ဧပြီ ၄ ရက်..။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်တော့မည်။ လူအများကတော့ ဘာမှမသိကြဘဲ နေ့စဥ်လုပ်ငန်းများကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြ၏။သွားစရာရှိတာသွား ၊ လာစရာရှိတာ လာ ၊ လုပ်စရာရှိတာ လုပ် ၊ အားလုံးက အေးအေးဆေးဆေးပင်.. ဧပြီ ၅ ရက်....။ "ညီလေး .. ငါမသေခင် မင်းကို တစ်ခုပဲ တောင်းဆိုချင်တယ်။ မင်းရဲ့ မရီးကို ငါ့ကိုယ်စား စောင့်ရှောက်ပေးပါ..." သူ အိပ်ယာနိုးလာတော့ ဖုန်းတွင် မက်ဆေ့တစ်စောင်ရောက်နေသည်ကို တွေ့လိုက်ရ၏။ "မရီးက သူ့ဘာသာနေတာကို ..ဘာလို့ ငါက မရီးကို သွားစောင့်ရှောက်ပေးရမှာလဲ ၊ အူကြောင်ကြောင်နဲ့.." ဧပြီ ၆ ရက်.....။ " ဘာတွေဖြစ်ကုန်တာလဲ..." ကမ္ဘာပျက်ကပ်က ဒီအတိုင်းကြီးရောက်ချလာတာလား ၊ ငါ့က အခန်းထဲမှာ အိပ်ပျော်နေတာလေ .." ဤသို့ဖြင့် မည်သူမှ ကြိုတင်သိရှိထားခြင်းမရှိသော ကပ်ဆိုးကြီးက ကမ္ဘာမြေပေါ်သို့ ရုတ်တရက်ကြီး ကျရောက်လာခဲ့၏။ အိပ်ယာထဲမှ အိပ်ချင်မူးတူးနိုးလာသော ဇာတ်လိုက်ကျော်သည် ကမ္ဘာကြီး၏ အခြေအနေများကို မြင်ကာ မျက်လုံးပြူးသွားတော့သည်။ "ငါ့လခွမ်း...ငါ့မှာ စားစရာဆိုလို့ ပေါင်မုန့်လေးတောင်ဝယ်မထားဘူးလေ ၊ကမ္ဘာကြီးက ပျက်သွားပြီတဲ့လား " .......

