← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 11 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 11 Ch. 129-130

အခန်း(၁၂၉)

"ကံကြမ္မာ ဟုတ်လား" လို့ ဖတ်ချ် က သူ့ခေါင်းလေးကို စောင်းပြီး မေးလိုက်တယ်။

"အဲဒါ ကျွန်တော့်အတွက် နာမည်ပြောင်အသစ်လား"

လိုင်လီယာ က ခရမ်းရောင် စလိုင်းမ်လေးကို ကောက်ချီပြီး သူမရဲ့ ရင်ခွင်ထဲ ထည့်လိုက်တယ်။

"မဟုတ်ပါဘူး၊ ခပ်ကြောင်ကြောင် ခွေးပေါက်လေးရဲ့။ အဲဒီမိန်းကလေးနဲ့ မိုက်ကယ်တို့ရဲ့ လက်တွဲမှုက စကြာဝဠာကြီးကိုယ်တိုင်က ဖန်တီးပေးထားတဲ့ အရာမျိုးပဲ"

လိုင်လီယာ က လမ်းဘေးမှာရှိနေတဲ့ ယူနာ ကို လှမ်းကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် သူမက အရမ်းကို မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာကြောင့် လိုင်လီယာအနေနဲ့ အစပိုင်းမှာ အဲဒီမိန်းကလေးငယ်လေးကို မမှတ်မိခဲ့ပါဘူး။ ဒါပေမဲ့ ယူနာကို ရိုရိုသေသေ နှုတ်ဆက်နေတဲ့ အော့ခ် အမျိုးသမီးကိုတော့ လိုင်လီယာချက်ချင်း မှတ်မိသွားတယ်။

သူမ အဲဒီမျက်နှာကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အမြဲတမ်း မျက်မှောင်ကြုတ်ထားတတ်ပြီး နီရဲတဲ့ မျက်လုံးတွေနဲ့ နဖူးပေါ်မှာ ဦးချိုတစ်ချောင်းရှိနေတဲ့ အဲဒီ အော့ခ်ပေါ့။

သူမကတော့ မောင့်ဂိုမာရီမိသားစုရဲ့ နာမည်ကျော် တိုက်ပွဲဝင်အစေခံ အက်ဂ်နက်စ်ကလွဲလို့ တခြားသူ မဟုတ်ပါဘူး။ တကယ်လို့ သူမကသာ အဲဒီမိန်းကလေးငယ်လေးကို စောင့်ရှောက်နေတာဆိုရင်တော့ ယူနာ ဟာ မောင့်ဂိုမာရီ မိသားစုရဲ့ အငယ်ဆုံးသမီးလေး ဖြစ်ရမယ်ဆိုတာ သေချာသွားပြီပေါ့။

"သူမရဲ့ မျိုးရိုးနာမည်က မောင့်ဂိုမာရီ ဆိုတာ နင် ငါ့ကို မပြောခဲ့ဘူးနော်" လို့ လိုင်လီယာ က ဖတ်ချ် ကို အားနဲ့ ဆွဲညှစ်ရင်း ပြောလိုက်တယ်။

"အာာာာ... တောင်းပန်ပါတယ် သခင်မကြီး၊ ကျွန်တော်မေ့သွားလို့ပါ ဟီးဟီး... ဒါပေမဲ့ သူမရဲ့ မျိုးရိုးနာမည်က ဘာလို့ အရေးကြီးတာလဲ"

ယူနာတို့ရဲ့ ဘတ်စ်ကား စတင်ထွက်ခွာပြီး လမ်းမပေါ် မောင်းထွက်သွားတာကို လိုင်လီယာ ကြည့်နေမိတယ်။

သူမအနေနဲ့ သူတို့ကို တားပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လို့ရပေမဲ့လည်း လိုင်လီယာက အဲဒီလို မလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူမရဲ့ ကြားဝင်စွက်ဖက်မှု မပါဘဲ ကံကြမ္မာက ဘယ်လိုအလှည့်အပြောင်းတွေ လုပ်သွားမလဲဆိုတာကိုပဲ စောင့်ကြည့်ချင်နေတာကိုး။

"မိုက်ကယ် ငယ်ငယ်တုန်းက ယူနာနဲ့ လက်ထပ်ပေးဖို့ ငါ စီစဉ်ခဲ့ဖူးတယ်" လို့ လိုင်လီယာ က ဆိုတယ်။

"တကယ်ကြီးလား။ အဲဒီအချိန်ကတည်းက သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်မယ့်သူတွေ ဖြစ်လာမယ်ဆိုတာကို သခင်မကြီးက ကြိုသိနေတာလား" လို့ ဖတ်ချ် က သခင်မကြီးရဲ့ ကြိုတင်မျှော်မြင်နိုင်စွမ်းကို အံ့ဩရင်း မေးလိုက်တယ်။

"မဟုတ်ပါဘူး။ အဲဒီတုန်းကတော့ သူမကို မောင့်ဂိုမာရီ မိသားစုရဲ့ အငယ်ဆုံးသမီးလေး တစ်ယောက်အနေနဲ့ပဲ ငါ မြင်ခဲ့တာ။ သူတို့နှစ်ယောက်ကို ပေါင်းစည်းပေးဖို့ လုပ်ခဲ့တာက နိုင်ငံရေးအကျိုးအမြတ်အတွက်ပဲ" လို့ လိုင်လီယာ က ရှင်းပြတယ်။

သူတို့နှစ်ယောက်ကြားက နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားမှုက ဘက်ပေါင်းစုံအတွက် လုံးဝကို အကျိုးရှိစေမှာပါ။ ယူနာ က မောင့်ဂိုမာရီ မိသားစုရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး မိုက်ကယ်ကလည်း ဗန်ဒါဘစ် မိသားစုရဲ့ အငယ်ဆုံးသား ဖြစ်နေတာကိုး။

ဒါပေမဲ့ သူတို့ဟာ သက်ဆိုင်ရာမိသားစုတွေရဲ့ တိုက်ရိုက်သွေးမျိုးဆက်ဆက်နွှယ်မှု ရှိနေကြပေမဲ့လည်း အမွေဆက်ခံမယ့် နေရာအတွက်တော့ ထိပ်တန်းကိုယ်စားလှယ်လောင်းတွေ မဟုတ်ကြပါဘူး။

လိုင်လီယာက မိုက်ကယ်ရဲ့ အနာဂတ်ကို စိတ်ချရအောင် လုပ်ပေးချင်ခဲ့တာပါ။ အထူးသဖြင့် အိုင်းဇ်ဗန်ဒါဘစ် ဆီမှာ အမွေဆက်ခံမယ့် သားသမီးတွေ အများကြီး ရှိနေတာကြောင့် မိုက်ကယ်အနေနဲ့ အမွေ အများကြီး ရမှာမဟုတ်ဘူးဆိုတာကို သူမက အစကတည်းက သိနေခဲ့တာပေါ့။

ဒါကြောင့် သူမက မောင့်ဂိုမာရီမိသားစုနဲ့သာ အဆက်အသွယ်လုပ်နိုင်မယ်ဆိုရင် အိုင်းဇ်ဗန်ဒါဘစ်က မိုက်ကယ် ကို မိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် မျက်နှာသာပေးလာလိမ့်မယ်၊ အဲဒီအခါကျရင် အမွေထဲကနေ ပိုက်ဆံတွေ အများကြီး ပိုရလာလိမ့်မယ်လို့ သူမက တွေးခဲ့တာပါ။

ယူနာရဲ့ မိဘတွေဘက်ကလည်း ဒီသဘောတူညီချက်ကို လက်ခံခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ ယူနာကို သူမရဲ့ အဘွားဆီကနေ မျက်နှာသာရစေချင်လို့ပဲလေ။

ဗန်ဒါဘစ် မိသားစုမှာ ပိုက်ဆံရှိတယ်၊ မောင့်ဂိုမာရီ မိသားစုမှာကျတော့ အဆက်အသွယ်တွေ ရှိတယ်။ သူတို့နှစ်ယောက်ကို လက်ထပ်ပေးလိုက်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေကို ပိုပြီး ခိုင်မာစေမှာဖြစ်သလို မိသားစုရဲ့ အမွေအနှစ်တွေအပေါ် သူတို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း ပိုပြီး အားကောင်းလာစေမှာပါ။

"ဒါဆို သူတို့တွေက စေ့စပ်ထားပြီးသားလို့ ဆိုလိုတာလား။ ကျွန်တော်တို့ ဘာမှလုပ်စရာ မလိုဘဲနဲ့ သူမက ကျွန်တော့ရဲ့ သခင်မ ဖြစ်လာတော့မှာပေါ့" လို့ ဖတ်ချ် က သူ့ရဲ့ စေးကပ်ကပ် ခန္ဓာကိုယ်ကြီးကို လှုပ်ခါရင်း စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

လိုင်လီယာက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်တယ်။

"ကံမကောင်းစွာနဲ့ပဲ အဲဒီ စေ့စပ်မှုက တရားဝင် မဖြစ်ခဲ့ပါဘူး"

"မိုက်ကယ် က စီးပွားရေးလုပ်ငန်းတွေမှာတင်မကဘဲ မှော်ပညာမှာပါ သူ့ရဲ့ ပါရမီတွေကို ပြသလာတဲ့အခါမှာတော့ ဘတ် နဲ့ ငါက သူ ဗန်ဒါဘစ်မိသားစုရဲ့ ပစ္စည်းဥစ္စာတွေကို ထပ်ပြီးမလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ မိုက်ကယ်က သူ့အဘိုးရဲ့ အကူအညီ မပါဘဲနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း စောင့်ရှောက်နိုင်နေပြီလေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ယူနာကလည်း မှော်အတတ်ပညာတွေမှာတင်မကဘဲ သံတမန်ဆက်ဆံရေးနယ်ပယ်မှာပါ သူမရဲ့ ပါရမီတွေကို ပြသနိုင်ခဲ့တယ်။ သူမက သူမရဲ့ ဉာဏ်ရည်ဉာဏ်သွေးတစ်ခုတည်းနဲ့တင် အဘွားရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့တာပေါ့။

သူတို့နှစ်ယောက်စလုံးက ကိုယ့်နယ်ပယ်နဲ့ကိုယ် ပါရမီရှင်တွေ ဖြစ်လာကြတာကြောင့် သူတို့ရဲ့ တန်ဖိုးကို မြှင့်တင်ဖို့အတွက် နိုင်ငံရေးအရ လက်ထပ်ပေးဖို့မလိုတော့ဘူးလို့ ဆိုလိုတာပါ။

ဒါကြောင့် ငါက သူမရဲ့ မိဘတွေနဲ့ စကားပြောခဲ့ပြီး နှစ်ဦးသဘောတူစေ့စပ်မှုကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာ"

ဖတ်ချ်က လိုင်လီယာရဲ့ ရှင်းပြတာကို နားထောင်ပြီး တကယ်ကို နှမြောစရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။

"သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တကယ့်ကို လိုက်ဖက်နေတာပဲ" လို့ သူက ဆိုတယ်။

"တကယ်လို့ သူတို့တွေသာ စေ့စပ်ထားတုန်းဆိုရင် အသက်အရွယ်ရောက်လာတဲ့အထိ စောင့်ပြီး လက်ထပ်လိုက်ရုံပဲလေ။ အခုလည်း သူမရဲ့ မိဘတွေနဲ့ ထပ်ပြီး စကားပြောကြည့်ပြီး နောက်ထပ် လက်ထပ်ပွဲတစ်ခု ထပ်စီစဉ်ပေးလို့ မရဘူးလား"

လိုင်လီယာ က အပြုံးတစ်ခုနဲ့ ခေါင်းခါလိုက်တယ်။

"အဲဒါတွေ မလိုပါဘူး။ နင် မမြင်ဘူးလား။ စကြာဝဠာကြီးကိုယ်တိုင်ကတောင် သူတို့နှစ်ယောက်ကို ဆုံဆည်းပေးချင်နေတာလေ။ ငါတို့က သူတို့နှစ်ယောက်ကို ဆုံတွေ့ခွင့် ပေးလိုက်ရုံပဲ၊ သူတို့ဟာ တစ်ယောက်အတွက်တစ်ယောက် ဖန်တီးထားတာဆိုတာကို သူတို့ဘာသာသူတို့ပဲ သိသွားကြလိမ့်မယ်"

တကယ်လို့ သူတို့ရဲ့ နောက်ကွယ်မှာသာ နောက်ထပ် စေ့စပ်ကြောင်းလမ်းမှု သဘောတူညီချက်တစ်ခုကို ထပ်ပြီး လုပ်ခဲ့မယ်ဆိုရင် ဒါက သူတို့ဖြစ်စေချင်တဲ့ ရလဒ်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားနိုင်တယ်။

မိုက်ကယ်က သူ့ရဲ့ လွတ်လပ်မှုကို တန်ဖိုးထားတဲ့သူမို့လို့ သူ သဘောမတူတဲ့ စေ့စပ်မှုတစ်ခုအပေါ်မှာ ကောင်းမွန်တဲ့ တုံ့ပြန်မှုမျိုး ရှိမှ မဟုတ်ဘူးလေ။

"ဒါပေမဲ့... အဲဒါက တော်တော်လေး အချိန်ကြာသွားနိုင်တယ်" လို့ ဖတ်ချ် က ညည်းညူလိုက်တယ်။ ဖတ်ချ် က ယူန ရော မိုက်ကယ်ဆီကပါ အမြဲတမ်း အချော့ခံချင်နေတာကိုး။

"ခစ် ခစ်"

လိုင်လီယာ က လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုံးတစ်ခုနဲ့ တခစ်ခစ် ရယ်လိုက်တယ်။

"သေချာတာပေါ့၊ ငါတို့က သူတို့နှစ်ယောက်ကို အရိပ်ထဲကနေ တွန်းအားပေးလို့လည်း ရတာပဲ။ အဲဒါကြောင့်လည်း ငါတို့မှာ ငါတို့ရဲ့ ကလပ်လေး ရှိနေတာ မဟုတ်လား"

ဖတ်ချ်က လိုင်လီယာ ရဲ့ စကားကို ချက်ချင်း သဘောပေါက်သွားတယ်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ သခင်မကြီး... သခင်မကြီး ပြောတာ တကယ့်ကို မှန်ပါတယ်။ သခင်လေးကတော့ သိမှာမဟုတ်ပေမဲ့ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲကို ရောက်နှင့်နေပြီပဲ"

"ဟတ်ချိုး" မိုက်ကယ် နှာချေလိုက်မိတယ်။

"တစ်ယောက်ယောက် ငါ့အကြောင်း ပြောနေတာလား"

"သခင် တစ်ခုခု ဖြစ်လို့လား" လို့ လော့လို က သူ့ရဲ့ တင်ပြချက်တွေကို ရပ်ပြီး မေးလိုက်တယ်။

လော့လို က ခေါင်းညိတ်ပြပြီး သူတို့ရဲ့ နယ်မြေထဲကို အဖွဲ့ဝင်သစ်တွေ ထပ်ရောက်လာတဲ့အကြောင်း မိုက်ကယ် ကို စတင် ပြောပြပါတော့တယ်။

ရီနေးတားနိုင်ငံအကြောင်းက သတင်းစာမျက်နှာဖုံးတွေပေါ် ရောက်လာကတည်းက ကင်းစ်နယ်မြေ ထဲမှာ နေထိုင်တဲ့ မျိုးနွယ်ခြားတိုင်းလိုလိုဟာ ခြောက်သွေ့လွင်ပြင်က သုခဘုံအကြောင်းကို ကြားဖူးသွားကြတာပါ။

ဒါကြောင့် သူတို့တွေက ကောလာဟလတွေ ဟုတ်မဟုတ်ဆိုတာကို လာပြီး စစ်ဆေးကြည့်ကြတာပေါ့။ ပြီးတော့ ဒီနိုင်ငံက ပေးစွမ်းနိုင်တဲ့ အရာရာတိုင်းကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့တွေဟာ ဘာမှ ထပ်ပြီး တွေဝေမနေတော့ဘဲ ရီနေးတားနိုင်ငံတော်ရဲ့ နိုင်ငံသားဖြစ်ဖို့အတွက် စာရင်းပေးလိုက်ကြပါတော့တယ်။

ဒါက သူတို့ရဲ့ လူဦးရေကို တစ်ညတည်းနဲ့တင် နှစ်ဆတိုးသွားစေခဲ့ပြီး သူတို့ရဲ့ ကျေးရွာလေးကို မျိုးနွယ်ခြား အယောက် ၁၀,၀၀၀ နေထိုင်တဲ့ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်တာပါပဲ။

ဒီလို လူဦးရေတိုးလာတာကြောင့် နိုင်ငံကိုထိန်းသိမ်းဖို့အတွက် အလုပ်တာဝန်တွေ နှစ်ဆလောက် ပိုများလာပေမဲ့လည်း၊ ပါရမီတွေ ခုမှ နိုးထလာတဲ့ နိုင်ငံသားအသစ်တွေကြောင့် လုပ်သားအင်အားကလည်း ပိုပြီး များပြားလာတာမို့လို့ နောက်ဆုံးမှာတော့ ဒါက ပြဿနာ မဟုတ်တော့ပါဘူး။

အိမ်အသစ်တွေ ဆောက်တာကို ကြီးကြပ်ဖို့အတွက် ခုန်း တောင်မှ နိုင်ငံဆီ ပြန်လာစရာ မလိုတော့ပါဘူး။ သူ မပါဘဲ ဒီအလုပ်တွေကိုလုပ်နိုင်တဲ့ အင်ဂျင်နီယာမျိုးနွယ်ခြားတွေ အများကြီးရှိနေပြီလေ။ မကြာခင်မှာ နောက်ထပ်မျိုးနွယ်ခြားတွေ အများကြီး ထပ်ရောက်လာဦးမယ်လို့ မိုက်ကယ်က မျှော်လင့်ထားတာကြောင့် ဒါက တကယ်ကို ကောင်းတဲ့ အချက်ပါပဲ။

ဒါပေမဲ့ သူ လုံးဝ မမျှော်လင့်ထားတဲ့ အချက်ကတော့ လူသားတွေကတောင် သူတို့ရဲ့ နိုင်ငံသားတွေ ဖြစ်ချင်နေကြတာပါပဲ။

* * * * * * * * *

စာစဉ်(၁၁)

အခန်း(၁၃၀)

"ကျွန်တော်တို့ဆီမှာ နိုင်ငံသားအဖြစ် ဘယ်လိုလျှောက်ထားလို့ရမလဲဆိုပြီး လာမေးနေတဲ့ လူသားပေါင်း တစ်ရာလောက်ရှိနေပြီခင်ဗျ" လို့ လော့လိုက ရှင်းပြတယ်။

ရီနေးတားနိုင်ငံတော်အကြောင်း သတင်းစာမျက်နှာဖုံးတွေပေါ်မှာ ဟိုးလေးတကျော်ဖြစ်သွားပြီးတဲ့နောက် စပ်စုချင်တဲ့သူတွေနဲ့ အမှန်တရားကို သိချင်ကြတဲ့သူတွေဟာ သဲကန္တာရထဲက သုခဘုံလို့ အမည်ကျော်တဲ့နေရာကို ရှာဖွေဖို့အတွက် ခြောက်သွေ့လွင်ပြင်ဆီကို စတင်ခရီးနှင်လာကြတာပေါ့။

သူတို့အတွက် ကံကောင်းတာတစ်ခုကတော့ ကင်းစ်ဘရစ်ချ်မြို့ကနေ ရီနေးတားနိုင်ငံတော်ဆီကို တိုက်ရိုက်ရောက်တဲ့ ညီညာချောမွေ့တဲ့ ကွန်ကရစ်လမ်းမကြီးတစ်ခု ရှိနေနှင့်ပြီးသားပါပဲ။

သူတို့ထဲက အများစုဟာ သတင်းစာထဲက မယုံနိုင်စရာ ဇာတ်လမ်းတွေကို မဟုတ်ကြောင်း သက်သေပြချင်ကြတာ ဖြစ်ပေမဲ့ ရောက်သွားတဲ့အခါမှာတော့ ကောလာဟလတွေဟာ အမှန်တရားတွေ ဖြစ်ကုန်ပါတော့တယ်။ ရီနေးတားနိုင်ငံတော်ဟာ ညဘက်ဆိုရင် တကယ်ပဲ ကြယ်တွေ မြေပြင်ပေါ် ဆင်းသက်နားခိုရာနေရာ ဖြစ်နေသလိုပါပဲ။

ဒါဟာ သူတို့တကယ်မြင်ရတာကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်တိုင်းမှာထွန်းထားတဲ့ လျှပ်စစ်မီးသီးတွေနဲ့ လမ်းမတွေပေါ်က မီးတိုင်တွေပဲဖြစ်တာပေါ့။ ဒီမြင်ကွင်းဟာ တကယ့်ကို အတွေ့အကြုံသစ်တစ်ခု ဖြစ်သွားခဲ့တယ်။

လူအများစုဟာ ညဘက်မှာရှိတဲ့ ဒီလိုအံ့သြစရာမြင်ကွင်းကို ကြည့်ဖို့အတွက်တင် ရီနေးတားနိုင်ငံဆီ လာလည်ကြတာပါ။ လာလည်ရင်းနဲ့ပဲ သူတို့ဟာ မိုက်ကယ်က ဒီ ခြောက်ကပ်လှတဲ့သဲကန္တာရထဲမှာ တည်ဆောက်ထားတဲ့ အရာရာတိုင်းကို တဖြည်းဖြည်းသဘောကျလာကြပါတော့တယ်။

"သူတို့က ငါတို့နဲ့ ပူးပေါင်းချင်တယ်ဆိုရင်တော့ လက်ခံရမှာပေါ့ မဟုတ်ဘူးလား"

လော့လိုက ပြုံးလိုက်ပြီး "ဟုတ်ကဲ့ပါ အရှင်။ ဒီလူသားတွေက ကျွန်တော်တို့ မျိုးနွယ်ခြားတွေနဲ့ တကယ့်ကို သဟဇာတဖြစ်အောင် နေထိုင်နိုင်ကြပါတယ်။ ခွဲခြားဆက်ဆံတာမျိုးလည်း မရှိတဲ့အပြင် ပိုပြီးတော့တောင် လေးစားအားကျနေကြပါသေးတယ်။ အရှင်လည်း သူတို့ ဘေ့စ်ဘောပွဲတွေမှာ ဘယ်လောက်တောင် အားပေးကြသလဲဆိုတာ မြင်ဖူးသင့်တယ်ခင်ဗျ။ အော်ဟစ်အားပေးတဲ့နေရာမှာ မြွေလူသားတွေကိုတောင် အနိုင်ရနေကြတာ"

"ဒါက ကောင်းတဲ့အချက်ပဲ"

မိုက်ကယ်က ကျေနပ်တဲ့အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။

"ငါတို့နိုင်ငံကို ဘယ်သူမဆို ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး ခံစားရစေမယ့် နေရာတစ်ခု ဖြစ်စေချင်တာ"

သူ့ရဲ့နိုင်ငံမှာ လူသားတွေနဲ့ မျိုးနွယ်ခြားတွေ အတူတကွ နေထိုင်သွားဖို့ဆိုတာ သူ အမြဲတမ်း ရည်ရွယ်ထားခဲ့တဲ့ အရာပါ။ ဒါပေမဲ့ မျိုးနွယ်စုနှစ်ခုကြားမှာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့က နည်းနည်း ပိုပြီး ခက်ခဲလိမ့်မယ်လို့ သူ ထင်ထားခဲ့တာပေါ့။ သူတို့နှစ်ခုကို နိုင်ငံတစ်ခုတည်းအောက်မှာ ပေါင်းစည်းဖို့အတွက် အချိန်နည်းနည်း ပိုပေးရလိမ့်မယ်လို့ သူ တွေးခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့ အတွေးတွေမှားသွားတယ်ဆိုတာကို ချက်ချင်းပဲသက်သေပြလိုက်နိုင်ပါတယ်။

ရီနေးတားနိုင်ငံသားတွေဟာ ကင်းစ်နယ်မြေတစ်လျှောက်မှာ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသခဲ့ကြကတည်းက မျိုးနွယ်ခြားတွေအပေါ် လူထုရဲ့ အမြင်ကလည်း သိသိသာသာ မြင့်တက်လာခဲ့တာပေါ့။ သူတို့ကို လူသားတွေထက် နိမ့်ကျတဲ့ အုပ်စုတစ်ခုလို့ မသတ်မှတ်ကြတော့ပါဘူး။

ရီနေးတားထုတ်ကုန်တွေကို ရောင်းချနေတဲ့သူတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့သူတွေဟာ မျိုးနွယ်ခြားတွေ ဖြစ်နေတယ်ဆိုတဲ့ အချက်ကလည်း သူတို့အပေါ်ထားတဲ့ မကောင်းတဲ့ အမြင်တွေကို ပပျောက်သွားစေဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့တာပေါ့။

လူတိုင်းက ကင်းစ်နယ်မြေတစ်လျှောက် ခရီးဝေးတွေကို သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ သွားလာနိုင်တဲ့ ရီနေးတားတက္ကစီဝန်ဆောင်မှုကို သဘောကျကြတယ်။ သူတို့ လက်မှတ်ဝယ်လိုက်တိုင်းမှာလည်း မျိုးနွယ်ခြား ဝန်ထမ်းတွေနဲ့ ကားဆရာတွေကိုပဲ တွေ့ကြရတာပေါ့။

မကြာခင်မှာပဲ မျိုးနွယ်ခြားတွေဟာ သစ္စာရှိတဲ့သူတွေ၊ အရည်အချင်းရှိတဲ့သူတွေနဲ့ အံ့ဩစရာကောင်းတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်တဲ့ ကြိုးစားအားထုတ်သူတွေအဖြစ် လူသိများလာပါတော့တယ်။

အဲဒီလိုနဲ့ပဲ လူသားအများအပြားဟာ ရီနေးတားနိုင်ငံတော်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြတာပေါ့။

"ငါတို့နိုင်ငံကို ပြောင်းရွှေ့လာမယ့် လူသားတွေ ပိုများလာဖို့အတွက် ပြင်ဆင်ထားလိုက်" မိုက်ကယ်က လော့လိုကို ပြောလိုက်တယ်။

"ရီနေးတားမှာ အလုပ်လုပ်နေတဲ့ ငါတို့ရဲ့ လူသားဝန်ထမ်းတွေထဲက ဘယ်သူတွေ ငါတို့နိုင်ငံမှာ အခြေချပြီး အချိန်ပြည့် အလုပ်လုပ်ချင်ကြသလဲဆိုတာ ကက်စတယ်လာကို ငါ မေးကြည့်လိုက်ဦးမယ်"

အရာရာ အဆင်ပြေသွားတဲ့အခါမှာ သူ့မိဘတွေကိုပါ ဒီကို ပြောင်းခေါ်ဖို့ မိုက်ကယ်က စီစဉ်ထားတာဆိုတော့ နိုင်ငံထဲမှာ လူသားတွေ ပိုများနေတာက သူတို့တွေ သူစိမ်းပြင်ပြင်ကြီး ဖြစ်မနေအောင် လုပ်ပေးရာ ရောက်တာပေါ့။

မကြာခင်မှာပဲ သူဟာ သူ့ရဲ့အရိပ်ထဲကို ဆင်းသက်သွားပြီး ကင်းစ်ဘရစ်ချ်မြို့မှာရှိတဲ့ ကက်စတယ်လာရဲ့ ရုံးခန်းထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်။

ကြိုးစားအားထုတ်တတ်တဲ့ ရီနေးတား စီအီးအိုမလေးဟာ သူမလုပ်လက်စ အလုပ်တွေကို ချက်ချင်းရပ်လိုက်ပြီး မိုက်ကယ်ကို ဆီးကြိုနှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါ သခင်လေး။ သခင်လေး ဘာကိစ္စများ ရှိလို့ပါလဲရှင့်" သူမက ဦးညွှတ်ပြီး မေးလိုက်တယ်။

မိုက်ကယ်က လူသားဝန်ထမ်းတွေကို ရီနေးတားနိုင်ငံတော်ဆီ ပြောင်းရွှေ့နေထိုင်စေမယ့် သူ့ရဲ့ အကြံပြုချက်ကို ရှင်းပြလိုက်တာပေါ့။ သူတို့အနေနဲ့ သူတို့ရဲ့ မိသားစုတွေကိုပါ တစ်ခါတည်း ခေါ်လာနိုင်ရုံတင်မကဘဲ နိုင်ငံသားအစစ်အမှန် ဖြစ်သွားတာနဲ့ သူတို့ရဲ့ ကိန်းအောင်းနေတဲ့ ပါရမီတွေကိုပါ နိုးထစေနိုင်မှာ ဖြစ်လို့ပါပဲ။

"ဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့အကြံပဲ သခင်လေး။ သူတို့ထဲက အများစုကတော့ ဒီအခွင့်အရေးကို ချက်ချင်း လက်ခံကြမှာ သေချာပါတယ်"

ရီနေးတားကုမ္ပဏီမှာရှိတဲ့ လူသားဝန်ထမ်းအများစုဟာ မြို့ထဲမှာ အိမ်ငှားနေရတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ လစဉ်အသုံးစရိတ်က သူတို့လိုချင်တာထက် ပိုများနေတာပေါ့။

ဒါပေမဲ့ သူတို့သာ ရီနေးတားနိုင်ငံသား ဖြစ်လာမယ်ဆိုရင်တော့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ ကိုယ်ပိုင်အိမ် ဆောက်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။

မကြာခင်မှာပဲ ကက်စတယ်လာဟာ ခြောက်သွေ့လွင်ပြင်ဆီ ပြောင်းရွှေ့လာမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို အသေးစိတ်ဖော်ပြထားတဲ့ ရုံးတွင်းစာတစ်စောင်ကို ကုမ္ပဏီဝန်ထမ်းတွေဆီ ပေးပို့လိုက်တာပေါ့။

ရီနေးတားနိုင်ငံတော်ရဲ့ သုခဘုံလို ကမ္ဘာကြီးမှာ နေထိုင်ရမယ်ဆိုတဲ့ အချက်ကတင် သူတို့အများစုအတွက် ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်တစ်ခု ဖြစ်နေပါပြီ။

ဒါပေမဲ့ လူတွေကို ဒီအကြံပြုချက်မှာ ပါဝင်ဖို့အတွက် တကယ်ပဲ တွန်းအားပေးလိုက်တာကတော့ သူတို့ရဲ့ မိသားစုတွေကိုပါ ရီနေးတားနိုင်ငံတော်ဆီ ခေါ်လာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

ဒါဟာ သူတို့ရဲ့ သားသမီးတွေနဲ့ ဇနီးသည်တွေပါ အခမဲ့ ပါရမီနိုးထခွင့် ရကြမယ်လို့ ဆိုလိုတာပဲလေ။ သူတို့ရဲ့ ကလေးတွေဟာ မှော်ဆရာ ဒါမှမဟုတ် ဓားသမားတစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်အရေး ရရှိမှာပါ။

ရီနေးတား ဝန်ထမ်းတွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို ကြားသိရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူ့အိမ်ရဲ့ ထောင့်က အရိပ်ထဲကနေ ထွက်ပေါ်လာပြီး ခြောက်သွေ့လွင်ပြင်ဆီကို ပြန်ရောက်လာခဲ့ပါတော့တယ်။

လော့လိုက မိုက်ကယ် ပြန်လာမယ့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး ရိုရိုသေသေ ဦးညွှတ်ကာ နှုတ်ဆက်လိုက်ပါတယ်။

"မနက်ဖြန် ငါ အချိန်နည်းနည်း ရတယ်" လို့ သူက လော့လိုကို ပြောလိုက်တယ်။

"ငါတို့ရဲ့ နိုင်ငံသားသစ်တွေ အားလုံးကို ပါရမီနိုးထခြင်း လုပ်ဖို့အတွက် ငါ့အိမ်တော်ကို လာခိုင်းလိုက်ပါ"

မနက်စောစော နာရီစင်က ခေါင်းလောင်းတောင် မထိုးသေးခင်မှာပဲ မိုက်ကယ်ရဲ့ အိမ်အပြင်ဘက်မှာ ပါရမီနိုးထဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ လူသားရော မျိုးနွယ်ခြားပါ ပါဝင်တဲ့ နိုင်ငံသားသစ် အုပ်စုကြီးတစ်ခုဟာ တန်းစီနေကြပြီ ဖြစ်ပါတယ်။

သူတို့ဟာ သူတို့ရဲ့ ပါရမီတွေကို နိုးထစေဖို့အတွက် ကိုယ့်အလှည့်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြတာပေါ့။

သူ နိုးထပေးခဲ့တဲ့ မျိုးနွယ်ခြားတွေမှာတော့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပါဘူး။ သူတို့ရဲ့ ပါရမီတွေ၊ စွမ်းရည်တွေနဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းတွေဟာ သူအရင်က နိုးထပေးခဲ့တဲ့ သူတွေနဲ့ သိပ်ပြီး ကွာခြားမနေပါဘူး။

ဒါပေမဲ့ လူသားတွေရဲ့ ပါရမီကို စတင်နိုးထပေးတဲ့ အချိန်မှာတော့ သူဟာ ထူးဆန်းတဲ့ ဖြစ်နိုင်ခြေအသစ်တစ်ခုနဲ့ ကြုံတွေ့လိုက်ရပါတယ်။

ရီနေးတားရုံးခန်းတွေမှာ မြို့သူမြို့သားတွေကို သတင်းကြေညာပေးသူအဖြစ် အလုပ်လုပ်နေတဲ့ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို သူ ရင်ဆိုင်လိုက်ရတာပေါ့။

"ဒါဆို မင်းက ပါရမီနိုးထခြင်း လုပ်ပြီးသားပေါ့" လို့ သူက သူမကို မေးလိုက်တယ်။

"ဟုတ်ကဲ့ပါ" သူမက ပြန်ဖြေတယ်။ "ကျွန်မရဲ့ အဆင့်-D ပါရမီက 'ဟိန်းဟောက်သံ' လို့ ခေါ်ပါတယ်၊ အဲဒါကြောင့်လည်း ရီနေးတား ထုတ်ကုန်တွေအတွက် ကြေညာပေးတဲ့သူ ဖြစ်လာတာပါ"

သူမမှာ ပါရမီတစ်ခု ရှိနေနှင့်ပြီးသား ဖြစ်ပေမဲ့လည်း သူ့ရဲ့ အဆင့်မြင့် ရွှေနှာခေါင်းစွမ်းရည်ကတော့ သူမဆီမှာ ကောင်းမွန်တဲ့ ပါရမီတစ်ခု နိုးထလာဖို့ အလားအလာတွေ ရှိနေသေးတယ်လို့ ပြသနေပါတယ်။

မိုက်ကယ်ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခုပဲ ရှိနေတော့တယ်။

ပါရမီနိုးထခြင်းလုပ်ပြီးသားသူတစ်ယောက်ကို သူက ထပ်ပြီး နိုးထပေးလို့ ရနိုင်မလား။

* * * * * * * * *

All Chapters