← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း (၃၀၂) အရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်

"ဒီမိုင်နှစ်ဆယ်အကွာအဝေးမှာရှိတဲ့ မြေပြင်က အများအားဖြင့် ပြန့်ပြူးနေတယ်..."

"လောင်းရှန်းတောင်အနီးတဝိုက်မှာသာ အတော်လေး မတ်စောက်တဲ့ တောင်ထွတ်အချို့ကို တွေ့ရလိမ့်မယ်..."

"မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က လောင်းရှန်းတောင်ထဲကို ဝင်လာချင်တယ်ဆိုရင်တော့ ဒီမတ်စောက်တဲ့ တောင်ထွတ်တွေကြားထဲက ကွေ့ကောက်နေတဲ့ တောင်လမ်းကျဉ်းကပဲ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်လိမ့်မယ်..."

ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို မောင်းနှင်ရင်း မိုင်ပေါင်းများစွာ ပတ်လည်ကို စူးစမ်းကြည့်ရှုကာ ချုံခိုတိုက်ခိုက်ရမည့် နေရာကို အခြေခံအားဖြင့် ဆုံးဖြတ်လိုက်၏။

ထိုနေရာများကား မတ်စောက်သော တောင်ထွတ်အနည်းငယ်ပင် ဖြစ်သည်။

ထိုအချိန်တွင် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ထားလိုက်သည်။

"ခင်ပွန်း... ရှင်က ဒီတောင်တန်းတွေထဲမှာ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား..."

ကျောက်လင်သည် ဤမြင့်မားသော နေရာကို အဆက်မပြတ် ကင်းလှည့်နေသည်ကို မြင်သောအခါ တန်ထိုက်ပေါင်ပေါင်သည် ကျောက်လင်၏ အစီအစဉ်ကို သိရှိသွားပြီဖြစ်သည်။

"ဟုတ်တယ်... ဒီတောင်တန်းက မြောက်ပိုင်းကာကွယ်ရေးစစ်တပ်အတွက် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းပဲ... ငါတို့သာ ဒီနေရာမှာ ချုံခိုတိုက်ခိုက်လိုက်ရင် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်မှာ ထွက်ပြေးစရာ နေရာမရှိတော့ဘူး..."

ကျောက်လင်က သူ၏ အတွေးများကို ရိုးသားစွာ ပြောပြလိုက်သည်။

တန်ထိုက်ပေါင်ပေါင်သည် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်အကြောင်း သတင်းကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွား၏။ ဟေးလုံစခန်းက မည်သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ကို သူမ ယခုမှပင် သိရှိလိုက်ရခြင်းဖြစ်သည်။

မြောက်ပိုင်းကာကွယ်ရေးစစ်တပ်သည် ပေနင်စီရင်စုအတွင်းရှိ နန်ယွဲ့တိုင်းပြည်၏ အဓိက တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သည်။

မြောက်ပိုင်းကာကွယ်ရေးစစ်တပ် ပျက်သုဉ်းသွားသည်နှင့် နန်ယွဲ့တိုင်းပြည်သည် ပေနင်စီရင်စု နယ်မြေအတွင်း၌ စစ်ရေးအရ ရှိနေနိုင်တော့မည် မဟုတ်ဘဲ ကြီးမားသော မငြိမ်မသက်မှုများ ဖြစ်ပေါ်လာလိမ့်မည်။

"ခင်ပွန်း.. မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က စစ်ချီလာပြီဆိုရင် သူတို့က ဒီတောင်တန်းဒေသကို စူးစမ်းဖို့အတွက် ကျင့်ကြံသူတွေကို သေချာပေါက် စေလွှတ်လိမ့်မယ်... ဟေးလုံစခန်းက ကျွန်မတို့ရဲ့ ညီအစ်ကိုတွေက ဒီကျင့်ကြံသူတွေရဲ့ ဝိညာဉ်အာရုံကို ရှောင်လွှဲဖို့ မဖြစ်နိုင်ဘူး..."

ထိုအခိုက်တွင် တန်ထိုက်ပေါင်ပေါင်သည် သူမ၏ စိုးရိမ်ပူပန်မှုအချို့ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ကျောက်လင်က ခေါင်းညိတ်လိုက်၏။

တန်ထိုက်ပေါင်ပေါင် ပြောသည့်အတိုင်းပင် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်၏ စစ်သည်နှစ်သိန်းသည် မဆင်မခြင် ရှေ့ဆက်တိုးလာမည် မဟုတ်ပါ။ သူတို့နှင့်အတူ လိုက်ပါလာသော အစွမ်းထက် ကျင့်ကြံသူများသည် ရန်သူ့ပစ်မှတ်များ ပုန်းအောင်းနေခြင်း ရှိ၊ မရှိကို ပတ်ဝန်းကျင်မြေပြင်တွင် ကင်းလှည့်စစ်ဆေးမည်မှာ သေချာသည်။

ကျောက်လင်သည် ဤအတွက် တန်ပြန်နည်းလမ်းကို ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။

"ပေါင်ပေါင်... စိတ်မပူပါနဲ့... ဒီတောင်ထိပ်တွေပေါ်မှာ အစီအရင်တစ်ခု ငါ တည်ဆောက်ထားမယ်... မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က ကျင့်ကြံသူတွေ ဘာအမှားအယွင်းမှ ရှာမတွေ့နိုင်အောင် အာမခံတယ်..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။

တန်ထိုက်ပေါင်ပေါင်သည် ခေတ္တမျှ မှင်တက်သွား၏။ သူမ ထပ်မံ၍ အံ့အားသင့်ရပြန်သည်။

အစီအရင် တည်ဆောက်ခြင်းသည် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ် သို့မဟုတ် ထိုအထက်ရှိ ကျင့်ကြံသူများသာ ပြုလုပ်နိုင်သည့် အရာဖြစ်သည်။

ကျောက်လင်သည် အစီအရင်များကို တည်ဆောက်နိုင်ပါသလား။

တစ်ခဏချင်းမှာပင် ကျောက်လင်၏ နောက်ကွယ်ရှိ ရှေးဟောင်းသိုင်းပညာရှင် မိသားစုက အစီအရင် တည်ဆောက်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ထားခြင်းဖြစ်နိုင်ကြောင်း တန်ထိုက်ပေါင်ပေါင် သဘောပေါက်သွားသည်။

"ရှင်က အစီအရင် တည်ဆောက်ဖို့ သူ့မိတ်ဆွေကို ကူညီပေးတော့မှာ မဟုတ်ဘူးလား..."

"သူက လူမြင်ကွင်းမှာ ထွက်ပေါ်လာဖို့ အဆင်မပြေဘူး..."

ထိုအချိန်တွင် ကျောက်လင်သည် တန်ထိုက်ပေါင်ပေါင်၏ ပုခုံးကို ပုတ်ကာ အသာအယာ ရယ်မောလိုက်သည်။

တန်ထိုက်ပေါင်ပေါင် နားလည်သွားသည်။

"ကောင်းပါပြီ... ကျွန်မ အနီးအနားက တောင်တွေကို သွားပြီး ဟေးလုံစခန်းက ညီအစ်ကိုတွေ ရောက်လာတာကို စောင့်နေလိုက်မယ်..."

ကျောက်လင်၏ အစောင့်အရှောက်သည် သူ၏ အထောက်အထားကို ထုတ်ဖော်ပြသ၍ မရကြောင်း တန်ထိုက်ပေါင်ပေါင်က အလိုအလျောက် မှတ်ယူလိုက်ပြီးနောက် ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ဘဲ ချက်ချင်းပင် ပျံသန်းထွက်ခွာသွားတော့၏။

တန်ထိုက်ပေါင်ပေါင် ထွက်ခွာသွားသည်ကို မြင်ပြီးနောက် ကျောက်လင်သည် စနစ်ဈေးဆိုင်၏ မျက်နှာပြင်ကို နောက်ဆုံးတွင် အတည်ပြုလိုက်သည်။

[အရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်- ၁၈၀,၀၀၀,၀၀၀ အမှတ်]

၎င်းသည် အဋ္ဌမအဆင့် အစီအရင်ဖြစ်သည်။

ဤအစီအရင်ကို ထိန်းချုပ်ခြင်းဖြင့် မည်သည့်နေရာတွင်မဆို ပုံရိပ်ယောင်များကို ထိန်းချုပ်သူ၏ ဆန္ဒအတိုင်း ပြောင်းလဲနိုင်သည်။ ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင် တုန်ခါမှုများ၊ သားရဲကောင်များ၏ အငွေ့အသက်များ၊ မြေပြင်အနေအထား ပြောင်းလဲမှုများ စသည်တို့ ပါဝင်သည်။

ဆိုလိုသည်မှာ ကျောက်လင်သည် ဤအစီအရင်ကို ထိန်းချုပ်ထားနိုင်ပါက အဋ္ဌမအဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူမဆို သူတို့၏ စိတ်စွမ်းအားကို မည်သို့ပင် အသုံးပြု၍ စူးစမ်းပါစေ ကျောက်လင် မြင်စေလိုသော ပုံရိပ်ယောင်ကိုသာ မြင်တွေ့ရလိမ့်မည် ဖြစ်သည်။

“ဝယ်လိုက်..”

ဤအရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်ကို ဆက်တိုက် ထိန်းထားရန် ဝိညာဉ်သလင်းကျောက်တစ်ခုကို မိနစ်သုံးဆယ်တိုင်း စားသုံးရမည်ဖြစ်သည်။

ကျောက်လင်က ခေတ္တမျှ စဉ်းစားလိုက်သည်။ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်သည် ညနေစောင်းမှသာ လောင်းရှန်းတောင်အစွန်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး မဟာလီမင်းဆက်၏ တပ်ပျက်များကို တိုက်ရိုက်ခြိမ်းခြောက်ရန်အတွက် မနက်ဖြန်မှသာ လောင်းရှန်းတောင်ထဲသို့ ဝင်ရောက်လာလိမ့်မည်ဖြစ်သည်။

ဆိုလိုသည်မှာ ဤအရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်ကို အနည်းဆုံး တစ်ညတာ ထိန်းထားရန် လိုအပ်သည်။

စိတ်ချရစေရန်အတွက် ကျောက်လင်သည် ဤအရာတိုင်းကို အသွင်ဖန်တီးနိုင်သည့် အစီအရင်ကို တစ်ရက်တာ ထိန်းထားရန် ဆုံးဖြတ်လိုက်ရာ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်နှင့် လိုက်ပါလာသော ကျင့်ကြံသူများသည် ဟေးလုံစခန်း၏ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် ကျောက်လင်သည် ဝိညာဉ်သလင်းကျောက် ၂၄ ခု ဝယ်ယူရန် ဆုံးဖြတ်လိုက်၏။

[ဝိညာဉ်သလင်းကျောက် - ၁၀၀,၀၀၀,၀၀၀ အမှတ်]

၂၄ ခု ဝယ်လိုက်၏။

စနစ်အမှတ် - ၁၅၂၀၄၅၉၈၀၀၀

ချက်ချင်းပင် ကျောက်လင်သည် အစီအရင်၏ အစီအရင်ပြား ၁၀၈ ခုကို စနစ်နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

ထို့နောက် ကျောက်လင်သည် အစီအရင်ပြား ၁၀၈ ခုကို ဤတောင်ထိပ်ရှိ နေရာအသီးသီးတွင် ချထားလိုက်၏။

လေထဲမှ ကြည့်မည်ဆိုပါက ဤအစီအရင်ပြား ၁၀၈ ခုသည် အချင်း မိုင်ပေါင်းများစွာရှိသော ကြီးမားသည့် စက်ဝိုင်းတစ်ခုသဖွယ် စီတန်းထားပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်ထားသည်။ ကျောက်လင်သည် ဝိညာဉ်သလင်းကျောက်ကို အဓိက အစီအရင်ပြားထဲသို့ ထည့်လိုက်သည်နှင့် အစီအရင်ကို စတင် အသက်သွင်းနိုင်ပြီ ဖြစ်သည်။

အစီအရင် တည်ဆောက်ပြီးသည်နှင့် ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို မောင်းနှင်ကာ တန်ထိုက်ပေါင်ပေါင် ရှိနေသော တောင်ကုန်းသို့ သွားလိုက်သည်။

"ခင်ပွန်း... ရှင်က အစီအရင် တည်ဆောက်ဖို့ ရှင်သူငယ်ချင်းကို ကူညီပေးဖို့ မသွားတော့ဘူးလား..."

ကျောက်လင် အလွန်မြန်ဆန်စွာ ရောက်လာသည်ကို မြင်သောအခါ တန်ထိုက်ပေါင်ပေါင်သည် အံ့သြနေမိသည်။

"မလိုတော့ဘူး... အစီအရင် တည်ဆောက်ပြီးတာနဲ့ သူက ငါ့ကို အကြောင်းကြားလိမ့်မယ်..."

ကျောက်လင်သည် အသာအယာ ပြုံးလိုက်ပြီးနောက် တန်ထိုက်ပေါင်ပေါင်ကို ဖက်လိုက်၏။

ချက်ချင်းပင် တန်ထိုက်ပေါင်ပေါင်၏ မျက်နှာမှာ နီရဲသွားသည်။

ထို့နောက် သူတို့နှစ်ဦးသည် တောင်ကုန်းထိပ်ရှိ သစ်ပင်ကြီးတစ်ခုပေါ်တွင် ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်ခဲ့ကြသည်။ (သစ်ပင်များ be like: ဒီလူသားတွေ အားနေ ငါတို့အပင်တွေကိုပဲ တိုက်ခိုက်နေတယ်)

ကျင့်ကြံခြင်း +၁

ညနေစောင်းပြီဖြစ်သည်။

တန်ထိုက်ရှုံ့ရင်၊ တုယွီထောက်နှင့် ချန်ဖန်ဟိုင်တို့သည် ဟေးလုံစခန်းမှ အဖွဲ့ဝင် တစ်ထောင်ကျော်နှင့်အတူ ရောက်ရှိလာကြသည်။

ကျောက်လင်သည် မောင်းသူမဲ့ယာဉ်ကို မောင်းနှင်ကာ ဟေးလုံစခန်းမှ အဖွဲ့ဝင်များကို တောင်အမြင့်မှနေ၍ ဝမ်လောင်းရှန်းတောင်သို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။

ဝမ်လောင်းရှန်းတောင်သည် ကျောက်လင်က အစီအရင် တည်ဆောက်ထားသော တောင်တန်းဖြစ်ပြီး ထိုနေရာမှ လောင်းရှန်းတောင်ကို လှမ်းမြင်နိုင်သည်။

ပူပြင်းသော နေရောင်အောက်တွင် တစ်နေ့တာ ခရီးနှင်လာပြီးနောက် ဟေးလုံစခန်းမှ အဖွဲ့ဝင်များသည် အလွန်ပင်ပန်းနွမ်းနယ်နေကြသည်။

သို့သော် ကျောက်လင် ရှိနေသရွေ့ ၎င်းတို့ မည်မျှပင် ပင်ပန်းနေပါစေ သူတို့၏ စွမ်းအားကို ပြန်လည်ရရှိစေရန် ကူညီပေးမည့် နည်းလမ်းကို သူ သိရှိထားသည်။

သူတို့သည် တောင်တန်းဒေသ၏ အလယ်သို့ ရောက်သောအခါ အားလုံး ရပ်တန့်လိုက်ကြသည်။

ချက်ချင်းပင် ကျောက်လင်သည် အဓိက အစီအရင်ပြားရှိသည့် တောင်ပေါ်သို့ တစ်ဦးတည်း ပျံသန်းသွားကာ ဝိညာဉ်သလင်းကျောက်တစ်ခုကို ထုတ်ယူ၍ အစီအရင်ပြားထဲသို့ ထည့်လိုက်ပြီး အစီအရင်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

အဓိက အစီအရင်ပြားကို အသက်သွင်းလိုက်သည်နှင့် ၎င်းနှင့် ချိတ်ဆက်ထားသော အခြားအစီအရင်ပြားများလည်း အသက်ဝင်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို တက်ကြွစွာ စုပ်ယူနိုင်စွမ်း ရှိလာကြသည်။

ကျောက်လင်သည် အစီအရင်ကို ထိန်းချုပ်လိုက်ရာ သူ၏ အသိစိတ်သည် အစီအရင်၏ စွမ်းအားနှင့်အတူ ပတ်ဝန်းကျင် တောင်တန်းဒေသ မိုင်ပေါင်းများစွာသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

ဆိုလိုသည်မှာ ပုံမှန်အားဖြင့် ၁၅၀ မီတာအကွာအဝေးကိုသာ စူးစမ်းနိုင်သော ကျောက်လင်၏ စိတ်စွမ်းအားသည် ယခုအခါ မိုင်ငါးမိုင်အထိ စူးစမ်းနိုင်စွမ်း ရှိသွားပြီဖြစ်သည်။

"တောင်ထွတ်တစ်ခုစီမှာရှိတဲ့ မြင်ကွင်းတွေကို ပြောင်းလဲစရာ မလိုဘူး... ဟေးလုံစခန်း ရှိနေတဲ့ တောင်ပေါ်က ရာသီဥတုကိုပဲ ပြောင်းလဲဖို့ လိုအပ်တယ်..."

"ဟေးလုံစခန်းက အဖွဲ့ဝင်အားလုံး သူတို့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်လိုက်ကြ... ပတ်ဝန်းကျင်က အပင်တွေ၊ သစ်ပင်တွေနဲ့ အပြည့်အဝ ပေါင်းစပ်သွားစေရမယ်..."

ထိုအချိန်တွင် ကျောက်လင်၏ အသိစိတ်က အမိန့်ပေးလိုက်၏။

ချက်ချင်းပင် အစီအရင်၏ စွမ်းအားသည် ဟေးလုံစခန်းမှ အဖွဲ့ဝင်အားလုံးကို လွှမ်းခြုံထားလိုက်ပြီး သူတို့၏ အငွေ့အသက်များကို ပတ်ဝန်းကျင်ရှိ အပင်များနှင့် သစ်ပင်များနှင့် တစ်ထပ်တည်းဖြစ်စေရန် ပြောင်းလဲလိုက်သည်။

ဟေးလုံစခန်းမှ အဖွဲ့ဝင်တစ်ဦးစီ၏ ခန္ဓာကိုယ်ပုံစံများသည်လည်း တောမြက်ပင်များအဖြစ် ပေါ်ထွက်လာသည်။

ဆိုလိုသည်မှာ အစွမ်းထက် ကျင့်ကြံသူများသည် ဤတောင်ပေါ်ကို ပျံသန်းကျော်ဖြတ်သွားလျှင်ပင် ဟေးလုံစခန်းမှ အဖွဲ့ဝင်များကို မြင်တွေ့နိုင်မည် မဟုတ်သကဲ့သို့ သူတို့၏ စိတ်စွမ်းအားဖြင့်လည်း သူတို့ရှိနေသည်ကို ခံစားမိလိမ့်မည် မဟုတ်ပါ။

ဤမျှထူထပ်သော တောအုပ်နှင့် တောမြက်ပင်များကြားတွင် တောမြက်ပင်တစ်ထောင်ကျော် ရုတ်တရက် ပေါ်လာသည်ကို မည်သူကများ သတိထားမိနိုင်မည်နည်း။

အရာအားလုံးကို စီစဉ်ပြီးနောက် ကျောက်လင်သည် ဟေးလုံစခန်းမှ အဖွဲ့ဝင်များ စုဝေးရာနေရာသို့ ပျံသန်းပြန်လာခဲ့သည်။

"ခေါင်းဆောင်သုံးယောက်... တောင်တစ်ဝက်လောက်မှာ ဂူတစ်ခုကို တွေ့ထားတယ်... ဒီညတော့ အဲ့ဒီဂူထဲမှာပဲ အနားယူကြမယ်..."

"မနက်ဖြန်ကျရင်တော့ ငါတို့ ကြီးမားတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မယ်..."

"ငါကိုယ်တိုင်ပဲ အားလုံးကို ဦးဆောင်ပြီး စိတ်ကျေနပ်စရာကောင်းပြီး စိတ်လှုပ်ရှားစရာ ဖြစ်စေမယ့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို လုပ်ဆောင်သွားမယ်..."

ကျောက်လင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ပြုံးရွှင်စွာဖြင့် အော်ဟစ် ပြောဆိုလိုက်၏။

All Chapters