← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း ၂၁၃: မင်းကို လာကယ်တဲ့သူ ဘာလို့ မရှိတာလဲ...

သူတို့နှစ်ဦးသား သူတို့၏ခရီးစဉ်ကို နောက်တစ်ကြိမ် စတင်လိုက်သည်။

စူးချန်ကဲက သူ၏ ယခင်အရှိန်ကို ထိန်းထားပြီး ညဘက် အနားယူပြီးနောက် ယွဲ့ယီမှာ အတော်လေး ပြန်လည် ကောင်းမွန်လာကာ ခက်ခက်ခဲခဲ လိုက်ပါနိုင်ခဲ့လေ၏။

ကျန်ရှိနေသော အကွာအဝေးအတွက် အင်မော်တယ် ရှေးဟောင်း လျှို့ဝှက်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့်မြေကြီး ဖိနှိပ်မှု အောက်တွင် စူးချန်ကဲ၏အရှိန်ဖြင့်ပင် နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် နတ်ဘုရားတောင်နှင့် နီးကပ်လာလေလေ ဖိနှိပ်မှုက ပို၍အားကောင်းလာလေလေပင်။ အဆုံးသတ်တွင် ယွဲ့ယီသည် သူမ၏ခြေထောက်များကို မြေကြီးမှပင် မကြွနိုင်ဘဲ ပြေးရုံသာ ပြေးနိုင်တော့သည်။

လမ်းတလျှောက်တွင် သူတို့သည် နတ်ဘုရားမျိုးနွယ်စုဝင် အနည်းငယ်ကို ကြုံတွေ့ခဲ့ရသော်လည်း စူးချန်ကဲ၏ လက်တစ်ချက် ဝှေ့ယမ်းမှုဖြင့် သူတို့အားလုံး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ ရှင်းလင်းပြီး ထိရောက်သော နည်းလမ်းများက ယွဲ့ယီ ကို အံ့အားသင့်သွားစေခဲ့ပေ၏။

နောက်ဆုံးတွင် သူတို့၏ရှေ့ရှိ မိုးကုတ်စက်ဝိုင်း၌ ခမ်းနားပြီး ကြီးမားသည့် ဧရာမမြို့ ကြီးတစ်မြို့၏ ကောက်ကြောင်း ထွက်ပေါ်လာသည်။

မြို့ရိုးများက တိမ်များထဲသို့ ထိုးတက်နေပြီး ထိုအရာများကို စိမ်းပြာရောင်ရင့်ရင့် နတ်ဘုရားသတ္တုအား ထူးဆန်းသော အရောင်ငါးမျိုး မြေဆီလွှာတချို့ဖြင့် ရောနှောကာ သွန်းလုပ်ထားခြင်းပင်။ မြို့နံရံများတွင် ဓားများ၊ ပုဆိန်များနှင့် နတ်ဘုရားစွမ်းရည်များဖြင့် တိုက်ခိုက်မှုများကြောင့် ကျန်ရစ်ခဲ့သော အမှတ်အသားများဖြင့် ဖုံးလွှမ်းထားပေ၏။ မရေမတွက်နိုင်သော နက်နဲသိမ်မွေ့ကာ ရှေးကျသည့် မှော်စာလုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ ရှေးကျပြီး ကျယ်ပြန့်သော အင်မော်တယ်အရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။

မြို့ရိုးများက မျက်စိတစ်ဆုံး အဆုံးမရှိအောင် ဆန့်တန်းနေပြီး ရှေးဟောင်းခေတ်မှ အိပ်မောကျနေသော ဧရာမရက်စက်ကြမ်းကြုတ်သားရဲကြီးတစ်ကောင်သည် နတ်ဘုရားတောင်များကြားတွင် ခွေနေသည့်အလားပင်။

"သခင်လေး ... ကျွန်မတို့ ရောက်ပါပြီ..."

ယွဲ့ယီက တီးတိုးပြောဆိုလိုက်ရာ သူမ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

ဤရှေးဟောင်းမြို့ ၏ ကြီးကျယ်ခမ်းနားမှုက အောက်ဘုံ သို့မဟုတ် စိတ်ဝိညာဉ်နယ်မြေတွင် သူမ မြင်တွေ့ခဲ့ဖူးသော မည်သည့်မြို့ထက်မဆို များစွာပို၍ သာလွန်သည်​။ သူမမိသားစု၏ ရှေးအကျဆုံး မှတ်တမ်းများတွင်သာ အလားတူဖော်ပြချက်များကို သူမ မြင်တွေ့ခဲ့ဖူးလေ၏။

စူးချန်ကဲက ရှေးဟောင်းမြို့ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်ကာ သူ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

​

ဒါက နတ်ဘုရားစိတ်အာရုံကို ပိတ်ဆို့ဟန့်တားထားတာလား... ဖရိုဖရဲချီကတောင် အဲ့ဒါကို စုံစမ်းလို့ မရဘူး...

ထို့နောက်...

သူတို့နှစ်ဦးသည် တုံ့ဆိုင်းမနေဘဲ မြို့ တံခါးဆီသို့ တိုက်ရိုက်လျှောက်လှမ်းသွားခဲ့သည်။

သူတို့သည် မြို့ တံခါးကို ခြေချလိုက်သည်နှင့် ဆူညံသံနှင့် အပူရှိန်လှိုင်းလုံး ကြီးတစ်ခုက သူတို့ဆီသို့ ခုန်ဝင်လာပေ၏။

မြို့ ပြင်ဘက်ရှိ ရိုင်းစိုင်းသော တိတ်ဆိတ်မှုနှင့် ကွဲပြားပြီး မြို့တွင်းပိုင်းသည် လုံးလုံးလျားလျား မတူညီသော ကမ္ဘာတစ်ခုပင်။

စူးချန်ကဲနှင့်ယွဲ့ယီတို့၏ ရောက်ရှိလာမှုက လူအများ၏အာရုံစိုက်မှုကို သိပ်မရခဲ့ချေ။

နေ့စဉ်နေ့တိုင်း မျက်နှာသစ်များက ရွှီကူမြို့သို့ ဝင်ရောက်လာကြသည်​။ သူတို့သည် ပြဿနာများကို တက်ကြွစွာ မဖန်တီးသရွေ့ မည်သူကမျှ သူတို့ကို ဂရုစိုက်မည် မဟုတ်ချေ။

လမ်းကြောင်းကို ရင်းနှီးသော ယွဲ့ယီက စူးချန်ကဲကို မြို့ ၏အလယ်ဗဟိုဆီသို့ ဦးဆောင်ခေါ်သွားရင်း တီးတိုးရှင်းပြလိုက်သည်။

"ရွှီကူမြို့ ရဲ့ အလယ်ဗဟိုမှာ လောကအသင်္ချေ ကျောက်တိုင်တစ်ခုရှိတယ်... အဲ့ဒါက ကောင်းကင်တက်လှမ်းခြင်း လှေကားရဲ့ အချိန်နှင့်တပြေးညီ တိုးတက်မှုနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တချို့ကို ပြသတယ်... ဒါ့ပြင် အဲ့ဒီနေရာမှာ နောက်ဆုံးရ သတင်းတွေ ရှိပြီးတော့ သတင်းအရောင်းအဝယ် အများဆုံး လုပ်တဲ့နေရာလည်း ဖြစ်တယ်..."

စူးချန်ကဲသည် မည်သည့်စကားမျှ မပြောသော်လည်း သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်ပြီး လူအများ တိုင်ပင်ဆွေးနွေးနေသော အသံများက သူ၏နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာခဲ့သည်။

"မင်း ကြားပြီးပြီလား... မနေ့က ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စုက ရှင်းချန်ယောင်က မြို့ပြင်ဘက် လီသုံးရာအကွာမှာ ဓားတစ်ချက်တည်းနဲ့ ငါတို့ လူသား မျိုးနွယ်စုရဲ့ အစစ်အမှန်သူတော်စင် ပါရမီရှင်သုံးယောက်ကို သတ်ပစ်လိုက်တယ်..."

"ဟမ့်... နတ်ဘုရား မျိုးနွယ်စုက အရမ်းမောက်မာတာပဲ... လူသားဧကရာဇ်ငယ် ရွှမ်ယွမ်ဖိုက ကောင်းကင်တက်လှမ်းခြင်း လှေကားပေါ်မှာ ရွှီဝူဖာနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်လို့ ကြေညာထားပြီးပြီ..."

"မြေအောက်ကမ္ဘာက မင်ကျိုးယိုလည်း မြို့ထဲဝင်လာတယ်လို့ ငါ ထင်တယ်... သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး လောလောဆယ် ကုသရေး သူတော်စင်ဆေးလုံးကို ရှာနေတယ်လို့ ပြောကြတယ်..."

"ဝမ်တန်နဲ့ ကျန်းချီလီတို့ကရော... သူတို့ နတ်ဘုရား မျိုးနွယ်စုနဲ့ မတိုက်ခိုက်ခဲ့ဘူးလား..."

"သူတို့က လျှို့ဝှက်နယ်မြေရဲ့ အတွင်းပိုင်း နက်ရှိုင်းတဲ့နေရာက အပျက်အစီးနေရာတချို့ကို ရှာနေတယ်လို့ ငါ ထင်တယ်...တိတိကျကျတော့ ငါလည်း သေချာမပြောနိုင်ဘူး..."

"တစ်ယောက်ယောက်က ကောင်းကင်တက်လှမ်းခြင်း လှေကားရဲ့ တတိယလှေကားထစ်ကို ရောက်သွားပြီ... အဲ့ဒါက အနောက်ဘက်ကောင်းကင်ဘုံ ဗုဒ္ဓနယ်မြေက ဘုန်းတော်ကြီးပုယွီပဲ..."

"တတိယလှေကားထစ်လား... ဒီလောက်ထိ မြန်တာလား... အဲ့ဒီအပေါ်က အခြေအနေက ဘယ်လိုရှိလဲ..."

ဖရိုဖရဲဆွေးနွေးမှုများက သူ၏နားထဲသို့ ဝင်ရောက်လာပြီးနောက် စူးချန်ကဲသည် သူ၏ စိတ်ထဲတွင် လက်ရှိအခြေအနေကို ပို​၍ရှင်းလင်းစွာ နားလည်လာခဲ့သည်။

နတ်ဘုရားမျိုးနွယ်စု​၏ တော်ဝင်မိသားစုငါးခုက လူသားမျိုးနွယ်စု​၏ ထိပ်တန်းပါရမီရှင်များနှင့် ပဋိပက္ခများ ဖြစ်ပွားနေလေပြီ။

ထို့ပြင် ကောင်းကင်တက်လှမ်းခြင်းလှေကားအတွက် ပြိုင်ဆိုင်မှုကလည်း စတင်နေလေပြီ။

ထိုအချိန်မှာပင်...

ဘုန်း...

မြို့လယ်ရင်ပြင်၏ အရပ်မျက်နှာအဘက်ဘက်မှ လောကကြီးကို တုန်ခါစေမည့် မြည်ဟီးသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် အလွန်ကြမ်းတမ်းသော စွမ်းအင်မုန်တိုင်းတစ်ခုက တိုက်ခတ်လာပြီး ရင်ပြင် ပတ်လည်ရှိ အဆောက်အအုံများကို ပြင်းပြင်းထန်ထန် ယိမ်းယိုင်သွားစေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုစွမ်းအားလှိုင်းများကြောင့် လွင့်စင်သွားကြပြီး ထိတ်လန့်တကြား အော်ဟစ်သံများနှင့် စူးရှသော အော်သံများက နေရာတိုင်းမှ ပေါက်ကွဲထွက်လာပေ၏။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအား နှင့် အေးစက်သော မြေအောက်ကမ္ဘာသေခြင်းချီတို့က မကောင်းဆိုးဝါး နဂါးနှစ်ကောင်အလား ရင်ပြင်၏ အထက်တွင် ရူးသွပ်စွာ တိုက်ခိုက်နေပြီး အချင်းချင်း သတ်ဖြတ်နေခဲ့ကြသည်။

"အဲ့ဒါက နတ်ဘုရား မျိုးနွယ်စုပဲ... ပြီးတော့... မြေအောက်ကမ္ဘာ သားတော်လား..."

ယွဲ့ယီ၏အမူအရာ ပြောင်းလဲသွားပြီး သူမက အော်ဟစ်လိုက်သည်။

စူးချန်ကဲ၏မျက်လုံးများ အနည်းငယ် မှေးစင်းသွားကာ သူ၏ခြေလှမ်းများ မရပ်တန့်ဘဲ ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးကို ဖြတ်သန်း​၍ ချက်ချင်းဆိုသလိုပင် ရင်ပြင်၏အစွန်းသို့ ရောက်ရှိသွားသည်။

မူလက အတော်လေး ပြန့်ပြူးနေသော ရင်ပြင်၏ ဗဟိုချက်မှာ ယခုအချိန်၌ ရှုပ်ပွနေသည်ကို သူ မြင်လိုက်ရသည်။ မြေပြင်ပေါ်တွင် ကြီးမားသော ကန့်လန့်ဖြတ်အက်ကွဲကြောင်းများဖြင့် အက်ကွဲနေပြီး ဗဟိုချက်သ​ည် အချင်းကျန်းတစ်ရာ နီးပါးရှိသော နက်ရှိုင်းသည့် တွင်းကြီးတစ်ခုအဖြစ်သို့ ထုခွဲခံထားရလေ​၏။

နက်ရှိုင်းသော တွင်းကြီး၏အထက်တွင် ပုံရိပ်နှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

သူတို့အနက်မှ တစ်ယောက်သည် မင်အလား ထူထပ်ကာ လှိုင်းထနေသည့် မြေအောက်ကမ္ဘာ သေခြင်းချီများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ဖြူရော်သော မျက်နှာနှင့် ခရမ်းရောင်ရင့်ရင့်နှုတ်ခမ်းများကို ဝေဝါးစွာ မြင်နေရသည်။ ဤသည်မှာ မြေအောက်ကမ္ဘာ သားတော် မင်ကျိုးယိုပင်။

သို့သော် ဤအချိန်အခိုက်အတန့်တွင် သူ၏ အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။

သူ၏မူလက ခမ်းနားထည်ဝါသော အနက်ရောင် ဝတ်ရုံသည် စုတ်ပြဲနေပြီး သူ၏ရင်ဘတ်တွင် မီးလောင်ကျွမ်းထားသော ထိုးဖောက်ဒဏ်ရာတစ်ခု ရှိနေသည်။ ထိုဒဏ်ရာ၏အစွန်းရှိ အသားများမှာ ကွေးလိပ်နေပြီး ရွှေရောင်ရင့်ရင့် နတ်ဘုရားသွေးနှင့် မြေအောက်ကမ္ဘာသေခြင်းချီတို့ ရောနှောနေသော ထူးဆန်းသည့်အရည်များ ယိုစိမ့်ကျနေသည်။

သူ၏အမူအရာမှာ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ မျက်လုံးများတွင် နာကြည်းမှုများနှင့် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်တစ်ခုဖြင့် ပြည့်နှက်နေပေ၏။ သူ၏လက်ထဲရှိ မြေအောက်ကမ္ဘာအရိုးဆူးသည် မှေးမှိန်နေပြီး ဝှေ့ယမ်းလိုက်ချိန်၌ တစ္ဆေများကို ငိုကြွေးစေပြီး နတ်ဘုရားများကို ဟိန်းဟောက်စေဆဲပင်။ သို့ရာတွင် ဤကမ္ဘာ၏ ဖိနှိပ်မှုအောက်တွင် ထိုအရာ၏စွမ်းအားမှာ ယခင်ကထက် များစွာပို၍ နည်းပါးနေသည်။

ထိုသို့မဟုတ်ပါက သူတို့၏တိုက်ပွဲသည် ဤမျှ သေးငယ်သော ရုတ်ရုတ်သဲသဲဖြစ်မှုမျိုးကို မည်သို့ ဖြစ်ပေါ်စေနိုင်မည်နည်း။ အကယ်၍ အောက်ဘုံတွင်သာ ဖြစ်ပါက လီတစ်သောင်း အတိုင်းအတာအတွင်းရှိ အရာအားလုံး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားလောက်လေပြီ။

ထို့ပြင် သူ၏ပြိုင်ဘက်သည်...

ထိုလူသည် ကြယ်တာရာဓမ္မဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် အမျိုးသား တစ်ဦးဖြစ်ပြီး ညအလားနက်မှောင်သော ဆံပင်ရှည်များနှင့် သူ၏နဖူး အလယ်ဗဟိုတွင် နစ်မြုပ်နေသော ကြယ် တွင်းနက်ငယ်တစ်ခု ရှိနေသည်။

သူက စကြဝဠာ၏ ကြယ်များကို အုပ်ချုပ်သော နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား အဆုံးမရှိသော ကြယ်ရောင်များဖြင့် ဝန်းရံထားပြီး လေထဲတွင် မတ်တတ်ရပ်နေပေ၏။

ထိုလူသည် ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ရှင်းချန်ယောင်ပင်။

ရှင်းချန်ယောင်၏ အမူအရာမှာ တည်ငြိမ်နေပြီး ကြွက်တစ်ကောင်ကို ကစားနေသော ကြောင်တစ်ကောင်အလား သရော်တော်တော် လှောင်ပြောင်မှုတစ်ခုကိုပင် ပြသထားသည်။

သူက လက်နက်တစ်ခုကို အသုံးမပြုဘဲ သူ၏ လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ရုံဖြင့် တောက်ပသော ကြယ်ရောင်အလင်းတန်းများက သူ၏ လက်ချောင်းထိပ်များတွင် စုစည်းသွားသည်။ ထိုအရာများသည်လကြယ်ပျံများ၊ ကြယ်သံကြိုးများ၊ ကြယ်တွင်းနက်များ နှင့် ကြယ်တာရာနယ်မြေ အသေးစားများအဖြစ်သို့ ပြောင်းလဲသွားပြီး မင်ကျိုးယိုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

ကြယ်ရောင်တိုက်ခိုက်မှုတိုင်းတွင် ဟင်းလင်းပြင်ကို ဖြိုခွင်းပြီး ဥပဒေသများကို ခြေမွှဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်။ တိုက်ခိုက်မှုလမ်းကြောင်းများသည် အမြင့်မြတ်ဆုံး ကြယ်လမ်းကြောင်းတချို့ကို လိုက်နာနေသည့်အလား နက်နဲသိမ်မွေ့ပြီး ခန့်မှန်း၍ မရနိုင်ချေ။

မင်ကျိုးယို၏ မြေအောက်ကမ္ဘာ သေခြင်းချီများမှာ ကြယ်ရောင်အလင်းတန်းများ၏ တောက်ပမှုအောက်တွင် အားနည်းနေပြီး ထိုအရာအားလုံး ပြိုလဲပျက်စီးသွားသည်။

သူ၏လှုပ်ရှားမှုနည်းစနစ်မှာ သရဲတစ္ဆေအလား မြန်ဆန်သော်လည်း လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားပုံရသော ရှင်းချန်ယောင်၏ ကြယ်တာရာနယ်မြေအတွင်းတွင် သူသည် နေရာတိုင်း၌ ကန့်သတ်ခံထားရပြီး ရင်ဆိုင်ရန် ရုန်းကန်နေရလေ၏။

"မင်းက ကြွက်တစ်ကောင်လို ဟိုဟိုဒီဒီ ပြေးလွှားနေရုံပဲ တတ်နိုင်တာလား..."

ရှင်းချန်ယောင်၏အသံက ပီပြင်ရှင်းလင်းနေသည်။

"လော့ကျဲ့ရှန်းနဲ့ မင်းကြားမှာ ရန်ငြိုး ရှိတယ်လို့ ငါ ကြားတယ်... မင်းနဲ့သူ့ကြားက ကွာဟချက်က ဒီလောက်ထိ ကြီးမားနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး...အဲ့ဒီအမျိုးသမီးက မဆိုးဘူး..."

"အဲ့ဒီအကြောင်းကို တွေးကြည့်ရင် မင်းကို လာကယ်တဲ့သူ ဘာလို့ မရှိတာလဲ..."

"သူတို့က ကြောက်နေကြလို့လား..."

သူ၏စကားများ ပျောက်ကွယ်သွားသည်နှင့် သူ၏ လက်ချောင်းထိပ်များရှိ ကြယ်ရောင်အလင်းတန်းများ ရုတ်တရက် လှိုင်းထသွားသ​ည်။ ထိုအရာများသည် မရေမတွက်နိုင်သော ကြယ်ငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် တောက်ပသော ကြယ်မြစ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ နောက်သို့လိမ့်ကျလာသော ကောင်းကင်ကိုးလွှာ ကြယ်မြစ်အလား မင်ကျိုးယို အပေါ်သို့ ပြုတ်ကျလာသည်။

ထိုကြယ်မြစ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်သည် ပြိုကျပျက်စီးမည့် လက္ခဏာရပ်များ ပြသနေပေ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက အဝေးမှ ကြည့်ရှုနေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ၏မျက်နှာများကို ဖြူရော်သွားစေပြီး သူတို့၏စိတ်ဝိညာဉ်များ တုန်ယင်သွားသည်။

ဤတိုက်ခိုက်မှုမှာ သာမန်အစစ်အမှန်သူတော်စင် အထွတ်အထိပ်တစ်ဦး၏ နယ်ပယ်ထက် များစွာ ကျော်လွန်နေပြီဖြစ်ပြီး ဟင်းလင်းပြင်တာအို နယ်ပယ် ၏ ဥပဒေသဖိအား အရိပ်အယောင်တစ်ခုပင် ပါဝင်နေသည်။

မင်ကျိုးယို၏မျက်လုံးသူငယ်အိမ်များ အဆုံးစွန်ဆုံးအဆင့်အထိ ကျဥ်းမြောင်းသွားပြီး သူက အံ့ကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

"နတ်ဘုရား မျိုးနွယ်စု ..."

သူသည် သူ့နှလုံးသား၏ အနှစ်သာရသွေးတစ်လုတ်ကို ပြင်းထန်စွာ ထွေးထုတ်လိုက်ပြီး မြေအောက်ကမ္ဘာ အရိုးဆူးပေါ်သို့ ဖြန်းပက်လိုက်၏။

အရိုးဆူးသည် ကောင်းကင်ကို ဖုံးလွှမ်းသော မြေအောက်ကမ္ဘာ နတ်ဘုရားမိစ္ဆာ၏ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ဧရာမပါးစပ်ကြီးကို ဖွင့်ညပြီး ကြယ်မြစ်ဆီသို့ဦးတည်၍ ဝါးမျိုလိုက်သည်။

ဤသည်မှာ သူ၏ဝှက်ဖဲဖြစ်ပြီး အံ့အားသင့်ဖွယ် စွမ်းအားများဖြင့် မြေအောက်ကမ္ဘာဘိုးဘေးထံသို့ အသနားခံသော မျှော်လင့်ချက်မဲ့သည့် လျှို့ဝှက် နည်းစနစ်တစ်ခုပင်။

"ပိုးစုန်းကြူး အလင်းရောင်က လမင်းရဲ့လင်းလက်မှုနဲ့ ယှဉ်ပြိုင်ရဲတယ်ပေါ့..."

"တကယ်လို့ မြေအောက်ကမ္ဘာဘိုးဘေး ဒီနေရာမှာ ရှိနေရင်တောင် သူက ငါတို့နတ်ဘုရားမျိုးနွယ်စုရဲ့ ခြေထောက်အောက်မှာ နင်းခြေခံရအုံးမှာပဲ..."

ရှင်းချန်ယောင်က ဂရုမစိုက်စွာ ပြုံးလိုက်ပြီး သူ၏ လက်ချောင်းထိပ်များရှိ ကြယ်မြစ်က အနည်းငယ် တုန်ခါသွားသည်။

အခန်း ၂၁၄:သူက ကမ္ဘာအသင်္ချေရဲ့ စည်းလုံးညီညွတ်တဲ့ နှလုံးသားကို ဖျက်ဆီးချင်နေတာပဲ...

ရှင်းချန်ယောင်၏အသံ မပျောက်ကွယ်မီမှာပင် သူ၏ လက်ချောင်းထိပ်များရှိ မရေမတွက်နိုင်သော ကြယ်ငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် တောက်ပသောကြယ်မြစ်က ယခင်ကထက် အဆတစ်သောင်းခန့် ပို​၍ပြင်းထန်စွာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

"ဝီ..."

စကြဝဠာ၏ မူလအစမှ မြစ်ဖျားခံလာသည့်အလား ကျယ်ပြန့်ပြီး သန့်ရှင်းသော ဥပဒေသလှိုင်းဂယက် တစ်ခုက ကြယ်မြစ်၏ နက်ရှိုင်းသောနေရာမှ ပွင့်အံ့ထွက်လာပေ၏။

ထိုအရာမှာ ရိုးရှင်းသော ကြယ်ရောင်အလင်းတန်း မဟုတ်ဘဲ အဆုံးစွန်အထိ စုစည်းထားသော ကြယ် ဥပဒေသ၏ သရုပ်သကန်ထင်ဟပ်မှုပင်။

ကြယ်ငယ်လေးတိုင်းသည် စစ်မှန်သော ကြယ်တစ်စင်း၏ ဥပဒေသ ပုံရိပ်ယောင်တစ်ခုအလား ဖြစ်နေပြီး အမြင့်မြတ်ဆုံးဖိနှိပ်မှုနှင့် သန့်စင်သောစွမ်းအား ပါဝင်သည့် အသေးစား သို့သော် ပြီးပြည့်စုံသော နတ်ဘုရားနယ်ပယ်တစ်ခုကို ဖွဲ့စည်းရန် အချင်းချင်း ပဲ့တင်ထပ်နေသည်။

ဤသည်မှာ ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ တိုက်ရိုက်သွေးမျိုးဆက်များကသာ နိုးထနိုင်သည့် အမြင့်မြတ်ဆုံး ပါရမီများအနက်မှ တစ်ခုဖြစ်ပြီး နယ်ပယ်ဥပဒေသဖြစ်သည့် ကောင်းကင်ဘုံ ကြယ်တာရာနယ်မြေပင်။

ဤအသေးစား ကြယ်တာရာနယ်မြေ၏ ဖုံးလွှမ်းမှု အောက်တွင် ဟင်းလင်းပြင်သည် သာမန်ဟင်းလင်းပြင် မဟုတ်တော့ဘဲ ကြယ်များ၏ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤနယ်မြေအတွင်းတွင် ကြယ်အမျိုးအစား မဟုတ်သော စွမ်းအားများအားလုံးမှာ သဘာဝအလျောက် ဖိနှိပ်မှုနှင့် တွန်းကန်မှုကို ခံရမည်ဖြစ်ပြီး ထိုစွမ်းအားများ၏သက်ရောက်မှုမှာလည်း များစွာလျော့ကျသွားပေလိမ့်မည်။

ထို့ပြင် ကြယ်အမျိုးအစား စွမ်းအားများကမူ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုကို ရရှိပေမည်။

မင်ကျိုးယိုသည် သူ၏သွေးအနှစ်သာရကို လောင်ကျွမ်းပြီး မြေအောက်ကမ္ဘာဘိုးဘေး၏ စွမ်းအားကို ဆင့်ခေါ်ခြင်းဖြင့် စုစည်းထားသော မြေအောက်ကမ္ဘာ နတ်ဘုရားမိစ္ဆာ ပုံရိပ်ယောင်တွင် မူလက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ရပ် ပါရှိသည်။ ဤသည်က သာမန် ဟင်းလင်းပြင်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခုခံတားဆီးရန် လုံလောက်ပေ၏။

သို့ရာတွင် ထိုပုံရိပ်ယောင်သည် ဖြန့်ကျက်ထားသော အသေးစား ကြယ်တာရာနယ်မြေကို ထိတွေ့လိုက်သည့် အချိန်အခိုက်အတန့်တွင်...

"ရှဲ... ရှဲ... ရှဲ... "

ထိုအရာသည် နှင်းပေါ်သို့ ဆီပူများ လောင်းချလိုက်သည့်အလားပင်။ ထိုသို့မဟုတ်ပါက မွန်းတည့်နေရောင်အောက်သို့ ကျရောက်သွားသော အမှောင်ထုအလား ပင်။

မိစ္ဆာနတ်ဘုရားပုံရိပ်ယောင်ကို ဖွဲ့စည်းထားသော အလွန်အမင်း ယင်ဆန်ပြီး အေးစက်သော မြေအောက်ကမ္ဘာ သေခြင်းချီများသည် စကြဝဠာဖန်တီးခြင်း၏ ကြီးမြတ်ပြီး ဖြောင့်မတ်သော အရှိန်အဝါကို သယ်ဆောင်ထားသည့် ကြယ်တာရာနယ်မြေ၏ စွမ်းအားနှင့် အခြေခံအကျဆုံး အဆင့်တွင် တိုက်ခတ်မိသွားသည်။

မိစ္ဆာနတ်ဘုရား ပုံရိပ်ယောင်သည် တိုးညှင်းသော ညည်းတွားသံတစ်သံကို လွှတ်ချလိုက်ပြီး ထိုအရာ၏ ဧရာမခန္ဓာကိုယ်ကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် အရည်ပျော်သွားပေ၏။

အရာအားလုံးကို တိုက်စားနိုင်စွမ်းရှိသော မြေအောက်ကမ္ဘာသေခြင်းချီများသည် အနက်ရောင် မီးခိုးအမျှင်တန်းများအဖြစ် လျှင်မြန်စွာ ပြောင်းလဲသွားပြီး ကြယ် နတ်ဘုရား၏ အလင်းရောင်အောက်တွင် ပျောက်ကွယ်သွားသည်။

"ဒါက... နတ်ဘုရား နယ်ပယ်ပဲ... ဒီနတ်ဘုရားမျိုးနွယ်စုဝင်က တကယ်ကြီး နတ်ဘုရားအရှင်တစ်ပါးရဲ့ လမ်းကြောင်းကို ထိတွေ့နိုင်ခဲ့တာပဲ..."

မင်ကျိုးယို၏မျက်လုံးသူငယ်အိမ်များက အဆုံးစွန်အထိ ကျုံ့ဝင်သွားပြီး သူ၏မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် စစ်မှန်သော ထိတ်လန့်တုန်လှုပ်မှုကို ပြသနေသော်လည်း သူ၏မျက်လုံးများတွင်မူ ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေဆဲပင်။

ရှင်းချန်ယောင်သည် အစွမ်းထက်သော်လည်း သူတို့ နှစ်ဦးလုံးသည် အစစ်အမှန်သူတော်စင် အထွတ်အထိပ်အဆင့်တွင် ရှိနေသဖြင့် ကွာဟချက်က ထိုမျှလောက် ကြီးမားမည်မဟုတ်ဟု သူ မူလက တွေးထင်ခဲ့သည်။

သို့သော် ဤနယ်ပယ်ဥပဒေသ၏ ပြသမှုက သူတို့ နှစ်ဦးကြားရှိ ကွာဟချက်ကို လုံးလုံးလျားလျား အလှမ်းကွာဟသွားစေသည်။

နတ်ဘုရားမျိုးနွယ်စုဝင်များသည် မွေးရာပါ နတ်ဘုရားစိတ်ဝိညာဉ် ပိုင်ရှင်များပင်။ သူတို့၏ကျင့်ကြံခြင်းသည် အဆင့်တစ်ခုသို့ ရောက်ရှိချိန်၌ ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရနှင့် သက်ဆိုင်သော စွမ်းအားတချို့ကို သူတို့ နိုးထလာမည်ဖြစ်ပြီး ဤနယ်ပယ်ဥပဒေသမှာလည်း ထိုအရာများအနက်မှ တစ်ခုပင်။

ဤသည်မှာ ရိုးရှင်းသော ကျင့်ကြံခြင်း ကွာဟချက် မဟုတ်တော့ဘဲ သက်ရှိအဆင့်နှင့် တာအိုနားလည်သဘောပေါက်ခြင်းတို့၏ ခြေမွှဖျက်ဆီးနိုင်သော ကွာခြားချက်တစ်ခုပင်။

ပြိုင်ဘက်၏ ကြယ်မဟာတာအိုအပေါ် နားလည်မှုက ဥပဒေသနယ်ပယ်တစ်ခုကို တည်ဆောက်နိုင်သည့် အဆင့်သို့ ရောက်ရှိနေလေပြီ။

ထို့ပြင် သူ မင်ကျိုးယိုသည် ပြိုင်ဘက်ထက် အားနည်းနေပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤအင်မော်တယ် ရှေးဟောင်း ကမ္ဘာက သူ့ကို အလွန်ပြင်းထန်စွာ ဖိနှိပ်ထားပြီး နတ်ဘုရားမျိုးနွယ်စုဝင်များကဲ့သို့ အင်မော်တယ် ရှေးဟောင်းဥပဒေသကို သူ လျစ်လျူမရှုနိုင်ခဲ့ချေ။

"ဘုန်း..."

မြေအောက်ကမ္ဘာ နတ်ဘုရားမိစ္ဆာ ပုံရိပ်ယောင်သည် အသက်တစ်ရှိုက်စာအချိန်ပင် တောင့်မခံနိုင်ဘဲ တုန်ခါသံတစ်သံနှင့်အတူ ပြိုလဲကျသွားတော့သည်။

မင်ကျိုးယိုသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသည့်အလား ဖြစ်သွားပြီး အနက်ရောင် သွေးတစ်လုတ်ကို ထပ်မံ​​၍ အန်ထုတ်လိုက်ရသည်။ သူ၏အရှိန်အဝါသည် အဆုံးစွန်ဆုံးအဆင့်ထိ ချက်ချင်းညှိုးနွမ်းသွားပြီး သူ လေထဲတွင် မတ်တတ်ရပ်နေသော်လည်း အနည်းငယ် ယိမ်းယိုင်နေပေ၏။

သူ၏လက်ထဲရှိ မြေအောက်ကမ္ဘာအရိုးဆူးသည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲရှိ နာကြည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့သည် နက်ရှိုင်းပြီး အေးစက်သော ခက်ထန်မှုဖြင့် အစားထိုးခံလိုက်ရသည်။

ရှင်းချန်ယောင်နှင့်ယှဉ်လျှင် သူသည် မည်သို့မျှ ပြိုင်ဘက်မဟုတ်ကြောင်း သူ သိထားသည်။

သေသည်အထိ ဆက်လက်တိုက်ခိုက်ခြင်းက သေချာပေါက် ကျဆုံးခြင်းကို ဆိုလိုပေ၏။

ပြိုင်ဘက်သည် ယခင်က သူ့ကို မသတ်ခဲ့ခြင်းမှာ မသတ်နိုင်၍ မဟုတ်ဘဲ တခြားအစီအစဉ်များ ရှိနေသောကြောင့် ဖြစ်နိုင်သည်။

မျှော်လင့်ထားသည့်အတိုင်း ရှင်းချန်ယောင်က မင်ကျိုးယိုကို လုံးဝဖယ်ရှားပစ်နိုင်သော ကြယ်မြစ်ဖြင့် ဖိနှိပ်ရန် အားသာချက်ကို ဆက်မလုပ်ခဲ့ချေ။

သူက ရင်ပြင်၏ထက်ဝက်ခန့်ကို ဖုံးလွှမ်းထားသော အသေးစား ကြယ်တာရာနယ်မြေကိုသာ ထိန်းသိမ်းထားပြီး တောက်ပသော ကြယ်ရောင်က သူ၏ ချောမောသောမျက်နှာကို နတ်ဘုရား တစ်ပါးအလား လင်းထိန်စေခဲ့သည်။

သူက အထက်မှ ငုံ့ကြည့်လိုက်ရာ သူ၏ အကြည့်က အောက်ဘက်ရှိ သေလုမြောပါး ဖြစ်နေသော မင်ကျိုးယိုအပေါ် ဂရုမစိုက်စွာ ကျရောက်သွားသည်။ ထို့နောက် သူ၏အကြည့်သည် ရင်ပြင်၏နံဘေးပတ်လည်ရှိ ထိတ်လန့်တုန်လှုပ်နေသော လူသားမျိုးနွယ်စု ကျင့်ကြံသူအများအပြားအပေါ်သို့ ဖြည်းညှင်းစွာ ဝေ့ဝိုက်သွားလေ၏။

သူ၏နှုတ်ခမ်းထောင့်များက ကျီစယ်နောက်ပြောင်လိုပြီး အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

"မင်ကျိုးယို ... ဒီအရှင်က မင်းကို အသက်ရှင်ဖို့ လမ်း တစ်ခု ပေးမယ်..."

ရှင်းချန်ယောင်၏အသံသည် ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းနေဆဲ ဖြစ်သော်လည်း ရိုးတွင်းခြင်ဆီအထိ အေးခဲသွားစေသော အေးစက်မှု တစ်ခုကို သယ်ဆောင်လာပြီး သူက ပြောလိုက်သည်။

"မင်းကို တိုက်ရိုက်သတ်ရတာက လွယ်ကူပေမဲ့ ဒီအမဲလိုက်ပွဲရဲ့ အရှိန်က တကယ့်ကို နှေးကွေးလွန်းတယ်... ပြီးတော့ ဒီအရှင်မှာ အချိန်အကန့်အသတ် ရှိတယ်..."

သူက အချိန်တခဏကြာခန့် ရပ်တန့်လိုက်ပြီး သူ၏ အကြည့်က ထိတွေ့နိုင်သော ကြယ်ရောင်ဓားတစ်လက်အလား မင်ကျိုးယိုဆီသို့ ထိုးဖောက်ဝင်ရောက်သွားကာ ပြောလိုက်၏။

"တကယ်လို့ မင်းသာ အခုချိန်မှာ လှုပ်ရှားပြီး ဒီမြို့ထဲမှာ ရှိနေတဲ့ လူသားမျိုးနွယ်စု ပုရွက်ဆိတ်တွေအားလုံးကို သတ်ပစ်မယ်ဆိုရင်... သူတို့အားလုံးကို သတ်ပစ်လိုက်..."

"တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနဲ့..."

"ဒါဆိုရင် ဒီနတ်ဘုရားအရှင်က မင်းကို ထွက်သွားခွင့် ပေးမယ်..."

ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ထိုစကားများမှာ နှစ်တစ်သောင်းသက်တမ်းရှိ ရေခဲတောင်ကြီး ပြိုကျသည့်အလား ရွှီကူမြို့ရင်ပြင်တစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။

"ဘာ... ဘာ..."

"သူ... သူက မြေအောက်ကမ္ဘာ သားတော်ကို ငါတို့ကို သတ်ခိုင်းနေတာလား..."

"သောက်ကျိုးနည်း... သူက ကမ္ဘာအသင်္ချေရဲ့ စည်းလုံးညီညွတ်တဲ့ နှလုံးသားကို ဖျက်ဆီးချင်နေတာပဲ..."

"မြေအောက်ကမ္ဘာသားတော် ... မြေအောက်ကမ္ဘာ သားတော်သခင်က ဒါကို သဘောတူမှာ မဟုတ်ဘူး..."

"ပြောရခက်တယ်... ကမ္ဘာအသင်္ချေမှာ မြေအောက်ကမ္ဘာသားတော်ရဲ့ နာမည်ဆိုးကို ဘယ်သူက မသိလို့လဲ..."

"ဒါပေမဲ့ သူက ငါတို့ ကမ္ဘာအသင်္ချေရဲ့ လူငယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ထဲက တစ်ယောက်လေ..."

"ဟုတ်တယ်... ဟုတ်တယ်... အတွင်းရေးပဋိပက္ခက တစ်ပိုင်းပဲ... ဒါပေမဲ့ နတ်ဘုရား မျိုးနွယ်စုကို ရင်ဆိုင်ရတဲ့အချိန်မှာ ငါတို့... ငါတို့က စည်းလုံးတယ်..."

မရေမတွက်နိုင်သော လူသားမျိုးနွယ်စု ကျင့်ကြံသူ များ၏မျက်နှာများ ဖြူရော်သွားပြီး အဆုံးစွန်ဆုံးအထိ ထိတ်လန့်သွားသည်။ လူတချို့က အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။ လူတချို့က တစ်ကိုယ်လုံး တုန်ယင်နေကြပြီး လူအများအပြားက မိုးကောင်းကင်ယံရှိ ယိမ်းယိုင်နေသော အနက်ရောင်ပုံရိပ်ဆီသို့ မျှော်လင့်ချက်မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကြသည်။

မင်ကျိုးယိုသည်လည်း ကြောင်အမ်းသွားသည်။

ရှင်းချန်ယောင်က ဤကဲ့သို့ အခြေအနေမျိုးကို တောင်းဆိုလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

မြေအောက်ကမ္ဘာ၏ မြေအောက်ကမ္ဘာ သားတော်ဖြစ်ကာ လူငယ်အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရှိသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်သည့် သူ့ကို လူသားမျိုးနွယ်ဝင်များအား သွားရောက်၍ သတ်ဖြတ်ခိုင်းခြင်း ဖြစ်သလော...

အမှန်အတိုင်း ပြောရလျှင် ဤပုရွက်ဆိတ်များကို သူ ဘယ်တုန်းကမှ အထင်မကြီးခဲ့သော်လည်း...

ဤလူများကို သူ သတ်ခဲ့လျှင်ပင် ထိုအရာက သူ့အတွက် မည်သို့မျှ အဓိပ္ပာယ် မရှိချေ။ သူ၏လက်ပေါ်ရှိ သွေးများက ဤပမာဏထက် များစွာပို၍ သာလွန်လေ၏။

ထို့ပြင် သူ့​၏မျိုးနွယ်ကို ကာကွယ်ရန် သူ့ထံ၌ရည်ရွယ်ချက် လုံးဝမရှိကြောင်း ရှင်းချန်ယောင် က သိရှိထားပေမည်။ သို့သော် သူသည် မည်သည်ကြောင့် ဤသို့ ပြောဆိုရသနည်း။

မင်ကျိုးယိုက အကြောင်းရင်းကို ချက်ချင်းခန့်မှန်းမိလိုက်သည်။ ဤကိစ္စကို အသုံးပြု၍ ရှင်းချန်ယောင်သည် ကမ္ဘာအသင်္ချေတွင် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးလိုခြင်းပင်။ ယခုအချိန်တွင် ထိုအရာက အသုံးမဝင်နိုင်သော်လည်း တစ်ချိန်ချိန်တွင် ထိုအရာက မီးရှို့စရာ စနက်တံတစ်ခု ဖြစ်လာနိုင်သည်။

သို့သော် ဤကိစ္စက သူ မင်ကျိုးယိုနှင့် ဘာဆိုင်သနည်း...

သူသည် လောကကြီး၏ သစ္စာဖောက်ခြင်းကို ခံရမည့်အစား လောကကြီးကို သစ္စာဖောက်မည့်သူတစ်ယောက်ပင်။ သို့ရာတွင် သူ ဤသို့ပြုလုပ်လျှင်ပင် ပြိုင်ဘက်က သူ့ကို သတ်ဖြတ်အုံးမည်ဆိုသ​​ည်ကို သူ ရှင်းရှင်းလင်းလင်း သိထားသည်။ အကြောင်းအရင်းမှာ တစ်နည်းအားဖြင့် သူသည် နတ်ဘုရား မျိုးနွယ်စု အကြောင်းကို အလွန်ကောင်းစွာ သိနေသောကြောင့်ဖြစ်သည်။ ထိုအရာသည် သူတို့ လုပ်ဆောင်သည့် ပုံစံ အတိအကျပင်။

"ဟား ဟား ဟား..."

မင်ကျိုးယိုသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း အက်ရှပြီး အထင်သေးသည့် ရိုင်းစိုင်းသော ရယ်မောသံတစ်ခုကို ထုတ်လွှတ်ပြီး ချက်ချင်းပြောလိုက်သည်။

"ရှင်းချန်ယောင်... ဒီအရှင်ကို ဘယ်သူလို့ ထင်နေတာလဲ... ဒီအရှင်ကို ဘယ်သူကမှ အမိန့်ပေးလို့ မရဘူး..."

မင်ကျိုးယိုက သူ၏ကုန်းနေသော ကျောပြင်ကို မတ်လိုက်လေ၏။ သူ​၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးများဖြင့် ဖုံးလွှမ်းနေပြီး ညှိုးနွမ်းနေသော အရှိန်အဝါ ရှိသော်လည်း ရှေးဟောင်းမှော်စာလုံးများက သူ၏ ကျဉ်းမြောင်းသော မျက်လုံးများတွင် လည်ပတ်နေပြီး သူ၏နှလုံးသားထဲတွင် ဒေါသတချို့ကို ခံစားလိုက်ရသည်။

သောက်ကျိုးနည်း... ငါ့ကို အလေးအနက်ထားဖို့ ဖိအားပေးနေတယ်...

ကောင်းပြီလေ... ကောင်းကင်တက်လှမ်းခြင်း လှေကားရဲ့ လမ်းကြောင်းက ရှည်သေးတယ်... ပြီးတော့ ဒီမှာ အချိန်နည်းနည်းလောက် သုံးရတာက နာကျင်စရာ မဟုတ်ပါဘူး...

ဤစကားကို ကြားသောအခါ ရှင်းချန်ယောင်က ရယ်စရာပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား မင်ကျိုးယိုကို စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်သည်။

"အို... ဒါက မင်းရဲ့ ပုံစံနဲ့ မတူဘူး... ဒါမှမဟုတ် မင်းက ထွက်သွားနိုင်မယ်လို့ ထင်နေတာလား..."

နောက်တစ်စက္ကန့်တွင်...

ရှေးဟောင်းအသံတစ်သံက မင်ကျိုးယို၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

"မင်းက ငါ့ကို အရမ်းကောင်းကောင်း သိတယ်လို့ ထင်နေတာလား..."

ဤအချိန်အခိုက်အတန့်တွင် မင်ကျိုးယိုက ဟင်းလင်းပြင်ကို နင်းလိုက်ရာ သူ၏အရှိန်အဝါ ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရှေးဟောင်းဆန်မှု အရိပ်အယောင်တစ်ရပ်ကို ပြသနေပေ၏။ မြေအောက်ကမ္ဘာ မှော်စာလုံးများက သူ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သူ၏အနက်ရောင်ဝတ်စုံက လေထဲတွင် လူးလွန့်နေသည်။

ရင်ပြင်ပေါ်ရှိ လူသားမျိုးနွယ်စု ကျင့်ကြံသူ အများအပြားသည် ဤစကားကို ကြားသောအခါ အစပိုင်းတွင် ကြောင်အမ်းသွားကြပြီးနောက် သူတို့၏ မျက်လုံးများတွင် ပြင်းထန်သော တောက်ပမှုတစ်ခု ပေါက်ကွဲထွက်လာသည်​။ မူလက မင်ကျိုးယိုအပေါ် အထင်အမြင် မကောင်းခဲ့သော၊ သူ၏ ရက်စက်သည့် ပုံစံကို မနှစ်သက်သော ကျင့်ကြံသူတချို့မှာ ဤအချိန်အခိုက်အတန့်တွင် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

"မြေအောက်ကမ္ဘာ သားတော် ... မြေအောက်ကမ္ဘာ သားတော်သခင်..."

All Chapters