စီးပွားရေးကို ကွင်းစ်နယ်မြေအထိ ချဲ့ထွင်ဖို့ စီစဉ်နေတာ မဟုတ်လား။ ကင်းစ်နယ်မြေ မှာ ရီနေးတားထုတ်ကုန်တွေကို ဖြန့်ချိခဲ့တုန်းကထက်စာရင် အဲဒီမှာတော့ အခက်အခဲတွေ အများကြီး ပိုတွေ့ရမှာပါ။ မှော်ပညာရှင်အစည်းအရုံးမှာက အဆက်အသွယ်တွေ အများကြီးရှိတယ်၊ အထူးသဖြင့် တော်ဝင်မိသားစုတွေနဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေမှာပေါ့။ သူတို့ရဲ့ အကူအညီသာ ရမယ်ဆိုရင် အဲဒီမှာ မင်းရဲ့ ကုမ္ပဏီကို တည်ထောင်ဖို့က အများကြီး ပိုပြီး လွယ်ကူသွားမှာ သေချာပါတယ်"

ကွင်းစ်နယ်မြေ အထိ လုပ်ငန်းချဲ့ထွင်ရတာဟာ ကင်းစ်နယ်မြေ ထက်စာရင် ပိုပြီး ဒုက္ခများမယ်ဆိုတာ မိုက်ကယ် သိထားပါတယ်၊ ဒါပေမဲ့ ဘယ်လောက်အထိလဲ ဆိုတာကိုတော့ သူ မသိသေးဘူးလေ။

"အဲဒီ အခက်အခဲတွေအကြောင်းကို ကျွန်တော့်ကို ပိုပြီး ပြောပြနိုင်မလား" လို့ မိုက်ကယ်က စူးစမ်းစွာနဲ့ မေးလိုက်တာပေါ့။

"ကွင်းစ်နယ်မြေမှာက တစ်နယ်နဲ့တစ်နယ် သိပ်ပြီးအဆင်မပြေကြတဲ့ နယ်မြေတွေနဲ့ ပြည့်နေတာလေ။ အချို့ကတော့ လူပုနိုင်ငံတော်လိုပဲ အပြင်လူတွေ သူတို့ရဲ့ စီးပွားရေးမှာ လာရောက် နှောင့်ယှက်တာကို မကြိုက်ကြဘူး။ အချို့ကတော့ ဈေးကွက်ကို အပြည့်အဝ စိုးမိုးထားတဲ့ကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေ ပြည့်နှက်နေတယ်။

အဲဒီနေရာက နိုင်ငံရဲ့ ကျေးလက်ဒေသလို့ သတ်မှတ်လို့ရတဲ့ ကင်းစ်နယ်မြေ နဲ့ မတူဘူး။ အခြေခံအားဖြင့်တော့ အဲဒီနယ်မြေတွေမှာ ပြိုင်ဘက်တွေ အများကြီး ပိုတွေ့ရမယ်။ မင်းရဲ့ ထုတ်ကုန်တွေက တကယ်ကောင်းပြီး ဖောက်သည်တွေက သဘောကျကြရင်တောင်မှ အဲဒီနယ်မြေရဲ့ အုပ်ချုပ်သူတွေက သူတို့ရဲ့ မြေပေါ်မှာ မင်းကို ရောင်းချခွင့် မပြုဘူးဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။

မင်း ဒါကိုမလုပ်နိုင်ဘူးလို့ ငါ ပြောနေတာ မဟုတ်ဘူးနော်။ ဘာပဲဖြစ်ဖြစ် မင်းက ခေါင်းမာလှတဲ့ လူပုနိုင်ငံတော် ကိုတောင် မင်းနဲ့ မဟာမိတ်ဖွဲ့လာအောင် စည်းရုံးနိုင်ခဲ့တာပဲလေ။ အဲဒါက မင်းရဲ့ အဘိုးတောင် မလုပ်နိုင်ခဲ့တဲ့ အရာမျိုး။ ဒါပေမဲ့ ကွင်းစ်နယ်မြေ မှာ အခြေစိုက်ထားတဲ့ အင်အားကြီးအဖွဲ့အစည်းတွေဆီက အကူအညီ ရမယ်ဆိုရင်တော့ မင်းအတွက် အများကြီး ပိုပြီး လွယ်ကူသွားမှာပါ။

ဥပမာအားဖြင့် မှော်ပညာရှင်အစည်းအရုံးက မင်းအတွက် ဈေးကွက်အတော်များများမှာ နေရာရလာအောင် ကူညီပေးနိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ဓားသမားမျိုးရိုးကြောင့် နာမည်ကြီးတဲ့ လိုင်းဟတ် မိသားစုနဲ့ မဟာမိတ်ဖွဲ့လို့ ရတာပေါ့။ သူတို့က မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

ကွင်းစ်နယ်မြေ ရဲ့ နယ်မြေတိုင်းနီးပါးနဲ့ နိုင်ငံရေးအရ အဆက်အသွယ်ရှိထားတဲ့ မောင့်ဂိုမာရီ မိသားစုဆီကနေလည်း အကူအညီတောင်းလို့ ရနိုင်သေးတယ်။ ဒါမှမဟုတ် မင်းရဲ့ အဘိုးဆီကနေ အကူအညီ တောင်းရင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဗန်ဒါဘစ်ဆိုတဲ့နာမည်က ဈေးကွက်အားလုံးမှာ အင်မတန် သြဇာညောင်းတဲ့ နာမည်လေ"

* * * * * * * * *

စာစဉ်(၁၀)

အခန်း(၁၁၄)

ဆီဘက်စတီယန်နဲ့ စကားပြောပြီးတဲ့နောက် မိုက်ကယ် ဟာ တွေးစရာတွေအများကြီးနဲ့ မှော်မျှော်စင်ထဲကနေ ထွက်လာခဲ့ပါတယ်။ မျှော်စင်သခင် ရဲ့ အကြံပေးချက်တွေက မှန်ကန်ပေမဲ့လည်း မိုက်ကယ် ကတော့ လောလောဆယ် ဘယ်အဖွဲ့အစည်းဆီကမှ အကူအညီတောင်းဖို့ အစီအစဉ်မရှိပါဘူး။

သူတို့ဘက်က ကူညီချင်တယ်ဆိုရင်တော့ လက်ခံကောင်း လက်ခံနိုင်ပေမဲ့ မိုက်ကယ် ဘက်ကတော့ အကူအညီတောင်းခံဖို့ ရည်ရွယ်ချက်နဲ့ သူတို့ဆီကို ချဉ်းကပ်မှာမဟုတ်ပါဘူး။ အဲဒါက သူတို့ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ် ဖြစ်လာမှာမဟုတ်လို့ပါပဲ။

ဥပမာပြောရရင် သူဟာ လူပုနိုင်ငံတော် ဆီကို အကူအညီတောင်းဖို့ ဘယ်တုန်းကမှ မသွားခဲ့ပါဘူး။ တကယ်လို့သာ သူ သွားခဲ့မယ်ဆိုရင် လူပုဘုရင်က သူ့ကို စကားပြောဖို့ ချက်ချင်းငြင်းဆိုမှာဖြစ်ပြီး သူတို့ကြားမှာ မဟာမိတ်ဖြစ်လာနိုင်မယ့် အနာဂတ်လမ်းစတွေ အကုန်ပိတ်သွားမှာပါ။

အဲဒီအစား လူပုဘုရင်ကိုယ်တိုင်က သူ့ဆီကိုချဉ်းကပ်လာအောင် သူလုပ်ခဲ့တာပါ။ ရီနေးတားနိုင်ငံရဲ့ စေတနာကောင်းတွေကို လူပုဘုရင် ကိုယ်တိုင် မြင်တွေ့သွားစေပြီး နယ်မြေနှစ်ခုကြားမှာ မဟာမိတ်တွေ ဖြစ်လာစေခဲ့တာပေါ့။

သူ့အနေနဲ့ ကွင်းစ်နယ်မြေ ထဲက မှော်ပညာရှင်အစည်းအရုံးတို့၊ လိုင်းဟတ်မိသားစုတို့၊ မောင့်ဂိုမာရီမိသားစုတို့ ဒါမှမဟုတ် တခြားအဖွဲ့အစည်းတွေအကြောင်း ဘာမှမသိသေးတာကြောင့် ဒါက ပိုပြီးတော့တောင် အရေးကြီးပါသေးတယ်။

နိုင်ငံရေး အခင်းအကျင်းတွေကို သူ မသိသေးတာကြောင့် မိသားစုတစ်ခုနဲ့ မဟာမိတ်ဖွဲ့လိုက်တာက တခြားအဖွဲ့အစည်းတစ်ခုကို ဆန့်ကျင်လိုက်သလို ဖြစ်သွားနိုင်လို့ပါ။

သူ့ရဲ့ အဘိုးနဲ့ ပတ်သက်ရင်လည်း မိုက်ကယ်အနေနဲ့ အကူအညီတောင်းဖို့လိုအပ်တယ်လို့ မခံစားရပါဘူး။ သူက နာမည်အရ ဗန်ဒါဘစ် တစ်ယောက်ဖြစ်ပေမဲ့ မိုက်ကယ်ကတော့ သူ့ရဲ့ မျိုးရိုးအမည်အပေါ်မှာ ဘယ်တုန်းကမှ သံယောဇဉ်မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူတို့ရဲ့ အရေးကြီးတဲ့ တွေ့ဆုံပွဲကို သူ့အဘိုး တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပြီးကတည်းက သူဟာ ပိုပြီးတော့တောင် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။

မိုက်ကယ်က ဗန်ဒါဘစ်မိသားစုရဲ့ ကြွယ်ဝမှုတွေထဲကနေ ဒီထက်ကြီးမားတဲ့ အမွေအနှစ်တွေကို မလိုချင်ပါဘူး။ သူက လူသူမရှိဘဲ အသုံးမကျတဲ့ ခြောက်သွေ့လွင်ပြင်ကို အမွေရခဲ့တာကိုတင် အတော်လေး ကျေနပ်နေတာပါ။

ဒါပေမဲ့လည်း သူ့အဘိုးအနေနဲ့ သူ့ကို တကယ်လာတွေ့ဖို့ အချိန်ပေးခဲ့ရင် ကောင်းမှာပဲလို့ မိုက်ကယ် တွေးမိပါတယ်။ အိုင်းဇ် က အလုပ်ရှုပ်တဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အကြီးဆုံးကုမ္ပဏီကို တာဝန်ယူထားရတာကြောင့် သူ မလာနိုင်တာအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမှာဖြစ်ပေမဲ့ သူသာ တကယ်ပေါ်လာခဲ့ရင် မိုက်ကယ် အတွက်တော့ အများကြီး အဓိပ္ပာယ်ရှိမှာပါ။

အဲဒီအချက်ကြောင့်ပဲ မိုက်ကယ် က သူ့အဘိုးဆီကနေ အကူအညီမတောင်းချင်တာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အတွက် မလိုပါဘူး။ ကက်စတယ်လာ နဲ့ သူ့ရဲ့ ရီနေးတား ထုတ်ကုန်တွေက ကွင်းစ်နယ်မြေ ဈေးကွက်ကို သူတို့ဘာသာသူတို့ ထိုးဖောက်နိုင်လိမ့်မယ်လို့ သူ ယုံကြည်မှုအပြည့် ရှိနေပါတယ်။

မိုက်ကယ် မှော်မျှော်စင် အပြင်ဘက်ကို လမ်းလျှောက်ထွက်လာတဲ့အခါ လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ လက်မှတ်အရောင်းဆိုင်လေးတစ်ခုမှာ လူတွေအများကြီး တန်းစီနေကြတာကို တွေ့လိုက်ရပါတယ်။ အဲဒီဆိုင်ရဲ့ ဆိုင်းဘုတ်ပေါ်မှာတော့ ရီနေးတားတက္ကစီ ဆိုတဲ့ နာမည်ကို စာလုံးအကြီးကြီးနဲ့ ရေးထိုးထားတာပေါ့။

ဒါက မိုက်ကယ် ရဲ့ အရင်ဘဝက တက္ကစီဝန်ဆောင်မှုတွေလိုပဲ ရီနေးတား ကုမ္ပဏီက အသစ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခုပါ။ ဒီတက္ကစီလုပ်ငန်းအတွက် မော်တော်ကား တွေအများကြီး ထုတ်လုပ်ထားပေမဲ့လည်း ဝယ်လိုအားက ထုတ်လုပ်နိုင်မှုထက် အဆမတန် များပြားနေတုန်းပဲ ဖြစ်ပုံရပါတယ်။

ရီနေးတားတက္ကစီ ငှားဖို့အတွက် ကိုယ့်အလှည့်ကို စောင့်နေကြတဲ့ လူတွေနဲ့ လမ်းတစ်လျှောက်လုံးမှာ တန်းစီနေကြတာ တကယ့်ကို ရှည်လျားလှပါတယ်။ မိုက်ကယ်လည်း တန်းစီနေတဲ့သူတွေရဲ့ အနောက်ဆုံးမှာ သွားရပ်ပြီး တစ်နာရီလောက်အထိ စောင့်လိုက်ရပါတယ်။

မိုက်ကယ်အနေနဲ့ ကက်စတယ်လာရဲ့ ရုံးခန်းကို မျက်စိတစ်မှိတ်အတွင်းမှာတင် ရောက်အောင် သွားနိုင်ပေမဲ့လည်း သူက သာမန်နည်းလမ်းအတိုင်းပဲ သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ တခြားလူတွေလိုပဲ ရီနေးတားတက္ကစီ တန်းစီတဲ့အထဲမှာ သူ စောင့်နေလိုက်ပါတယ်။

သူ့အလှည့်ရောက်တဲ့အခါ ဆိုင်က ဝန်ထမ်းဆီကနေ လက်မှတ်တစ်စောင် ဝယ်လိုက်ပါတယ်။

"ကျွန်တော့်ကို ရီနေးတားရုံးခန်းဆီ ပို့ပေးပါ" လို့ မော်တော်ကား တက္ကစီဝန်ဆောင်မှုအတွက် လက်မှတ်ရောင်းပေးနေတဲ့ ဆိတ်လူသားကို မိုက်ကယ် က ပြောလိုက်ပါတယ်။

"ရတာပေါ့" လို့ ဆိတ်လူသား က ပြန်ဖြေရင်း ကင်းစ်ဘရစ်ချ် မြို့ထဲမှာ လှည့်ပတ်မောင်းနှင်နေတဲ့ ရီနေးတားတက္ကစီ တန်းစီနေတဲ့နေရာဆီကို မိုက်ကယ် ကို လမ်းပြခေါ်သွားခဲ့ပါတယ်။

အရှေ့ဆုံးမှာရှိတဲ့ မော်တော်ကား က တံခါးဖွင့်ပေးတာကြောင့် မိုက်ကယ် က ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။ မကြာခင်မှာပဲ ကားအင်ဂျင်သံကြီး ဟိန်းထွက်လာပြီး လမ်းမတွေပေါ်မှာ ခရီးစတင်ပါတော့တယ်။

တစ်လမ်းလုံးမှာလည်း မိုက်ကယ် က ပြတင်းပေါက်ကနေ အပြင်ကိုပဲ ကြည့်နေပြီး မော်တော်ကား တွေ ပေါ်လာပြီးနောက်ပိုင်း မြို့ထဲမှာ ဘာတွေ ပြောင်းလဲနေသလဲဆိုတာကို အကဲခတ်နေတာပေါ့။

ဥပမာပြောရရင် မော်တော်ကားတွေ စတင်မိတ်ဆက်ပြီး တစ်လလောက် ကြာသွားပေမဲ့လည်း အသစ်အဆန်းဖြစ်နေမှုကတော့ အမြင့်ဆုံးမှာပဲ ရှိနေပါသေးတယ်။ ပုံမှန် မြင်းရထားတွေနဲ့ ယှဉ်ရင် အရမ်းကို မြန်ဆန်တာကြောင့် လူတိုင်းလက်ခံတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခု ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့လည်း မော်တော်ကားတွေက တက္ကစီလုပ်ငန်းကို သိမ်းပိုက်လိုက်တာကြောင့် မြင်းရထားမောင်းတဲ့သူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါတယ်။ လမ်းမတွေပေါ်မှာ မြင်းရထားတွေကို မတွေ့ရသလောက်ပဲလေ။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မိုက်ကယ်က အဲဒီမြင်းရထားမောင်းသူတွေကို ကားမောင်းသင်ပေးပြီး ရီနေးတားတက္ကစီဝန်ဆောင်မှုမှာ ဝန်ထမ်းအဖြစ် ဝင်လုပ်နိုင်အောင် အစီအစဉ်တစ်ခု စတင်ပေးခဲ့ပါတယ်။

ဒါက အဲဒီကားမောင်းသူတွေအတွက် ငွေကြေးအရ အကြီးအကျယ် အောင်မြင်မှုရစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မော်တော်ကားရဲ့ အသစ်အဆန်း အရသာကို စမ်းကြည့်ချင်တဲ့ ဖောက်သည်တွေ အများကြီး ရှိနေလို့ပါပဲ။ သူတို့အနေနဲ့ ခရီးတစ်ခုသွားတိုင်း လနဲ့ချီပြီး အချိန်မပေးရတော့ဘဲ ကင်းစ်ဘရစ်ချ် မြို့ရဲ့ အပြင်ဘက်ကိုပါ ပိုပြီး ဝေးဝေးသွားနိုင်တာကြောင့် ရေရှည်မှာ ပိုက်ဆံပိုရလာကြပါတယ်။

မိုက်ကယ်ရဲ့ ကားဆရာကလည်း အဲဒီအစီအစဉ်မှာ ပါဝင်တဲ့ လူလတ်ပိုင်းအရွယ်တစ်ယောက်ပါပဲ။

"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် လူငယ်လေး" လို့ ကားဆရာက လမ်းဘေးမှာ ကားခဏရပ်ရင်း တောင်းပန်စကား ဆိုပါတယ်။ "လမ်းတွေကို ပြုပြင်နေတုန်းမို့လို့ ကားတွေ အရမ်းပိတ်နေတာ။ ဒါပေမဲ့ သူတို့က အဲဒီ မှော်ဆန်တဲ့ ကွန်ကရစ် တွေကို သုံးနေတာဆိုတော့ မနက်ဖြန်ဆိုရင် ပြီးသွားမှာပါ"

ကွန်ကရစ်လုပ်ငန်းကလည်း အဆင်ပြေနေပုံရပါတယ်။ မော်တော်ကားတွေ များလာတာနဲ့အမျှ ကင်းစ်ဘရစ်ချ် လမ်းမစနစ်တစ်ခုလုံးကို ကားတွေမောင်းဖို့ အဆင်ပြေမယ့် ညီညာတဲ့ ကွန်ကရစ် လမ်းတွေအဖြစ် အခုလောလောဆယ် ပြန်လည် ပြုပြင်နေကြတာပါ။

"ရီနေးတားကုမ္ပဏီက တကယ့်ကို အံ့ဩစရာမကောင်းဘူးလား" လို့ ကားဆရာက အားကျတုန်လှုပ်စွာနဲ့ ပြောပါတယ်။ "သူတို့က ငါတို့မြို့ကြီးကို ပိုကောင်းအောင် ပြောင်းလဲပေးနေတာပဲ"

မိုက်ကယ် ကတော့ ပြုံးပဲ ပြုံးနေမိပါတယ်။ ကားဆရာက သူ ဘယ်သူလဲဆိုတာ မသိဘဲနဲ့ အခုလို ချီးကျူးစကားပြောနေတာကို ကြားရတာ အတွင်းစိတ်ထဲမှာတော့ နည်းနည်းရှက်သလိုလို ဖြစ်နေတာပေါ့။

ကားက ယာဉ်ကြောပိတ်ဆို့မှုကြားကနေ ဖြည်းဖြည်းချင်း ရှေ့တိုးလာတဲ့အခါ လမ်းပေါ်မှာ ကွန်ကရစ်တွေ လောင်းနေကြတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေကို မိုက်ကယ် မြင်လိုက်ရပါတယ်။

လက်နဲ့တိုက်ရိုက် လုပ်ကိုင်နေကြတဲ့ အလုပ်သမား အများစုက လူသားတွေဖြစ်ပြီး ဆောက်လုပ်ရေး စီမံကိန်းတစ်ခုလုံးကို ကြီးကြပ်နေတဲ့ မန်နေဂျာတွေကတော့ ရီနေးတားနိုင်ငံသား တွေပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ ခုန်းရဲ့ သစ္စာရှိတဲ့ တပည့်တွေနဲ့ ဝန်ထမ်းတွေဆိုတာ မိုက်ကယ်သိလိုက်ပါတယ်။ ဟော့ဘ်မျောက်လူတွေက လက်ထဲက ဗိသုကာပုံစံများပုံဖော်ခြင်းကို စစ်ဆေးနေကြပြီး၊ ဆိတ်လူသား တွေကတော့ လူသားအလုပ်သမားတွေကို မြေကြီးဘယ်လိုပိုကောင်းအောင် တူးရမလဲဆိုတာ ညွှန်ကြားနေကြပါတယ်။ လူပုတွေကတော့ အလုပ်သမားတွေကို သံကူကွန်ကရစ်တွေ စနစ်တကျ ဘယ်လိုတပ်ဆင်ရမလဲဆိုတာ သင်ပေးနေကြတာပေါ့။

"မျိုးနွယ်ခြားတွေအပေါ် ဘယ်လိုထင်သလဲ" လို့ မိုက်ကယ်က ကားဆရာကို မေးလိုက်ပါတယ်။

အဲဒီ လူလတ်ပိုင်းအရွယ်က ဘေးကို လှည့်ကြည့်လိုက်တဲ့အခါ စီမံကိန်းကို ပုံမှန်အတိုင်းပဲ ဦးဆောင်နေကြတဲ့ လူပုတွေ၊ မှော်သားရဲနှင့် မိစ္ဆာတွေကို မြင်လိုက်ရပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒါက တကယ့်ကို ထူးထူးခြားခြား ဖြစ်နေတာပါ။

"အမှန်အတိုင်း ပြောရရင် သူတို့တွေက ဒီလောက်အထိ ဉာဏ်ကောင်းကြတာကို ကျွန်တော် တကယ် အံ့ဩမိပါတယ်။ သူတို့တွေ မန္တန် တွေတောင် သုံးနိုင်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးခဲ့ဘူးဗျာ"

* * * * * * * * *

All Chapters