← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉) ယွင်ဟွား၏ သရုပ်ဆောင်မှု၊ လူတိုင်း၏ ထောက်ခံမှုနှင့် အိမ်ရှေ့စံ၏ ခုခံကာကွယ်မှုများ ပြိုလဲသွားခြင်း

ယွင်ဟွားသည် အိမ်ရှေ့စံကြင်ယာတော်၏ ချောမွေ့သော လက်ကလေးကို ကိုင်ထားလျက် သူမ၏ ရင်ဘတ်လေးကို ကော့ကာ အခန်းထဲသို့ ဝင့်ကြွားစွာ ဝင်ရောက်လာလေသည်။

သူမသည် ဤအလှလေးကို ထောက်ခံအားပေးလိုခြင်း ဖြစ်၏။

ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ခြေထောက်ကို တိတ်ဆိတ်စွာ ရုပ်သိမ်းလိုက်သည်။

ကောင်းပြီလေ…

သူသည် မိန်းကလေးငယ်အား ဝင်ရောက်မနှောင့်ယှက်ရဲပေ။ အခြားသူများကလည်း ယွင်ဟွား၏ သရုပ်ဆောင်မှုကို မနှောင့်ယှက်လိုသဖြင့် နောက်မှ ကပ်လျက်လိုက်ပါလာကြသည်။

အခန်းထဲတွင် ရှိနေသော ကိုယ်လုပ်တော်လုမှာ အလွန်ကြောက်လန့်သွားသဖြင့် နူးညံ့သော ထိုင်ခုံပေါ်မှ လိမ့်ကျသွားကာ ချွေးများ ရွှဲနစ်လျက် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားလေသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... အိမ်ရှေ့စံ..."

ကိုယ်လုပ်တော်လုသည် မယ်တော်ကြီး၊ ဧကရီနှင့် တော်ဝင်ကြင်ယာတော်စုတို့ထံသို့ အကြည့်ကို ပြန်လွှဲလိုက်၏။

ဘုရားရေ…

သူမသည် မူးဝေပြီး မခိုင်မလုံဖြစ်ကာ သတိလစ်တော့မည့်အလား ခံစားလိုက်ရသည်။

"ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမ..."

ယွင်ဟွားသည် ကိုယ်လုပ်တော်လု၏ ရှေ့တွင် လက်ပိုက်လျက် ရပ်နေပြီး ခြေထောက်ကို လှုပ်ခါကာ သူမအား ငုံ့ကြည့်လိုက်သည်။

"နင့်ရဲ့ သရုပ်ဆောင်မှုနဲ့ ဆင်ခြေပေးတာတွေကို ဆက်လုပ်ပါ... ငါ နားထောင်နေတယ်..."

ယွင်ဟွားသည် သူမအား ရှင်းပြရန် အခွင့်အရေးပေးခဲ့သော်လည်း နားထောင်ခြင်း ရှိမရှိမှာမူ သူမအပေါ်တွင်သာ မူတည်လေသည်။

လူတိုင်း......

အိမ်ရှေ့စံကြင်ယာတော်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။ သူမသည် အိမ်ရှေ့စံအား တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ ခေါင်းကို လွှဲဖယ်လိုက်သည်။ သူမသည် သူ၏ ရွှေများအားလုံးကို ချန်နင်း ကောင်တီမင်းသမီးထံသို့ ပေးအပ်ရန် စီစဉ်ထားပြီးဖြစ်၏။

ကိုယ်လုပ်တော်လုသည် ယွင်ဟွားအား ကြောက်ရွံ့စွာ စိုက်ကြည့်နေပြီး သွားများကို ကြိတ်ထားလေသည်။

“ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမ ဘာမှမသိဘူး... အဲ့အဘွားကြီး လုပ်တာပါ..."

"ရပ်လိုက်စမ်း..."

ယွင်ဟွားက လက်ကိုဆန့်ထုတ်ကာ အလျင်အမြန် ရပ်တန့်ခိုင်းလိုက်၏။

"နင် အဲ့အဘွားကြီးဆီကို အပြစ်တွေ လွှဲချလို့မရဘူး... နင့်ရဲ့ အစေခံ ချိုးထန်ဆီကို လွှဲချရမှာ..."

ယွင်ဟွားသည် မေးစေ့ကို လက်ဖြင့်ထောက်လျက် သူမရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ လှောင်ပြောင်လိုက်သည်။

“အဲ့ဒါက နင် တာဝန်ယူမှု ကင်းမဲ့အောင် လုပ်ရမယ့် နည်းလမ်းပဲ..."

ယွင်ဟွားသည် တိုးညှင်းသော အသံဖြင့် သတိပေးလိုက်ရာ အိမ်ရှေ့စံကြင်ယာတော်ထံမှ လက်ကိုင်ပဝါကို ယူလိုက်ပြီး သူမ၏ တံတွေးအနည်းငယ်ဖြင့် စိုစွတ်စေကာ ပါးပြင်များကို သုတ်လိုက်၏။

"အရှင်မင်းသား... အဲ့အဘွားကြီးကို အိမ်ရှေ့စံကြင်ယာတော်အား ဒုက္ခပေးဖို့ ကျွန်တော်မျိုးမရဲ့ အစေခံက သူမသဘောနဲ့သူ စေခိုင်းခဲ့တာပါ... ကျွန်တော်မျိုးမ ဘာမှမသိခဲ့ပါဘူး... အရှင်မင်းသား နားလည်ပေးပါ..."

"ဒီနေ့ ဒီအဘွားကြီးသာ ရောက်မလာခဲ့ရင် သူမ ခုလို ဆိုးရွားတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့မှန်း ကျွန်တော်မျိုးမ သိခဲ့မှာမဟုတ်ပါဘူး... ကျွန်တော်မျိုးမ သူတို့နှစ်ယောက်စလုံးကို ကြိုးတုပ်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်မလို့ စီစဉ်ထားပေမယ့် အရှင်မင်းသား ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..."

ယွင်ဟွားက သူမ၏ သရုပ်ဆောင်မှုကို အဆုံးသတ်ပြီးနောက် ချိုးထန်ကို ဆွဲယူကာ လက်ညိုးထိုးလျက် ပြောလိုက်၏။

"နောက်တစ်ခု... နင်က ခုလိုမျိုး သရုပ်ဆောင်ရမယ်..."

ယွင်ဟွားသည် သူမ၏ မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ရာ အသံများ တုန်ယင်နေသော်လည်း ပြတ်သားမှု အနည်းငယ် ပါဝင်နေလေသည်။

"ဟုတ်ကဲ့ပါ..."

"အရာအားလုံးကို ကျွန်တော်မျိုးမ လုပ်ခဲ့တာပါ... ကိုယ်လုပ်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး..."

"ကျွန်တော်မျိုးမက ကိုယ်လုပ်တော် အမြဲတမ်း ငိုကြွေးနေတာကို မကြည့်ရက်နိုင်တာကြောင့် ဒီအကြံဆိုးကို သုံးခဲ့တာပါ..."

“ကိုယ်လုပ်တော်... ကျွန်တော်မျိုးမ အရိုအသေပေးပါတယ်... ဒီဘဝမှာ ကိုယ်လုပ်တော်ကို အလုပ်အကျွေးပြုခွင့်ရတာ ကျွန်တော်မျိုးမရဲ့ ကံကောင်းမှုပါပဲ... နောင်ဘဝကျရင်လည်း ဆက်ပြီး အလုပ်အကျွေးပြုခွင့်ရဖို့ မျှော်လင့်ပါတယ်..."

ယွင်ဟွားက မတ်တတ်ရပ်လိုက်ပြီး ချိုးထန်ကို တိုင်လုံးတစ်ခုဆီသို့ ဆွဲခေါ်သွားကာ ပြောလိုက်၏။

"နင့်ခေါင်းကို အဲ့ဒီအပေါ် ဘုန်း ခနဲ ဝင်ဆောင့်လိုက်... ဒါဆို နင့်ခေါင်း ကွဲထွက်သွားလိမ့်မယ်... ဒါက နင့်ရဲ့ နောက်ထပ်တာဝန်ကို ပြီးမြောက်စေပြီး နင့်သခင်ကို ကာကွယ်ပေးလိမ့်မယ်..."

ချိုးထန်မှာ နားမလည်နိုင်ဖြစ်သွား၏။

မဖြစ်ဘူး…

သူမက မလိုလားကြောင်း ပြောလေသည်။

လူတိုင်းသည် ယွင်ဟွား၏ ပီပြင်လှသော သရုပ်ဆောင်မှုကို ကြည့်နေကြပြီး သူတို့၏ နှုတ်ခမ်းထောင့်များ ပြင်းထန်စွာ တွန့်ကွေးသွားကြသည်။

ယွင်ဟွားသည် လုံးဝ ကြက်သေရိုက်ခံထားရသည့် ကိုယ်လုပ်တော်လုအား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်၏။

"ငါ နင့်အတွက် ဇာတ်ညွှန်းရေးပေးပြီးပြီပဲ... နင်တို့ သခင်နဲ့ အစေခံက ဘာလို့ သရုပ်မဆောင်ကြသေးတာလဲ..."

လူတိုင်း......

သူတို့မှာ အလွန် စိတ်ပျက်အားငယ်နေကြပြီ ဖြစ်သည်။

“ဟားဟားဟား... ပန်းကလေး... နင်က အရမ်း အရည်အချင်းရှိတာပဲ... အဲ့ယုတ်မာတဲ့ ကိုယ်လုပ်တော်ကို နင် ဘယ်လောက်တောင် ဒေါသထွက်စေလဲ ကြည့်လိုက်ဦး... သူမ တစ်ကိုယ်လုံး တုန်ယင်နေပြီး ပြိုလဲတော့မလို ဖြစ်နေပြီ…”

သေခြင်းရှင်ခြင်းစာအုပ်က အလွန် ရယ်မောလွန်းသဖြင့် ယွင်ဟွား၏ ခေါင်းပေါ်တွင် လူးလှိမ့်နေလေသည်။

တရားသူကြီးသည် သူ၏ ဗိုက်ကို ပုတ်ကာ ရူးသွပ်စွာ ရယ်မောလိုက်၏။

“ဟွားဟွား... နင် မုန့်ပိုဆီကနေ ရုပ်ပြစာအုပ်တွေရေးဖို့ ဘာလို့ မသင်ယူတာလဲ... အဲ့ဒါတွေက သေချာပေါက် ရောင်းကောင်းမှာပဲ..”

ကိုယ်လုပ်တော်လုက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ယွင်ဟွားအား ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။

“အိုး... သေခါနီးအချိန်မှာတောင်မှ ငါ့ရဲ့ ပန်းကလေးကို စိုက်ကြည့်ရဲသေးတယ်ပေါ့... မြန်မြန် သူမရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်…”

သေခြင်းရှင်ခြင်းစာအုပ်က သူမအား ပြန်လည် စိုက်ကြည့်လိုက်သည်။

“ပြီးရင် အဲ့ဒီအပေါ်ကို တက်နင်းလိုက်…”

တရားသူကြီး၏စုတ်တံက ဝင်ပြောလိုက်၏။

ယွင်ဟွားသည် ကိုယ်လုပ်တော်လုကို တစ်ချက် ကြည့်လိုက်သည်။

"နင်တို့ သခင်နဲ့ အစေခံ နှစ်ယောက်က ဖြေရှင်းချက်ပေးဖို့ ရည်ရွယ်ထားတုန်းပဲလား..."

"ငါက နက္ခတ်တာရာ လေ့လာရေးဌာနက လာတာ... ကံကြမ္မာဟောပြောခြင်းနဲ့ ဗေဒင်တွက်ခြင်းတွေက ငါ့ရဲ့ အထူးကျွမ်းကျင်မှုတွေပဲ..."

"ဒါ့အပြင် ဒီအဘွားကြီး အခန်းထဲ ဝင်သွားပြီးတဲ့နောက် နင်တို့ရဲ့ စကားဝိုင်းတစ်ခုလုံးကို ငါတို့ကြားခဲ့ရတယ်..."

ယွင်ဟွားက သူမ၏ နောက်တွင်ရှိနေသော သြဇာကြီးမားသူများအုပ်စုကို လက်ညိုးထိုးပြလိုက်၏။

သို့ဖြစ်ရာ... နင့်ရဲ့ ဆင်ခြေတွေက အသုံးမဝင်တော့ပေ။

"အခု... ငါ့ရဲ့ အလှလေး အိမ်ရှေ့စံကြင်ယာတော်အတွက် လက်စားချေရမယ့် အချိန်ရောက်ပြီ..."

ကိုယ်လုပ်တော်လုက တုန်ယင်သွားပြီး ယွင်ဟွားအား ထိတ်လန့်စွာ ကြည့်လိုက်လေသည်။

ယွင်ဟွားသည် သူမ၏ ခြေလက်များကို ဆန့်ထုတ်လိုက်ပြီး အင်္ကျီလက်ထဲမှ လက်ငယ်လေးကို တစ်ချက် လှုပ်ခါလိုက်သည်နှင့် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက သူမ လက်ထဲတွင် ပေါ်လာသည်။

"ကြင်ယာတော်... ဒါကို ယူလိုက်ပါ... ခဏနေရင် ပြင်းပြင်းထန်ထန် ထုချလိုက်... ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံက ကြင်ယာတော်ကို အကာအကွယ်ပေးလိမ့်မယ်... သူ မပေးနိုင်ရင်တောင် ကျွန်မက နောက်ခံပေးမယ်..."

*ငါက ခွန်အားကြီးတဲ့အတွက် လူတွေကို ရိုက်နှက်ဖို့ ငါ့ရဲ့ လက်သီးတွေကို သုံးနိုင်သေးတယ်လေ..*

"ငါကိုယ်တော်လည်း မင်းကို ထောက်ခံတယ်..."

မယ်တော်ကြီးက ရှေ့သို့ ထွက်လာလေသည်။

"ဒီမယ်တော်လည်း မင်းအတွက် ရပ်တည်ပေးမယ်..."

ဧကရီကလည်း နောက်မှ ကပ်လျက် လိုက်လာ၏။

"ငါကိုယ်တော်လည်း မင်းဘက်မှာ ရှိတယ်..."

ဧကရာဇ်ဝမ်ရွှမ်းသည် ယွင်ဟွား၏ လက်ထဲမှ ရွှေအုတ်ခဲလေးကို ယူကာ အိမ်ရှေ့စံကြင်ယာတော်၏ လက်ထဲသို့ ထည့်ပေးလိုက်ရာ သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားလေသည်။

ဤအရာက အံ့ဩစရာကောင်းလိုက်တာ။

သူသည် နောက်ဆုံးတွင် ၎င်းကို ကိုယ်တိုင် ကိုင်တွယ်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။

"ငါ မင်းသား..."

"ဘာကို ငါမင်းသားလဲ... ဒီနေရာမှာ စကားပြောဖို့ နင့်ကို ဘယ်သူက အခွင့်အရေးပေးလို့လဲ... လိမ်လိမ်မာမာနဲ့ တံခါးဝမှာ သွားရပ်နေစမ်း..."

ဧကရီက အိမ်ရှေ့စံအား ရွံရှာစွာဖြင့် ကြည့်လိုက်လေသည်။

ချိုးထန်သည် အိမ်ရှေ့စံကြင်ယာတော်အား ထောက်ခံပေးနေသည့် သြဇာကြီးမားသူများကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် နှပ်ရည်များနှင့် မျက်ရည်များ ရွှဲနစ်လျက် ကြိမ်ဖန်များစွာ ဦးညွှတ်လိုက်လေသည်။

"ကျွန်တော်မျိုးမ ဝန်ခံပါတယ်... အကုန်လုံး ဝန်ခံပါတယ်... ဒီအရာအားလုံးက ကိုယ်လုပ်တော်လုရဲ့ အကြံအစည်တွေပါ..."

"ဒီအစေခံအိုကြီး ဝန်ခံပါ့မယ်... ဝန်ခံပါ့မယ်..."

"နောက်ကျသွားပြီ..."

"ငါ ရိုက်မယ်..."

ယွင်ဟွားက အော်ဟစ်လိုက်ပြီး ဦးဆောင်ကာ ချိုးထန်အား နံရံထဲသို့ ကန်သွင်းလိုက်ရာ သူမမှာ နံရံတွင် ညပ်သွားပြီး ဆွဲထုတ်၍ မရတော့ပေ။

အိမ်ရှေ့စံကြင်ယာတော်က သူမ၏ လက်ထဲရှိ ရွှေအုတ်ခဲလေးကို တစ်ချက်ကြည့်လိုက်ပြီး အင်္ကျီလက်များကို ခေါက်တင်လိုက်၏။

"ချန်နင်း ကောင်တီမင်းသမီး... ငါလည်း ရောက်လာပြီ..."

အိမ်ရှေ့စံသည် သူ၏ ရင်ဘတ်ကို ထပ်မံ ဆုပ်ကိုင်လိုက်ပြန်သည်။ သူ၏ ဇနီး... သူ၏ နူးညံ့သိမ်မွေ့သော ဇနီးလေး။

အခန်းတစ်ခုလုံးသည် ကိုယ်လုပ်တော်လုနှင့် သူမ၏ အထိန်းတော်တို့၏ နှလုံးကွဲကြေမတတ် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေသည်။

“သူမအတွက် တန်တယ်... ပန်းကလေးကို ပြန်ခုခံရဲတယ်... သူမရဲ့ လက်မောင်းကို အရင် ချိုးပစ်လိုက်..”

“ပေပေ့က အိမ်ရှေ့စံကြင်ယာတော်ကို အားပေးတယ်... ဟွားဟွားကို အတုယူပြီး သူမရဲ့ ခေါင်းကို ထုချလိုက်... "ခေါင်းကွဲတတ်တဲ့ အိမ်ရှေ့စံကြင်ယာတော်"ဆိုတဲ့ ဘွဲ့ကို ရရှိဖို့ မျှော်လင့်ပါတယ်..”

လူတိုင်းက သူတို့၏ မျက်လုံးများကို အုပ်ထားလိုက်ကြသည်။

ဤအရာက အလွန်ရက်စက်လွန်းလှသည်။

ဤမိန်းကလေးက လူတိုင်းကို လမ်းမှားဆီသို့ ခေါ်ဆောင်သွားဖို့ ကြိုးစားနေတာလားဟု တွေးမိကြသည်။

တော်ဝင်ကြင်ယာတော်စုက ပါဝင်လိုစိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် ဖိနပ်များကို ချွတ်ကာ ချက်ချင်းပင် အနားသို့ တိုးကပ်သွားလေသည်။

"မိန်းကလေး... ဒီအဘွားကြီးကို ငါ့ဆီမှာ ထားခဲ့လိုက်..."

လူတိုင်း......

အကယ်၍ ဧကရာဇ်ဝမ်ရွှမ်းသာ သူတို့သုံးဦးအား ထိန်းချုပ်ရန် သူ၏ လူများကို အလျင်အမြန် အမိန့်မပေးခဲ့ပါက ကိုယ်လုပ်တော်လုသည် ထိုနေရာတွင်ပင် ရိုက်သတ်ခံရမည်ဖြစ်၏။

အိမ်ရှေ့စံကြင်ယာတော်က အလွန် စိတ်အားထက်သန်စွာဖြင့် တိုက်ခိုက်နေပြီး ချွေးများ ရွှဲနစ်နေလေသည်။

ချန်နင်းကောင်တီမင်းသမီးက တိုက်ခိုက်ရတာကို နှစ်သက်သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ဤအရာက အလွန် ပျော်စရာကောင်းလှသည်။

နူးညံ့သိမ်မွေ့မှုနဲ့ နားလည်ပေးမှုတွေကို မေ့ပစ်လိုက်... အဲ့ဒါတွေအားလုံး သေချင်လည်း သေပါစေ...။

"သွားကြစို့..."

မျက်နှာပေါ်တွင် အလိုလိုက်ထားသော အပြုံးတစ်ခုနှင့်အတူ အိမ်ရှေ့စံကြင်ယာတော်က ယွင်ဟွား၏ လက်ကို ဆွဲကာ သိုလှောင်ရုံဆီသို့ ဦးဆောင်သွားလေသည်။

"ချန်နင်း ကောင်တီမင်းသမီး... ငါ နင့်ကို အိမ်ရှေ့စံရဲ့ ဘဏ္ဍာတိုက်ဆီ ခေါ်သွားပေးမယ်... နင် ကြိုက်တာကို ယူလို့ရတယ်... အားနာနေစရာမလိုဘူး..."

အိမ်ရှေ့စံ......

သူ၏ သိုလှောင်ရုံလေး။

အိမ်ရှေ့စံကြင်ယာတော်က အလွန်ရဲရင့်ပြီး သဘောထားကြီးလှသဖြင့် ယွင်ဟွား၏ မျက်လုံးများမှာ အရောင်လက်သွားလေသည်။

"ကြင်ယာတော်... နောင်မှာ အိမ်ရှေ့စံက ကြင်ယာတော်ကို ဒေါသထွက်အောင်လုပ်ရင် ကျွန်မကိုသာ ပြောလိုက်... ကျွန်မ ကြင်ယာတော်အတွက် ရပ်တည်ပေးမယ်..."

“သူ့ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ သယ်သွားဖို့ ငါ ကူညီပေးမယ်... အဲ့ဒါက သူ့ကို ကြောက်လန့်သွားစေလိမ့်မယ်..”

"ပြီးတော့ ကြင်ယာတော်က အိမ်ရှေ့စံနဲ့ ဆက်မနေချင်တော့ဘူးဆိုရင် ကျွန်မဆီကိုသာ လာခဲ့... ကျွန်မ ကြင်ယာတော်ကို စောင့်ရှောက်ပေးမယ်..."

“သစ်ပင်တစ်ပင်တည်းအတွက် သစ်တောတစ်ခုလုံးကို ငါတို့ စွန့်လွှတ်လို့ မဖြစ်ဘူး... အိမ်ရှေ့စံကြင်ယာတော်အတွက် ရုပ်ချောတဲ့ လူငယ်လေးတချို့ ရှာပေးရမယ်... တစ်ယောက်က ကျောနှိပ်ပေးဖို့... တစ်ယောက်က ခြေထောက်နှိပ်ပေးဖို့... နောက်တစ်ယောက်က အိပ်ရာနွေးပေးဖို့…”

အိမ်ရှေ့စံက အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။

သူ၏ဇနီးမှာ သေရတော့မည်ဖြစ်၏။

အခန်း (၁၆၀) ယွင်ဟွား ကလေးပေးပို့ခြင်း

ထိုသုံးဦးကို ဆွဲထုတ်သွားပြီး တုံလင်နိုင်ငံ၏ ဥပဒေများနှင့်အညီ ကွပ်မျက်လိုက်လေသည်။

ယွင်ဟွားသည် အိမ်ရှေ့စံ၏ သိုလှောင်ရုံထဲမှ ထွက်လာစဉ် သူမ၏ မျက်နှာပေါ်တွင် ကျေနပ်နေသော အမူအရာဖြင့် ပြုံးဖြီးနေလေသည်။

သူမ၏ ခေါင်းမှစ၍ ခြေဖျားအထိ ရွှေစကလေးများဖြင့် ဖုံးလွှမ်းနေ၏။

လူတိုင်းသည် ယွင်ဟွား၏ တလက်လက်တောက်ပနေသော ရွှေရောင်အသွင်အပြင်ကြောင့် မျက်စိကျိန်းသွားကြသည်။

ဒုတိယမင်းသားက အိမ်ရှေ့စံအား တွဲထူပေးလိုက်ပြီး နှစ်သိမ့်ရန် တိုးညှင်းစွာ ပြောလိုက်၏။

"နောင်တော်... ကျေနပ်လိုက်ပါတော့... သူမက ခမည်းတော်ရဲ့ ဘဏ္ဍာတိုက်ထဲက ရွှေတွေအားလုံးကို လုယူသွားရုံတင်မကဘူး နောက်ဆောင်တွေဆီကနေပါ ယူနေတယ်လို့ ကြားတယ်..."

အိမ်ရှေ့စံက သူ့အား စိုက်ကြည့်လိုက်လေသည်။

အစောပိုင်းဖြစ်စေ နောက်ပိုင်းဖြစ်စေ မင်းလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ရုတ်တရက်......

ယွင်ဟွားသည် အိမ်ရှေ့စံကြင်ယာတော်၏ ဝမ်းဗိုက်ကို မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်မိရာ သူမ၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားပြီဖြစ်၏။

သူမ၏ လက်ငယ်လေးများသည် အင်္ကျီလက်အတွင်း၌ လက်သင်္ကေတများကို အလျင်အမြန် ဖန်တီးလိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုသည် ယွင်ဟွား၏ လက်ချောင်းထိပ်များတွင် လျင်မြန်စွာ စုစည်းလာကာ အိမ်ရှေ့စံကြင်ယာတော်၏ သားအိမ်အတွင်းသို့ ချက်ချင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ထိုခဏချင်းမှာပင်။

အိမ်ရှေ့စံကြင်ယာတော်က သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် နွေးထွေးသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

“ပန်းကလေး..”

“ဟွားဟွား..”

သေခြင်းရှင်ခြင်းစာအုပ်မှာ ငိုလုနီးပါး ဖြစ်နေလေသည်။

“ပန်းကလေး... အဲ့တာက ဓားပြတွေကို နှိမ်နင်းရာကနေ နင် ပင်ပင်ပန်းပန်း ရရှိခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေလေ... အိမ်ရှေ့စံကြင်ယာတော်ရဲ့ ထိခိုက်သွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် နင် အဲ့ဒါကို ပေးမှရမှာလား..”

လူတိုင်း......

အိမ်ရှေ့စံကြင်ယာတော်က ယွင်ဟွားအား လွန်စွာ ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။ စောစောက သူမ၏ ဝမ်းဗိုက်ထဲတွင် အလွန်သက်သောင့်သက်သာ ခံစားရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ယွင်ဟွား၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ ရှိမနေခဲ့ပေ။

“ရှောင်ရှူးရှူး... အိမ်ရှေ့စံကြင်ယာတော်ဆီကို ကလေးတစ်ယောက် ပို့ပေးမယ်လို့ ငါ ကတိပေးထားတာဆိုတော့ ကတိဖျက်လို့ မဖြစ်ဘူးလေ... အိမ်ရှေ့စံကြင်ယာတော် ကလေးရဖို့အတွက် ကုသိုလ်ကောင်းမှုတွေနဲ့ လဲလှယ်တာက စိတ်ကူးကောင်းလို့ ငါထင်တယ်..”

“ဒါ့အပြင် အရှင်မင်းကြီးနဲ့ သူ့မိသားစုက အတော်လေး သဘောကောင်းကြတယ်... ငါလည်း အိမ်ရှေ့စံကြင်ယာတော်ကို သဘောကျတယ်... ဒီဘဝမှာ ငါ့မိသားစုအားလုံးက တုံလင်မှာရှိနေတာဆိုတော့ ဒီနေရာကို ငါ ကာကွယ်ချင်တယ်…”

ယွင်ဟွားသည် ငိုကြွေးနေသော သေးငယ်သည့် အရာလေးနှစ်ခုကို မြင်သောအခါ စိတ်မကောင်းဖြစ်သွားလေသည်။

“မငိုကြပါနဲ့တော့... ငါ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီသွားပြီး ယင်စွမ်းအင်တချို့ ထပ်စုပ်ယူလိုက်ပါ့မယ်..”

တရားသူကြီး၏စုတ်တံသည် ယွင်ဟွား၏ မျက်နှာလေးကို ကိုင်လျက် အော်ဟစ်ငိုကြွေးလေသည်။

“ဝါး... ငါ့ရဲ့ ဟွားဟွားက လှပပြီး စိတ်ထားကောင်းလိုက်တာ... ယမမင်းက နင့်ကို ကပ်ဘေးဒုက္ခလို့ နောက်ထပ်တစ်ခါ ခေါ်ရဲသေးရင် သူ့ကို သေတဲ့အထိ ငါ ရိုက်သတ်ပစ်မယ်..”

သေခြင်းရှင်ခြင်းစာအုပ်သည် အိမ်ရှေ့စံကို တစ်ချက် ကြည့်လိုက်ပြီး "ရွှီး" ဟူသော အသံနှင့်အတူ သူ၏ ခေါင်းပေါ်သို့ ပျံတက်သွားကာ သူ့ကို ကုတ်ခြစ်ပြီး ကျိန်ဆဲလေသည်။

“အကုန်လုံး နင့်အပြစ်တွေချည်းပဲ... အကုန် နင့်အပြစ်တွေပဲ... နင့်ရဲ့ ကိုယ်ပိုင်ဇနီးကိုတောင် ဂရုမစိုက်နိုင်ဘူး... ငါ့ရဲ့ ပန်းကလေးကို နင့်ရဲ့ ပြဿနာတွေ ရှင်းခိုင်းနေရတယ်... ဒီစာအုပ်က နင့်ကို သေတဲ့အထိ ကုတ်ပစ်မယ်... သေတဲ့အထိ ကုတ်ပစ်မယ်... လူယုတ်မာ..”

လူတိုင်းက အိမ်ရှေ့စံအား ကြည့်နေသည့် အကြည့်များမှာ လွန်စွာ ရန်လိုနေလေသည်။

"ချန်နင်း ကောင်တီမင်းသမီး... ဒီနေ့ နင် ငါ့ကို ကြီးမားတဲ့ အကူအညီတစ်ခုပေးခဲ့တယ်... အဲ့တာက လုံလောက်မှာ မဟုတ်သေးဘူး..."

"နောက်ထပ် သွားယူကြရအောင်..."

အိမ်ရှေ့စံကြင်ယာတော်က သူမ ယခုလေးတင် ရရှိခဲ့သော လက်ဆောင်များမှာ ယွင်ဟွား၏ အကူအညီကို ကျေးဇူးဆပ်ရန် မလုံလောက်ဟု ခံစားရသဖြင့် ယွင်ဟွား၏ လက်ကို ဆွဲကာ အိမ်ရှေ့စံ၏ သိုလှောင်ရုံလေးအား ပြောင်းရွှေ့ရန် အစေခံများစွာကို ခေါ်လိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်က မျက်ရည်တစ်ပေါက်ကို သုတ်လိုက်၏။

“ရွှေ့လိုက်... ပန်းကလေး... အိမ်ရှေ့စံရဲ့ ဘဏ္ဍာတိုက်တစ်ခုလုံးကို လုယူလိုက်..”

“ရွှေ့လိုက်... ဟွားဟွားရဲ့ ဆုံးရှုံးမှုတွေကို ပြန်ယူလိုက်…”

တရားသူကြီး၏စုတ်တံက သူ၏ လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။

အိမ်ရှေ့စံ......

သူသည် ရှေ့သို့ တက်လှမ်းလိုက်သော်လည်း အေးစက်သော အကြည့်ကိုယ်စီဖြင့် သြဇာကြီးမားသူများစွာက သူ့ကို တားဆီးလိုက်ကြသည်။

အိမ်ရှေ့စံမှာ ရယ်ချင်နေသလို ဒေါသလည်း ထွက်နေမိလေသည်။

"မိန်းကလေးငယ် ပစ္စည်းတွေ ယူနေတာကို ငါ တားဆီးဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး... အခန်းထဲမှာ ရွှေအဆင်တန်ဆာတချို့ ရှိနေသေးတယ်လို့ တွေးမိလို့ သူမကို အဲ့ဒါတွေပါ ပေးဖို့ ဆုံးဖြတ်လိုက်တာပါ..."

အတင်းအဖျင်းပြောတတ်သူလေးက သူ၏ ဇနီးကို ကူညီရန် သူမ၏ ကုသိုလ်ကောင်းမှုများကို အသုံးပြုခဲ့ရာ သူသည် ဤမျှလောက် နှမြောတွန့်တိုနေမည် မဟုတ်ပေ။

သူ့တွင် သိုလှောင်ရုံသုံးရုံ ရှိသော်လည်း ၎င်းတို့အနက်မ တစ်ခုကို အလွတ်ဖြစ်အောင် ရှင်းထုတ်ပေးလိုက်သည်။

မယ်တော်ကြီးနှင့် ဧကရီတို့သည်လည်း တော်ဝင်မျိုးဆက်များနှင့် ပတ်သက်နေပြီး မိန်းကလေးငယ်အား ကောင်းကောင်းမဆက်ဆံမည်ကို စိုးရိမ်သဖြင့် သူတို့၏ ကိုယ်ပိုင် သိုလှောင်ရုံများအကြောင်းကို စဉ်းစားနေကြလေသည်။

ယွင်ဟွားတစ်ယောက် အိမ်တော်သို့ ပြန်ရောက်လာ၏။

အဓိကခန်းမဆောင်တွင် ပုံစံနေသော ရတနာများသည် ယွင်မိသားစုရှိ လူတိုင်းကို လွန်စွာ အံ့ဩထိတ်လန့်သွားစေသဖြင့် သူတို့၏ ရင်ဘတ်များကို ဆုပ်ကိုင်လိုက်ကြရသည်။

ထို့နောက်......

မယ်တော်ကြီး၊ ဧကရာဇ်ဝမ်ရွှမ်းနှင့် ဧကရီတို့က လက်ဆောင်သေတ္တာပေါင်းများစွာကို ယူဆောင်လာခဲ့ကြသည်။

နောက်မှ ကပ်လျက် ပါလာသည်မှာ ချန်နင်း ကောင်တီမင်းသမီးက သခင်လေး၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်သောအနေဖြင့် မင်းသားစုအိမ်တော်မှ ပစ္စည်းများပင် ဖြစ်သည်။

"ညီ... ညီမလေး... နင်က နန်းတော်ထဲ စာသွားသင်တာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကို သွားလုယက်တာလား..."

ယွင်ချင်းမော့က စိတ်ကို တည်ငြိမ်အောင် ထားလိုက်သော်လည်း အံ့ဩထိတ်လန့်နေဆဲ ဖြစ်သည်။

ယွင်ဟွားက အလွန်ဝမ်းသာအားရဖြင့် ပြုံးဖြီးလိုက်၏။

“ညီမ စာသွားသင်တာ သေချာတာပေါ့... အိမ်ရှေ့စံမင်းသားတို့ကို ကိစ္စလေးတစ်ခု ကူညီပေးလိုက်ရုံပါ..."

“ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်က ကိုယ်ဝန်ရှိချင်ယောင်ဆောင်ပြီး နန်းတွင်းအစေခံမလေးက ဧကရာဇ်ရဲ့ သွေးသားကို တိတ်တဆိတ် ခိုးယူသွားတယ်..”

“အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော်က မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အိမ်ရှေ့စံကြင်ယာတော်ကို ကိုယ်ဝန်မရနိုင်အောင် ဆေးခတ်ဖို့ အထိန်းတော်ကို လာဘ်ထိုးခဲ့တယ်…”

“ဟူး... ဒါက တော်ဝင်လျှို့ဝှက်ချက်ပဲ... သူတို့က ရတနာတွေ အများကြီး ပို့ပေးခဲ့တာကို ထောက်ထားပြီး ငါ သူတို့အတွက် ဒီကိစ္စကို ကြိတ်မှိတ် လျှို့ဝှက်ထားပေးလိုက်မယ်..”

ယွင်မိသားစုဝင်များ......

သူတို့အားလုံး သိနေနှင့်ပြီ ဖြစ်၏။

ယွင်ဝေက ရင်ဘတ်ကိုထုကာ ခြေဆောင့်လျက် အချိန်အတော်ကြာအောင် နာကျင်ခံစားနေပြီးမှ နောက်ဆုံးတွင် မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် ယွင်ရှောင်ထျန်းထံသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။

"အဖေ... သမီးမှာ အားနည်းချက်တချို့ ရှိနေတာကို သတိထားမိလာတယ်..."

ယွင်ရှောင်ထျန်း၏ မျက်ခွံများ တွန့်လှုပ်သွားသည်။

"သမီးလည်း ညီမလေးနဲ့အတူ နန်းတော်ထဲကို စာသွားသင်ရင်ရော ဘယ်လိုလဲ... ပထမအချက်က သမီးက သူ့ကို အဖော်ပြုပေးနိုင်ပြီး ဒုတိယအချက်က သူမရဲ့ စာသင်ကြားမှုတွေကို ကြီးကြပ်ပေးနိုင်တယ်..."

ယွင်ဝေက ဤအကြံအစည်မှာ အလွန်ကောင်းမွန်သည်ဟု တွေးလိုက်ပြီး စကားအနည်းငယ် ထပ်ပြောချင်သေးသော်လည်း ယွင်ယာက အလျင်အမြန် ရှေ့ထွက်လာကာ သူမ၏ ပါးစပ်ကို ပိတ်လိုက်လေသည်။

"ပါးစပ်ပိတ်ထားစမ်း... နင်က စာသွားသင်မှာ မဟုတ်ဘူး... နင်က ဖရဲသီးစားဖို့ သွားချောင်းမှာလေ..."

ယွင်ဝေမှာ လွန်စွာ စိတ်ပျက်သွားဟန် ရှိလေသည်။

ဤအချိန်တွင် ယွင်ဟွားသည် လူတိုင်း ဝေစုတစ်ခုစီ ရရှိစေရန် သေချာစေလျက် ရတနာများကို စတင်ဝေငှနေပြီဖြစ်ပြီး အိမ်တော်ရှိ အစေခံများကိုပင် တစ်လစာ လုပ်အားခ ဆုချီးမြှင့်လိုက်သည်။

ညဥ့်နက်ချိန် ရောက်လာ၏။

ယွင်ဟွားသည် တိတ်တဆိတ် ခိုးထွက်ရန် စီစဉ်ထားပြီး အသစ်ဆောက်လုပ်ထားသော 'ငရဲပြည်ခန်းမ' အနီးမှ ဖြတ်သွားစဉ် တံခါးပေါက်ထဲသို့ ခေါင်းပြူ၍ ကြည့်လိုက်လေသည်။

သူမ၏ မိခင်က ၎င်းကို အလွန် ခမ်းနားထည်ဝါစေရန် အစွမ်းကုန် လုပ်ဆောင်ပေးခဲ့သည်။

သူမ ငရဲပြည်တွင် နတ်ဘုရားတစ်ပါးဖြစ်ခဲ့စဉ်က ယမမင်းကို ကြောက်စရာကောင်းသည်ဟု မထင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ လူသားတစ်ဦး ဖြစ်လာချိန်တွင် သူ၏ ရုပ်တုကို ပြန်လည်မြင်တွေ့ရသောအခါ သူမ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

"သူတို့ သွားကြပြီ... သူတို့ သွားကြပြီ..."

ယွင်ဟွားက ခွေးဝင်ပေါက်မှတစ်ဆင့် တွားသွား၍ ထွက်လာခဲ့သည်။

မလှမ်းမကမ်းတွင် ရှိနေသော ရှောင်ထောင်ဟွာနှင့် ရှောင်လီဟွာတို့က သူတို့၏ သခင်အား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေကြ၏။

သူတို့က သခင်ဖြစ်သူသည် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသို့ သွားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယွင်ဟွားသည် ဟို့ထုနတ်သမီး ဘုရားကျောင်းသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့လေသည်။

“ပန်းကလေး... နင် တကယ်ပဲ ရည်ရွယ်ထားတာလား…”

သေခြင်းရှင်ခြင်းစာအုပ်မှာ စကားမပြောနိုင် ဖြစ်သွား၏။

ယွင်ဟွားသည် ၎င်း ပြောချင်သည့်အရာကို သိရှိထားသဖြင့် စကားကို အလျင်အမြန် ဆက်ပြောလိုက်သည်။

“စာအုပ်လေး... အိမ်ရှေ့စံကြင်ယာတော်ရဲ့ ကျန်းမာရေးကို တိုးတက်စေဖို့ ငါ့ရဲ့ ကုသိုလ်ကောင်းမှုတွေကို အသုံးပြုခဲ့တယ်... ဒါပေမယ့် သူမရဲ့ မူလကံကြမ္မာအရ သူမက ကလေးမရနိုင်ရဘူးလေ..”

“အခု ငါတို့က အရာရာကို ဖျက်ဆီးလိုက်ပြီဆိုတော့ ကလေးငယ်ရဲ့ ဝိညာဉ်က သူမရဲ့ သားအိမ်ထဲကို မဝင်လာမှာ ငါ စိုးရိမ်မိတယ်... အကယ်၍ မွေးလာတဲ့ ကလေးမှာ ဝိညာဉ်မရှိရင် ငါတို့တော့ ဒုက္ခရောက်ပြီပဲ..”

သေခြင်းရှင်ခြင်းစာအုပ်က ဤအကြောင်းကို တွေးကြည့်သောအခါ ယုတ္တိရှိကြောင်း ခံစားလိုက်ရသည်။

ယွင်ဟွားသည် သူမ၏ လက်ငယ်လေးများဖြင့် လက်သင်္ကေတတစ်ခုကို ပြုလုပ်ကာ သဒ္ဓါတရားဖြင့် ဒူးထောက်လိုက်ပြီး သူမ၏ အကြောင်းပြချက်များကို ရှင်းပြလေသည်။

ရုတ်တရက်......

ခန်းမအတွင်းရှိ ဖယောင်းတိုင်မီးရောင်သည် ပြင်းထန်စွာ တုန်ခါသွား၏။ ယွင်ဟွားသည် မျက်စိရှေ့တွင် မှုန်ဝါးဝါးဖြစ်သွားသလို ခံစားလိုက်ရပြီး ဝိုင်းစက်ချစ်စရာကောင်းသော ကလေးငယ် သတ္တဝါလေးများစွာသည် ပြန်လည်မွေးဖွားခြင်းရေတွင်းမှ မျောလွင့်၍ ထွက်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်နေလေသည်။

ယွင်ဟွား၏ မျက်လုံးများမှာ ၎င်းတို့အား ကြည့်နေရင်း ထုံကျဉ်လာလုနီးပါး ဖြစ်သွားသည်။

“ပန်းကလေး... ဒီတစ်ခု... ဒီတစ်ခု... သူ့ဆီမှာ ခရမ်းရောင် အငွေ့အသက်နဲ့ ဘဝဆယ်ဆက်စာ ကုသိုလ်ကောင်းမှုအလင်းရောင်တွေ ရှိတယ်... သူက နောက်ထပ် ပညာရှိမင်းတစ်ပါးဖြစ်လာဖို့ ထိုက်တန်သူတစ်ယောက်ပဲ..”

သေခြင်းရှင်ခြင်းစာအုပ်က ကလေးငယ်တစ်ဦးအား လက်ညိုးထိုးပြကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။

“ဟေ့... ပြီးတော့ ဒီမိန်းကလေးငယ်လေးပဲ... သူမမှာ အရမ်းအစွမ်းထက်တဲ့ အငွေ့အသက်တွေရှိပြီး အရမ်းချစ်စရာကောင်းတယ်..”

ယွင်ဟွား၏ နှလုံးသားက ချက်ချင်းပင် နူးညံ့သွားလေသည်။

ဤကလေးငယ်နှစ်ယောက်က အလွန် ချစ်စရာကောင်းနေသည် မဟုတ်ပါလား။

ယွင်ဟွားသည် သူတို့ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ပြင်းပြစွာ နမ်းရှိုက်လိုက်၏။

“သူတို့ပဲ ဖြစ်ရမယ်..”

“အိမ်ရှေ့စံကြင်ယာတော်ဆီ အမြွှာပို့ပေးလိုက်ကြစို့..”

ယွင်ဟွားသည် ကလေးငယ်နှစ်ယောက်ကို သိမ်းဆည်းလိုက်ပြီး ဟို့ထုနတ်သမီး ဘုရားကျောင်းမှ ထွက်ခွာလာခဲ့သည်။

ရုပ်တုထံမှ ရှည်လျားပြီး ဝမ်းနည်းဖွယ်ရာ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာလေသည်။

လူ့ပြည်တွင်ရှိသော သူမ၏ နတ်ဘုရားအသိစိတ် ဝိညာဉ်အပိုင်းအစလေးက ဤမိန်းကလေးနှင့် တိုက်ဆိုင်သွားခဲ့သည်။

အရယ်ရဆုံးအချက်မှာ သူသည် သုံးနှစ်အတွင်း ပြန်လာရမည် ဖြစ်သော်လည်း ဆယ်စုနှစ်များစွာ စောင့်ဆိုင်းရမည့်အလား သူမက ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဤမျှပါပဲလေ။

ဖြစ်ချင်ရာဖြစ်ပါစေတော့... ကောင်းကင်ဘုံ၏ ဆန္ဒက ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သည်။

“ပန်းကလေး... အခု ငါတို့က အရှေ့နန်းဆောင်ကို သွားမှာလား..”

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသဖြင့် သေခြင်းရှင်ခြင်းစာအုပ်သည် တားဆီးရန် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

“အိမ်ရှေ့စံကြင်ယာတော်က ကိုယ်ဝန်မရှိသေးဘူးလေ... ဖျက်ချခံရတဲ့ သန္ဓေသားရဲ့ ဝိညာဉ်ကို သူမရဲ့ သားအိမ်ထဲ ထည့်လိုက်တာက ဘာအကျိုးမှရှိမှာ မဟုတ်ဘူး..”

ယွင်ဟွား......

All Chapters