အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁) မူလဝိညာဉ်ကျင့်စဉ်၊ စိတ်စွမ်းအားကို ကျင့်ကြံခြင်း
ကျောက်လင်က အိမ်ထဲသို့ ဝင်သွား၏။
ရှန်ချန်းရွှယ်က မီးမွှေးနေသည်။
သူမသည် ယခင်က ဟင်းမချက်ဖူးသောကြောင့် ဟင်းချက်ကျွမ်းကျင်မှုမှာ အနည်းငယ် အားနည်းနေပြီး စုယောင်ကိုသာ ကူညီပေးနိုင်၏။
ကျောက်လင်က ရှန်ချန်းရွှယ်၏ မျက်နှာကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။
"ချန်းရွှယ် မင်းရဲ့ ပါးပြင်က... မင်းကိုယ်မင်း ရုပ်ဆိုးသွားအောင် တမင်သက်သက် လုပ်ထားတာလား..."
မှန်ပေသည်။ ရှန်ချန်းရွှယ်၏ ပါးပြင်များမှာ မနေ့ကလောက် အနာများ မဆိုးရွားတော့ဘဲ တဖြည်းဖြည်း သက်သာလာနေသည်ကို ကျောက်လင်က မြင်လိုက်ရ၏။
မိမိ၏ လှပလွန်းသော ရုပ်ဆင်းသွင်ပြင်ကို ဖုံးကွယ်ထားရန်အတွက် ရှန်ချန်းရွှယ်က တစ်စုံတစ်ရာသော အကြောင်းပြချက်ဖြင့် သူမ၏ ပါးပြင်ကို တမင်သက်သက် ဒဏ်ရာရအောင် လုပ်ထားခြင်း ဖြစ်နိုင်ကြောင်း ကျောက်လင် ချက်ချင်းပင် ရိပ်မိသွားသည်။
မည်သို့ပင်ဆိုစေကာမူ စနစ်မှ အဆင့်(၁) အလှပိုင်ရှင်အဖြစ် သတ်မှတ်ခြင်း ခံရသောကြောင့် ရှန်ချန်းရွှယ်၏ ရုပ်ဆင်းသွင်ပြင်မှာ အလွန်ပင် ထူးခြားလှပမည်မှာ သေချာလှပေသည်။
“ခင်ပွန်းက ဉာဏ်ကောင်းတယ်..."
"ကျွန်မက ဘေးဒုက္ခကနေ ထွက်ပြေးလာရတာဆိုတော့ ရုပ်ရည်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်စေချင်လို့ ဒီလို အကြံအိုက်တဲ့ နည်းလမ်းကို သုံးပြီး ပုပ်ဟောင်းနေတဲ့ သစ်ရွက်အရည်တွေကို မျက်နှာပေါ် သုတ်လိမ်းလိုက်ရတာပါ... အဲ့ဒါကြောင့် အနာတွေ ဖြစ်သွားတာပါ..."
ရှန်ချန်းရွှယ်က ဝန်ခံလိုက်၏။
"ငါ့ဇနီးလေးက အများကြီး ဒုက္ခခံခဲ့ရတာပဲ... အခုကစပြီး ဒီခင်ပွန်းက မင်းကို လေဒဏ်မိုးဒဏ်တွေကနေ ကာကွယ်ပေးသွားမှာပါ... နောက်ဘယ်တော့မှ ဒီလိုမျိုး ဒုက္ခမခံရစေရဘူး..."
ကျောက်လင်က သူ့ရင်ထဲမှလာသော စကားကို ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ချန်းရွှယ်၏ အမူအရာမှာ အေးခဲသွားပြီး ကျောက်လင်ကို ငေးမောစွာ စိုက်ကြည့်နေမိ၏။
သူမ အလွန်ပင် ကြည်နူးသွားခဲ့သည်။
"ခင်ပွန်း... ကျွန်မရဲ့ ဓမ္မတာလာချိန် ပြီးသွားပြီမို့ ဒီည ရှင့်ကို ပြုစုပေးလို့ ရပါပြီ..."
ရုတ်တရက် ရှန်ချန်းရွှယ်က ဆုံးဖြတ်ချက်ချလိုက်ပြီး ဤရှက်စရာကောင်းသော စကားများကို ဗြုန်းစားကြီး ပြောချလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် လွန်ကဲသော ဝမ်းမြောက်မှုတို့ တောက်ပလာခဲ့သည်။
"ကောင်းပြီလေ... ဒီည ကိုယ် မင်းအပေါ် အရမ်းကို ညင်ညင်သာသာလေး ဆက်ဆံပေးပါ့မယ်..."
ကျောက်လင်က ချက်ချင်းပင် ပြုံးလိုက်၏။
"အင်း..."
ရှန်ချန်းရွှယ်မှာ ရှက်သွေးဖြာကာ ခေါင်းငုံ့သွားသည်။
ညဘက်သို့ ရောက်လာပြီးနောက် ဝါးကျည်တောက်ထမင်းလည်း ကျက်သွားခဲ့၏။
ကျောက်လင်၊ စုယောင်နှင့် ရှန်ချန်းရွှယ်တို့မှာ နောက်ထပ် ကောင်းမွန်သော အစားအစာတစ်နပ်ကို သုံးဆောင်လိုက်ကြသည်။
စာမရီအသားကို ဝါးကျည်တောက်ထမင်းဖြင့် ပေါင်းထားသောကြောင့် အလွန်ဝါးလို့ကောင်းသော အထိအတွေ့နှင့် ချောမွေ့သော အရသာကို ရရှိစေသည်။
"ခင်ပွန်း ကျေးဇူးတင်ပါတယ်..."
တစ်ခဏမျှကြာသော် စုယောင်က စာမရီအသား တစ်ကိုက်ကို စားပြီးနောက် တကယ်ပင် မျက်ရည်ကျလာခဲ့၏။
ဤအခိုက်အတန့်တွင် စုယောင်က သူမ၏ ဒုက္ခသည်ဘဝဖြင့် ဖြတ်သန်းခဲ့ရသော အတိတ်နေ့ရက်များကို ပြန်လည်သတိရသွားသည်။ သူမသည် ဤနေရာအထိ ထွက်ပြေးလာခဲ့ရပြီး အလုံအလောက် စားရသောက်ရခြင်းမရှိ၊ ကောင်းကောင်း အိပ်စက်ရခြင်းမရှိဘဲ ညတိုင်း လေဒဏ်မိုးဒဏ်ကို ခံနိုင်ရည်ရှိအောင် နေခဲ့ရကာ အမြဲတစေ အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများကြားတွင် နေထိုင်ခဲ့ရသည်မှာ အိပ်မက်ဆိုးတစ်ခုပင်ဖြစ်၏။
ကျောက်လင်၏ နောက်သို့ လိုက်ပြီးနောက် လွန်ခဲ့သော နှစ်ရက်အတွင်း နေ့တိုင်း ကောင်းကောင်း စားသောက်ခဲ့ရပြီး အစားအစာတိုင်းတွင် အသားပါဝင်သည်။ ဤသည်မှာ သူမ ယခင်က မတွေးရဲခဲ့သော ဘဝမျိုးပင် ဖြစ်သည်။
စုယောင်မှာ ကြည်နူးလွန်း၍ မျက်ရည်ကျလာခဲ့၏။
"ကိုယ်တို့က မိသားစုတွေပဲ... ကျေးဇူးတင်စရာ မလိုပါဘူး..."
"ခင်ပွန်းတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေဆိုတာ ဇနီးသည်ရဲ့ ပျော်ရွှင်မှုအပေါ်မှာ မှီတည်နေတာပဲ..."
ကျောက်လင်က ကမ္ဘာမြေမှ ကြူးတတ်သော စကားလုံးအချို့ကို ပြန်လည်သတိရသွားပြီး တိုက်ရိုက်ပင် ပြန်ပြောလိုက်၏။
ရှန်ချန်းရွှယ်က တခစ်ခစ် ရယ်မောလိုက်သည်။
“ခင်ပွန်း... အဲ့ဒီစကားက တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ..."
ရှန်ချန်းရွှယ်က ပြုံး၍ ပြောလိုက်၏။
"ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလဲဆိုတော့... ချန်းရွှယ် မင်းစားပြီးရင် ရေသွားချိုးတော့... မီးဖိုချောင်ကို စုယောင်ဆီ လွှဲထားလိုက်..."
ကျောက်လင်က ရှန်ချန်းရွှယ်ကို ပြုံး၍ ကြည့်လိုက်သည်။
ချက်ချင်းပင် ရှန်ချန်းရွှယ်မှာ ရှက်သွေးဖြာကာ ခေါင်းကို ထပ်ငုံ့သွားပြီး သူမ၏ ခြေထောက်များမှာ အလိုအလျောက် ပူးကပ်သွား၏။
သူတို့၏ သွယ်ဝိုက်သော စကားများကို နားထောင်ရင်း စုယောင်က ကျောက်လင်ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ သူမ၏ စိတ်ထဲတွင် ယမန်နေ့ညက သာယာလှသော အခိုက်အတန့်များကို ပြန်လည်သတိရနေမိသည်။
ထမင်းစားပြီးနောက်။
ကျောက်လင်၏ စူးရှသော အကြည့်အောက်တွင် ရှန်ချန်းရွှယ်က မသက်မသာ ခံစားရကာ ရေချိုးရန် အိမ်လေးထဲသို့ ဝင်သွား၏။
ကျောက်လင်ကလည်း ရိုးရိုးရှင်းရှင်းပင် ပြုလုပ်လိုက်သည်။ သူက ရေပုံးတစ်ပုံးကို ယူကာ ခြံထဲရှိ ထောင့်တစ်နေရာသို့ သွားပြီး မြန်မြန်ဆန်ဆန်ပင် ရေချိုးလိုက်၏။
စုယောင်က တိတ်ဆိတ်စွာ အလုပ်လုပ်နေသည်။
မကြာမီတွင် ရှန်ချန်းရွှယ်က သစ်သားကုတင်ပေါ်တွင် မသက်မသာဖြင့် လှဲလျောင်းနေ၏။
"ဇနီးလေး... မင်းရဲ့ ခင်ပွန်း ရောက်လာပြီ..."
ကျောက်လင်၏ ဝံပုလွေအူသံကြီးက ထွက်ပေါ်လာခဲ့သည်။
စုယောင်မှာ ဂနာမငြိမ်သောစိတ်ဖြင့် ပန်းကန်များကို ဆေးကြောနေပြီး ဘေးခန်းမှ ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း သူမ၏ ပါးပြင်များမှာ နီရဲလာခဲ့၏။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန် ကုန်လွန်သွားခဲ့သည်။
ထိုနှစ်ယောက်ကြားရှိ တိုက်ပွဲမှာ ပြီးဆုံးသွား၏။
ကျောက်လင်၏ အသိစိတ်မှာ စနစ်မျက်နှာပြင်ပေါ်သို့ အာရုံရောက်သွားသည်။
【ပိုင်ရှင်သည် ဇနီးသည် ရှန်ချန်းရွှယ်နှင့် အောင်မြင်စွာ မင်္ဂလာဦးညကို ဖြတ်သန်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ နှစ်(၂၀)စာ ကျင့်ကြံမှုအဆင့်ကို ဆုအဖြစ် ချီးမြှင့်လိုက်ပါသည်။】
【ပိုင်ရှင်၏ ဇနီး ရှန်ချန်းရွှယ် အောင်မြင်စွာ ကိုယ်ဝန်ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ မူလဝိညာဉ်ကျင့်စဉ်ကို ဆုအဖြစ် ချီးမြှင့်လိုက်ပါသည်။】
ချက်ချင်းပင် ကျောက်လင်၏ အသိစိတ်က သူ၏ ကိုယ်ပိုင်အချက်အလက်ပြဘုတ်ကို ဖွင့်လိုက်၏။
【ပိုင်ရှင် - ကျောက်လင်】
【ဇနီးများ - စုယောင်၊ ရှန်ချန်းရွှယ်】
【ကျွမ်းကျင်မှု - အမဲလိုက်ခြင်း】
【အထူးစွမ်းရည် - လင်းယုန်မျက်လုံး】
【ကျင့်စဉ် - ကျားယန်ကျင့်စဉ် (သာမန်အောင်မြင်မှုအဆင့်)၊ မူလဝိညာဉ်ကျင့်စဉ် (မကျင့်ကြံရသေးပါ)】
【အဆင့် - ကြေးဝါအရေပြားနယ်ပယ်၏ နောက်ဆုံးအဆင့်】
【ကျင့်ကြံမှုအဆင့် - အနှစ် (၂၀)+】
"အဆင့်(၁) ဇနီးမို့ မင်္ဂလာဦးညမှာတင် ဆုကြေးအနေနဲ့ နှစ်(၂၀)စာ ကျင့်ကြံမှုကို ရတာပဲ... သူမက တကယ့်ကို ထူးခြားတာပဲ..."
ကျောက်လင်က ရင်ထဲတွင် သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်လင်၏ စိတ်ထဲတွင် မူလဝိညာဉ်ကျင့်စဉ်၏ ကျင့်ကြံခြင်းဆိုင်ရာ အကြောင်းအရာများ ပြည့်နှက်သွားပြီး ဤကျင့်စဉ်က မည်မျှကြောက်စရာကောင်းကြောင်း ချက်ချင်းပင် နားလည်သွား၏။
မူလဝိညာဉ်ကျင့်စဉမသည် စိတ်စွမ်းအားအတွက် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဤအထူးကျင့်စဉ်မှာ အလွန်ရှားပါးပြီး အလွန်လည်း အစွမ်းထက်လှပေသည်။
မူလဝိညာဉ်ကျင့်စဉ်ကို အဆင့်ကိုးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ စိတ်စွမ်းအား နိုးထခြင်း၊ စိတ်စွမ်းအား အမြုတေ၊ စိတ်စွမ်းအား ဖြန့်ကျက်ခြင်း၊ စိတ်စွမ်းအား စူးစမ်းခြင်း၊ စိတ်စွမ်းအား အကာအကွယ်၊ စိတ်စွမ်းအား ထိုးထွင်းသိမြင်ခြင်း၊ စိတ်စွမ်းအား ထိန်းချုပ်ခြင်း၊ စိတ်စွမ်းအား ပဲ့တင်ထပ်ခြင်းနှင့် မူလဝိညာဉ်စိုးမိုးခြင်းတို့ ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုရသော် ကျောက်လင်၏ စိတ်စွမ်းအားကို အဆင့်မြင့်အထိ ကျင့်ကြံလိုက်သည်နှင့် သူ၏ စိတ်စွမ်းအားသည် မူလဝိညာဉ်တစ်ခုအဖြစ် စုစည်းသွားကာ နတ်ဘုရားကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်လာမည် ဖြစ်သည်။
"စိတ်စွမ်းအားဆိုတာ လူ့ခန္ဓာကိုယ်က မွေးရာပါ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတစ်မျိုးပဲ..."
"ဒါပေမဲ့ ဒီစွမ်းအားက မျက်စိနဲ့မမြင်နိုင်သလို ထိတွေ့လို့လည်း မရဘူး... အထူးကျင့်စဉ်တွေ မရှိဘဲနဲ့ လူတွေက စိတ်စွမ်းအားကို ခံစားသိရှိဖို့ဆိုတာ နေနေသာသာ ကျွမ်းကျင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး..."
"စိတ်စွမ်းအားရှိခြင်းက ကျင့်ကြံသူတွေကို အပိုဝှက်ဖဲတစ်ချပ်နဲ့ တိုက်ခိုက်ဖို့ နည်းလမ်းတွေ ပိုရစေတယ်လို့ ပြောလို့ရတယ်..."
မူလဝိညာဉ်ကျင့်စဉ်၏ ကျင့်ကြံခြင်းအကြောင်းအရာများကို ပေါင်းစပ်ပြီးနောက် ကျောက်လင်မှာ အလွန်အမင်း ဝမ်းသာသွားခဲ့၏။
"ဒီနှစ်(၂၀)စာ ကျင့်ကြံမှုကို ကျားယန်ကျင့်စဉ်မှာ လောလောဆယ် မပေါင်းထည့်သေးဘူး...မူလဝိညာဉ်ကျင့်စဉ်ထဲကိုပဲ အကုန်ပေါင်းထည့်လိုက်မယ်..."
မူလဝိညာဉ်ကျင့်စဉ်က မည်မျှကြောက်စရာကောင်းကြောင်း သိရှိပြီးနောက် ကျောက်လင်မှာ ဆက်၍ မစောင့်နိုင်တော့ဘဲ စနစ်မှ ဆုအဖြစ် ချီးမြှင့်ထားသော နှစ်(၂၀)စာ ကျင့်ကြံမှုအမှတ်များအားလုံးကို မူလဝိညာဉ်ကျင့်စဉ်ထဲသို့ ချက်ချင်းပင် ပေါင်းထည့်လိုက်သည်။
မကြာမီမှာပင် သူ၏ အာရုံများက အခန်းတစ်ခုလုံးကိုသာမက ကြမ်းပြင်ပေါ်ရှိ ပုရွက်ဆိတ်များ၏ လှုပ်ရှားမှုကိုပင် ခံစားသိရှိနိုင်ကြောင်း ကျောက်လင် တွေ့ရှိလိုက်၏။
ကျောက်လင်က ချက်ချင်းပင် သူ၏ ကိုယ်ပိုင်အချက်အလက်ပြဘုတ်ကို ကြည့်လိုက်သည်။
【ကျင့်စဉ် - ကျားယန်ကျင့်စဉ် (သာမန်အောင်မြင်မှုအဆင့်)၊ မူလဝိညာဉ်ကျင့်စဉ် (ဒုတိယအဆင့်)】
【မူလဝိညာဉ်ကျင့်စဉ် (ပထမအဆင့်)၊ စိတ်စွမ်းအား နိုးထခြင်း။ 】
ကျောက်လင်သည် သူ၏ ကိုယ်ပိုင် စိတ်စွမ်းအား ရှိနေခြင်းကို ခံစားသိရှိနိုင်ပြီး ပတ်ဝန်းကျင်ရှိ အပူချိန်နှင့် အလင်းရောင်၏ သိမ်မွေ့သော ကွာခြားချက်များကဲ့သို့သော သိမ်မွေ့သည့် အပြောင်းအလဲများကို မှိန်ဖျော့ဖျော့ ခံစားသိရှိနိုင်၏။
【မူလဝိညာဉ်ကျင့်စဉ် (ဒုတိယအဆင့်) စိတ်စွမ်းအား အမြုတေ။】
ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအားအားလုံးကို အမြုတေတစ်ခုအဖြစ် စုစည်းထားကာ ၎င်းက ကျောက်လင်ကို အာရုံစိုက်မှု ပိုကောင်းစေပြီး အရာဝတ္ထုများကို လေ့လာစောင့်ကြည့်ခြင်းအား မြှင့်တင်ပေးသည်။
ကျောက်လင်၏ စိတ်ထဲတွင် စိတ်စွမ်းအားများ စုဝေးကာ အလွန်တက်ကြွနေသည့် မမြင်နိုင်သော အမြုတေတစ်ခု တကယ်ပင် ရှိနေခဲ့၏။
"စိတ်စွမ်းအားအမြုတေရှိနေတော့ မနက်ဖြန် တောင်ပေါ်မှာ အမဲလိုက်ထွက်တဲ့အခါ အဝေးက သားရဲတွေရဲ့ လှုပ်ရှားမှုတွေကို သော့ခတ်ထားဖို့ လင်းယုန်မျက်လုံးရှိနေမှာဖြစ်ပြီး အနီးနားက ပတ်ဝန်းကျင်ကို ခံစားသိရှိဖို့ စိတ်စွမ်းအား ရှိနေမှာပဲ... ငါက တောင်တန်းတွေနဲ့ တောအုပ်တွေရဲ့ဘုရင် ဖြစ်လာတော့မှာပဲ..."
စိတ်စွမ်းအား အမြုတေ၏ စွမ်းအားအကြောင်းကို သိရှိပြီးနောက် ကျောက်လင်မှာ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
ကျောက်လင် ဝမ်းသာနေစဉ်မှာပင် သူ၏ ဘေးတွင် လှဲလျောင်းနေသော ရှန်ချန်းရွှယ်က ရုတ်တရက် ဝမ်းသာအားရ အော်ဟစ်လိုက်၏။
"ကျွန်မ... ကျွန်မရဲ့ စိတ်အာရုံထိန်းချုပ်မှုပြန်ကောင်းလာပြီ ခင်ပွန်း..."
"ကျွန်မရဲ့ အတွင်းဒဏ်ရာတွေ တကယ်ကြီး ပျောက်သွားပြီပဲ..."
ရှန်ချန်းရွှယ်မှာ အတော်လေး အံ့အားသင့်သွားသည်။
အမှန်စင်စစ် ယခင် စီရင်စုဝန်၏ သမီးတစ်ယောက်အနေဖြင့် ရှန်ချန်းရွှယ်သည် စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ဟုခေါ်သော အထူးကျင့်စဉ်တစ်ခုကို လျှို့ဝှက်စွာ ကျင့်ကြံခဲ့ပြီး ၎င်းမှာလည်း စိတ်စွမ်းအား ကျင့်ကြံခြင်းနည်းလမ်းတစ်မျိုးပင် ဖြစ်၏။
ရှန်ချန်းရွှယ်၏ ချောင်းဆိုးခြင်းမှာ သူမ၏ စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေကာ ချီနှင့် သွေးများ ကမောက်ကမဖြစ်သွားခြင်းကြောင့် ဖြစ်သည်။
သူမသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမည် မဟုတ်တော့သလို ဘယ်တော့မှလည်း ပြန်လည်ကျင့်ကြံနိုင်တော့မည် မဟုတ်ဟု မူလက ထင်မှတ်ထားခဲ့၏။
သို့သော် ကျောက်လင်နှင့် မင်္ဂလာဦးညကို ဖြတ်သန်းပြီးနောက် ရှန်ချန်းရွှယ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို သတိထားမိလိုက်သည်။ သူမ အံ့အားသင့်သွားပြီးနောက် ကျောက်လင်တွင် အထူးရုပ်ခန္ဓာရှိရမည်ဖြစ်ကာ ၎င်းတို့၏ မင်္ဂလာဦးညကို ဖြတ်သန်းခြင်းက ရှန်ချန်းရွှယ်အား ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ကြောင်း သူမ နားလည်သွားခဲ့သည်။
ရှန်ချန်းရွှယ်၏ အော်သံကို ကြားလိုက်ရသောအခါ ကျောက်လင်က တစ်ခုခုကို ခန့်မှန်းမိလိုက်၏။
စနစ်ထံမှရရှိသော ဆုလာဘ်များသည် ဇနီးသည် ပိုင်ဆိုင်ထားသော စွမ်းရည်များနှင့် ဆက်စပ်နေပုံရသည်။
ဥပမာအားဖြင့် စုယောင်သည် မုဆိုးတစ်ယောက်ဖြစ်သောကြောင့် သူသည် ပြီးပြည့်စုံသော အမဲလိုက်ကျွမ်းကျင်မှုကို ဆုအဖြစ်ရရှိခဲ့၏။
ရှန်ချန်းရွှယ်က စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ကို ကျင့်ကြံထားပြီး ယခုအခါ သူ့ကို မူလဝိညာဉ်ကျင့်စဉ်ဖြင့် ဆုချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
ဤအသိအမြင်ဖြင့် ကျောက်လင်က သူ မိန်းမ ထပ်ယူရဦးမည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်လေတော့၏။
အခန်း (၂၂) ပေါင်းစပ်လေး ရရှိခြင်းနှင့် တောင်ပေါ်သို့ တက်ခြင်း
“ခင်ပွန်း... ကျွန်မ ဝင်လာလို့ ရမလား..."
စုယောင်က တံခါးဝတွင် ရပ်ကာ ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်၏။
ကျောက်လင်သည် မူလဝိညာဉ်ကျင့်စဉ်၏ ဒုတိယအဆင့်သို့ ထိုးဖောက်အောင်မြင်သွားသည့် ဝမ်းမြောက်မှုထဲတွင် နစ်မြောနေဆဲဖြစ်ရာ ထိုအသံကို ကြားလိုက်ရချိန်၌ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"စုယောင်... ဝင်လာခဲ့..."
ခွင့်ပြုချက်ရရှိသွားသောအခါ စုယောင်က သူမ၏ ရင်ဘတ်ကို ဖိကာ အတွင်းစိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း အိမ်ထဲသို့ ဝင်လာခဲ့၏။
ညအချိန်ဖြစ်သော်ငြား စုယောင်၏ အမဲလိုက်ကျွမ်းကျင်မှုကြောင့် သစ်သားကုတင်ပေါ်ရှိ ဝတ်လစ်စလစ်ဖြစ်နေသော လူနှစ်ယောက်ကို မြင်တွေ့နိုင်စွမ်း ရှိနေသည်။
"ခင်ပွန်း..."
စုယောင်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် အနီးသို့ သွားရန် တွန့်ဆုတ်နေမိ၏။
သို့သော်လည်း ကျောက်လင်ကမူ စိတ်ပါလာပြီး အောက်သို့ ချက်ချင်း ခုန်ဆင်းကာ စုယောင်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ထို့နောက် ရှန်ချန်းရွှယ်၏ အံ့သြမှင်တက်နေသော အကြည့်အောက်တွင် ကျောက်လင်သည် တောင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားသော ကျားတစ်ကောင်အလား မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်တော့၏။
အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက်။
ကျောက်လင်က နောက်ဆုံးတွင် စိတ်ကျေနပ်သွားလေသည်။
ထိုအခိုက်တွင် ကျောက်လင်သည် စနစ်မျက်နှာပြင်ကို ကြည့်ကာ သူ၏ ကိုယ်ပိုင်အချက်အလက်ကို တိုက်ရိုက် ခေါ်ထုတ်လိုက်၏။
【ပိုင်ရှင် - ကျောက်လင်】
【ဇနီးများ - စုယောင်၊ ရှန်ချန်းရွှယ်】
【ကျွမ်းကျင်မှု - အမဲလိုက်ကျွမ်းကျင်မှု】
【အထူးစွမ်းရည် - လင်းယုန်မျက်လုံး】
【ကျင့်စဉ် - ကျားယန်ကျင့်စဉ်】(သာမန်အောင်မြင်မှုအဆင့်)၊
【မူလဝိညာဉ်ကျင့်စဉ် (ဒုတိယအဆင့်)】
【နယ်ပယ်အဆင့် - ကြေးဝါအရေပြားနယ်ပယ် နောက်ဆုံးအဆင့်】
【ကျင့်ကြံမှုအဆင့် - ၁+】
ကျောက်လင်က ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်းကို တပြိုင်နက် ခံစားလိုက်ရသည်။ သတင်းကောင်းမှာ သူသည် ဇနီးဖြစ်သူနှင့် တိုက်ပွဲဝင်နေသရွေ့ စနစ်မှ သူ့ကို တစ်နှစ်စာ ကျင့်ကြံမှုအမှတ်များ ဆုချီးမြှင့်မည်ဖြစ်၏။ ဝမ်းနည်းစရာမှာ သူ ဤမျှ ကြိုးစားခဲ့သော်ငြား တစ်နှစ်စာ ကျင့်ကြံမှုအချိန်ကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်တွင် ကျောက်လင်က စနစ်သည် အလွန်ပါးနပ်ပြီး ဇနီးဖြစ်သူနှင့် ပထမဆုံး မင်္ဂလာဦးညတွင်သာ နှစ်အနည်းငယ်စာ ကျင့်ကြံမှုကို ဆုအဖြစ် ပေးမည်ဖြစ်ကြောင်း နားလည်သွား၏။
အဆင့်(၁) ဇနီးဖြစ်လျှင် ပထမဆုံး မင်္ဂလာဦးညတွင် အနှစ်နှစ်ဆယ်စာ ကျင့်ကြံမှု ဆုချီးမြှင့်ခံရမည် ဖြစ်သည်။ အဆင့်(၂) ဇနီးဆိုပါက သူမ၏ ပထမဆုံး မင်္ဂလာဦးညတွင် ငါးနှစ်စာ ကျင့်ကြံမှု ဆုချီးမြှင့်ခံရမည်ဖြစ်၏။ ထို့နောက် မည်သည့်အဆင့်ရှိ ဇနီးနှင့်မဆို တိုက်ပွဲဝင်ခြင်းက တစ်ကြိမ်လျှင် တစ်နှစ်စာ ကျင့်ကြံမှုအမှတ်များကိုသာ ဆုအဖြစ် ရရှိစေမည် ဖြစ်သည်။
*ငါ့ကျောက်ကပ်တွေတောင် တုန်နေပြီ…*
ကျောက်လင်က ရင်ထဲတွင် သက်ပြင်းချလိုက်၏။
သူ မိန်းမသစ် ထပ်ယူရဦးမည်ပုံပေါ်သည်။ စုယောင်နှင့် ရှန်ချန်းရွှယ်ဟူသော သူ၏ ဇနီးနှစ်ယောက်ကို အားကိုးပြီး ကျင့်ကြံမှုကို ခေါင်းပုံဖြတ်မည်ဆိုပါက သူ၏ ကျောက်ကပ်များ ချည့်နဲ့သွားမည်ကို ကျောက်လင် စိုးရိမ်မိသည်။
ထိုအခိုက် ကျောက်လင်၏ ဘေးတွင် လှဲလျောင်းနေသော စုယောင်မှာလည်း အလွန် ဝမ်းသာပျော်ရွှင်နေ၏။
ယနေ့နံနက်တွင် စုယောင်၏ ဆံပင်တစ်ဝက်ခန့်သည် အနက်ရောင် ပြောင်းသွားခဲ့သည်။ ထိုအရာက ကျောက်လင်နှင့် သေချာပေါက် သက်ဆိုင်နေရမည်ဟု သူမ နောက်ပိုင်းတွင် နားလည်သွားခဲ့၏။
ထို့ကြောင့်ပင် စုယောင်သည် ကျောက်လင်နှင့် ရှန်ချန်းရွှယ်တို့ အတူလှဲနေကြကြောင်းကို သိနေသော်လည်း သတ္တိမွေးကာ ဝင်လာရဲခဲ့ခြင်း ဖြစ်သည်။
စုယောင်က ထိုအရာကို သက်သေပြချင်ခဲ့၏။ မနက်ဖြန် နံနက်တွင် သူမ၏ ဆံပင်ကို ထပ်မံ စစ်ဆေးမည်ဖြစ်သည်။ အကယ်၍ အနက်ရောင် ထပ်ပြောင်းသွားခဲ့လျှင် ကျောက်လင်နှင့် အတူအိပ်ခြင်းမှ သူမအတွက် ကြီးမားလှသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သက်သေပြနိုင်မည် ဖြစ်၏။
ထိုအခိုက်တွင် စုယောင်သည် သူမ၏ အာရုံခံစားမှုများ ပိုမို အားကောင်းလာပြီး ပြီးပြည့်စုံသော မုဆိုးတစ်ယောက်၏ နိုးကြားမှုမျိုး မြင့်တက်လာကြောင်းကို သတိပြုမိသွားသည်။
*ခင်ပွန်းက အထူးရုပ်ခန္ဓာ ပိုင်ဆိုင်ထားတာလား…*
*ငါ့ခင်ပွန်းက ကျင့်ကြံသူမိသားစုကနေ ဆင်းသက်လာတာများလား…*
*ဒါမှမဟုတ် ငါ့ခင်ပွန်းမှာ အထူးသွေးကြောမျိုးဆက်ရှိနေတာလား…*
စုယောင်က ကျောက်လင် မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်တိုက် စဉ်းစားနေမိ၏။
သို့သော်လည်း စုယောင်ကို အလွန် ပျော်ရွှင်စေသည့် အရာတစ်ခုရှိနေသည်။ ၎င်းမှာ သူမသည် ကျောက်လင်၏ ဇနီး ဖြစ်လာခဲ့ပြီး ကျောက်လင် မည်သူပင် ဖြစ်နေပါစေ သူ့နောက်သို့ အမြဲလိုက်ကာ ဘယ်တော့မှ ခွဲခွာမည် မဟုတ်ဆိုသည့် အချက်ပင်ဖြစ်၏။
ကုတင်ပေါ်ရှိ လူသုံးယောက်စလုံး ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြသည်ဟု ဆိုရမည်ဖြစ်သည်။
နောက်တစ်နေ့ နံနက် အရုဏ်မတက်မီ။
ကျောက်လင်ကမူ သတိပြန်လည်လာခဲ့ပြီ ဖြစ်၏။ သူ့ဘေးရှိ နွေးထွေးနူးညံ့သော ခန္ဓာကိုယ်နှစ်ခုကို ခံစားရင်း ကျောက်လင်သည် ကျေနပ်စွာ ပြုံးမနေဘဲ မနေနိုင်တော့ချေ။
ချက်ချင်းပင် ကျောက်လင်က စနစ်မျက်နှာပြင်ကို ကြည့်ကာ စနစ်ဈေးဆိုင်ကို ခေါ်ထုတ်လိုက်သည်။
"ဒီနေ့ ငါတို့တွေ တောင်ပေါ်တက်ပြီး အမဲလိုက်ကြမယ်... ငါတို့ရဲ့ အမဲလိုက်အဖွဲ့မှာ လူခုနစ်ယောက်ပါပေမဲ့ ငါတစ်ယောက်တည်းကပဲ ကွင်းတပ်ဓားကို သုံးတာ... ကျန်တဲ့ ခြောက်ယောက်က သံလှံတွေကို သုံးကြတယ်..."
"ငါ့ရဲ့ လင်းယုန်မျက်လုံးက သားရဲတွေကို အဝေးကနေ မြင်နိုင်ပေမဲ့ ငါတို့ ခုနစ်ယောက်က တောတောင်တွေထဲမှာ သားရဲတွေနား ကပ်သွားရင် အသံထွက်မှာ မလွဲမသွေပဲ... အဲ့ဒီသားရဲတွေက သဘာဝအရ အာရုံခံမိပြီး ချက်ချင်း ထွက်ပြေးသွားကြလိမ့်မယ်..."
"အဲ့ဒါဆိုရင် ငါတို့ အဝေးပစ်လက်နက်တစ်ခု ဝယ်ဖို့ လိုတယ်..."
ကျောက်လင်သည် စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုကို သတ်မှတ်ထားပြီး ဖြစ်၏။ ကျောက်လင်သည် တစ်ရက်လျှင် ပစ္စည်းနှစ်ခုသာ ဝယ်နိုင်သဖြင့် သူ၏ ဝယ်ယူမှုများကို ဂရုတစိုက် စီစဉ်ရမည် ဖြစ်သည်။
စနစ်အမှတ် - ၄၅၆၀
သူ၏ လက်ထဲတွင် ငွေနှစ်ပြားခွဲ ကျန်နေသေး၏။ ဤအရာသည် စာမရီသမင်သားကို ရောင်းချပြီး ရှုံ့တကျွမ်းကို ငွေသုံးပြား ပြန်ဆပ်ပြီးနောက် ကျောက်လင် ရရှိခဲ့သော ငွေများ ဖြစ်သည်။
ချက်ချင်းပင် ကျောက်လင်၏ အသိစိတ်က စနစ်ဈေးဆိုင်ထဲရှိ တိုက်ခိုက်ရေးလက်နက်များကို ဆက်တိုက် ရှာဖွေကြည့်ရှုနေခဲ့၏။
လက်ကိုင်လေး - အမှတ် ၈၀၀၀
ပေါင်းစပ်လေး - အမှတ် ၁၀၀၀၀
အမျိုးအစား၉၅ တိုက်ခိုက်ရေးရိုင်ဖယ် - အမှတ် ၂၀၀၀၀
ကျောက်လင်က ဤပစ္စည်းသုံးခုစလုံးကို သဘောကျသော်လည်း ၎င်းတို့ကို ဝယ်ယူရန် စနစ်အမှတ် အလုံအလောက် မရှိခဲ့ပေ။ သူတို့က တကယ်ကို ဆင်းရဲလွန်းလှသည်တကား။
"လက်ကိုင်လေးတွေက သယ်ရလွယ်ပြီး အမြန်ပစ်နိုင်ပေမဲ့ သူတို့ရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးက အရမ်းတိုတယ်... မီတာ ၂၀ အတွင်းလောက်ပဲရှိတာ... တိကျမှုကတော့ အဆင်ပြေပေမဲ့ အကွာအဝေးက အရမ်းဝေးသွားတာနဲ့ အခြေခံအားဖြင့် ဘာအန္တရာယ်မှ မပေးနိုင်တော့ဘူး... အထူးသဖြင့် တောရိုင်းတိရစ္ဆာန် အကြီးကြီးတွေကို အမဲလိုက်တဲ့အခါမျိုးမှာပေါ့..."
"ပေါင်းစပ်လေးမှာက စက်သီးတွေလို စက်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံတွေ ပါဝင်တဲ့အတွက် လူသက်သာပြီး မီတာ ၃၀၀ လောက်အထိ ပစ်နိုင်တယ်... သူ့ရဲ့ အားသာချက်က တိကျမှုမြင့်မားပြီး အားပြင်းတာပဲ... တစ်ချက်ထိသွားတာနဲ့ သေလောက်တဲ့ ဒဏ်ရာကို ရစေနိုင်တယ်..."
"အလိုအလျောက် ရိုင်ဖယ်တွေက အစွမ်းအထက်ဆုံးပဲ... ဒါပေမဲ့ အသုံးပြုသူဆီကနေ မြင့်မားတဲ့ ကျွမ်းကျင်မှုအဆင့်ကို လိုအပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်မှုတွေလည်း လုပ်ဖို့ လိုအပ်တယ်..."
ကျောက်လင်သည် နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ရောက်သွား၏။ မည်သည့် တိုက်ခိုက်ရေး လက်နက်အမျိုးအစားကို ဝယ်ယူရမည်ကို ရွေးချယ်မှုများချိန်ဆကာ ဆုံးဖြတ်ရမည် ဖြစ်သည်။
နောက်ဆုံးတွင် ကျောက်လင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
"ပေါင်းစပ်လေးကိုပဲ ယူလိုက်ရအောင်..."
ဤပေါင်းစပ်လေးသည် စနစ်အမှတ် ၁၀၀၀၀ ကျသင့်သည်။ ကျောက်လင်တွင် လက်ရှိ၌ စနစ်အမှတ် ၄၅၆၀ သာ ရှိသောကြောင့် သူသည် ငွေနှစ်ပြားခွဲကို ချက်ချင်းယူကာ စနစ်အမှတ်များဖြင့် လဲလှယ်လိုက်၏။
စနစ်အမှတ် - ၇၀၆၀
အမှတ် ၁၀၀၀၀ ပြည့်ရန် မလုံလောက်သေးချေ။
"ရယ်စရာပဲ... ငါ မနေ့ကမှ ဝက်ဝံကြီးကို ငွေသုံးပြား ပြန်ဆပ်လိုက်တာ... ဒီနေ့ ငွေသုံးပြား ထပ်ချေးဖို့ လိုနေပြန်ပြီ..."
"ဝက်ဝံကြီးကများ ငါ့ကို အရူးလို့ ထင်သွားမလား..."
ကျောက်လင်က ကူရာမဲ့စွာ ပြုံးလိုက်မိ၏။
ချက်ချင်းပင် ကျောက်လင်သည် ကုတင်ပေါ်မှ ဆင်းကာ မျက်နှာကို အမြန်သစ်လိုက်ပြီး ရှုံ့တကျွမ်း နေထိုင်ရာအိမ်သို့ အပြေးအလွှား သွားခဲ့သည်။
လမ်းတွင် သူတို့နှစ်ယောက် မမျှော်လင့်ဘဲ ဆုံတွေ့သွားကြ၏။
"ဟေး... ကျောက်လင်... မင်း ဒီမှာ ဘာလာလုပ်တာလဲ..."
ရှုံ့တကျွမ်းသည် သူ၏ လက်ထဲတွင် သံလှံတစ်ချောင်းကို ကိုင်ထားပြီး ကျောတွင် ဝါးခြင်းတောင်းတစ်ခုကို လွယ်ထားရာ ထိုအထဲတွင် ရိက္ခာခြောက် ကိတ်မုန့်များနှင့် ရေအိတ်တစ်ခု ပါဝင်သည်။ သူသည် ကျောက်လင်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွား၏။
"ဟို ဝက်ဝံကြီး... ငါ့ကို ငွေသုံးပြားလောက် ထပ်ချေးပါဦး..."
ကျောက်လင်၏ အပြုံးက အတင်းအကျပ် ဖန်တီးထားရပြီး သူကိုယ်တိုင်ပင် ရှက်ရွံ့နေမိသည်။
"အာ... ကောင်းပြီလေ... ဒီမှာ ယူလိုက်..."
ရှုံ့တကျွမ်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်၏။
မည်သို့ပင်ဖြစ်စေ ကျောက်လင် ငွေလိုချင်နေသရွေ့ သူ၏ လက်ထဲတွင် ရှိနေပါက တစ်ကိုယ်ကောင်းမဆန်ဘဲ ပေးမည်ဟု ရှုံ့တကျွမ်းက အခိုင်အမာ ယုံကြည်ထားသည်။ မည်သည့် အကြောင်းပြချက်မှ မလိုအပ်ပေ။
ကျောက်လင်သည် ရှုံ့တကျွမ်း ကမ်းပေးလာသော ငွေသုံးပြားကို လက်ခံလိုက်၏။
"ဝက်ဝံကြီး... သွားပြီး ကျန်တဲ့သူတွေ အကုန်လုံးကို သွားခေါ်လိုက်... ငါ့အိမ်မှာ စုကြမယ်... ပြီးတာနဲ့ ငါတို့ တောင်ပေါ်ကို တက်လို့ရပြီ..."
ထိုအခိုက်တွင် ကျောက်လင်က ရှုံ့တကျွမ်းကို လွှတ်လိုက်ရန် ဆင်ခြေတစ်ခု ရှာတွေ့သွားခြင်း ဖြစ်သည်။
"ကောင်းပါပြီ..."
ရှုံ့တကျွမ်းက တုံ့ပြန်လိုက်ပြီး အခြားဦးတည်ရာတစ်ခုသို့ ပြေးထွက်သွား၏။
ရှုံ့တကျွမ်း ပြေးထွက်သွားသည်ကို မြင်ပြီးနောက် ကျောက်လင်က ချက်ချင်းပင် စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
"စနစ်... ဒီငွေသုံးပြားကို အမှတ်တွေအဖြစ် ပြောင်းလိုက်..."
စနစ်အမှတ် - ၁၀၀၆၀
ချက်ချင်းပင် ကျောက်လင်သည် ပေါင်းစပ်လေးတစ်ခုကို ဝယ်ယူရန် အမှတ် ၁၀၀၀၀ သုံးစွဲလိုက်ရာ ၎င်းတွင် လက်ဆောင်အဖြစ် တြိဂံမြှား ၁၀ ချောင်းလည်း ပါဝင်လာခဲ့၏။
သူ၏ အိမ်သို့ ပြန်ပြေးလာပြီးနောက် ကျောက်လင်သည် ကျောတွင် ဝါးခြင်းတောင်းတစ်ခုကို လွယ်ထားပြီး ခြင်းတောင်းထဲသို့ ကွင်းတပ်ဓား၊ ပေါင်းစပ်လေးနှင့် တြိဂံမြှားများကို ထည့်လိုက်သည်။
မကြာမီမှာပင် ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ အားလုံးသည် သံလှံများကို ကိုင်ဆောင်ကာ ပြေးလာကြ၏။
"ညီအစ်ကိုတို့... မိုးတောင်လင်းနေပြီဆိုတော့ မနားကြတော့ဘဲ အခုပဲ တောင်ပေါ်ကို တက်ကြရအောင်..."
လူခြောက်ယောက် သူ့ထံသို့ ရောက်လာသောအခါ ကျောက်လင်က ချက်ချင်း လှမ်းခေါ်လိုက်သည်။