← Chapters

အခန်း (၁၀၃၅-၁၀၅၆)

Vol. 100 Ch. 1035-1036

အခန်း (၁၀၃၅-၁၀၅၆)

Vol. 100 Ch. 1035-1036

​အခန်း ၁၀၃၅ မတရားမှု

"ဒါဟာ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ရမယ့် စစ်တလင်းပဲ။ စည်းကမ်းတွေကတော့ သိပ်ကို ရှင်းပါတယ်။ ဒီနေရာတစ်ခုလုံးက နက်ရှိုင်းတဲ့ ရေတွေနဲ့ ပြည့်နေတယ်။ ဒီထဲမှာ မင်းတို့ ရပ်ဖို့အတွက် ကုန်းပတ်ငယ် သုံးခုပဲ ရှိမယ်။ တစ်ခုချင်းစီဟာ လူတစ်ယောက်စာ ရပ်ဖို့ပဲ အကျယ်အဝန်း ရှိတယ်"

​ဗိုလ်ချုပ်ဝူကီသည် စစ်တလင်းကို ပြင်ဆင်ပြီးနောက် ချန်းယုနှင့် မုန့်ချန်းတို့အား စည်းကမ်းချက်များအား ရှင်းပြလေသည်။

​"စည်းကမ်းအရ မင်းတို့ ပျံသန်းခွင့် မရှိဘူး။ ပြီးတော့ ရေကိုလည်း ထိတွေ့လို့ မရဘူး။ တကယ်လို့ မင်းတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုက ရေကို ထိသွားတာနဲ့ ရှုံးနိမ့်တယ်လို့ သတ်မှတ်မယ်။ ဒါပေမဲ့ ရန်သူက ရေကို တိုက်ခိုက်လို့ ထွက်လာတဲ့ ရေစင်တွေ ထိတာကိုတော့ ရှုံးနိမ့်တယ်လို့ မယူဆဘူး။ မင်းတို့ဟာ ကိုယ့်နေရာကိုယ်ယူပြီး တစ်ယောက်ယောက် ရှုံးနိမ့်သွားတဲ့အထိ၊ ဒါမှမဟုတ် ရေထဲကျသွားတဲ့အထိ၊ ဒါမှမဟုတ် အသက်ပျောက်သွားတဲ့အထိ၊ အရှုံးပေးတဲ့အထိ အပြန်အလှန် တိုက်ခိုက်နိုင်တယ်"

​"ငါ ထပ်ပြီး သတိပေးမယ်။ ပျံသန်းခွင့် မရှိဘူး။ ပျံသန်းရင် ပြိုင်ပွဲကနေ ထုတ်ပယ်မယ်။ ဒါကလွဲရင် ကျန်တဲ့ တိုက်ခိုက်မှုတွေကို ကြိုက်သလို အသုံးပြုနိုင်တယ်။ ဒါပါပဲ။ သုံးအထိ ရေတွက်ပြီးရင် တိုက်ပွဲစမယ်။ ပြင်ဆင်ထားကြ" ဗိုလ်ချုပ်သည် ထိုသို့ပြောပြီးနောက် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ သူသည် အထက်စီးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်မည် ဖြစ်၏။

​"နေပါဦး၊ ဒါ ဘာလို အဓိပ္ပာယ်မရှိတဲ့ စည်းကမ်းတွေလဲ၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အနီးကပ်တိုက်ခိုက်ရေးက အသာစီးရနေမှန်း ခင်ဗျား သိသားနဲ့။ ဒါကို သိလျက်နဲ့ ခင်ဗျားတို့ ကိုယ်စားလှယ် နိုင်အောင်လို့ ဒီလို ညံ့ဖျင်းတဲ့ စည်းကမ်းကို ထုတ်လိုက်တာလား။ ခင်ဗျားတို့ ဒါကို ဒီလိုပဲ ကိုင်တွယ်တာလား။ ခင်ဗျားတို့ဟာ လူလိမ်တွေပဲ"

​မုန့်ချန်းသည် စည်းကမ်းချက်များကို နားလည်ရန် မိနစ်အနည်းငယ် အချိန်ယူလိုက်ရပြီးနောက် သူ နားလည်သွားချိန်တွင် ဒေါသတကြီး အော်ဟစ်တော့သည်။ ဤအရာမှာ ပြက်လုံးတစ်ခုကဲ့သို့ပင်။ သူ၏ အားသာချက် အားလုံးကို ရိုက်ချိုးလိုက်သကဲ့သို့ ခံစားနေရ၏။ ၎င်းမှာ ဗြောင်ကျကျ လိမ်လည်ခြင်းပင် ဖြစ်သည်ဟု သူ ထင်မြင်မိလေသည်။

​သူ၏ ကန့်ကွက်သံကို ကြားရသောအခါ ဤကမ္ဘာရှိ ဧကရာဇ်အားလုံးမှာ ရယ်မောကုန်ကြတော့သည်။ သူတို့သည် မုန့်ချန်း၏ ဖခင်ကို ကြည့်လိုက်ကြရာ ဖခင်ဖြစ်သူမှာမူ အရှက်ရလွန်းသဖြင့် ခေါင်းငုံ့ထားရရှာ၏။

​"ငါ့ရဲ့ အရူးသားလေးပါလား။ ဘယ်အချိန်မှာ ပါးစပ်ပိတ်ထားရမလဲဆိုတာ သူ ဘယ်တော့မှ သင်ယူမှာ မဟုတ်ဘူး" သူက တိုးတိတ်စွာ ကျိန်ဆဲမိလေသည်။

​"မုန့်ချန်း၊ မင်း ပါးစပ်ပိတ်ထားစမ်း။ ငါ့ကို ထပ်ပြီး အရှက်မခွဲနဲ့တော့" သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

​"ဒါပေမဲ့ ခမည်းတော်... သူတို့က မတရားလုပ်နေတာလေ" မုန့်ချန်းက သူ၏ဖခင်မှာ အခြေအနေကို နားမလည်သေးဟု ထင်မှတ်ကာ ပြန်ပြောလေသည်။

​"ကောင်လေး... ငါ အစက ပြောခဲ့သလိုပဲ၊ ဒီအကြောင်းအရာတွေနဲ့ စည်းကမ်းတွေကို ပါဝင်တဲ့ ဧကရာဇ်အားလုံးက လွန်ခဲ့တဲ့ အချိန်ကတည်းက ဆုံးဖြတ်ခဲ့တာ။ မင်း ဒီတိုက်ပွဲမှာ ပါဝင်ဖို့ သေတ္တာကို မရွေးချယ်ခင်ကတည်းက အတည်ပြုခဲ့တာ။ ဒါကြောင့် ဒါဟာ မတရားမှု မဟုတ်ဘူး။ မင်းနေရာမှာ တခြားသူ ရှိနေရင်တောင် ဒီစည်းကမ်းတွေက အတူတူပဲ ဖြစ်မှာပါ" ဗိုလ်ချုပ်ဝူကီက မုန့်ချန်းကို ရှင်းပြလိုက်သည်။

​ဧကရာဇ်တုမှာမူ ဤအခြေအနေကြီးကို ကြည့်ကာ ရယ်မော၍ မဆုံးနိုင်အောင် ဖြစ်နေ၏။

​"လူငယ်လေး... စိတ်ဝင်စားစရာ အချက်တစ်ခု သိချင်လား" သူက သူ့ကို စိုက်ကြည့်နေသော မုန့်ချန်းကို မေးလိုက်သည်။

​"ပထမဆုံး တိုက်ပွဲအတွက် ဒီအကြောင်းအရာနဲ့ စည်းကမ်းတွေကို အကြံပေးခဲ့တာက မင်းရဲ့ အဖေ ကိုယ်တိုင်ပဲဟေ့။ ဟားဟားဟား... မင်းက ငါတို့ကို နိုင်စေချင်လို့ မင်းအဖေက မတရားလုပ်တယ်လို့ စွပ်စွဲနေတာလား။ ဒါဟာ တကယ်ကို ရယ်စရာကောင်းလိုက်တာ။ တကယ်ပါပဲ" သူသည် ရယ်မောသံများကြားမှပင် ဆက်လက်ဖြေကြားနေလေသည်။

​"ဒီကောင်ကတော့ တကယ်ကို အရူးပဲ" လုံချန်းပင်လျှင် မုန့်ချန်းတစ်ယောက် သူ၏ဖခင်ကို မည်မျှ အရှက်ရစေနေသည်အား နားလည်လိုက်မိသည်။

​သူသည် ဤမျှ များပြားလှသော လူအုပ်ကြီးရှေ့တွင် သူတို့ကမ္ဘာ၏ ပထမဆုံးသော ကိုယ်စားလှယ် ဖြစ်နေ၏။ လူတို့ ပြောလေ့ရှိကြသကဲ့သို့ ပထမဆုံး အထင်အမြင်သည် နောက်ဆုံးအထိ ကျန်ရစ်တတ်သည်။ မုန့်ချန်း၏ ပထမဆုံး ပုံရိပ်မှာမူ သူ မည်သညါများ ပြောနေမှန်းကိုပင် မသိသော ငိုကြွေးတတ်သည့် လူရယ်စရာကြီး ဖြစ်နေတော့သည်။

​ထောင်ပေါင်းများစွာသော ပရိသတ်များသည်လည်း ဧကရာဇ်တု၏ ရှင်းပြချက်ကို ကြားရပြီးနောက် မုန့်ချန်း၏ အသိဉာဏ်ကင်းမဲ့မှုကို ကြည့်ကာ ဝိုင်းဝန်းရယ်မောကြလေသည်။ ထိုလူမှာ မိမိ၏ ဖခင်ကိုပင် မတရားလုပ်သည်ဟု စွပ်စွဲနေသေး၏။ တကယ့် အရူးပင်။

​"ဒါ... ဒါက..."

​ရှင်းပြချက်ကို ကြားရသောအခါ မုန့်ချန်းသည် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ သူသည် သူ၏ မှားယွင်းမှုအတွက် အရှက်ရစွာ ခေါင်းငုံ့ထားရုံသာ တတ်နိုင်လေတော့သည်။

​"အချိန်ဖြုန်းနေတာ တော်လောက်ပြီ။ တိုက်ပွဲစဖို့ အချိန်ရောက်ပြီ။ ငါ သုံးအထိ ရေတွက်မယ်၊ အဲဒီနောက်မှာ တိုက်ပွဲကို တရားဝင် စတင်မယ်" ဗိုလ်ချုပ်ဝူကီက သက်ပြင်းချရင်း ဆိုလိုက်၏။

​"တစ်... နှစ်... သုံး... စတင်ကြ"

​"ဒီပတ်ဝန်းကျင်မှာ ငါ အသာစီးမရရင်လည်း ဘာဖြစ်လဲ။ မင်းကို ငါ အမှုန့်ကြိတ်ပြမယ်"

​မုန့်ချန်းသည် လတ်တလော ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် မိမိ၏ အသိဉာဏ်ကင်းမဲ့မှုကြောင့် အရှက်ရနေ၏။ သူ၏ အရှက်ရမှုမှာ မကြာခင်မှာပင် နာကျည်းမှုသို့ ပြောင်းလဲသွားပြီး ထိုမှတစ်ဆင့် ဒေါသအဖြစ်သို့ ကူးပြောင်းသွားတော့သည်။

​သူသည် သူ၏ အရှက်ရမှုများကို အပြတ်အသတ် အောင်ပွဲဖြင့် ဆေးကြောချင်နေ၏။ သူသည် အနီးကပ်တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော်လည်း အဝေးပစ် စွမ်းရည်များလည်း ရှိနေသဖြင့် အနိုင်ရနိုင်မည်ဟု ယုံကြည်ထားလေသည်။

​"သေစမ်း"

​မုန့်ချန်းသည် လက်ဝါးချင်း တစ်ချက် ရိုက်လိုက်ရာ ရန်သူကို ဝေဝေဝါးဝါး ဖြစ်သွားစေနိုင်သော အစွမ်းထက်သည့် အသံလှိုင်းတစ်လှိုင်း ထွက်ပေါ်လာလေသည်။

​ရန်သူသည် ဤလှိုင်းနှင့် ထိတွေ့မိသရွေ့ မိနစ်အနည်းငယ်ခန့် အသိစိတ် လွတ်သွားတတ်ပြီး ထိုအချိန်မှာပင် သူ အနိုင်ယူရန် လုံလောက်သည်ဟု သူ ယုံကြည်ထား၏။

​သို့သော် ကံမကောင်းစွာဖြင့် ၎င်းမှာ သူမအပေါ် သက်ရောက်မှု မရှိခဲ့ချေ။

​ချန်းယုသည် သူမ၏ ညာဘက်ခြေကျင်းဝတ်ဖြင့် ကုန်းပတ်ကို အသာအယာ ပုတ်လိုက်ရာ ရေကန်ထဲမှ ရေလှိုင်းတစ်လှိုင်းမှာ ကောင်းကင်သို့ မြင့်တက်လာပြီး သူမအား ကာကွယ်ရန်အတွက် ရေတံတိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာလေသည်။ ၎င်းက သူမအား ထိုအသံလှိုင်းဒဏ်မှ ကာကွယ်ပေးလိုက်၏။

​"ဒါ... ဒါကို ငါ မသိခဲ့ဘူးပဲ" လုံချန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ဝင်တစား ပြုံးလိုက်မိသည်။ သူမသည် မည်သည့် ပညာရပ်ကိုမျှ အသုံးမပြုခဲ့သည်အား သူ မြင်နိုင်၏။

​ထိုအစား သူမ အသုံးပြုလိုက်သည်မှာ ရေနိယာမသာ ဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။

​"ငါ ထင်တာသာ မှန်မယ်ဆိုရင်တော့၊ အနည်းဆုံး ဒီစစ်တလင်းမှာ သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ ရေနတ်သမီးတစ်ပါးပဲ၊ ဒါဟာ သူ့ရဲ့ အိမ်ကွင်းပဲလေ။ မုန့်ချန်းကတော့ ခက်ခဲတဲ့ တိုက်ပွဲကို ရင်ဆိုင်ရတော့မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ အခုတော့ ဒါဟာ အချည်းနှီး အားထုတ်မှုသက်သက်ပဲ ဖြစ်သွားပြီ"

​"ဘာ... ရေနိယာမ ဟုတ်လား။ နင်က တကယ့် ကျင့်ကြံသူ တစ်ယောက်ရော ဟုတ်ရဲ့လား။ ယောက်ျား တစ်ယောက်လို ရိုးရိုးသားသား တိုက်မယ့်အစား ဒီနေရာမှာ အသာစီးရမယ့် နိယာမကို အသုံးပြုနေတယ်ပေါ့လေ။ နင့်မှာ အရှက်မရှိဘူးလား" မုန့်ချန်းက ဒေါသတကြီး အော်ဟစ်တော့သည်။

​သူသည် စည်းကမ်းချက်များကြောင့် အားနည်းချက် ဖြစ်နေရသည့်ကြားထဲ ယခုလည်း ဤသို့ ထပ်ဖြစ်နေပြန်သည်။ ယနေ့တွင် အရာအားလုံးက သူ့ကို အဘယ်ကြောင့် ဆန့်ကျင်နေရသနည်း။ နတ်ဘုရားများက သူ့ကို ကစားနေသည်လော။ သို့မဟုတ် ရှုံးနိမ့်ဖို့က သူ၏ ကံကြမ္မာသည်လော။

​သူမ၏ ရေနိယာမကို မြင်လိုက်ရသောအခါ သူ လုံးဝ မနိုင်နိုင်တော့မှန်း သူ သိလိုက်သည်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူမအား ရေနိယာမကို မသုံးတော့အောင် စိန်ခေါ်ရန်သာ ဖြစ်ပြီး သူက ထိုသို့ပင် ကြိုးစားလိုက်လေသည်။

​"ငါတို့ နှစ်ယောက် သဘောတူညီချက်တစ်ခု လုပ်ရင်ရော ဘယ်လိုလဲ။ ဒါဟာ အရေးကြီးတဲ့ တိုက်ပွဲမို့လို့ မျှမျှတတ ယှဉ်ပြိုင်ကြစို့။ ငါလည်း ငါ့ရဲ့ နိယာမကို မသုံးဘူး၊ နင်လည်း နင့်ရဲ့ နိယာမကို မသုံးနဲ့။ နင် ဘယ်လို ထင်လဲ" မုန့်ချန်းက မေးလိုက်၏။

​သူ၏ စကားကို ကြားသောအခါ ချန်းယုသည် ပွဲကြည့်စင်ပေါ်ရှိ လုံချန်းကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ သူမသည် လုံချန်းနှင့် တိုက်ခိုက်ခဲ့စဉ်က အခြေအနေကို ပြန်လည်အမှတ်ရမိသည်။ သူသည်လည်း အနိုင်ရရန်အတွက် သူ၏ နိယာမကို အသုံးပြုခဲ့သည် မဟုတ်လော။

​"ငါ့ရဲ့ နိယာမဆိုတာ ငါ့ခွန်အားရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အသက်နဲ့ရင်းရတဲ့ တိုက်ပွဲမှာ ပြိုင်ဘက်ကို သူ့ရဲ့ စွမ်းရည်တွေကို မသုံးပါနဲ့လို့ တောင်းဆိုလို့ မရဘူး။ မျှတတဲ့ တိုက်ပွဲဆိုတာ နှစ်ဖက်စလုံးက ကိုယ့်မှာရှိတဲ့ အစွမ်းအားလုံးကို ထုတ်သုံးတာကို ခေါ်တာပဲ" သူမသည် မုန့်ချန်းကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

​"သူငယ်ချင်း တစ်ယောက်က ငါ့ကို ဒီအကြောင်း သင်ပေးခဲ့တာ။ အခုတော့ အဲဒီသင်ခန်းစာကို နင်ပါ သိအောင် ငါ သင်ပေးမယ်" သူမသည် လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရာ သူမ၏ ပတ်လည်တွင် ကြီးမားလှသော ရေလှိုင်းကြီးတစ်လှိုင်းမှာ မြင့်တက်လာပြီး သူမအား ပိုမို၍ ကျက်သရေရှိကာ ထည်ဝါစေတော့သည်။

​အခန်း ၁၀၃၆ အရှက်ရခြင်း

"စောစောက သူ နင့်ဘက်ကို လှည့်ကြည့်သွားတာလား"

​ကျိချင်းက သံသယစိတ်ဖြင့် လုံချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

​"ဖြစ်နိုင်တာပဲ" လုံချန်းက ပျင်းရိစွာ ပြန်ဖြေ၏။ "ငါ ပြောပြီးပြီပဲ၊ ငါ သူနဲ့ တိုက်ခိုက်ဖူးတယ်လို့။ သူ ငါ့ကို အကြိမ် နည်းနည်းလောက် မြင်ဖူးထားတာပဲလေ။ အခုလည်း ငါက ရုပ်ဖျက်ထားတာမှ မဟုတ်တာ၊ သူ ငါ့ကို မှတ်မိသွားတာ မထူးဆန်းပါဘူး"

​"သူ နင့်အကြောင်းကို ဖွင့်ပြောလိမ့်မယ်လို့ ထင်လား။ နင်က ဖေကျန်ကို သတ်ခဲ့တဲ့သူပဲလေ" ကျိချင်းက မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီး မေးပြန်သည်။

​"ပြောတော့ရော ဘာဖြစ်လဲ၊ သူတို့ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ" လုံချန်း၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ယှက်ပြေးသွားသည်။ "သူတို့ကို ဂရုစိုက်နေဖို့ မလိုပါဘူး။ တကယ်လို့ သူတို့က သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ကိုယ်တိုင် မြင်ချင်တယ်ဆိုရင်လည်း ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံပေးရုံပေါ့"

​သူသည် အမှန်တကယ်ပင် ပင်ပန်းနေသဖြင့် ဂရုမစိုက်နိုင်တော့ခြင်းလား သို့မဟုတ် လုံးဝ အရေးမစိုက်သည်လား ဆိုသည်မှာ မသေချာသော်လည်း ကျိချင်းကမူ သူ၏ စကားကို ယုံကြည်၏။ သူက အန္တရာယ်မရှိဟု ဆိုလျှင် အမှန်တကယ်ပင် ဘေးကင်းမည်ဟု သူမ ခံစားရလေသည်။

​ရေပြင်ကြီး ဖုံးလွှမ်းနေသော စစ်တလင်းအတွင်း၌မူ ချန်းယုသည် သူမ၏ နိယာမကို အကျိုးရှိရှိ စတင်အသုံးပြုနေပြီ ဖြစ်သည်။ ဤနေရာမှာ သူမအတွက် အသာစီးရသော နယ်မြေဖြစ်သဖြင့် သူမ အချိန်ဆွဲမနေချေ။ အောင်ပွဲဟူသည် အောင်ပွဲသာ ဖြစ်၏။

​အကယ်၍ သူမအနေဖြင့် အစွမ်းကုန် တိုက်ခိုက်ချင်သည်ဆိုလျှင်ပင် သူမနှင့် ယှဉ်နိုင်သော တုလျန် သို့မဟုတ် လုံချန်းနှင့်သာ တိုက်ခိုက်လိုပေလိမ့်မည်။ သူမ၏ အစွမ်းကုန်ကို ထုတ်သုံးရန် မထိုက်တန်သော မုန့်ချန်းကဲ့သို့ လူစားမျိုးအား သူမ အဘယ်ကြောင့် အရေးစိုက်နေမည်နည်း။

​သူမ၏ အမိန့်ပေးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ ရေထုကြီးမှာ ဟင်းလင်းပြင်သို့ ဧရာမ ရေလှိုင်းကြီးများအဖြစ် မြင့်တက်လာတော့သည်။

​"နေဦး... နားထောင်ပါဦး..." မုန့်ချန်းမှာမူ ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေရင်း စကားဖြင့် ထပ်မံ ဖျောင်းဖျရန် ကြိုးစားနေဆဲ ဖြစ်သည်။ သူ၏ အဝေး တိုက်ခိုက်မှုများမှာ ဤရေတံတိုင်းကြီးကို ကျော်ဖြတ်ရန် မစွမ်းသာချေ။ သူ ရှုံးနိမ့်တော့မည်မှာ ထင်ရှားနေပြီ ဖြစ်၏။

​"သွားပြီး နင့်အဖေကိုပဲ ပြောပြလိုက်တော့" ချန်းယုက သူမ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

​ကောင်းကင်သို့ မြင့်တက်နေသော ရေလှိုင်းကြီးသည် မုန့်ချန်းထံသို့ ဆူနာမီလှိုင်းကြီး တစ်လှိုင်းကဲ့သို့ အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ မုန့်ချန်းမှာမူ တစ်ဖက်မှ ရှင်းပြရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း ဤအခိုက်အတန့်၌ သူ သိလိုက်ရသည်မှာ... သူ သွားပြီဟူ၍သာ။

​ဧကရာဇ်မုန့် မှာမူ သူ့သား ကစားစရာ ဖြစ်နေသည်ကို မြင်ရသောအခါ စိတ်ပျက်လွန်းသဖြင့် မိမိမျက်နှာအား လက်နှင့် အုပ်ထားမိတော့သည်။ ဝမ်းနည်းစရာပင်။ တိုက်ပွဲစတင်ပြီး တစ်မိနစ်အတွင်းမှာပင် သူ့သားမှာ ပြိုင်ပွဲမှ ဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်၏။

​အဆိုးဆုံးမှာ ထိုတစ်မိနစ်အတွင်း သူ့သားသည် ဖခင်ဖြစ်သူကို စော်ကားခဲ့သည်။ ပွဲစီစဉ်သူကို အပြစ်တင်ခဲ့သည်။ ထို့ပြင် ပြိုင်ဘက်ကို အလျှော့ပေးရန် တောင်းပန်ခဲ့သေးသည်။

​ဧကရာဇ်သည် အရှက်ရလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏။ ယင်းက ကပ်ဘေးတစ်ခုပင်။ သူ့သား ရှုံးနိမ့်သွားသည့်အတွက် ဝမ်းနည်းရမည်လား သို့မဟုတ် သူ့ကို ထပ်ပြီး အရှက်မခွဲနိုင်တော့အောင် စင်ပေါ်မှ ဆင်းသွားသည့်အတွက် ဝမ်းမြောက်ရမည်လား သူ မဝေခွဲနိုင်တော့ချေ။

​ဧရာမ ရေလှိုင်းကြီး ပြေးဝင်လာသည်ကို မြင်ရသောအခါ မုန့်ချန်းသည် မည်သည့် တိုက်ခိုက်မှုကမျှ သူ့အား မကယ်တင်နိုင်တော့မှန်း သိလိုက်သည်။ ကာကွယ်ရေး စွမ်းရည်က တိုက်ခိုက်မှုကို ဟန့်တားနိုင်သော်လည်း လှိုင်းလုံး၏ ပက်ခတ်မှုကြောင့် ရေထဲကျသွားခြင်းမှတော့ မတားဆီးနိုင်ချေ။

​သူသည် မည်သည်ကိုမျှ မစဉ်းစားတော့ဘဲ ရေလှိုင်းကို ရှောင်ကွင်းရန်အတွက် အသိစိတ်မဲ့စွာ ကောင်းကင်သို့ ပျံတက်လိုက်လေသည်။ ရေလှိုင်းကြီးမှာ သူ၏ အောက်ခြေမှ ဖြတ်ကျော်သွားပြီး သူ့အမြင့်ကြောင့် မထိမှန်ခဲ့ချေ။ ရေလှိုင်းများ ငြိမ်သက်သွားပြီး ကုန်းပတ်ငယ် ပြန်ပေါ်လာသောအခါ မုန့်ချန်း ပြန်လည် ဆင်းသက်လိုက်၏။

​"ဒီမိန်းမယုတ်၊ နင်ကတော့ အရှက်မရှိဘူးပဲ။ နင်က မျှမျှတတ မတိုက်ဘဲ လှည့်ကွက်တွေ သုံးနေတာလား" မုန့်ချန်းက အော်ဟစ် ဆဲဆိုတော့သည်။

​ချန်းယုကမူ သူ့ကို ကြည့်ပင်မကြည့်ဘဲ ဗိုလ်ချုပ်ဝူကီထံသို့ အကြည့်ကို လွှဲလိုက်၏။

​"အခု ကျွန်မ နိုင်ပြီလား" သူမက မေးလိုက်သည်။

​"ဟုတ်ပြီ... မင်း ပြန်သွားလို့ ရပြီ" ဗိုလ်ချုပ်ဝူကီက ခေါင်းညိတ်ပြသည်။

​ထိုစကားကို ကြားသောအခါ ချန်းယုသည် သူမ၏ ဖခင်ရှိရာသို့ ပြန်သွားလေသည်။ ဧကရာဇ်ချန်းကလည်း သူမ၏ စွမ်းဆောင်မှုကို ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလေ၏။

​မုန့်ချန်းမှာမူ ကုန်းပတ်ပေါ်တွင် ဇဝေဇဝါဖြင့် ကျန်ရစ်နေဆဲ ဖြစ်သည်။

​"ဘာကြီးလဲ၊ ခင်ဗျား ဘယ်လိုလုပ် သူ့ကို အနိုင်ပေးလိုက်တာလဲ။ ကျွန်တော့်ကို ရေမှ မထိတာ။ စည်းကမ်းအရ ကျွန်တော် မရှုံးသေးဘူး။ အရှုံးလည်း မပေးသေးဘူး။ ဒါက မတရားဘူးဗျ" သူက ကန့်ကွက်လေတော့သည်။

​"ဒါဟာ အမျှတဆုံးပဲ။ စည်းကမ်းအရ မင်း ပျံသန်းခွင့် မရှိဘူး။ မင်း ပျံတက်လိုက်တဲ့ အခိုက်အတန့်မှာပဲ မင်းဟာ ရှုံးနိမ့်မှုကို လက်ခံလိုက်တာပဲ" ဗိုလ်ချုပ်ဝူကီက ပျင်းရိစွာ ပြန်ဖြေသည်။ "အခု ပြန်သွားတော့၊ နောက်ထပ် တိုက်ပွဲအတွက် ကွင်းကို ရှင်းရဦးမယ်"

​"မရဘူး။ ဒါဟာ မတရားဘူး။ ကျွန်တော် ပျံတာ မဟုတ်ဘူး။ ခုန်လိုက်တာပဲ၊ ခင်ဗျား မတရားဘူး။ ခုန်တာကို ခွင့်ပြုတယ်လို့ ခင်ဗျား ပြောခဲ့တာပဲ။ ကျွန်တော် စည်းကမ်း မချိုးဖောက်ဘူး။ ကျွန်တော် ခုန်ပြီး ကုန်းပတ်ပေါ် ပြန်ဆင်းတာပဲ။ တခြားတစ်ဖက်မှာကျတော့ အဲဒီမိန်းကလေးက ပျံပြီး ပြန်သွားတာလေ။ ဒါကြောင့် သူကသာ စည်းကမ်းချိုးဖောက်တာ။ သူကသာ ရှုံးတာ။ မလိမ်ပါနဲ့၊ ကျွန်တော့်ကို အနိုင်ပေးပါ" မုန့်ချန်းက ဇွတ်အတင်း ငြင်းဆန်နေ၏။

​ပရိသတ်များမှာမူ သူ၏ လုပ်ရပ်များကြောင့် တစ်ခဲနက် ထပ်မံ ရယ်မောကုန်ကြပြန်သည်။

​"ဧကရာဇ်မုန့်... ခင်ဗျားသားကတော့ တကယ့် လူထူးလူဆန်းပဲ။ သူ့ကို ဒီကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ရမယ်။ ရယ်ရတာ ကျန်းမာရေးအတွက် ကောင်းတာပဲဗျ" ဧကရာဇ်တုက အရှက်ရနေသော ဧကရာဇ်မုန့်ကို ထပ်မံ၍ လှောင်ပြောင်လိုက်သည်။

​ဧကရာဇ်မုန့်မှာမူ မုန့်ချန်း ရှုံးနိမ့်သွားလျှင် ဤလှောင်ပြောင်မှုများ ပြီးဆုံးသွားလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ထိုသို့ ဖြစ်မလာခဲ့ချေ။ သူ၏သားသည် အရှက်ရခြင်း စံချိန်သစ် တင်ရန် ကြိုးစားနေသည်လား သို့မဟုတ် သူ့ကို မနှစ်သက်သဖြင့် နှလုံးရပ်အောင် လုပ်နေခြင်းလားပင် မသိတော့ချေ။

​မြို့သူမြို့သားများ၊ ဧကရာဇ်များ အားလုံးမှာ ရယ်မောနေကြ၏။ လုံချန်းပင်လျှင် အံ့ဩမိသည်။ ဧကရာဇ်မုန့်၏ သားကြီးနှင့် တတိယသားဖြစ်သူ မုန့်ဟူလင်တို့လည်း အရှက်ရနေကြရှာ၏။ မုန့်ချန်းသည် မိမိကိုယ်ကိုယ် အရှက်ခွဲရုံသာမက သူတို့အားလုံးကိုပါ အရှက်ခွဲနေခြင်း ဖြစ်သည်။

​ဧကရာဇ်မုန့်သည် ဒေါသအရှိန်အဟုန်ကြောင့် သည်းမခံနိုင်တော့ဘဲ ထိုင်နေရာမှ ထကာ စစ်တလင်း အလယ်ရှိ သူ၏သားထံသို့ ပျံသန်းသွားလေတော့သည်။

​"ခမည်းတော်... ကြည့်စမ်း..." မုန့်ချန်းက သူ၏ဖခင် လာနေသည်ကို မြင်သောအခါ သူ့ကို ကူညီရန် လာသည်ဟု ထင်မှတ်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သည်။

​သို့သော် သူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသည်မှာ နာကျင်စွာ အော်ဟစ်သံသာ ဖြစ်၏။ "အား..."

​ဧကရာဇ်မုန့်သည် သူ၏ ဒေါသအရှိန်ဖြင့် သားဖြစ်သူ၏ လက်မောင်းကို အတင်းအကျပ် ဆွဲကိုင်လိုက်လေသည်။ "ငါ့ကို အရှက်ခွဲနေတာ တော်လောက်ပြီ။ အခု ချက်ချင်း ပြန်ခဲ့စမ်း။ ဒီနေ့ မင်း ဘာစကားတစ်ခွန်းမှ မပြောနဲ့တော့။ တကယ်လို့ မင်း တစ်ခုခု ပြောတာကို ငါ ကြားလိုက်ရင်တော့ မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်။ ငါ ဒီနေ့ နောက်နေတာ မဟုတ်ဘူးနော်"

​ဧကရာဇ်မုန့်သည် သူ့သားကို အတင်းဆွဲကာ သူတို့အတွက် စီစဉ်ထားသော ပွဲကြည့်စင်ဆီသို့ ပျံသန်း ပြန်သွားလေတော့သည်။

​"အခု အနှောင့်အယှက်တွေ အားလုံး ပြီးသွားပြီဆိုတော့... နောက်ထပ် ယှဉ်ပြိုင်မယ့်သူတွေ ရှေ့ကို ထွက်ခဲ့ကြ" ဗိုလ်ချုပ်ဝူကီက အမိန့်ပေးလိုက်သည်။

​"ကံကောင်းပါစေ သား။ အစွမ်းကုန် ကြိုးစားခဲ့ပါ။ ဒီတိုက်ပွဲကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ခဲ့ဦး" ဧကရာဇ်တုက သူ့သား ထွက်ခွာသွားသည်ကို ကြည့်ကာ အားပေးလိုက်၏။

​"အနိုင်ရအောင် ကြိုးစားပါ" ဧကရာဇ်မုန့်က သူ၏ တတိယသား မုန့်ဟူလင်ကို မှာကြားလိုက်သည်။ ထို့နောက် မုန့်ချန်းကို တစ်ချက် စောင်းကြည့်ကာ ဆက်ပြော၏။ "မင်း မနိုင်ရင်တောင်မှ အနည်းဆုံးတော့ ဟိုအရူး လုပ်သလို ငါ့ကို ထပ်ပြီး အရှက်မခွဲနဲ့တော့"

​တုလျန်နှင့် မုန့်ဟူလင်းတို့သည် ရေများ ဖုံးလွှမ်းနေဆဲ ဖြစ်သော စစ်တလင်းအတွင်းသို့ လှမ်းဝင်လိုက်ကြသည်။ နှစ်ဦးစလုံးသည် သေးငယ်သော ကုန်းပတ်ငယ်များပေါ်တွင် ဆင်းသက်လိုက်ကြ၏။

​ဗိုလ်ချုပ်ဝူကီသည် အစွမ်းမြှင့်ကျောက်တုံးကို ထပ်မံ၍ ထုတ်ယူလိုက်ပြန်သည်။

​၎င်းကို မြင်သောအခါ လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်မိ၏။ "အကြိမ်အရေအတွက် တစ်ခါ ထပ်လျော့သွားပြန်ပြီ"

All Chapters