← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 12 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 12 Ch. 133-134

အခန်း(၁၃၃)

ဂီတပါရမီရှင်နဲ့ မှော်ဝင်ပစ္စည်းတွေရဲ့ ပေါင်းစပ်ထားတဲ့ ရလဒ်တွေကို မြင်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ ဂီတပညာရှင်တွေနဲ့ အဆိုတော်ဖြစ်ဖို့ ပါရမီပါတဲ့ ရီနေးတား နိုင်ငံသားတွေ အားလုံးနဲ့ ဖွဲ့စည်းထားတဲ့ အနုပညာဌာနခွဲဆိုတဲ့ ဌာနအသစ်တစ်ခုကို သူတို့နိုင်ငံမှာချက်ချင်း စတင်တည်ထောင်လိုက်ပါတယ်။

သူတို့ရဲ့ အဓိကအလုပ်ကတော့ သီချင်းတွေတီးခတ်ပြီး နိုင်ငံထဲကအလုပ်သမားအားလုံးကို စိတ်ဓာတ်ခွန်အားပေးဖို့ ဖြစ်ပြီး လူတိုင်းရဲ့ အလုပ်လုပ်နိုင်စွမ်းကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာစေဖို့ပေါ့။

ဒါက အခုမှ စတင်ဖွံ့ဖြိုးလာတဲ့ သူတို့နိုင်ငံအတွက်တော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ တိုးတက်မှုတစ်ခုပါပဲ၊ အထူးသဖြင့် ကင်းစ်နယ်မြေမှာ သူတို့ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေအတွက် လိုအပ်ချက်တွေကို အမီလိုက်နိုင်ဖို့ လိုအပ်နေတာကြောင့်လေ။

သူတို့ရဲ့ အကူအညီနဲ့ဆိုရင် မကြာသေးခင်ကမှ သူတို့ဆီ လာရောက်ပူးပေါင်းခဲ့တဲ့ နိုင်ငံသားသစ်တွေ အားလုံးကို နေရာချထားပေးဖို့ ပိုပြီး လွယ်ကူသွားမှာပါ။ သူတို့နိုင်ငံက လူပေါင်းတစ်သောင်းအတွက် စားနပ်ရိက္ခာ ထုတ်လုပ်ပေးဖို့ ပျက်ကွက်မှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

အဲဒီဌာနရဲ့ ရလဒ်တွေကတော့ ကိုယ်တိုင်နားထောင်ဖူးသူတိုင်းအတွက် ချက်ချင်းဆိုသလို သိသာထင်ရှားလှပါတယ်။

တကယ်တော့ အနုပညာဌာနခွဲ ဟာ နိုင်ငံထဲမှ နာမည်ကြီးလွန်းသွားခဲ့တာကြောင့် လုပ်ငန်းခွင်အသီးသီးက အလုပ်သမားတွေကို ကူညီပေးဖို့အတွက် ဂီတပညာရှင်တွေနဲ့ အဆိုတော်တွေ မလုံလောက်တဲ့အထိ ဖြစ်သွားခဲ့တာပါ။

ကံမကောင်းတာက ဒီမှာအနုပညာရှင် အရေအတွက်အများကြီး မရှိတာပါဘဲ။ ဘာပဲဖြစ်ဖြစ် လူအများစုက ဂီတလမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံရမှာ မဟုတ်ဘူးလေ။

ကင်းစ်ဘရစ်ချ် မှာ သူတို့ရှာတွေ့နိုင်မယ့် တစ်ခုတည်းသောအလုပ်က အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ဖျော်ဖြေပေးရတာပဲရှိပြီး အဲဒါကလည်း အခကြေးငွေအများကြီး မရပါဘူး။

ဒါကြောင့် ဂီတပါရမီပါတဲ့ လူအတော်များများဟာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် တခြားအလုပ်တွေကိုပဲ အတင်းအကျပ် လုပ်ကိုင်နေကြရတာ ဖြစ်နိုင်ပါတယ်။ လူသားဂစ်တာသမားက အဲဒါအတွက် သက်သေပါပဲ။

သူဟာ အရင်က အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး စွန့်ပစ်ပစ္စည်းတွေလိုက်ရောင်းရာကနေပဲ ပိုက်ဆံရှာခဲ့ရတယ်လို့ မိုက်ကယ်ကို ပြောပြခဲ့ဖူးတာပေါ့။ ဒါပေမဲ့ အခုတော့ သူဟာ သူတို့နိုင်ငံမှာ အလိုအပ်ဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

နောက်ထပ် လူအများအပြားလည်း သူတို့ရဲ့ ဂီတပါရမီတွေကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။ မိုက်ကယ်ဟာ ဂီတသမားတွေနဲ့ အနုပညာရှင်တွေ သူတို့ရဲ့ ပါရမီတွေကို လူတိုင်းကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် ပွဲတော်တစ်ခု ကျင်းပဖို့တောင် စီစဉ်လိုက်ပါသေးတယ်။

သူဟာ ကင်းစ်နယ်မြေထဲက နယ်မြေတိုင်းဆီကို ဒီပွဲတော်အကြောင်း ကြော်ငြာဖို့ သေချာလုပ်ဆောင်ခဲ့ပြီး သူတို့ကို ရီနေးတားနိုင်ငံတော်ဆီ လာရောက်လည်ပတ်ဖို့ အကြောင်းပြချက်တစ်ခု ပေးလိုက်တာပေါ့။

တစ်ပတ်ကြာပြီးနောက်မှာတော့ ပွဲတော်အတွက် ပြင်ဆင်မှုတွေဟာ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပါပြီ။

မိုက်ကယ်ဟာ ရင်ပြင်အလယ်မှာ စင်မြင့်ကြီးတစ်ခုကို တွေ့လိုက်ရပြီး အဲဒီစင်မြင့်ကို အချောသပ် ပြင်ဆင်မှုတွေလုပ်ဖို့ ရီနေးတားနိုင်ငံသား အလုပ်သမားအချို့က သံငြမ်းတွေကို အသုံးပြုနေတုန်းပါပဲ။

သူက စင်မြင့်မှာ အရောင်စုံလင်းလက်နေတဲ့ မီးမောင်းကြီးတွေကို တပ်ဆင်ခိုင်းထားတာက သူ့ရဲ့ အရင်ဘဝတုန်းက ဖျော်ဖြေပွဲတွေကို သွားကြည့်တဲ့အခါ မြင်တွေ့ခဲ့ရတဲ့ ဂီတစင်မြင့်တွေလိုမျိုးပါပဲ။ သေချာတာကတော့ သူဟာ ရီနေးတားနိုင်ငံသား လူပုတွေနဲ့အတူ အသစ်ဖန်တီးထားတဲ့ စပီကာတွေနဲ့ မိုက်ခရိုဖုန်းစနစ်ကိုလည်း တပ်ဆင်ခဲ့ပါတယ်။

မိုက်ကယ်က ဂစ်တာသမားကို သူ့ရဲ့ မှော်ဝင်တူရိယာကို အမ်ပလီဖိုင်ယာနဲ့ ချိတ်ဆက်ခိုင်းလိုက်တယ်၊ အဲဒါက သူ့ရဲ့ အသံမြှင့်တင်ပေးတဲ့ အာနိသင်တွေက စပီကာတွေကနေတစ်ဆင့် ထွက်လာတဲ့အခါမှာလည်း တူညီတဲ့ ရလဒ်မျိုး ရနိုင်မလားဆိုတာကို သိချင်လို့ပါ။

သူ့အတွက် စိတ်ပျက်စရာကောင်းတာက စပီကာကနေ ထွက်လာတဲ့ အသံတွေမှာ ဘာအာနိသင်မှ ရှိမနေပုံပေါ်တာပါပဲ။ အဲဒါက သာမန်ဂစ်တာသံလိုပဲ ထွက်နေပြီး နားထောင်နေတဲ့သူတွေရဲ့ မှော်စွမ်းအင် နဲ့ ဟန်ချက်ညီညီ တုံ့ပြန်နိုင်စွမ်း မရှိဘူးပေါ့။

'ဒါက စပီကာတွေကို တူရိယာအသစ်တစ်ခုအနေနဲ့ သတ်မှတ်လိုက်လို့ ဖြစ်မယ်ထင်တယ်၊ အဲဒီထဲမှာ မီသရယ် အမြုတေတစ်ခုခုသာ တပ်ဆင်လိုက်ရင်တော့ အလုပ်ဖြစ်နိုင်မှာပဲ၊ နိုဗာ မီသရယ် အဖြစ် ပြောင်းလဲလို့ရမယ့် အစိတ်အပိုင်းတွေက ဘာတွေလဲ'

သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူက စပီကာတွေနဲ့ အမ်ပလီဖိုင်ယာတွေရဲ့ ပုံစံငယ်တွေကို ပြသပေးလိုက်ပြီး အဲဒီထဲက အတွင်းပိုင်း အစိတ်အပိုင်းအချို့ကို မီသရယ် နဲ့ လုပ်ထားတဲ့ ပုံစံတူတွေနဲ့ အစားထိုးလိုက်ပါတယ်။

မီသရယ်ကို ပိုပြီး ကြီးကြီးမားမားသုံးလေလေ အသုံးပြုသူအပေါ် သက်ရောက်တဲ့ အာနိသင်က ပိုကောင်းလေလေပါပဲ။ အဲဒါကြောင့်လည်း မှော်ဝင်ပစ္စည်း ဖြစ်တဲ့ လက်နက်တွေနဲ့ ကိရိယာတွေ အများစုကို မီသရယ် နဲ့ပဲ အပြည့်အဝ ပြုလုပ်ကြတာပေါ့။

ဒါပေမဲ့ အသံစနစ်က လျှပ်စစ်အစိတ်အပိုင်းတွေကို အသုံးပြုထားတာကြောင့် အကုန်လုံးကိုတော့ မီသရယ်နဲ့ အစားထိုးလို့ မရနိုင်ပါဘူး။ ဒါပေမဲ့လည်း ကံကောင်းတာက ပြောင်းလဲလို့ရတဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိနေတာပါပဲ။

အသံစနစ်ကို မီသရယ်မှော်ဝင်ပစ္စည်းအဖြစ် ပြောင်းလဲပြီးတာနဲ့ ဂစ်တာသမားဆီကနေ ထွက်လာတဲ့ အခြေအနေ မြင့်တက်မှု အာနိသင်တွေက စပီကာအသံ ရောက်နိုင်တဲ့ အဝေးဆုံးအထိ ပျံ့လွင့်သွားတာကို မြင်လိုက်ရတာကြောင့် မိုက်ကယ်ကတော့ ရင်ခုန်စိတ်လှုပ်ရှားနေပါတော့တယ်။

ဒါက စင်ပေါ်မှာ ဖျော်ဖြေမယ့်သူတိုင်းဟာ သူတို့ရဲ့ ထူးခြားတဲ့ သီချင်းတွေနဲ့ အာနိသင်တွေကို ရီနေးတား နိုင်ငံတော်တစ်ခုလုံးဆီ ထုတ်ဖော်ပြသနိုင်တော့မယ်လို့ အဓိပ္ပာယ်ရတာပေါ့။

ဒီနေရာကို လာရောက်လည်ပတ်သူတိုင်းဟာ စပီကာကနေထွက်လာတဲ့ သီချင်းတွေကို နားထောင်နေရုံနဲ့တင် သူတို့ရဲ့ မှော်စွမ်းအင်ထုတ်လွှတ်နိုင်စွမ်းက ရာခိုင်နှုန်းအနည်းငယ် ရုတ်တရက် မြင့်တက်လာတာကို တွေ့ရပြီး အံ့ဩသွားကြမှာပါ။

မိုက်ကယ်ကတော့ ဆီဘက်စတီယန်နဲ့ မှော်မျှော်စင်က ကျန်တဲ့သူတွေကို ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ကြားခဲ့တာကို ဝမ်းသာမိတာပေါ့။

သူတို့တွေ ဒါကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို သူ မစောင့်နိုင်တော့ပါဘူး။

"စင်မြင့်ပြင်ဆင်တာ အပြင်အဆင်တွေအားလုံး လက်စသတ်သလောက်ရှိပြီ။ အားလုံးကြိုးစားထားကျတာပဲ"

မိုက်ကယ်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ကြတဲ့ ရီနေးတားနိုင်ငံသားအားလုံးကို ချီးကျူးလိုက်ပါတယ်။

အဓိကဆွဲဆောင်မှုရှိတဲ့နေရာကို စစ်ဆေးပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ နိုင်ငံထဲက ကျန်တဲ့ အလုပ်တွေကိုလည်း သွားကြည့်ပါတယ်။

ဒီတစ်ခါမှာ ဧည့်သည်တွေ အများကြီးလာမယ်လို့ မျှော်လင့်ထားတာကြောင့် အလုံးအရင်းနဲ့ လာမယ့်သူတွေကို နေရာချထားပေးနိုင်ဖို့အတွက် လူတိုင်းဟာ သူတို့ရဲ့ အခြေခံအဆောက်အအုံတွေကို ပြုပြင်မွမ်းမံမှုတွေ လုပ်ခဲ့ရတာပေါ့။

ဥပမာအားဖြင့် ပွဲတော်ကျင်းပနေစဉ်အတွင်းမှာ ဧည့်သည်တွေ ယာယီတည်းခိုဖို့အတွက် ဇရပ်တွေနဲ့ တည်းခိုဆောင်တွေကို အများကြီးဆောက်လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့တောင် လူတိုင်းကို နေရာချထားပေးဖို့ မလုံလောက်နိုင်ဘူးဆိုတာကို မိုက်ကယ်က သေချာပေါက် သိနေတာပါ။

ဒါကြောင့် သူဟာ မျိုးနွယ်ခြားတွေရဲ့ အိမ်ရာဝင်းအချို့ဆီ သွားပြီး အကူအညီတစ်ခု သွားတောင်းလိုက်တာပေါ့။

"သခင်... လူတွေက ဒီမှာ တကယ်ကြီး နေချင်ကြပါ့မလား" လို့ အိုမင်းနေတဲ့ ဆိတ်လူသား က မိုက်ကယ်ကို မေးလိုက်ပါတယ်။

လာမယ့်ပွဲတော်အတွက် နေထိုင်ရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် မိုက်ကယ်က ဆိတ်လူသား တွေကို သူတို့ရဲ့ သစ်ပင်အိမ်အချို့ကို ဧည့်သည်တွေ တည်းခိုနိုင်မယ့် ဇရပ်တွေနဲ့ တည်းခိုဆောင်တွေအဖြစ် ပြောင်းလဲဖို့ အကြံပေးခဲ့တာပါ။

သူတို့က လုပ်ပေးဖို့ အပြည့်အဝ ဆန္ဒရှိကြပေမယ့်လည်း လူသားတွေက မျိုးနွယ်ခြားတွေအတွက် ရည်ရွယ်ထားတဲ့ ပတ်ဝန်းကျင်မျိုးမှာ နေချင်ကြလိမ့်မယ်လို့ ဆိတ်လူသားတွေက မထင်ကြပါဘူး။

"ကျွန်တော့်ကို ယုံလိုက်စမ်းပါ" လို့ သူက သူတို့ကို ယုံကြည်မှုရှိတဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။

"တခြားလူသားတွေကြားမှာ ဒါက တကယ်နာမည်ကြီးလာလိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်၊ ဒါက အသစ်အဆန်းဖြစ်ပြီး ထူးခြားဆန်းပြားနေတာကိုး၊ ဘယ်သူမဆို ဒီလို ထူးခြားတဲ့ အိမ်မျိုးမှာ နေထိုင်တဲ့ အတွေ့အကြုံကို စမ်းကြည့်ချင်ကြမှာပဲ"

မိုက်ကယ်ကတော့ ဒါကို သူ့ရဲ့ အရင်ဘဝက အချက်အလက်တွေအပေါ် အခြေခံပြီး ပြောတာပါ၊ အဲဒီတုန်းက လူတွေဟာ သူတို့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝဟောင်းတွေနဲ့ လုံးဝကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ထိတွေ့ခံစားနိုင်ဖို့အတွက် နိုင်ငံသစ်တွေကို ခရီးသွားရင်းနဲ့ ပိုက်ဆံအမြောက်အမြား အကုန်အကျခံခဲ့ကြတာလေ။

လူတွေဟာ ဒီပွဲတော်အတွက် ခြောက်သွေ့လွင်ပြင်ဆီအထိ ခရီးဝေးနှင်လာကြမှာဖြစ်လို့ အနည်းဆုံး တစ်ရက်လောက်တော့ မျိုးနွယ်ခြားတစ်ယောက်လိုနေထိုင်ရတဲ့ အတွေ့အကြုံကို ရရှိဖို့အတွက် သူတို့တွေ တက်ကြွနေကြလိမ့်မယ်ဆိုတာကို မိုက်ကယ် သိနေတာပေါ့။

* * * * * * * * *

စာစဉ်(၁၂)

အခန်း(၁၃၄)

နောက်ဆုံးတော့ ပွဲတော်ကျင်းပမယ့်နေ့ကို ရောက်ရှိလို့လာပါပြီ။

လမ်းမတွေပေါ်မှာတော့ ကင်းစ်နယ်မြေအနှံ့အပြားကနေ လာကြတဲ့လူတွေနဲ့ ပြည့်နှက်နေပြီး ကားလေးစီးစာ သွားလို့ရတဲ့ ကွန်ကရစ်၂လွှာခင်းထားတဲ့လမ်းမကြီးပေါ်မှာ ကြိတ်ကြိတ်တိုးနေတာပေါ့။ ဒါတွေကို ကြိုတင်ပြင်ဆင်ထားခဲ့တာ တကယ်ကို ကောင်းသွားတာပါ။

သူတို့နိုင်ငံထဲကို ဝင်ထွက်သွားလာမယ့် မရေမတွက်နိုင်တဲ့ ယာဉ်ယန္တရားတွေကို လက်ခံနိုင်ဖို့အတွက် လမ်းတွေကို ပြုပြင်မွမ်းမံဖို့ မိုက်ကယ်က ခုန်းနဲ့ တခြား အင်ဂျင်နီယာတွေကို ညွှန်ကြားထားခဲ့တာကိုး။

ဒီကိုလာကြတဲ့ လူအများစုက ရီနေးတားတက္ကစီတွေ ရီနေးတားဘတ်စ်ကားတွေကို စီးလာကြတာကြောင့် နိုင်ငံတွင်းက လမ်းမတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုက သိပ်ပြီး မဆိုးလှပါဘူး။

ဒါပေမဲ့ ကိုယ်ပိုင်ကား ဝယ်စီးနိုင်တဲ့သူတွေအတွက်တော့ သူတို့ရဲ့ယာဉ်တွေကို ထားခဲ့လို့ရမယ့် သီးသန့် မြေအောက်ကားပါကင်နေရာတွေ ရှိပါတယ်။ နိုင်ငံရဲ့ အလယ်ဗဟိုမှာရှိတဲ့ အဓိကစင်မြင့်ဧရိယာကိုတော့ ကားတွေဝင်ခွင့်ပိတ်ထားပြီး လမ်းလျှောက်ပြီးမှသာ သွားလို့ရတာပေါ့။

ဒါက ရည်ရွယ်ချက်နှစ်ခုရှိပါတယ်၊ ပထမတစ်ခုကတော့ နိုင်ငံရဲ့ အစည်ကားဆုံးနေရာမှာ ယာဉ်ကြောပိတ်ဆို့မှုကို တားဆီးဖို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ လူတွေကို ရီနေးတားနိုင်ငံတော်က ပေးစွမ်းနိုင်သမျှ အရာရာကို လိုက်လံလေ့လာကြည့်ရှုခိုင်းစေဖို့ပါပဲ။

အဲဒီအစီအစဉ်ကလည်း တကယ်ပဲ အောင်မြင်သွားပါတယ်။ နိုင်ငံရဲ့ အလယ်ဗဟိုက လမ်းမတွေပေါ်မှာ လမ်းလျှောက်နေတဲ့သူတိုင်းဟာ ခေါင်းမော့ပြီးတော့ အတန်းလိုက်ဆောက်ထားတဲ့ ထူးဆန်းပြီး ထူးခြားသော အဆောက်အဦးတွေကို ငေးကြည့်နေကြတာပေါ့။

အကယ်၍ မိုက်ကယ်ရဲ့ အရင်ဘဝက လူတစ်ယောက်ယောက်သာ ဒါကို မြင်လိုက်ရမယ်ဆိုရင်တော့ ဒီဗိသုကာလက်ရာတွေနဲ့ ပုံစံတွေကို ကြည့်ပြီး ခေတ်သစ်ကမ္ဘာပေါ်က မြို့ကြီးတွေလို့ ချက်ချင်းသိသွားမှာပါ။

"ဝိုး... သဲကန္တာရထဲမှာ ဒီလောက်လှတဲ့နေရာမျိုး ပုန်းကွယ်နေလိမ့်မယ်လို့ မယုံနိုင်စရာပဲ"

"ဟိုမှာကြည့်စမ်း၊ အဲဒါ ရီနေးတားမောလ်ကြီးပဲ၊ ငါတို့ ဘာတွေဝယ်လို့ရမလဲ သွားကြည့်ရအောင်"

"ကြက်သားကြော်လား၊ အဲဒီစားသောက်ဆိုင်က ဘယ်လိုအစားအစာမျိုး ရောင်းတာလဲ၊ ငါ စမ်းစားကြည့်ချင်လိုက်တာ၊ ဒါပေမဲ့ ပီဇာလို့ခေါ်တဲ့ ဟိုအဝိုင်းကြီးကိုလည်း စမ်းစားကြည့်ချင်သေးတယ်..."

သူတို့ ဘယ်နေရာကိုပဲ ကြည့်ကြည့် ဒီနေရာမှာပဲ ရနိုင်မယ့် ထူးခြားတဲ့ ဝန်ဆောင်မှုတွေ ဒါမှမဟုတ် ထုတ်ကုန်တွေကို တွေ့နေရတာပါပဲ။ နိုင်ငံရဲ့ အလယ်ဗဟိုမှာတော့ ပွဲတော်မစခင်ကတည်းက ဧည့်သည်တွေဆီကနေ ပိုက်ဆံတွေ အမြောက်အမြားရရှိနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ စီးပွားရေး အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာပေါ့။

အကယ်၍ လူတွေက ဇဝေဇဝါ ဖြစ်နေမယ်ဆိုရင်လည်း သူတို့လိုအပ်တာမှန်သမျှကို ကူညီပေးဖို့အတွက် အနီးအနားမှာ ရီနေးတားနိုင်ငံသားတစ်ယောက် အမြဲရှိနေမှာပါ။

"ခွင့်ပြုပါဦး၊ စားလို့ကောင်းမယ့် နေရာလေး သိပါသလား၊ ကျွန်တော့်ကလေးတွေ ဗိုက်ဆာနေကြလို့ပါ" လို့ မျက်နှာပျက်နေတဲ့ ဖခင်တစ်ယောက်က သူ့ရဲ့ကလေးနှစ်ယောက်ကို ညွှန်ပြရင်း မြွေလူသားတစ်ယောက်ဆီ ချဉ်းကပ်ပြီး မေးလိုက်ပါတယ်။

အဲဒီ မြွေလူသားက ပြုံးလိုက်ပြီး အဲဒီလူကို နိုင်ငံတစ်ခုလုံးရဲ့ မြေပုံတစ်ခု ပေးလိုက်ပါတယ်။

"ဒီလမ်းကို ကျော်လိုက်တာနဲ့ ဘာဂါဆိုင် ကောင်းကောင်းတစ်ခု ရှိပါတယ်" လို့ သူမက ပြောလိုက်ပါတယ်။

"ဒါပေမဲ့ ကျွန်မ အကြံပေးချင်တာကတော့ ဒီမှာရှိတဲ့ ရီနေးတားဟိုတယ်ကို သွားကြည့်ဖို့ပါပဲ၊ အဲဒီမှာ တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ ကလေးတွေ ပျော်ပျော်ပါးပါးဆော့လို့ရမယ့် ရေကူးကန်လည်း ရှိပါတယ်"

သူမက လမ်းတစ်ဖက်မှာရှိတဲ့ မြင့်မားပြီး ကျယ်ဝန်းတဲ့ အဆောက်အဦးကြီးကို လူသားမိသားစုဆီ ညွှန်ပြလိုက်ပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အဲဒီနေရာက တန်ဖိုးကြီးမယ်ဆိုတာ သိသာလှပါတယ်၊ အထူးသဖြင့် ရှေ့တံခါးကြီးတွေနဲ့ ပြတင်းပေါက်တွေက ဖန်သားစစ်စစ်တွေနဲ့ လုပ်ထားတာကိုး။

"မမ... ရေကူးကန်ဆိုတာ ဘာလဲဟင်" လို့ ကလေးတစ်ယောက်က မေးလိုက်ပါတယ်။

"အဲဒါက ကမ်းခြေလိုမျိုးပဲ၊ ဒါပေမဲ့ အိမ်ထဲမှာ ရှိတာပေါ့" လို့ မြွေလူသားက ပြန်ဖြေလိုက်ပါတယ်။

"မိုက်လိုက်တာ၊ သား ရေကူးချင်တယ်၊ မေမေ... ဖေဖေ... အဲဒီကို သွားရအောင်နော်" လို့ ကလေးတွေက သူတို့မိဘတွေကို ပူဆာကြတာပေါ့။

မိခင်နဲ့ ဖခင်ဖြစ်သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် ဒီဟိုတယ်ကို တကယ်ပဲ စူးစမ်းချင်နေကြပြီဆိုတာ သိသာနေပါတယ်။

"အဖေကြီး... ကျွန်မတို့လည်း အခန်းတစ်ခန်းလောက် ယူရအောင်လေ" လို့ မိခင်ဖြစ်သူက ဖခင်ကို ပြောလိုက်ပါတယ်။

သူ့ရဲ့ ဇနီးနဲ့ ကလေးတွေက အတင်းပူဆာနေကြတာကြောင့် အဲဒီလူမှာလည်း ရွေးချယ်စရာ မရှိတော့ပါဘူး။

"မဒမ်... ကျွန်တော်တို့ ဟိုတယ်မှာ တည်းနေတုန်း ကားကို ဘယ်မှာထားလို့ရမလဲ"

မြွေလူသားက ပြုံးလိုက်ပါတယ်။

"ဟိုတယ်က ဖောက်သည်တွေအတွက် ဝန်ထမ်းတစ်ယောက်က ကားတွေကို ပါကင်ထိုးပေးပါလိမ့်မယ်၊ ဒါကို ကားပါကင်ဝန်ဆောင်မှုလို့ ခေါ်တာပေါ့၊ ဪ... ပြီးတော့ အဲဒီမှာ အခန်းယူမယ်ဆိုရင် ဒီနေ့ညနေ ကျင်းပမယ့် ဘေ့စ်ဘောပွဲအတွက် လက်မှတ်တစ်စောင် လက်ဆောင်ရဦးမှာပါ"

မွန်းတည့်ချိန်မှာတော့ ဘေ့စ်ဘောပွဲ စတင်လိုက်တာနဲ့ အားကစားကွင်းကြီးအတွင်းမှာ အောင်ဟစ်သံတွေနဲ့ ဆူညံသွားပါတော့တယ်။

နိုင်ငံရဲ့ ဆင်ခြေဖုံးမှာ အားကစားကွင်းကြီးတစ်ခု ရှိနေတာကို လူအနည်းငယ်သာ သိကြသလို ဘေ့စ်ဘောလို့ခေါ်တဲ့ ကစားပွဲ ကျင်းပနေတယ်ဆိုတာကိုလည်း ပိုလို့တောင် မသိကြပါဘူး။

ဒါပေမဲ့ နိုင်ငံအနှံ့ ပဲ့တင်ထပ်သွားတဲ့ အားကစားကွင်းက ဆူညံသံတွေကို ကြားလိုက်ရတဲ့အခါ သူတို့တွေ ချက်ချင်းပဲ စိတ်ဝင်စားသွားကြတာပေါ့။ သူတို့က ဘေးပတ်ဝန်းကျင်ကို လိုက်မေးကြတော့ ရီနေးတား နိုင်ငံသားတွေက အဲဒီကစားနည်းရဲ့ အခြေခံတွေကို ချက်ချင်းပဲ ရှင်းပြပေးလိုက်ကြပါတယ်။

လူအတော်များများက စိတ်ဝင်စားသွားကြပြီး နောက်ထပ်ပွဲစဉ်အတွက် လက်မှတ်တွေကို ချက်ချင်း ဝယ်လိုက်ကြတာပေါ့။

ပွဲတော်က မစရသေးပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေကတော့ ရီနေးတားနိုင်ငံတော်မှာ ပျော်ရွှင်နေကြပါပြီ။ ဧည့်သည်တိုင်းက သူတို့ပေးထားတဲ့ အဆင်ပြေချောမွေ့မှုတွေကို လေ့လာကြည့်ရှုနေကြတာကြောင့် ရွှေဒင်္ဂါးတွေကလည်း တရစပ် စီးဝင်နေတာပေါ့။

တချို့ဆိုရင် သူတို့ရဲ့ အတွေ့အကြုံတွေကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် တစ်ပတ်လုံးစာ အခန်းကြိုတင်မှာယူဖို့တောင် ဆုံးဖြတ်လိုက်ကြပါတယ်။

အတော်များများက ဒီနေရာကို လုံးဝပြောင်းရွှေ့နေထိုင်ဖို့တောင် စဉ်းစားနေကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ အဆင်ပြေလှတဲ့ လူနေမှုပုံစံက တော်ဝင်မျိုးနွယ်တွေအတွက် ရည်ရွယ်ထားတဲ့ ရဲတိုက်တွေထက်တောင် အများကြီး ပိုပြီးတော့ ခေတ်မီနေတာကိုး။

ဥပမာအားဖြင့် နိုင်ငံတွင်းကတည်းခိုဆောင်တွေနဲ့ ဟိုတယ်တွေမှာလူတွေပြည့်လာတဲ့အခါ လျှပ်စစ်ဓာတ်အားရဲ့ အံဩစရာတွေကို သူတို့ စတင်တွေ့ရှိသွားကြပါတယ်။

ခလုတ်တစ်ခုကို နှိပ်လိုက်ရုံနဲ့ သူတို့အခန်းရဲ့ အပေါ်ဘက်မှာ အလင်းရောင်က ရုတ်တရက် ပေါ်လာတာပေါ့။ ပြီးတော့ ခလုတ်တစ်ခုကို နှိပ်လိုက်ရုံနဲ့ ပြတင်းပေါက်နားက ထူးဆန်းတဲ့ သေတ္တာအကန့်လေးထဲကနေ အေးမြတဲ့လေတွေ တိုက်ခတ်လာပါတယ်။

ဒါတင်မကသေးပါဘူး၊ သူတို့မှာ သူတို့ရဲ့ ဘီယာနဲ့ ရေတွေကို ရေခဲလို အေးနေအောင် လုပ်ပေးနိုင်တဲ့ မှော်သေတ္တာတစ်လုံးလည်း ရှိသေးတာကိုး။

လျှပ်စစ်ဓာတ်အားက ဧည့်သည်တွေကြားမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့တာကြောင့် လူတွေဟာ သူ့အိမ်ရဲ့ ဂိတ်တံခါးကို လာခေါက်ပြီးတော့ သူတို့အိမ်တွေမှာလည်း လျှပ်စစ်မီး ရနိုင်ဖို့ လာပြီး တောင်းဆိုကြပါတော့တယ်။

လော့လိုမှာ သူတို့ကို ဖျောင်းဖျပြီး ကင်းစ်နယ်မြေမှာ မကြာခင် လျှပ်စစ်မီး ရနိုင်တော့မယ်လို့ ကတိပေးလိုက်ရတာပေါ့။

မိုက်ကယ်ကတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်တစ်ခု တည်ဆောက်ဖို့ ကြိုတင်စီစဉ်ထားပြီးသားပါ။ အဲဒါက ကင်းစ်နယ်မြေရဲ့ မြောက်ဘက်ပိုင်းနဲ့ ပိုပြီးနီးကပ်တဲ့ နေရာမှာ ရှိမှာဖြစ်လို့ ကင်းစ်ဘရစ်ချ်မြို့နဲ့ အဲဒီမှာရှိတဲ့ ကျန်တဲ့နယ်မြေတွေကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်မှာပေါ့။

ဒါက ကွင်းစ်နယ်မြေကိုလည်း လျှပ်စစ်မီးနဲ့ ချိတ်ဆက်နိုင်မယ့် ဖြစ်နိုင်ခြေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ သေချာတာကတော့ သူတို့ဆီက ဒေသခံတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုကို သူ အရင်ဆုံးရရှိဖို့ လိုအပ်ပါသေးတယ်။

"သခင်... အလုပ်ရှုပ်နေသလား" လို့ မိုက်ကယ်ရဲ့ တံခါးကို ခေါက်ရင်း လော့လိုက မေးလိုက်ပါတယ်။

"ဝင်ခဲ့လေ" လို့ မိုက်ကယ်က ပြန်ဖြေလိုက်ပါတယ်။

"ပွဲတော်မှာ တစ်ခုခု မှားယွင်းနေလို့လား"

"မဟုတ်ပါဘူး သခင်၊ အရာအားလုံး အဆင်ပြေပါတယ်။ ကျွန်တော် ဒီကိုလာတာက တခြားအကြောင်းကြောင့်ပါ၊ ဧည့်သည်အချို့က သခင့်ကို လူကိုယ်တိုင် တွေ့ချင်လို့ တောင်းဆိုနေကြလို့ပါ"

မိုက်ကယ်က လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး လော့လိုကို ကြည့်လိုက်ပါတယ်။

"မင်းကိုယ်တိုင် ငါ့ဆီကို လာတွေ့တယ်ဆိုတော့ ဒီဧည့်သည်တွေက တစ်ခုခု ထူးခြားနေလိမ့်မယ်လို့ ငါ ထင်တယ်"

"ဟုတ်ပါတယ် သခင်၊ သူတို့က ကွင်းစ်နယ်မြေက လာတာလို့ ပြောကြပါတယ်"

* * * * * * * * *

All Chapters