← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း (၃၅၅) စီနီယာအစ်ကိုကောင်း ကိုယ်တိုင်လှုပ်ရှားမှတော့ အဆင်ပြေမှာပါ

ကျောက်လင်နှင့် သူ၏ လူအုပ်စုသည် ဖုန်းလန်မြို့ရှိ တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာကြ၏။

ဧည့်ကြိုခန်းမသို့ ရောက်သောအခါ ရှန့်ယွင်ချွမ်းက တည်းခိုခန်းပိုင်ရှင်၏ ကောင်တာထံသို့ ကိုယ်တိုင် သွားရောက်လိုက်သည်။

"ပိုင်ရှင်... ငါတို့ ညီအစ်ကိုတွေ အယောက်တစ်ရာရှိတယ်... တစ်ယောက်ကို အသားဟင်းတစ်ပွဲစီ ပြင်ပေးပါဦး..."

ရှန့်ယွင်ချွမ်းက တည်ငြိမ်စွာ ပြောလိုက်၏။

တည်းခိုခန်းပိုင်ရှင်သည် ရှန့်ယွင်ချွမ်းနှင့် ကျောက်လင်တို့ကို ကြည့်ကာ မှင်တက်သွားရတော့သည်။

"သခင်လေး... မြို့ထဲမှာ ရိက္ခာတွေ ရှားပါးနေလို့ အသားတွေ အကုန်ပြတ်နေပါပြီ..."

"ဒီဆိုင်က တည်းခိုဖို့ပဲ စီစဉ်ပေးနိုင်တာပါ... စားစရာတော့ မရောင်းပါဘူး..."

တည်းခိုခန်းပိုင်ရှင်က ပုံမှန်အတိုင်းပင် ရှင်းပြလိုက်၏။

ရှန့်ယွင်ချွမ်းမှာ ဆွံ့အသွားရသည်။

တည်းခိုခန်းပိုင်ရှင်၏ စကားကို ကြားလိုက်ရသောအခါ ကျောက်လင်နှင့် အခြားသူများလည်း အခြေအနေကို နားလည်သွားကြ၏။

နိုင်ငံနှစ်ခု စစ်ဖြစ်နေသည့် အချိန်တွင် ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းများကို စစ်တပ်အတွက်သာ ဦးစားပေးစီစဉ်ပေးရမည်ဖြစ်ရာ သာမန်ပြည်သူများမှာမူ အသက်ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေကြရမည် ဖြစ်သည်။

ထို့ပြင် မကြာသေးမီက စစ်ကူတိုက်ရန် ရောက်ရှိလာကြသည့် လူအုပ်ကြီးကြောင့် မြို့ထဲ၌ ရိက္ခာပြတ်လပ်မှုပြဿနာက ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် စစ်ကူလာသူများသည် မိမိတို့၏ စားဝတ်နေရေးကို မိမိတို့ဘာသာ ဖြေရှင်းကြရပေလိမ့်မည်။

"အဖွဲ့ခေါင်းဆောင်... အားလုံးလည်း လမ်းခရီးမှာ ပင်ပန်းလာကြပြီဆိုတော့ အခန်းထဲမှာပဲ အနားယူကြပါ..."

"စားစရာကိစ္စကို ငါပဲ စီစဉ်လိုက်မယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ရှန့်ယွင်ချွမ်းသည် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားရပြီး ဝေခွဲမရစွာဖြင့် လှမ်းမေးလိုက်သည်။

"ကျောက်လင်... လူတိုင်း ယူလာတဲ့ ရိက္ခာတွေက လမ်းမှာတင် ကုန်သွားပြီလေ..."

"အခု မြို့ထဲမှာလည်း ရိက္ခာတွေ ဒီလောက်ရှားပါးနေတာ... မင်းက ဘယ်ကနေ သွားရှာမလို့လဲ..."

ယောင်းဟွိုင်တောက်၊ တျန့်စုန်း၊ လီချန်၊ ဖန်ယွန်းရှန်၊ ကျားကျိချင်းနှင့် ရှုံ့တာကျွမ်းတို့သည် ချက်ချင်းပင် တဟားဟား ရယ်မောလိုက်ကြတော့သည်။

"အဖွဲ့ခေါင်းဆောင်... စိတ်အေးအေးထားပါ..."

"အဖွဲ့ခေါင်းဆောင်... ကျောက်လင်က စားစရာ ရအောင်လုပ်နိုင်တယ်လို့ ပြောရင်... သူ သေချာပေါက် လုပ်နိုင်မှာပါ..."

"အဖွဲ့ခေါင်းဆောင်... ကျွန်တော်တို့ ကျောက်လင်ပြောတာကို နားထောင်ပြီး အိပ်ရေးဝဝ အိပ်လိုက်ရအောင်..."

"အဖွဲ့ခေါင်းဆောင်... ကျောက်လင် ရှိနေတာပဲ... ကျွန်တော်တို့ စားစရာအတွက် လုံးဝ ပူစရာမလိုဘူး..."

သူတို့ ခြောက်ဦးက ရယ်မောရင်း ပြောလိုက်ကြ၏။

သူတို့ ခြောက်ဦးသည် ကျောက်လင်နောက်သို့ အမြဲလိုက်ပါခဲ့သူများ ဖြစ်ကြသဖြင့် ကျောက်လင်က ဟာလာဟင်းလင်းပြင်ထဲမှ စားစရာများကို မည်သို့ ဖန်တီးပေးနိုင်သည်ကို ကောင်းစွာ အထာနပ်နေကြပြီ ဖြစ်သည်။

ရှန့်ယွင်ချွမ်းသည် ယွီရွှေခရိုင်၏ စစ်စခန်းတွင်သာ နေထိုင်ခဲ့သူဖြစ်ရာ ကျောက်လင်က အရည်အချင်း မြင့်မားကြောင်း သိထားသော်လည်း သူမနှင့် နီးနီးကပ်ကပ် မရှိခဲ့ဖူးသဖြင့် ကျောက်လင်တွင် ထူးဆန်းအံ့သြဖွယ် စွမ်းရည်များစွာ ရှိနေသည်ကို ကောင်းစွာ မသိရှိခဲ့ချေ။

ယွီရွှေခရိုင်မှ အခြား နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာမူ ယောင်းဟွိုင်တောက်၏ စကားကို ကြားပြီးနောက် စိတ်သက်သာရာ ရသွားကြ၏။

ဤနယ်ခြားစောင့်တပ်ဖွဲ့ဝင် အများစုသည် ပြီးခဲ့သည့်အကြိမ်က ရှရွှယ်ချန်တောင်ရှိ ဓားပြနှိမ်နင်းရေး စစ်ဆင်ရေးတွင် ကျောက်လင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပြီး တောင်ပေါ်တွင် သိုးသားများကို အတူတကွ ချက်ပြုတ်စားသောက်ခဲ့ဖူးကြသူများ ဖြစ်သည်။

သူတို့အားလုံး ကျောက်လင်ကို များစွာ ယုံကြည်ကြ၏။

ထို့ကြောင့် လူတိုင်း တည်းခိုရန်အတွက် စာရင်းပေးသွင်းလိုက်ကြသည်။

ကျောက်လင်သည် သန်မာသော ဝိညာဉ်မြင်းတစ်ကောင်ပေါ်သို့ တက်စီးကာ တည်းခိုခန်းမှ တစ်ဦးတည်း ထွက်ခွာခဲ့ပြီး ဖုန်းလန်မြို့၏ လမ်းမများဆီသို့ ဦးတည်လိုက်၏။

စားစရာလား...။

သူ၏ စနစ်နေရာလွတ်ထဲတွင် မီးမလို အမဲသားဟော့ပေါ့များ၊ ခောက်ဆွဲခြောက်များနှင့် အသင့်စားမုန့် အမျိုးမျိုး အမြောက်အမြား ရှိနေသေးသည်။

ကျောက်လင်သည် အပြင်သို့ လျှောက်လည်ရင်း လက်ရှိ စစ်ပွဲအခြေအနေကို စူးစမ်းလိုရုံမျှသာဖြစ်၏။

တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါမှ စားစရာများကို စနစ်နေရာလွတ်ထဲမှ သဘာဝကျကျ ထုတ်ယူလိုက်ရုံပင်။

ကျောက်လင်သည် မြင်းကိုစီးရင်း ဖုန်းလန်မြို့ထဲတွင် အေးအေးလူလူ လှည့်လည်သွားလာနေခဲ့သည်။

သူ၏ စိတ်စွမ်းအားကြောင့် မီတာ ၃၀၀ အတွင်းရှိ အရာအားလုံးကို အာရုံခံနိုင်စွမ်း ရှိပေသည်။ သူသည် လမ်းမပေါ်တွင် အပျော်လျှောက်လည်နေသကဲ့သို့ ထင်ရသော်လည်း လူတိုင်း၏ စကားပြောသံများကို အတိုင်းသား ကြားနေရ၏။

အရေးကြီးသော သတင်းအချက်အလက်များ ရှိသည့်အခါမှသာ ကျောက်လင်က အာရုံစိုက် နားထောင်လိုက်သည်။

သာမန်အိမ်တွင်းရေးကိစ္စများနှင့် အတင်းအဖျင်း စကားများကိုမူ ကျောက်လင်က အချိန်ကုန်ခံပြီး အာရုံစိုက်မနေခဲ့ပေ။

တစ်နာရီခန့်အကြာတွင် ကျောက်လင်သည် ဖုန်းလန်မြို့၏ အဓိကလမ်းမကြီး အားလုံးနီးပါးကို လျှောက်ကြည့်ပြီး ဖြစ်၏။

ထိုအခိုက်တွင် ကျောက်လင်က တည်းခိုခန်းဆီသို့ မြင်းကို ပြန်လှည့်လိုက်သည်။

ဟင်းလင်းပြင်ထဲတွင် လူအုပ်စုတစ်စုက ပျံသန်းလာကြပြီးနောက် ရုတ်တရက် မြေပြင်သို့ ဆင်းသက်ကာ ကျောက်လင်၏ လမ်းကို ပိတ်ဆို့လိုက်ကြ၏။

ကျောက်လင်က မြင်းဇက်ကြိုးကို ဆွဲကာ မြင်းကို ရပ်တန့်လိုက်သည်။

သေသေချာချာ ကြည့်လိုက်သောအခါ ရှီတာ့ဖုန်းနှင့် သူ၏ စစ်ဗိုလ်ချုပ်မျိုးဆက်သစ် အဖွဲ့သားများ ထပ်မံ ရောက်ရှိလာခြင်း ဖြစ်နေတော့သည်။

သို့သော်လည်း ယခုအကြိမ်တွင် ရှီတာ့ဖုန်း၏ ဘေး၌ အသက်သုံးဆယ်ကျော် အရွယ်ခန့်ရှိသော လူတစ်ယောက် ပါလာ၏။ သူက တည်ငြိမ်ရင့်ကျက်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"စီနီယာအစ်ကိုကောင်း... ဒီကောင်ပဲ..."

ရှီတာ့ဖုန်းက ကျောက်လင်ကို စိုက်ကြည့်ရင်း ဘေးမှ လူအား မိတ်ဆက်ပေးလိုက်၏။

ထိုစီနီယာအစ်ကိုကောင်းဆိုသူမှာ အခြားသူမဟုတ်ဘဲ စစ်ဗိုလ်ချုပ်မျိုးဆက်သစ် အသိုင်းအဝိုင်းတွင် အဆင့်(၁) ရှိသော ပါရမီရှင် ကောင်းနျန်ရှုပင် ဖြစ်သည်။

ကောင်းနျန်ရှု၏ ဖခင်မှာ မင်းဆက်၏ နိုင်ငံတော်တည်ထောင်ခဲ့သည့် စစ်သူကြီးချုပ်ကြီး ကောင်းတာ့ဖြစ်၏။ သူသည် ငယ်စဉ်ကတည်းက မိသားစု၏ အထူးလေ့ကျင့်ပေးမှုကို ခံခဲ့ရပြီး သူ၏ ကျင့်ကြံခြင်း ပါရမီကြောင့် အသက်သုံးဆယ်အရွယ်ဖြင့် သတ္တမအဆင့်ရှိသော ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

စစ်ဗိုလ်ချုပ်မျိုးဆက်သစ်များ၏ ပြိုင်ပွဲတိုင်းတွင် ကောင်းနျန်ရှုသည် အငြင်းပွားဖွယ်မရှိသော ချန်ပီယံ ဖြစ်ခဲ့၏။

ထို့ကြောင့် ရှီတာ့ဖုန်းသည် မိမိကိုယ်မိမိ စစ်ဗိုလ်ချုပ်မျိုးဆက်သစ်များ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဟု သတ်မှတ်ထားသော်လည်း ကောင်းနျန်ရှု၏ ရှေ့မှောက်တွင်မူ ဂျူနီယာတစ်ဦးအဖြစ်သာ ခံယူထားရရှာသည်။

"ဟေး... ကောင်လေး... မင်းက ဘယ် းရှေးဟောင်းသိုင်းပညာရှင် မိသားစုကလဲ..."

"အမှန်အတိုင်း ပြောစမ်း..."

ကောင်းနျန်ရှုက ကျောက်လင်ကို အေးစက်စွာ စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

မဟာချင်မင်းဆက်အတွင်းရှိ ရှေးဟောင်းသိုင်းပညာရှင် မိသားစုအားလုံး၏ အချက်အလက်များကို နန်းတွင်းက မှတ်တမ်းတင်ထားရှိရာ ကောင်းနျန်ရှု၏ ရာထူးအဆင့်အတန်းအရ ၎င်းတို့ကို ကောင်းစွာ အလွတ်ရနေခဲ့သည်။

ကျောက်လင်က မိမိကိုယ်မိမိ မိတ်ဆက်လိုက်ရုံမျှဖြင့် ကောင်းနျန်ရှုသည် သူ၏ နောက်ခံကို ချက်ချင်း စိစစ်နိုင်မည် ဖြစ်၏။

"ပြောစရာမလိုဘူး..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

ဘယ်ရှေးဟောင်းသိုင်းပညာရှင် မိသားစုကလဲဆိုတာက တကယ့် အဓိပ္ပာယ်မရှိတဲ့ စကားပင်။

ကျောက်လင်၏ ကျင့်ကြံခြင်းအဆင့်က တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်းမှာ စနစ်ကြောင့်သာ ဖြစ်ပေသည်။

ထို့ကြောင့် ကျောက်လင်၏ ဘေးနားရှိ လူများက သူ့ကို တစ်စုံတစ်ယောက်သော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းသိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာသူဟု အလိုအလျောက် ထင်မှတ်နေကြခြင်း ဖြစ်၏။

ကျောက်လင်ကိုယ်တိုင်ကမူ သူ၏ နောက်ခံကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်..."

"ငါ ဖုန်းလန်မြို့ကို ရောက်ကတည်းက မင်းသမီးနဲ့အတူ စစ်ပွဲကိစ္စတွေကိုပဲ ပူးပေါင်းဆောင်ရွက်ပေးနေတာ... ဖုန်းလန်မြို့ထဲမှာ ကြီးမားတဲ့ ပဋိပက္ခတွေ မဖန်တီးချင်ဘူး..."

"မင်းလို ကောင်လေးက စစ်ကူလာတဲ့သူဖြစ်ပြီးတော့ အမိန့်ကို မနာခံတဲ့အပြင် အထက်လူကြီးကိုတောင် ပြန်ပြီးစကားနာထိုးရဲသေးတယ်... မင်းမှာ စွမ်းအားအနည်းငယ် ရှိရုံနဲ့ စိတ်တိုင်းကျ လုပ်လို့ရမယ် ထင်နေတာလား..."

"ငါက တော်ရုံတန်ရုံဆို လှုပ်ရှားလေ့မရှိဘူး... ဒါပေမဲ့ မင်းအတွက်တော့ အလွတ်သတ်မှတ်ပေးရတာပေါ့..."

"မင်းရဲ့ မောက်မာမှုတွေကို ငါ နည်းနည်းလောက် ရိုက်ချိုးပေးရမယ်..."

ကောင်းနျန်ရှုသည် ကျောက်လင်၏ စကားကို ကြားသော်လည်း ဒေါသထွက်သည့် အရိပ်အယောင် မပြဘဲ သူ၏ အေးစက်သော လေသံထဲတွင်မူ အမိန့်ပေးလိုသည့် အရှိန်အဝါများ ပြည့်နှက်နေ၏။ သူသည် မိမိ၏ စွမ်းအားကို ထုတ်ပြခြင်းဖြင့် ဖုန်းလန်မြို့ထဲတွင် မိမိ၏ ဩဇာအာဏာကို မြှင့်တင်လိုခြင်း ဖြစ်သည်။

"သေချာပေါက် တိုက်ရမှာပဲလား..."

ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်၏။

"တိုက်ရမှာပေါ့..."

ကောင်းနျန်ရှုက အေးစက်စွာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း တိုက်ကြတာပေါ့..."

ထို့နောက် ကျောက်လင်သည် ခါးတွင် ချိတ်ထားသော သွေးခဲဓားကို

ဆွဲထုတ်လိုက်၏။

"ကောင်းတယ် ကောင်လေး... မင်းမှာ သတ္တိရှိသားပဲ..."

"ငါက သစ်သားလမ်းစဉ်ကို ပြီးပြည့်စုံအောင် နားလည်ထားပြီးသား... သစ်သားဓာတ်ကို သုံးပြီးတော့ လှုပ်ရှားမှာ..."

သူက မြေကမ္ဘာနတ်ဆိုးနယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်သွားခဲ့ပြီး ဖြစ်သည်။

"မြေကမ္ဘာနတ်ဆိုးနယ်ပယ်ရဲ့ စွမ်းအားကို မင်းကို ပြရသေးတာပေါ့..."

ကောင်းနျန်ရှုက ညင်သာစွာ ရေရွတ်လိုက်ပြီးနောက် ဓားတစ်စင်းကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။

ထိုဓားသည် ကြီးမားလှသော သစ်သားဓာတ် ဝိညာဉ်စွမ်းအားများ ကိန်းဝပ်နေပြီး ကောင်းနျန်ရှု၏ လက်က ဝှေ့ယမ်းလိုက်သောအခါ ကျောက်လင် ရှိနေသည့် ဟင်းလင်းပြင်တစ်ခုလုံးကို ပိတ်ဆို့သွားတော့သည်။ သစ်သားဓာတ် ဝိညာဉ်စွမ်းအား အားလုံးသည် သစ်သားနွယ်ပင်များအဖြစ် ပြောင်းလဲသွားကာ ကျောက်လင်၏ ခန္ဓာကိုယ်ကို ချည်နှောင်ရန် ကြိုးပမ်းလာကြ၏။

၎င်းသည် သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်၏ စွမ်းအားပင် ဖြစ်ပေသည်။

"ဒီကောင်က ငါတို့ စစ်ဗိုလ်ချုပ်မျိုးဆက်သစ် အသိုင်းအဝိုင်းကို စော်ကားထားတာ... သူ့ကို အပြစ်ပေးရမယ်..."

"အခု စီနီယာအစ်ကိုကောင်းကိုယ်တိုင် လှုပ်ရှားပြီဆိုတော့ ဒီကောင် သေချာပေါက် နှိမ်နင်းခံရတော့မှာ..."

"စီနီယာအစ်ကိုကောင်း လှုပ်ရှားရင် ဘယ်တော့မှ မလွဲဘူး... ဒီကောင် နည်းနည်းလောက် နာကျင်မှုကို ခံစားရမှ သူ့ကိုယ်သူ ဘယ်နေရာ ရောက်နေလဲဆိုတာ သိမှာ..."

ရှီတာ့ဖုန်းနှင့် အခြား စစ်ဗိုလ်ချုပ်မျိုးဆက်သစ်များသည် ကောင်းနျန်ရှု လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် အတင်းအဖျင်း ပြောဆိုလာကြတော့သည်။

သူတို့ စိတ်ထဲတွင် ကောင်းနျန်ရှုကိုယ်တိုင် လှုပ်ရှားမှတော့ မဖြေရှင်းနိုင်သည့် ကိစ္စဟူ၍ မရှိဟု တွေးတောထားကြခြင်း ဖြစ်၏။

ကျောက်လင်သည် မိမိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး ကောင်းနျန်ရှု၏ သစ်သားဓာတ် စွမ်းအားများ ရွေ့လျားလာသည့် လမ်းကြောင်းကို အာရုံခံလိုက်ရာ ထိုတိုက်ခိုက်မှု၏ ပြင်းအားကို ကောင်းစွာ ရိပ်မိသွားသည်။

အမှန်စင်စစ် ကျောက်လင်သည် မီးလမ်းစဉ်၏ နက်နဲသော အဓိပ္ပာယ် စွမ်းအားအားလုံးကို ပြီးပြည့်စုံစွာ နားလည်ထားပြီး ဖြစ်သော်လည်း သူသည် မီးလမ်းစဉ်နှင့် ပေါင်းစပ်ခြင်း မပြုရသေးသလို သတ္တမအဆင့် မြေကမ္ဘာနတ်ဆိုးနယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်ရန်လည်း ရွေးချယ်ခြင်း မရှိသေးပေ။

သို့သော်လည်း ကျောက်လင်သည် ပေါင်းစည်းခြင်းနယ်ပယ်၏ အမြင့်ဆုံးအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် ကောင်းနျန်ရှု၏ တိုက်ခိုက်မှုများကို လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

"ဓားပင်လယ်ဝိညာဉ်..."

ချက်ချင်းပင် ကျောက်လင်သည် မိမိ၏ ဝိညာဉ်စွမ်းအားကို သွေးခဲဓားထဲသို့ ထည့်သွင်းလိုက်ပြီး ဓားကို သုံး၍ သွေးနတ်ဘုရားဓားသိုင်း၏ ပဉ္စမမြောက် တိုက်ကွက်ကို ထုတ်ဖော်လိုက်၏။

အဋ္ဌမအဆင့်ရှိသော သွေးခဲဓားသည် ဝိညာဉ်စွမ်းအားကို ပိုမိုပြင်းထန်အောင် မြှင့်တင်ပေးနိုင်သည့် ကိရိယာတစ်ခုနှင့် တူပေသည်။

ကျောက်လင် ထည့်သွင်းလိုက်သော ဝိညာဉ်စွမ်းအင်များသည် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထား၏။

ကြက်သွေးရောင် အငွေ့အသက်များသည် သတ်ဖြတ်ခြင်း နတ်ဘုရား၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားသည့်အလား ရုတ်တရက် ဟုန်းဟုန်းတောက် ထွက်ပေါ်လာပြီး သစ်သားနွယ်ပင် အားလုံးကို အချိန်တိုအတွင်း ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့သည်။

All Chapters