← Chapters

အခန်း - ၄

Vol. 1 Ch. 4

အခန်း - ၄

Vol. 1 Ch. 4

- ပထမဆုံးတိုက်ပွဲ၏ အောင်နိုင်မှု

နောက်တစ်နေ့။

ဝမ်ထောင်သည် အလွန်စောစီးစွာ နိုးလာသည်။

ပထမဦးစွာ သူ၏ အားအပြည့်သွင်းထားသော ဖုန်းကို စစ်ဆေးလိုက်ရာ လိုင်းမှာ ယခင်အတိုင်း မရှိသေးဘဲ အရေးပေါ်ဖုန်းခေါ်ဆိုမှုများလည်း ခေါ်၍မရပေ။ အိမ်ရှိ ရေနှင့် မီးမှာတော့ မပြတ်တောက်သေးပေ။

သူသည် ပြာလွင်နေသော ကောင်းကင်ကြီးကို တစ်ချက်ကြည့်လိုက်မိ၏။

"ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်စီးသွားတာလား၊ ဒါမှမဟုတ် ဂြိုဟ်တုတွေပဲလား။ တခြား ဘေးအန္တရာယ်တွေများ ရှိနေဦးမလား..."

သူသည် ခေါင်းကိုခါယမ်းကာ အပိုတွေ တွေးမနေတော့ပေ။ ဝမ်ထောင်သည် ရေခဲသေတ္တာထဲမှ စားစရာအချို့ကို ထုတ်ယူကာ အားရှိစေမည့် မနက်စာကို ပြင်ဆင်စားသောက်လိုက်၏။

ထို့နောက် စာအုပ်စင်ပေါ်ရှိ စာအုပ်အားလုံးကို ထုတ်ယူလိုက်သည်။ ထိုစာအုပ်များမှာ အလှပြရန်အတွက် ဈေးလျှော့ပေးနေစဉ်က ဝယ်ထားခြင်းဖြစ်သော်လည်း စာအုပ်ကောင်းများ ဖြစ်သည်။

ဝမ်ထောင်သည် သင့်တော်သည့် အရွယ်အစားရှိသော စာအုပ်များကို ရွေးထုတ်ကာ တိပ်ဖြင့်ပတ်၍ သူ၏ လက်ဖျံ၊ ခြေသလုံး၊ ရင်ဘတ်နှင့် ကျောတို့တွင် အကာအကွယ်အဖြစ် ပတ်လိုက်၏။ ပေါင်နှင့် လက်မောင်းအထက်ပိုင်းတို့ကိုမူ အားစိုက်ရမည့် အစိတ်အပိုင်းများ ဖြစ်သဖြင့် မပတ်ထားပေ။

နောက်တစ်ဆင့်မှာ လက်နက် ဖြစ်သည်။ မီးဖိုချောင်တွင် ထက်မြက်သော ဓားအချို့ ရှိသော်လည်း အနည်းငယ် တိုနေသည်။

ထို့ကြောင့် ဝမ်ထောင်သည် မီးဖိုချောင်သုံးဓားကို မုန့်နယ်သည့် ဒလိမ့်တုံးနှင့် ခိုင်အောင် ချည်လိုက်ရာ လှံတိုတစ်ခု ဖြစ်သွားသည်။ သူသည် ကြမ်းတိုက်တံကို အသုံးပြု၍ လှံရှည်လုပ်ရန် စဉ်းစားခဲ့သော်လည်း လမ်းလျှောက်လမ်းမှာ ကျဉ်းမြောင်းလှသည်။

လက်နက် အလွန်ရှည်နေပါက အသုံးပြုရ ခက်ခဲနိုင်ပြီး တစ်နေရာရာတွင် ငြိသွားလျှင် သူ ဒုက္ခရောက်နိုင်၏။

ဒလိမ့်တုံး၏ အရှည်မှာမူ အနေတော် ဖြစ်သည်။ အလွန်တိုပါက ကူးစက်ခံရနိုင်ခြေ များသလို၊ အလွန်ရှည်ပါကလည်း ကိုင်တွယ်ရ ခက်ခဲမည် ဖြစ်သည်။

နောက်ဆုံးတွင် ဝမ်ထောင်သည် ထူထဲသော မျက်နှာသုတ်ပုဝါတစ်ထည်နှင့် အဝါရောင် မျက်မှန်တစ်စုံကို ရှာဖွေတွေ့ရှိလိုက်သည်။ သူ၏ ခေါင်း၊ မျက်နှာနှင့် မျက်လုံးများကိုပါ လုံအောင် ဖုံးအုပ်လိုက်၏။

ဇမ်ဘီဗိုင်းရပ်စ်မှာ ကူးစက်တတ်သဖြင့် အကာအကွယ်များကို အစွမ်းကုန် ဂရုစိုက်ရမည် ဖြစ်သည်။

ဝမ်ထောင်သည် မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်၏။

မှန်ထဲတွင် အရပ် ၆ ပေကျော်၊ ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦးသည် လက်အိတ်အမည်း၊ နှာခေါင်းစည်းအမည်းနှင့် အဝါရောင်မျက်မှန်တို့ကို ဝတ်ဆင်ထားသည်။ သူသည် တောင်တက်ဖိနပ်ကို စီးထားပြီး ခြေဆုံးခေါင်းဆုံး လုံအောင် ဖုံးအုပ်ထားသည်။ လက်ခြေများတွင် ကိုယ်တိုင်လုပ် အကာအကွယ်များ ပတ်ထားပြီး လက်ထဲတွင်လည်း ကိုယ်တိုင်လုပ် လှံတိုကို ကိုင်ထားရာ ကြည့်ရသည်မှာ အလွန်လုံခြုံပုံရ၏။

အရာအားလုံး အသင့်ဖြစ်သောအခါ ဝမ်ထောင်သည် တံခါးနောက်တွင် တိတ်တဆိတ် စောင့်နေလိုက်သည်။

ထိုဇမ်ဘီမှာ လှေကားခွင်တွင် လျှောက်သွားနေပြီး မကြာမီ အပေါ်သို့ တက်လာသည်။ ဝမ်ထောင်သည် အလောတကြီး မလုပ်ဘဲ ဆက်လက် စောင့်ဆိုင်းနေ၏။

ဇမ်ဘီသည် ပထမဦးစွာ ခြောက်ထပ်သို့ တက်သွားပြီးနောက် ငါးထပ်သို့ ပြန်ဆင်းလာကာ လေးထပ်ဘက်သို့ ဦးတည်သွားပြန်သည်။

ဇမ်ဘီသည် သူ့ကို ကျောပေးကာ အောက်ထပ်သို့ ဆင်းသွားသည်ကို မှန်ပြောင်းမှ မြင်လိုက်ရသောအခါ ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူကာ တံခါးကို ရုတ်တရက် ဖွင့်လိုက်သည်။

ဂျောက်—

တံခါးဖွင့်သံကြောင့် ဇမ်ဘီမှာ တန့်သွားသည်။ သူသည် သူ၏ တောင့်တင်းနေသော ခေါင်းကို လှည့်ကြည့်လိုက်ရာ ကြောက်စရာကောင်းပြီး ရွံရှာဖွယ်မျက်နှာကြီး ပေါ်လာ၏။

ရှူး—

ဝမ်ထောင်သည် လှံတိုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဇမ်ဘီ၏ ဦးခေါင်းကို ဦးတည်၍ ချက်ချင်းထိုးလိုက်သည်။

လူကို တွေ့လိုက်သည်နှင့် ဇမ်ဘီကလည်း ဟိန်းဟောက်ကာ ရုတ်တရက် လှည့်လာသည်။ သို့သော် သူ၏ ကိုယ်ခန္ဓာမှာ တောင့်တင်းနေပြီး လှုပ်ရှားမှုများမှာ ဟန်ချက်မညီသဖြင့် လှည့်လိုက်စဉ်မှာပင် ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်သလို ဖြစ်သွားရာ ဝမ်ထောင်၏ လှံချက်မှာ လွဲချော်သွား၏။

သို့သော် ဝမ်ထောင်သည် တစ်ချက်တည်းနှင့် အသေသတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤထက်မြက်သော ဓားသည် ထိုးရုံသာမက ခုတ်၍လည်း ရသည်။ သူသည် ဒလိမ့်တုံးကို လက်နှစ်ဖက်ဖြင့် မြဲမြဲကိုင်ကာ အားကုန် လွှဲခုတ်လိုက်သည်။

ဒုတ်—

ဓားချက်မှာ ဇမ်ဘီ၏ ပုခုံးမှ ခါးအထိ မှန်သွားသည်။ ဇမ်ဘီမှာ အဝတ်အစား ဝတ်ထားသဖြင့် ဒဏ်ရာ မည်မျှနက်သည်ကို မမြင်ရသော်လည်း ဇမ်ဘီ၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ အနည်းငယ် လျော့ကျသွားသည်ကို ဝမ်ထောင် ရှင်းလင်းစွာ မြင်လိုက်ရသည်။

【-၁၄】

【၄၈၆/၅၀၀】

"ဒါ ဘာကြီးလဲ"

ဓားနှင့်ပြင်းထန်စွာတစ်ချက်ခုတ်လိုက်သည်ကို ဤမျှသာ သွေးလျော့သွားသည်လား။

ဇမ်ဘီများတွင် သွေးပမာဏ များပြားသည်ကို ဝမ်ထောင် သိသော်လည်း ဤမျှအထိ များလိမ့်မည်ဟု မထင်ထားပေ။ သို့မဟုတ် သူ၏ တိုက်ခိုက်မှုမှာ အားနည်းနေခြင်းလား။

ဝမ်ထောင်သည် ထိတ်လန့်သွားသော်လည်း အလွန်အမင်းတော့ မတုန်လှုပ်ပေ။

သူနှင့် ဇမ်ဘီမှာ လမ်းလျှောက်လမ်းတွင် ရှိနေပြီး ဇမ်ဘီမှာ အောက်ထပ်တွင်ရှိကာ သူက အပေါ်ထပ်တွင် ရှိနေသည်။ ဤသည်မှာ သူ တမင်ရွေးချယ်ထားသော အနေအထား ဖြစ်သည်။ အမြင့်တွင် ရှိနေခြင်းက သူ့ကို အသာစီး ရစေ၏။

ဝမ်ထောင်သည် ဓားကို အမြန်ပြန်ဆွဲလိုက်ရာ ဇမ်ဘီက အခွင့်ကောင်းယူကာ သွေးစွန်းနေသော လက်နှစ်ဖက်ဖြင့် သူ့ကို လှမ်းအုပ်သည်။ ဝမ်ထောင်သည် ချက်ချင်း နောက်သို့ နှစ်လှမ်းဆုတ်ကာ ရှောင်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ထပ်ထိုးလိုက်ပြန်သည်။

ဇမ်ဘီများသည် တိုက်ခိုက်မှုကို တမင်ရှောင်တိမ်းခြင်း မရှိကြပေ။ ယခင်တစ်ကြိမ် လွဲချော်သွားခြင်းမှာ ကံကောင်းခြင်းကြောင့်သာ ဖြစ်၏။ ယခုတစ်ကြိမ်တွင်မူ ဓားချက်မှာ ဇမ်ဘီ၏ နဖူးတည့်တည့်သို့ ပြင်းထန်စွာ မှန်သွားသော်လည်း... ။

သို့သော် ဖောက်မဝင်သွားပေ..

လူ့ခန္ဓာကိုယ်တွင် ဦးခေါင်းခွံမှာ အမာဆုံးအရိုး ဖြစ်ပြီး ဝမ်ထောင်၏ လက်ထဲရှိ ဓားမှာလည်း သာမန်အရည်အသွေးသာ ဖြစ်ရာ ပထမအကြိမ်တွင် ဖောက်မဝင်ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါ။

သို့သော် ဝမ်ထောင်ကို အံ့သြစေသည့်အချက်မှာ ဤတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အလွန်နည်းနေခြင်း ဖြစ်သည်။

【-၃】

【၄၈၃/၅၀၀】

ဦးခေါင်းက ဇမ်ဘီ၏ အားနည်းချက် မဟုတ်ဘူးလား။ ဘာလို့ ထိခိုက်မှုက ဒီလောက်နည်းနေရတာလဲ။ ဦးခေါင်းခွံက အလွန်မာလွန်းလို့ အကာအကွယ်ကို မဖောက်နိုင်တာလား။

ဝမ်ထောင်သည် အတွေးများ မြန်ဆန်နေစဉ်မှာပင် လှံတိုကို မြဲမြဲကိုင်ကာ ညာဘက်အောက်မှ ဘယ်ဘက်အပေါ်သို့ အားကုန် လွှဲခုတ်လိုက်သည်။

ရွှပ်—

ဓားချက်က ဇမ်ဘီ၏ လည်ပင်းကို ဖြတ်သွားသည်။

ဗြစ်—

ဇမ်ဘီ၏ လည်ပင်းမှ သွေးမည်းများ ပန်းထွက်လာသဖြင့် သူသည် နောက်သို့ ခြေတစ်လှမ်း အမြန်ဆုတ်လိုက်ရ၏။

ဝမ်ထောင်၏ ဓားချက်မှာ အနည်းငယ် တိမ်သော်လည်း လည်ပင်းကိုတော့ ပြတ်ရှသွားစေသည်။

သို့သော် ဝမ်ထောင်မှာ စိတ်လှုပ်ရှားသွားသည်။ ဤတစ်ချက်က ထိခိုက်မှု အလွန်များသောကြောင့် ဖြစ်သည်။

【-၁၁၇】

【၃၆၆/၅၀၀】

ဤတစ်ချက်တည်းနှင့် ဇမ်ဘီ၏ သွေး ၂၀ ရာခိုင်နှုန်းကျော် လျော့ကျသွားသည်။

"လည်ပင်းကလည်း ဇမ်ဘီရဲ့ အားနည်းချက်ပဲ၊ ဦးခေါင်းခွံနဲ့ ယှဉ်ရင် လည်ပင်းကို ဖြတ်ရတာက ပိုလွယ်တယ်"

ဇမ်ဘီမှာ ဒေါသထွက်သွားဟန်ရှိပြီး ဝမ်ထောင်ထံသို့ ထပ်မံတိုးကပ်လာကာ သူ၏မျက်နှာကို လက်ဖြင့် အသည်းအသန် လှမ်းကုတ်လေသည်။

ဝမ်ထောင်၏ နောက်တွင် တံတိုင်းရှိနေသဖြင့် ဤတစ်ကြိမ်တွင် ရှောင်ရန် ခက်ခဲသွားသည်။ ထို့ကြောင့် သူသည် ညာလက်ဖြင့် ဓားကိုကိုင်ကာ ဘယ်လက်မောင်းကို မြှောက်၍ အကာအကွယ်ဖြင့် ဇမ်ဘီ၏ တိုက်ခိုက်မှုကို ခံလိုက်သည်။

ဘုတ်..အွန့်...

ဝမ်ထောင်မှာ နောက်သို့ နှစ်လှမ်းခန့် လွင့်သွားပြီး တံတိုင်းနှင့် ကပ်သွားသည်။

၎င်းမှာ ဝမ်ထောင် ပထမဆုံးအကြိမ် ဇမ်ဘီ၏ တိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်သလို ဇမ်ဘီများတွင် အကန့်အသတ်မရှိသော ခွန်အားရှိသည်ဟူသော စကားမှာ အမှန်ပင် ဖြစ်ကြောင်း သူ နားလည်သွားသည်။

သူ၏ သန်မာသော ကိုယ်ခန္ဓာနှင့်ပင် ထိုတိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် လက်မောင်းမှာ ထုံကျဉ်သွားရသည်။ အခြားသူသာဆိုလျှင် ချက်ချင်းပင် လဲကျသွားပေလိမ့်မည်။

သို့သော် သူ၏ သွေးတန်းမှာ တစ်စက်ကလေးမျှ လျော့မသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ထောင် အားတက်သွား၏။

ဒါက လက်တွေ့လောက ဖြစ်သည်၊ ဂိမ်းမဟုတ်ပေ..

ဂိမ်းထဲတွင်မူ မိစ္ဆာကောင်၏ တိုက်ခိုက်မှုကို ခံရသည်နှင့် သွေးလျော့သွားလေ့ရှိသည်။ သို့သော် လက်တွေ့တွင်မူ အမှန်တကယ် ဒဏ်ရာမရသရွေ့ သွေးလျော့မည် မဟုတ်ပါ။

ဝမ်ထောင်၏ ကိုယ်ကာယ ကြံ့ခိုင်မှုမှာ အလွန်ကောင်းမွန်သည်။ သူသည် အကာအကွယ်ဖြင့် ခံလိုက်သဖြင့် ပြင်ပဒဏ်ရာရော၊ အတွင်းဒဏ်ရာပါ မရရှိခဲ့ပေ။ လက်မောင်းမှာ အနည်းငယ် ထုံသွားရုံသာ ဖြစ်သဖြင့် သူ၏ သွေးမှာ အပြည့်ရှိနေဆဲ ဖြစ်သည်။

ဤအချက်ကို နားလည်သွားသောအခါ ဝမ်ထောင်၏ မျက်လုံးများ ဝင်းလက်လာ၏။

ဂိမ်းထဲတွင် မိစ္ဆာကောင်ကို သတ်ရန် ဂိမ်းစည်းကမ်းများကို လိုက်နာရမည်။ တစ်ချက်တည်းနှင့် အသေသတ်နိုင်သည့် စနစ်မရှိလျှင် သင် မည်မျှသန်မာပါစေ တစ်ချက်တည်းနှင့် မသတ်နိုင်ပေ။ သို့သော် လက်တွေ့လောကတွင် ထိုစည်းကမ်းများကို လိုက်နာရန် မလိုပါ။

ဝမ်ထောင်သည် နောက်သို့ မဆုတ်ဘဲ ဇမ်ဘီထံသို့ ရှေ့တိုးဝင်လိုက်သည်။ ဇမ်ဘီမှာလည်း ဟိန်းဟောက်ကာ သူ့ထံသို့ ထပ်မံခုန်ဝင်လာသည်။

ဒုန်း...

ဇမ်ဘီနှင့် မထိမိမီမှာပင် ဝမ်ထောင်သည် အားရှိသမျှ စုစည်းကာ ဇမ်ဘီ၏ ရင်ဘတ်ကို ပြင်းထန်စွာ ကန်ထုတ်လိုက်၏။

ဇမ်ဘီ၏ ခွန်အားမှာ ကြီးမားသော်လည်း သူ၏ ကိုယ်အလေးချိန်မှာ လူသားဘဝကအတိုင်း ပေါင် ၁၀၀ ကျော်သာ ရှိသည်။ ထိုအလေးချိန်မှာ ဝမ်ထောင်၏ အားပါသော ကန်ချက်ကို မခံနိုင်ပေ။ ဇမ်ဘီမှာ ချက်ချင်းပင် လေးထပ်လှေကားထောင့်သို့ လွင့်စင်သွားတော့သည်။

ဝမ်ထောင်မှာ ရပ်မနေပါ။

သူသည် လှေကားထစ်များကို နင်းကာ လေထဲသို့ ခုန်တက်လိုက်၏။ လေထဲမှတစ်ဆင့် ဇမ်ဘီရှိရာသို့ ဆင်းသက်လိုက်စဉ်မှာပင် လက်နှစ်ဖက်ဖြင့် လှံတိုကို ခေါင်းပေါ်မြှောက်ကိုင်ကာ အားကုန် ထိုးချလိုက်သည်။

ဖောက်—

ကမ္ဘာမြေဆွဲအား၏ အရှိန်ဖြင့် ဓားချက်မှာ ဇမ်ဘီ၏ နဖူးတည့်တည့်သို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့သည်။

【-၃၆၆】

【၀/၅၀၀】

တစ်ချက်တည်းနဲ့ အသေသတ်နိုင်ခဲ့ပြီ

............

All Chapters