← Chapters

အခန်း ၁၂၃

Vol. 11 Ch. 123

အခန်း ၁၂၃

Vol. 11 Ch. 123

အခန်း (၁၂၃) အရှိန်ပြင်းဝင်တိုက်ဝတ်စုံ

ထို့အပြင် အခြားတိုက်ပွဲရပစ္စည်းများ ရှိသေး၏။

ပေါက်ကွဲဇွန်ဘီသည် သာမန်အရည်အသွေးရှိသော ဖောက်ခွဲအမြုတေ ၁ ခု၊ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံး ၅ လုံးနှင့် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဗုံးလုပ်နည်းပုံကြမ်း ၁ ခုတို့ကို ချပေးခဲ့သည်။

ဖက်တီးဇွန်ဘီကမူ သည်းခြေရည်အမြုတေ ၁ ခု၊ သည်းခြေရည်ပုလင်း ၅ ပုလင်းနှင့် သည်းခြေရည်ပုလင်းပြုလုပ်နည်းပုံကြမ်း ၁ စောင်တို့ကို ချပေးခဲ့၏။

[ ပထမအဆင့် အမြုတေ · သည်းခြေရည် ]

[ အရည်အသွေး - ထူးချွန် (၈၀%) ]

[ သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - ရောဂါအဆင့်အဝလွန်ခြင်း) ]

[ သည်းခြေရည် - ဇွန်ဘီများကို ဆွဲဆောင်နိုင်သည့် သည်းခြေရည်များ ထွေးထုတ်ရန် စွမ်းအင်သုံးစွဲသည် ]

အမြုတေ၏ အချက်အလက်များကို မြင်လိုက်ရသောအခါ ဝမ်ထောင် နောက်ဆုံးတွင် နားလည်သွားတော့သည်။

ထိုဖက်တီးဇွန်ဘီ ပေါက်ကွဲသွားစဉ်က ၎င်း၏စိမ်းဝါရောင်အရည်များ စွန်းထင်သွားသော ဇွန်ဘီများကို အခြားဇွန်ဘီများက ဝိုင်းဝန်းတိုက်ခိုက်ကြသည်မှာ မဆန်းတော့ပေ။

အကယ်၍ ဤသည်းခြေရည်ကို အစွမ်းထက်သောဇွန်ဘီအချို့အပေါ် ပက်ဖြန်းလိုက်မည်ဆိုပါက သာမန်ဇွန်ဘီများက ထိုအစွမ်းထက်သောဇွန်ဘီကို ဝိုင်းဝန်းတိုက်ခိုက်ကြမည်လား။

[ သည်းခြေရည်ပုလင်း - ပေါက်ကွဲပြီးနောက် သည်းခြေရည်အိုင်တစ်ခု ဖြစ်ပေါ်စေသည် ]

[ သည်းခြေရည်ပုလင်းပြုလုပ်နည်းပုံကြမ်း - သည်းခြေရည်ပုလင်း ၅ ပုလင်း ပြုလုပ်နိုင်သည်။ လိုအပ်သောပစ္စည်းများ - အမြုတေ *၁၊ ဇွန်ဘီအသား *၅ ကီလိုဂရမ်၊ ဖန် *၂ ကီလိုဂရမ် ]

သည်းခြေရည်ပုလင်း၏ ပြုလုပ်နည်းပုံကြမ်းသည် ရှုပ်ထွေးခြင်းမရှိဘဲ အားလုံးမှာ တွေ့ရများသော ပစ္စည်းများသာ ဖြစ်ကြ၏။

နောက်ဆုံးတွင် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ ချပေးခဲ့သော တိုက်ပွဲရပစ္စည်းများကို ကြည့်ပြီး ဝမ်ထောင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးမိသွားရသည်။

[ ပထမအဆင့် အမြုတေ · အရှိန်ပြင်းဝင်တိုက်ခြင်း]

[ အရည်အသွေး - မော်ကွန်းဝင်အဆင့် (၁၀၀%) ]

[ သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - ခြေလက်များတောင့်တင်းခြင်း) ]

ဤအရာသည် မော်ကွန်းဝင်အဆင့်ရှိသော အမြုတေတစ်ခု ဖြစ်နေသည်။

သူ နောက်ဆုံးတော့ မော်ကွန်းဝင်အဆင့် အမြုတေတစ်ခုကို ရအောင် ချခိုင်းနိုင်ခဲ့ပြီပေါ့။

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီသည် တိုက်ခိုက်ရခက်ခဲသော်လည်း အမြုတေမျိုးရသည်မှာ သူ၏ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်လှသည်။

သို့သော် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ ချပေးခဲ့သော တိုက်ပွဲရပစ္စည်းများက ဤမျှတင်မကသေးဘဲ ဖိနပ်ပြုလုပ်နည်းပုံကြမ်း ၁ ခု လည်း ပါရှိသေး၏။

[ အရှိန်ပြင်းဝင်တိုက်စစ်ဖိနပ်များ - အရှိန်ပြင်းဝင်တိုက်စစ်ဖိနပ်တစ်စုံ ပြုလုပ်နိုင်သည်။ လိုအပ်သောပစ္စည်းများ - သံတုံး *၂၊ စတီးကြိုး *၂၊ ဝက်အူ *၂၊ ထက်မြက်သောဓားသွား *၂၊ သံမှို *၂၊ ရာဘာ *၂၊ ပလတ်စတစ် *၂၊ ကေဘယ်ကြိုး *၂၊ အီလက်ထရွန်နစ်အစိတ်အပိုင်း *၂၊ ဘက်ထရီ *၂ ]

[ အရှိန်ပြင်းဝင်တိုက်စစ်ဖိနပ်များ - မာကျောသော အသွင်အပြင်ရှိပြီး ဓားများနှင့် သေနတ်များကို ကာကွယ်နိုင်သည်။ တောင့်ခံနိုင်မှု +၁၀၊ ကာကွယ်ရေး +၁၀ ]

ဤအရာသည် ဖိနပ်တစ်စုံပြုလုပ်နည်းပုံကြမ်းဖြစ်ပြီး လိုအပ်သော ပစ္စည်းများမှာလည်း အတော်ပင် ရိုးရှင်းလှ၏။

ဖိနပ်ကိုပါ ထည့်တွက်မည်ဆိုပါက ယခုအခါ ဝမ်ထောင်တွင် အရှိန်ပြင်းဝင်တိုက်လက်မောင်းကာ ၂ ခု၊ အရှိန်ပြင်းဝင်တိုက်ဒူးကာ ၂ ခုနှင့် ဖိနပ်တစ်စုံတို့ ရှိနေပြီဖြစ်ရာ အားလုံးသည် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီထံမှ ရရှိခဲ့ခြင်း ဖြစ်ကြသည်။

ဝမ်ထောင်သည် အရှိန်ပြင်းဝင်တိုက်ညာဘက်လက်မောင်းကာကို ပထမဆုံးရရှိခဲ့စဉ်က အရှိန်ပြင်းဝင်တိုက်အမျိုးအစားအသုံးအဆောင်များကို ယခုလိုအများအပြား ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ့ကံတရားက ကောင်းမွန်လွန်းသည်ဟုသာ ပြောရပေမည်။

ဟန်ရွှေသည် ကားကို သူမ၏ အဆောက်အအုံအောက်သို့ မောင်းနှင်ကာ ဆင်းလိုက်၏။

"ဒီနေ့ သေချာ အနားယူလိုက်ဦးနော်"

"အင်း။ ရှင်လည်း အနားယူဦး"

ဟန်ရွှေ အပေါ်ထပ်သို့ တက်သွားသည်ကို ကြည့်ပြီးနောက် ဝမ်ထောင်သည် ကားကိုပြန်မောင်းခဲ့တော့သည်။

တင်ယွီချင်သည် အိမ်တွင်မရှိဘဲ စခန်းပတ်ပတ်လည်တွင် ဇွန်ဘီများကို သတ်ဖြတ်နေကြောင်း စာတစ်စောင် ချန်ထားခဲ့၏။

ဝမ်ထောင်သည် သူ့အတွက် ရိုးရှင်းသော အစားအစာအချို့ကို ပြုလုပ်စားသောက်ပြီးနောက် အရှိန်ပြင်းဝင်တိုက်စစ်ဖိနပ်များအတွက် လိုအပ်သောပစ္စည်းများနှင့် ပုံကြမ်းကို ထုတ်ယူလိုက်သည်။

စိတ်အာရုံတစ်ခုဖြင့်ပင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွား၏။

သာမန်အသွင်အပြင်ရှိသော အမည်းရောင် စစ်ဖိနပ်တစ်စုံသည် သူ့ရှေ့တွင် ပေါ်လာသည်။

အရှိန်ပြင်းဝင်တိုက်အမျိုးအစားအသုံးအဆောင်များ၏ အသွင်အပြင်သည် အလွန်ပင် ရိုးရှင်းသော်လည်း ဝမ်ထောင်သည် ထိုမျှအထိ ချေး(ဂျီး)မများတတ်ပါ။ လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ လက်တွေ့အသုံးဝင်နေသရွေ့ အရေးမကြီးပေ။

ဝမ်ထောင်သည် ထိုဖိနပ်များက မည်မျှ သက်တောင့်သက်သာရှိသည်ကို သိရှိရန် စမ်းစီးကြည့်ရန် ပြင်လိုက်၏။

သို့သော် ၎င်းတို့ကို သူ၏ခြေထောက်တွင် ဝတ်ဆင်ပြီးနောက် ဖိနပ်များမှ ရုတ်တရက် အလင်းတန်းများ လင်းလက်လာသည်။

"ဟင်"

ဖိနပ်များသာမက သူ၏ဒူးကာများနှင့် လက်မောင်းကာများထံမှလည်း အလင်းတန်းများ လင်းလက်လာခြင်း ဖြစ်၏။

သုံးစက္ကန့်ခန့် ကြာပြီးနောက် ထိုအလင်းတန်းသည် ဖြည်းည်းစွာ ပျောက်ကွယ်သွားသည်။

သို့သော် အသုံးဆောင်ပစ္စည်းများက တော့ ပြောင်းလဲသွားပုံမရသဖြင့် ဝမ်ထောင်သည် ထိုပစ္စည်းများ၏ အချက်အလက်များကို အမြန်ကြည့်လိုက်၏။

"အမ်"

ထိုအခါမှ ဝမ်ထောင်သည် ဤဝတ်စုံတွင် အပိုဖန်ရှင်တစ်ခု ပွင့်သွားကြောင်း ရှာတွေ့လိုက်ရသည်။

[ အရှိန်ပြင်းဝင်တိုက်စစ်ဖိနပ်များ - တောင့်ခံနိုင်မှု +၁၀၊ ကာကွယ်ရေး +၁၀ (ဝတ်စုံစွမ်းရည် ပွင့်သွားပါပြီ) ]

[ အရှိန်ပြင်းဝင်တိုက်ဝတ်စုံ - အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို ကိုယ်တိုင် ၁ ကြိမ် ထုတ်သုံးနိုင်သည်၊ စွမ်းရည်ပြန်ပြည့်ချိန် ၁ နာရီ၊ အသုံးပြုနိုင်သည့်အကြိမ်ရေ - ၀/၀ ]

အောက်တွင်မူ ဝတ်စုံအချက်အလက်များ၏ အသေးစိတ်ဖော်ပြချက် ပါရှိ၏။

[ ဝတ်စုံစွမ်းရည် - ဝတ်စုံစွမ်းရည်များကို ပွင့်စေရန် နာမည်တူ အသုံးအဆောင်ပစ္စည်း အရေအတွက်အချို့ကို စုဆောင်းပါ။ ဝတ်စုံစွမ်းရည်ကို အသုံးပြုရန် အသုံးအဆောင်ပစ္စည်းများအတွင်းသို့ အမြုတေများ ထည့်သွင်းပါ ]

[ မှတ်ချက် ၁ - အမြုတေကို တစ်ကြိမ်ထည့်သွင်းပြီးပါက ပြန်လည်ထုတ်ယူ၍မရပါ ]

[ မှတ်ချက် ၂ - အမြုတေ၏ စွမ်းအင်ကုန်ဆုံးသွားပါက ထပ်မံထည့်သွင်းနိုင်သော်လည်း အသုံးအဆောင်ပစ္စည်း ပျက်စီးသွားပါက ထည့်သွင်း၍ ရတော့မည်မဟုတ်ပါ ]

"ဝတ်စုံတစ်စုံပြည့်သွားတာပေါ့။ ဒါက အပိုစွမ်းရည်တစ်ခု ပေးနိုင်တာလား"

ဝမ်ထောင် အနည်းငယ် ဝမ်းသာအားရ ဖြစ်သွား၏။ ဖော်ပြချက်အရဆိုပါက ဝတ်စုံကြောင့် သူသည်အပိုစွမ်းရည်တစ်ခုကို အသုံးပြုနိုင်မည်ဟု အဓိပ္ပာယ်ရလေသည်။

ဒါက တကယ်ကို လန်းလှသည်။

သို့သော် ပြသနေသည့် အသုံးပြုနိုင်သည့်အကြိမ်ရေက သုညဖြစ်နေ၏။

.. "ဝတ်စုံစွမ်းရည်ကို အသုံးပြုရန် အသုံးအဆောင်ပစ္စည်းများအတွင်းသို့ အမြုတေများ ထည့်သွင်းပါ..."

ဝမ်ထောင်သည် အသုံးအဆောင်ပစ္စည်းများကို အမြန်စစ်ဆေးလိုက်ရာ ထိုပစ္စည်းများ၏ ပြင်ပအသွင်အပြင်တွင် ပြောင်းလဲခြင်းမရှိသော်လည်း ဘက်ထရီများ ထည့်သွင်းသည့်နေရာတွင် စပျစ်သီးခန့်ရှိသော အပေါက်အပိုတစ်ခု ရှိနေသည်ကို တွေ့ရသည်။ ဤပစ္စည်းများသည် ဘက်ထရီများအားလုံးကို ဆံ့နိုင်သော်လည်း ဇွန်ဘီများထံမှ ရရှိခဲ့သော ဘက်ထရီများသာ ဖြစ်ပြီး ၎င်းတို့က သူ့အား အကျိုးအာနိသင်အချို့ ပေးစွမ်းနိုင်ပေသည်။

"ငါ ဒီအပေါက်ထဲကို အမြုတေ ထည့်ရမှာ ဖြစ်လိမ့်မယ်..."

မည်သည့်အမြုတေအမျိုးအစားကို သုံးရမည်ဟု အတိအကျဖော်ပြမထားသဖြင့် မည်သည့်အမြုတေမဆို အဆင်ပြေနိုင်ပေသည်။

ထို့ကြောင့် ဝမ်ထောင်သည် သာမန်ဖောက်ခွဲအမြုတေတစ်ခုကို ကျပန်းထုတ်ယူကာ အရှိန်ပြင်းဝင်တိုက်ညာဘက်လက်မောင်းကာအတွင်းရှိ အပေါက်ထဲသို့ ထည့်လိုက်၏။

ကလစ်—

ဝမ်ထောင်သည် လက်မောင်းကာက ထိုအမြုတေကို ချက်ချင်း စုပ်ယူသွားကြောင်း ခံစားလိုက်ရပြီး သူ ဖယ်ထုတ်ရန်ပင် မတတ်နိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် သူ၏ဝတ်စုံအချက်အလက်ရှိ ဂဏန်းများ ပြောင်းလဲသွားသည်။

[ အသုံးပြုနိုင်သည့်အကြိမ်ရေ - ၂/၂ ]

အမြုတေတစ်ခုက နှစ်ကြိမ် သုံးလို့ရတာလား။

ဝမ်ထောင်သည် အခြားအပြာရောင်အမြုတေတစ်ခုကို ထုတ်ယူကာ ဒူးကာပေါ်သို့ ထည့်လိုက်ပြန်သည်။

ကလတ်—

[ အသုံးပြုနိုင်သည့်အကြိမ်ရေ - ၆/၆ ]

"ဟင်။ ၄ ကြိမ် ပိုတိုးလာတာလား။ ဒါက ဒူးကာကြောင့်လား၊ ဒါမှမဟုတ် အပြာရောင်အမြုတေကြောင့်လား"

ဝမ်ထောင်သည် အခြားအပြာရောင်အမြုတေတစ်ခုကို အရှိန်ပြင်းဝင်တိုက်ဘယ်ဘက်လက်မောင်းကာပေါ်သို့ ထည့်လိုက်ပြန်၏။

[ အသုံးပြုနိုင်သည့်အကြိမ်ရေ - ၁၀/၁၀ ]

စောစောက အဖြူရောင်အမြုတေကို ညာဘက်လက်မောင်းတွင် ထည့်သွင်းပြီးနောက် အခွင့်အရေး ၂ ကြိမ် တိုးလာခဲ့သည်။ အပြာရောင်အမြုတေများကို ဒူးကာနှင့် ဘယ်ဘက်လက်မောင်းတွင် ထည့်သွင်းလိုက်သောအခါ တစ်ခုချင်းစီက အခွင့်အရေး ၄ ကြိမ်စီ တိုးလာခဲ့ခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် ရလဒ်က ထင်ရှားလှပေသည်။ အဖြူရောင်အမြုတေများက အခွင့်အရေး ၂ ကြိမ်တိုးစေပြီး အပြာရောင်က ၄ ကြိမ် တိုးစေသည်။ သို့ဆိုလျှင် ခရမ်းရောင်က ၆ ကြိမ် ဖြစ်မလား။ အနီရောင်က ၈ ကြိမ်လား။ လိမ္မော်ရောင်က ၁၀ ကြိမ်လား။

သူ၏အတွေးကို သက်သေပြရန် ဝမ်ထောင်သည် ခရမ်းရောင်အမြုတေတစ်ခုကို ထုတ်ယူကာ အခြားဒူးကာတစ်ခုအတွင်းသို့ ထည့်သွင်းလိုက်၏။

[ အသုံးပြုနိုင်သည့်အကြိမ်ရေ - ၁၆/၁၆ ]

သေချာပေါက်ပင် သူ ထင်ထားသည့်အတိုင်း ခရမ်းရောင်အမြုတေက အခွင့်အရေး ၆ ကြိမ် တိုးလာစေခဲ့သည်။

ဤသို့ဆိုလျှင် အနီရောင်နှင့် လိမ္မော်ရောင်တို့ကို စမ်းသပ်ရန် မလိုတော့ပေ။ အဆုံးသတ်တွင် ဤအမြုတေများသည် အတော်ပင် အဖိုးတန်လှပြီး သူသည် ဖောက်ခွဲအမြုတေများကိုပင် သိမ်းဆည်းထား၏။

ဖိနပ်နှစ်ဖက်နှင့် ဒူးကာတစ်ခုတို့တွင် ထည့်သွင်းရန် ကျန်ရှိနေသေးသည်ကို မြင်သောအခါ ဝမ်ထောင် အနည်းငယ် တွေးတောလိုက်ပြီး အပြာရောင်အမြုတေများကို ထည့်သွင်းခြင်းက အကျိုးအရှိဆုံးဖြစ်မည်ဟု ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် အပြာရောင်အထက်ရှိ အမြုတေများတွင် ခရမ်းရောင်၊ အနီရောင်နှင့် လိမ္မော်ရောင်တို့ ရှိနေသောကြောင့် ဖြစ်၏။

အနိမ့်ဆုံးဖြစ်သော ခရမ်းရောင်သည် အောင်မြင်မှုနှုန်း ၆၀% ရှိရာ ဤကဲ့သို့သော အမြုတေများသည် ပေါင်းစပ်ရန်အတွက် သေချာပေါက် ပိုမိုသင့်လျော်လှပေသည်။

သူသည် ယခင်က ဝေကျန့်ကော်နှင့် အခြားသူများကို ခရမ်းရောင်အရည်အသွေး သို့မဟုတ် ထိုထက်မြင့်သော အမြုတေများကို ပေါင်းစပ်ရန် ကြိုးစားဖို့ အကြံပြုခဲ့ဖူးသည်။

ထို့ကြောင့် ဤအမြုတေများကို ထည့်သုံးပစ်ရန်အတွက် စိတ်ကူးမရှိသေးပေ။

အောင်မြင်မှုနှုန်း အနိမ့်ဆုံးဖြစ်သော အဖြူရောင်အမြုတေများအတွက်မူ သူသည် လက်ပစ်ဗုံးများနှင့် ဆေးရည်များကဲ့သို့သော အရာများကို ပြုလုပ်ရန် မည်သည့်အမြုတေကိုမဆို သုံးနိုင်သဖြင့် သူသည် အဖြူရောင်များကိုသာ အမြဲသုံးစွဲခဲ့သည်။

အဖြူရောင်အမြုတေများက အခွင့်အရေး ၂ ကြိမ်သာ ပေးစွမ်းနိုင်သဖြင့် အဖြူရောင်များကိုလည်း အသုံးပြုရန် မလိုဘဲ ၎င်းတို့ကို ပုန်ကြမ်းပစ္စည်းများအဖြစ်သာ သုံးသင့်သည်။

ထို့ကြောင့် အရည်အသွေး အလွန်မမြင့်သလို အလွန်လည်းမနိမ့်သော အပြာရောင်အမြုတေများသည် ထည့်သွင်းရန်အတွက် ကွက်တိပင် ။

သို့ဖြစ်၍ ဝမ်ထောင်သည် အခြားအပြာရောင်အမြုတေ ၂ ခုကို ထုတ်ယူကာ ဖိနပ်နှစ်ဖက်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။

[ အသုံးပြုနိုင်သည့်အကြိမ်ရေ - ၂၄/၂၄ ]

အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို ၂၄ ကြိမ်တောင် သုံးလို့ရပြီပဲ။

ယခုအခါ ဝမ်ထောင်သည် စိတ်ကူးလိုက်ရုံမျှဖြင့် အရှိန်ပြင်းဝင်တိုက်ခြင်းကို အသုံးပြုနိုင်ပြီဟု ခံစားလိုက်ရသည်။

စွမ်းရည်ပြန်ပြည့်ချိန် ကန့်သတ်ချက်ရှိသော်လည်း ၎င်းက သူ၏ကိုယ်ပိုင်စွမ်းင်ပမာဏကို ကုန်ဆုံးစေခြင်း မရှိပေ။ ဤအရာသည် အပိုစွမ်းရည်တစ်ခု ရရှိထားခြင်းနှင့် အတူတူပင် မဟုတ်ပါလား။

ဝမ်ထောင်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ဒီနေ့ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ ဝင်တိုက်တာကို ခံခဲ့ရတာက လုံးဝ အရှုံးမရှိဘူး။

ဝမ်ထောင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခေါင်းမာချပ်ဝတ်ကို သတိရသွားကာ ထိုချပ်ဝတ်တွင်လည်း ဝတ်စုံအချက်အလက်များ ရှိမလားဟု တွေးမိသည်။ ကံဆိုးချင်တော့ သူ့တွင် ချပ်ဝတ်တန်ဆာ ၁ ခုသာ ရှိသဖြင့် အတည်ပြုရန် နည်းလမ်းမရှိခဲ့ပါ... ။

ညနေခင်းတွင် တင်ယွီချင် ပြန်လည်ရောက်ရှိလာ၏။

အိမ်တွင် ဝမ်ထောင်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားသည်။

"ဝမ်ထောင်၊ နင် နောက်ဆုံးတော့ ပြန်လာပြီပေါ့"

တင်ယွီချင်သည် အမြန်ပြေးလာပြီး ဝမ်ထောင်ကို ဖက်လိုက်၏။

ဝမ်ထောင်သည် တင်ယွီချင်ကို ကြည့်လိုက်ရာ သူမကို သုံးရက်မျှ မမြင်ရပြီးနောက် ယခင်ကထက် ပြောင်းလဲသွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ယခင်က တင်ယွီချင်သည် တွယ်တာတတ်သော မိန်းမငယ်လေးတစ်ဦးဆိုပါက ယခုမူ... တွယ်တာမှုက ရှိနေဆဲဖြစ်သော်လည်း သူမ၏ စိတ်ဓာတ်က ပိုမိုကောင်းမွန်လာသည်မှာ ထင်ရှားလှပေသည်။ ၎င်းသည် ယခင် ရေပေးဝေရေးစက်ရုံတွင် ဟန်ရွှေ သူ့အား ပေးခဲ့သော ခံစားချက်မျိုးနှင့် အနည်းငယ် ဆင်တူလှ၏။

"ဒီရက်ပိုင်း ဘယ်လိုနေလဲ မရီး။ အတော်လေး ပိန်သွားသလိုပဲ"

ဝမ်ထောင်က ပြုံးပြီး တင်ယွီချင်၏ မျက်နှာလေးကို ပွတ်သပ်ပေးလိုက်သည်။

"အာ..တကယ်လား"

သူမ ပိန်သွားသည်ဟု ဝမ်ထောင် ပြောသည်ကို ကြားရသောအခါ တင်ယွီချင်၏ မျက်နှာတွင် ချက်ချင်းပင် ဝမ်းသာပီတိ ဖြစ်သွားရ၏။

သူမသည် ဤရက်ပိုင်းအတွင်း အပြင်ဘက်၌ ကြိုးစားအားထုတ်ခဲ့ရမှုများက အလဟဿမဖြစ်ခဲ့ဟု ခံစားလိုက်ရသည်။

တင်ယွီချင်သည် ဝဖြိုးခြင်းမရှိသလို အရိုးပေါ်အရေတင် အမျိုးအစားလည်း မဟုတ်ဘဲ အလွန်ကျန်းမာသော အမျိုးသမီးခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိသူဖြစ်၏။ သို့သော် အမျိုးသမီးအများစုသည် ပိုမိုပိန်ချင်ကြပြီး သူမသည်လည်း ထိုအထဲမှ ကင်းလွတ်ခြင်းမရှိပေ။

တင်ယွီချင်သည် ဝမ်ထောင်၏ လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပြီး ဤရက်ပိုင်းအတွင်း သူမ၏ ကြုံတွေ့ခဲ့ရမှုများကို ပြောပြလေသည်။

"ဝမ်ထောင်၊ ငါ အခု ဇွန်ဘီတွေကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်နေပြီ သိလား"

ဝမ်ထောင်သည် ယခင်က တင်ယွီချင်နှင့် ကောဟွာတို့ကို ဇွန်ဘီများကို သတ်ဖြတ်လေ့ကျင့်ရန် လူအချို့နှင့် စီစဉ်ပေးခဲ့သည်။ ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်တွင် တင်ယွီချင်သည် သာမန်ဇွန်ဘီတစ်ကောင်ကို အလွယ်တကူ ကိုင်တွယ်နိုင်နေပြီဖြစ်ပြီး ဇွန်ဘီအများအပြား ရှိနေလျှင်ပင် သူမအတွက် ပြဿနာမဟုတ်တော့ပေ။

၎င်းသည် တင်ယွီချင်၏ အရည်အချင်းက ထူးထူးခြားခြား မြင့်မားနေသောကြောင့်မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ကောင်းမွန်နေသောကြောင့် ဖြစ်၏။

ဝမ်ထောင်သည် အဆင့်မြင့်ကစားသမားတစ်ဦးက ကစားသမားသစ်လေးတစ်ဦးကို အဆင့်အမြန်တင်ပေးသကဲ့သို့ သူမ၏သွေးပမာဏကို ၁၀၀၀ အထိ တိုက်ရိုက်ရောက်ရှိအောင် ပြုလုပ်ပေးခဲ့ပြီး သွေးပမာဏသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေလေသည်။

စခန်းအတွင်းရှိ အမဲလိုက်သမားများသည် ယခုအခါ ယေဘုယျအားဖြင့် သွေးပမာဏ ရာဂဏန်းအချို့သာ ရှိကြပြီး ၎င်းတို့ထဲမှ အများစုမှာ ဇွန်ဘီများကို တစ်ယောက်ချင်း ရင်ဆိုင်နိုင်ကြ၏။

တင်ယွီချင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်ဇွန်ဘီထက်ပင် သန်မာနေပြီဖြစ်ရာ တစ်ကောင်တည်းကို ရင်ဆိုင်ရန်မှာ သေချာပေါက် ပြဿနာမရှိတော့ပေ။

တစ်ခုတည်းသော ပြဿနာမှာ သူမတွင် ဇွန်ဘီများနှင့် တိုက်ခိုက်သည့် အတွေ့အကြုံမရှိဘဲ အတော်လေး ကြောက်ရွံ့တတ်ခြင်း ဖြစ်၏။

သူမသည် တိုက်ပွဲအတွေ့အကြုံများကို လေ့ကျင့်ရန်နှင့် သတ္တိကို မွေးမြူရန်အတွက် ဤရက်ပိုင်းအတွင်း အပြင်သို့ ထွက်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရလဒ်များ ထွက်ပေါ်နေပြီ ဖြစ်၏။

"မရီးက တကယ် တော်တာပဲ"

သူမပြောပြီးသည်နှင့် ဝမ်ထောင် ချက်ချင်းပင် ချီးမွမ်းလိုက်သည်။

တင်ယွီချင်သည် ဝမ်ထောင်၏ ချီးမွမ်းမှုအပေါ် လုံးဝ မခုခံနိုင်ပေ။ သူမသည် ဝမ်ထောင်၏ လက်မောင်းကို ပို၍ တင်းကျပ်စွာ ဖက်လိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။

"ဒါဆို ငါ နင်နဲ့အတူ အပြင်ကို လိုက်လို့ရမလား"

"ငါ နောက်မှ အခွင့်အရေးရှာပြီး ခေါ်သွားပေးပါ့မယ်"

တင်ယွီချင်က သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်နေသရွေ့ သူမကို ခေါ်ဆောင်သွားရန် သဘာဝအတိုင်း ပြဿနာမရှိပေ။ သို့သော် ယခုအချိန်သည် သေချာပေါက် မဟုတ်သေးပါ၊ အဆုံးသတ်တွင် ဝမ်ထောင်သည် အထူးဇွန်ဘီများကို အမဲလိုက်နေခြင်းဖြစ်ရာ သာမန်ဇွန်ဘီများနှင့် လုံးဝ ကွာခြားလှပေသည်။ အကယ်၍ တင်ယွီချင် ယခုလိုက်ပါမည်ဆိုပါက သူမသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေဦးမည်သာ ဖြစ်၏။

"ကောင်းပါပြီ။ အော် ဒါနဲ့၊ ငါ ရေမချိုးရသေးဘူး၊ တစ်ကိုယ်လုံး ချွေးတွေရွှဲနေတာပဲ၊ ရေသွားချိုးလိုက်ဦးမယ်..."

တင်ယွီချင်သည် ဝမ်ထောင်ထံမှ အမြန်ဖယ်ခွာရန် ပြင်လိုက်သော်လည်း သူက သူမကို ဖမ်းဆွဲထားလိုက်သည်။

"အတူတူ သွားမယ်လေ"

တင်ယွီချင်သည် ရှက်သွေးဖြာနေသော မျက်နှာဖြင့် ဝမ်ထောင်ကို ကြည့်လိုက်၏။

"အင်း..."

ဝမ်ထောင်က သူမအား စွေ့ခနဲပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားတော့သည်။

...နောက်တစ်နေ့ နံနက်ခင်း။

ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံသို့ ရောက်ရှိလာခဲ့သည်။

ကော်မတီဝင်အချို့ ထိုနေရာတွင် ရှိနေကြပြီး ဝမ်ထောင် ရောက်ရှိလာသည်ကို မြင်သောအခါ ဝေကျန့်ကော်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဝမ်ထောင်၊ မင်း ရှောက်ယုံနဲ့ တွေ့ခဲ့တယ်လို့ ပြောတယ်နော်။ အခြေအနေက ဘယ်လိုလဲ"

မနေ့က အပြန်လမ်းတွင် ဝမ်ထောင်သည် စခန်းသို့ ရှောက်ယုံအကြောင်း ကြိုတင်အကြောင်းကြားခဲ့သည်။ သို့သော် သူ အသေးစိတ်မပြောရသေးဘဲ လူတိုင်းကို ပိုမိုသတိထားရန်သာ ပြောကြားခဲ့ခြင်း ဖြစ်၏။

"တိကျတဲ့ အခြေအနေကတော့..."

ဝမ်ထောင်သည် ဆေးရုံတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများကို အကျဉ်းချုပ် ပြန်လည်ပြောပြလိုက်၏။

ဝမ်ထောင်၏ စကားကို ကြားပြီးနောက် လူတိုင်း ထိတ်လန့်တကြားဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ဆေးရုံက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား"

"ရူးသွပ်ဇွန်ဘီတွေ အများကြီးရှိနေပြီး အထူးဇွန်ဘီတွေတောင် ရှိနေတာလား..."

"အဲဒီနေရာက အခုအချိန်မှာ အန္တရာယ်အရှိဆုံးနေရာ ဖြစ်နေတာ သေချာတယ်"

"ငါတို့ နောင်ကျရင် ဆေးရုံပတ်ပတ်လည်ကို ရှောင်ကွင်းရမယ်၊ အဲဒီကို ဘယ်တော့မှ မသွားရဘူး..."

လူတိုင်းသည် ပထမဦးစွာ ဆေးရုံ၏ အခြေအနေကို ညည်းတွားလိုက်ကြပြီးနောက် ၎င်းတို့၏ စကားဝိုင်းကို ရှောက်ယုံထံသို့ ပြန်လည်လှည့်လိုက်ကြ၏။

"ရှောက်ယုံ မသေသေးတာက မကောင်းဘူး။ သူ့ရဲ့ စိတ်နေသဘောထားအရဆိုရင် သူ သေချာပေါက် ကလဲ့စားချေလိမ့်မယ်။ အမဲလိုက်သမားတွေကို ခဏလောက် အပြင်မထွက်ခိုင်းဘဲ ငါတို့ ရှောက်ယုံ ပုန်းအောင်းနေတဲ့နေရာကို အရင်ရှာကြစို့..."

ရှောက်ယုံ မသေသေးခြင်းက သတင်းဆိုးဖြစ်သော်လည်း 'ဝမ်ထောင်က ရှောက်ယုံ မသေသေးကြောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း' က သတင်းကောင်း ဖြစ်သည်။ သို့မဟုတ်ပါက လူတိုင်းက ရှောက်ယုံ သေဆုံးသွားပြီဟု ထင်မှတ်ကာ သတိလက်လွတ်ဖြစ်နေမည်ဆိုလျှင် ထိုအရာက ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်သည်။

"ငါ့အထင်တော့ မြေအောက်ကုန်တိုက်ကို စုံစမ်းဖို့ လူလွှတ်လို့ရမယ် ထင်တယ်။ ဝမ်ထောင် ပြောတာအရ သူ ထွက်သွားတုန်းက ကားမပါဘဲ ဇွန်ဘီအုပ်ကြီးရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရတယ်မလား။ ဒါဆိုရင် သူ မြေအောက်ရင်ပြင်ကို ပြန်မရောက်သေးတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိနေတယ်..."

ဖုန်းမင်အန်က ရုတ်တရက် ပြောလိုက်၏။

အပြင်သို့ မကြာခဏ ထွက်လေ့ရှိသူများသည် ကမ္ဘာပျက်ကပ်၏ ကြောက်မက်ဖွယ်ရာများကို သိရှိကြပေသည်။ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်မရှိပါက လူတစ်ဦးသည် အဝေးကြီးသို့ မသွားနိုင်လောက်ပေ။ အချိန်အတော်များများတွင် ၎င်းတို့သည် ဇွန်ဘီများရန်မှ ပုန်းကွယ်နေရမည်သာ ဖြစ်၏။ အဆုံးသတ်တွင် အသန်မာဆုံး အသက်ရှင်ကျန်ရစ်သူများပင်လျှင် ဇွန်ဘီအုပ်ကြီး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရမည်ကို ကြောက်ရွံ့ကြသည်။

ရှောက်ယုံသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် သူသည် လက်ရှိတွင် တစ်နေရာရာ၌ ပုန်းအောင်းနေနိုင်လေသည်။

အကယ်၍ သူတို့ကသာ မြေအောက်ကုန်တိုက်ကို စောင့်ကြည့်ရန် လူလွှတ်မည်ဆိုပါက သူ၏ခြေရာကို ရှာဖွေတွေ့ရှိနိုင်လောက်၏။

"ဟုတ်တယ်၊ ငါတို့ စောင့်ကြည့်ဖို့ လူလွှတ်ရမယ်"

ဝေကျန့်ကော်က ခေါင်းညိတ်လိုက်ပြီးနောက် မေးမြန်းလိုက်၏။

"ဝမ်ထောင်၊ မင်း ရှောက်ယုံကို တွေ့ခဲ့ပြီပဲ။ သူ့ရဲ့ ခွန်အားအပေါ် မင်း ဘယ်လိုထင်လဲ"

"အတိအကျတော့ ပြောရခက်ပါတယ်၊ လူတစ်ယောက်ရဲ့ ခွန်အားက အချက်အလက်အများကြီးနဲ့ ဖွဲ့စည်းထားတာမို့လို့ပါ။ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး အကောင်းဆုံးအခြေအနေမှာ ရှိနေမယ်ဆိုရင် ငါ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ခံစားရတယ်"

ဝမ်ထောင်က တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်၏။

"ဟင်..မင်းတောင် သူ့ကို မယှဉ်နိုင်ဘူးလား"

လူတိုင်း ဤအရာကို ကြားလိုက်ရသောအခါ ၎င်းတို့၏ မျက်နှာတွင် ထိုအချိန်က ဟန်ရွှေ ပြသခဲ့သော လုံးဝမယုံကြည်နိုင်သည့် အမူအရာမျိုး ဖြစ်ပေါ်သွားကြသည်။

သူတို့အားလုံး ဝမ်ထောင် မည်မျှ သန်မာသည်ကို သိရှိကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရပါက သေနတ်များကို မသုံးစွဲဘဲ ဤကော်မတီဝင်အချို့ စုပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်ပင် ဝမ်ထောင်ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ဝမ်ထောင်သည် စခန်း၏ ငြင်းပယ်၍မရသော ထိပ်တန်းတိုက်ခိုက်ရေးသမား မဟုတ်ပါလား။

သို့သော် ဤမျှ အစွမ်းထက်သော ဝမ်ထောင်သည်ပင် ရှောက်ယုံကို မယှဉ်နိုင်ဟု ပြောနေလေသည်။

"သူက... တကယ်ပဲ အဲဒီလောက် သန်မာတာလား"

ရှန့်ဟုန်ပင်း အနည်းငယ် မယုံကြည်နိုင် ဖြစ်နေ၏။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက် ခေတ္တမျှကြာသောအခါ သူသည် ဇွန်ဘီများကို သတ်ဖြတ်ခြင်းဖြင့် သန်မာလာခဲ့ရာ သူကိုယ်သူ အသန်မာဆုံး အသက်ရှင်ကျန်ရစ်သူဟု ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် အလွန်သန်မာကြောင်း သက်သေပြနိုင်ခဲ့၏။ သူသည် ရွှေကျဲစခန်း၏ နံပါတ်တစ် တိုက်ခိုက်ရေးသမား ဖြစ်ခဲ့သည်။

သို့သော် ထို့နောက်တွင် ဝမ်ထောင် ရောက်ရှိလာခဲ့သည်။ ဝမ်ထောင်သည် စွမ်းရည်ရှင်တစ်ဦး ဖြစ်၏။ သူ၏ နံပါတ်တစ်နေရာသည်လည်း မမြဲမြံတော့ချေ။

သို့သော် ရှန့်ဟုန်ပင်းသည် ဤကဲ့သို့သော အသုံးမဝင်သည့် ရာထူးများကို ဂရုမစိုက်ပါ၊ ၎င်းတို့အားလုံးသည် တစ်ဖက်တည်းသားများ ဖြစ်ကြသဖြင့် ပထမ သို့မဟုတ် ဒုတိယ ဖြစ်ခြင်းက အရေးမကြီးပေ။

သို့သော် ယခု ကြည့်ရသည်မှာ ရှောက်ယုံက ဝမ်ထောင်ထက်ပင် ပိုမိုအစွမ်းထက်နေမည်ဆိုပါက သူသည် တတိယနေရာသို့ ရောက်ရှိသွားမည်မဟုတ်ပါလား။

စိတ်ပျက်စရာကောင်းလိုက်တာ။

သေချာသည်မှာ တတိယနေရာသို့ ရောက်ရှိသွားခြင်းကသာ စိတ်ပျက်စရာကောင်းသည်မဟုတ်ပေ။ ပို၍ စိတ်ပျက်စရာကောင်းသည်မှာ ရှောက်ယုံ၏ ခွန်အားက စခန်းအတွက် အဓိက ရန်သူကြီး ဖြစ်လာနိုင်ခြင်းပင် ။

"ငါ အတိအကျတော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ အလိုလိုသိစိတ်ကတော့ မှားမှာမဟုတ်ဘူး"

ဝမ်ထောင်က ခေါင်းခါလိုက်၏။

"မဖြစ်နိုင်တာ... ငါမှတ်မိသလောက် မင်းက ကမ္ဘာပျက်ကပ်ရဲ့ ပထမဆုံးရက်အနည်းငယ်မှာတင် စွမ်းရည်ရှင် ဖြစ်လာခဲ့တာပဲ၊ ပြီးတော့ မင်း ဇွန်ဘီတွေကို သတ်တာ ဘယ်တုန်းကမှ မရပ်ခဲ့သလို ဇွန်ဘီအမြုတေတွေကိုလည်း အတော်များများ ပေါပ်စပ်ခဲ့တယ်မလား။ ရှောက်ယုံက မင်းထက်စောပြီး စွမ်းရည်ရှင် ဖြစ်လာခဲ့တာများလား၊ ပြီးတော့ မင်းထက် ဇွန်ဘီတွေကို ပိုသတ်ခဲ့လို့လား"

ရန်ကျဲ အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။ ရှောက်ယုံက တကယ်ပဲ အဲဒီလောက် ပါရမီပါတာလား။

၎င်းတို့၏ မေးခွန်းများကို ရင်ဆိုင်ရင်း ဝမ်ထောင်၏ အမူအရာက ပိုမိုတည်ကြည်လာခဲ့သည်။

"ဒါက ငါ မင်းတို့ကို ပြောချင်တဲ့ ဒုတိယအချက်ပဲ၊ ဇွန်ဘီအမြုတေတွေကို ပေါးစပ်တဲ့ ပြဿနာပေါ့။ ရှောက်ယုံက သန်မာပေမဲ့ သူ ဇွန်ဘီအမြုတေတွေကို အများအပြား ပေါင်းစပ်ခဲ့ပုံရတယ်။ ငါ ခံစားရသလောက် သူ့ရဲ့ ခန္ဓာကိုယ်တွင်းအညစ်အကြေးတွေက အလွန်မြင့်မားနေပြီး ၇၀% လောက် ရှိနေမယ်။ တနည်းအားဖြင့် ပြောရရင် သူ ဇွန်ဘီအဖြစ် ပြောင်းလဲသွားဖို့ ဖြစ်နိုင်ခြေက ငါတို့အားလုံးထက် ပိုများနေတယ်"

"ဟင်။ သူက ဇွန်ဘီအဖြစ် ပြောင်းလဲသွားတော့မှာလား"

လျူဟဲ အနည်းငယ် ဝမ်းသာသွားရ၏။ အကယ်၍ ရှောက်ယုံ ဇွန်ဘီအဖြစ် ပြောင်းလဲသွားမည်ဆိုပါက ၎င်းက သေချာပေါက် သတင်းကောင်း ဖြစ်ပေသည်။ သို့သော် အခြားသူများ၏ လေးနက်နေသော အမူအရာများကို မြင်လိုက်ရသောအခါ သူ ရုတ်တရက် သဘောပေါက်သွားပြီး အမြန်မေးမြန်းလိုက်၏။

"ဝမ်ထောင်၊ မင်း ပြောတာက ရှောက်ယုံက အမြုတေတွေကို အများအပြား ပေါင်းစပ်ခဲ့လို့ ဇွန်ဘီဖြစ်ဖို့ ဖြစ်နိုင်ခြေ မြင့်မားနေတယ်ဆိုတာ..."

"ဟုတ်တယ်"

ဝမ်ထောင်က ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင် သူ အမြုတေ ဘယ်နှခုတောင် ပေါင်းစပ်ခဲ့တာလဲ"

ရန်ကျဲက အလောတကြီး မေးမြန်းလိုက်သည်။

"ဒါကိုတော့ ငါ မသိဘူး။ ငါ အကြမ်းဖျင်း တွက်ချက်ကြည့်လို့ရပေမဲ့ မင်းတို့ရဲ့ အကူအညီ လိုလိမ့်မယ်"

"ပြဿနာမရှိဘူး"

လူတိုင်း ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြ၏။

ဤအရာသည် ၎င်းတို့၏ ကိုယ်ပိုင်ဘေးကင်းရေးနှင့် သက်ဆိုင်နေသည်။

ဝမ်ထောင်သည် ယခင်က အမြုတေများကို ပေါင်းစပ်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းအညစ်အကြေးများ ဖြစ်ပေါ်စေနိုင်ပြီး အညစ်အကြေးများလွန်းပါက ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။

လူတိုင်း ထိုအချိန်က ခဏတာမျှ စိုးရိမ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဝမ်ထောင်သည် အမြဲတမ်း အဆင်ပြေနေသလို ၎င်းတို့လည်း အဆင်ပြေနေကြသဖြင့် ၎င်းကို သိပ်ပြီး ဂရုမစိုက်မိခဲ့ကြပေ။ ယခုအခါ ရှောက်ယုံ၏ အခြေအနေကို ကြားရသောအခါ ၎င်းတို့ ရုတ်တရက် ထိတ်လန့်သွားကြ၏။ အဆုံးသတ်တွင် မည်သူကမျှ ဇွန်ဘီအဖြစ် မပြောင်းလဲချင်ကြပေ။

"မင်းတို့ တစ်ယောက်ချင်းစီ အမြုတေ ဘယ်နှခု ပေါင်းစပ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြပါ။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ပေါင်းစပ်ခဲ့သရွေ့ အကြုံးဝင်တယ်..အကုန်ပြောပါ."

ဝမ်ထောင်သည် ၎င်းတို့၏ အချက်အလက်များကို ကြည့်ရင်း ပြောလိုက်၏။

ဤကော်မတီဝင်များထဲတွင် လျူဟဲ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေးများသာ ၀% အဖြစ် ပြသနေပြီး အခြားသူများတွင်မူ အပြောင်းအလဲများ ရှိနေကြသည်။

သေချာသည်မှာ ထိုပမာဏက မများလှပေ။ အဆုံးသတ်တွင် ဝမ်ထောင်သည် ၎င်းတို့အား ဇွန်ဘီအမြုတေများ ပေါင်းစပ်ခြင်း၏ အန္တရာယ်များကို ယခင်က ပြောပြခဲ့ဖူးသောကြောင့် ဖြစ်၏။ ၎င်းတို့သည် အမြုတေများကို ပေါင်းစပ်သည့်အခါ အတော်ပင် သတိထားခဲ့ကြသည်။

"ငါ စုစုပေါင်း... ၁၂ ခု ပေါင်းစပ်ခဲ့တယ်။ ဟုတ်တယ်၊ ၁၂ ခု၊ ဒါပေမဲ့ ၅ ခုပဲ အောင်မြင်ခဲ့တယ်..."

ရှန့်ဟုန်ပင်းက ပထမဆုံး စတင်ပြောကြားလိုက်၏။

ဝမ်ထောင်သည် ရှန့်ဟုန်ပင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ စွမ်းအင်ဘားတန်းက ၅၀၀ ဖြစ်နေရာ သူပြောသည်နှင့် ကိုက်ညီလှပေသည်။ သူ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေး ပမာဏမှာ ၆% ရှိနေ၏။

"ငါ အမြုတေ ၇ ခု ပေါင်းစပ်ခဲ့ပြီး ၄ ခု အောင်မြင်ခဲ့တယ်"

ဝေကျန့်ကော်က နောက်မှ ပြောဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေး ပမာဏမှာ ၃% ရှိနေ၏။

ဖုန်းမင်အန်က ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။

"ငါ မှတ်မိသလောက်ဆိုရင် ၅ ခု ပေါင်းစပ်ခဲ့ပြီး ၃ ခု အောင်မြင်ခဲ့တယ်..."

ဖုန်းမင်အန်၏ ခန္ဓာကိုယ်တွင်းအညစ်အကြေး ပမာဏမှာ ၁% ရှိနေပေသည်။

"ငါကတော့ နှစ်ခုပဲ ပေါင်းစပ်ခဲ့ပြီး နှစ်ခုလုံး အောင်မြင်ခဲ့တယ်"

လုကန်းက ပြုံးလျက် ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေး ပမာဏမှာ ၁% ရှိနေသည်။

"ငါလည်း သုံးခု ပေါင်းစပ်ခဲ့ပြီး နှစ်ခု အောင်မြင်ခဲ့တယ်"

ရန်ကျဲ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေး ပမာဏမှာ ၁% ရှိနေပြီး သူသည် နှစ်ခု ပေါင်းစပ်ခဲ့ကာ နှစ်ခုလုံး အောင်မြင်ခဲ့ခြင်း ဖြစ်၏။

နောက်ဆုံးတွင်မူ လျူဟဲ ဖြစ်ပေသည်။ လျူဟဲသည် ၁ ခု အောင်မြင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင်းအညစ်အကြေးမှာ ၀% ဖြစ်နေ၏... ဝမ်ထောင်သည် ၎င်းတို့၏ အချက်အလက်အားလုံးကို ရေးမှတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။

သူ ယခင်က တွေးထင်ခဲ့သည်မှာ ၀% ဆိုသည်မှာ လုံးဝမရှိခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဂဏန်းကို အနီးစပ်ဆုံးသို့ လျှော့ချထားခြင်း ဖြစ်နိုင်ပေသည်။ သို့ဖြစ်၍ လူတိုင်း၏ အခြေအနေအရ ဆိုပါက... ။

ခေတ္တမျှကြာသော် ဝမ်ထောင်၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့၏။

"ငါ သိပြီ ထင်တယ်။ သီအိုရီအရ ပြောရရင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လူတစ်ယောက် ပေါင်းစပ်သင့်တဲ့ အမြုတေရဲ့ အများဆုံး အရေအတွက်က ၂၀၀ ထက် မကျော်လွန်သင့်ဘူး..."

"အဲဒီလိုလား.."

...........

All Chapters