← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း ၂၉၇ - လောင်းကြေး

"ကောင်းတယ်... နောက်ဆုံးတော့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ..."

ပြန်ရောက်လာသော ဝူချီလုံကို ကြည့်ကာ ဝူဟောက်က ကျေနပ်စွာ ပြောဆိုလိုက်၏။

"ဒီနေ့ကစပြီး ငါကလွဲလို့ အထက်ကမ္ဘာ တစ်ခုလုံးမှာ ဘယ်သူမှ မင်းကို မထိခိုက်စေနိုင်တော့ဘူး..."

မည်သို့ပင်ဆိုစေကာမူ စစ်မှန်သော နဂါးမျိုးနွယ်စု၏ အစွမ်းမှာ အလွန်ပင် ထူးကဲလှပေသည်။ သာမန် စစ်မှန်သော နဂါးများပင်လျှင် ကျင့်ကြံခြင်းအဆင့် အနည်းငယ် ကွာဟနေသည့် ရန်သူများကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ဝူချီလုံကို အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသည်ဟုဆိုကာ အထင်သေး၍ မရနိုင်ပေ။ တကယ့်တိုက်ပွဲတွင်မူ သူသည် နတ်ဘုရားတစ်ပိုင်း အဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဤသည်မှာ နဂါးတစ်သောင်းတောင်ကြားက ဝူမိသားစုကို နှိမ်နင်းရန်အတွက် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်သော နဂါးနှစ်ကောင်ကို စေလွှတ်ခြင်းက လုံလောက်သည်ဟု ယုံကြည်နေရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

အမှန်စင်စစ် မဟာမြင့်မြတ်နယ်မြေငါးခုမှလွဲ၍ ကျန်ရှိသော မည်သည့်အင်အားစုကမျှ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်သော နဂါးနှစ်ကောင်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။

"သခင် ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်... သခင် ရဲ့ အကူအညီသာ မပါရင် ကျွန်တော် တစ်သက်လုံး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို ဘယ်တော့မှ ချိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်..."

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားမိပြီးနောက် ဝူချီလုံသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ဝူဟောက်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။

သို့သော် ဝူဟောက် က လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"ဒါက မင်း ကံကောင်းတာပါ...... ဒါပေမဲ့ အခု မင်း လုပ်ရမယ့် တခြားကိစ္စတွေ ရှိသေးတယ်..."

ဝူဟောက် စကားပြောပြီးစတွင် ဝူချီလုံသည် ဝူဟောက်၏ဆိုလိုရင်းကို နားမလည်သေးသော်လည်း၊ နောက်တစ်စက္ကန့်တွင်မူ အဝေးတစ်နေရာမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသဖြင့် သူ၏အမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့သည်။

မကြာမီမှာပင် ပုံရိပ်သုံးခုသည် သူတို့ရှေ့၌ ပေါ်လာခဲ့၏။ ထိုသူများမှာ အခြားမဟုတ်ဘဲ ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် သူ၏အဖွဲ့ပင် ဖြစ်သည်။

ထိုအချိန်တွင် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများသည် ဝူဟောက်နှင့် သူ၏အဖွဲ့ကို သတိမပြုမိကြသေးဘဲ၊ သူတို့ရှေ့ရှိ ဖန်လိုင် အင်မော်တယ်ကျွန်းကိုသာ လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။

လမ်းတစ်လျှောက်တွင် စုံစမ်းမေးမြန်းမှုများစွာ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ဖန်လိုင် အင်မော်တယ်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကျွန်းကို မြင်တွေ့လိုက်ရသည်နှင့် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် ကျန်နှစ်ဦးတို့သည် ကျွန်းထံမှ ထွက်ပေါ်လာသော ဖိအားများကို ခပ်သဲ့သဲ့ ခံစားလိုက်ရ၏။

နဂါးသုံးကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ အထင်သား ပေါ်လွင်နေလေသည်။

"ဒီကျွန်းက ပုကျိုးတောင်နဲ့ ရင်ပေါင်တန်းနိုင်တဲ့ အငွေ့အသက်မျိုး တကယ်ပဲ ရှိနေတာလား"

ကျင်းလုံ အင်မော်တယ်မဟာဧကရာဇ်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပြီး သူ၏စကားသံများတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ပုကျိုးတောင်သည် အထက်ကမ္ဘာအတွင်း တည်ရှိနေသည်ဆိုသော်လည်း အမှန်စင်စစ် ၎င်း၏ ဟင်းလင်းပြင်အကျယ်အဝန်းမှာ အထက်ကမ္ဘာတစ်ခုလုံးနီးပါး ကြီးမားလှပေသည်။ ထို့ကြောင့်ပင် ပုကျိုးတောင်ကို 'ဒုတိယအထက်ကမ္ဘာ' ဟုပင် တင်စားသတ်မှတ်ထားကြခြင်း ဖြစ်သည်။

သို့သော် သူတို့သည် ဖန်လိုင် အင်မော်တယ်ကျွန်းအကြောင်းကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ကြသဖြင့် ယခုအခါ သူတို့၏စိတ်ထဲတွင် ဤကျွန်းသည် မည်မျှအန္တရာယ်ရှိသည်ကို ခံစားမိလိုက်သည်။

"ငါတို့ တောင်ကြားသခင်ဆီ အရင်ပြန်သွားပြီး ဒီအကြောင်းကို တင်ပြကာ သူ့ကိုပဲ ဆုံးဖြတ်ခိုင်းရင် မကောင်းဘူးလား..."

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်သည် ကျင်းလုံနှင့် ထျန်းလုံတို့ကို ကြည့်ကာ အလေးအနက် အကြံပြုလိုက်သည်။ ဖန်လိုင် အင်မော်တယ်ကျွန်းကို စိုက်ကြည့်နေစဉ် သူ၏မျက်ဝန်းများအတွင်း၌လည်း စိုးရိမ်ကြောက်ရွံ့မှု အရိပ်အယောင်များ ယှက်သန်းနေ၏။

ယခင်က ဝူမိသားစုသည် အထက်ကမ္ဘာတစ်ခုလုံးတွင် လူသိနည်းလှသော်လည်း၊ ယခုအခါတွင်မူ အလွန်ထင်ရှားခမ်းနားသော ပုံစံဖြင့် လောကအလယ်သို့ ခြေချလာခဲ့ကြသည်။ ထို့အပြင် ဝူမိသားစု အခြေစိုက်ရာဒေသမှာလည်း ဤမျှကြောက်မက်ဖွယ်ကောင်းလှသဖြင့် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်၏ စိတ်ထဲ၌ နောက်ဆုတ်ချင်စိတ်များပင် ပေါ်ပေါက်လာခဲ့လေသည်။

ကျင်းလုံ အင်မော်တယ် မဟာဧကရာဇ် နှင့် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်တို့သည်လည်း အရူးများ မဟုတ်ကြချေ။ ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်၏ အကြံပြုချက်သည် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ကြောင်း သူတို့ သဘာဝကျကျပင် သိရှိကြပေသည်။

ကျင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်တို့က ခေါင်းညိတ် သဘောတူလိုက်ကြပြီးနောက် နဂါးသုံးကောင်စလုံးသည် ပုကျိုးတောင်သို့ ပြန်ရန်အတွက် လှည့်ထွက်ရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့လှည့်လိုက်သည့် အခိုက်အတန့်တွင်ပင် မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကာ ထိတ်လန့်သွားကြရ၏။ အကြောင်းမှာ သူတို့၏ နောက်ဘက်တွင် ဝူဟောက်နှင့် ဝူချီလုံတို့သည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ လမ်းကြောင်းကို ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။

"မကောင်းတော့ဘူး... အမြန်သွားကြစို့"

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်က စကားတစ်ခွန်းမျှ မဆိုဘဲ အမိန့်ပေးလိုက်ကာ အခြားလမ်းကြောင်းတစ်ခုမှ အပြင်းအထန် ထွက်ပြေးရန် ပြင်လိုက်ရာ ကျင်းလုံနှင့် ထျန်းလုံတို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

ရန်သူသည် သူတို့၏နောက်ဘက်သို့ အသံတစ်ချက်မျှ မထွက်ဘဲ ချဉ်းကပ်နိုင်ခဲ့ခြင်းကပင်၊ အကယ်၍ ရန်သူသာ လုပ်ကြံလိုပါက သူတို့တွင် ပြန်လည်ခုခံရန် အခွင့်အရေး လုံးဝမရှိနိုင်ကြောင်း သက်သေပြနေပေသည်။ ထို့ကြောင့် ဤအခြေအနေတွင် ထွက်ပြေးခြင်းသည်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။

သို့သော် ကံမကောင်းသည်မှာ ဝူချီလုံ တစ်ယောက်တည်းသာဆိုပါက သူတို့ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်သော်လည်း၊ ယခု ဝူဟောက်ကိုယ်တိုင် ရှိနေသည့်အတွက် သူတို့ကို မည်သို့မျှ လွယ်လွယ်ကူကူ ထွက်သွားခွင့်ပြုမည် မဟုတ်ချေ။

ဝူဟောက်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး နောက်တစ်စက္ကန့်တွင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် ကျန်နဂါးနှစ်ကောင်မှာ ဝူဟောက်၏ အတွင်းကမ္ဘာထဲသို့ တိုက်ရိုက် ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။

ဤသည်ကို မြင်လိုက်ရသောအခါ ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများမှာ အလွန်အမင်း ထိတ်လန့်အံ့အားသင့်သွားကြ၏။

သူတို့ဘက်မှ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ဝူဟောက်၏ အတွင်းကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရခြင်းက ဝူဟောက်၏ စွမ်းအားသည် သူတို့ထက် များစွာသာလွန်နေရုံသာမက၊ သူတို့၏ တောင်ကြားသခင်ထက်ပင် ပိုမိုအစွမ်းထက်နိုင်ကြောင်း သက်သေပြနေပေသည်။

ယခုအခါ သူတို့အားလုံးသည် ဝူဟောက်၏ အတွင်းကမ္ဘာထဲသို့ ရောက်ရှိသွားပြီဖြစ်ရာ ထွက်ပြေးရန် ကြိုးစားလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ထွက်ပြေးနေခြင်းကို ရပ်တန့်လိုက်ကြပြီးနောက်၊ ဝူဟောက်ဘက်သို့ လှည့်ကာ ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်ကြလေသည်။

"စီနီယာ... ကျွန်တော်တို့က လမ်းကြုံလို့ ဖြတ်သွားရုံ သက်သက်ပါ.... စီနီယာ က ကျွန်တော်တို့ကို ဘာလို့များ အထဲကို ခေါ်လာတာလဲမသိဘူး..."

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်၏ စကားကို ကြားသောအခါ ကျင်းလုံနှင့် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်တို့သည်လည်း အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုကြလေတော့သည်။

"စီနီယာ... ကျွန်တော်တို့က ဒီနားကနေ လမ်းကြုံလို့ ဖြတ်သွားရုံသက်သက်ပါ၊ အကယ်၍ စီနီယာ့ကို တစ်စုံတစ်ရာ စော်ကားမိတာမျိုး ရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးပါ..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ စီနီယာ..."

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများသည် ဝူဟောက်က သူတို့ကို ပြန်လည်ထွက်ခွာခွင့် ပြုလိမ့်မည်ဟုသာ မျှော်လင့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဝူမိသားစုအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မပြုရသေးချေ။

သူတို့၏ စိတ်ထဲတွင် မကောင်းသော အကြံအစည်များ ရှိခဲ့သည်မှာ မှန်သော်လည်း၊ လက်တွေ့တွင် ဘာမှမလုပ်ဆောင်ရသေးသဖြင့် ဤမျှနှင့် အသက်သေရန် မထိုက်တန်ဟု သူတို့ ယူဆနေကြသည်။

သူတို့၏ စကားများကို ကြားလိုက်ရချိန်တွင် ဝူဟောက်၏ နှုတ်ခမ်းဖျား၌ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူတို့၏ အတွင်းစိတ်ထဲမှ အကြံအစည်များကို မိမိက မရိပ်မိသည်ဟု ထင်နေကြလေသလော။

သူတို့သည် ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခြင်းမှာ စစ်မှန်သော နဂါးမျိုးနွယ်စုက လက်စားချေရန် လာရောက်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ မည်သို့ပင်ဆိုစေ လုရန်ထံမှ ကြားသိခဲ့ရသမျှအရ စစ်မှန်သော နဂါးမျိုးနွယ်စုသည် အလွန်ပင် အငြိုးအတေးကြီးပြီး လက်စားချေလိုစိတ် ပြင်းထန်ကြသည်။

ထို့အပြင် သူသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိသော စစ်မှန်သော နဂါးကိုးကောင်ကိုပင် ခမ်းနားကြီးကျယ်စွာ စီးတော်ယာဉ်အဖြစ် အသုံးချခဲ့သည်ကို ထည့်တွက်လျှင်၊ ၎င်းတို့သည် နဂါးမျိုးနွယ်စုမှ စေလွှတ်လိုက်သော အစွမ်းထက်သည့် အင်အားစုများသာ ဖြစ်ရပေမည်။

ဝူဟောက် မထင်မှတ်ထားသည်မှာ စစ်မှန်သော နဂါးမျိုးနွယ်စုသည် အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ နဂါးနှစ်ကောင်ကိုပင် အလွယ်တကူ စေလွှတ်လိုက်ခြင်းဖြစ်သည်။ အထက်ကမ္ဘာတစ်ခုလုံးတွင် အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စွမ်းအားရှင်မှာ အယောက်နှစ်ဆယ်ခန့်သာ ရှိသည်ကို သင် သိထားရမည်။ သို့သော် နဂါးမျိုးနွယ်စုက ထိုသူများထဲမှ နှစ်ဦးကို တိုက်ရိုက်စေလွှတ်လိုက်ခြင်းမှာ သူတို့၏ အင်အားကြီးမားမှုကို လျှော့တွက်၍ မရကြောင်း ပြသနေသည်။

"အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ရပ်လိုက်စမ်း၊ မင်းတို့ရဲ့ ရည်ရွယ်ချက်ကို ငါအကုန်သိတယ်..ငါတို့ ဝူမိသားစုကို အမြစ်ပြတ်ရှင်းပစ်ချင်နေတာ မဟုတ်လား အခု မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်... မင်းတို့ သူ့ကိုသာ အနိုင်ယူနိုင်ရင် ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်သွားခွင့်ပြုမယ်"

ဝူဟောက်သည် သူ၏ရှေ့မှ စစ်မှန်သော နဂါးသုံးကောင်ကို အရေးမလုပ်ဘဲ တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။ သူတို့ကို မသတ်ဘဲ ချန်ထားရခြင်းမှာလည်း ယနေ့မှစ၍ စစ်မှန်သော နဂါးမျိုးနွယ်စုနှင့် ဝူမိသားစုအကြား ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန်နှင့် ဝူမိသားစုဝင်များအတွက် စီးတော်ယာဉ်များ ပံ့ပိုးပေးစေလိုသည့် ရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပေသည်။

ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများသည် အစပိုင်း၌ ဝမ်းသာသွားကြသော်လည်း၊ နောက်ဆက်တွဲ စကားများကို ကြားပြီးနောက်တွင်မူ သူတို့၏ အပြုံးများမှာ ချက်ချင်းပင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။

"ဒါပေမဲ့ မင်းတို့သာ ရှုံးသွားခဲ့ရင်တော့ ဒီနေ့ကစပြီး ငါ့ရဲ့ ဝူမိသားစုအတွက် သီးသန့်စီးတော်ယာဉ်တွေ ဖြစ်လာစေရမယ်"

ဤစကားကို ကြားလိုက်ရချိန်တွင် ချင်းလုံနှင့် ကျန်နဂါးနှစ်ဦးတို့၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားခဲ့သည်။ သူတို့အားလုံးမှာ အင်မော်တယ် မဟာဧကရာဇ်များ ဖြစ်ကြရာ ဤကဲ့သို့သော အရှက်တကွဲ စော်ကားမှုကို တစ်ခါမျှ မခံခဲ့ရဖူးပေ။ သူတို့ကို စီးတော်ယာဉ်အဖြစ် အသုံးချမည့်အစား သတ်လိုက်ခြင်းကမှ ပို၍ မြတ်ဦးမည်ဟု သူတို့ ခံစားနေရသည်။

သို့သော် ယခုအခြေအနေမှာ သူတို့ဘက်မှ ရွေးချယ်ခွင့်မရှိကြောင်း ရှင်းလင်းလှပေသည်။ ယခု သူတို့အတွက် တစ်ခုတည်းသော လမ်းစမှာ ဝူချီလုံနှင့် တိုက်ခိုက်ရန်သာ ရှိတော့သည်။ သူတို့ အမှန်တကယ် အနိုင်ရနိုင်မလား ဆိုသည်မှာမူ သူတို့ ကိုယ်တိုင်ပင် မဝေခွဲနိုင်ပေ။

ဝူချီလုံကို မြင်တွေ့ပြီးနောက် ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်၏ အမူအရာ အလွန် ကြည့်ရဆိုးသွားခဲ့သည်။

"မင်းကလည်း စစ်မှန်နဂါး တစ်ကောင်ပဲလေ... လူသားမျိုးနွယ်ရဲ့ စီးတော်ယာဉ် ဖြစ်သွားရလောက်တဲ့အထိ မင်း ဘာလို့ ဒီလောက်တောင် အဆင့်အတန်း ကျသွားရတာလဲ..."

အခန်း ၂၉၈ - ဝူချီလုံ နှင့် ချင်းလုံ၊ ကျင်းလုံ တို့၏ တိုက်ပွဲ

ဝူချီလုံ : ???

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများက သူ့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားလာလိမ့်မည်ဟု ဝူချီလုံ မထင်မှတ်ထားခဲ့ပေ။ သို့သော် ပြန်စဉ်းစားကြည့်လျှင် သူတို့ အနိုင်ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဝူချီလုံကို သူတို့ဘက်ပါအောင် ဆွဲဆောင်ပြီး ဝူဟောက်ကို အတူတကွ ပူးပေါင်းတိုက်ခိုက်ရန်သာ ရှိတော့သည်။

သို့သော် ဝူချီလုံမှာ ရူးမနေသည့်အတွက် ဝူဟောက်ကို ဇွတ်အတင်း တိုက်ခိုက်ရန် လုံးဝ စဉ်းစားမည်မဟုတ်ပေ။ အကြောင်းမှာ ဤကာလအတွင်း ဝူဟောက်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းသတ္တိများကို သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသောကြောင့် ဖြစ်သည်။

ဝူဟောက်သည် အလွန်အမင်း စွမ်းအားကြီးမားရုံသာမက သူ ပေါ့ပေါ့ပါးပါး ပေးလိုက်သော ဆေးလုံးတစ်လုံးတည်းဖြင့်ပင် ဝူချီလုံကို အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ချိုးဖောက်ဝင်ရောက်စေခဲ့သည်။

မူလက ဝူချီလုံသည် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါက ဝူဟောက် မည်မျှအစွမ်းထက်ကြောင်း ခန့်မှန်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ လက်တွေ့တွင်မူ ထိုအဆင့်သို့ ရောက်ပြီးသည့်တိုင် ဝူဟောက်၏ အစွမ်းမှာ သူ၏မျက်လုံးထဲ၌ ခန့်မှန်း၍မရနိုင်အောင် နက်ရှိုင်းနေဆဲပင် ဖြစ်သည်။

ဝူဟောက်သည် အင်မော်တယ် မဟာဧကရာဇ်အဆင့်ထက်ပင် သာလွန်သော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်ဟု သူ ယုံကြည်မိသည်။

"ကောင်းပြီ... စကားပြောတာ တော်လောက်ပြီ... စကြရအောင်..."

ဝူချီလုံသည် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများကို ဆက်ပြောခွင့်မပေးတော့ချေ။ အကယ်၍ ဝူဟောက်က သူ့အပေါ် တစ်စုံတစ်ရာ မကျေမနပ် ဖြစ်သွားပါက မည်သို့လုပ်မည်နည်း။ ထို့အပြင် သူသည် လက်ရှိပိုင်ဆိုင်ထားသော စွမ်းအားကိုလည်း ရှေ့က နဂါးသုံးကောင်နှင့် စမ်းကြည့်ချင်သေးသည်။

အကယ်၍ သူသာ ယခင်ကဆိုလျှင် ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်တို့ကို ယှဉ်နိုင်မည် မဟုတ်သော်လည်း၊ ယခုအခါ ဝူဟောက်၏ အထူးလေ့ကျင့်ပေးမှုအောက်တွင် သူ၏ တိုက်ခိုက်ရေးအသိဉာဏ်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ၎င်းအပြင် သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာလည်း အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ အခြေခံအုတ်မြစ်မှာလည်း အဆမတန် ခိုင်မာလာခဲ့ပြီ ဖြစ်သည်။

ဝူချီလုံ၏ စကားကို ကြားလိုက်ရချိန်တွင် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများ၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားခဲ့ရသည်။ သူတို့ ယခင်က သတိမထားမိခဲ့သော်လည်း ယခု သေချာစွာ အကဲခတ်ကြည့်လိုက်သောအခါ ဝူချီလုံထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။

ဤသည်မှာ အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိသူတစ်ဦး ပိုင်ဆိုင်နိုင်သည့် အငွေ့အသက်မျိုး မဟုတ်ဘဲ၊ သူတို့၏ တောင်ကြားသခင်နှင့် ရင်ဘောင်တန်းနိုင်သော အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ပင်။

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများသည် သူတို့၏ တောင်ကြားသခင်မှာ နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားပြီဖြစ်ကြောင်း မသိရှိကြသေးသည်မှာ သေချာသလောက်ပင်။ သိရှိခဲ့မည်ဆိုပါကလည်း ယခုကဲ့သို့ ပြောဆိုဝံ့ကြမည် မဟုတ်ပေ။

ဝူချီလုံသည် စကားဆုံးသည်နှင့် ချင်းလုံနှင့် ကျင်းလုံ အင်မော်တယ် မဟာဧကရာဇ်တို့ရှိရာသို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေတော့သည်။ အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့်မျှသာ ရှိသော ထျန်းလုံကိုမူ သူသည် အရေးတယူ လုပ်မနေတော့ချေ။

အမှန်စင်စစ် သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေလျှင်ပင် တစ်ဖက်လူက သူ့ကို ထိခိုက်အောင် ပြုနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော စွမ်းအားနှင့်အတူ ပါလာသည့် အပြည့်အဝ ယုံကြည်မှုပင် ဖြစ်သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ချင်းလုံနှင့် ကျင်းလုံတို့မှာလည်း ပြန်လည်ခုခံ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ မျက်စိတမှိတ်အတွင်းမှာပင် နဂါးသုံးကောင်သည် ပြင်းထန်လှသော တိုက်ပွဲကြီးအတွင်းသို့ သက်ဆင်းသွားကြလေတော့သည်။

အစပိုင်းတွင် ဝူချီလုံသည် အားနည်းချက် ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေ ဝူချီလုံသည် ယခုလေးတင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်ထားခြင်းဖြစ်ပြီး ၊ သူ၏ ကိုယ်ပိုင် စွမ်းအားကို ထိန်းချုပ်ရာတွင် မကျွမ်းကျင်သေးသကဲ့သို့ ချင်းလုံ အင်မော်တယ် မဟာဧကရာဇ် နှင့် ကျင်းလုံ အင်မော်တယ် မဟာဧကရာဇ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို မယှဉ်နိုင်ခဲ့ပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဝူချီလုံ၏ အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ချင်းလုံ အင်မော်တယ် မဟာဧကရာဇ် နှင့် ကျင်းလုံ အင်မော်တယ် မဟာဧကရာဇ် တို့နှင့် လက်ရည်တူ တိုက်ခိုက်လာနိုင်ခဲ့သည်။

ဤသည်ကို မြင်သောအခါ ဝူဟောက်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ ဝူချီလုံကို ချင်းလုံနှင့် ကျင်းလုံ အင်မော်တယ် မဟာဧကရာဇ်တို့အား တိုက်ခိုက်ခိုင်းရခြင်း၏ ရည်ရွယ်ချက်မှာ ဝူချီလုံ၏ ကျင့်ကြံခြင်းနယ်ပယ်ကို အလျင်အမြန် တည်ငြိမ်လာစေရန် ကူညီပေးလိုသောကြောင့်ဖြစ်သည်။

သို့သော် ချင်းလုံနှင့် ကျင်းလုံတို့က ဝူချီလုံအတွက် လေ့ကျင့်ဖော်များအဖြစ် ကူညီပေးခဲ့လျှင်ပင်၊ ဝူဟောက်အနေဖြင့် သူတို့ကို ဝူမိသားစု၏ စီးတော်ယာဉ်များအဖြစ် သိမ်းသွင်းမည့် အကြံကို စွန့်လွှတ်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကျူးလွန်ခဲ့သော အမှားများအတွက် အပြစ်ပေးခံရမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထို့အပြင် ဝူမိသားစု၏ စီးတော်ယာဉ်များအဖြစ် အမှုထမ်းခြင်းဖြင့် ရရှိလာမည့် အခွင့်အရေးများကို သိရှိသွားပါက သူတို့သည် ဤသို့ ဒေါသထွက်နေကြဦးမည်ဟု ဝူဟောက် မထင်ပေ။

ထိုအချိန်ကျလျှင် ဝူဟောက်အနေဖြင့် ဘာမှပင် ပြောစရာမလိုဘဲ ဝူမိသားစု၏ သီးသန့်စီးတော်ယာဉ်များ ဖြစ်လာရန် သူတို့ကိုယ်တိုင်ပင် အလုအယက် ကြိုးပမ်းကြပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ ဤမြင်ကွင်းကို မျက်မြင်တွေ့နေရသော ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်မှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေပုံရသည်။ သူသည် ချင်းလုံနှင့် ကျင်းလုံတို့ကို အလွန်အမင်း ကူညီပေးချင်သော်လည်း စွမ်းအားကွာဟချက်မှာ ကြီးမားလွန်းလှသည်။

အကယ်၍ သူသာ ဝင်ရောက်စွက်ဖက်ပါက ဝူချီလုံ၏ လက်ချက်တစ်ချက် သို့မဟုတ် တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများကပင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေရန် လုံလောက်ပေသည်။

ဤအချိန်တွင် သူ၏ အကြည့်သည် မလှမ်းမကမ်းရှိ ဝူဟောက်ထံသို့ အလိုအလျောက် ရောက်သွားသော်လည်း ဝူဟောက်ကို သွား၍တိုက်ခိုက်ရအောင်အထိ သူ မမိုက်မဲခဲ့ချေ။

ဝူဟောက်၏ ကျင့်ကြံခြင်းအဆင့်ကို သူ ဖောက်ထွင်းမမြင်နိုင်သော်လည်း၊ ဝူဟောက်က သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာပြီး ဝူချီလုံကိုပင် အမိန့်ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် ဝူဟောက်အား သာမန်လူတစ်ယောက်ဟု သူ မသတ်မှတ်ဝံ့ချေ။

"တစ်ဖက်လူဆီကနေ လေးစားမှု အနည်းငယ်ရအောင် ငါတို့ တောင်ကြားသခင်ရဲ့ နာမည်ကို ထုတ်သုံးကြည့်ရင်ရော မရနိုင်ဘူးလား... ငါတို့ တောင်ကြားသခင်ကလည်း အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ဆိုတော့ သူတို့ဘက်က အလျှော့ပေးလာအောင် လုပ်နိုင်ကောင်း လုပ်နိုင်မှာပါ..."

ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်သည် မိမိဘာသာ တွေးတောနေမိသည်။

အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ထက် မြင့်သော နယ်ပယ်ရှိမရှိကို သူ မသိသော်လည်း၊ ရှေးဟောင်းကျမ်းစာများအရ အထက်ကမ္ဘာ၌ အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ထက် သာလွန်သော ကျင့်ကြံသူ မရှိနိုင်ကြောင်း သိထားသဖြင့် ဝူဟောက်သည် ထိုအဆင့်ထက် ပိုမြင့်နေလိမ့်မည်ဟု သူ မယုံကြည်ချေ။

ထို့ကြောင့် ဝူဟောက်သည်လည်း အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သာ ဖြစ်နိုင်ခြေများပေသည်။ အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိသော ဝူချီလုံကို အဘယ်ကြောင့် စေခိုင်းနိုင်သနည်းဟူသော အချက်နှင့်ပတ်သက်၍ ဖြစ်နိုင်ခြေအရှိဆုံးမှာ ဝူချီလုံ အားနည်းနေချိန်တွင် ဝူဟောက်က သခင်-ကျွန်စာချုပ် ချုပ်ဆိုကာ ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။

ဝူချီလုံသည် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ ပုံမှန်အားဖြင့် 'သခင်-ကျွန်စာချုပ်' ဟူသည်မှာ တစ်ဖက်လူက မိမိထက် နယ်ပယ်နှစ်ခုမျှ မြင့်မားနေလျှင်ပင် အလွယ်တကူ ချိုးဖျက်၍ မရနိုင်သော အရာဖြစ်သည်။

ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်သည် ပို၍တွေးတောလေလေ၊ ဤအချက်မှာ ဖြစ်နိုင်ခြေအရှိဆုံးဟု ယူဆမိလေ ဖြစ်သည်။ ထို့ကြောင့် သူသည် အမြန်ပင် ဆုံးဖြတ်ချက်ချလိုက်ပြီး ဝူဟောက်ရှိရာ အနီးအနားသို့ ချဉ်းကပ်လာခဲ့သည်။

ထိုအချိန်တွင် ဝူဟောက်သည် ဝူချီလုံနှင့် ချင်းလုံ၊ ကျင်းလုံတို့၏ တိုက်ပွဲကိုသာ အာရုံစိုက် စောင့်ကြည့်နေပြီး၊ ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ် အနားသို့ ရောက်လာသည်ကို သတိမပြုမိဟန် ဆောင်နေခဲ့သည်။

အမှန်စင်စစ် ထျန်းလုံက သူ့ကို တိုက်ခိုက်ရန် ကြိုးစားလျှင်ပင် မိမိ၏ ခုခံကာကွယ်မှုကို တစ်ဖက်လူက မည်သို့မျှ ဖောက်ထွင်းနိုင်မည်မဟုတ်ကြောင်း သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည်။

"စီနီယာ... ကျွန်တော်တို့ရဲ့ နဂါးတစ်သောင်းတောင်ကြား သခင်က စီနီယာ လိုပဲ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ပါပဲ... နဂါးတစ်သောင်းတောင်ကြား သခင်ရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော်တို့ကို ထွက်သွားခွင့် ပြုနိုင်မလား... ကျွန်တော်တို့ နဂါးတစ်သောင်းတောင်ကြား က စီနီယာ ရဲ့ ဝူမိသားစု နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ်”

ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်၏ စကားကို ကြားပြီးနောက် ဝူဟောက်၏ မျက်နှာပေါ်တွင် နောက်ပြောင်ကျီစယ်လိုသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"ငါ့ကို အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ပဲ ရှိတယ်လို့ မင်းက ဘာလို့ ထင်သွားရတာလဲ..."

ဝူဟောက်၏ တုံ့ပြန်မှုကို မြင်သောအခါ ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်မှာ အနည်းငယ် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်မိသည်။ ဝူဟောက်က စကားပြောရန် ဆန္ဒရှိနေသရွေ့ အခြေအနေမှာ မျှော်လင့်ချက် ရှိသေးသည်ဟု သူ ယူဆလိုက်သည်။

ထို့နောက် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်သည် ဝူဟောက်၏ စကားကို ပြန်လည်သုံးသပ်ရင်း ခါးကို မတ်ကာ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်လေသည်။

"အဲဒါက အင်မော်တယ် မဟာဧကရာဇ် အထက်က တည်ရှိမှုတွေကို အထက်ကမ္ဘာ မှာ ခွင့်မပြုလို့ပါပဲ... အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ဟာ အင်မော်တယ် မဟာဧကရာဇ် နယ်ပယ် အတွင်းမှာ ရှိနေပါသေးတယ်... အထက်ကမ္ဘာ မှာ ဘယ်သူကမှ အင်မော်တယ် မဟာဧကရာဇ်အထက်အဆင့်ကို မချိုးဖောက်ရသေးပေမယ့် စီနီယာ ကလည်း အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့် ပဲဆိုတာ ကျွန်တော် သံသယမရှိပါဘူး..."

"ကံမကောင်းစွာနဲ့ပဲ နဂါးတစ်သောင်းတောင်ကြား ရဲ့ သခင်ကလည်း အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့် ပါပဲ... စီနီယာ့ အနေနဲ့ ကျွန်တော်တို့ရဲ့ နဂါးတစ်သောင်းတောင်ကြား သခင်ကို မျက်နှာသာပေးပြီး ငါတို့ကို ထွက်သွားခွင့် ပြုဖို့ တောင်းဆိုချင်ပါတယ်... ကျွန်တော်တို့ရဲ့ နဂါးတစ်သောင်းတောင်ကြား ကလည်း ဝူမိသားစု နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ်..."

ဇာတ်လမ်းအရှိန်ရလာသည်နှင့်အမျှ ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်သည်လည်း မသိမသာ ဂုဏ်ယူဝင့်ကြွားသည့် စိတ်များ ပေါ်ပေါက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အထက်ကမ္ဘာတစ်ခုလုံးတွင် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိသူမှာ လွန်စွာ ရှားပါးလှသောကြောင့် ဖြစ်သည်။

နဂါးတစ်သောင်းတောင်ကြား၏ တောင်ကြားသခင်သည် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့် စွမ်းအားရှင်တစ်ဦးဖြစ်ခြင်းမှာ သူတို့တောင်ကြားအတွက် အလွန်ပင် ဂုဏ်ယူစရာကောင်းလှသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

သို့သော် ထိုသူ၏စကားကို ကြားပြီးနောက် ဝူဟောက်၏အမူအရာမှာ ပို၍ပင် နောက်ပြောင်ကျီစယ်လိုဟန် ပေါ်လာခဲ့သည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ... ငါက မင်းတို့တောင်ကြားသခင်ကို အလေးထားလိမ့်မယ်လို့ မင်းက ဘာလို့ ထင်နေတာလဲ။ မင်းတို့တောင်ကြားသခင်ကို ထားပါဦး... ကောင်းကင်တာအိုကိုတောင် ငါက မျက်နှာသာပေးမယ့်လူ မဟုတ်ဘူး”

"အဲဒါက အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် လေးပါပဲ... ငါ လက်တစ်ချက် တီးခေါက်လိုက်ရုံနဲ့ သူ့ကို အမှုန့်ကြိတ်ပစ်နိုင်တယ်... ပြီးတော့ မင်းတို့ရဲ့ တောင်ကြားသခင် က အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် မဟုတ်ဘူး... နတ်ဘုရားတစ်ပိုင်း ပဲ..."

All Chapters