မဟာချင်မင်းဆက်ကို စတင်တည်ထောင်ချိန်တွင် တည်ထောင်သူဧကရာဇ် ဟုန်ယွမ်ကျိက "နယ်ခြားစောင့်တပ် မြေယာဖော်ထုတ်ရေး ဧကရာဇ်၏ အမိန့်တော်ပြန်တမ်း" ကိုထုတ်ပြန်ခဲ့ပြီး မင်းဆက်၏နယ်စပ်များတွင် တိုက်ခိုက်နေသော တပ်ဖွဲ့အားလုံးကို နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ပြောင်းလဲခဲ့ပြီး စွန့်ပစ်မြေများကို ချက်ချင်းပြန်လည်ရယူစေခဲ့သည်။ ကျောက်လင်သည် စစ်တပ်ထဲကို အတင်းအကျပ် စုဆောင်းခံခဲ့ရပြီး ဘာအောင်မြင်မှုမှ မရခဲ့ချေ။ ဧကရာဇ်၏ စွန့်ပစ်မြေများ ဖွင့်လှစ်ရန် အမိန့်ထုတ်ပြန်သည့်အခါ ရှေ့ပြေးတပ်မတော်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ကံကောင်းထောက်မစွာပဲ ကျောက်လင်သည် "ကလေးများများရလေ ကောင်းချီးများလေ" စနစ်ကို အသက်သွင်းခဲ့ပြီး ဇနီးတစ်ယောက်နှင့် လက်ထပ်တိုင်း စနစ်ဆုလာဘ်များ ရနိုင်သည်။ အစားအစာချွေတာဖို့အတွက် တခြားသူတွေက ဇနီးတစ်ယောက်တည်းကိုပဲ လက်ထပ်ရဲကြပေမယ့် ကျောက်လင်ကမူ စနစ်က အချက်ပေးသည့် အမျိုးသမီးတိုင်းကို လက်ထပ်ခဲ့သည်။ သူ၏အိမ်တော်၌ အလှမယ်သုံးထောင်ရှိသည်မှာ အိပ်မက်တစ်ခုမျှသာ မဟုတ်ပေ။ နယ်စပ်တွင် ဓားပြများ ပေါများပြီး တောင်တန်းခံတပ်တွေလည်း အများကြီးရှိပြန်သည်။ နယ်စပ်တပ်များမှာ စစ်ဆင်ရေးအတွင်း အကြိမ်ကြိမ် ဆုံးရှုံးမှုတွေ ကြုံတွေ့ရ၏။ သို့ပေမယ့် ကျောက်လင်ကမူ ထိုတပ်ဖွဲ့တွေကို လျှို့ဝှက်စွာ နှိမ်နင်းပြီး သူ၏ကိုယ်ပိုင်တပ်မတော်အဖြစ် ထူထောင်ဖို့ စနစ်ဆုလာဘ်တွေကို အားကိုးခဲ့ပြန်သည်။ ကျောက်လင်သည် နယ်စပ်စစ်သားတစ်ဦးအဖြစ် စတင်ခဲ့ပြီး တဖြည်းဖြည်း ကျော်ကြားလာကာ မဟာချင်မင်းဆက်တွင် ထွန်းတောက်လာသော ကြယ်တစ်ပွင့်ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် မင်းသမီး ဟုန်ယွီကျောက်နှင့်လက်ထပ်ကာ ဧကရာဇ်အဖြစ် ဘိသိက်ခံခဲ့တော့သည်။

