← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) သူတို့က ငါတို့ကို အသုံးချပြီး အာဏာပြချင်နေတာလား

"ငါက အခု ကြေးဝါအရေပြားနယ်ပယ် နောက်ဆုံးအဆင့်မှာရှိနေတာ... အရင်က ကျားရဲစစ်တပ်မှာသာဆိုရင် ငါက ရာစုတပ်မှူးဖြစ်နေလောက်ပြီ..."

"ငါက ဘာလို့ ဒီလောက် မောက်မာနေရတာလဲဆိုတော့ မင်းတို့အားလုံးကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ထားလို့ပဲ..."

"မင်းတို့က မကျေနပ်ဘူးဆိုရင်လည်း လာချကြည့်လိုက်လေ..."

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့၏ မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာများကို မြင်လိုက်ရသော်လည်း ရှောင်ရွေ့က အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူသည် သူ၏ ငွေရောင်လှံဖြင့် ထိုလူခြောက်ယောက်ထံ ချိန်ရွယ်လိုက်ပြီး အလွန်မောက်မာသော အမူအရာဖြင့် ရှိနေ၏။

ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့သည် ဤနေရာသို့ လာရာလမ်းတွင် ရှောင်ရွေ့၏ စွမ်းအားကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ သူ၏ အရည်အချင်းကို အပြည့်အဝ ယုံကြည်လက်ခံကာ သူ့နောက်သို့ လိုက်ရန် ဆန္ဒရှိနေကြပြီ ဖြစ်သည်။

ထိုအခိုက်တွင် ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့က ရှောင်ရွေ့သည် ထိုလူခြောက်ယောက်ကို အနိုင်ယူလိုက်ပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့က ပြုံးရွှင်စွာဖြင့် ထမ်းစင်တစ်ခုဆီသို့ လျှောက်သွားကြပြီး အပေါ်ရှိ တောဝက်သားများကို လုယူရန် ပြင်လိုက်ကြ၏။

“တောက်... မင်းတို့နဲ့ အသေခံချမယ်ကွ..."

ယောင်းဟွိုင်တောက်က ထိုလူသုံးယောက်သည် တောဝက်သားများကို တကယ်ပင် လုယူတော့မည်ကို သိလိုက်ရသောအခါ သူက လုံးဝ သည်းမခံနိုင်တော့ဘဲ သူ၏ သံလှံဖြင့် ရှောင်ရွေ့ဆီသို့ တိုက်ရိုက် ထိုးချလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ..."

ရှောင်ရွေ့က ကိုယ်ကိုမလှုပ်ဘဲ သူ၏ ငွေရောင်လှံကိုသာ မြှောက်လိုက်၏။ ငွေရောင်လှံမှတစ်ဆင့် ကူးစက်လာသော ဧရာမအင်အားကြီးကြောင့် ယောင်းဟွိုင်တောက်၏ လက်ထဲမှ သံလှံမှာ လွင့်စင်ထွက်သွားလေသည်။

သူတို့နှစ်ဦးမှာ အဆင့်တူညီသူများ မဟုတ်ကြပေ။

"ငါ လာခဲ့မယ်..."

ရှုံ့တကျွမ်းကလည်း ထပ်၍ သည်းမခံနိုင်တော့ဘဲ သူ၏ သံလှံကို အလျင်အမြန် ဆုပ်ကိုင်ကာ ရှောင်ရွေ့၏ ရင်ဘတ်ဆီသို့ ထိုးချလိုက်၏။

"လူရွှင်တော်လေးပဲ..."

ရှောင်ရွေ့က မတုန်မလှုပ် ရပ်နေဆဲဖြစ်ပြီး သူ၏ ငွေရောင်လှံကို လှည့်ပတ်လိုက်သည်။ ရှုံ့တကျွမ်း၏ သံလှံက ရှေ့သို့ ထိုးထွက်လာချိန်တွင် ဧရာမအင်အားတစ်ခု၏ ဖိအားကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ သူ၏ လက်ထဲမှ သံလှံမှာ လွင့်ထွက်သွားပြီး အနီးရှိ သစ်ပင်တစ်ပင်တွင် စိုက်ဝင်သွားလေသည်။

ယင်းကို မြင်လိုက်ရသောအခါ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်နှင့် ကျားကျီချင်းတို့ကလည်း သူတို့၏ သံလှံများကို အသီးသီး ကောက်ကိုင်လိုက်ကြပြီး ရှောင်ရွေ့ဆီသို့ တပြိုင်နက်တည်း ထိုးချလိုက်ကြ၏။

"သစ်ပင်ကို လှုပ်ခါချင်နေတဲ့ ပုရွက်ဆိတ်လေးတွေပဲ..."

ရှောင်ရွေ့က အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အထင်အမြင်သေးစွာ ပြောလိုက်သည်။

ထို့နောက် ရှောင်ရွေ့က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သံလှံလေးချောင်း၏ ထက်မြက်မှုကို ရှောင်တိမ်းလိုက်၏။ သံလှံလေးချောင်း၏ အရှိန်အဟုန် ကျဆင်းသွားသောအခါ ရှောင်ရွေ့က သူ၏ လက်ထဲရှိ ငွေရောင်လှံဖြင့် ရုတ်တရက် ခုတ်ချလိုက်သည်။

ငွေရောင်ဓားတစ်ချောင်းက လေထုကို ခွဲထုတ်သွားသကဲ့သို့ ဖြစ်သွားပြီး သံလှံလေးချောင်းစလုံး လွင့်စင်ထွက်သွားလေသည်။

"ဘယ်လိုလဲ..."

"ငါတို့ ဆက်လုပ်ကြမလား..."

"မင်းတို့မှာ စွမ်းအားမရှိရင်လည်း ငါ့ရှေ့မှာ ဒူးထောက်လိုက်ကြ..."

"ငါ ရှောင်ရွေ့ အခု ကြေညာလိုက်မယ်... အခုကစပြီး မင်းတို့ အမဲလိုက်လို့ရတဲ့ သားကောင်ရဲ့ တစ်ဝက်ကို ငါ့ကို ပေးရမယ်... မဟုတ်ရင် အကုန်လုံးကို ငါ ယူလိုက်မယ်..."

ရှောင်ရွေ့က ထိုလူခြောက်ယောက်၏ ဂုဏ်သိက္ခာကို နင်းချေရခြင်းအပေါ် လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာ ရယ်မောလိုက်၏။

ထိုသို့ပြောပြီးနောက် ရှောင်ရွေ့က ထမ်းစင်တစ်ခုဆီသို့သွားကာ အကြီးဆုံး တောဝက်သား နှစ်တုံးကို ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ထိုခြင်းတောင်းကို ကျောပိုးကာ ကျယ်လောင်စွာ ရယ်မောရင်း ထွက်သွားလေသည်။

ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ထမ်းစင်ကို ထမ်းကာ ရှောင်ရွေ့နောက်သို့ လိုက်သွားကြ၏။

တောဝက်သား အပြည့်တင်ထားသော ထမ်းစင်သုံးခုအနက် နှစ်ခုမှာ လုယူခံလိုက်ရလေသည်။

“သေစမ်း... စိတ်တိုစရာကောင်းလိုက်တာ..."

"ငါ ဒီကိစ္စကို သည်းမခံနိုင်ဘူး..."

"ဒါက ငါ လေ့ကျင့်ရေးမှာ မကြိုးစားခဲ့လို့ တခြားသူတွေထက် စွမ်းအားနိမ့်ကျနေတာပါ..."

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့သည် နောင်တတရားများ ပြည့်နှက်နေပြီး သက်ပြင်းများကို အကြိမ်ကြိမ် ချလိုက်ကြ၏။

အခြားတစ်ဖက်တွင်မူ ကျောက်လင်သည် တောဆိတ်များရှိရာ တောအုပ်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ပြီး တြိဂံမြှား ဆယ်ချောင်းကို ဆက်တိုက် ပစ်ခတ်ကာ တောဆိတ်ဆယ်ကောင်ကို တစ်ကြိမ်တည်းဖြင့် သတ်ဖြတ်လိုက်သည်။

ထိုအချိန်တွင် တောဆိတ်တစ်ကောင်က ကျောက်လင်ဆီသို့ ပြေးဝင်လာရာ ကျောက်လင်က တုံ့ဆိုင်းမနေဘဲ ၎င်းအား အညံ့ခံလာစေရန် ရိုက်နှက်ပြီး အရှင်လတ်လတ် ဖမ်းဆီးလိုက်၏။

ကျောက်လင်က အနီးသို့ လျှောက်သွားပြီး သူ ပစ်ခတ်ထားသော တောဆိတ်ဆယ်ကောင်ကို သူ၏ စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

"ဒီနေရာကနေ တောင်ကျစမ်းနဲ့ ရေကန်ဆီကို နှစ်လီလောက် ဝေးတယ်... အရင် ပြန်သွားလိုက်ဦးမယ်..."

ကျောက်လင်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်သွားရန် ဆုံးဖြတ်လိုက်၏။

ဤနေရာသည် ဝံပုလွေများ ကျက်စားရာ ခေါင်ဖျားသော တောင်တန်းဒေသဖြစ်သောကြောင့် ကျောက်လင်သည် သူ၏ အဖွဲ့သား ခြောက်ယောက်၏ လုံခြုံရေးအတွက် အတော်လေး စိုးရိမ်နေမိသည်။

ထို့ကြောင့် ကျောက်လင်က တောဆိတ်၏ ကျောပေါ်သို့ ခွတက်လိုက်ပြီး ၎င်း၏ ခေါင်းကို ပုတ်ကာ ချက်ချင်း ထွက်ခွာရန် အချက်ပြလိုက်၏။

တောဆိတ်မှာ အနည်းငယ် ရုန်းကန်နေသော်လည်း ကျောက်လင်၏ သန်မာသော လက်ဖြင့် အကြိမ်အနည်းငယ် ရိုက်နှက်ခံလိုက်ရပြီးနောက် ယဉ်ပါးသွားကာ ကျောက်လင်၏ လက်ဟန်ခြေဟန်များကို နားလည်သွားလေသည်။

မကြာမီပင် ကျောက်လင်သည် တောဆိတ်ကို စီး၍ ရေကန်ဆီသို့ ပြန်ရောက်လာ၏။

"ဟင်..."

ကျောက်လင်သည် သူ၏ အဖွဲ့သား ခြောက်ယောက်၏ သနားစရာကောင်းသော မျက်နှာထားများကို မြင်လိုက်ရပြီး တောဝက်သား ထမ်းစင်နှစ်ခု ပျောက်ဆုံးနေသည်ကိုလည်း သတိပြုမိသွားရာ အလွန် အံ့အားသင့်သွားလေသည်။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ကလည်း ကျောက်လင် ပြန်ရောက်လာသည်ကို မြင်လိုက်ကြ၏။

"ကျောက်လင်... မင်း ပြန်ရောက်လာပြီပဲ..."

"ကျောက်လင်... ငါတို့ရဲ့ တောဝက်သားတွေကို အသစ်ရောက်လာတဲ့ နယ်ခြားစောင့်တပ်သားတွေက လုသွားကြပြီ..."

"အဲ့ဒီအသစ်ရောက်လာတဲ့ နယ်ခြားစောင့်တပ်သား ရှောင်ရွေ့က အရမ်းသန်မာတယ်... သူကိုယ်တိုင်က ကြေးဝါအရေပြားနယ်ပယ် နောက်ဆုံးအဆင့် စွမ်းအားရှိတယ်လို့ ပြောသွားတယ်..."

ကျောက်လင်က ဆိတ်ပေါ်မှ ဆင်းလိုက်သည်နှင့် ထိုလူခြောက်ယောက်က စတင်၍ ညည်းတွားကြလေသည်။

ကျောက်လင်က ထိုခြောက်ယောက် ပြောနေသည့် အကြောင်းအရာကို အလျင်အမြန်ပင် နားလည်သွား၏။

"ဟက်... အသစ်ရောက်လာတဲ့ နယ်ခြားစောင့်တပ်သားက ငါတို့ကို အသုံးချပြီး သူ့အာဏာကို ပြချင်နေတာပဲ..."

"ကောင်းတယ်... ငါက အဲ့ဒီလို မောက်မာတဲ့ ကောင်မျိုးတွေကို သဘောကျတယ်..."

ကျောက်လင်ကလည်း ဤအခြေအနေတွင် ဒေါသထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် ကျောက်လင်က ရှောင်ရွေ့သည် သူ့ကို ပစ်မှတ်ထားရန် ကျန်းဖုန်းမှ အထူးခေါ်ယူထားခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်သွား၏။

ဤသည်မှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်သော်လည်း ကျောက်လင်က ယင်းကို ဂရုမစိုက်ပေ။ ရှောင်ရွေ့က သူ့ကို ပစ်မှတ်ထားလာပြီ ဖြစ်သောကြောင့် သူကလည်း လက်စားချေရန် သန္နိဋ္ဌာန် ချလိုက်သည်။

"ကျောက်လင်... အဲ့ဒီရှောင်ရွေ့က အရမ်းအစွမ်းထက်တယ်... ငါတို့ ဒီစော်ကားမှုကိုပဲ မြိုသိပ်လိုက်ကြရအောင်..."

ထိုအခိုက်တွင် ရှုံ့တကျွမ်းက ကျောက်လင်သည် ရှောင်ရွေ့ကို ရင်ဆိုင်ချင်နေကြောင်း သိလိုက်ရသောအခါ အလွန်စိုးရိမ်သွားပြီး သူ့ကို ဖျောင်းဖျရန် ကြိုးစားလေသည်။

တောဝက်သားများ ဆုံးရှုံးသွားသော်လည်း ရှုံ့တကျွမ်းက ကျောက်လင်ကို ရှောင်ရွေ့မှ အနိုင်ကျင့်မည်ကို မမြင်တွေ့လိုပေ။

"ဝက်ဝံကြီး... မကြောက်ပါနဲ့..."

"သူက ကြေးဝါအရေပြားနယ်ပယ် နောက်ဆုံးအဆင့်မှာပဲ ရှိတာပါ... ရှောင်ရွေ့က ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း မမီသေးဘူး..."

ကျောက်လင်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

"အခုပြန်ကြရအောင်..."

ကျောက်လင်က ငြင်းပယ်ခွင့်မရှိသော လေသံဖြင့် ပြောလိုက်သည်။

ထို့ကြောင့် ကျောက်လင်နှင့် သူ၏ အဖွဲ့သား ခြောက်ယောက်သည် နောက်ဆုံးကျန်ရှိနေသော တောဝက်သားများကို ယူဆောင်ကာ တောင်ပေါ်မှ အတူတကွ ထွက်ခွာလာကြ၏။

တစ်ချိန်တည်းတွင် ယန်ချန်ယွီ၊ ဟန်ဟိုင်နှင့် ရှောင်ရွေ့တို့သည် အလေးချိန် ကျင်း လေးရာကျော်ရှိသော တောဝက်သားများကို သယ်ဆောင်ကာ တောင်နောက်ဘက်မှ ထွက်ခွာလာကြပြီး ထင်းရှူးနက်ကျေးရွာဆီသို့ သွားရန် ပြင်နေကြသည်။

"အိုး... ဟုတ်သားပဲ... အစ်ကိုကြီးရှောင်... ဟိုကောင် ကျောက်လင်က စာမရီတစ်ကောင် ဖမ်းမိထားတယ်... ငါတို့ အဲ့ဒီစာမရီကို သွားယူနိုင်ရင် တောဝက်သားတွေကို မင်ချွမ်မြို့အထိ းသယ်ဖို့ အဲ့ကောင်ကို အသုံးချလို့ရတယ်..."

ရုတ်တရက် ယန်ချန်ယွီက တစ်ခုခုကို သတိရသွားပြီး ချက်ချင်းပင် သတိပေးလိုက်၏။

ရှောင်ရွေ့၏ စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့သော ယန်ချန်ယွီသည် ရှောင်ရွေ့၏ လက်အောက်ငယ်သားအဖြစ် ခံယူရန် ဆန္ဒရှိသွားပြီး သူ့ကို 'အစ်ကိုကြီး' ဟု တိုက်ရိုက် ခေါ်ဝေါ်လိုက်သည်။

"အိုး..."

"အဲ့ဒီလိုလား... ဒါဆိုလည်း အရမ်းကောင်းတာပေါ့... အခုပဲ ကျောက်လင့်အိမ်ကို သွားပြီး အဲ့ဒီစာမရီကို လုကြတာပေါ့..."

ရှောင်ရွေ့မှာ အကျိုးဆက်များကို မစဉ်းစားဘဲ သူလုပ်ချင်ရာကိုသာ လုပ်တတ်သူ ဖြစ်သည်။

ထို့ကြောင့် ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့က ထမ်းစင်ကို ပခုံးပေါ် တင်ထမ်းကာ တောင်ခြေရှိ ကျောက်လင် နေထိုင်ရာ အိမ်ဆီသို့ ဦးတည်သွားကြ၏။

သူတို့သုံးယောက်သည် နောက်ဆုံးတွင် ကျောက်လင်၏ အိမ်သို့ ရောက်ရှိသွားကြပြီး ခြံဝင်းထဲရှိ သစ်ပင်ကြီးတစ်ပင်တွင် ကြိုးဖြင့် ချည်နှောင်ထားသော စာမရီကို မြင်လိုက်ရသည်။

"ဝိုး... ဒီစာမရီက တော်တော်ကြီးတာပဲ... အနည်းဆုံး ပေါင်လေးရာလောက်တော့ အလေးချိန် ရှိမယ်..."

"အရမ်းကောင်းတယ်... ဒီစာမရီက ငါ့ဟာပဲ..."

ရှောင်ရွေ့က စာမရီကို ကိုယ်တိုင် မြင်လိုက်ရသောအခါ အလွန်ဝမ်းသာသွား၏။

ဤမျှဧရာမကြီးမားလှသော သားရဲကြီးကို စီးရပါက အတော်လေး ခန့်ညားပြီး ကြီးကျယ်ခမ်းနားနေမည် ဖြစ်သည်။

ထိုသို့ပြောပြီးနောက် ရှောင်ရွေ့က ခြင်းတောင်းကိုချကာ ကြိုးကို ဖြည်ရန် ခြံဝင်းထဲသို့ တိုက်ရိုက်ဝင်သွားလေသည်။

"ရှင်တို့က ဘယ်သူတွေလဲ..."

အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် အိမ်ထဲတွင်ရှိနေသော စုယောင်က အခန်းထဲမှ ချက်ချင်း ပြေးထွက်လာပြီး ဒေါသတကြီး အော်မေးလိုက်၏။

"ဝိုး... ကျောက်လင်က ဒီလောက် လှပတဲ့ ဇနီးသည်ကိုတောင် လက်ထပ်ထားတာပဲ..."

"အတော်ပဲ... ငါ မိန်းမတွေနဲ့ မနီးစပ်ရတာ အတော်ကြာပြီ... ဒီည မင်းကို ခေါ်သွားပြီး ငါ့ကို ပြုစုပေးရမယ်..."

ရှောင်ရွေ့၏ မျက်လုံးများက စုယောင်၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ အရောင်လက်သွားလေသည်။

စုယောင်၏ ဆံပင်ဖြူများက အနက်ရောင်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ဤညနှစ်ညတွင် စုယောင်နှင့် ကျောက်လင်တို့သည် နီးနီးကပ်ကပ် ရင်းနှီးခဲ့ကြပြီး စုယောင်က စနစ်ဆုလာဘ်ကိုလည်း ရရှိခဲ့သည်။ သူမ၏ အသွင်အပြင်သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး အလွန်လှပကာ ကျက်သရေရှိလာခဲ့ရာ တကယ့်ကို ဆွဲဆောင်မှု ရှိလှပေသည်။

အခန်း (၂၆) ဒါဆိုရင် မင်းကို ပညာပေးရလိမ့်မယ်

"နင့်လို နှာဘူးကောင်ကများ.."

ရှောင်ရွေ့၏ စကားကို ကြားလိုက်ရသောအခါ စုယောင်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။

သို့သော် ရှောင်ရွေ့ကမူ မည်သည့် သနားညှာတာမှုမျှ မပြပေ။ သူက စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှေ့သို့တိုးကာ သူ၏ လက်ကြီးဖြင့် စုယောင်အား လှမ်းဆွဲလိုက်သည်။

စုယောင်က တံခါးဘေးရှိ တံမြက်စည်းကို ရုတ်တရက် ဆွဲယူကာ ရိုက်ချလိုက်၏။

"ဒီမိန်းမငယ်လေးက တော်တော်လေး ရန်လိုတာပဲ... အဲ့တာက ငါ့ကို ပိုပြီး သဘောကျစေတယ်..."

ရှောင်ရွေ့က တဟဲဟဲရယ်မောရင်း သူ၏ ညာလက်ဖြင့် တံမြက်စည်းကို ဖမ်းဆုပ်လိုက်သည်။ ကြီးမားလှသော အင်အားတစ်ခု ထွက်ပေါ်လာရာ စုယောင်မှာ မခုခံနိုင်တော့ဘဲ တံမြက်စည်းကို ရုတ်တရက် လွှတ်ချလိုက်ရ၏။

ချက်ချင်းပင် ထိတ်လန့်သွားသော စုယောင်က အိမ်ထဲသို့ ဝင်ပုန်းနေလိုက်သည်။

ဤအချိန်တွင် ရှောင်ရွေ့၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလှပြီး သူမအနေဖြင့် သူ၏ ပြိုင်ဘက်မဟုတ်ကြောင်းကို စုယောင် သဘာဝကျစွာပင် သိလိုက်သည်။

ရှန်ချန်းရွှယ်က သစ်သားကုတင်ပေါ်တွင် အနားယူနေ၏။ ပြီးခဲ့သည့်ညက ကျောက်လင်နှင့် လင်မယားအရာ မြောက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း၌ အနည်းငယ် နာကျင်မှုကို ခံစားနေရသည်။

သို့သော် စုယောင်၏ အော်သံများကို ကြားလိုက်ရသောအခါ ရှန်ချန်းရွှယ်သည် စုယောင် အနိုင်ကျင့်ခံနေရကြောင်း သိလိုက်သဖြင့် ကုတင်ပေါ်မှ ချက်ချင်း ဆင်းလာခဲ့၏။

ရှောင်ရွေ့ အိမ်ထဲသို့ အတင်းဝင်တော့မည့် ဆဲဆဲတွင် ရှန်ချန်းရွှယ်က အိမ်ထဲ၌ ပေါ်လာပြီး စုယောင်၏ ဘေးတွင် ရပ်လိုက်သည်။

"အိုး..."

ရှောင်ရွေ့က ရှန်ချန်းရွှယ်၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသောအခါ လန့်ဖြန့်သွား၏။

ရှန်ချန်းရွှယ်သည် စနစ်ဆုလာဘ်ကို ရရှိထားပြီး သူမ၏ ပါးပြင်ပေါ်ရှိ အနာများမှာ လျင်မြန်စွာ သက်သာပျောက်ကင်းနေသော်လည်း သူမ၏ ပါးပြင်များက နီရဲနေဆဲဖြစ်ရာ လူများ တိုက်ရိုက်ကြည့်ရန် ခက်ခဲနေဆဲပင်ဖြစ်သည်။

"ခေါင်းဆောင်ရှောင်... ဒါက ကျောက်လင်ရဲ့ နောက်ဇနီးတစ်ယောက်ပါ..."

ထိုအခါ ယန်ချန်ယွီက သတိပေးလိုက်၏။

"ကျောက်လင်ရဲ့ အကြိုက်က တကယ့်ကို ထူးဆန်းတာပဲ... တစ်ယောက်က အရမ်းလှပြီး နောက်တစ်ယောက်ကကျတော့ ကြောက်စရာကောင်းလောက်အောင် အရုပ်ဆိုးတယ်..."

ရှောင်ရွေ့က ရန်စလိုသော အကြည့်များဖြင့် ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။

ရှောင်ရွေ့၏ စိတ်ထဲတွင် မိန်းမများဆိုသည်မှာ ကစားစရာသက်သက်သာ ဖြစ်၏။

ရှန်ချန်းရွှယ်က ရှောင်ရွေ့၏ မောက်မာသော အမူအရာကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပသွားသည်။ မည်သို့ပင်ဆိုစေ သူမက စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ကို ကျင့်ကြံထားသည် မဟုတ်ပါလား။

စိတ်အာရုံထိန်းချုပ်မှု အနုပညာတွင် အဆင့်ငါးဆင့် ရှိသည်။ ၎င်းတို့မှာ နှစ်သက်မြတ်နိုးခြင်း၊ နားလည်သဘောပေါက်ခြင်း၊ စိတ်ကူးယဉ်ခြင်း၊ ထည့်သွင်းခြင်းနှင့် စိတ်အာရုံထိန်းချုပ်ခြင်းတို့ ဖြစ်ကြ၏။

ရှန်ချန်းရွှယ်သည် ပထမအဆင့်ဖြစ်သော နှစ်သက်မြတ်နိုးခြင်း အဆင့်အထိသာ ကျင့်ကြံထားရသေးသည်။

အမည်နှင့် လိုက်ဖက်စွာပင် ရှန်ချန်းရွှယ်၏ စိတ်စွမ်းအားများက ပစ်မှတ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသောအခါ တစ်ဖက်လူအား သူမအပေါ် သဘောကျနှစ်သက်လာစေမည် ဖြစ်သည်။

"စုယောင်... အတူတူတိုက်ကြမယ်... နင် သွားပြီး သူ့ကို တိုက်ခိုက်လိုက်..."

ရှန်ချန်းရွှယ်က အလောတကြီး အော်ပြောလိုက်၏။

စုယောင်က မည်သို့မျှ သံသယမဝင်ပေ။ မည်သို့ပင်ဆိုစေ သူမက အမဲလိုက်သမား တစ်ယောက်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အတော်လေး သွက်လက်လှသည်။

ထို့နောက် စုယောင်က အိမ်ထဲမှ သစ်သားတုတ်တစ်ချောင်းကို ယူကာ ရှောင်ရွေ့၏ ခေါင်းကို ရိုက်ချလိုက်၏။

"ဟားဟား..."

ရှောင်ရွေ့က အလိုအလျောက် လှောင်ရယ်လိုက်သည်။ စုယောင်မှာ ကျေးဇူးကန်းလွန်းလှပြီး သူ့ကို တိုက်ခိုက်ရန် တုတ်တစ်ချောင်းကို အမှန်တကယ် အသုံးပြုလာလိမ့်မည်ဟု သူ ထင်လိုက်၏။

ရှောင်ရွေ့က တုတ်ကို ဖမ်းဆုပ်ရန် ညာလက်ကို မြှောက်လိုက်ရင်း လှောင်ပြောင်လိုက်သည်။

သို့သော် ရှောင်ရွေ့၏ မျက်လုံးများက ခဏတာမျှ ရုတ်တရက် ဝေဝါးသွားပြီး သူ၏ ညာလက်မှာ သိသာစွာ နှေးကွေးသွားကာ အနည်းငယ် တောင့်တင်းသွား၏။

ဤသည်မှာ ရှန်ချန်းရွှယ်က သူမ၏ စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ကို အသက်သွင်းလိုက်ခြင်းဖြစ်ပြီး သူမ၏ စိတ်စွမ်းအားများက ရှောင်ရွေ့ကို ဖုံးလွှမ်းသွားကာ သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပုံရိပ်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ သူ၏ အကြည့်များက ရှန်ချန်းရွှယ်အပေါ်၌သာ အပြည့်အဝ စူးစိုက်သွားပြီး စုယောင်ကို လုံးဝ လျစ်လျူရှုသွား၏။

ထို့ကြောင့် စုယောင်က သူမ၏ လက်ထဲရှိတုတ်ဖြင့် ရှောင်ရွေ့၏ ခေါင်းကို ရိုက်ချလိုက်သည်။

ခွပ်ခနဲ အသံနှင့်အတူ ရှောင်ရွေ့မှာ အပြည့်အဝ ပြန်လည် နိုးကြားလာ၏။

"အဲ့ဒါ ထူးဆန်းတယ်..."

"မင်းတို့ ငါ့ကို ဘာလုပ်လိုက်တာလဲ..."

ရှောင်ရွေ့က သူ၏ ခေါင်းထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်းပင် သတိပြန်ဝင်လာသည်။ သူ ပြုစားခံလိုက်ရကြောင်းကို သူ နားလည်သွား၏။

ဤကဲ့သို့သော စိတ်စွမ်းအား ကျင့်စဉ်မျိုးမှာ အလွန်ရှားပါးလှပြီး ရှေးဟောင်းသိုင်းမိသားစုများတွင်သာ ၎င်း၏ လျှို့ဝှက်ကျမ်းများ ရှိပေသည်။

ထို့ကြောင့် အောက်ခြေလူတန်းစားမှ ဆင်းသက်လာသော ရှောင်ရွေ့သည် ဤကဲ့သို့သော အရာများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်ကို ယခုလေးတင် အသုံးပြုထားသော ရှန်ချန်းရွှယ်မှာ ယခုအခါ အပြင်းအထန် မောဟိုက်နေ၏။ သူမ၏ စိတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ခြင်းက သူမ၏ ခန္ဓာကိုယ်အပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေပြီး သူမ၏ အသက်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ကုန်ခမ်းသွားစေသကဲ့သို့ပင်။

စုယောင်က တုတ်ကို ကောက်ကိုင်ကာ ထပ်မံ ရိုက်ချရန် ပြင်လိုက်သည်။

"ရိုင်းစိုင်းလှချည်လား..."

ရှောင်ရွေ့မှာ ဒေါသထွက်သွား၏။ ဤဝေးလံခေါင်ဖျားလှသော ထင်းရှူးနက်ကျေးရွာသို့ သူ ရောက်ရှိလာသည်နှင့် သူက ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်ဟု နဂိုက သူ ထင်မှတ်ထားခဲ့သည်။

ဤမိန်းမနှစ်ယောက်၏ ဒဏ်ရာပေးခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

တုတ်ကျဆင်းလာစဉ် ရှောင်ရွေ့က ၎င်းကို ဖမ်းဆုပ်ကာ အားကုန် လွှဲယမ်းလိုက်ပြီး စုယောင်၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်၏။

"အစ်မ..."

ရှန်ချန်းရွှယ်က စုယောင်၏ အနီးသို့ ပြေးသွားကာ သူမကို ထူပေးလိုက်သည်။

"ဒီလူက အရမ်းသန်မာတယ်... ငါတို့ သူ့ကို မယှဉ်နိုင်ဘူး..."

စုယောင်၏ နှုတ်ခမ်းထောင့်တွင် သွေးများ ထွက်နေပြီး ရှောင်ရွေ့ကို အလွန်ကြောက်ရွံ့စွာ ကြည့်လိုက်၏။

ထိုအခိုက်တွင် ရှောင်ရွေ့က ဒေါသသူပုန်ထသွားပြီး တုတ်ကို ဆွဲယူကာ ရိုက်ချရန် ပြင်လိုက်သည်။

"ငါတို့ရဲ့ ခင်ပွန်းက ကျောက်လင်ပဲ... နင် ငါတို့ကို ရိုက်ရဲရင် နင့်ကို ငါတို့ခင်ပွန်းက သေချာပေါက် ရိုက်သတ်လိမ့်မယ်..."

ရှန်ချန်းရွှယ်က အကျယ်ကြီး အော်ပြောလိုက်ကာ ခြိမ်းခြောက်သည့် အသံကို ပြုလိုက်၏။

"ကျောက်လင်..."

"ဟက်... သတ္တိကြောင်တဲ့ကောင်ပါ..."

"ငါ တောင်ပေါ်ကို တက်သွားပေမဲ့ ကျောက်လင်ကို မတွေ့ခဲ့ဘူး... အဲ့ဒီအစား တခြားခြောက်ယောက်ကိုပဲ ငါ ရိုက်နှက်ခဲ့တာ..."

"အကယ်လို့ ကျောက်လင်သာ ဒီမှာရှိရင် ငါ သူ့ကို မြေကြီးပေါ် လဲကျသွားတဲ့အထိ ရိုက်နှက်ပြီး သူ့ရှေ့မှာတင် မင်းတို့နှစ်ယောက်လုံးကို လုပ်ပစ်မယ်..."

ရှောင်ရွေ့က အထင်အမြင်သေးစွာဖြင့် သရော်လိုက်သည်။

"ဟုတ်လား..."

ရုတ်တရက် ခြံဝင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့သည် သဲအိတ်များကဲ့သို့ လွင့်စင်သွားပြီး တံခါးဝတွင် ကျသွားကြသည်။

ရှောင်ရွေ့က အသံကြားသည်နှင့် ရုတ်တရက် လှည့်ကြည့်လိုက်၏။

"ခင်ပွန်း..."

“ခင်ပွန်း..."

စုယောင်နှင့် ရှန်ချန်းရွှယ်တို့က ကျောက်လင်ကို မြင်လိုက်ရသောအခါ အလောတကြီး အော်ခေါ်လိုက်ကြသည်။ ယင်းမှာ ကျောက်လင်ကို ထွက်သွားစေချင်သော အဓိပ္ပာယ်ပင် ဖြစ်၏။

မြေပြင်ပေါ်သို့ လဲကျသွားသော ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့သည် အမြန်ထလာကြပြီး ကျောက်လင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

"မင်း... ကျောက်လင်... မင်းရဲ့ ခေါင်းဆောင်ကိုတောင် လက်ပါရဲတယ်ပေါ့... မင်းတော့ ဒီနေ့ သေပြီပဲ..."

ယန်ချန်ယွီက ဒေါသတကြီး အော်ပြောလိုက်၏။

"ကျောက်လင်... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့... အခု ငါတို့ဆီမှာ ခေါင်းဆောင်ရှောင် ရှိနေပြီဆိုတော့ မင်း နှိပ်စက်ခံရဖို့သာ စောင့်နေတော့..."

ဟန်ဟိုင်သည် လုံလောက်သော ခွန်အား မရှိသဖြင့် သူက တခြားသူများ၏ အင်အားကိုသာ မှီခိုနိုင်ပေသည်။

ဤအချိန်တွင် ရောက်လာသောသူမှာ သူ လိုက်ရှာနေသည့် ကျောက်လင်ဖြစ်ကြောင်း ရှောင်ရွေ့ နားလည်လိုက်၏။

မှန်ပေသည်။ ရှောင်ရွေ့မှာ ကျန်းဖုန်းက အထက်မှ အထူးတောင်းဆို၍ ခေါ်ယူထားသူ တစ်ယောက်ဖြစ်သည်။ ထင်းရှူးနက်ကျေးရွာသို့ မလာရောက်မီတွင်လည်း ကျောက်လင်အား နှိပ်စက်ရန် အခွင့်အရေးရတိုင်း အသုံးချရန် ရှောင်ရွေ့ကို ကျန်းဖုန်းက အထူး မှာကြားထားခဲ့သေးသည်။

ယခု ကျောက်လင် ပေါ်လာပြီဖြစ်ရာ ရှောင်ရွေ့က သူ၏ အာရုံအားလုံးကို သူ၏အပေါ်သို့ စိုက်ထုတ်လိုက်၏။ သူက အိမ်ထဲမှ ထွက်လာကာ ငွေရောင်လှံကို ဆုပ်ကိုင်လိုက်ပြီး လှံထိပ်ဖြင့် ကျောက်လင်ကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

"ထင်းရှူးနက်ကျေးရွာက နယ်ခြားစောင့်တပ်တွေထဲမှာ မင်းက အသန်မာဆုံးလို့ ငါ ကြားထားတယ်..."

"ဒီနေ့ ငါ ရှောင်ရွေ့က မင်းကို စိန်ခေါ်တယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်တယ်..."

ရှောင်ရွေ့က သရော်လိုက်၏။

ဤအခိုက်တွင် ကျောက်လင်က ပေါင်းစပ်လေးကို ချထားလိုက်ပြီး ကွင်းတပ်ဓားကို ဆုပ်ကိုင်လိုက်သည်။

"မင်း ငါ့အဖွဲ့သားကို ရိုက်တယ်... ငါတို့ရဲ့ တောဝက်သားကို ခိုးတယ်... ပြီးတော့ ငါ့အိမ်အထိ လာပြီး ငါ့ဇနီးကိုတောင် ရိုက်ရဲသေးတယ်..."

"မင်းက ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်လိုက်တာပဲ..."

"မင်းက အဲ့ဒီလောက်တောင် မောက်မာနေမှတော့ ငါ မင်းကို ပညာပေးရလိမ့်မယ်... မင်းထက် စွမ်းဆောင်နိုင်တဲ့သူတွေ အမြဲတမ်း ရှိနေတယ်ဆိုတာကို မင်းကို ပြသရမှာပေါ့..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ လေသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။

"မောက်မာလှချည်လား..."

ရှောင်ရွေ့က ကျောက်လင်၏ အထင်အမြင်သေးမှုကို ခံစားလိုက်ရပြီး ဒေါသသူပုန် ထသွားသည်။ သူက သူ၏ ငွေရောင်လှံကို လှည့်ကာ အမြောက်ဆန်တစ်ခုကဲ့သို့ ရှေ့သို့ လွှတ်တင်လိုက်၏။

"နှေးတယ်... အရမ်းနှေးလွန်းတယ်..."

“မင်းမှာ ခွန်အားကြီးပေမဲ့ ဦးနှောက်မရှိဘူးပဲ..."

ငွေရောင်လှံ ရှေ့သို့ ထိုးထွက်လာစဉ် ကျောက်လင်က ဘေးဘက်သို့ ရုတ်တရက် လှည့်ရှောင်လိုက်ကာ လှံကို သူ၏ ခန္ဓာကိုယ်အပေါ်မှ ဖြတ်ကျော်သွားစေပြီးနောက် ရှောင်ရွေ့၏ ခေါင်းဆီသို့ သူ၏ ကွင်းတပ်ဓားဖြင့် လွှဲယမ်းလိုက်သည်။

ကျောက်လင်သည် ပြီးပြည့်စုံသောအဆင့် အမဲလိုက်ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသဖြင့် သူ့အား မွေးရာပါ သွက်လက်ဖျတ်လတ်စေ၏။

မူလဝိညာဉ်ကျင့်စဉ်ကို ဒုတိယအဆင့်ဖြစ်သော စိတ်စွမ်းအား အမြုတေအထိ ကျင့်ကြံပြီးနောက် ကျောက်လင်၏ စိတ်စွမ်းအားသည် ဆယ်မီတာ ပတ်လည်ကို ဖုံးလွှမ်းနိုင်သွားရာ လှုပ်ရှားမှုအားလုံးကို အာရုံခံနိုင်စေသည်။

ရှောင်ရွေ့၏ ငွေရောင်လှံက အမှန်တကယ်ပင် ယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားလှသော်လည်း ယင်းမှာ ကြမ်းတမ်းသော ခွန်အားသက်သက်သာ ဖြစ်၏။ သူသည် နဂါးတစ်ကောင်ကဲ့သို့ လှံကို လွှတ်တင်နိုင်ရန် သွက်လက်မှု ကင်းမဲ့နေပြီး ၎င်း၏ လှုပ်ရှားမှုအပေါ်တွင်လည်း အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။

ရှောင်ရွေ့၏ အားနည်းချက်များကို ကျောက်လင်က ချက်ချင်းပင် နားလည်သွားသည်။

All Chapters