← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း ၂၉၃ - ကျန်းကျဲ၏ အံ့အားသင့်မှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်

ဝူတုံ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ၊ ကျန်းကျဲကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"အဲဒါက ကျွန်တော့်ရဲ့ မိသားစု နဲ့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ တို့ရဲ့ လက်ထပ်ပွဲ ဖြစ်နေလို့ပါ..."

"ဘာ... အဲဒါ မင်းရဲ့ မိသားစု လား..."

ဝူတုံ၏ စကားကို ကြားချိန်တွင် ကျန်းကျဲမှာ အံ့အားသင့်သွားမိသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး မယုံနိုင်စွာဖြင့် ပြောဆိုလိုက်၏။

သို့သော် သေချာ စဉ်းစားကြည့်ပါက သိပ်ပြီး ထူးဆန်းပုံ မရချေ။ မည်သို့ပင်ဆိုစေကာမူ ဝူတုံ၏ မျိုးရိုးနာမည်မှာ ဝူ ဖြစ်ရာ ၊ သူသည် ဝူမိသားစု မှ လာခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။

ဝူတုံသည် ကျန်းကျဲအား သူ့ကို ခေါ်သွားရန် တောင်းဆိုခြင်းမှာ ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း မဟုတ်ချေ။ ဘိုးဘေးနှင့် အခြားသူများက ယခုကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်စေမည့် အခမ်းအနားကြီးကို ပြင်ဆင်နေခြင်းမှာ ဝူမိသားစု၏ အရှိန်အဝါကို အထက်ကမ္ဘာတစ်ခုလုံး သိရှိစေရန် ရည်ရွယ်ထားကြောင်း သူ သဘောပေါက်သွားခဲ့သည်။

'ငါက ဝူမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့အတွက် မြင့်မြတ်အရှင်သခင်နဲ့ တခြားသူတွေကို ဒီပွဲကိုခေါ်လာဖို့ ငါ့မှာ တာဝန်ရှိတာပေါ့'

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းကျဲသည် နောက်ဆုံး၌ သဘောတူလိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဝူတုံ၏ ပါရမီမှာ ငြင်းဆို၍မရနိုင်လောက်အောင်ပင် ထူးချွန်လှသဖြင့်၊ သူ့လို ပါရမီရှင်များကို တပည့်အဖြစ် လက်ခံရန်မှာ အမြဲတမ်း ကြိုဆိုရမည့် ကိစ္စရပ်ပင် ဖြစ်ပေသည်။

သို့သော် ကျန်းကျဲသည် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး ဝူတုံကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။

"ဝူတုံ... ဝူမိသားစု က ဘယ်လောက်တောင် စွမ်းအားကြီးမားလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား..."

ဤစကားကို ကြားလိုက်ရချိန်တွင် ဝူတုံ၏ အမူအရာမှာ ရှုပ်ထွေးသွားပြီး ဖွင့်ဟပြောဆိုရန် ခက်ခဲနေပုံမှာ သိသာလှပေသည်။ သို့သော် တစ်စုံတစ်ခုကို တွေးတောမိပြီးနောက် သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းကာ ပြောဆိုလိုက်၏။

"ဘိုးဘေးက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း အတိအကျ မသိပါဘူး ဒါပေမဲ့ ကျွန်တော် သိတာတစ်ခုကတော့..."

ဝူတုံက ခေတ္တရပ်ကာ ဆက်ပြောလိုက်သည်။

"မိသားစုထဲမှာ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိတဲ့ စစ်မှန်တဲ့ နဂါးတစ်ကောင် ရှိနေတယ် ဆိုတာပဲ”

"ဘာ…”

ဤစကားကို ကြားလိုက်ရချိန်တွင် ကျန်းကျဲ၏ မျက်နှာပေါ်၌ ဖော်ပြ၍မရနိုင်လောက်သော အံ့အားသင့်မှုများ အတိုင်းသား ပေါ်လာခဲ့သည်။ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်အထိ ရောက်ရှိနေသည့် စစ်မှန်သော နဂါးတစ်ကောင်ဟူသည်မှာ မယုံနိုင်စရာပင်။

အထက်ကမ္ဘာ တစ်ခုလုံးတွင် တစ်ကောင်တည်းပင် ရှိမည်မဟုတ်ဘဲ အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့်တွင်ရှိသော စစ်မှန်နဂါး များပင်လျှင် အလွန် ရှားပါးလှပေသည်။ အကယ်၍ ဝူတုံ ပြောသည်က အမှန်ဖြစ်ပါက ဝူမိသားစု သည် အနည်းဆုံး မဟာမြင့်မြတ်နယ်မြေငါးခု နှင့် တန်းတူ ဖြစ်ပေသည်။

မဟာမြင့်မြတ်နယ်မြေငါးခု ထက်ပင် ပိုမို စွမ်းအားကြီးမားနိုင်ခြေ ရှိပြီး သို့မဟုတ်ပါက ၎င်းသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ရှိ စစ်မှန်နဂါးကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့မည် မဟုတ်ချေ။

ဤသည်ကို တွေးမိချိန်တွင် ကျန်းကျဲ သည် ဝူမိသားစု ကို ရန်မစနိုင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ချက်ချင်း သတ်မှတ်လိုက်ပြီး ဝူတုံအပေါ် သူ၏ သဘောထားမှာ ပို၍ပင် ရိုသေလေးစားလာခဲ့၏။

"ကောင်းပြီ... ဒီကိစ္စကို ငါ သိပြီ... နောက်လဝက်နေရင် မင်းကို ဖန်လိုင် အင်မော်တယ်ကျွန်း ကို ငါ ခေါ်သွားပါ့မယ်..."

"ကျေးဇူးတင်ပါတယ် မြင့်မြတ်အရှင်သခင်..."

ထိုသို့ပြောပြီးနောက် ဝူတုံ လှည့်ထွက်သွားလေ၏။ အမှန်တကယ်တော့ သူ၏ ရည်ရွယ်ချက်မှာ ဝူမိသားစုကို ကူညီရန်သာမက ပို၍ အရေးကြီးသည်မှာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဝူမိသားစုထံသို့ အလျင်အမြန် ပြန်သွားရင်တောင် စားသောက်ပွဲသည် ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ဝူတုံ၏ ရည်ရွယ်ချက်မှာ စားသောက်ပွဲကို တက်ရောက်ရန်ပင် ဖြစ်ပေသည်။

ဝူတုံ ထွက်သွားပြီးနောက် ကျန်းကျဲမှာ အတန်ကြာ တွေဝေနေပြီးနောက် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ အတွင်းရှိ ကျင့်ကြံခြင်း နေရာများထဲမှ တစ်နေရာသို့ ရောက်ရှိလာခဲ့၏။

မကြာမီ ကျန်းကျဲသည် ရုပ်ရည်ချောမောပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦး၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုလူငယ်သည် ကျန်းကျဲကို မြင်သည်နှင့် မယုံနိုင်စွာဖြင့် ပြောဆိုလိုက်၏။

"အဖေ... အပြင်က သတင်းတွေက အတုတွေမလား ... မုန့်ယွမ် က ဘယ်လိုလုပ် အိမ်ထောင်ကျနိုင်မှာလဲ..."

ထိုလူငယ်မှာ ကျန်းကျဲ၏ သား ကျန်းရှောင်ချူပင် ဖြစ်သည်။

သားဖြစ်သူ၏ အမူအရာကို မြင်ပြီးနောက် ကျန်းကျဲသည် သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"ရှောင်ချူ... မုန့်ယွမ် နဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်နေတာတွေကို ရပ်လိုက်တော့... ဝူမိသားစု က ငါတို့ ရန်မစနိုင်တဲ့ အင်အားစု တစ်ခုပဲ... ပြီးတော့ မုန့်ယွမ် က မင်းကို မကြိုက်ဘူး... သူမမှာ အခု သဘောကျတဲ့သူ ရှိနေပြီဆိုတော့ မင်း သူမကို ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးသင့်တယ်..."

"မဟုတ်ဘူး မဖြစ်နိုင်ဘူး... မုန့်ယွမ် သေချာပေါက် အတင်းအကျပ် ခိုင်းစေခံရတာပဲ”

ကျန်းရှောင်ချူ၏ နှလုံးကွဲကြေနေရမှုမှာ အထင်အရှားပင် ဖြစ်သော်လည်း ကျန်းကျဲကမူ ခေါင်းကိုသာ ခါယမ်းပြလိုက်၏။ လုရန်၏ စရိုက်ကို သူသိထားသလောက်ဆိုလျှင် သမီးဖြစ်သူက မနှစ်သက်ပါက လုရန်သည် မည်သည့်အခါမျှ အတင်းအကျပ် စေခိုင်းမည့်သူ မဟုတ်ချေ။ ထို့ကြောင့် လုမုန့်ယွမ်ကိုယ်တိုင်က ဤလက်ထပ်ပွဲကို ကန့်ကွက်ခြင်း မရှိခဲ့ခြင်းမှာ သေချာသလောက်ပင် ရှိနေသည်။

အကယ်၍ ကျန်းရှောင်ချူသာ ဤအခြေအနေတွင် ကြားဖြတ်နှောင့်ယှက်ခဲ့ပါက သူသည် လူရွှင်တော်တစ်ယောက်ကဲ့သို့ ရယ်စရာဖြစ်သွားလိမ့်မည်ဟု ကျန်းကျဲ ခံစားနေရသည်။

"ကောင်းပြီ... အရင်ဆုံး စိတ်အေးအေးထား အခြေအနေတွေ အေးဆေးသွားမှပဲ ပြန်ထွက်လာခဲ့တော့”

ကျန်းကျဲ ဤသို့ လာရောက်ရခြင်းမှာ သူ၏သားဖြစ်သူက သတို့သမီးကို လုယူရန် ကြိုးစားမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုသို့သာ ဖြစ်လာပါက သူကိုယ်တိုင်ပင်လျှင် သားဖြစ်သူကို ကာကွယ်ပေးနိုင်မည် မဟုတ်ကြောင်း သိနားလည်ထား၏။ ထို့ကြောင့် ကျန်းကျဲသည် လက်ကို ဝှေ့ယမ်းကာ သူ၏သားကို ချိတ်ပိတ်လိုက်ပြီး ဤတံဆိပ်ကို တစ်လခန့်အကြာမှသာ ပြန်လည်ရုပ်သိမ်းပေးရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်ရောက်လျှင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ကျန်းရှောင်ချူအနေဖြင့် တစ်ခုခုလုပ်ဆောင်ရန် နောက်ကျသွားပြီ ဖြစ်သည်။

ကျန်းကျဲသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်တွင် ရှိနေသူဖြစ်ရာ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သာရှိသော သူ၏သားကို ချိတ်ပိတ်ရန်မှာ သူ့အတွက် အလွန် လွယ်ကူလှပေသည်။

လဝက်ခန့် အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤအတောအတွင်း ဝူဟောက်သည် သူ၏ အစီအစဉ်များကို အစွမ်းကုန် ပြင်ဆင်နေခဲ့၏။ ဝူမိသားစုကို အထက်ကမ္ဘာ၏ ရှေ့မှောက်သို့ တရားဝင် ချပြတော့မည်ဖြစ်ရာ မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်သော ထည်ဝါခန့်ညားသည့် ပုံစံမျိုးဖြင့် ပေါ်ထွက်လာစေလိုသည်မှာ သဘာဝပင် ဖြစ်ပေသည်။

သူ၏ရှေ့ရှိ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ စစ်မှန်နဂါး ကိုးကောင်ကို ကြည့်ကာ ဝူဟောက်၏ အမူအရာမှာ ကျေနပ်နေဟန် ရသည်။

"မဆိုးပါဘူး... အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့် ရှိတဲ့ စစ်မှန်နဂါးတွေ ဆိုတဲ့အတိုင်းပဲ ..သက်စောင့်သွေး တစ်စက်တည်းနဲ့ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိတဲ့ စစ်မှန်နဂါး ကိုးကောင်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်..."

ဝူဟောက်သည် သူ၏ဘေးတွင် တုန်ရီနေသော ဝူချီလုံကို ကြည့်ကာ ပြုံးပြီး ပြောဆိုလိုက်၏။

ဤအချိန်တွင် ဝူချီလုံမှာ အတွင်းစိတ်ထဲ၌ ကျိန်ဆဲနေလေ၏။ သူသည် ဝူမိသားစု ကုန်သည်ကြီးများအသင်းတွင် သက်သောင့်သက်သာဖြင့် နေထိုင်နေစဉ် ၊ ဝူဟောက်သည် ရုတ်တရက် ရောက်ချလာပြီး မည်သည့် မေးခွန်းမျှ မမေးဘဲ သူ၏ သက်စောင့်သွေး တစ်စက်ကို ယူဆောင်သွားခဲ့သည်။

တာအို အနှစ်သာရ ဆိုသည်မှာ မိစ္ဆာသားရဲများနှင့် ကျင့်ကြံသူများအတွက် အလွန်ပင် တန်ဖိုးကြီးမားပြီး အသက်တမျှ အရေးပါကြောင်း သင်သိထားရမည်။ အကယ်၍ ဤအနှစ်သာရကို အလွန်အကျွံ ဆုံးရှုံးလိုက်ရပါက အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်သည့်အပြင် မိမိကျင့်ကြံထားသော တာအိုတရားများပါ ကွယ်ပျောက်ပျက်စီးသွားနိုင်သည်။

"ကောင်းပြီ... ကောင်းပြီ... ဒီ ဆေးလုံး ကို မင်းအတွက် လျော်ကြေးအဖြစ် သတ်မှတ်လိုက်ပါ... အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို အမြန်ဆုံး ချိုးဖောက်ဝင်ရောက်လိုက်..."

ဝူချီလုံ၏ မကျေနပ်သော အမူအရာကို မြင်ပြီးနောက် ဝူဟောက်သည် ဆေးလုံး တစ်လုံးကို ပစ်ပေးလိုက်၏။

ဆေးလုံးကို ရရှိပြီးနောက် ဝူချီလုံ၏ အမူအရာမှာ ပြောင်းလဲသွားပြီး ၊ သူသည် ချက်ချင်း မတ်တပ်ရပ်ကာ ပြောဆိုလိုက်၏။

"သခင်... သက်စောင့်သွေး လိုသေးလား... လိုသေးတယ်ဆိုရင် ဆက်ပြီး ထုတ်ယူလိုက်ပါ..."

"အို... ဟုတ်လား..."

ဝူဟောက်သည် ဝူချီလုံကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ ဝူချီလုံမှာ ရင်တထိတ်ထိတ် ဖြစ်သွားရသည်။

' အယ် ဒီလို ဟုတ်ဘူးလေ.. သခင်က ငါ့ရဲ့ သစ္စာရှိမှုကို သဘောကျပြီး ဆုလာဘ်အနေနဲ့ ဆေးလုံးတွေ ပိုပေးရမှာ မဟုတ်ဘူးလား'

သို့သော် ဝူဟောက်သည် ဝူချီလုံ၏ အတွေးကို အထင်းသား ဖောက်ထွင်းမြင်နေရသကဲ့သို့ ၊ သူသည် လက်ကိုဝှေ့ယမ်းကာ ဝူချီလုံကို အဝေးသို့ လွင့်စင်သွားအောင် ပစ်ထုတ်လိုက်လေသည်။

ဝူဟောက် ပေးထားသော ဆေးလုံးသည် ဝူချီလုံကို အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်မှ ပြန်လည် နာလန်ထူလာစေရန် ကူညီပေးနိုင်ရုံသာမက၊ အထွတ်အထိပ်အဆင့်သို့ပင် ချိုးဖောက်ဝင်ရောက်နိုင်စေသည်။ နောင်တစ်ချိန်တွင် ဝူဟောက်ကိုယ်တိုင် အထက်ကမ္ဘာ၌ မရှိတော့လျှင်ပင် ဝူချီလုံ၏ လက်ရှိစွမ်းအားဖြင့်ဆိုပါက သူ့ကို ထိခိုက်အောင် လုပ်နိုင်သူမှာ အလွန်နည်းပါးသွားပြီ ဖြစ်သည်။

"ကောင်းပြီ... ဒီနေ့ကစပြီး မင်းတို့ ကိုးကောင်က ငါတို့ ဝူမိသားစု ရဲ့ သီးသန့် စီးတော်ယာဉ်တွေ ဖြစ်လာလိမ့်မယ်... မင်းတို့က အရမ်း အရေးကြီးတဲ့ အခါသမယတွေမှာ ပေါ်လာရလိမ့်မယ်... ငါတို့ ဝူမိသားစု တက်လှမ်းသွားတဲ့အခါ မင်းတို့ကို သေချာပေါက် မေ့ထားမှာ မဟုတ်ဘူး..."

ဝူဟောက်သည် သူ၏ရှေ့ရှိ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ နဂါးကိုးကောင်ကို ကြည့်လိုက်သည်။

စစ်မှန်နဂါးများက အရူးအမူး ခေါင်းညိတ်ပြလေ၏။

သူတို့သည် မူလက မဟာဧကရာဇ် အထွတ်အထိပ်အဆင့် များ ဖြစ်ကြသော်လည်း ဝူဟောက်၏ ကြိုးပမ်းအားထုတ်မှုကြောင့် လဝက်အတွင်း ဤမျှ ကြီးမားသော ကံကောင်းမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူတို့သာ ဝူမိသားစုနောက်သို့ ဆက်လက်လိုက်ပါပြီး အမှုထမ်းသွားမည်ဆိုပါက အင်မော်တယ် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိရန်မှာ သူတို့အတွက် ခဲယဉ်းသောကိစ္စတစ်ခု မဟုတ်တော့ပေ။

ထိုအချိန်တွင် ဝူရူလုံသည် ဝူဟောက်ထံသို့ လာကာ ဖြည်းညင်းစွာ လျှောက်တင်လိုက်၏။

"အဖေ... အချိန်ကျပြီ..."

"ကောင်းပြီ... ဒီလိုဆိုမှတော့ မင်း ဦးဆောင်လို့ ရပြီ..."

ဝူဟောက်သည် ဝူရူလုံ ကို ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

ဖခင်ဖြစ်သူ၏ မျက်လုံးထဲမှ မျှော်လင့်ချက်ကို မြင်ပြီးနောက် ဝူရူလုံသည် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ အဖေ... အဖေ့ကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး!"

အခန်း ၂၉၄ - ကြီးမားလှသော အရှိန်အဟုန်၊ ကောင်းကင်နဂါးဂိုဏ်း

"ဟေး... မင်း ကြားပြီးပြီလား... ဒီနေ့ ဝူမိသားစု က အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေကို သွားပြီး သတို့သမီး သွားကြိုမယ့် မင်္ဂလာရှိတဲ့နေ့ပဲ..."

"သေချာတာပေါ့ ငါ ကြားဖူးတာပေါ့... အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ အကြောင်းတော့ ငါ သိတယ်... ဒါပေမဲ့ ဝူမိသားစု အကြောင်းတော့ ငါ အရင်က တစ်ခါမှ မကြားဖူးဘူး..."

"ဒါပေမဲ့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်အရှင်သခင် တောင်မှ သူ့သမီးကို ပေးစားဖို့ ဆန္ဒရှိနေမှတော့ ဝူမိသားစု က အားနည်းတဲ့ အင်အားစုတော့ မဖြစ်နိုင်ဘူး..."

ဗဟိုနယ်မြေ တွင် လျိုထျန်းရွှေအင်မော်တယ် အများအပြားသည် မကြာမီက အထက်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော သတင်းအကြောင်း ဆွေးနွေးနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ၊ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ သည် အထက်ကမ္ဘာ ၏ ဧရာမ အင်အားစုကြီး ငါးခုထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ လှုပ်ရှားမှုတိုင်းက အထက်ကမ္ဘာ တစ်ခုလုံးရှိ အင်မော်တယ် များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေသည်။ ထို့အပြင် လက်ထပ်မဟာမိတ်ဖွဲ့ခြင်း ကဲ့သို့သော အလွန်အရေးကြီးသည့် ကိစ္စရပ်များဆိုလျှင် လူတိုင်း၏ အာရုံစိုက်မှုကို ပို၍ပင် ရရှိသည်။

ထိုအချိန်တွင် လျိုထျန်းရွှေအင်မော်တယ် တစ်ဦးသည် တစ်ခုခုကို အာရုံခံမိသွားပုံရပြီး အလွန်အမင်း ထိတ်လန့်နေသော အမူအရာဖြင့် မော့ကြည့်ကာ ကောင်းကင်ယံကို လက်ညှိုးထိုးပြပြီး ပြောဆိုလိုက်၏။

"ကြည့်လိုက်စမ်း”

အမှန်အားဖြင့် ကျန်သော လျိုထျန်းရွှေအင်မော်တယ် သုံးဦးလည်း ထိုအရာကို သတိပြုမိခဲ့ပြီး တည်ကြည်လေးနက်သော အမူအရာများဖြင့် မော့ကြည့်လိုက်ကြသည်။

ဧရာမ ပုံရိပ်ကြီးတစ်ခုသည် အဝေးမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းသွားကာ ၊ စက္ကန့်အနည်းငယ်အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး အနောက်ဘက်သို့ ပျံသန်းသွားလေ၏။

လျိုထျန်းရွှေအင်မော်တယ် လေးဦးမှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ ကျောချမ်းသွားကြရသည်။

အတန်ကြာမှ လျိုထျန်းရွှေအင်မော်တယ်များထဲမှ အမျိုးသမီးတစ်ဦးက တုံ့ဆိုင်းစွာဖြင့် ဆိုလိုက်သည်။

"ငါသာ မမှားဘူးဆိုရင် အဲဒါ စစ်မှန်တဲ့ နဂါးကိုးကောင်ပဲ ဖြစ်ရမယ်..."

"မှန်တယ်... ပြီးတော့ အဲဒါတွေက အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်မှာရှိတဲ့ စစ်မှန်တဲ့ နဂါးကိုးကောင်ပဲ..."

ခေါင်းဆောင်ဖြစ်သူ၏ အမူအရာမှာ တည်ကြည်လေးနက်နေခဲ့သည်။ အင်မော်တယ် အရှင်မြတ်အဆင့်ရှိသော စစ်မှန်နဂါးများသည် ဤအထက်ကမ္ဘာတစ်ခုလုံးတွင် အလွန်ရှားပါးလှသည်။

ယခင်က စစ်မှန်သော နဂါး မျိုးနွယ်စုဝင်များ အားလုံးသည် ပုကျိုးတောင် သို့ ဆုတ်ခွာသွားခဲ့ကြပြီး ယခုအခါ အထက်ကမ္ဘာ တွင် လှည့်လည်သွားလာနေသော စစ်မှန်နဂါးများမှာ အလွန်နည်းပါး၏။

ထို့ကြောင့် ဤလျိုထျန်းရွှေအင်မော်တယ် လေးဦးသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသော စစ်မှန်သဂါး ကိုးကောင်ကို မြင်တွေ့လိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူက ဆက်လက် ပြောဆိုလိုက်ရာ ၊ သူ၏ စကားများက ကျန်သုံးဦးကို ထိတ်လန့်အံ့အားသင့်သွားစေခဲ့သည်။

"ဒီစစ်မှန်နဂါးတွေပေါ်မှာ လူတွေ ပါလာတယ်လို့ ငါ ထင်တယ်..."

"ဘာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက စစ်မှန်နဂါး တွေလေ... ပြီးတော့ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိတဲ့ စစ်မှန်နဂါး တွေ... ကိုးကောင်တောင်မှ ၊ အင်မော်တယ် မဟာဧကရာဇ် တောင်မှ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိတဲ့ နဂါး ကိုးကောင်ကို ရယူနိုင်စွမ်း မရှိဘူး... ဒီလို စစ်မှန်နဂါးတွေကို စီးတော်ယာဉ်အဖြစ် အသုံးပြုခိုင်းဖို့ ဆိုတာက..."

"သူတို့ သွားနေတဲ့ လမ်းကြောင်းအရ ကြည့်ရင် အရှေ့ပိုင်းဒေသ ကနေ လာပြီး အနောက်ပိုင်းဒေသ ကို သွားနေပုံရတယ်... သူတို့များ ဝူမိသားစု က လူတွေများ ဖြစ်နေမလား..."

ဤဖြစ်နိုင်ခြေကို သဘောပေါက်သွားပြီးနောက် လေးဦးစလုံး တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး ၊ သူတို့၏ မျက်နှာများပေါ်တွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ အကယ်၍ ဝူမိသားစု တွင် ဤကဲ့သို့သော လုပ်နိုင်စွမ်း ရှိနေပါက ၊ သူတို့သည် အထက်ကမ္ဘာတွင် ယခင်က အဘယ်ကြောင့် လူသိနည်းခဲ့ရသနည်း။

‘ မဟုတ်ဘူး... တကယ်လို့ ဝူမိသားစု မှာ ဒီလိုစွမ်းအားမျိုး မရှိဘူးဆိုရင် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်အရှင်သခင် က သူ့သမီးကို သူတို့နဲ့ ဘယ်လိုလုပ်ပေးစားမှာလဲ..’

ဤသည်ကို တွေးမိချိန်တွင် လေးဦးစလုံး တိတ်ဆိတ်သွားကြ၏။

စစ်မှန်နဂါးပေါ်တွင် ထိုင်နေသော ဝူရူလုံသည် သားဖြစ်သူကို ကြည့်ကာ တီးတိုးပြောဆိုလိုက်၏။

"မင်း အရမ်း စိတ်လှုပ်ရှားနေပုံရတယ်..."

"အင်း... ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်ရဲ့ ပထမဆုံး မင်္ဂလာပွဲလေ... ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ..."

ဝူထျန်းခွန်း ခေါင်းညိတ်လိုက်ပြီး ၊ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေမှုများ ထင်ရှားစွာ ရှိနေခဲ့သည်။

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူရူလုံက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"ဟားဟား... အဖေလည်း အဲဒီတုန်းက ဒီလိုပဲ ဖြတ်သန်းခဲ့ရတာပဲ... ဒါပေမဲ့ ဝူမိသားစု က အခုလောက် စွမ်းအားမကြီးခဲ့သလို အဖေ့ရဲ့ မင်္ဂလာပွဲကလည်း အခုလောက် မခမ်းနားခဲ့ဘူး..."

"ဒါပေမဲ့ အခု မင်း စိတ်ပူနေစရာ မလိုဘူး... မိသားစု တစ်ခုလုံးက မင်းကို ကျောထောက်နောက်ခံ ပေးထားတာဆိုတော့ မင်း လုပ်သင့်တာက လုမုန့်ယွမ် ကို ခမ်းခမ်းနားနား လက်ထပ်ဖို့ပဲ... စိတ်လှုပ်ရှားဖို့ မဟုတ်ဘူး..."

ဝူရူလုံ၏ အားပေးစကားကြောင့် ဝူထျန်းခွန်းသည် စိတ်လှုပ်ရှားမှုများ အတော်လေး လျော့ကျသွားကာ ခေါင်းညိတ်လိုက်၏။

"အဖေ ပြောတာကို ကျွန်တော် နားလည်ပါပြီ..."

"ကောင်းပြီ... နောက်ထပ် နှစ်နာရီခွဲလောက်နေရင် ငါတို့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ကို ရောက်တော့မယ်... ပြင်ဆင်ထားလိုက်..."

အချိန်ကို စစ်ဆေးပြီးနောက် ဝူရူလုံသည် ညွှန်ကြားချက် အချို့ပေးကာ ပြင်ဆင်ရန် အောက်သို့ ဆင်းသွားလေ၏။

မိမိ၏ ခြေအောက်တွင် အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသော စစ်မှန်သည့် နဂါးကိုးကောင်ရှိနေပြီး ၊ ၎င်းတို့သည် အရှိန်အပြည့်ဖြင့် ပျံသန်းနေကြသော်လည်း၊

ဖန်လိုင်အင်မော်တယ်ကျွန်းမှသည် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအထိ ခရီးစဉ်မှာ အထက်ကမ္ဘာ၏ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ ဖြတ်သန်းရခြင်း ဖြစ်သည်။ ဤမျှဝေးကွာလှသော ခရီးကို အင်မော်တယ် မဟာဧကရာဇ် တစ်ဦးပင်လျှင် အချိန်အတန်ကြာ သွားရမည်ဖြစ်ရာ အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်များအတွက်မူ ပြောနေစရာပင် မလိုတော့ချေ။

ဝူမိသားစု၏ ခရီးစဉ်ကြောင့် ပေါ်ထွက်လာသော ကြီးမားလှသည့် ဟိန်းဟောက်သံနှင့် အရှိန်အဝါတို့သည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ အထူးသဖြင့် ကောင်းကင်နဂါးဂိုဏ်း၏ အာရုံစိုက်မှုကို ပိုမိုရရှိစေခဲ့သည်။

"ဂိုဏ်းချုပ်... ဝူမိသားစု က ကျွန်တော်တို့ မျိုးနွယ်စုရဲ့ စစ်မှန်နဂါး ကိုးကောင်ကို စီးတော်ယာဉ်အဖြစ် အသုံးပြုရဲလောက်အောင် တကယ်ကို ရဲတင်းလွန်းတယ်... သူတို့က ကျွန်တော်တို့ ကောင်းကင်နဂါးဂိုဏ်း ကို စိန်ခေါ်နေတာလို့ ကျွန်တော် ထင်တယ်... တကယ်လို့ ဒေါသကို မျိုသိပ်လိုက်ရင် အထက်ကမ္ဘာ တစ်ခုလုံးမှာ ကျွန်တော်တို့ မျက်နှာပျက်ရလိမ့်မယ်..."

"မှန်တယ် ဂိုဏ်းချုပ်... ကျွန်တော့်အမြင်အရတော့ အဲဒီ စစ်မှန်တဲ့ နဂါး ကိုးကောင်ကို ဝူမိသားစု ဆီကနေ ကယ်တင်ဖို့ လှုပ်ရှားသင့်တယ်... သူတို့က ဝူမိသားစု ရဲ့ ဖိနှိပ်မှုကို ခံရပြီး အသက်ရှင်သန်ဖို့အတွက် စီးတော်ယာဉ် ဖြစ်လာတဲ့ပုံပဲ... သူတို့ အရမ်းကို သနားစရာကောင်းတယ်..."

"ဂိုဏ်းချုပ်... ဂိုဏ်း ထဲက စစ်မှန်နဂါး တွေက ကန့်ကွက်ဆန္ဒပြနေကြပြီ... ဝူမိသားစုကို အဲဒီ စစ်မှန် နဂါး ကိုးကောင်ကို လွှတ်ပေးဖို့ တောင်းဆိုနေကြတယ်..."

အောက်က အကြီးအကဲများ၏ စကားကို နားထောင်ရင်း၊ ဂိုဏ်းချုပ် နေရာတွင် ထိုင်နေသော ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်၏ အမူအရာမှာ အလွန် ကြည့်ရဆိုးနေခဲ့သည်။

၎င်းမှာ စစ်မှန်နဂါး ကိုးကောင်သည် ဝူမိသားစု၏ စီးတော်ယာဉ် ဖြစ်လာခြင်းကြောင့် မဟုတ်ဘဲ အောက်ဘက်ရှိ အကြီးအကဲများက မီးလောင်ရာလေပင့်နေသောကြောင့် ဖြစ်သည်။

"ကောင်းပြီ... ငါ ဂိုဏ်းချုပ် ကပဲ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပါ့မယ်... မင်းတို့ ဘာမှထပ်ပြောနေစရာ မလိုတော့ဘူး..."

ထိုသို့ပြောပြီးနောက် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် လက်ကိုဝှေ့ယမ်းကာ ပုကျိုးတောင်ဘက်သို့ ဦးတည်၍ အပြင်သို့ ထွက်သွားလေ၏။

နဂါးမျိုးနွယ်စုများသည် မည်သည့်နေရာတွင်ပင် ရှိနေပါစေ အလွန်စည်းလုံးညီညွတ်ကြပြီး မိမိတို့၏ ဂုဏ်သိက္ခာကို အသက်ထက်ပင် အလေးထားကြသူများ ဖြစ်သည်။ အကယ်၍ စစ်မှန်သော နဂါးမျိုးနွယ်ဝင်တစ်ဦးကို တစ်စုံတစ်ယောက်က ထိန်းချုပ်ကာ ကျွန်ပြုထားကြောင်း သိရှိသွားပါက ၊ နဂါးမျိုးနွယ်စုတစ်ခုလုံးသည် ထိုသူကို မနေမနား လိုက်လံသတ်ဖြတ်ကြပေလိမ့်မည်။ ထို့ကြောင့် မဟာမြင့်မြတ်နယ်မြေငါးခု၏ သမိုင်းတစ်လျှောက်တွင် စစ်မှန်သော နဂါးမျိုးနွယ်ကို အပိုင်စီးထိန်းချုပ်သည့် ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

သို့သော် ယခုအခါ ဝူမိသားစုသည် စစ်မှန်သော နဂါးမျိုးနွယ်ကို အသုံးချကာ လူသိရှင်ကြား ထုတ်ဖော်ပြသနေခြင်းမှာ နဂါးမျိုးနွယ်စု၏ သိက္ခာကို ပြင်းထန်စွာ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ဤအကြောင်းကို 'နဂါးတစ်သောင်းတောင်ကြား' သို့ အသိပေးလိုက်ပါက ၎င်းတို့ဘက်မှလည်း စွမ်းအားကြီးမားသူများကို စေလွှတ်ကာ ဝူမိသားစုကို နှိမ်နင်းရန် ကူညီလိမ့်မည်ဟု ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်က အခိုင်အမာ ယုံကြည်နေသည်။

မည်သို့ပင်ဆိုစေကာမူ၊ ဝူမိသားစုသည် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေနှင့် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်ရာ ၎င်းတို့၏ အင်အားမှာ မြင့်မြတ်နယ်မြေထက် အားနည်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ဘက်မှ အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိသူ တစ်ဦးကို စေလွှတ်လာနိုင်သည်။

သို့သော် ဝူမိသားစု ဝင်များသည် ဤအရာများကို မသိရှိကြသေးချေ။ ဤအချိန်တွင် ဝူရူလုံ သည် ဝူထျန်းခွန်း နှင့် အခြားသူများကို အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေသို့ ဦးဆောင် ခေါ်လာခဲ့ပြီဖြစ်သည်။

အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ၏ အပြင်ဘက်တွင် လုရန် သည် ဝူမိသားစုများကို ကြိုဆိုရန် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ၏ အကြီးအကဲများကို စုဝေးထားပြီး ဖြစ်သည်။

လုရန်သည် ဝူဟောက်က တင်တောင်းပစ္စည်းအဖြစ် ပေးအပ်ခဲ့သော မျဲ့ကျင့် ဆန်းကြယ်ပုလင်းကို ထုတ်ဖော်ပြသလိုက်ပြီးနောက်တွင် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရှိ အကြီးအကဲများမှာ ဝူမိသားစု၏ အင်အားသည် မိမိတို့ထက် များစွာသာလွန်ကြောင်းကို ကောင်းစွာ သဘောပေါက်သွားကြသည်။

ထို့အပြင် မြင့်မြတ်အရှင်သခင်ကိုယ်တိုင်ကပင် ဝူမိသားစု၏ ဘိုးဘေးဖြစ်သူ၏ တိုက်ကွက် တစ်ကွက်တည်းဖြင့် အရေးနိမ့်ခဲ့ရကြောင်း ဝန်ခံထားပြီး ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲများအနေဖြင့် ဝူမိသားစုကို တတ်နိုင်သမျှ မျက်နှာချိုသွေးကာ ရင်းနှီးအောင် ပေါင်းသင်းရပေတော့မည်။ အကယ်၍ ဝူမိသားစုထံမှ အကျိုးကျေးဇူး အနည်းငယ်မျှ ထပ်မံရရှိမည်ဆိုပါက သူတို့၏ အရှိန်အဝါမှာ တဟုန်ထိုး တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

All Chapters