← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

- သယ်ဆောင်ရလွယ်သော အိတ်ဆောင်ဓာတ်အားပေးစက်

ဝမ်ထောင်သည် အခန်း ၂၀၁ အတွင်းသို့ ဝင်လိုက်သည်နှင့် နေရာအနှံ့ သွေးကွက်များဖြင့် ရှုပ်ပွနေသည်ကို မြင်ရသောအခါ သူ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ဖြစ်နေသည်ကို တွေ့ရသည်။

သို့သော် မီးဖိုချောင်ရှိ သွေးအိုင်ထဲတွင် ပြန့်ကျဲနေသော ဆန်များကို မြင်လိုက်ရသောအခါ နှမြောတသဖြစ်သွားရသည်။

"နှမြောစရာကြီးဗျာ"

ဆန်အများစုမှာ စား၍မရတော့ပေ။

ကြမ်းပြင်ပေါ်ရှိ ခြေရာလက်ရာများကို ကြည့်ခြင်းအားဖြင့် ဇမ်ဘီမသည် အိမ်ရှင်အမျိုးသားကို လိုက်လံတိုက်ခိုက်နေခြင်း ဖြစ်နိုင်ကြောင်း ဝမ်ထောင် ရိပ်မိလိုက်သည်။ အမျိုးသားမှာ မီးဖိုချောင်သုံးဓားကို သွားယူရန် ကြိုးစားရင်း လမ်းတွင်ရှိသမျှ အရာအားလုံးကို ဇမ်ဘီထံသို့ လွှင့်ပစ်ခဲ့ပုံရသည်။

ထောင့်တွင်ရှိသော ဤဆန်အိတ်မှာလည်း သူနှင့်တိုက်မိ၍ မှောက်သွားခြင်း ဖြစ်နိုင်၏။

ကံဆိုးသည်မှာ တိုက်ပွဲအခြေအနေအရ ထိုအရာများက ဇမ်ဘီကို ကြာရှည်ဟန့်တားနိုင်ခဲ့ပုံမရပေ..

. "မဖြစ်နိုင်ဘူး~ ငါ့ဆန်လေးတွေ"

ထိပ်ပြောင်ဦးလေးကြီးသည် သူ၏ခေါင်းကို ဆွဲကိုင်ကာ အော်ဟစ်ငိုယိုတော့သည်။ သူသည် အမှန်တကယ်ပင် ငိုနေခြင်းဖြစ်၏။

အကြောင်းမှာ ဤသည်မှာ ပေါင် ၃၀ ခန့် ရှိငည် မဟုတ်ပါလား..

"ပြန်ရွေးကြည့်ပါဦး၊ စားလို့ရတာ ကျန်သေးလားလို့"

ဝမ်ထောင်က သူ၏ပုခုံးကို ပုတ်၍ အားပေးလိုက်သည်။

"အင်း..."

ဦးလေးကြီးသည် ဝမ်းနည်းမှုကို အောင့်အည်းကာ ဆန်များကို သေချာပြန်ရွေးတော့သည်။

မီးဖိုချောင်တစ်ခုလုံး သွေးများပေကျံနေသဖြင့် ၎င်းမှာ လူသွေးလား၊ ဇမ်ဘီသွေးလား ခွဲခြားရန် မဖြစ်နိုင်ပေ။ ဆန်အိတ်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဆန်များမှာ သွေးအိုင်ထဲသို့ ဖိတ်စင်သွားခြင်းဖြစ်သည်။ သို့သော် အိတ်၏အောက်ခြေနားတွင် ကျန်နေသေးသော ဆန်အချို့မှာမူ စား၍ရနိုင်သေးသည်။

သွေးအိုင်ထဲမှ ဆန်များကို ကြည့်ရင်း သူ တံတွေးမြိုချလိုက်မိသော်လည်း နောက်ဆုံးတွင်တော့ မယူရဲတော့ပေ။

၎င်းမှာ လူသွေးသက်သက်သာဆိုလျှင် သူ အငတ်ဘေးဆိုက်နေချိန်တွင် စဉ်းစားကောင်း စဉ်းစားနိုင်သော်လည်း... ပြဿနာမှာ ဇမ်ဘီသွေးများလည်း ပါဝင်နေခြင်းဖြစ်သည်။

အကယ်၍ သူသာ စားမိပါက မိနစ်ပိုင်းအတွင်း ဇမ်ဘီအဖြစ် ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား..

မစွန့်စားရဲပါ။

မည်မျှပင် နှမြောသော်လည်း သူ စွန့်လွှတ်လိုက်ရတော့သည်။

ဝမ်ထောင်ကမူ အခြားအရာများကို မွှေနှောက်ရှာဖွေနေသည်။ မီးဖိုချောင်ရှိ အစားအသောက်များမှာ အခြေခံအားဖြင့် ညစ်ညမ်းနေပြီဖြစ်သော်လည်း ရေခဲသေတ္တာတံခါးမှာ ပွင့်မနေပေ။ အအေးခန်းထဲတွင် ညှိုးနွမ်းနေသော ဟင်းသီးဟင်းရွက်အချို့နှင့် ကြက်ဥအချို့ ရှိနေသည်။ အောက်ဘက် အေးခဲခန်းထဲတွင်မူ ဝမ်းသာစရာကောင်းသော အရာတစ်ခုကို တွေ့လိုက်ရသည်၊ ၎င်းမှာ အမဲသားခဲ အနည်းငယ်ပင် ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါ ဦးလေးကြီး၏ မျက်နှာမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်၊ အနည်းဆုံးတော့ သူတို့ လက်ဗလာနှင့် ပြန်ရမှာ မဟုတ်တော့ပေ။

အတန်ကြာ အားထုတ်ပြီးနောက် ဆန်များကို ရွေးချယ်ပြီးသွားသည်။ ဝမ်ထောင်နှင့် ဦးလေးကြီးတို့သည် ပစ္စည်းအားလုံးကို ယူဆောင်ကာ ဦးလေးကြီး၏ အိမ်သို့ ပြန်လာခဲ့ကြသည်။

"ဆန်က ၃ ပေါင်ခွဲပဲ ကျန်တော့တယ်... ဟင်းသီးဟင်းရွက်က ၁ ပေါင်ကျော်၊ အသားက ၃ ပေါင်နီးပါး၊ ကြက်ဥ ၂၂ လုံး... အားလုံးပေါင်း ရိက္ခာ ၉ ပေါင်လောက်ပဲ ရှိတယ်"

မျှော်လင့်ထားသည်ထက် များစွာနည်းသော်လည်း အခြေအနေတော့ မဆိုးလှပေ။ ခဲတံနှင့် စက္ကူဖြင့် အမြန်တွက်ချက်ပြီးနောက် ဦးလေးကြီးသည် ဝမ်ထောင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"ငါတို့ သဘောတူညီချက်အရ ငါက လေးပုံတစ်ပုံ ရမယ်။ အဲ့ဒါဆိုရင် ဆန်က ၁ပေါင်နီးပါး၊ ဟင်းသီးဟင်းရွက် အနည်းငယ်၊ အသား ၁ ပေါင်နီးပါးနဲ့ ကြက်ဥက ၅ လုံးခွဲ— မဟုတ်ဘူး၊ ၅ လုံးပဲ ယူပါ့မယ်..."

ဝမ်ထောင်၏ ခွန်အားမှာ သူထင်ထားသည်ထက် များစွာ သာလွန်နေသည်။ ဝမ်ထောင်သည် ဇမ်ဘီနှင့် အပြင်းအထန် တိုက်ခိုက်ရလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း တစ်မိနစ်အတွင်း အရာအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်... အကယ်၍ ဝမ်ထောင်သာ ကတိမတည်ပါက သူသည် မည်သို့မျှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်မှာ ကတိတည်သူ ဖြစ်နေသည်။

"ကောင်းပါပြီ။ ခင်ဗျားဝေစုကို အရင်ယူလိုက်ပါ၊ ကျန်တာကို ကျွန်တော့်ကို ပေးပါ"

"ဟုတ်ကဲ့! ကျေးဇူးတင်ပါတယ် လူငယ်လေး၊ တကယ် ကျေးဇူးတင်ပါတယ်.."

ဦးလေးကြီးသည် သူ၏ဝေစုကို အမြန်ယူလိုက်ပြီး ကျန်ရှိသော ရိက္ခာများကို ထုပ်ပိုးရန် ကူညီပေးသည်။

ဝမ်ထောင်သည် ပစ္စည်းများကို ယူ၍ ထရပ်လိုက်သည်။

"ကျွန်တော် ပြန်တော့မယ်။ မနက်ဖြန်ကျရင် ထပ်လာခဲ့မယ်"

သူသည် သော့ဖွင့်သည့် နည်းပညာကို အပြည့်အဝ မတတ်မြောက်သေးသဖြင့် ဤပညာကို မရမက သင်ယူရန် ဆုံးဖြတ်ထား၏။

"ဪ၊ အင်း.. ဒီမှာ... ဒီကိရိယာတွေကို လက်ဆောင်အဖြစ် ယူသွားပါ။ မင်းဘာသာမင်း လေ့ကျင့်လို့ ရတာပေါ့..."

ဦးလေးကြီးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဝမ်ထောင်ထံသို့ ကိရိယာအချို့ ကမ်းပေးလိုက်သည်။

"ကျေးဇူးပဲ"

ဝမ်ထောင်သည် သူ့ကို အံ့သြသလို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ပြန်လှည့်ကာ မေးလိုက်သည်။

"ဒါနဲ့... အောက်ထပ်က အခန်းနှစ်ခန်းရဲ့ အခြေအနေကို ခင်ဗျား သိလား"

"အောက်ထပ်ကလား... ငါလည်း သိပ်မသေချာဘူး။ ဗိုင်းရပ်စ် စဖြစ်ကတည်းက ကြောက်နေတာနဲ့ အိမ်နီးချင်းတွေရဲ့ အခြေအနေကို သိပ်သတိမထားမိလိုက်ဘူး..."

ဦးလေးကြီးက အားနာစွာ ပြောလိုက်ပြီးမှ အမြန်ဆက်ပြောသည်။

"ဒါပေမဲ့ အောက်ထပ် ၁၀၁ မှာက သက်ကြီးရွယ်အို ဇနီးမောင်နှံ နေတာ၊ ၁၀၂ မှာကတော့ မိသားစု သုံးယောက်နေတာ။ သူတို့ရဲ့ ကလေးလေးက အတော်လေး ဆိုးတယ်..."

ကလေးအကြောင်း ပြောလိုက်သောအခါ ဝမ်ထောင် မှတ်မိသွားသည်။

လွန်ခဲ့သော ဆောင်းရာသီ ကျောင်းပိတ်ရက်က ထိုကလေး ပစ်လိုက်သော ခဲလုံးလေးနှင့် သူ ထိမှန်ဖူးသည်။ သူ ပြန်လှည့်ကြည့်လိုက်သောအခါ သူ၏ ကြောက်စရာကောင်းသော အမာရွတ်များပါသည့် မျက်နှာကြောင့် ကလေးမှာ ချက်ချင်း အော်ငိုတော့သည်။

ဝမ်ထောင်သည် ထိုကလေး၏ အမေထံမှပင် ဆူပူကြိမ်းမောင်းခြင်း ခံခဲ့ရသေး၏။ ရပ်ကွက်ဝင်းထဲရှိ အခြားသူများက မခံမရပ်နိုင်ဖြစ်၍ ဝမ်ထောင်ဘက်မှ ဝင်မပြောပေးခဲ့လျှင် ထိုကလေးအမေမှာ သူ့ထံမှ ပိုက်ဆံတောင်းယူရန်ပင် ကြိုးစားလိမ့်မည် ဖြစ်သည်။

နောက်ပိုင်းတွင် ကလေးက ကျောင်းတက်သွားပြီး ဝမ်ထောင်၏ အချိန်ဇယားမှာလည်း သာမန်လူများနှင့် မတူသဖြင့် သူတို့ ပြန်မဆုံဖြစ်တော့ပေ...။

"အဲ့ဒီလိုဆိုရင် အောက်ထပ် အခန်းနှစ်ခန်းမှာ ဇမ်ဘီ ငါးကောင်လောက် ရှိနိုင်တာပေါ့... ကောင်းပြီ၊ ကျွန်တော် အရင် ပြန်လိုက်ဦးမယ်"

"အင်း"

အခန်း ၂၀၂ မှ ထွက်လာပြီးနောက် ဝမ်ထောင် ချက်ချင်း ပြန်မသွားသေးပေ။ ယင်းအစား ပထမထပ်သို့ ဆင်းသွားပြီး ၁၀၁ နှင့် ၁၀၂ တံခါးများကို အသာအယာ ခေါက်ကြည့်လိုက်သည်။

မကြာမီမှာပင် အတွင်းမှ 'တရွတ်တိုက်ဆွဲသံနှင့် ကုတ်ခြစ်သံ' များ ထွက်ပေါ်လာ၏။

"အင်း... အထဲမှာ ဇမ်ဘီတွေချည်းပဲ"

ဝမ်ထောင်သည် ဦးလေးကြီးထံ ပြန်သွားပြီး အောက်ထပ် အခန်းနှစ်ခန်းလုံးတွင် ဇမ်ဘီများ ရှိနေကြောင်းနှင့် တံခါးများကို မိမိဘာသာ သွားမဖွင့်ရန် သတိပေးလိုက်သည်။

ဦးလေးကြီးအနေဖြင့် ယခုတစ်ကြိမ် အောင်မြင်မှုကို မြည်းစမ်းလိုက်ရသဖြင့် ထိုတံခါးနှစ်ချပ်ကို သွားဖွင့်မိပါက ပြဿနာ တက်နိုင်သောကြောင့် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် လူငယ်လေး။ စိတ်မပူပါနဲ့၊ ငါ မသွားရဲပါဘူး..."

အခန်း ၂၀၁ အတွင်း သူ မြင်ခဲ့ရသော မြင်ကွင်းကို ပြန်တွေးမိပြီး သူ ထိတ်လန့်နေဆဲ ဖြစ်သည်။

"ခင်ဗျား နားလည်ရင် ပြီးတာပါပဲ"

အိမ်ပြန်ရောက်သောအခါ ဝမ်ထောင်သည် ယနေ့ ရရှိလာသော ပစ္စည်းများကို စနစ်တကျ ခွဲခြားရင်း အဆောက်အဦးအတွင်းရှိ အခြေအနေများကို ဆန်းစစ်ကြည့်လိုက်သည်။

လက်ရှိ အခြေအနေအရ ဤအဆောက်အဦးတွင် ရှင်သန်သူ မိသားစု လေးစုသာ ကျန်ရှိတော့သည်— ၅၀၁ တွင် သူကိုယ်တိုင်၊ ၅၀၂ တွင် မရီး၊ ၄၀၁ မှ သူစိမ်းတစ်ယောက်နှင့် ၂၀၂ မှ ဦးလေးကြီးတို့ ဖြစ်သည်။

သူ ရှာဖွေပြီးသွားသော အခန်းများမှာ ၆၀၂၊ ၃၀၁ နှင့် ၂၀၁ တို့ ဖြစ်သည်။

တံခါးခေါက်ကြည့်ပြီးနောက် လှုပ်ရှားမှုရှိသဖြင့် ဇမ်ဘီရှိကြောင်း အတည်ပြုနိုင်သော အခန်းများမှာ ၆၀၁၊ ၁၀၁ နှင့် ၁၀၂ တို့ ဖြစ်သည်။

နောက်ဆုံးတွင် သူ မရှိနိုင်ဟု ခန့်မှန်းထားသော အခန်းများမှာ ၄၀၂ နှင့် ၃၀၂ တို့ ဖြစ်သည်... ။

သို့သော် သူ၏ ခန့်မှန်းချက်များသာဖြစ်ပြီး မအမြဲတမ်း မမှန်နိုင်ပေ။ ဇမ်ဘီများက အသံမကြားသည်လည်း ဖြစ်နိုင်သလို၊ ချောင်းမြောင်းနေသော ဇမ်ဘီများလည်း ဖြစ်နိုင်သဖြင့် ပြောရခက်လှသည်။ သို့သော် ထိုနေရာများတွင် လူမရှိနိုင်ခြေ အလွန်များကြောင်း သူ ခံစားရ၏။

"လူရှိ၊ မရှိဆိုတာ သွားကြည့်ရင် သိမှာပဲ"

ဝမ်ထောင်သည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အပြင်ထွက်ရန် ပြန်လည် ပြင်ဆင်လိုက်သည်။

ယနေ့ ဇမ်ဘီကို သတ်ရသည်မှာ အတော်လေး လွယ်ကူသဖြင့် အားအင် သိပ်မကုန်ခမ်းခဲ့ပေ။ ထိုအခန်းများတွင် ဇမ်ဘီများ ရှိနေလျှင်ပင် သူ ကိုင်တွယ်နိုင်ပေသည်။

စားစရာ အနည်းငယ်စားပြီး ရေသောက်ကာ ဝမ်ထောင်သည် သော့ဖွင့်ကိရိယာများနှင့် သံပိုက်ကို ကိုင်၍ အပြင်သို့ ထပ်မံ ထွက်လာခဲ့သည်။

ယခုအခါ မွန်းလွဲ သုံးနာရီကျော်သာ ရှိသေးသဖြင့် မှောင်ရန် အချိန်အတော် လိုသေးရာ အချိန်ကောင်းပင် ဖြစ်သည်။

သူသည် ပထမဆုံး ၄၀၂ သို့ သွားလိုက်သည်။

ယနေ့မနက် ဦးလေးကြီး သင်ပေးထားသည့်အတိုင်း အတန်ကြာ အားထုတ်လိုက်ရာ 'ဂျောက်' ခနဲ အသံနှင့်အတူ တံခါးပွင့်သွားသည်။

သတိကြီးစွာဖြင့် အတွင်းသို့ ဝင်ကြည့်ပြီးနောက် ဝမ်ထောင် သက်ပြင်းချနိုင်တော့သည်။ ဤအခန်းထဲတွင် အမှန်တကယ်ပင် လူမရှိပေ..

သို့သော် ဝမ်ထောင် ချက်ချင်းပင် စိတ်ပျက်သွားရသည်။ ဤအခန်းတွင် လူမရှိရုံသာမက မကြာသေးမီက လူနေထိုင်ခဲ့သည့် လက္ခဏာပင် မတွေ့ရပေ။

ပရိဘောဂများကို ပလတ်စတစ်စများဖြင့် ဖုံးအုပ်ထားပြီး ဖုန်များ အထပ်လိုက် တက်နေသည်။ ကြည့်ရသည်မှာ အနည်းဆုံး တစ်လ၊ နှစ်လခန့် လူမနေခဲ့ပုံရသည်။

သို့သော် သူ ရောက်လာပြီဖြစ်ရာ လက်ဗလာနှင့်တော့ ပြန်မသွားနိုင်ပေ။ မရမက ရှာဖွေရမည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဒုတိယအိပ်ခန်းထဲသို့ ရောက်သောအခါ ဝမ်ထောင် ပစ္စည်းကောင်းအချို့ကို တွေ့လိုက်ရသည်။

"ဒါက... အိတ်ဆောင်ဓာတ်အားပေးစက် ပဲ၊ ပြီးတော့ မီးစက်လည်း ရှိသေးတယ်"

ဒုတိယအိပ်ခန်းထဲတွင် အထွေထွေပစ္စည်းအချို့ ရှိနေပြီး ဝမ်ထောင်သည် အိတ်ဆောင်ဓာတ်အားပေးစက်နှင့် ၎င်း၏ဘေးမှ ဒီဇယ်မီးစက်ကို ချက်ချင်း မြင်လိုက်ရခြင်း ဖြစ်သည်။

"ဒီမိသားစုက ခရီးထွက်သွားတာလား.. အဲ့ဒါဆိုရင်တော့ ငါ အားမနာတော့ဘူးနော်"

…………

All Chapters