← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း ၂၉၁ - ဝူမိသားစု၏ နာမည်ကျော်ကြားလာမှု

"ငါတို့ ဝူမိသားစုက မင်းရဲ့သမီးနဲ့ လက်ထပ်မှာဆိုတော့ မင်းတို့ရဲ့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေကို ငါတို့ မတရား သဘောထားမှာ မဟုတ်ပါဘူး။ ဒီပစ္စည်းက ငါတို့ ဝူမိသားစုရဲ့ တင်တောင်းပစ္စည်းပဲ"

ဝူဟောက်သည် လုမုန့်ယွမ်နှင့် လက်ထပ်ခြင်းအပေါ် လုံးဝ ပေါ့ပေါ့ဆဆ မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ လုမုန့်ယွမ်သည် သူတို့၏ ဝူမိသားစုထံသို့ ကံကြမ္မာရွေးချယ်ခံရသူ တစ်ဦးကို ဆောင်ကြဉ်းပေးခဲ့သဖြင့် အဆင့်နှစ် နတ်ဘုရားအဆင့်ရှိ မှော်လက်နက်တစ်ခုကို ပေးအပ်ရခြင်းမှာ ဘာမျှမဟုတ်ပေ။

ထို့နောက် ဝူဟောက်ထံမှ မျဲ့ကျင့် ဆန်းကြယ်ပုလဲကို လက်ခံရယူလိုက်ချိန်တွင် လုရန်၏ စိတ်လှုပ်ရှားမှုမှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။

သူ၏ ထက်မြက်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်ရုံဖြင့် လက်ထဲရှိ ပုလဲသည် သာမန်ပစ္စည်းတစ်ခု မဟုတ်ကြောင်း သိမြင်နိုင်ပြီး ၊ ၎င်းသည် သူ၏ 'အချိန်နှင့်ဟင်းလင်းပြင် ခေါင်းလောင်း' နှင့်ပင် တနိးတူအဆင့်အတန်းရှိမည်ဟု ယူဆရပေသည်။

ထို့ကြောင့် သူသည် ဝူဟောက်၏ ပခုံးကို ရင်းနှီးစွာ ပုတ်ကာ ပြောဆိုလိုက်၏။

"စီနီယာ ဝူ... ဒီနေ့ကစပြီး ငါတို့က မိသားစုတွေ ဖြစ်သွားပြီ။ ဝူမိသားစုရဲ့ ကိစ္စတွေက ငါတို့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေပါပဲ။ ငါတို့ဘက်က ကူညီပေးနိုင်တာ တစ်ခုခုရှိရင် အားမနာဘဲ ပြောပါ။"

"အဲဒီလိုဆိုရင်လည်း ကျုပ် အလေးအနက် မှတ်ထားပါ့မယ်။"

ဝူဟောက်သည် အပြုံးမပျက် ပြန်ပြောကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ နတိအသိစိတ်ကမ္ဘာမှ ပြန်လည်ခေါ်ထုတ်လာခဲ့သည်။ သို့သော် ဝူမိသားစုပင် မဖြေရှင်းနိုင်သော ပြဿနာမျိုး ပေါ်ပေါက်လာပါက အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေလည်း ကူညီနိုင်မည် မဟုတ်ချေ။

​ထို့အပြင် မျဲ့ကျင့် ဆန်းကြယ်ပုလဲကို ရရှိပြီးနောက်တွင် လုရန်သည် ၎င်း၏ စွမ်းအားကို အသုံးပြု၍ သွေးဧကရာဇ်ကို အပြတ်အသတ် ချေမှုန်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားသိရှိလိုက်ရသည်။

​ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ဘဲ အမှန်တရားပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤပုလဲသည် မြေကမ္ဘာနတ်ဘုရား အဆင့်အောက်ရှိ သက်ရှိမှန်သမျှကို ဖိနှိပ်နိုင်စွမ်းရှိသောကြောင့် သွေးဧကရာဇ်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ သူ့အတွက် အလွန်လွယ်ကူသော ကိစ္စတစ်ခုပင် ဖြစ်၏။

ဤအချက်က ဝူဟောက်၏ တည်ရှိမှုနှင့် ပတ်သက်၍ လုရန်ကို ပို၍ သိချင်စိတ် ဖြစ်ပေါ်လာစေသည်။ ဝူဟောက်၏ စစ်မှန်သော နယ်ပယ်အဆင့်သည် မည်မျှတောင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။

"ဘိုးဘေး... ကလေးကို နာမည်တစ်ခု ပေးသင့်တယ်လို့ ထင်လား။"

ထိုအချိန်တွင် ဝူထျန်းခွန်းသည် သူ၏ရင်ခွင်ထဲရှိ ကလေးကို ဝူဟောက်ထံသို့ ဂရုတစိုက် ခေါ်ဆောင်လာကာ ဝူဟောက်ကို လေးနက်စွာ ကြည့်လိုက်သည်။ လုမုန့်ယွမ်သည်လည်း ဝူထျန်းခွန်း၏ ဘေးတွင် ရပ်နေပြီး ဝူဟောက်ကို လေးစားမှု အရိပ်အယောင်များဖြင့် ကြည့်နေခဲ့သည်။

အနီးနားတွင် ရပ်နေသော လုရန်ကလည်း အလျင်အမြန် ဖြည့်စွက်ပြောဆိုလိုက်၏။

"ဟုတ်ပါတယ် စီနီယာ ဝူ။ စီနီယာ ဒီမှာရှိနေတုန်း ကျွန်တော့်ရဲ့ မြေးလေးကို နာမည်တစ်ခု ပေးစေချင်ပါတယ်။"

ဝူထျန်းခွန်း၏ ရင်ခွင်ထဲရှိ ဝူကျန်းယွီပင်လျှင် ဝူဟောက်ကို တောင့်တစွာဖြင့် ကြည့်နေခဲ့ပြီး၊ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆိုနေမိသည်။

'ကျေးဇူးပြုပြီး... ကျွန်တော့်ကို ဇာတ်လိုက်နဲ့တူတဲ့ နာမည်မျိုး ပေးနော်၊ ကျွန်တော်က ဇာတ်လိုက် ဖြစ်လာမှာပါ'

ဝူဟောက်သည် ကလေးငယ်ကို ငုံ့ကြည့်ရင်း သူ၏ မျက်နှာပေါ်၌ အံ့အားသင့်သော အရိပ်‌အယောင်အချို့ ဖြစ်ပေါ်လာခဲ့၏။

'စိတ်ဝင်စားစရာပဲ... ငါ့ရဲ့မြစ်က ငါ့လိုပဲ ကူးပြောင်းသူ တစ်ယောက် ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။'

【နာမည်: ယာယီ】

【ကံကြမ္မာ: ကံကြမ္မာရွေးချယ်ခံရသူ ၊ ကူးပြောင်းသူ 】

【ပါရမီ: အမြင့်ဆုံးအဆင့် ဝိညာဉ်အမြစ် 】

【ခန္ဓာကိုယ်: ဟုန်မုန်တာအိုခန္ဓာ 】

ဝူဟောက်သည် မိမိကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဝူကျန်းယွီမှာ ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့သွားသည်။

'ငါ့အဘိုးက ငါ့ကို ဖောက်ထွင်းမြင်သွားတာလား။ သူ ငါ့ကို သတ်ရင် ဘယ်လိုလုပ်မလဲ။'

သို့သော် ဝူကျန်းယွီသည် အလွန်အကျွံ တွေးနေခြင်းသာ ဖြစ်သည်။ ဝူဟောက်သည် ဝူကျန်းယွီ၏ အမှတ်အသားကို ထုတ်ဖော်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤကလေးသည် သူ၏ အတွေ့အကြုံရမှတ် ဖြစ်သလို၊ ဝူဟောက်သည် ကူးပြောင်းခြင်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ဤကလေးထံမှ ရှာဖွေရန်လည်း ရည်ရွယ်ထား၏။

နတ်ဘုရားအဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက်တွင် ဝူဟောက်သည် အထက်ကမ္ဘာ တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း သူ၏ ယခင်ဘဝက ကမ္ဘာကို ရှာမတွေ့နိုင်ခဲ့ချေ။ ထို့အပြင် ဝင်စားသူတိုင်းတွင် 'စနစ်' ပါမပါ သူ စောင့်ကြည့်လိုသည်။ အကယ်၍ အခြား စနစ်တစ်ခုကို ရှာတွေ့ပါက သူ၏ ကိုယ်ပိုင်စနစ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်လိမ့်မည်။

"အင်း... ဒီလိုဆိုရင် သူ့ကို ဝူတောက်ထျန်း လို့ နာမည်ပေးလိုက်ရအောင်။"

ခဏတာ စဉ်းစားပြီးနောက် ဝူဟောက်က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"အခု ဒီနာမည်က နည်းနည်း အဆင့်အတန်း ရှိသွားပြီ မဟုတ်လား။ 'ဝူယီဖန်' လို နာမည်မျိုးတွေနဲ့ ယှဉ်ရင် ငါ့ရဲ့ နာမည်ပေးတဲ့ စွမ်းရည်က တော်တော်လေး တိုးတက်လာပြီလို့ ထင်တယ်။"

ကူးပြောင်းသူ အချင်းချင်း ပေးအပ်သော လက်ဆောင်ငယ်တစ်ခုဟု ဆိုရပေမည်။

ဝူဟောက်၏ စကားကို ကြားချိန်တွင် လုရန်က အရင်ဆုံး မြှောက်ပင့်လိုက်၏။

"စီနီယာ ဝူ ဆိုတဲ့အတိုင်းပဲ သူရွေးချယ်လိုက်တဲ့ နာမည်က တကယ်ကို ပြိုင်ဘက်ကင်းပါပဲ။"

ထိုနာမည်ကို ကြားချိန်တွင် လုမုန့်ယွမ်နှင့် ဝူထျန်းခွန်းတို့၏ မျက်လုံးများမှာလည်း အရောင်လက်သွားခဲ့သည်။

"တကယ်ကောင်းတဲ့ နာမည်လေးပဲ။"

ယခု 'ဝူတောက်ထျန်း' ဖြစ်သွားသော ကလေးငယ်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ပြုံးရွှင်နေခဲ့၏။

'ရွှမ်ဟွမ်ကမ္ဘာနဲ့ ထိုက်တန်တယ်။ ဒီလိုနာမည်မျိုးနဲ့ဆိုရင် အထွတ်အထိပ် ရောက်ဖို့က မခက်ခဲတော့ဘူး။'

ဝူဟောက်သည် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသဖြင့် ဤကလေးတွင် စနစ်ရှိမရှိကို သံသယဝင်နေမိသည်။

"ကောင်းပြီ... ဒါဆိုရင်လည်း ငါတို့ အခု ပြန်ကြတော့မယ်။ ငါတို့ရဲ့ ဝူမိသားစုက နောက်လဝက်နေရင် မင်းတို့ရဲ့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေကို သတို့သမီး လာကြိုဖို့ တရားဝင် လာခဲ့ပါ့မယ်။"

ဝူဟောက်သည် လုရန်ကို ကြည့်ကာ နှုတ်ဆက်လိုက်၏။ ဝူထျန်းခွန်းကလည်း လုမုန့်ယွမ်ကို ကြည့်ကာ သံယောဇဉ်ကြီးစွာဖြင့် ပြောလိုက်သည်။

"မုန့်ယွမ်... ကိုယ့်ကို စောင့်နေပါ။ နောက်လဝက်နေရင် မင်းကို အိမ်ခေါ်သွားဖို့ ကိုယ်လာခဲ့မယ်။"

"ဟုတ်ကဲ့... ကျွန်မ စောင့်နေပါ့မယ်။"

လုမုန့်ယွမ်သည် ဝူတောက်ထျန်းကို ပွေ့ချီထားရင်း ဝူထျန်းခွန်းကို အချစ်များဖြင့် ငေးကြည့်နေခဲ့သည်။

ဝူဟောက်သည် ဝူထျန်းခွန်းကို အိမ်သို့ ပြန်ခေါ်သွားလေ၏။ ယခုအခါ ဝူထျန်းခွန်းကို ဝူမိသားစု၏ ဘိုးဘေးဟု ယူဆနိုင်ပြီဖြစ်ရာ သူ၏ မင်္ဂလာပွဲသည် အထက်ကမ္ဘာ တစ်ခုလုံး သိရှိစေရမည့် ခမ်းနားသော ပွဲကြီးပွဲကောင်း ဖြစ်ရပေမည်။ ဤသည်မှာ ဝူမိသားစု၏ အင်အားကြီးမားမှုကို အထက်ကမ္ဘာသို့ ပေးသိနိုင်မည့် အခွင့်ကောင်းလည်း ဖြစ်ပေသည်။

ဝူထျန်းခွန်း ထွက်သွားသည်ကို လုမုန့်ယွမ် ငေးကြည့်နေဆဲမှာပင် ၊ ဖခင်ဖြစ်သူ လုရန်က စကားပြောလာသည်။

"ကောင်းပြီ... အချစ်ဝေဒနာ ခံစားနေတာကို ခဏရပ်ပြီး ဒီကိစ္စကို အရင် ဖြေရှင်းကြတာပေါ့။"

ဝူဟောက်၏ လက်နက်ကို ရရှိပြီးနောက် လုရန်သည် ဝူဟောက်၏ စွမ်းအားကို လုံးဝ ယုံကြည်သွားခဲ့သည်။ အကယ်၍ သူသာ ဤဆုံးဖြတ်ချက်ကို အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၏ အကြီးအကဲများအား ပြောပြလျှင်ပင် ၊ မည်သူမျှ ကန့်ကွက်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

အခြားတစ်ဖက်တွင် ဝူဟောက်သည် ဝူထျန်းခွန်းကို ဖန်လိုင် အင်မော်တယ်ကျွန်းသို့ ပြန်ခေါ်လာပြီးနောက် ဝူမိသားစု၏ မျိုးဆက်အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်၏။

"အဖေ... ကျွန်တော်တို့အားလုံးကို ဒီကိုခေါ်ရတဲ့အထိ ဘာတွေဖြစ်ခဲ့လို့လဲ။"

လူတိုင်း ရောက်လာချိန်တွင် ဝူရူလုံက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။ မကြာသေးမီက ဝူမိသားစု ကုန်သည်ကြီးများအသင်း၏ ကိစ္စများကြောင့် သူသည် အတော်လေး အလုပ်များနေခဲ့သည်။ အကယ်၍ ဝူဟောက်သာ ဆင့်ခေါ်ခြင်း မရှိပါက သူသည် ဤကျွန်းသို့ အနှစ်တစ်ရာအတွင်း ပြန်လာမည် မဟုတ်ပေ။

ဤသည်ကို ကြားသောအခါ ဝူဟောက်က သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်၏။

"မင်းရဲ့ သား အိမ်ထောင်ပြုတော့မယ်။ ဖခင်တစ်ယောက်အနေနဲ့ စီစဉ်မှုတွေမှာ ကူညီဖို့ မင်း အနည်းဆုံးတော့ ပြန်လာသင့်တာပေါ့။"

"ဘာ။"

ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူရူလုံမှာ မှင်သက်သွားပြီး သူ၏ မျက်နှာပေါ်၌ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

အခန်း ၂၉၂ - ထူးခြားသော အဖြစ်အပျက်

"ဘယ်သူလဲ... ထျန်းခွန်း လား ချီထျန်း လား... မင်းတို့က တကယ်ကို အောင်မြင်နေတာပဲ... ငါ့ကို စကားတစ်ခွန်းမှ မပြောဘဲ ချွေးမ တစ်ယောက်တောင် ခေါ်လာပြီလား..."

ဝူရူလုံ သည် သူ၏ဘေးရှိ ဝူထျန်းခွန်း နှင့် ဝူချီထျန်း တို့ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ မတူညီသော အမူအရာများအရ ၎င်းမှာ ဝူထျန်းခွန်း ဖြစ်ရမည်ဟု အလျင်အမြန် ကောက်ချက်ချနိုင်ခဲ့သည်။

ဝူထျန်းခွန်း သည် ရှုပ်ထွေးသော အမူအရာဖြင့် ရပ်နေပြီး ဝူချီထျန်း ကမူ သူ့ကို မယုံနိုင်စွာဖြင့် ကြည့်နေကာ သူ၏ အမူအရာမှာ ခင်ပွန်းဖြစ်သူ၏ မတရားပြုမူခြင်းကို ခံရသော ဇနီးငယ်လေး တစ်ဦးကဲ့သို့ ဖြစ်နေလေ၏။

‘မဟုတ်ဘူးလေ အစ်ကို(၆)... ငါတို့ တစ်သက်လုံး လူပျိုကြီး လုပ်ကြမယ်လို့ သဘောတူထားတာလေ မင်းက အရင် လူရှာတွေ့သွားတော့ ငါက ဘယ်လိုလုပ်ရမလဲ... ‘

သို့သော် လက်ရှိအခြေအနေတွင် ဝူချီထျန်းအနေဖြင့် ထိုကဲ့သို့သော စကားမျိုးကို ပြောထွက်မည်မဟုတ်သည်မှာ ထင်ရှားလှပေသည်။ အဘယ်ကြောင့်ဆိုသော် သူ အလွယ်တကူ အရိုက်ခံရနိုင်သောကြောင့် ဖြစ်သည်။

"အဖေ... ဒါက မတော်တဆမှုတစ်ခုပါ... ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး..."

ဝူထျန်းခွန်းသည် ရှေ့သို့တိုးလာပြီး ခေါင်းငုံ့ကာ ဖြည်းညင်းစွာ ဝန်ခံလိုက်၏။

သူသည် လူအတစ်ယောက် မဟုတ်ပေ။ လုမုန့်ယွမ်ကို ကယ်တင်ပြီးနောက်တွင် သူသည် တစ်ဖက်လူမှ ဖြန့်ကြဲလိုက်သော ဆေးမှုန်များကို ရှူရှိုက်မိခဲ့သည်။ ထို့နောက်တွင်မူ သူသည် အသိစိတ် လုံးလုံးလျားလျား မပျောက်ကွယ်မီ သူ၏ ခွန်အားရှိသမျှ အသုံးပြုကာ ရန်သူအားလုံးကို သုတ်သင်ပစ်ခဲ့သည်။

ဖြစ်နိုင်သည်မှာ ထိုစဉ်က သူသည် ကာမအားတိုးဆေး သို့မဟုတ် ထိုကဲ့သို့သော အဆိပ်တစ်မျိုးမျိုး အခတ်ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လုမုန့်ယွမ်သည် သူ့ကို ကယ်တင်ရန်အတွက် သူမ၏ အပျိုစင်ဘဝကို ပေးအပ်ခဲ့ရခြင်း ဖြစ်နိုင်ပြီး၊ ထိုမှတစ်ဆင့် ဝူတောက်ထျန်းကို ကိုယ်ဝန်ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဝူထျန်းခွန်း၏ စကားကို ကြားပြီးနောက် ဝူရူလုံမှာ သက်ပြင်းချကာ အတန်ကြာ ငြိမ်သက်သွားပြီးနောက်မှ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"ဒီလိုဆိုမှတော့ မင်းက သူမကို စိတ်ပျက်အောင် လုပ်လို့မရဘူး... ဒါကြောင့် မင်း သူမကို လက်ထပ်သင့်တယ်..."

"အဖေ... အဘိုးက ကျွန်တော့်ကို အဲဒီကို ခေါ်သွားပြီးပြီ... ပြီးတော့ တစ်ဖက်လူကလည်း သဘောတူထားတယ်... နောက်လဝက်နေရင် အဘိုးက သတို့သမီးကို သွားကြိုဖို့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ကို ကျွန်တော့်ကို ခေါ်သွားလိမ့်မယ်..."

ထိုအချိန်တွင် ဝူထျန်းခွန်း သည် သူ၏ဘေးရှိ ဝူဟောက်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

ဤသည်ကို ကြားပြီးနောက် ဝူရူလုံမှာ သူ၏ ဖခင်ကို အလိုအလျောက်ကြည့်မိကာ ပြောဆိုလိုက်၏။

"အဖေ... အဖေ ဒါကို ဖြေရှင်းပြီးပြီလား..."

"အင်း... ငါ ဖြေရှင်းပြီးပြီ... တင်တောင်းပစ္စည်း တွေ အားလုံးလည်း ပေးပြီးပြီ... မင်းတို့ လုပ်ရမှာက ဒီသတင်းကို ဖြန့်ဖို့ပဲ..."

ဝူဟောက်က ခေါင်းညိတ်လိုက်သည်။

"သတင်းကို ဖြန့်ဖို့..."

ဝူရူလုံ နှင့် အခြားသူများက စပ်စုလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ဤသည်ကို ကြားချိန်တွင် ဝူဟောက်က ရှင်းပြခဲ့သည်။

"ငါတို့ ဝူမိသားစု က အခု အရမ်းအရေးကြီးတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ အထက်ကမ္ဘာ တစ်ခုလုံးကို ငါတို့ရဲ့ တည်ရှိမှုအကြောင်း အသိပေးဖို့ အချိန်တန်ပြီ... ထျန်းခွန်းက အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့ လုမုန့်ယွမ်နဲ့ လက်ထပ်တာဟာ သေချာပေါက် အခွင့်ကောင်းတစ်ခုပဲ ၊ အထက်ကမ္ဘာ တစ်ခုလုံးကို ငါတို့ရဲ့ ဝူမိသားစုအကြောင်း သိစေဖို့ ဒီအခွင့်အရေးကို ငါတို့ အသုံးချမယ်”

ဝူဟောက်၏ စကားကို ကြားသောအခါ ဝူရူလုံနှင့် အခြားသူများမှာ အသက်ရှူနှုန်းများ မြန်လာပြီး ၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဝူချီလုံ၏ ဦးဆောင်မှုအောက်တွင် အထက်ကမ္ဘာရှိ မည်သည့်အင်အားစုကမျှ ဝူမိသားစု ကုန်သည်ကြီးများအသင်းကို မဆန့်ကျင်ရဲကြသဖြင့် ဝူမိသားစုသည် အထက်ကမ္ဘာတွင် ထိပ်တန်းကုန်သည်ကြီးများအသင်းတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် သူတို့သည် အထက်ကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်အားစုကြီးတော့ မဖြစ်လာသေးချေ။ အကယ်၍ ဝူမိသားစုသည် ဤအခွင့်အရေးကို အသုံးချကာ ပေါ်ထွက်လာနိုင်ပါက ဝူမိသားစု ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်းအဆမရှိသော အကျိုးကျေးဇူးများ ရရှိလာပေတော့မည်။

"ဒါဆို အဖေ... အဖေက အခု သီးသန့်ကျင့်ကြံရာကနေ ထွက်လာတော့မှာလား။"

ဝူရူလုံက ဝူဟောက်ကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်၏။ သို့သော် ဝူဟောက်က ခေါင်းခါပြကာ ပြန်လည်ပြောဆိုလိုက်သည်။

"မဟုတ်ဘူး... ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ အမြန်ဆုံး သန်မာလာဖို့အတွက် ငါတို့ နည်းလမ်းတချို့ကို သုံးရလိမ့်မယ်။"

ထိုသို့ပြောပြီးနောက် ဝူဟောက်သည် အထက်ကမ္ဘာ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ၏ နှလုံးသားထဲတွင် သက်တောင့်သက်သာမရှိသော ခံစားမှုတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ဝူဟောက်၏ စကားကြောင့် ဝူရူလုံမှာ စိတ်ပျက်သွားသော်လည်း ဘာမှတော့ ထပ်မပြောခဲ့ချေ။ ဝူဟောက်၏ သားတစ်ယောက်အနေဖြင့် ဝူရူလုံသည် ဖခင်ဖြစ်သူ၏ နာမည်ကျော်ကြားမှုကို အထက်ကမ္ဘာ တစ်ခုလုံးတွင် ပျံ့နှံ့စေလိုသည်မှာ သဘာဝကျပေသည်။

'အဲဒီလိုသာဆိုရင် ငါ အပြင်ထွက်တဲ့အခါ ငါ့ကိုယ်ငါ တကယ်ကို ဂုဏ်ယူမိမှာပဲ။'

"ကောင်းပြီ... ဒီကိစ္စကို အမြန်ဆုံး ပြီးအောင်လုပ် ပြီးတော့ အင်မော်တယ်မဟာဧကရာဇ်တွေ ကွပ်ကဲနေတဲ့ အထက်ကမ္ဘာက အင်အားစုအားလုံးကို ဖိတ်စာတွေ ပေးပို့လိုက်။"

ဝူဟောက်က လက်ကို ဝှေ့ယမ်းကာ ပြတ်သားစွာ ညွှန်ကြားလိုက်၏။

မကြာမီ အင်မော်တယ် မဟာဧကရာဇ်မင်းများ ရှိသော အင်အားစုများ အပါအဝင် အထက်ကမ္ဘာ တစ်ခုလုံး ဝူမိသားစု ထံမှ ဖိတ်စာများ ရရှိခဲ့ပြီးနောက် သူတို့၏ စိတ်နှလုံးသားများမှာ တုန်လှုပ်သွားခဲ့ရသည်။

ပထမအချက်အနေဖြင့် သူတို့သည် ဝူမိသားစု အကြောင်းကို ယခင်က တစ်ခါမှ မကြားဖူးခဲ့ချေ။ ဤကဲ့သို့ လူသိနည်းသော အင်အားစုတစ်ခုက အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ၏ မြင့်မြတ်အရှင်သခင် လုရန် ၏ သမီးနှင့် လက်ထပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သူတို့ ယခင်က တစ်ခါမှ မကြားဖူးခဲ့သော ဖန်လိုင် အင်မော်တယ်ကျွန်း ကြောင့်ဖြစ်သည်။ အင်မော်တယ် အရှင်မြတ် တစ်ဦးသည် ဖန်လိုင် အင်မော်တယ်ကျွန်း အကြောင်း ကြားသိခဲ့ရပြီး တွက်ချက်မှုအချို့ ပြုလုပ်ရန် ကြိုးစားခဲ့ရာ ပေါက်ကွဲပြီး ချက်ချင်း သေဆုံးသွားခဲ့သည်။ ဤဖြစ်ရပ်က အထက်ကမ္ဘာ တစ်ခုလုံးတွင် ကြီးကြီးမားမား ဂယက်ရိုက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ အတွင်း၌ ၊

ထိုသတင်းကို လက်ခံရရှိပြီးနောက် လီဖန်ထျန်း ၏ အမူအရာသည် အလွန် လေးနက်သွားပြီး ချန်ဝူရွှမ်သည် လီဖန်ထျန်း ၏ ရှေ့၌ ထွက်ပေါ်လာခဲ့၏။

"အရှင်သခင်... ဒီကိစ္စနဲ့ ပတ်သက်ပြီး..."

"ငါ မြင့်မြတ်အရှင်သခင် ဟာ မြင့်မြတ်နယ်မြေ က အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိတဲ့ အကြီးအကဲတွေ အားလုံးကို ဦးဆောင်ပြီး ဂုဏ်ပြုလက်ဆောင်တွေနဲ့အတူ အဲဒီကို သွားမယ်..."

လီဖန်ထျန်းသည် လက်ကိုဝှေ့ယမ်းကာ ထိုကိစ္စကို ပေါ့ပေါ့ပါးပါး ဆုံးဖြတ်လိုက်သည်။

ဝူဟောက်၏ စွမ်းအားကို မျက်မြင်တွေ့ရှိခဲ့ရသည့်အပြင် ဝူဟောက်နှင့် သူတို့၏ သူတော်စင်တို့ကြားက ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကာ လီဖန်ထျန်း သည် ဤကိစ္စကို အလွန် အလေးအနက်ထားခဲ့သည်။ ထို့အပြင် ဝူမိသားစု သည် ဝူမိသားစု၏ နာမည်ကို ထင်ပေါ်ကျော်ကြားလာစေရန် ဤဖြစ်ရပ်ကို အသုံးပြုလိုကြောင်း သူ မြင်နိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် သဘာဝကျကျပင် ကူညီရပေလိမ့်မည်။

ကျွင်းရှောင်ယောင် သည်လည်း လီဖန်ထျန်း နှင့် တူညီသော အကြံအစည် ရှိခဲ့သည်။ မိမိတို့ သူတော်စင် ၏ ဘိုးဘေးတစ်ဦး ဖြစ်ရာ ၊ ကျွင်းရှောင်ယောင် အနေဖြင့် သူ၏ ထောက်ခံမှုကို သဘာဝကျကျပင် ပြသရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ တစ်ခုလုံးရှိ အင်မော်တယ် မဟာဧကရာဇ် အားလုံးကို တက်ရောက်ရန် အမိန့်ပေးခဲ့သည်။

နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ အတွင်း၌ ထိုသတင်းကို လက်ခံရရှိခဲ့သော ဝူတုံသည် မျက်လုံးများအရောင်လက်သွားကာ မြင့်မြတ်အရှင်သခင် ကျန်းကျဲ၏ ရှေ့သို့ ရောက်လာခဲ့၏။

ဤအချိန်တွင် ကျန်းကျဲ၏ အမူအရာမှာ အလွန်ရှုပ်ထွေးနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူ၏သား ကျန်းရှောင်ချူ သည် လုမုန့်ယွမ် ကို သဘောကျကြောင်း သူ သိထားသော်လည်း သူမကို အလုခံရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ယင်းက သူ့ကို အတော်လေး စိတ်ပျက်စေခဲ့သည်။

အကယ်၍ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ သည် သူ၏ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ နှင့် လက်ထပ်မဟာမိတ် ဖွဲ့နိုင်ပါက၊ ၎င်းသည် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ဝူတုံက တွေ့ခွင့်တောင်းနေကြောင်း ကြားသိရသဖြင့် ကျန်းကျဲသည် လက်ကိုဝှေ့ယမ်းကာ ခွင့်ပြုလိုက်သည်။

'ဘာကိစ္စများ ရှိလိုပါလိမ့်’

ဝူတုံကို မြင်တွေ့လိုက်ရချိန်တွင် ကျန်းကျဲ၏ စိတ်မကောင်းဖြစ်မှုများမှာ ပျောက်ကွယ်သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝူတုံသည် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်းကို ရှစ်ချက်တိုင်တိုင် မြည်ဟီးအောင် လုပ်နိုင်ခဲ့ပြီး ၊ အလားအလာရှိသော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ ထို့အပြင် သူသည် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ အနာဂတ် ရောင်နီသန်းလာစေရန် မျှော်လင့်ချက် အလုံးစုံကို ပခုံးပေါ်တွင် ထမ်းရွက်ထားရသော အရေးပါသူတစ်ဦးလည်း ဖြစ်ပေသည်။

ကျန်းကျဲကို မြင်တွေ့သည်နှင့် ဝူတုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဦးညွှတ်ကာ အရိုအသေပြုလိုက်သည်။

"မြင့်မြတ်အရှင်သခင်... ဒီတစ်ကြိမ် ဝူမိသားစု နဲ့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ရဲ့ စားသောက်ပွဲကို ကျွန်တော့်ကို ခေါ်သွားပေးပါ့လား..."

ဝူတုံ၏ စကားကို ကြားချိန်တွင် ကျန်းကျဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ အမှန်တကယ်တော့ သူ ကိုယ်တိုင်လည်း ထိုနေရာကို သွားရန် စီစဉ်ထားပြီးသား ဖြစ်ပေသည်။

သူ၏သားနှင့် လုမုန့်ယွမ်တို့၏ လက်ထပ်ပွဲမှာ ပျက်ပြားသွားခဲ့သော်လည်း ထိုအကြောင်းရင်းက အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေနှင့် မိတ်ဆွေဆက်ဆံရေးအပေါ် သက်ရောက်မှုမရှိပေ။

ထို့အပြင် လုရန်ကဲ့သို့သောသူက မိမိသမီးကိုပင် ဆန္ဒအလျောက် လက်ထပ်ပေးရန် သဘောတူညီခဲ့သည်။ တဖက်လူ၏အင်အားစုမှာ မည်မျှတောင် အင်အားကြီးမားသည်ကို ကျန်းကျဲကိုယ်တိုင်လည်း သိချင်နေမိသည်။

သို့သော် ဝူတုံ၏ စကားကို ကြားပြီးနောက် ကျန်းကျဲမှာ ပို၍ စိတ်ဝင်စားသွားခဲ့သည်။ ဝူတုံသည် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေနှင့် ဝူမိသားစုတို့၏ မင်္ဂလာအခမ်းအနားပွဲသို့ အဘယ့်ကြောင့် တတ်ရောက်ချင်နေသည်ကို သူ အတော်လေး သိချင်သွားသည်။

All Chapters