← Chapters

အခန်း ၁၃၈

Vol. 13 Ch. 138

အခန်း ၁၃၈

Vol. 13 Ch. 138

အခန်း(၁၃၈) သွေးပမာဏ ၁၅,၀၀၀ ရှိသော ဇွန်ဘီ

နှစ်ရက်ကြာပြီးနောက် ဝေကျန့်ကော်နှင့် အခြားသူများမှာလည်း အခြေခံအားဖြင့် ပြန်လည်သက်သာလာကြသဖြင့် ဝမ်ထောင်သည် သူတို့ကို ပထမဆေးရုံသို့ ခေါ်လာခဲ့၏။

ခေါင်းစွပ်ဇွန်ဘီကို ရှင်းလင်းပြီးဖြစ်သောကြောင့် ဆေးရုံအတွင်းမှ ဇွန်ဘီများကို အပြင်သို့ မျှားခေါ်ရာတွင် ပို၍စိတ်အေးရသည်။

သို့သော် ၎င်းတို့အနေဖြင့် အလွန်အကျွံ မဆင်မခြင်တော့ မလုပ်ရဲကြချေ။ ဆေးရုံအတွင်း၌ ရူးသွပ်ဇွန်ဘီများစွာ ရှိနေသေးသည့်အပြင် ဒုတိယအဆင့်ဇွန်ဘီများလည်း ရှိနေနိုင်သောကြောင့် ဖြစ်သည်။ အဖွဲ့သည် ဆေးရုံသို့ ရောက်ရှိသောအခါ ဆေးရုံဝင်းအတွင်း၌ ဇွန်ဘီတစ်ကောင်မျှ မရှိသည်ကို တွေ့လိုက်ရ၏။

"ဒီထဲမှာ ဇွန်ဘီတွေ ရှိတာရော သေချာလို့လား"

ပျက်စီးယိုယွင်းနေသော လူနေတိုက်ခန်းတစ်လုံး၏ အမိုးပေါ်တွင် ရှန့်ဟုန်ပင်းသည် ဆေးရုံကို သံသယအချို့ဖြင့် ကြည့်ရှုနေသည်။

"ရှိတာပေါ့။ ခဏလေးပဲ စောင့်..."

ဝမ်ထောင်သည် အဝေးထိန်းအသံချဲ့စက်ကို သွားရောက်တပ်ဆင်လိုက်၏။ ဤအရာသည် အမှန်တကယ်ပင် အသုံးဝင်လှသည်။

ရှိပြီးသား အသံချဲ့စက်များအားလုံးမှာ ခေါင်းစွပ်ဇွန်ဘီ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် ယခုတစ်ခုမှာ လျှိုဟဲက သူ့အတွက် အသစ်ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

တပ်ဆင်ပြီးနောက် ဝမ်ထောင်သည် လူနေတိုက်ခန်း၏ အမိုးပေါ်သို့ ပြန်လာပြီး အဝေးထိန်းခလုတ်ကို နှိပ်လိုက်၏။

ခဏအကြာတွင် ဆေးရုံအတွင်း၌ ဆူပူအုံကြွမှုတစ်ခု ဖြစ်ပွားသွားပြီး မရေတွက်နိုင်သော ရူးသွပ်ဇွန်ဘီများသည် ပြင်ပလူနာဌာနအဆောက်အအုံ၏ ဒုတိယထပ် ပြတင်းပေါက်များမှတစ်ဆင့် တွားသွား

ကာထွက်လာကြပြီး အသံချဲ့စက်ရှိရာ နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

အထူးဇွန်ဘီအချို့သည်လည်း အတွင်းလူနာဌာနမှ ထွက်ပေါ်လာပြီး ရူးသွပ်ဇွန်ဘီများနောက်သို့ လိုက်လာကြ၏။

"တကယ်ကြီး ထွက်လာကြတာပဲ"

အထူးဇွန်ဘီများကို မြင်လိုက်ရသဖြင့် ရှန့်ဟုန်ပင်းသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ထိုအရာများအားလုံးမှာ လမ်းလျှောက်နေသော အမြုတေများပင် မဟုတ်ပါလား။

အထူးဇွန်ဘီအချို့ ရောက်ရှိလာသည်ကို မြင်ပြီးနောက် ဝမ်ထောင်သည် အခြေအနေကောင်းတုန်း ရပ်နားရန် ဆုံးဖြတ်ကာ အသံချဲ့စက်ကို ချက်ချင်း ပိတ်လိုက်သည်။

ဆူညံသံမရှိတော့သဖြင့် ပြေးလွှားနေ

သော ရူးသွပ်ဇွန်ဘီများသည် ပစ်မှတ်ကို ချက်ချင်း ဆုံးရှုံးသွားကြ၏။ အချို့မှာ ဦးတည်ချက်မရှိဘဲ ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး အချို့မှာ နောက်ကြောင်းပြန်လှည့်သွားကြကာ အချို့မှာမူ လူနေတိုက်ခန်း၏ အောက်ခြေသို့ ရောက်ရှိလာကြသည်။

ယခုတစ်ကြိမ်တွင် အသံချဲ့စက်ကို အချိန်အကြာကြီး မဖွင့်ထားသဖြင့် ဇွန်ဘီအမြောက်အမြား ဆွဲဆောင်ခြင်း မခံရချေ။ ထို့ကြောင့် ဝမ်ထောင်နှင့် အခြားသူများသည် အောက်ထပ်သို့ ဆင်းသွားပြီး ရောက်လာသော ရူးသွပ်ဇွန်ဘီများကို ရှင်းလင်းလိုက်ကြသည်။

ထို့နောက် လူတိုင်းသည် အထူးဇွန်ဘီများကို စတင်အမဲလိုက်ကြ၏။

ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ဝင်ရောက်မပူးပေါင်းဘဲ ၎င်းတို့နှစ်ယောက်စလုံးမှာ အမိုးပေါ်၌ ဝပ်ကာ ဆေးရုံဆီသို့ ကြည့်ရှုနေကြသည်။

ဝမ်ထောင်က တိုးတိုးကပ်၍ ပြောလိုက်၏။

"ဒီဆေးရုံထဲမှာ ဒုတိယအဆင့်ဇွန်ဘီတွေ ရှိနေမယ်လို့ မင်းထင်လား"

"ရှိနိုင်တာပဲ..."

ဟန်ရွှေလည်း အနည်းငယ် မသေမချာ ဖြစ်နေသည်။

ဒုတိယအဆင့်ဇွန်ဘီများမှာ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်၏။ လက်ရှိအချိန်အထိ ရုတ်တရက် မျိုးဗီဇပြောင်းလဲသွားသော ရှောက်ယုံအပါအဝင် သုံးကောင်ကိုသာ မြင်တွေ့ဖူးကြသေးသည်။

ထို့ကြောင့် ဆေးရုံအတွင်း၌ အထူးဇွန်ဘီများစွာ ရှိနေသော်လည်း ဒုတိယအဆင့်ဇွန်ဘီများ ရှိ၊ မရှိကိုမူ ဟန်ရွှေအနေဖြင့် မသေချာချေ။

"ငါတို့ အထဲဝင်ပြီး သွားကြည့်ရင် ဘယ်လိုလဲ"

ဝမ်ထောင်က ရုတ်တရက် ပြောလိုက်သည်။

အဆင့်တက်အမြုတေနှစ်ခုကို အသုံးပြုပြီးနောက် ဝမ်ထောင်၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့၏။ သူသည် အတွင်းလူနာဌာနကို စူးစမ်းလေ့လာရန်အတွက် ခွန်အားလုံလောက်မှု ရှိနိုင်သည်ဟု ခံစားနေရသည်။

ထိုသို့ထင်ခြင်းမှာ သူ ဘဝင်မြင့်နေခြင်းကြောင့် မဟုတ်ဘဲ ဒုတိယအဆင့် ဇွန်ဘီအမြုတေများကို အမှန်တကယ် လိုအပ်နေသောကြောင့် ဖြစ်၏။

အကယ်၍ သူသည် ဒုတိယအဆင့်သို့ မရောက်ရှိပါက ဂေါ်ရီလာဇွန်ဘီကို တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် စွန့်စားမှုအချို့ကို ပြုလုပ်ရပေလိမ့်မည်။

"ကောင်းပြီလေ"

ဟန်ရွှေကလည်း ငြင်းဆန်ခြင်း မပြုပါ။ သူမသည်လည်း အတွင်းလူနာဌာန၏ အတွင်းပိုင်း အခြေအနေကို အလွန်ပင် သိရှိလိုနေသည်။ ယခုအခါ ဝမ်ထောင်၏ စွမ်းအားမှာ များစွာတိုးတက်လာပြီဖြစ်ရာ စုံစမ်းစစ်ဆေးရန် ခွန်အားရှိသင့်ပြီ ဖြစ်၏။

"သွားကြစို့။ ရူးသွပ်ဇွန်ဘီအများကြီးကို သွားပြီး မနှိုးဆွသရွေ့တော့ ပြဿနာအကြီးအကျယ် ရှိမှာမဟုတ်ပါဘူး..."

ဝမ်ထောင်သည် ဝေါကီတော်ကီမှတစ်ဆင့် ဝေကျန့်ကော်အား အခြေအနေကို ရှင်းပြလိုက်ပြီးနောက် သူနှင့် ဟန်ရွှေတို့သည် ဆေးရုံတံတိုင်းကို ကျော်ဖြတ်ကာ ဆေးရုံအတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြသည်။

လမ်းတွင် လမ်းပိတ်နေသော အထူးဇွန်ဘီနှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူတို့နှစ်ဦးသည် အတွင်းလူနာဌာန၏ အောက်ခြေသို့ ရောက်ရှိလာကြ၏။

ဂေါ်ရီလာဇွန်ဘီကြောင့် ပျက်စီးသွားသော အပေါက်ကြီးမှာ ရှိနေဆဲဖြစ်ပြီး အတွင်းပိုင်း၌ မှောင်မည်းနေကာ အခြေအနေကို မသိရှိနိုင်ချေ။

ဝမ်ထောင်သည် ထိုနေရာမှ မ၀င်

ဘဲ အဓိကဝင်ပေါက်မှတစ်ဆင့်သာ ဝင်ရောက်ခဲ့သည်။

အဓိကဝင်ပေါက်၏ အတွင်းပိုင်းမှာ ဗလာဖြစ်နေပြီး ဇွန်ဘီတစ်ကောင်မျှ မြင်ကွင်းထဲ၌ မရှိချေ။

အတွင်း၌ ဇွန်ဘီများ မရှိကြောင်း ဟန်ရွှေက အတည်ပြုပြီးနောက် ဝမ်ထောင်သည် ဟန်ရွှေကို လက်ဟန်ပြကာ ထပ်မံဝင်ရောက်ခဲ့သည်။

သူတို့နှစ်ယောက် အဓိကဝင်ပေါက်သို့ ဝင်ရောက်လိုက်သည်နှင့် ဝမ်ထောင်သည် ပုပ်စေဟောင်နေသောအနံ့နှင့် ပိုးသတ်ဆေးနံ့ ရောနှောနေသော စူးရှရှအနံ့ကို ရလိုက်၏။

သူ၏ခြေလှမ်းကို ချက်ချင်းရပ်တန့်လိုက်ပြီး ခေတ္တမျှ စောင့်ဆိုင်းကာ သူ၏ သွေးပမာဏ လျော့နည်းခြင်းမရှိကြောင်း အတည်ပြုပြီး

မှ အတွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့သည်။

အတွင်းလူနာဌာန၏ စင်္ကြံလမ်းများသည်အတော်ပင် ရှည်လျားလှပြီး နံရံများပေါ်၌ မည်းနက်နေသော သွေးကွက်များ နေရာအနှံ့ ရှိနေကာ စင်္ကြံလမ်း၏ အဆုံး၌ မှောင်မည်းနေသဖြင့် အလွန်ပင် ခြောက်ခြားဖွယ် ကောင်းလှ၏။

ဝမ်ထောင်သည် ပထမထပ်ကို အရင် စစ်ဆေးရန် စီစဉ်ထားပြီး အကယ်၍ အန္တရာယ်မရှိပါက ဒုတိယထပ်၊ တတိယထပ် စသည်ဖြင့် သွားရောက်ရန် ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး ပထမထပ်တစ်ခုလုံးကို စူးစမ်းလေ့လာပြီးသည်အထိ ဒုတိယအဆင့်ဇွန်ဘီကို

မပြောနှင့် ပထမအဆင့်ဇွန်ဘီ တစ်ကောင်မျှပင် မရှိချေ။

"ဇွန်ဘီတစ်ကောင်မှတောင် မရှိဘူးလား"

ဝမ်ထောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ဇွန်ဘီအားလုံး အပြင်သို့ မျှားခေါ်ခြင်း ခံလိုက်ရသည်လော။

သို့သော် အပြင်၌ ဇွန်ဘီအမြောက်အမြား မရှိဟု သူ ခံစားရသည်။ အနည်းဆုံးတော့ သူ ယခင်က မြင်တွေ့ခဲ့ရသလောက် မများချေ။ သူသည် ဆေးရုံမှ အထူးဇွန်ဘီအမြောက်အမြားကို အမဲလိုက်ခဲ့သော်လည်း ဤနေရာ၌ အတော်အတန် ကျန်ရှိနေရဦးမည် ဖြစ်၏။

"ဒုတိယထပ်မှာလည်း မရှိဘူး..."

ဟန်ရွှေက ထပ်ပြောသည်။

ဆေးရုံ၏ အထပ်အမြင့်များမှာ အတော်ပင် မြင့်မားလှသဖြင့် သူမ၏ စွမ်းရည်သည် အထပ်တစ်ခုကိုသာ ဖြတ်သန်းအာရုံခံနိုင်သည်။

ထို့နောက် နှစ်ဦးသည် တတိယထပ်သို့ ယတက်သွားကြ၏။ တတိယထပ်သည် ပထမထပ်နှင့် ဆင်တူပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ထို့အတူပင် ဇွန်ဘီတစ်ကောင်မျှ မရှိချေ။

စတုတ္ထထပ်တွင်လည်း မရှိချေ။

"ဒါ တကယ် ထူးဆန်းတာပဲ"

ဝမ်ထောင်သည် အနည်းငယ် ရှုပ်ထွေးသွား၏။ ဇွန်ဘီတစ်ကောင်မျှပင် တကယ်မကျန်တော့ခြင်းလော။

သူသည် မယုံကြည်နိုင်သဖြင့် အပေါ်ထပ်များသို့ ဆက်လက်တက်ရောက်ခဲ့ရာ အပေါ်ဆုံးထပ်ဖြစ်သော ၁၂ ထပ်မြောက်အထိ ရောက်ရှိသွားသော်လည်း ဇွန်ဘီတစ်ကောင်မျှ မရှိသေးချေ။

"ထားလိုက်တော့ အောက်ပြန်ဆင်းကြစို့"

ဝမ်ထောင်သည် အနည်းငယ် ရွေးချယ်စရာမရှိ ဖြစ်သွားရသည်။

ဤနေရာရှိ အထူးဇွန်ဘီများအားလုံးမှာ သူနှင့် ဟန်ရွှေတို့ သတ်၍ ကုန်သွားခြင်းများ

လား။

သို့မဟုတ် ယခင်အကြိမ်က ဂေါ်ရီလာဇွန်ဘီ ဝင်ရောက်လာစဉ်က အများအပြား သတ်ဖြတ်ခံလိုက်ရခြင်းလား။

နေပါဦး... ဂေါ်ရီလာဇွန်ဘီ။

ဝမ်ထောင်သည် ရုတ်တရက် မှင်တက်သွားပြီးနောက် ဟန်ရွှေကို ကြည့်ကာ ပြောလိုက်၏။

"ဂေါ်ရီလာဇွန်ဘီက အပေါ်ထပ်တွေကိုတော့ ဘယ်တုန်းကမှ မတက်ခဲ့ဘူးထင်တယ်နော်"

"ဟင်..."

ဟန်ရွှေသည် ဝမ်ထောင်၏ ဆိုလိုရင်းကို ခေတ္တမျှ နားမလည်ဘဲ ဗီဇအရ ပြန်လည်ဖြေလိုက်သည်။

"သူ အပေါ်မတက်လောက်ပါဘူး။ မဟုတ်ရင် သူ့ရဲ့ အရွယ်အစားနဲ့ဆို အပေါ်က အဆောက်အအုံတွေ အားလုံး ပျက်စီးကုန်မှာ သေချာတယ်..."

ဝမ်ထောင်က ခေါင်းညိတ်၏။

"ဒါပေမဲ့ ဂေါ်ရီလာဇွန်ဘီက အထဲဝင်ခဲ့တာပဲ။ သူ အထဲဝင်ခဲ့ပေမဲ့ အပေါ်မတက်ဘူး။ ပြီးတော့ ပထမထပ်မှာလည်း သူ့ရဲ့ လှုပ်ရှားမှု အရိပ်အယောင်တွေ ရှိမနေဘူး..."

ဟန်ရွှေ၏ မျက်လုံးများ လင်းလက်သွားသည်။

"ဒါဆို ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်။ ဂေါ်ရီလာဇွန်ဘီက မြေအောက်ကို ဆင်းသွားတာ။ ဒီမှာ မြေအောက်ခန်း ရှိတယ်"

"အတိအကျပဲ။ သွားပြီးတော့ ရှာကြည့်ကြစို့"

ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီအကြောင်းကို စဉ်းစားမိသောအခါ အသေးစိတ်အချက်တစ်ခုကို ရုတ်တရက် သတိရသွား၏။ ဂေါ်ရီလာဇွန်ဘီသည် အတွင်းလူနာဌာန၌ အပေါက်ကြီးတစ်ခုကို ရိုက်ခွဲခဲ့သော်လည်း အထဲတွင် အလွန်ပင် သပ်ရပ်နေပြီး ဂေါ်ရီလာဇွန်ဘီ နေထိုင်ခဲ့သည့် အရိပ်အယောင် မရှိချေ။

ထို့ကြောင့် ဂေါ်ရီလာဇွန်ဘီသည် အထဲသို့ ဝင်ရောက်ရန် အပေါက်ကြီးတစ်ခုကို ရိုက်ခွဲပြီးနောက် ပထမထပ်တွင် ခဏတဖြုတ်နေပြီးမှ ပြန်လည်ထွက်ခွာသွားခြင်းမျိုး မဖြစ်နိုင်ချေ။

သူ တစ်ခုခု ပြုလုပ်ခဲ့ရမည် ဖြစ်သည်။

သူ အပေါ်ထပ်သို့ မတက်ခဲ့သဖြင့် အောက်ထပ်သို့ ဆင်းသွားခဲ့ရန် ဖြစ်နိုင်ခြေ အလွန်ပင် မြင့်မားလှ၏။

နှစ်ဦးသားသည် အတွင်းလူနာဌာနသို့ ဝင်ရောက်စဉ်က အန္တရာယ်ကို ကြောက်ရွံ့သဖြင့် ဂေါ်ရီလာဇွန်ဘီ ရိုက်ခွဲခဲ့သော အပေါက်ကြီးကို ရည်ရွယ်ချက်ရှိရှိ ရှောင်ကွင်းခဲ့ကြသည်။ ဝင်ရောက်ပြီးနောက် အပေါက်ပတ်ပတ်လည်တွင် အပျက်အစီးများ စုပုံနေသောကြောင့် သူတို့သည် ထိုနေရာသို့ သွားရောက် မစစ်ဆေးခဲ့ကြချေ။

ယခု ပြန်စဉ်းစားကြည့်သောအခါ ဂေါ်ရီလာဇွန်ဘီသည် မြေအောက်ခန်းသို့ ဆင်းသွားခဲ့ပုံရသည်။ ဆေးရုံအများစုတွင် မြေအောက်ခန်းများ ရှိကြ၏။

သူတို့နှစ်ဦးသည် ပထမထပ်သို့ အမြန်ပြေးဆင်းလာပြီး ဂေါ်ရီလာဇွန်ဘီ ရိုက်ခွဲခဲ့သော အပေါက်ကြီးဆီသို့ ရောက်ရှိလာသည်။

အပေါက်ဝရှိ အပျက်အစီးများကို ကျော်ဖြတ်ပြီးနောက်မှာတော့ ၎င်းသည် အောက်သို့ လျှောဆင်းသွားသော ဝင်ပေါက်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ကြ၏။

"ဒါ တကယ် မြေအောက်ခန်းပဲ"

သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် ထိုနေရာမှ ဝင်ရောက်ခြင်း မပြုခဲ့ပါ။ ထိုအစား သူနှင့် ဟန်ရွှေတို့သည် အတွင်းလူနာဌာန၏ လှေကားများဆီသို့ သွားရောက်ခဲ့ကြသည်။

၎အပေါ်သို့ တက်ရန် အသုံးပြုခဲ့သော လှေကားများတွင် မြေအောက်ခန်းသို့ ဦးတည်သော လမ်းကြောင်းမရှိသော်လည်း အခြားလှေကားများတွင်မူ သေချာပေါက် ရှိလိမ့်မည် ဖြစ်၏။

ခေတ္တမျှ ရှာဖွေပြီးနောက် မြေအောက်ခန်းသို့ ဆင်းနိုင်သော လှေကားတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိခဲ့ကြသည်။

ဤဆေးရုံ၏ မြေအောက်ခန်းက သုံးထပ် ရှိ၏။

မြေအောက်ဒုတိယထပ်နှင့် တတိယမြောက်မြေအောက်ထပ်များကို လျှို့ဝှက်နံပါတ်သော့များဖြင့် သော့ခတ်ထားသဖြင့် အတင်အကျပ်အင်အားသုံးခြင်း မပြုပါက ဝမ်ထောင်အနေဖြင့် ၎င်းတို့ကို ဖွင့်နိုင်မည် မဟုတ်ချေ။ သို့သော် မြေအောက်ပထမထပ်မှာ သော့ခတ်မထားဘဲ တံခါးပွင့်နေသည်။

မြေအောက်ပထမထပ်သည် ကုန်လှောင်ရုံကြီးတစ်ခုနှင့် အနည်းငယ် ဆင်တူပြီး အတွင်း၌ မှောင်မည်းနေသော်လည်း အဝါရောင်အရေးပေါ်အာရုံခံမီးအချို့ လင်းလက်နေသဖြင့် အချို့အရာများကို မြင်တွေ့နိုင်ချေရှိသည်။

သူတို့၏ မျက်လုံးများ အမှောင်ထုနှင့် အနည်းငယ် အသားကျသွားပြီးနောက် ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် နီးကပ်စွာ

နေလျှက် သတိကြီးစွာ ဝင်ရောက်ခဲ့ကြ၏။

"ရှူး... အရမ်းအေးတာပဲ"

မြေအောက်ပထမထပ်သို့ ဝင်လိုက်သည့်

ခဏတွင် ဟန်ရွှေ တုန်လှုပ်သွားသည်။

အတွင်းရှိ အပူချိန်မှာ အလွန်ပင် နိမ့်ကျလှ၏။

ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိသည်။

မြေအောက်ခန်းများမှာ အတော်အတန် အေးမြတတ်သော်လည်း ယခုအခါ ဇွန်လဖြစ်ပြီး သူ ဝတ်ဆင်ထားသော ဝတ်စုံမှာ ထူထဲလှသော်လည်း အေးစိမ့်မှုကို အမှန်တကယ် ခံစားနေရသည်။

တစ်ခုခု မှားယွင်းနေပြီ။

မဟုတ်ဘူး ကြီးကြီးမားမားကို မှားယွင်းနေပြီ။

ယခုလို သဘာဝလွန်ဖြစ်ပျက်နေသောအခါ တစ်ခုခု ထူးဆန်းမှု ရှိနေရမည် ဖြစ်၏။

ဝမ်ထောင်က ချက်ချင်းပင် သတိပေးလိုက်သည်။

"မင်းရဲ့ အာရုံခံစွမ်းရည်ကို အမြဲတမ်း ဖွင့်ထားပြီး သတိထားပါ"

"ကောင်းပါပြီ"

ဝမ်ထောင်သည် ဟန်ရွှေကို ရှေ့မှ လျှောက်လှမ်းစေပြီး သူကမူ သူမ၏ နောက်တစ်လှမ်းအကွာမှ လိုက်ခဲ့သည်။ အကယ်၍ သူတို့ အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်ရပါက သူ အချိန်မီ တုံ့ပြန်နိုင်ရန် ဖြစ်၏။

ရုတ်တရက် ဟန်ရွှေသည် သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

သူမ၏ မျက်နှာမှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေပြီး ရှေ့သို့ လက်ညှိုးထိုးပြလိုက်၏။

"ဇွန်ဘီတွေ။ ဇွန်ဘီတွေ အများကြီးပဲ"

"မလန့်နဲ့။ ဖြည်းဖြည်းချင်းပဲ ရှေ့တိုးသွားကြစို့..."

ဝမ်ထောင်သည် လက်ကို ဆန့်ထုတ်ကာ ဟန်ရွှေ၏ ပုခုံးပေါ်သို့ ညင်သာစွာ တင်လိုက်၏။ သူတို့နှစ်ဦးသည် ဖြည်းဖြည်းချင်း ရှေ့သို့ တိုးသွားကြသည်။

"ဟိုမှာပဲ"

ဟန်ရွှေက နေရာတစ်ခုကို ညွှန်ပြလိုက်သဖြင့် ဝမ်ထောင်သည် သူမ ညွှန်ပြရာ အရပ်သို့ ကြည့်ရှုလိုက်သည်။

ဓာတ်ခွဲခန်းဝတ်စုံဖြူများနှင့် ဆေးရုံဝတ်စုံများကို ဝတ်ဆင်ထားသော ဇွန်ဘီအုပ်စု

ကြီးတစ်စုသည် သူတို့ကို ကျောပေးလျက် မတ်တတ်ရပ်နေကြသည်ကို သူ တွေ့လိုက်ရ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အနည်းငယ် ယိမ်းထိုးနေသော်လည်း ရွေ့လျားခြင်း မရှိကြချေ။

ဒါက ..သူတို့ မတ်တတ်ရပ်လျက် အိပ်ပျော်နေကြတာလား။

ဝမ်ထောင် အနည်းငယ် မသေမချာ ဖြစ်နေသည်။ သာမန်ဇွန်ဘီများတွင် ဤကဲ့သို့ အိပ်ပျော်နေသော အခြေအနေမျိုး ရှိတတ်ပြီး ဥပမာအားဖြင့် မြေပြင်ပေါ်၌ သေဆုံးနေသကဲ့သို့ လဲလျောင်းနေကာ အကယ်၍ လူတစ်ဦး ဖြတ်သန်းသွားပါက ၎င်းတို့သည် ဖြည်းဖြည်းချင်း ထလာတတ်ကြသည်။

သို့သော် ယခုမှာ သာမန်ဇွန်ဘီများ မဟုတ်ချေ။ ဝမ်ထောင်သည် အထူးဇွန်ဘီများတွင် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးပါ။

ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ထောင်သည် သူ၏ လက်ကိုင်ဒူးလေးကို ထုတ်ယူလိုက်ပြီး မှိန်ပျပျအလင်းရောင်၏ အကူအညီဖြင့် အနောက်ဆုံးရှိ ဇွန်ဘီထံသို့ ဒူးလေးမြားတံတစ်စင်း ပစ်ခတ်လိုက်၏။

ဝှစ်—

【-၈၇၃】

【၂၁၂၇/၃၀၀၀】

ထိုဇွန်ဘီသည် ရုတ်တရက် ယိမ်းထိုးသွားသည်။

"ဂါး ဂါး..."

၎င်းသည် ခေါင်းကို လှည့်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ပုံရသဖြင့် ခေါင်းကို ပြန်လှည့်ကာ ထိုနေရာ၌ ဆက်လက် မတ်တတ်ရပ်နေပြန်သည်။

"ဟင်"

ဝမ်ထောင်သည် အနည်းငယ် အံ့အားသင့်သွား၏။

ပုံမှန်အားဖြင့် ဇွန်ဘီတစ်ကောင်သည် တိုက်ခိုက်ခံရပါက တိုက်ခိုက်သူကို ရှာမတွေ့လျှင်ပင် ဒေါသထွက်ခြင်း သို့မဟုတ် တိုက်ခိုက်သူကို ရှာဖွေခြင်း ပြုလုပ်ရမည် ဖြစ်ပြီး ဤကဲ့သို့ သဘောထားကြီးစွာ မတ်တတ်ရပ်ကာ တိုက်ခိုက်မှုကို ခံနေမည် မဟုတ်ချေ။

သို့သော် ဤအထူးဇွန်ဘီမှာမူ ခေါင်းလှည့်ကြည့်ရုံသာ ပြုလုပ်ပြီးနောက် လျစ်လျူရှုလိုက်သည်။ ဝမ်ထောင်သည် လက်ကိုင်ဒူးလေးကို ကိုင်ဆောင်ကာ ၎င်းထံသို့ ဒူးလေးမြားတံ နှစ်စင်း ထပ်မံပစ်ခတ်လိုက်၏။

【-၉၂၁】

【-၈၁၄】

【၃၉၂/၃၀၀၀】

၎င်း၏ ခေါင်းပေါ်တွင် မြားသုံးစင်း စိုက်ဝင်နေပြီး သွေးပမာဏ အနည်းငယ်သာ ကျန်ရှိတော့သည့်တိုင် ထိုဇွန်ဘီသည် သူတို့ အနားသို့ ရောက်မလာသေးချေ။ ၎င်းသည် အနောက်သို့ လှည့်ကာ ဒေါသတကြီး နှစ်ကြိမ်မျှ ဟောက်လိုက်ပြီးနောက် ရှေ့သို့ ဆက်လက်၍ ငေးငိုင်ကြည့်ရှုနေပြန်သည်။

"အခုထိ မလာသေးဘူးလား"

ထိုသို့ဖြစ်နေသဖြင့် ဝမ်ထောင်သည် လက်တွန့်မနေတော့ဘဲ နောက်ဆုံးမြားတစ်စင်းဖြင့် ၎င်း၏ သွေးပမာဏကို ကုန်ဆုံးစေလိုက်၏။

【-၃၉၂】

【၀/၃၀၀၀】

ဘုန်း...

ခေါင်းတွင် မြားလေးစင်း စိုက်ဝင်နေသော ဇွန်ဘီသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

တိကျမှုကို ထည့်မတွက်ပါက လက်ကိုင်ဒူးလေး၏ ထိခိုက်မှုပမာဏသည် ဝမ်ထောင်ကိုယ်တိုင်နှင့် သက်ဆိုင်ခြင်းမရှိဘဲ လက်ကိုင်ဒူးလေးနှင့် ဒူးလေးမြား၏ စွမ်းအားပေါ်တွင်သာ မူတည်သည်။ ထို့ကြောင့် ဝမ်ထောင်၏ စွမ်းအား တိုးတက်လာပြီးနောက် ဤလက်ကိုင်ဒူးလေး၏ ထိခိုက်မှုပမာဏမှာ အနည်းငယ် အားမရစရာ ဖြစ်နေ၏။ ခံစစ်စွမ်းအား နိမ့်ကျသော အထူးဇွန်ဘီတစ်ကောင်ကို သတ်ဖြတ်ရန် မြားလေးစင်း လိုအပ်သည်။ အကယ်၍ သူ၏ ပုဆိန်ဖြင့် ခုတ်ပိုင်းပါက လေးချက် မလိုအပ်သည်မှာ သေချာလှ၏။

ထိုဇွန်ဘီ လဲကျသွားပြီးနောက် အခြား ပတ်ဝန်းကျင်ရှိ ဇွန်ဘီများသည် တစ်စုံတစ်ရာကိုမျှ သတိပြုမိပုံမရဘဲ ဆက်လက်၍ ငေးငိုင် မတ်တတ်ရပ်နေကြလေသည်။

"သူတို့ မလှုပ်ရှားကြဘူးလား။ ဒါဆိုရင်တော့... ဒီအမြုတေတွေကို ငါ အားမနာတမ်း ယူရတော့မှာပေါ့"

နောက်တစ်ကြိမ်ဆောင်ရွက်ခြင်း မပြုမီ ဝမ်ထောင်သည် ဟန်ရွှေအား သေချာစွာ စစ်ဆေးခိုင်းလိုက်သည်။ ဤနေရာ၌ အထူးဇွန်ဘီများသာ ရှိပြီး အခြားအရာမရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် သူ၏ ပုဆိန်ကို ဆွဲထုတ်ကာ လျှောက်သွားလေ၏။

သူသည် ဇွန်ဘီအုပ်စု၏ အနောက် သုံးမီတာ သို့မဟုတ် လေးမီတာအကွာအထိ လျှောက်လှမ်းသွားသောအခါမှသာ ၎င်းတို့သည် တစ်စုံတစ်ရာကို အာရုံခံမိပုံရပြီး တစ်ကောင်ပြီးတစ်ကောင် စတင်လှည့်လာကြသည်။

၎င်းတို့ ခေါင်းလှည့်လိုက်သည့် တစ်ပြိုင်နက် ဝမ်ထောင်သည် တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။

ဝှစ်။

【-၃၀၀၀】

【-၂၈၀၀】

【-၃၂၄၅】

【-၃၂၄၄】

【-၁၃၈၈】

【...】

တုန်ခါမှုလှိုင်း၏ ထိမှန်ခြင်းကို ခံရသော ဇွန်ဘီများ၏ ခန္ဓာကိုယ်များသည် တိုက်ရိုက် ကြေမွသွားကြပြီး ၎င်းတို့၏ သွေးပမာဏများမှာ ချက်ချင်းပင် ကုန်ဆုံးသွားသည်။ ကျန်ရှိနေသော ဇွန်ဘီများမှာလည်း သွေးပမာဏ အနည်းငယ်သာ ကျန်ရှိတော့၏။

"လန်းတယ်"

ဒုတိယအဆင့် တုန်ခါမှုလှိုင်းသည် အမှန်တကယ်ပင် ကွဲပြားခြားနားလှသည်။ သွေးပမာဏ သုံးထောင်အောက်ရှိသော အထူးဇွန်ဘီများကို တစ်ချက်တည်းသတ်ခြင်း ပြုလုပ်နိုင်သည်။

တစ်ချက်တည်း သေဆုံးခြင်းမရှိသော ဇွန်ဘီများမှာ ခံစစ်စွမ်းအား အထူးမြင့်မားခြင်း သို့မဟုတ် သွေးပမာဏများပြားနေခြင်းကြောင့် ဖြစ်၏။

ဝမ်ထောင်သည် အခွင့်အရေးကို အရယူကာ သူ၏ ပုဆိန်ကို ထပ်မံလွှဲယမ်းလိုက်ပြီး အခြားတုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။ ကျန်ရှိနေသော ဇွန်ဘီများအားလုံးမှာလည်း တုန်ခါမှုလှိုင်းကြောင့် ကြေမွသွားကြလေတော့သည်။

ပြတ်တောက်နေသော ခြေလက်များနှင့် တောက်ပနေသော အမြုတေများကို ကြည့်ကာ ဝမ်ထောင်သည် ပြုံးလိုက်မိသည်။

ဒုတိယအဆင့် စွမ်းရည်ကို အသုံးပြု၍ ပထမအဆင့် ဇွန်ဘီများကို ကိုင်တွယ်ခြင်းသည်

အလွန်ပင်လွယ်ကူလှ၏။

ဝမ်ထောင်သည် ဟန်ရွှေကို အမြန်ခေါ်ယူကာ အမြုတေများကို ကောက်ယူစေသည်။

တုန်ခါမှုလှိုင်း စွမ်းရည်တွင် ကြီးမားသော အားသာချက်တစ်ခု ရှိသည်။ တုန်ခါမှုလှိုင်းကြောင့် သေဆုံးရသော ဇွန်ဘီအများစုမှာ ၎င်းတို့၏ ခေါင်းများ သို့မဟုတ် ခန္ဓာကိုယ်များပါ ပေါက်ကွဲသွားကြခြင်း ဖြစ်၏။ ထို့ကြောင့် အမြုတေများသည် တိုက်ရိုက် ထွက်ကျလာကြသည်။ သူသည် အမြုတေများကို တူးဖော်ရသည့် ပျို့အန်ချင်စရာ အလုပ်ကို ဆောင်ရွက်ရန် မလိုအပ်တော့ချေ။

မကြာမီ မြေပြင်ပေါ်ရှိ အမြုတေများအားလုံးကို ကောက်ယူပြီးသွားသည်။ ဝမ်ထောင်သည် ဇွန်ဘီများထံမှ ထွက်ကျလာသော တိုက်ပွဲရပစ္စည်းအိတ်များအားလုံးကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းသို့ ထည့်သွင်းလိုက်၏။

ရိက္ခာရှာဖွေရေးလုပ်နေစဉ်အတွင်းမှာပင် ဝမ်ထောင်သည် ဇွန်ဘီများ ငေးစိုက်ကြည့်နေခဲ့သော နေရာမှာ လှေကားပေါက်ဝင်ပေါက်တစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

မြေအောက်ဒုတိယထပ်သို့ သွားရမှာလား။

ဝမ်ထောင်သည် အနည်းငယ် အံ့အားသင့်သွား၏။

ဤဇွန်ဘီများသည် မြေအောက်ဒုတိယထပ်ကို အဘယ်ကြောင့် ငေးစိုက်ကြည့်နေကြသနည်း။ မြေအောက်ဒုတိယထပ်တွင် တစ်စုံတစ်ရာ ရှိနေခြင်းလော။

ထိုမှောင်မည်းနေသော အပေါက်ကြီးအတွင်းသို့ ကြည့်ရှုရင်း လှေကားပေါက်ဝင်ပေါက်မှ ပိုမိုအေးစိမ့်သော အပူချိန်ကို ခံစားလိုက်ရသဖြင့် ဝမ်ထောင်သည် အောက်သို့ ဆင်းရမည်၊ မဆင်းရမည်ကို ဝေခွဲမရ ဖြစ်နေသည်။

ဤလှေကားပေါက်ဝင်ပေါက်ကို ကြည့်ခြင်းအားဖြင့် မြေအောက်ဒုတိယထပ်တွင် မီးများရှိနေပုံမရချေ။ သူ၌ ညကြည့်ကိရိယာလည်း မရှိသဖြင့် အကယ်၍ မဆင်မခြင် ဆင်းသွားပြီး အန္တရာယ်နှင့် ရင်ဆိုင်ရပါက..။

."ဒီပထမထပ်ကိုပဲ အရင် ရိက္ခာရှာရအောင်"

ဝမ်ထောင်သည် အရင်ဆုံး ပထမထပ်

၌ ရိက္ခာရှာဖွေခြင်းက ပိုကောင်းသည်ဟု ခံစားရသည်။

မြေအောက်ခန်းသည် အလွန်ပင် ကြီးမားလှပြီး မြေအောက်ဒုတိယထပ်သို့ ဦးတည်သော အခြားလှေကားပေါက်များစွာ ရှိနေသေး၏။

မကြာမီ ဟန်ရွှေသည် နောက်ထပ် ဇွန်ဘီအုပ်စုတစ်စုကို ထပ်တွေ့ခဲ့ပြန်သည်။

ဤဇွန်ဘီအုပ်စုသည်လည်း ယခင်အုပ်စုကဲ့သို့ပင် ဖြစ်ပြီး အားလုံးမှာ စုန်းညှို့ခြင်း ခံထားရသကဲ့သို့ လှေကားပေါက်ဝင်ပေါက်တစ်ခု၌ ယိမ်းထိုးကာ မတ်တတ်ရပ်နေကြပြန်သည်။

ဝမ်ထောင်သည် ၎င်းတို့ကို ထပ်မံစမ်းသပ်ရန် စိတ်မဝင်စားတော့ဘဲ သူ၏ ပုဆိန်ကို ကိုင်ဆောင်ကာ တိုက်ရိုက် ဝင်ခုတ်၏။

သို့သော် ယခုတစ်ကြိမ်တွင် အနည်းငယ် ပိုမိုလက်ဝင်လှသည်။ သွေးပမာဏ မြင့်မားပြီး ခံစစ်စွမ်းအား ကောင်းမွန်သော ဇွန်ဘီများစွာ ရှိနေသဖြင့် ဝမ်ထောင်သည် တုန်ခါမှုလှိုင်းကို လေးကြိမ်တိုင်တိုင် အသုံးပြုခဲ့ရသည်။

ဇွန်ဘီများ ကြေမွသွားသည်နှင့် ဟန်ရွှေသည် အမြုတေများကို ကောက်ယူရန် ချက်ချင်း ပြေးဝင်လာ၏။

သူတို့နှစ်ဦး ပစ္စည်းများအားလုံးကို ကောက်ယူပြီးစီးသွားသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

ဇွန်ဘီများကို ဤကဲ့သို့ သတ်ဖြတ်ရခြင်းမှာ အလွန်ပင် အားရကျေနပ်စရာ ကောင်းလှ၏။

ဤရင်ဆိုင်မှု နှစ်ကြိမ်တည်းမှ ရရှိသော အမြုတေများသည် ဝေကျန့်ကော်နှင့် သူ၏အဖွဲ့တို့ သမားရိုးကျ နာရီဝက်ခန့် ကြိုးစားအားထုတ်မှုနှင့် ညီမျှနိုင်ချေ ရှိသည်။

"ဆက်သွားရအောင်၊ ဆက်သွားရအောင်"

ဟန်ရွှေသည် သူမ၏ အာရုံခံစွမ်းရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ကာ ဇွန်ဘီများကို ဆက်လက် ရှာဖွေနေ၏။

မကြာမီ သူမသည် တတိယမြောက် ဇွန်ဘီအုပ်စုကို တွေ့ရှိခဲ့ပြန်သည်။

၎င်းတို့သည်လည်း လှေကားပေါက်ဝင်ပေါက်တစ်ခုတွင် ရှိနေကြပြီး အုပ်စုလိုက်

ကြီး လှုပ်ရှားမှုမရှိဘဲ ငေးစိုက် မတ်တတ်ရပ်နေကြ၏။

ဝမ်ထောင်သည် သူ၏ ပုဆိန်ကို ကိုင်ကာ ၎င်းတို့၏ အနောက်သို့လျှောက်သွားပြီး တုန်ခါမှုလှိုင်း တစ်ချက်တည်းဖြင့် ဇွန်ဘီအားလုံးကို ချက်ချင်း ကြေမွပျက်စီးစေခဲ့၏။

ယခုတစ်ကြိမ်တွင် သွေးပမာဏ မြင့်မားပြီး ခံစစ်စွမ်းအား ကောင်းမွန်သော ဇွန်ဘီများ မပါဝင်သဖြင့် အတော်ပင် သန့်ရှင်းသပ်ရပ်ပြီး ထိရောက်မှု ရှိလှသည်။

သို့သော် ဝမ်ထောင်သည် ထွက်ကျလာသော ပစ္စည်းများကို သိမ်းဆည်းနေစဉ်မှာပင် ဟန်ရွှေ၏ မျက်နှာအမူအရာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

"မကောင်းတော့ဘူး။ အကောင်ကြီးတစ်ကောင် လာနေပြီ။ အောက်တည့်တည့်မှာပဲ"

ဝမ်ထောင်သည် လှေကားများဆီသို့ ဗီဇအရ လှမ်းကြည့်လိုက်သည်။

ထို့နောက်—

သူသည် အမြုတေများကို စွန့်လွှတ်လိုက်ပြီး ဟန်ရွှေ၏ ခါးကို ဖက်ကာ အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို အသုံးပြု၍ မီတာနှစ်ဆယ်ကျော်အထိ အဝေးသို့ ချက်ချင်း ပြေးထွက်ခဲ့၏။

ထို့နောက် မရပ်နားရဲဘဲ ဟန်ရွှေကို ဆွဲခေါ်ကာ အကွေ့များစွာကို ဖြတ်သန်းပြီး

လမ်းကြောင်းတစ်ခုသို့ ရောက်သောအခါမှ ဟန်ရွှေအား အရေးတကြီး ပြောလိုက်သည်။

"ပြေးတော့"

ဟန်ရွှေကလည်း တုံ့ဆိုင်းမနေပါ ။ ဝမ်ထောင်၏ ခါးကို ချက်ချင်း တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး သူမ၏ အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို အသက်သွင်းလိုက်၏။

ဝှစ်—ဝှီး..

သူတို့နှစ်ဦးသည် နောက်ထပ် မီတာနှစ်ဆယ်ကျော်ခန့် ထပ်ပြေးခဲ့ကြသည်။

အကွေ့တစ်ခုကို ကွေ့ပြီးနောက် ရှေ့တွင် ဂေါ်ရီလာဇွန်ဘီ ရိုက်ခွဲခဲ့သော လင်းထိန်နေသည့် အပေါက်ကြီးကို မြင်တွေ့လိုက်ရသည်။ သို့သော် မြေအောက်ပထမထပ်မှာ အလွန်ပင် မြင့်မားလှပြီး လေးမီတာခန့် ရှိ၏။

"မင်း အရင်တက်"

ဝမ်ထောင်သည် သူ၏ လက်နှစ်ဖက်ကို လက်ဝါးအပေါ်လှန်လျက် ယှက်လိုက်သည်။

ဟန်ရွေက ဝမ်ထောင်၏ လက်ဝါးပေါ်သို့ ပြေးနင်းလိုက်သည်နှင့် သူ၏ လက်နှစ်ဖက် မြှောက်တင်ပေးကာ သူမအား အပေါ်သို့ ပို့ဆောင်ပေးလိုက်၏။

ဟန်ရွှေ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူမသည် ရိုက်ခတ်မှုမှုဒဏ်ကို လျော့ပါးစေရန် လိမ့်လိုက်၏။ပြီးမှ မြေပြင်ပေါ်၌ လဲလျောင်းကာ ဝမ်ထောင်ထံသို့ လက်ကမ်းပေးလိုက်သည်။

ဝမ်ထောင်သည် အရှိန်အနည်းငယ် ယူလိုက်ပြီးနောက် နံရံကို တိုက်ရိုက်နင်းကာ အကွာအဝေးတိုတစ်ခုကို ပြေးခြင်းဖြင့် ဟန်ရွှေ၏ လက်ကို လှမ်းကိုင်လိုက်၏။

"ယား....."

ဟန်ရွှေသည် ဝမ်ထောင်၏ လက်ယာဘက်လက်ကို သူမ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် အင်အားစိုက်ထုတ်လိုက်သည်။

"ခုန်.."

ဝမ်ထောင်သည် သူမ၏ ဆွဲတင်မှုကြောင့် တွင်းထဲမှ တိုက်ရိုက် ထွက်လာခဲ့၏။

သို့သော် သူမ အသက်ပင် ဝဝမရှူနိုင်သေးမီ ဝမ်ထောင်သည် သူမ၏ လက်ကို ဆွဲကာ အသည်းအသန် ပြေးတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် ဝေါကီတော်ကီမှတစ်ဆင့် ဝေကျန့်ကော်နှင့် အခြားသူများကို ချက်ချင်း ဆုတ်ခွာရန် လှမ်းပြောလိုက်၏။

သူတို့နှစ်ဦးသည် လုံးဝအရှိန်မလျှော့ဘဲ လူနေတိုက်ခန်းရှိရာသို့ တဟုန်ထိုးပြေးလာခဲ့ကြပြီး ဝေကျန့်ကော်နှင့် အခြားသူများလည်း ပြန်လည်ရောက်ရှိလာကြသည်။

"ဘာအခြေအနေလဲ။ ငါ့ရှေ့က ဇွန်ဘီက သေခါနီးနေပြီ။ ဒါပေမဲ့ မင်း ချက်ချင်းဆုတ်ခွာဖို့ ပြောတာ ကြားရလို့ မသတ်နိုင်ဘဲ ပြေးလာခဲ့ရတာ... သိရင်တော့ အချိန်အပုပ်ခံမှာ မဟုတ်ဘူး"

ရှန့်ဟုန်ပင်းသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည်။ သူသည် ခုနက သူ၏ တိုက်ကွက်သစ်ကို စမ်းသပ်လိုနေသဖြင့် အချိန်အနည်းငယ် ဖြုန်းတီးခဲ့မိခြင်း ဖြစ်၏။

အခြားသူများသည်လည်း ဝမ်ထောင်အား ကြည့်ရှုနေကြပြီး သူ အသက်ပြင်းပြင်း ရှူနေရသည်ကို မြင်ကာ ဘာဖြစ်ခဲ့သည်ကို သိရှိလိုနေကြသည်။

"ဟူး—"

ဝမ်ထောင်သည် စကားပြောရန် အချိန်မရှိချေ။ သူသည် အမိုးပေါ်သို့ အမြန်ပြေးတက်သွားခဲ့၏။ ဆေးရုံအတွင်းမှ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသည်ကို မြင်တွေ့ရပြီးနောက်မှသာ သူ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

"ဆေးရုံရဲ့ မြေအောက်ခန်းထဲမှာ ကြောက်စရာကောင်းတဲ့ ဇွန်ဘီတစ်ကောင် ရှိနေတယ်"

ဝမ်ထောင်က သူ၏နောက်ကွယ်ရှိ လူအုပ်ကြီးကို ပြောလိုက်၏။

"ဒုတိယအဆင့်ဇွန်ဘီလား။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလို့လဲ"

ဝေကျန့်ကော်က သတိကြီးစွာဖြင့် မေးမြန်းသည်။

"သူ့ရဲ့ တိကျတဲ့ စွမ်းအားကိုတော့ ငါ မသေချာဘူး။ ဒါပေမဲ့ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် သူက ဂေါ်ရီလာဇွန်ဘီထက်တောင် ပိုပြီး သန်မာနိုင်တယ်"

အောက်တွင် ဟန်ရွှေ သတိပေးခဲ့စဉ်က ဝမ်ထောင်သည် လှေကားပေါက်ဝင်ပေါက်ဆီသို့ လှမ်းကြည့်ခဲ့မိသည်။

ထိုနေရာ၏ အောက်ခြေမှာ မှောင်မည်းနေသဖြင့် တိကျသော အခြေအနေကို ရှင်းလင်းစွာ မမြင်ရဘဲ စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံကိုသာ မြင်တွေ့ခဲ့ရ၏။

သို့သော် တစ်ချိန်တည်းမှာပင် သူသည် ထိုကောင်၏ သွေးပမာဏ ဘားတန်းကိုလည်း မြင်တွေ့ခဲ့ရသည်။ 【၁၅၀၀၀/၁၅၀၀၀】

သွေးပမာဏ တစ်သောင်းငါးထောင်။

ဤသည်မှာ ကမ္ဘာပျက်ကပ် စတင်ကတည်းက ဝမ်ထောင် မြင်တွေ့ဖူးသမျှ သွေးပမာဏ အများဆုံး သတ္တဝါပင်။

သူ ယခု သိရှိထားသမျှအရ သွေးပမာဏသည် အခြေခံအားဖြင့် တိုက်ခိုက်ရေးစွမ်းရည်နှင့် ညီမျှသည်။ ထို့ကြောင့် ဝမ်ထောင်သည် ထိုသွေးပမာဏကို မြင်လိုက်ရသည်နှင့် ဇွန်ဘီအမြုတေများကိုပင် မကောက်ယူတော့ဘဲ ပြေးခဲ့ခြင်း ဖြစ်၏။

"ဂေါ်ရီလာဇွန်ဘီထက် ပိုသန်မာတယ်ဟုတ်လား"

လူတိုင်း ထိတ်လန့်သွားကြသည်။

၎င်းတို့အားလုံးသည် ဂေါ်ရီလာဇွန်ဘီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ဖူးကြသည်။ အကယ်၍ ၎င်းထက်ပင် ပိုမိုသန်မာပါက ဤအရာသည် မည်ကဲ့သို့သော မိစ္ဆာကောင် ဖြစ်နိုင်မည်နည်း။

သို့သော် ဤနေရာမှာ ဆေးရုံဖြစ်ပြီး အထူးဇွန်ဘီအမြောက်အမြား ရှိနေသဖြင့် ဤကဲ့သို့သော မိစ္ဆာကောင်တစ်ကောင် ထွက်ပေါ်လာခြင်းမှာ အကျိုးအကြောင်း သင့်လျော်ပုံရ၏.။

.. "ဒါဆို... ငါတို့ ဆက်လုပ်ကြမလား"

"အရင် ပြန်ကြရအောင်။ ငါတို့နှစ်ယောက် ခုနက အောက်မှာ အမြုတေတွေ အများကြီး ရခဲ့တယ်"

"ကောင်းတယ်"

အမိန့်နာခံမှုနှင့် ပတ်သက်လာလျှင် ဤစစ်သားများမှာ အမှန်တကယ်ပင် အပြစ်ပြောစရာ မရှိချေ။

ဝမ်ထောင်က သွားရန် ပြောလိုက်သောအခါ ၎င်းတို့သည် သွေးပမာဏ နည်းပါးနေသော ဇွန်ဘီများ သတ်ဖြတ်ရန် ကျန်ရှိနေသေးသော်လည်း တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်း ထွက်ခွာခဲ့ကြသည်။

အပြန်လမ်းတွင် ဝမ်ထောင်သည် မြေအောက်ပထမထပ်ရှိ အခြေအနေများကို လူတိုင်းအား ရှင်းလင်းပြောကြားခဲ့သော်လည်း သွေးပမာဏ ၁၅,၀၀၀ ရှိသော ဇွန်ဘီအကြောင်းကို ပြောရင်းမှ သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် အပြင်ပတ်လမ်းတွင် သွေးပမာဏ ၁၀,၀၀၀ ရှိသော မိစ္ဆာကောင်ကြီးကို မြင်တွေ့ခဲ့ရစဉ်က အခြေအနေကို ပြန်လည်အမှတ်ရမိ၏။ ထိုအချိန်က ထိုမိစ္ဆာကောင်သည် သူ၏ ခြေထောက်များကို ကြောက်ရွံ့မှုကြောင့် အမှန်တကယ်ပင် ပျော့ခွေသွားစေခဲ့သည်။

သို့သော် ဤသွေးပမာဏ ၁၅,၀၀၀ ရှိသော မိစ္ဆာကောင်တွင်မူ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါမျိုး မရှိချေ။

သူကိုယ်တိုင်၏ စွမ်းအား တိုးတက်လာခဲ့ခြင်းကြောင့်လား။

သို့သော် ထိုသို့ဖြစ်ဟန်မတူချေ။ ယခုအချိန်အထိ ဝမ်ထောင်သည် ထိုသွေးပမာဏ ၁၀,၀၀၀ ရှိသော မိစ္ဆာကောင်အကြောင်း စဉ်းစားမိပါက ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရဆဲ ဖြစ်၏။

ထို့ပြင် ခုနက စိမ်းဖန့်ဖန့် မျက်လုံးများနှင့် ပတ်သက်၍လည်း ဝမ်ထောင်၏ ကြောက်ရွံ့မှုမှာ ၎င်း၏ သွေးပမာဏကို ကြောက်ရွံ့ခြင်းသာ ဖြစ်သည်။ ၎င်းသည် သွေးအား တစ်သောင်းငါးထောင် ဖြစ်၏။

တစ်ဖက်လူ၏ အန္တရာယ်ရှိသောအရှိန်အဝါနှင့် ပတ်သက်၍မူ ဝမ်ထောင်သည် ထူးထူး

ခြားခြားတော့ မခံစားရချေ။ အနည်းဆုံးတော့ ထိုအရိပ်မည်းကြီး သို့မဟုတ် ဂေါ်ရီလာဇွန်ဘီတို့ထံမှ ရရှိသလောက် မများချေ။

ဝမ်ထောင်သည် ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု တွေးမိလိုက်၏။

"...ဒါက ငါစိတ်ကူးထားသလောက် မသန်မာတာမျိုး ဖြစ်နိုင်မလား။ ငါကပဲ ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်နေခဲ့တာလား"

-----------

All Chapters