← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

ငါးရက်ကြာ ငတ်မွတ်ခြင်း

တင်ယွီချင်သည် ထိုသို့ပြောပြီးနောက် ဝမ်ထောင် ငြင်းဆန်သည်ကို မစောင့်ဘဲ သူ၏ လက်မောင်းကြွက်သားများကို ဖြည်းဖြည်းချင်း စတင်နှိပ်နယ်ပေးသည်။

သူမ အနားသို့ တိုးကပ်လာသည်နှင့်အမျှ ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးမှာ ဝမ်ထောင်၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူ့ကို မဖော်ပြတတ်သော ပူလောင်မှုကို ခံစားရစေ၏။

ဝမ်ထောင်သည် မူလက ငြင်းဆန်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

သူသည် ယောင်္ကျားရင့်မာတစ်ယောက်ဖြစ်ရာ ဤမျှ သေးငယ်သော ဒဏ်ရာက ဘာအရေးပါသနည်း။

သို့သော် သူ၏မရီးဖြစ်သူမှာ စေတနာကောင်းရှိသူ ဖြစ်ပြီး သူမ၏ တည်ကြည်သော မျက်နှာအမူအရာကို မြင်ရသောအခါ ဝမ်ထောင် ငြင်းဆန်ရန် ခက်ခဲသွားသည်။

သူမ၏ လက်ကလေးများက နှိပ်နယ်ပေးရာတွင် အလွန်သက်သာနေ၍တော့ လုံးဝမဟုတ်ပေ။

"ဩော်..ဒါနဲ့... ငါ့အိမ်မှာ ဆေးသေတ္တာရှိတယ်။ ခဏစောင့်ဦးနော်..."

တင်ယွီချင်သည် ထွက်သွားရန် ထရပ်လိုက်သော်လည်း တံခါးဝသို့ ရောက်သောအခါ ဝမ်ထောင်ဘက်သို့ အမြန်လှည့်လာပြီး အားနာသလို ပြုံးပြလိုက်သည်။

"ဝမ်ထောင်၊ ခဏနေရင် ငါ့ကို တံခါးဖွင့်ပေးဖို့ မမေ့နဲ့ဦးနော်"

သူမ အပြင်ထွက်သွားသည်နှင့် ဝမ်ထောင်က တံခါးပိတ်လိုက်မည်ကို သူမ ကြောက်နေ၏။

"ကောင်းပါပြီ။"

ဝမ်ထောင် ခေါင်းငြိမ့်ပြပြီး တံခါးကို မပိတ်ထားခဲ့ပေ။ သူတို့က တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်တွင် နေထိုင်ကြပြီး ခြေလှမ်းအနည်းငယ်သာ ဝေးသလို စင်္ကြံလမ်းရှိ ဇမ်ဘီများမှာလည်း သေဆုံးနေပြီဖြစ်ရာ လောလောဆယ်တွင် ဘေးကင်းပါသည်။

မကြာမီ တင်ယွီချင်သည် ဆေးသေတ္တာကို ကိုင်ကာ သူမ၏ အိမ်ထဲမှ အမြန်ပြန်ထွက်လာ၏။ ဝမ်ထောင်၏ တံခါးပွင့်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖြာဝေသွားပြီး ဒေါက်ဖိနပ်စီးထားလျက်ပင် အိမ်ထဲသို့ အပြေးကလေး ဝင်လာသည်။

"ဒီထဲမှာ အညိုအမဲစွဲတာနဲ့ အကြောညှပ်တာတွေအတွက် ဆေးတချို့ ပါတယ်..."

သူမက ဆေးသေတ္တာကို ဖွင့်လိုက်ရာ ဆေးမျိုးစုံ၊ ပတ်တီးများနှင့် အခြားအရာများကို တွေ့ရသည်။

ဝမ်ထောင်သည် ဆေးသေတ္တာကို ဘာမှမပြောဘဲ ကြည့်နေသည်။

သူသည် အိမ်နှစ်အိမ်ကို ရှာဖွေခဲ့သော်လည်း ဆေးသေတ္တာ တစ်ခုမျှ မတွေ့ခဲ့ရဘဲ အလွန်ဆုံးမှ အအေးမိပျောက်ဆေး သို့မဟုတ် အရောင်ကျဆေး အနည်းငယ်သာ တွေ့ခဲ့ရသည်။ သူ၏ ကိုယ်ပိုင်အိမ်တွင်ပင် တစ်ခုမှ မရှိပေ။ သူ၏ ကျန်းမာရေးမှာ အမြဲကောင်းမွန်ခဲ့ပြီး ဆေးရုံမရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ အိမ်သုံးဆေးများကို အဆင်သင့် မဆောင်ထားမိခဲ့ပေ။

အမှန်စင်စစ် ဆေးဝါးများမှာ သက်တမ်းကုန်ဆုံးရက် ရှိသကဲ့သို့ စျေးလည်း ကြီးသည်။ လူအများစုမှာ ပိုက်ဆံပိုလျှံခြင်း သို့မဟုတ် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်လိုစိတ် ရှိမှသာ ကျွမ်းကျင်သုံး ဆေးသေတ္တာများကို ဝယ်ယူထားလေ့ ရှိကြသည်။

"ဒါတွေအားလုံးက မင်းရဲ့ အစ်ကိုကျောက် ဝယ်ထားတာတွေလေ။ အခုထိ တစ်ခါမှ မသုံးရသေးဘူး..."

တင်ယွီချင်က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။

သို့သော်လည်း ပြောပြီးနောက် သူမ အနည်းငယ် စိတ်ပျက်သွားသည်။ အကယ်၍ သူမသည် ဤဆေးသေတ္တာအတွက် သုံးခဲ့သော ပိုက်ဆံများကို အစားအစာအတွက် သုံးခဲ့မည်ဆိုလျှင် အချိန်အတော်ကြာထိ စားသောက်နိုင်မည်ဖြစ်သည်

တင်ယွီချင်က ဝမ်ထောင်၏ လက်မောင်းပေါ်သို့ ဆေးအဆီနှင့် ဆေးရည်အချို့ လိမ်းပေးလိုက်သောအခါ သူ၏ မျက်လုံးများ တောက်ပသွားသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ သွေးတန်း တွင် အပြောင်းအလဲတစ်ခုကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

【+1】

【+1】

【+1】

【118/120】

ဤဆေးများက ဝမ်ထောင်၏ ကျန်းမာရေး (HP) ကို ၃ မှတ် ပြန်လည်ဖြည့်တင်းပေးလိုက်ခြင်း ဖြစ်သည်။

သူ၏ လက်မောင်းရှိ နာကျင်မှုများ သိသိသာသာ လျော့ပါးသွားပြီး အနည်းငယ် ယားကျိကျိဖြစ်သော ခံစားချက်ဖြင့် အစားထိုးလာသည်ကိုလည်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

နာကျင်မှု ရပ်တန့်သွားပြီး ကျန်းမာရေး ပြန်တက်လာခြင်းမှာ အလွန်ပင် ယုတ္တိရှိပေသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အရိုးမှာ ဒဏ်ရာမရခဲ့ကြောင်း ဝမ်ထောင် ခန့်မှန်းလိုက်သည်။ သို့မဟုတ်ပါက ဤမျှမြန်မြန် ပြန်ကောင်းရန် မဖြစ်နိုင်ပေ။

"ဒီဆေးရဲ့ အာနိသင်က တော်တော်ကောင်းတာပဲ"

ဝမ်ထောင်က ချီးကျူးလိုက်သည်။

"အသုံးဝင်ရင် ပြီးတာပါပဲ"

ဝမ်ထောင်မှာ အားနာ၍ ပြောခြင်းမဟုတ်ကြောင်း မြင်သောအခါ တင်ယွီချင်မှာ သူ့ကို ကူညီနိုင်၍ ရုတ်တရက် ပျော်ရွှင်သွားသည်။ အမှန်စင်စစ် အစားအစာ ချေးငှားလိုပါက သူမဘက်မှ တစ်ခုခု ပြန်လည်ကူညီပေးနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ မည်သူမျှ တုံးတုံးအအများ မဟုတ်ပေ။

ဆေးလိမ်းပြီးနောက် တင်ယွီချင်သည် ဆေးများ စိမ့်ဝင်သွားစေရန် ဝမ်ထောင်၏ လက်မောင်းကြွက်သားများကို ဆက်လက် နှိပ်နယ်ပေးနေသည်။

သို့သော် ခဏမျှ နှိပ်နယ်ပေးပြီးနောက် သူမမှာ စတင်၍ ဒုက္ခရောက်လာသည်။

သူ၏ ကြွက်သားများက အလွန်တောင့်တင်းလှသဖြင့် သူမ၏ လက်များမှာ ညောင်းညာလာရသည်။

ထို့အပြင် သူမမှာ အလွန်ဗိုက်ဆာနေပြီး အားအင်လည်း မရှိတော့ပေ။ တင်ယွီချင်၏ လက်များ အားပျော့လာသည်ကို ခံစားမိသောအခါ ဝမ်ထောင်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"မရီး၊ နှိပ်မပေးနဲ့တော့။ မနာတော့ဘူး။ ထမင်းစားချိန်လည်း ရောက်ပြီဆိုတော့၊ မပြန်ခင် တစ်ခါတည်း စားသွားပါလား"

"ကောင်း..ကောင်းပြီလေ"

စားသောက်ရန် ပြောလိုက်သည်နှင့် တင်ယွီချင်၏ ပါးစပ်က ဦးနှောက်ကပင် မစဉ်းစားရသေးခင်မှာပင် သဘောတူလိုက်မိသည်။

သို့သော် သူမကိုယ်သူမ အရှက်ရနေမည်ကို စိုးရိမ်၍ အမြန်ပင် ထပ်ပြောလိုက်သည်။

"အဟမ်း... ဘာပဲဖြစ်ဖြစ် အိမ်မှာ ဘာမှလုပ်စရာမရှိတော့ ကူညီပေးမယ်လေ .. မင်းတို့ ယောင်္ကျားလေးတွေက ချက်ပြုတ်တာ သိပ်မလုပ်တတ်ကြဘူးမလား။ ငါက တကယ်တော့ ဟင်းချက်တာ တော်တော်ဝါသနာပါတယ်..."

ဝမ်ထောင်သည် တင်ယွီချင်၏ ခေါင်းပေါ်ရှိ သွေးတန်းမှာ အမှန်တကယ် တိုးလာနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

【+1】

【+1】

【...】

မျှော်လင့်ထားသည့်အတိုင်း သူမ၏ ခေါင်းပေါ်ရှိ နည်းနေသော သွေးတန်းမှာ ဗိုက်ဆာခြင်းကြောင့်သာ မဟုတ်ဘဲ ထိတ်လန့်ခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် အခြားအချက်များကြောင့်လည်း ပါဝင်နေခြင်း ဖြစ်သည်။

"ကောင်းပါပြီ၊ ဒါဆိုရင် မရီးကို ဒုက္ခပေးရတော့မှာပဲ။"

လူများလေ အလုပ်ပြီးလေ ဖြစ်ရာ ဝမ်ထောင်က မငြင်းဆန်ခဲ့ပေ။ ထို့အပြင် သူသည် အမှန်တကယ်ပင် ဟင်းချက်မတော်ပေ။ သူ၏ စံနှုန်းမှာ နူးအောင်ချက်တတ်ရုံသာရှိ၏။

သူသည် အခန်း (၃၀၁) မှ ရလာသော ဟင်းသီးဟင်းရွက် အချို့ကို ယူလာခဲ့သည်။ ၎င်းတို့မှာ ရက်အနည်းငယ် ကြာနေပြီဖြစ်ရာ ဆက်ထားပါက ပုပ်သွားတော့မည် ဖြစ်သည်။

အစ်ကိုကျောက်ကလည်း သူမကို စောင့်ရှောက်ရန် မှာထားခဲ့သဖြင့် တင်ယွီခိင်ကို ထမင်းကျွေးလိုက်ခြင်းက ပိုကောင်းပါသည်။

ယောင်္ကျားနှင့် မိန်းမ အတူတူ လုပ်ကိုင်ကြသောကြောင့် အလုပ်မှာ ပို၍ လွယ်ကူသွားပြီးမကြာမီမှာပင် အတော်အတန် ခမ်းနားသော နေ့လယ်စာ တစ်နပ် အဆင်သင့် ဖြစ်သွားသည်။

ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်ကို ကြည့်ရင်း တင်ယွီချင်၏ သွားရည်များ ပြန်လည်ကျလာပြန်သည်။

ငါးရက်ရှိပြီ... ငါးရက်တောင် ရှိသွားပြီ..

သူမသည် ငါးရက်တိုင်တိုင် ထမင်းကောင်းကောင်း တစ်နပ်မျှ မစားခဲ့ရပေ။ သူမ မည်သို့ အသက်ရှင်ခဲ့သည်ကိုပင် သူမ မသိတော့ပေ။

စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ရင်း မျက်ရည်များမှာ ရုတ်တရက် ဝေဝါးလာ၏။

ငတ်မွတ်ခြင်း၏ ဒုက္ခဆင်းရဲကို ခံစားဖူးသူများသာ အစားအစာ၏ အဖိုးတန်မှုကို နားလည်ကြသည်။

"မရီး၊ ဘာဖြစ်လို့လဲ"

တင်ယွီချင်မှာ ပါးစပ်ကို ပိတ်ကာ ရုတ်တရက် ငိုယိုနေသည်ကို မြင်သောအခါ ဝမ်ထောင် ထူးဆန်းသွားသည်။

သူမအတွက် အထူးပြင်ဆင်ပေးထားသည်ဟု ထင်ပြီး စိတ်လှုပ်ရှားသွားခြင်းလော။ အကယ်၍ ထိုသို့ဆိုလျှင် သူမ လွန်သွားပြီဖြစ်သည်။

"မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး။ အရှက်ကွဲအောင် လုပ်မိလို့ တောင်းပန်ပါတယ်..."

တင်ယွီချင်သည် မျက်ရည်များကို အမြန်သုတ်လိုက်၏။ မျက်လုံးများကို သုတ်နေစဉ်မှာပင် ကျန်မျက်လုံးတစ်ဖက်က အစားအစာများထံမှ မခွာပေ။

ဤအရာမှာ အိပ်မက်တစ်ခုဖြစ်ပြီး မျက်လုံးမှိတ်လိုက်လျှင် အားလုံး ပျောက်ကွယ်သွားမည်ကို သူမ အလွန်ကြောက်နေမိသည်။

ဝမ်ထောင် လက်ဆေးနေသည်ကို မြင်သောအခါ သူမသည် ပန်းကန်နှင့် တူများကို အမြန်ဆေးကြောပြီး စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် ဝမ်ထောင် အရင်ထိုင်ရန် ဘေးမှ စောင့်ဆိုင်းနေသည်။

"ထိုင်ပါ၊ အားမနာနဲ့။"

ဝမ်ထောင် ထိုင်ပြီးမှသာ သူမ ထိုင်လိုက်သည်။ ထမင်းအပြည့် ထည့်ထားသော ပန်းကန်လုံးလေးကို ကိုင်ထားပြီး ၎င်း၏ အနွေးဓာတ်ကို ခံစားလိုက်ရသောအခါ သူမ ထပ်ပြီး ငိုချင်လာပြန်သည်။

"ဩော်... ဒါနဲ့။ မရီး အစားအသောက်ကို တစ်ခါတည်း အများကြီး မစားဖို့ အကြံပေးချင်တယ်။"

ဝမ်ထောင်က ရုတ်တရက် ပြောလိုက်သည်။

"အင်း၊ ငါ ငါနားလည်ပါတယ်"

တင်ယွီချင်က အမြန်ခေါင်းငြိမ့်လိုက်သည်။

အချိန်အတော်ကြာ ငတ်မွတ်နေပါက အစားအစာကို တစ်ခါတည်း အများကြီး စားခြင်းမှာ ခန္ဓာကိုယ်အတွက် မကောင်းကြောင်း သူမလည်း နားလည်ပါသည်။

သူမသည် ဟင်းသီးဟင်းရွက် အနည်းငယ်ကို ဂရုတစိုက် ညှပ်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ တစ်လုပ်စားလိုက်ရုံနှင့် သူမမှာ ပီတိများဖြင့် ပြည့်နှက်သွားလေသည်။

ဟင်းသီးဟင်းရွက်များမှာ ညှိုးနွမ်းနေပြီ ဖြစ်သော်လည်း သူမ၏ ဘဝတွင် အစားဖူးသမျှ အကောင်းဆုံး အစားအစာဟု သူမ ခံစားလိုက်ရ၏။

" အရသာက တကယ်ကောင်းတာပဲ"

ဝမ်ထောင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ မရီး၏ လက်ရာက ဤမျှ ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသည် စားရင်းနှင့် လေ့လာနေသည်။ တင်ယွီချင်ငည် တူကို သုံးလိုက်တိုင်း သူမ၏ အစိမ်းရောင် သွေးတန်းမှာလည်း ဖြည်းဖြည်းချင်း တက်လာသည်ကို သူ တွေ့ရ၏။

【+1】

【+1】

【+1】

【...】

ဒင်ယုချင်သည် သူမ၏ အလိုဆန္ဒများကို ထိန်းချုပ်နိုင်သူ ဖြစ်ကြောင်းလည်း ပြောရပေမည်။ အစားအစာ အားလုံးကို သူမ အငမ်းမရ စားချင်နေသော်လည်း သူမ၏ စားသောက်ဟန်မှာ သိပ်မလှသော်ငြား အတတ်နိုင်ဆုံး ဖြည်းဖြည်းချင်း စားရန် ကြိုးစားနေသည်ကို ဝမ်ထောင် ခံစားရသည်။

ခဏမျှ စားပြီးနောက် ခန္ဓာကိုယ်ထဲတွင် အားအင်အချို့ ပြန်လည်ဝင်ရောက်လာသည်ကို ခံစားရသောအခါမှ တင်ယွီချင်သည် ဝမ်ထောင်ကို ခိုးကြည့်ရန် အခွင့်အရေး ရတော့သည်။

ဝမ်ထောင်ကတော့ ထူးထူးခြားခြားမရှိပါ ။ သူက အလွန်သန်မာထွားကြိုင်းလှသဖြင့် အစားလည်း တော်တော်စားနိုင်သည်။ စားပွဲပေါ်ရှိ ဟင်းများ၏ ထက်ဝက်ခန့်ကို ဝမ်ထောင် တစ်ယောက်တည်း ကုန်အောင် စားနိုင်သည်။ သို့သော် သူမ၏ စားသောက်ဟန်မှာလည်း အလွန်အကျည်းတန်နေသည်ကို သူမ ခုမှ သတိပြုမိသည်။

အရှက်မရစေရန် သူမ၏ ပါးစပ်ကို အနည်းငယ် သုတ်လိုက်ပြီး စကားစတင် ပြောလိုက်၏။

"ဟင်း... ဝမ်ထောင်၊ ငါဘယ်လောက် ကံဆိုးခဲ့လဲဆိုတာ မင်းမသိပါဘူး။ ငါတို့က အိမ်နီးချင်းဖြစ်နေတာ တော်သေးတာပေါ့..."

တင်ယွီချင် ရှင်းပြသောအခါမှ သူမ အဘယ်ကြောင့် ဤမျှ ငတ်မွတ်နေရသည်ကို ဝမ်ထောင် နောက်ဆုံးတွင် နားလည်သွားသည်။

အကျဉ်းချုပ်ပြောရလျှင် သူမနှင့် သူမ၏ ခင်ပွန်းမှာ ပြီးခဲ့သောလက သူတို့၏ ဇာတိမြေသို့ ပြန်သွားခဲ့ပြီး တစ်လကြာ နေထိုင်ရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့် အိမ်ရှိ အစားအစာ အားလုံးကို ကြိုတင်ရှင်းလင်းထားခဲ့ကြ၏။

သို့သော် သူမ၏ ခင်ပွန်းတွင် အရေးကြီးကိစ္စ ပေါ်လာသောကြောင့် သူတို့ အစောကြီး ပြန်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့ အိမ်ပြန်ရောက်သောအခါ အစားအစာ လုံးဝမရှိတော့သော်လည်း ခင်ပွန်းဖြစ်သူ အလုပ်မအားသေးခင် အပြင်ဆိုင်များတွင်သာ စားသောက်ပြီး အတူတူ ဈေးဝယ်ကြမည်ဟု တွေးကာ ဘာမှ ဂရုမစိုက်ခဲ့ကြပေ။

နောက်တစ်နေ့တွင် သူမမှာ အိပ်ရာထ နောက်ကျခဲ့ပြီး သူမ နိုးလာသောအခါ ဗိုင်းရပ်စ်မှာ စတင်ပျံ့နှံ့နေပြီဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် အခြားမိသားစုများမှာ အစားအစာ မည်မျှပင် နည်းပါစေ၊ အနည်းဆုံး ရက်အနည်းငယ်တော့ ခံနိုင်ရည် ရှိကြသည်။

သို့သော် သူမအတွက်မူ အိမ်တွင် ဆန်တစ်စေ့မျှ မရှိပေ။ အကယ်၍ သူမသည် အရင်က မုန့်အချို့ ဝယ်မထားခဲ့လျှင်နှင့် ဝမ်ထောင်ပေးသော ပေါင်မုန့်အိတ်ကို မရခဲ့လျှင် သူမမှာ အမှန်တကယ် ငတ်တေ သေဆုံးသွားနိုင်လေသည်။

………..

All Chapters