အခန်း ၁၀၁
Vol. 10 Ch. 101
အခန်း (၁၀၁) - လက်ပစ်ဒူးလေးထုတ်လုပ်မှုပုံကြမ်း
[တိကျသောလက်ပစ်ဒူးလေးထုတ်လုပ်မှုပုံကြမ်း - တိကျသောလက်ပစ်ဒူးလေးတစ်ခုကို ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်သည်။ လိုအပ်သောပစ္စည်းများ - မည်သည့်လေး သို့မဟုတ် ဒူးလေး (၁) ခု၊ ထက်မြက်သောဓား (၃) ချောင်း၊ သံမဏိဝါယာကြိုး (၃) ချောင်း၊ ဝက်အူ (၃) ခု၊ သံချောင်း (၃) ချောင်း၊ ရာဘာ (၃) ခု]
[တိကျသောလက်ပစ်ဒူးလေး - တာရှည်ခံမှု +20၊ တိုက်ခိုက်မှုစွမ်းအား +10၊ တိကျမှု +10]
ပထမဆုံး ပုံကြမ်းမှာ လက်ပစ်ဒူးလေးထုတ်လုပ်ရန် ဖြစ်သည်။
ဤလက်ပစ်ဒူးလေးကို ထုတ်လုပ်ရန်အတွက် သူသည် လေး သို့မဟုတ် ဒူးလေးတစ်ခု အရင်လိုအပ်သည်။ သူ၏ လက်ထဲတွင် လေးသုံးချောင်းရှိနေသဖြင့် လိုအပ်သည်ထက်ပင် ပိုနေသည်။
ဒူးလေးအကြောင်း ဖော်ပြချက်မှာ တိုတောင်းပြီး လက်ရှိအချိန်တွင် မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်ကို သူ မသိရှိသေးသော်လည်း ဝမ်ထောင် ဂရုမစိုက်ပေ။ အကြောင်းမှာ ပုံကြမ်းများမှ ထုတ်လုပ်ထားသော ပစ္စည်းများနှင့် ဇွန်ဘီများကို သတ်၍ ရရှိလာသော ပစ္စည်းများအားလုံးကို ဟင်းလင်းပြင်ကျောပိုးအိတ် ထဲတွင် သိမ်းဆည်းထားနိုင်သောကြောင့်ဖြစ်သည်။သူ့အတွက် ထိုသို့သယ်ဆောင်ရလွယ်ကူမှုမှာ လက်ပစ်ဒူးလေး၏ ဂုဏ်သတ္တိများထက်ပင် ပို၍ အရေးကြီးသည်။
နောက်တစ်ခုမှာ လေးမြားများအတွက် လိုက်ဖက်သော ပုံကြမ်းဖြစ်သည်။
[လေးမြားထုတ်လုပ်မှုပုံကြမ်း - မြား (၁၀၀) ချောင်း ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်သည်။ လိုအပ်သောပစ္စည်းများ - ထက်မြက်သောဓား (၁၀) ချောင်း၊ သံတုံး (၁၀) တုံး၊ ပလတ်စတစ် (၁၀) ခု]
ထိုပုံကြမ်းသည် မြား (၁၀၀) ချောင်းကို တိုက်ရိုက် ထုတ်လုပ်ပေးနိုင်ပြီး လိုအပ်သောပစ္စည်းများမှာ ရိုးရှင်းလေသည်။ သုံးမျိုးသာလ်ုအပ်၏။ သို့သော် တစ်မျိုးလျှင် (၁၀) ခုစီ လိုအပ်၍ ပမာဏအတော်လေး များသည်ဟု ဆိုရမည်။
ဝမ်ထောင်သည် ကျောပိုးအိတ်ထဲမှပစ္စည်းများကို စစ်ဆေးလိုက်သည်။ သူ၏ လက်ထဲတွင် လက်ပစ်ဒူးလေးအတွက် လိုအပ်သောပစ္စည်းများ ပြည့်စုံသော်လည်း လေးမြားအတွက်မူ မလုံလောက်သေးပေ။ ထက်မြက်သောဓား (၃) ချောင်း လိုအပ်နေသေးသည်။ လက်ရှိအချိန်တွင် သူ မထုတ်လုပ်နိုင်သေးဘဲ ဇွန်ဘီများကို နောက်ထပ် အနည်းငယ် ထပ်သတ်မှသာ ရပေလိမ့်မည်။
အထက်ပါ ပစ္စည်းနှစ်ခုစလုံးမှာ ပုံကြမ်းများဖြစ်ပြီး နောက်ဆုံး ပစ္စည်းသုံးခုကသာ ဇွန်ဘီများထံမှ တိုက်ရိုက် ရရှိသောပစ္စည်းများဖြစ်သည်။
လက်နက်ကိုင်ဆောင်ထားသော ဇွန်ဘီ
များကို သတ်ဖြတ်ပြီးနောက် ၎င်းတို့၏လက်နက်များကိုလည်း ဟင်းလင်းပြင်ကျောပိုးအိတ် ထဲတွင် ထည့်နိုင်သည်။
ထို့ကြောင့် လေးသမားဇွန်ဘီ ကို သတ်ပြီးနောက် ဝမ်ထောင်သည် လေး၊ မြားတံနှင့် မြားကျည်တောက်တို့ကို ဟင်းလင်းပြင်ကျောပိုးအိတ်သို့ကောက်ထည့်ခဲ့၏။
သို့သော် ဤလက်နက်များအတွက် ဂုဏ်သတ္တိများပို မပြသပေ။ သံကူကွန်ကရစ်တူ ကဲ့သို့ပင် ၄င်းတို့၏နာမည်ကိုသာ ပြသသည်။နောက်ဆက်တွဲရှင်းလင်းချက်များ မပါဝင်ပေ။
[ရီကပ်လေး x1] [မြားကျည်တောက် x1] [မြားတံ x30]
ရီကပ်လေးမှာ တစ်ခုလုံး အနက်ရောင်ဖြစ်ပြီး အလွန်မိုက်သည်။နာမည်ကြီးတစ်ဦး ပြောခဲ့ဖူးသည့်အတိုင်း စစ်ရေးပစ္စည်းများတွင် အသွင်အပြင်မှာပင် တိုက်ခိုက်မှုစွမ်းအား ဖြစ်သည်။
အားကောင်းသော လက်နက်များမှာ ယေဘုယျအားဖြင့် ကြည့်ကောင်းတတ်သည်။ ထို့ကြောင့် ယခုလေးမှာလည်း သေချာပေါက် ကောင်းမွန်လိမ့်မည်။
လေးအပြင် မြားတံ အချောင်း ၃၀ ကိုလည်း ဟင်းလင်းပြင်ကျောပိုးအိတ် ထဲတွင် ထည့်နိုင်သည်။ (၃၀) မှာ နည်းသည်ဟု ထင်ရသော်လည်း ၎င်းတို့ကို ပြန်လည် အသုံးပြု
နိုင်သဖြင့်ဂရုစိုက်လျှင် အချိန်အတော်ကြာ အသုံးခံလိမ့်မည်။
သို့သော် မြားကျည်တောက် ကိုပင် ကျောပိုးအိတ်ထဲ ထည့်နိုင်ခြင်းကတော့ ဝမ်ထောင် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ မြားကျည်တောက်မှာ သူ့အတွက် အသုံးမဝင်ဟု ထင်ရ၏။ အကြောင်းမှာ မြားတံများကို ကျောပိုးအိတ်ထဲ ထည့်ထားနိုင်သဖြင့် လိုအပ်သည့်အခါ ကျောပိုးအိတ်ထဲမှ တိုက်ရိုက်ထုတ်ယူနိုင်သောကြောင့်ဖြစ်သည်။
ဝမ်ထောင်သည် ဤမြားကျည်တောက်၏ တစ်ခုတည်းသော အသုံးဝင်မှုမှာ အခြားသူများကို လှည့်စားရန် ဖြစ်သည်ဟု ခံစားရသည်။ အကယ်၍ နောင်တွင် မြားတံများ ပိုရလာပါက ဤမြားကျည်တောက်ကို ကျောတွင်လွယ်ထားပြီး မြှားတံများကို ကျောပိုးအိတ်ထဲမှယူနေသော်လည်း မြားကျည်တောက်ထဲမှ ယူနေဟန် ဆောင်နိုင်သည်။ ထို့နောက် သူသည် လူတိုင်းကို အဆုံးမရှိသော မြားတံများဖြင့် သံသယကင်းစွာပစ်ခတ်နိုင်၏။
ပြဿနာက ရီကပ်လေးမှာ မိုက်သော်လည်း ဝမ်ထောင်၏ လေးပစ်ကျွမ်းကျင်မှုမှာ အမှန်တကယ်ပင် ညံ့ဖျင်းလှသည်။ သူ ဖြည်းဖြည်းချင်း လေ့ကျင့်ရန်လို၏။
လက်ရှိအတွက်မူ လက်ပစ်ဒူးလေးမှာ သူနှင့် ပို၍ သင့်လျော်သည်။ ထုတ်လုပ်ပြီးနောက် မည်သို့ ပုံစံရှိမည်ကို သူ မျှော်လင့်နေမ်သည်။
"အပြင်က ရူးသွပ်ဇွန်ဘီတွေ မထွက်သွားသေးဘူး..."
ဟန်ရွှေ ပြတင်းပေါက်အပြင်ဘက်ရှိ ဇွန်ဘီများကို ကြည့်ကာ အားမလိုအားမရ ဖြစ်နေသည်။
ဇွန်ဘီများသည် အိမ်ထဲတွင် သူတို့ ရှိနေသည်ကို မတွေ့ရှိသေးသော်လည်း မထွက်သွားကြသေးပေ။
လီချို့ယွီ၏ အမူအရာလည်း မကောင်းပေ။ ဇွန်ဘီများ ထွက်မသွားလျှင် သူမအတွက် အလွန် အန္တရာယ်များသည်။
"စိတ်မပူပါနဲ့၊ ငါတို့ အသံ သိပ်မထွက်သရွေ့ ဒီဇွန်ဘီတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းလို့ရပါတယ်"
ဝမ်ထောင်က စိတ်မပူရန် ပြောလိုက်သည်။
သူသည် ရူးသွပ်ဇွန်ဘီများကို ရင်ဆိုင်ရန် ဝန်လေးနေရခြင်းမှာ တိုက်လေလေ အကောင်များ ပိုရောက်လာလေ ဖြစ်မှာကို ကြောက်သောကြောင့်ဖြစ်သည်။ အကယ်၍ သူသာ ဇွန်ဘီအုပ်စုကြီးဖြင့် ဝိုင်းရံခံလိုက်ရပါက အားကောင်းသော ခုခံမှု ပင်လျှင် ပျက်စီးသွားလိမ့်မည်။
သို့သော် နောက်ထပ် အကူအညီများ ထပ်မရောက်လာဘဲ ဝင်းထဲသို့ တက်လာသည့် ဇွန်ဘီများသာရှိသည်ဆိုလျှင် ဝမ်ထောင် တစ်ယောက်တည်းဖြင့် အားလုံးကို ဖြေရှင်းနိုင်၏။
ဝမ်ထောင်၏ စကားကို ကြားသောအခါ ဟန်ရွှေ သက်ပြင်းချလိုက်သည်။ သူမတွင် ဇွန်ဘီများစွာကို ရင်ဆိုင်နိုင်စွမ်းမရှိသဖြင့် ဝမ်ထောင်ကိုသာ အားကိုးရပေတော့မည်။
သို့သော် လောလောဆယ် သူတို့နှစ်ဦး ထွက်သွား၍ မရသေးပေ။
အကြောင်းမှာ ဟန်ရွှေသည် အိမ်ပတ်ဝန်းကျင်တွင် အထူးဇွန်ဘီ သုံးကောင်ကို ရုတ်တရက် အာရုံခံမိသောကြောင့်ဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ကောင်မှာ ပေါက်ကွဲဇွန်ဘီများ ဖြစ်သည်။ အခြားဇွန်ဘီတစ်ကောင်မှာမူ ဝမ်ထောင်ကို မျက်မှောင်ကြုတ်စေသည်။
"တကယ်ကြီး အော်ဟစ်ဇွန်ဘီပါလား... သူကလည်း အထူးဇွန်ဘီ ဖြစ်သွားပြန်ပြီလား"
ဝမ်ထောင်သည် အော်ဟစ်ဇွန်ဘီများကို အရင်က မြင်ဖူးသော်လည်း ထိုအချိန်က အော်ဟစ်ဇွန်ဘီ တစ်ကောင်တွင် သွေးပမာဏ (၂၀၀) သာ ရှိပြီး သူ၏ ကားဖြင့်ပင် တိုက်သတ်ခဲ့ဖူးသည်။
သို့သော် ယခု အောက်ထပ်ရှိ အော်ဟစ်ဇွန်ဘီတွင် သွေးပမာဏ (၁၀၀၀) ရှိနေ၏။
သွေးပမာဏ (၁၀၀၀) မှာ အဓိက မဟုတ်ပေ၊ အဓိကမှာ သူသည် ယခုအခါ "အထူးဇွန်ဘီ" ဖြစ်နေခြင်းပင်။
"အထူးဇွန်ဘီ" ဟူသော အမည်မှာ အသက်ရှင်ကျန်ရစ်သူများ အသုံးပြုသော သာမန် ဝေါဟာရဖြစ်သည်။ လူတိုင်းသည် သာမန်ဇွန်ဘီများနှင့် မတူညီသော ဇွန်ဘီများကို "အထူးဇွန်ဘီ" ဟု ခေါ်ကြသည်။
ဥပမာအားဖြင့် စစ်တပ်မှ ပေးထားသော ဇွန်ဘီလမ်းညွှန်စာအုပ် ထဲတွင် ပါဝင်သော ဇွန်ဘီများအားလုံးမှာ အထူးဇွန်ဘီများ ဖြစ်သည်။
သို့သော် အထူးဇွန်ဘီများကြားတွင် ကွဲပြားမှုများ ရှိသည်။ ဥပမာအားဖြင့် ဝမ်ထောင် အရင်က တွေ့ခဲ့ဖူးသော အော်ဟစ်ဇွန်ဘီများ၊ နောက်ယောင်ခံလိုက်သူများ နှင့် အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ များမှာလည်း အထူးဇွန်ဘီများ ဖြစ်သော်လည်း သွေးပမာဏ မများဘဲ စွမ်းရည်မှာလည်း အားမကောင်းသဖြင့် ဖြေရှင်းရန် လွယ်ကူသည်။
သို့သော် ဘာဆာကာသွေးဆာဇွန်ဘီ၊ ပေါက်ကွဲဇွန်ဘီ နှင့် အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ ကဲ့သို့သော ဇွန်ဘီများမှာမူ ဖြေရှင်းရန် ပို၍ ခက်ခဲသည်။ ၎င်းတို့တွင် သွေးပမာဏ ပိုများပြီး စွမ်းရည်များမှာ ပို၍ အားကောင်းသည်။
နောက်ထပ် အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။
အားမကောင်းသော အထူးဇွန်ဘီများသည် သေဆုံးပါက အမြုတေများကို မချပေးချေ။ သူတို့ကို သတ်ဖြတ်ပါက ဆေးရည်အချို့ကိုသာ ရရန် အလားအလာ များသည်။
သို့သော် အားကောင်းသော အထူးဇွန်ဘီများ သေဆုံးပါက ဇွန်ဘီအမြုတေများရနိုင်၏။ ဝမ်ထောင်ကသာ သူတို့ကို သတ်ဖြတ်ပါက ဆေးရည်များသာမက ထုတ်လုပ်မှုပုံကြမ်းများကိုပါ ရနိုင်သည်။
ထို့ကြောင့် ယခုအခါ ဝမ်ထောင်အပါအဝင် လူတိုင်းသည် ဇွန်ဘီအမြုတေရနိုင်သော ဇွန်ဘီများကိုသာ "အထူးဇွန်ဘီ" ဟု ခေါ်ဆိုပြီး မစွန့်ပစ်နိုင်သော အခြားဇွန်ဘီများကိုမူ "သာမန်ဇွန်ဘီများ" ဟုသာ ခေါ်ဆိုကြသည်။
အပြင်ဘက်ရှိ အော်ဟစ်ဇွန်ဘီမှာ ဇွန်ဘီအမြုတေရနိုင်သော အထူးဇွန်ဘီ ဖြစ်၏။
၄င်းတို့တွင် အမြုတေ ရှိ၊ မရှိ ဝမ်ထောင် မခန့်မှန်းနိုင်သော်လည်း ဟန်ရွှေ က ခန့်မှန်းနိုင်လေသည်။ဟန်ရွှေ၏ အာရုံခံစွမ်းရည်သည် သာမန်လူများ၊ စွမ်းရည်ရှင်များ၊ သာမန်ဇွန်ဘီများ နှင့် အထူးဇွန်ဘီများကို ခွဲခြားနိုင်၏။
သူမ ရှင်းလင်းစွာ အာရုံခံနိုင်ခြင်းမှာ သူမ၏ အာရုံခံနိုင်စွမ်းတွင် "မီးခိုးရောင် လူပုံသဏ္ဌာန်" ကို မြင်ရသောကြောင့်ဖြစ်သည်။ လူနှင့် ဇွန်ဘီကို ဤနည်းဖြင့် ခွဲခြားသည်။
လူပုံစံနှင့် ဇွန်ဘီပုံစံတို့မှာ မတူညီပေ။ ဇွန်ဘီတစ်ကောင်၏ ခန္ဓာကိုယ်မှာ လိမ်ကောက်နေပြီး ယေဘုယျအားဖြင့် ထူးဆန်းသော လှုပ်ရှားမှုများ ပြုလုပ်သည်။ အချို့ဇွန်ဘီများတွင် ကိုယ်အင်္ဂါ မသန်စွမ်းမှုများ သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ချို့ယွင်းနေတတ်သည်။ ထို့ကြောင့် အလွန် အဆင်မပြေသော သို့မဟုတ် ပုံမှန်မဟုတ်သော ပုံသဏ္ဌာန်ကို မြင်သရွေ့ ဇွန်ဘီဖြစ်ရန် အလားအလာ များသည်။
သို့သော် ဤခွဲခြားမှုမှာ (၁၀၀%) တိကျခြင်း တော့ မဟုတ်ပေ ၊ ဝမ်ထောင်၏ သွေးဘားတန်း အရောင်ကို ကြည့်ခြင်းနည်းလမ်းမှာ (၁၀၀%) တိကျသည် ၊ သို့သော် ဟန်ရွှေ၏ စွမ်းရည်က အလွန်အသုံးဝင်လေသည်။ အကြောင်းမှာ သူမ၏စွမ်းရည်ကို ရေဒါကဲ့သို့ အသုံးပြုသောကြောင့်ပင်။
ဟန်ရွှေသည် စွမ်းရည်ရှင်များ နှင့် အထူးဇွန်ဘီများကို အရောင်ဖြင့် ခွဲခြားသည်။
အကယ်၍ စွမ်းအင်ရှိသူ ဖြစ်ပါက ထိုအရိပ်တွင် အပြာရောင်အချို့ ပါဝင်လိမ့်မည်။ စွမ်းအင် ပိုများလေ၊ အပြာရောင် ပိုအားကောင်းလေ ဖြစ်သည်။ စွမ်းအင် မရှိလျှင်မူ မီးခိုးရောင်သာ ဖြစ်သည်။
ထို့ကြောင့် သူမ၏ လက်ရှိ အမြင်မှာ ဤကဲ့သို့ဖြစ်သည် ။ မှောင်မိုက်နေသော ကမ္ဘာကြီးထဲတွင် မီးခိုးရောင်၊ လိမ်ကောက်နေသော လူပုံသဏ္ဌာန်အချို့ ပေါ်လာပြီး ထိုလိမ်ကောက်နေသော ပုံသဏ္ဌာန်များထဲတွင် သုံးခုမှာ အပြာရောင် အနည်းငယ် ပါဝင်နေသည်။
ထိုဇွန်ဘီသုံးကောင်မှာ ဇွန်ဘီအမြုတေ ပါရှိသော အထူးဇွန်ဘီများ ဖြစ်ကြသည် ။ ပေါက်ကွဲဇွန်ဘီ နှစ်ကောင် နှင့် အော်ဟစ်ဇွန်ဘီ တစ်ကောင်။
ဝမ်ထောင်ကို အံ့အားသင့်စေသည်မှာ ဤဇွန်ဘီများသည် လူများကဲ့သို့ မိမိကိုယ်ကို တိုးတက်စေရုံသာမက ဇွန်ဘီအမြုတေ မပါရှိသော ဇွန်ဘီများမှ ဇွန်ဘီအမြုတေ ပါရှိသော ဇွန်ဘီများအဖြစ်ပင် ပြောင်းလဲလာနိုင်၏။
၎င်းမှာ သာမန်လူများမှ စွမ်းရည်ရှင်များအဖြစ် ပြောင်းလဲလာသော လူများနှင့် တူညီနေလေသည်။
ဝမ်ထောင် စိတ်လေးသွားမိသည်။ ကမ္ဘာပေါ်တွင် ဇွန်ဘီများ အလွန်များပြား၏။ နောင်တွင် ဇွန်ဘီအများစုက ဆင့်ကဲပြောင်းလဲလာလျှင် သူတို့ကဲ့သို့ အသက်ရှင်ကျန်ရစ်သူများ မည်သို့ တိုက်ခိုက်ကြမည်နည်း...
"အော်ဟစ်ဇွန်ဘီ ဆိုတာ ဘာလဲ"
ဟန်ရွှေနှင့် သူမဘေးမှ လီချို့ယွီတို့ နှစ်ဦးစလုံးက အပြင်သို့အကဲခတ်ရင်း မေးလိုက်သည်။
သူမတို့၏ မေးမြန်းသံ ကြားသောအခါမှ ဝမ်ထောင် သတိပြန်ဝင်လာသည်။ သူက အိတ်ထဲမှ ယနေ့ လေကြောင်းသေတ္တာထဲမှ ရရှိခဲ့သော ဇွန်ဘီလမ်းညွှန်စာအုပ်ကို ရှာလိုက်၏။
သူသည် ထိုအချိန်က တစ်ချက်သာ ကြည့်ခဲ့ပြီး လမ်းညွှန်စာအုပ်ထဲတွင် ဇွန်ဘီအမျိုးအစား အနည်းငယ် ပိုများလာကြောင်း သိသော်လည်း မည်မျှ ပိုများသနည်း သို့မဟုတ် ၎င်းတို့၏ ဝိသေသလက္ခဏာများမှာ မည်သို့ရှိသနည်းကို သူ မသိရှိခဲ့ပေ။
ထို့ကြောင့် သူသည် လမ်းညွှန်စာအုပ်ကို ဖွင့်ကာ ဟန်ရွှေနှင့် လီချို့ယွီကို သူနှင့်အတူ ကြည့်ရန် ဖိတ်ခေါ်လိုက်သည်။
ဟန်ရွှေသည် ဤအရာကို အရင်က မမြင်ဖူးပေ။ အတွင်းထဲမှ အကြောင်းအရာများကို ကြည့်ရင်း သူမ၏ မျက်လုံးများ တစ်ခါတစ်ရံ ပြူးကျယ်သွားသည်။ ဇွန်ဘီအမျိုးအစားများ ဤမျှ များပြားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ၎င်းတို့မှာ စစ်တပ်က ရှာဖွေတွေ့ရှိခဲ့သမျှသာ ဖြစ်ပြီး သူတို့ မတွေ့ရှိသေးသော အမျိုးအစား မည်မျှထပ်ရှိဦးမည်နည်း။
သူမ အော်ဟစ်ဇွန်ဘီကို မြင်သောအခါ ပါးစပ်ဟသွားပြီး အမူအရာမှာ ချက်ချင်းပင် အားမလိုအားမရ ဖြစ်သွားသည်။
"ဒီအော်ဟစ်ဇွန်ဘီက တကယ်တော့ ပေါက်ကွဲဇွန်ဘီနဲ့ တူတာပဲ၊ သူတို့နှစ်မျိုးစလုံးက ဇွန်ဘီအများအပြားကို ဆွဲဆောင်နိုင်တယ်... ဒါ အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ် ၊ အနည်းဆုံးတော့ ပေါက်ကွဲဇွန်ဘီက သူ့ကိုယ်ကိုဖျက်ဆီးပစ်သေးတယ် ၊ ပေါက်ကွဲဇွန်ဘီတစ်ကောင်က ဇွန်ဘီတွေကို တစ်ခါပဲ ဆွဲဆောင်နိုင်တယ်၊ ဒါပေမဲ့ ဒီအော်ဟစ်ဇွန်ဘီကတော့ ဆက်တိုက်အော်နေနိုင်တဲ့ပုံပဲ..."
ဟန်ရွှေ၏ မျက်နှာမှာ ရုတ်တရက် ခါးသီးသွားသည်။
အပြင်ဘက်တွင် ထိုသို့သော ဇွန်ဘီသုံးကောင် ရှိနေသဖြင့် သူတို့ မည်သို့ ထွက်ခွာကြမည်နည်း။
လီချို့ယွီမှာ အော်ဟစ်ဇွန်ဘီ နှင့် အခြားအထူးဇွန်ဘီများအကြောင်း လမ်းညွှန်စာအုပ်ထဲတွင် ဖတ်ပြီးနောက် ကြောက်ရွံ့မှုများ ခံစားလိုက်ရသည်။
"အပြင်မှာ ဒီလောက်တောင် အန္တရာယ်များနေတာလား..."
ဝမ်ထောင်သည် ဇွန်ဘီ ဖော်ပြချက်များကို ခေတ္တကျော်ဖြတ်ပြီး အောက်တွင် ရေးသားထားသော စာသားကို တိုက်ရိုက် ကြည့်လိုက်သည်။
စစ်တပ်သည် ဤတစ်ကြိမ်တွင် သူတို့၏ အခြေစိုက်စခန်းအကြောင်း ဘာမှ မပြောဘဲ ဇွန်ဘီအမျိုးအစားများကို ထပ်မံခွဲခြားထားခြင်းကိုသာ ဖော်ပြထားသည်။
သူတို့သည် လက်ရှိတွင် ဇွန်ဘီများကို သုံးဆင့် ခွဲခြားထားသည် ၊ သာမန်အဆင့်၊ ထူးကဲအဆင့် နှင့် ဘုရင်အဆင့်။
သာမန်ဇွန်ဘီများမှာ အတွေ့ရအများဆုံးဖြစ်ပြီး ဇွန်ဘီအုပ်စုတွင် အားအနည်းဆုံး ဖြစ်သည်။
ထူးကဲဇွန်ဘီများမှာ သာမန်ဇွန်ဘီများနှင့် သိသိသာသာ ကွဲပြားသည်။ ၎င်းတို့တွင် ယေဘုယျအားဖြင့် ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိသည်။ ပို၍ အရေးကြီးသည်မှာ ဇွန်ဘီအမြုတေများကို ချပေးခြင်းပင်။ ထို့ကြောင့် ထူးကဲဇွန်ဘီများဆိုသည်မှာ အမြုတေရှိသော အထူးဇွန်ဘီများကို ခေါ်ခြင်း ဖြစ်၏။
ယခင်က ဇွန်ဘီအမြုတေ မစွန့်ပစ်သော အထူးဇွန်ဘီများသည် အဆင့်တစ်ခုအထိ ကြီးထွားလာပြီးနောက် အမြုတေတို့ကို ထုတ်လုပ်နိုင်ကြလိမ့်မည်။
ဝမ်ထောင်သည် သွေးပမာဏ ရာဂဏန်းရှိသော အထူးဇွန်ဘီများကို အရင်က သတ်ခဲ့ဖူးသော်လည်း တစ်ကောင်မှ ဇွန်ဘီအမြုတေမရှိခဲ့ပေ။ အပြင်မှအော်ဟစ်ဇွန်ဘီတွင် သွေးပမာဏ (၁၀၀၀) ရှိသဖြင့် ဤဇွန်ဘီမျိုးသည် သွေးပမာဏ (၁၀၀၀) သို့ ရောက်ရှိလျှင် အမြုတေ ပါရှိနိုင်သည်ဟု ခန့်မှန်းလိုက်၏။
သို့သော် ၄င်းမှာ ဝမ်ထောင်၏ ခန့်မှန်းချက်သာ ဖြစ်သည်။ သူ နောက်ပိုင်းတွင် ပို၍ စောင့်ကြည့်ရန်လို၏။
တတိယအမျိုးအစားဖြစ်သော ဘုရင်အဆင့်ဇွန်ဘီ များအတွက်မူ စစ်တပ်က ၎င်းတို့တွင် နယ်မြေဆိုင်ရာ အသိရှိပြီး ထူးကဲဇွန်ဘီများ၏ ပိုမိုကောင်းမွန်သော ဗားရှင်း ဖြစ်သည်ဟု ဆိုသည်။ ကွဲပြားချက်မှာ ၎င်းတို့သည် သီးခြားနေရာတစ်ခုကို နယ်မြေအဖြစ် သတ်မှတ်ကာ ကင်းလှည့်လေ့ရှိသည်။ အချို့ဘုရင်အဆင့်ဇွန်ဘီများမှာ လက်အောက်ငယ်သားများပင် ရှိကြသော ဟူ၏။
ဘုရင်အဆင့်ဇွန်ဘီများမှာ စစ်တပ်က ယခုအချိန်ထိ ရှာဖွေတွေ့ရှိသမျှတွင် ကြောက်စ
ရာအကောင်းဆုံး ဇွန်ဘီများဖြစ်သည်။ သို့သော် ၎င်းတို့ အလွန်နည်းပါးပြီး အများအပြား မတွေ့ရှိသေးပေ။
အကယ်၍ ဘုရင်အဆင့်ဇွန်ဘီ တစ်ကောင်နှင့် တွေ့ဆုံပြီး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့လျှင် ထိုနေရာတွင် မနေရန် အကြံပြုသည်။ အတတ်နိုင်ဆုံး ဝေးဝေးသို့ ပြေးပါ၊ အကြောင်းမှာ ထိုနေရာသည် ဘုရင်အဆင့်ဇွန်ဘီ၏ နယ်မြေဖြစ်ဖွယ်ရှိပြီး ၎င်းသည် ပြန်ရောက်လာမှာ သေချာ၏။
အဆိုးဆုံးအခြေအနေမှာ အသက်ရှင်ကျန်ရစ်သူများ အခြေစိုက်စခန်းတစ်ခုဘေးတွင် ဘုရင်အဆင့်ဇွန်ဘီ ပေါ်လာခြင်းဖြစ်သည်။
အခြေစိုက်စခန်း တစ်ခုမှာ အလွယ်တကူ ပြေးလွှား၍ မရနိုင်ပေ။ ထို့ကြောင့် နည်းလမ်း နှစ်ခုသာ ရှိသည် ၊ အခြေစိုက်စခန်းကို စွန့်ပစ်ရန် သို့မဟုတ် ဘုရင်အဆင့်ဇွန်ဘီကို ဖြေရှင်းရန် ဖြစ်သည်။ မဟုတ်ပါက အမြဲတမ်း ပြဿနာများ ရှိနေလိမ့်မည်။
"နယ်မြေကို ကင်းလှည့်တာလား .."
ဝမ်ထောင်သည် ကုန်တိုက်အဟောင်း တွင် သူတွေ့ခဲ့သော ဂေါ်ရီလာဇွန်ဘီကြီးကို ရုတ်တရက် သတိရလိုက်သည်။ သူသည် ၎င်း၏ အပြုအမူမှာ နယ်မြေကို ကင်းလှည့်နေသကဲ့သို့ ခံစားရ၏။ ၎င်းသည် ကုန်တိုက်အဟောင်းသို့ အရင်က တစ်ခါ ရောက်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်လည်း ထပ်ရောက်လာသည်။ အရာအားလုံးကို ဖျက်ဆီးပြီးနောက် သာမန်ဇွန်ဘီ အများအပြားကိုပင် နင်းသတ်ခဲ့သေးသည်...
"ဂေါ်ရီလာဇွန်ဘီက တကယ်ပဲ ဘုရင်အဆင့်ဇွန်ဘီ ဖြစ်နေရင် ငါတို့ အဆိုးဆုံး အခြေအနေမှာ ရှိနေတာ မဟုတ်ဘူးလား..."
ဝမ်ထောင် ခေါင်းကိုက်သကဲ့သို့ ခံစားရသည်။
အကယ်၍ ဂေါ်ရီလာဇွန်ဘီက ရွှေကျဲအခြေစိုက်စခန်းကိုလည်း ၎င်း၏ နယ်မြေအတွင်း ရှိသည်ဟု ယူဆပါက ပြဿနာက အလွန်ကြီးမား သွားပေလိမ့်မည်။
"ငါ မြန်မြန် စွမ်းအားတိုးပြီး ဂေါ်ရီလာဇွန်ဘီကို သတ်ရမယ်"
ဝမ်ထောင် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဤဇွန်ဘီလမ်းညွှန်စာအုပ် ကို ဖတ်ရခြင်းက သူ့ကို ပြင်းထန်သော အရေးပေါ်စိတ်ကို ဖြစ်ပေါ်စေသည်။
မကြာမီ ဟန်ရွှေနှင့် လီချို့ယွီတို့လည်း ဖတ်ရှုပြီးသွားကြသည်။ဟန်ရွှေမှာမူ အဆင်ပြေ၏။ ဤဇွန်ဘီများက သူမကို အရေးပေါ်စိတ် ဖြစ်ပေါ်စေသော်လည်း သူမ ပိုမိုအားကောင်းလာလျှင် အသက်ရှင်ရန် အခွင့်အရေး ပိုများလာမည်ကို သူမ သိပါသည်။
သို့သော် လီချို့ယွီ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုအချို့ ရှိနေသည်။ အပြင်ဘက်တွင် ဤမျှ အန္တရာယ်များလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဗိုင်းရပ်စ် ကူးစက်မှု စဖြစ်ကတည်းက သူမ အပြင်မထွက်ဘဲ အိမ်မှာသာ နေခဲ့သည်။ အင်တာနက် ပြတ်တောက်သွားပြီးနောက် အပြင်လောကနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွား၏။ အပြင်တွင် သာမန်ဇွန်ဘီများသာ ရှိမည်ဟု သူမ ထင်ခဲ့သော်လည်း ဇွန်ဘီများ ဆင့်ကဲပြောင်းလဲလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ချို့ယွီ၊ ကျွန်မတို့နဲ့အတူ အခြေစိုက်စခန်းကို လိုက်ခဲ့ပါ။ အပြင်မှာ အရမ်း အန္တရာယ်များတယ်၊ ဒီမှာ နေလို့ မရဘူး"
ဟန်ရွှေက စည်းရုံးရန် အခွင့်အရေးကို အသုံးချလိုက်သည်။
"ကျွန်မ..."
လီချို့ယွီ စိတ်လှုပ်ရှားသွားပုံရသော်လည်း နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။
"မရဘူး၊ ကျွန်မ ရှောင်ရွှယ် ပြန်လာတာကို စောင့်ရမယ်..."
လီချို့ယွီ ဆက်လက်၍ ခေါင်းမာနေသည်ကို မြင်သောအခါ ဟန်ရွှေ ဒေါသထွက်သွားသည်။သို့သော် သူမ စကားမပြောခင် လီချို့ယွီ တိုးတိုးလေး ပြောသည်ကို ကြားလိုက်ရသည်။
"ကျွန်မ ခင်ပွန်းက သေသွားပြီ၊ မောင်လေး လည်းသေသွားပြီ၊ ကျွန်မ မိဘတွေ သေသွားပြီ၊ ယောက္ခမတွေလည်း သေသွားပြီ။ ကျွန်မမှာ ရှောင်ရွှယ် တစ်ယောက်ပဲ ကျန်တော့တယ်..."
"..."
ဟန်ရွှေ ပါးစပ်ဟသွားသော်လည်း မည်သို့ ပြောရမှန်း မသိတော့ပေ။
"သူတို့ သေသွားတယ်ဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ ၊ သူတို့ အသက်ရှင်နေနိုင်သေးတာပဲ"
ဝမ်ထောင် သူမကို နှစ်သိမ့်ချင်သည်။
သို့သော် လီချို့ယွီ ဝမ်ထောင်၏ စကားကို ကြားသောအခါ သူ့ကို မော့ကြည့်လာ၏။။ သူမ၏ အမူအရာမှာ တည်ငြိမ်သော်လည်း မျက်လုံးထဲတွင် နာကျင်မှုများ ပြည့်နှက်နေသည်။
"ဗိုင်းရပ်စ် စဖြစ်တဲ့နေ့က ကျွန်မ ခင်ပွန်း အပြင်မှာ ရှိနေတယ်။ ယောက္ခမတွေနဲ့ ကျွန်မ မိဘတွေလည်း ဒီမှာ မရှိကြဘူး၊ ဒါပေမဲ့ ရှောင်ရွှယ်ရဲ့ မွေးနေ့ ဖြစ်တဲ့အတွက် အကုန်လုံး ဒီကို လာဖို့ စီစဉ်ထားကြတာ။ သူတို့ လက်ဆောင်တွေ ဝယ်ပြီးသား။ ကျွန်မတို့ ဒီနေ့ ဘယ်လို ဂုဏ်ပြုကြမလဲဆိုတာ ဆွေးနွေးဖို့ ဗီဒီယိုခေါ်ဆိုမှု တစ်ခု စခဲ့တယ်။ ပြီးတော့..."
"ကျွန်မ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာ။ ကျွန်မ ခင်ပွန်းက ဇွန်ဘီ ဖြစ်သွားတဲ့ သူ့လက်အောက်ငယ်သားရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပြီး သေသွားတယ်။ အဝေးပြေးလမ်းပေါ်က ကျွန်မ ယောက္ခထီး ဇွန်ဘီ ဖြစ်သွားပြီး ယောက္ခမကို ကိုက်သတ်လိုက်တယ်။ ကျွန်မ မောင်လေးက သူနဲ့ စေ့စပ်ထားသူရဲ့ အကိုက်ခံရပြီး သေသွားတယ်။ ကျွန်မ ဇာတိမြို့က အိမ်နီးချင်းက ကျွန်မအိမ်ထဲ ဝင်လာပြီး ကျွန်မ မိဘတွေကို ကိုက်သတ်လိုက်တယ်... အဲဒါတွေအားလုံးကို ဗီဒီယိုထဲမှာ ကျွန်မ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာ၊ ကျွန်မ မျက်စိနဲ့ကို မြင်ခဲ့ရတာပါရှင်.."
ကြည်လင်သော မျက်ရည်စက်နှစ်စက် လီချို့ယွီ၏ ပါးပြင်ပေါ်မှ တိတ်တဆိတ် စီးကျလာသည်။
"ရှောင်ရွှယ် တစ်ယောက်ပဲ ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ပထမဆုံး ဇွန်ဘီ တိုက်ခိုက်မှုတွေကို လွတ်မြောက်ခဲ့တာ။ သူက ကျွန်မကို နေရာအနှံ့ မပြေးလွှားဘဲ အိမ်မှာ စောင့်နေဖို့ ပြောခဲ့တာ..."
"အစ်မ ချို့ယွီ..."
ဟန်ရွှေ၏ မျက်လုံးများ နီရဲလာပြီး လီချို့ယွီ၏ မျက်ရည်များကို အမြန် သုတ်ပေးလိုက်သည်။ သူမ၏ မိဘများလည်း သေဆုံးသွားခဲ့သော်လည်း အနည်းဆုံးတော့ ထိုကဲ့သို့ သွေးပျက်ဖွယ် မြင်ကွင်းများကို သူမ မမြင်ခဲ့ရပေ။ အမျိုးသမီးတစ်ဦးအတွက် ဤအရာအားလုံးကို မြင်တွေ့ရခြင်းမှာ လီချို့ယွီအတွက် အလွန် ရက်စက်လွန်းသည်။
ဟန်ရွှေ သူမအတွက် အလွန် စိတ်မကောင်း ဖြစ်မိ၏။ သူမကိုယ်တိုင်လည်း အဆင်မပြေ ဖြစ်နေသော်လည်း လီချို့ယွီအဖြစ်က ပို၍ရင်နာစရာကောင်းနေသည်။
ဝမ်ထောင် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ရက်စက်သော်လည်း ပြောစရာ မရှိပေ၊ ၎င်းမှာ ကပ်ဘေးပင်ဖြစ်သည်။
"ဒါကြောင့် ကျွန်မကို စည်းရုံးဖို့ မကြိုးစားပါနဲ့။ ကျွန်မ ရှောင်ရွှယ် ပြန်လာတာကို စောင့်ဖို့ အိမ်မှာပဲ နေမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူ့ကို ကတိပေးထားတယ်..."
လီချို့ယွီ၏ အကြည့်မှာ အလွန် ပြတ်သားလှသည်။
ပြောရလျှင် သူမ၏သမီး ပြန်လာတာကို စောင့်နေသည်ထက် သေခြင်းကို စောင့်နေသည်နှင့် ပိုတူ၏။ဝမ်ထောင်နှင့် ဟန်ရွှေတို့ သူမကို နောက်ထပ် မစည်းရုံးတော့ပေ။
အချို့လူများမှာ အသက်ရှင်လျက်ရှိသော်လည်း ၎င်းတို့မှာ သေဆုံးနေပြီဖြစ်သည်။ သူတို့၏ နှလုံးသားများမှာ သေဆုံးသွားပြီ မဟုတ်ပါလား။
လီချို့ယွီ စကားပြောရန် စိတ်မပါတော့ပေ။ သူမ ဘားကောင်တာတွင် တစ်ယောက်တည်း ထိုင်ကာ ဝိုင်နီ တစ်ဝက်ကို ထုတ်၍ တစ်ခွက် ငှဲ့သောက်လိုက်သည်။
ဝမ်ထောင်ကတော့ စိတ်ခံစားမှုအတွက် အချိန် မရှိပေ။ သူသည် အပြင်ဘက်ရှိ ဇွန်ဘီများကို ကြည့်ကာ ၎င်းတို့ကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေရသည်။
သို့သော် ယခုအချိန်တွင် မှောင်နေပြီဖြစ်၍ သူတို့ ယနေ့ မထွက်ခွာနိုင်တော့ပေ။ဝိုင်တစ်ခွက် သောက်ပြီးနောက် လီချို့ယွီက ဝမ်ထောင်နှင့် ဟန်ရွှေကို မေးသည်။
"ရှင်တို့ ဒီနေ့ မထွက်ခွာနိုင်တော့ဘူး မဟုတ်လား ၊ ကျွန်မအိမ်မှာပဲ နားမလား"
"အဲဒါဆို အများကြီး ကျေးဇူးတင်ပါတယ်"
ဟန်ရွှေ အမြန် ပြောလိုက်သည်။
"ရပါတယ်"
လီချို့ယွီ ပြုံးပြီးနောက် ပြောသည်။
"ကျွန်မ ခင်ဗျားတို့အတွက် အခန်း ဘယ်နှစ်ခန်း ပြင်ဆင်ပေးရမလဲ ၊ ကျွန်မ နည်းနည်း သန့်ရှင်းရေး သွားလုပ်လိုက်ဦးမယ်။ ကျွန်မအခန်းကလွဲရင် ကျန်တဲ့အခန်းတွေကို သန့်ရှင်းရေး မလုပ်တာ ကြာပြီ"
"နှစ်ခန်းဆို..."
ဟန်ရွှေ စကားပြောခါနီး ဝမ်ထောင်က ဖြတ်ပြောလိုက်သည်။
"တစ်ခန်းဆိုရင် ရပါပြီ၊ အစ်မလည်း အလုပ်မရှုပ်တော့ဘူးပေါ့"
ထို့နောက် ဝမ်ထောင်သည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသော ဟန်ရွှေ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောသည်။
"အိမ်နဲ့ ဝေးတဲ့နေရာမှာ သတိကို လျှော့လို့ မရဘူး။ အခန်းတစ်ခုတည်းမှာ နှစ်ယောက်နေရင် တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်လို့ရတယ်။ ဒီအမျိုးသမီးက ငါတို့ကို တစ်ခုခု ကြံစည်နေပြီး ငါကသူ့ကို မနိုင်ရင် ဘယ်လိုလုပ်မလဲ"
"..."
လီချို့ယွီက ချက်ချင်းထွက်မသွားဘဲ ခေါင်းစောင်းကာ ဟန်ရွှေကို ကြည့်လိုက်သည်။သူ
တို့နှစ်ဦးက မည်သို့ဆက်ဆံရေးရှိနေလဲ သူမ မသိပါ။
ဟန်ရွှေက အနေခက်သလို ခေါင်းငုံ့လိုက်ပြီ းသူမ၏ နားရွက်ဖျားလေးများမှာ နီရဲလာသည်။
"ဒါဆို... ဒါဆို တစ်ခန်းပဲ..."
"ကောင်းပါပြီ"
လီချို့ယွီ အခန်းသန့်ရှင်းရေးလုပ်ရန်
ထွက်သွားရာ ဝမ်ထောင်နှင့် ဟန်ရွှေသာ ကျန်ခဲ့၏။
"ဒါကို အရင် သဘောတူထားကြရအောင်။ ဒီည၊ ကျွန်မတို့ တစ်ဖက်စီ အိပ်မယ်"
ဟန်ရွှေ မျက်နှာနီရဲလျက် သူစိမ်းဆန်စွာ ပြောလိုက်သည်။ထိုစကားကို ကြားသောအခါ ဝမ်ထောင်က ဟန်ရွှေကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။
"ဒါက သဘာဝပဲလေ ၊ ဒါကို သင်ပေးနေဖို့ လိုသေးလို့လား ၊ဒါမှမဟုတ် မင်းက ငါ့အပေါ် မဟုတ်တဲ့အတွေးတွေ ရှိနေတာလား"
"..."
ဝမ်ထောင်၏ စကားမှာ ရှက်စရာကောင်းလွန်းလှသည်။ ဟန်ရွှေက တမင်စနေသော သူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်ကာ ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး ဇွန်ဘီများကို စောင့်ကြည့်လိုက်သည်။
ဟန်ရွှေကို အနည်းငယ် စနောက်ပြီးနောက် ဝမ်ထောင်သည် စင်းတီတုံး တစ်ခုကို ရှာကာ နံရံတွင် ရိုက်ကပ်လိုက်သည်။ ထို့နောက် သူ၏ လေးနှင့် မြားတံများကို ထုတ်၍ လေ့ကျင့်နေလိုက်သည်။
သူသည် အရင်က ဗီလာ (၃) မှ လေး သုံး
လက်နှင့် ဒူးလေး တစ်လက် ရရှိခဲ့သည်။
ဒူးလေးကို ဟန်ရွှေအား ပေးလိုက်ပြီး လေးနှစ်လက်ကို ကားထဲတွင် ထားခဲ့သော်လည်း သူ့လက်ထဲတွင် လေးတစ်လက် ရှိနေဆဲဖြစ်သည်။ လေးသမားဇွန်ဘီ ချပေးခဲ့သော ရီကပ်လေးကတော့ ကျောပိုးအိပ်ထဲတွင်ရှိ၏ ။ ယခုအချိန်တွင် ထုတ်ရန် မလိုပေ၊ သူ့လက်ထဲတွင် ရှိသော လေးဖြင့် လေ့ကျင့်ရုံဖြင့် အဆင်ပြေ၏။
မကြာမီ လီချို့ယွီ ပြန်ရောက်လာပြီး အခန်း သန့်ရှင်းရေး ပြီးသွားပြီဟု ပြောသည်။ အခန်းထဲတွင် ရေရှိသော်လည်း လျှပ်စစ်မီး မရှိပေ။ သူတို့ ရေချိုးလိုလျှင် အပြင်ဘက်တွင် အလင်းရောင် ရှိနေသေးချိန် အမြန်လုပ်သင့်သည်။
ဝမ်ထောင် ဟန်ရွှေကို တစ်ချက် ကြည့်လိုက်ရာ သူမ မသိစိတ်ကပင် ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။
"ရှင် အရင်သွားလိုက်"
"အင်း"
ဝမ်ထောင် ရေချိုးပြီးနောက်မှ ဟန်ရွှေ
သည် ရေချိုးခန်းဆီသို့ နှေးကွေးစွာ သွားလိုက်သည်။
ဟန်ရွှေ အဝတ်အစား အပြည့်အစုံဖြင့် ထွက်လာသောအခါ ဝမ်ထောင်မှာ အပေါ်အင်္ကျီမပါဘဲ အိပ်ရာကြီးပေါ်တွင် မျက်လုံးမှိတ်လျက် လှဲနေသည်ကို မြင်လိုက်ရသည်။ သူ အိပ်ပျော်နေသလားဆိုသည်ကို မသိပေ။
အိပ်ခန်းမှာ အလွန်ကြီးမားပြီး လသာဆောင်တွင် ဆိုဖာတစ်ခု ရှိသည်။ဟန်ရွှေ တိတ်တဆိတ် ဆိုဖာဆီသို့ သွားကာ ဝမ်ထောင်ကို သတိထားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဝမ်ထောင် လှုပ်ရှားမှု မရှိသည်ကို အတည်ပြုပြီးနောက် သူမ သက်ပြင်းချလိုက်၏။
သို့သော် သူမ အဘယ်ကြောင့် စိတ်ပျက်သွားသလို ခံစားမိရသနည်း။
နောက်တစ်နေ့၊ မနက်စောစော...
"ဝမ်ထောင်၊ ရှင် ကျွန်မဆံပင်ပေါ်ကို ဖိထားတယ်...လေးလိုက်တာ "
————————