အခန်း (၂၉-၃၀)
Vol. 2 Ch. 29-30
အခန်း (၂၉) ဓားရှာပုံတော်
ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ဆုရှောင်သည် အချိန်အများစုကို စမ်းသပ်လေ့ကျင့်ရာကွင်းနှင့် သီးသန့်အခန်းအကြားတွင်သာ ကုန်ဆုံးစေခဲ့သည်။ ကိုရှီရို၏ ပုံရိပ်ယောင်ကို သူ ထပ်မံ ဆင့်ခေါ်ခြင်း မပြုတော့ဘဲ လက်တွေ့တိုက်ခိုက်ရေးမုဒ်ကိုသာ ရွေးချယ်၍ လက်တွေ့တိုက်ခိုက်ရေး နည်းစနစ်များကိုသာ လေ့ကျင့်နေခဲ့သည်။ ထိုအချိန်အတွင်း 'တိုက်ပွဲတွင် ကျဆုံး' ခြင်း အကြိမ်အချို့ ရှိခဲ့သော်လည်း ဆုရှောင်သည် အကျိုးအမြတ် များစွာ ရရှိခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီး ဆုရှောင်သည် ပြန်လည်ဝင်စားခြင်းသုခဘုံ၏ သတိပေးချက်ကို ရရှိလိုက်သည်။
[ မုဆိုးသည် လက်တွေ့ကမ္ဘာသို့ မကြာမီ ပြန်လည်ရောက်ရှိမည် ဖြစ်ရာ ပြန်လည်ဝင်စားခြင်းသုခဘုံ၏ စည်းမျဉ်းများကို သတိရပါရန်။ ]
[ လက်တွေ့ကမ္ဘာတွင် ပြန်လည်ဝင်စားခြင်းသုခဘုံနှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာကိုမျှ မည်သည့်နည်းလမ်းနှင့်မျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရပါ။ ထိုသို့ပြုလုပ်ပါက သတိပေးခံရမည်ဖြစ်ပြီး သတိပေးချက် အရာမရောက်ပါက မုဆိုးအား အတင်းအကျပ် သတ်ဖြတ်မည် ဖြစ်ပါသည်။ ]
[ မုဆိုးသည် ကိုယ်ပိုင်စွမ်းရည်နှင့် အလိုအလျောက် စွမ်းရည်များမှလွဲ၍ ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ရရှိခဲ့သော စွမ်းရည်များကို လက်တွေ့ကမ္ဘာတွင် အသုံးပြု၍ မရနိုင်ပါ။ ]
[ ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ရရှိခဲ့သော လက်နက်ကိရိယာ သို့မဟုတ် ပစ္စည်း အများစုကို လက်တွေ့ကမ္ဘာသို့ ယူဆောင်သွား၍ မရနိုင်ဘဲ ပိတ်လှောင်ထားသည့် အခြေအနေတွင် ရှိနေမည် ဖြစ်သည်။ ပြန်လည်ဝင်စားခြင်းသုခဘုံသို့ ပြန်လည်ရောက်ရှိမှသာ ပြန်လည်ရယူနိုင်မည် ဖြစ်သည်။ ]
[ ပို့ဆောင်ခြင်း စတင်ပါပြီ။ နေရာ - လက်တွေ့ကမ္ဘာ။ ]
ရင်းနှီးနေသော ပို့ဆောင်ခံရသည့် ခံစားချက် ထွက်ပေါ်လာပြီးနောက် ဆုရှောင် သတိပြန်လည်လာသောအခါ အေးစက်နေသော သေတ္တာအခန်းငယ်လေး တစ်ခုထဲတွင် လှဲလျောင်းနေပြီ ဖြစ်သည်။ သေတ္တာအခန်းလေးထဲရှိ အပူချိန်မှာ အလွန်နိမ့်ကျနေပြီး အနည်းငယ်လည်း ကျဉ်းမြောင်းနေသဖြင့် ဆုရှောင်၏ မျက်နှာ မည်းမှောင်သွားသည်။ ယခု သူ ရောက်ရှိနေသော နေရာမှာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။
ခြေထောက်အောက်ရှိ သေတ္တာတံခါးကို ခြေတစ်ချက် ကန်လိုက်ရာ သူ၏ လက်ရှိ ခွန်အားဖြင့် သေတ္တာတံခါးမှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီး အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။ ဆုရှောင်၏ ဤခြေကန်ချက်သည် သေတ္တာတံခါးကို လွင့်ထွက်သွားစေရုံသာမက သူကိုယ်တိုင်လည်း အပြင်ဘက်သို့ လျှောထွက်သွားစေခဲ့သည်။ သူ ရောက်ရှိနေသော သေတ္တာအခန်းလေးမှာ ရှည်လျားသော သတ္တုအံဆွဲ တစ်ခုနှင့် တူညီနေသည်။
"ဒေါင်"
သေတ္တာအခန်းလေး မြေကြီးပေါ်သို့ ကျရောက်သွားပြီး တိတ်ဆိတ်နေသော အခန်းထဲတွင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
ဆုရှောင်သည် သူ ရောက်ရှိနေသော အခန်းကို အကဲခတ်ကြည့်လိုက်ရာ မီးချောင်းအလင်းရောင်က အခန်းကို အလွန်အေးစက်နေစေသည်။ သူ၏ ခန့်မှန်းချက် မှန်ကန်ပေသည်။ ဤနေရာသည် ရင်ခွဲရုံ၊ အလောင်းများ ထားရှိရာ နေရာပင် ဖြစ်သည်။ ယခင်က သူ 'သေနတ်ဖြင့် အပစ်ခံရ' ပြီးနောက် 'ရုပ်အလောင်း' ကို ဤနေရာတွင် လာထားခြင်း ဖြစ်သည်။ သူသည် အသက်ငင်နေစဉ် ပြန်လည်ဝင်စားခြင်းသုခဘုံသို့ ဝင်ရောက်သွားခြင်း ဖြစ်ပြီး ပြန်လည်ဝင်စားခြင်းသုခဘုံက သူ၏ အသက်စွမ်းအင်ကို ထိန်းချုပ်ထားလိုက်သဖြင့် သူ သေဆုံးသွားခြင်း မဟုတ်ပေ။
ရင်ခွဲရုံမှ ထွက်ပေါ်လာသော ဤကျယ်လောင်သည့် အသံကြီးသည် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ ဆေးရုံ ဂျူတီခန်းထဲတွင် အလုပ်သင် သူနာပြုမလေး တစ်ဦးသည် ဤအသံကြီးကြောင့် လန့်ဖျပ်သွားခဲ့သည်။ ဆရာဝန်ဝတ်စုံအဖြူကို ဝတ်ဆင်ထားသော သူနာပြုမလေးသည် ထိုအသံမှာ အောက်ထပ် ရင်ခွဲရုံမှ လာခြင်းဖြစ်ကြောင်း သိလိုက်သော်လည်း သူမနှင့်အတူ ဂျူတီကျသော လုပ်ဖော်ကိုင်ဖက်မှာ ညလယ်စာ သွားဝယ်နေသဖြင့် ညဉ့်နက်သန်းခေါင် ဟာလာဟင်းလင်း ဖြစ်နေသော ဆေးရုံမြေညီထပ်တွင် သူမ တစ်ယောက်တည်းသာ ရှိနေသည်။ အခြားသူများမှာ အစောကြီးကတည်းက အိပ်မောကျနေကြပြီ ဖြစ်ရာ သူမ အပြင်ထွက်ရန် အနည်းငယ် မဝံ့မရဲ ဖြစ်နေသည်။
"မ... မဟုတ်မှလွဲရော သရဲခြောက်နေတာလား။ လျှောက်မတွေးပါနဲ့၊ ဆရာပြောဖူးတယ်၊ လောကကြီးမှာ သရဲတစ္ဆေ နတ်ဒေဝါဆိုတာ မရှိဘူးတဲ့။ မရှိဘူး၊ မရှိဘူး... အီး..."
သူနာပြုမလေး၏ အမည်မှာ အီရော့ ဖြစ်ပြီး အလုပ်သင် နှစ်လသာ ရှိသေးသော သူနာပြု တစ်ဦး ဖြစ်သည်။
"ဒေါင်"
ရင်ခွဲရုံထဲမှ နောက်ထပ် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြန်ရာ အီရော့သည် လန့်ဖျပ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ လက်ထဲတွင် ပိုက်ထားသော ရေနွေးခွက်မှာလည်း မြေကြီးပေါ်သို့ ပြုတ်ကျပြီး တစ်စစီ ကွဲကြေသွားလေသည်။ ဤအသံကြီးမှာ ဆုရှောင်က ရင်ခွဲရုံတံခါးကို အကြမ်းပတမ်း ရိုက်ခွဲလိုက်ခြင်းကြောင့် ဖြစ်သည်။
သူသည် ကျဉ်းမြောင်းရှည်လျားသော စင်္ကြံလမ်းပေါ်တွင် လျှောက်လှမ်းနေသည်။ ဘေးတစ်ဖက်တစ်ချက်ရှိ အခန်းများတွင် ဌာနအသီးသီး၏ အမည်များကို တပ်ထားပြီး စူးရှသော ပိုးသတ်ဆေးနံ့ကြောင့် ဤနေရာသည် ဆေးရုံတစ်ခု ဖြစ်ကြောင်းနှင့် သူ နေထိုင်ရာ မြို့ရှိ ဆေးရုံဖြစ်ကြောင်း ဆုရှောင် သိလိုက်သည်။
ဆုရှောင်သည် ဤနေရာသို့ တစ်ခါ ရောက်ဖူးသဖြင့် သိပ်မကြီးမားလှသော ဤဆေးရုံကို အနည်းငယ် မှတ်မိနေသေးသည်။ သူ ဤနေရာမှ ထွက်ခွာရန် မလောသေးပေ။ သူ၏ မိသားစု အမွေအနှစ်ဖြစ်သော ဓားကို မဖြစ်မနေ ပြန်ရှာရမည်။ မည်သည့်အရာ ပျောက်ဆုံးသွားပါစေ ထိုဓားကိုတော့ အပျောက်ခံ၍ မဖြစ်ပေ။ ဆုရှောင်သည် ဆေးရုံဝန်ထမ်းများကို အရပ်လေးမျက်နှာတွင် လိုက်လံရှာဖွေနေသည်။ ယခုအခါ သူ၏ ဓားနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမျှ မရှိသေးပေ။
မကြာမီ ဆုရှောင်သည် ဂျူတီခန်း တစ်ခန်းရှေ့သို့ ရောက်လာသည်။ အထဲတွင် မီးလင်းနေပြီး အလွန်ချောမောလှပသော သူနာပြုမလေး တစ်ဦးက သူ့ကို အလွန်အံ့အားသင့်စွာဖြင့် ကြည့်နေသည်။ ဆုရှောင်သည် တံခါးကို တွန်းဖွင့်ပြီး ဂျူတီခန်းထဲသို့ ဝင်သွားသည်။ သူ စကားပင် မပြောရသေးမီ ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူနာပြုမလေးသည် မျက်လုံးများ အထက်သို့ လန်သွားကာ တန်း၍ သတိလစ်သွားပြီး ကုလားထိုင်ပေါ်မှ မြေကြီးပေါ်သို့ လျှောကျသွားလေသည်။
လဲကျသွားသော သူနာပြုမလေးကို ဝေခွဲမရစွာ ကြည့်ပြီးနောက် ဆုရှောင် ရှေ့သို့ တိုးသွားကာ သူမ၏ နှာခေါင်းအောက်ကို အားပြင်းပြင်းဖြင့် နှိပ်လိုက်သည်။ သူနာပြုမလေးသည် ဖြည်းညှင်းစွာ သတိပြန်ရလာသော်လည်း ဆုရှောင်ကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် စူးစူးဝါးဝါး အော်ဟစ်ရန် ပြင်လိုက်သည်။ ဆုရှောင်သည် သူနာပြုမလေး၏ ပါးစပ်နှင့် နှာခေါင်းကို ချက်ချင်း ပိတ်ထားလိုက်သည်။
"အသံမထွက်နဲ့၊ ထွက်ရင် သတ်ပစ်မယ်”
ဆုရှောင်သည် သွေဖီသွားသောကမ္ဘာမှ ထွက်ခွာလာသည်မှာ မကြာသေးသဖြင့် သူ့ကိုယ်ပေါ်တွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ အလွန် ပြင်းထန်နေသည်။ သူနာပြုမလေးသည် ခေါင်းကို အလျင်အမြန် ညိတ်လိုက်ပြီး မျက်ရည်များ ဝဲကာ ဆုရှောင်ကို ကြည့်နေရာ အလွန် သနားစရာ ကောင်းနေသည်။
"ငါ့ကို ဘယ်သူ လာပို့တာလဲ”
သူနာပြုမလေး၏ အစောပိုင်းက တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် ထိုသူသည် သူ့ကို မြင်ဖူးသဖြင့် ယခုကဲ့သို့ တုန့်ပြန်ခြင်း ဖြစ်နိုင်ကြောင်း ဆုရှောင် ခန့်မှန်းမိလိုက်သည်။
"အွန်း... အွန်း..."
သူနာပြုမလေးသည် ဆုရှောင်၏ လက်ကို ညွှန်ပြလိုက်ပြီး သူမ စကားပြော၍ မရသေးကြောင်း အချက်ပြလိုက်ရာ ဆုရှောင် လက်လွှတ်ပေးလိုက်သည်။
"ဟူး... ဟူး..." ပထမဆုံး အနေဖြင့် ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာသည်။
"ရှင်... ရှင် သေသွားပြီ မဟုတ်ဘူးလား။ ရှင့်သေဆုံးမှုက ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါကြောင့် ကျွန်မကို မသတ်ပါနဲ့….ကျွန်မ... ကျွန်မ ရည်းစားတောင် မထားဖူးသေးပါဘူး မကောင်းတာ ဘာတစ်ခုမှလည်း မလုပ်ဖူးပါဘူး... အီး..." သူနာပြုမလေး၏ အသံမှာ အနည်းငယ် တုန်ရီနေပြီး မျက်ရည်များ ဝဲနေသည်။
ဆုရှောင်သည် သူနာပြုမလေးကို အေးစက်စွာသာ ဆက်လက် ကြည့်နေသည်။
"ငါ့မေးခွန်းကို ဖြေ"
ဆုရှောင်၏ အေးစက်သော အသံကြောင့် သူနာပြုမလေး၏ ခန္ဓာကိုယ် တုန်ခါသွားသည်။
"အတိအကျ ဘယ်သူလဲဆိုတာတော့ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ စာရင်းမှတ်တမ်းတော့ ရှိတယ်”
ဆေးရုံ၏ မှတ်တမ်းများကို လိုက်လံ ရှာဖွေပြီး အကြမ်းဖျင်း အခြေအနေကို သိရှိသွားပြီးနောက် ဆုရှောင်သည် ချက်ချင်း ထရပ်ကာ ထွက်ခွာသွားလေသည်။ တုန်းချန်ဥယျာဉ် ဆိုသည်မှာ အဆင့်မြင့် ရပ်ကွက်တစ်ခု မဟုတ်သော်လည်း နာမည်တော့ အတော်လေး ကြီးသော ရပ်ကွက်တစ်ခု ဖြစ်သည်။ ဆုရှောင်သည် ဤဒုတိယအဆင့် မြို့တော်တွင် မွေးဖွားခဲ့ခြင်းဖြစ်ရာ တုန်းချန်ဥယျာဉ်၏ တည်နေရာကို သေချာပေါက် သိရှိပေသည်။
ညဉ့်နက်သန်းခေါင် လမ်းမပေါ်တွင် အငှားယာဉ်တစ်စီးကို တားလိုက်ပြီး ဆုရှောင်သည် တုန်းချန်ဥယျာဉ်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားလေသည်။
မိနစ်ဆယ်ခန့် ကြာပြီးနောက် ဆုရှောင်သည် တုန်းချန်ဥယျာဉ်သို့ ရောက်ရှိသွားသည်။ သူသည် တုန်းချန်ဥယျာဉ်အတွင်းသို့ ဝင်ပေါက်မှ ဝင်ရောက်မည် မဟုတ်ပေ။ ယခုအခါ သူသည် တရားမဝင် နေထိုင်သူ တစ်ဦး ဖြစ်နေပြီဖြစ်ပြီး လူသတ်မှုတစ်ခုကိုလည်း ကျူးလွန်ထားသေးသည်။
ဆုရှောင်၏ ခိုးဝင်နိုင်စွမ်းဖြင့် နာရီဝက်ခန့် အကြာတွင် တုန်းချန်ဥယျာဉ်အတွင်းသို့ ခိုးဝင်သွားခဲ့သည်။ သူ့ကို ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သူများမှာ တုန်းချန်မှ လူမိုက်တစ်စု ဖြစ်ပြီး ပဏာမ စုံစမ်းစစ်ဆေးမှုများအရ ထိုလူမိုက်များ၏ တည်နေရာကို သူ သိရှိသွားခဲ့သည်။ လူနေတိုက်ခန်း တစ်ခု၏ တတိယထပ် အိပ်ခန်းတစ်ခန်းထဲမှ ညီညာသော အသက်ရှူသံများ ထွက်ပေါ်လာရာ ဆုရှောင်၏ မျက်နှာမှာ ပိုမို မည်းမှောင်လာသည်။ သူသည် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဆံပင်အဝါရောင်နှင့် လူမိုက်ကို ကြည့်လိုက်သည်။ သူ၏ ဓားသည် ဤနေရာတွင် မရှိပေ။
လူမိုက်၏ အသက်ရှူသံမှာ ပုံမှန်ဖြစ်ပြီး မည်သည့် ထူးခြားမှုမျှ မရှိပေ။
"လိမ်နေတာပဲ”
ဆုရှောင်သည် လူမိုက်၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ရာ ဖြောက်၊ ဖြောက် ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လမ်းကြားထဲတွင် ဝက်ကို သတ်သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"ဒီတစ်ခါ လက်ချောင်းငါးချောင်းပဲ၊ နောက်တစ်ခါကျရင် မင်းရဲ့လည်ပင်း ဖြစ်သွားမယ်။ မင်း သေသွားရင် ငါ တခြားလူတွေကို သွားရှာမယ်။ ဒီကိစ္စကို မင်းတစ်ယောက်တည်း သိတာမှ မဟုတ်တာ။ သေခြင်းတရားဆိုတာ အရာအားလုံးကို ဆုံးရှုံးသွားတာပဲ”
ပြင်းထန်သော နာကျင်မှုကြောင့် လူမိုက်၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး မျက်လုံးများမှာ ဒေါသကြောင့် မီးပွင့်ထွက်တော့မတတ် ဖြစ်နေသည်။
"မင်းရဲ့ ဓားကို ငါတို့ ဆရာကြီး ယူသွားပြီ၊ ငါနဲ့ ဘာမှမဆိုင်ဘူး”
"ကောင်းပြီ၊ မင်းတို့ ဆရာကြီးဆီ ငါ့ကို ခေါ်သွား"
ဉ်မောင်းဘေးခုံတွင် လူမိုက်ပါလာသည်။
"ဘယ်လောက်လိုသေးလဲ”
ဆုရှောင်သည် လီဗာကို အဆုံးထိနင်းထားရာ ကားအမြန်နှုန်းမှာ အနည်းဆုံး (၁၆၀) အထက်တွင် ရှိနေသည်။ ဤမျှမြန်ဆန်သော အရှိန်ဖြင့် မောင်းနှင်နေသော်လည်း သူသည် လွယ်ကူစွာ ထိန်းချုပ်နိုင်ကြောင်း ဆုရှောင် သတိပြုမိသွားသည်။ အမြန်နှုန်းစွမ်းရည် တိုးတက်လာခြင်းသည် သူ၏ လှုပ်ရှားမှုကိုသာမက အာရုံကြောတုံ့ပြန်နိုင်စွမ်းကိုပါ အံ့မခန်း မြင့်တက်လာစေခဲ့သည်။
"ရောက်တော့မယ်။ အစ်ကိုရာ... ကျေးဇူးပြုပြီး ကားကို နည်းနည်းလောက် ဖြည်းဖြည်းမောင်းပေးပါ။ ကျွန်တော် မသေချင်သေးဘူး”
လူမိုက်၏ မျက်လုံးများထဲတွင် အသက်ရှင်ရန် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။ ယနေ့ ဤကံကြမ္မာဆိုးမှ သူလွတ်မြောက်နိုင်မည်မဟုတ်ဟု ခံစားနေရသည်။ ဆုရှောင်၏ အစောပိုင်းက အကြည့်မျိုးကို ထိုလူမိုက် တစ်ခါမြင်ဖူးသည်။ ၎င်းမှာ လူသတ်ပြီးနောက်မှသာ ပေါ်ထွက်လာတတ်သော အကြည့်မျိုးဖြစ်သည်။ ဆုရှောင်သည် သာမန်လူသတ်သမားများနှင့် မတူကြောင်းကိုလည်း လူမိုက် ရိပ်မိနေသည်။ အဘယ်ကြောင့်ဆိုသော် ဆုရှောင်၏ အကြည့်များမှာ အလွန်ရက်စက်ကြမ်းကြုတ်လွန်းသောကြောင့် ဖြစ်သည်။
"ငါ့ဓားကိုရှာပေး၊ ပြီးတော့ ငါ့ကို လမ်းဖြတ်ပိတ်တိုက်ခိုက်ခဲ့တဲ့ ကောင်တွေကို ရှာပေးရင် မင်းကို အသက်ရှင်ခွင့်ပေးမယ်” ဆုရှောင်သည် စီးကရက်တစ်လိပ်ကို မီးညှိကာ ခပ်ပြင်းပြင်းတစ်ဖွာ ရှိုက်လိုက်သည်။
လူမိုက်သည် သက်ပြင်းချကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ရသည်။
လူနေအိမ်ရာဝင်းတစ်ခုအတွင်းသို့ ကားမောင်းဝင်သွားပြီးနောက် ဆုရှောင်သည် ခရီးဆုံးသို့ ရောက်ရှိသွားသည်။
"ဆင်း”
ဆုရှောင်၏လက်ထဲတွင် အနက်ရောင်သေနတ်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ ၎င်းမှာ အစောပိုင်းက တိုက်ခန်းအတွင်းမှ သူရှာတွေ့ခဲ့သော သေနတ်ဖြစ်ပြီး သူ့ကို ပစ်ခတ်ခဲ့သော သေနတ်ပင် ဖြစ်လောက်သည်။
လူမိုက်၏ လမ်းညွှန်မှုဖြင့် ဆုရှောင်သည် ထိုသူ၏ ဆရာကြီးဆိုသူ၏ အိမ်တံခါးဝသို့ ရောက်ရှိလာသည်။
"တံခါးခေါက်”
လူမိုက်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဆုရှောင်လက်ထဲမှ ကျည်တောင့်သွင်းထားပြီးသော သေနတ်ကို တစ်ချက်ကြည့်လိုက်သည်။ မတတ်သာသည့်အဆုံး လူမိုက်သည် တံခါးကို ခေါက်လိုက်ရသည်။
"ဒေါက်... ဒေါက်... ဒေါက်”
တံခါးကို အကြိမ်အနည်းငယ် ဆက်တိုက် ခေါက်လိုက်ပြီးနောက် အခန်းတွင်းမှ ခြေသံဖွဖွများ ထွက်ပေါ်လာသည်။
"ညကြီးကို ဘယ်သူလဲ”
အိပ်ချင်မူးတူးဖြစ်နေသော အမျိုးသမီးအသံတစ်သံ အခန်းတွင်းမှ ထွက်ပေါ်လာသည်။
"မမလေး... ကျွန်တော် ရှောင်ကျန်းပါ”
စက္ကန့်အနည်းငယ်အကြာတွင် ဆွဲဆောင်မှုရှိသော လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက တံခါးကို လာဖွင့်ပေးသည်။
"ဝင်ခဲ့လေ... ဘယ်အချိန်ရှိနေပြီလဲလို့..."
အမျိုးသမီး၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး အမည်းရောင်သေနတ်ပြောင်းဝတစ်ခုက သူမ၏ ဦးခေါင်းကို ချိန်ရွယ်လာသည်။
"ဖြည်းဖြည်းချင်း နောက်ဆုတ်... အသံမထွက်နဲ့”
အမျိုးသမီးမှာ ကြောက်လန့်တကြားဖြစ်သွားပြီး ဆုရှောင်ကို အလွန်အံ့အားသင့်စွာဖြင့် ကြည့်နေကာ ခေတ္တမျှ ကြောင်သွားပြီးနောက်မှ ဖြည်းညှင်းစွာ နောက်ဆုတ်သွားသည်။
ဆုရှောင်သည် ဘေးနားရှိ လူမိုက်ကို ဆွဲခေါ်ကာ အခန်းထဲသို့ ဝင်သွားပြီးနောက် တံခါးကို တိတ်တဆိတ် ပိတ်လိုက်သည်။
အမျိုးသမီးသည် နောက်ဆုတ်သွားစဉ် မတော်တဆ နောက်ကျောရှိ ပန်းအိုးကို ဝင်တိုက်မိသွားသည်။
"ခွမ်း” တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင် ကြွေပန်းအိုးကွဲသွားသော အသံမှာ စူးရှစွာ ထွက်ပေါ်လာသည်။
"မလုပ်... မလုပ်ပါနဲ့ ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူး”
ဆုရှောင်သည် အော်ဟစ်တားဆီးနေသော လူလတ်ပိုင်းအရွယ် အမျိုးသမီးကို လုံးဝဂရုမစိုက်ပေ။ ဧည့်ခန်းရှိ လက်ဖက်ရည်စားပွဲပေါ်သို့သာ အကြည့်ကို ရပ်တန့်ထားလိုက်သည်။ ထိုစားပွဲပေါ်တွင် ဓားတင်စင်တစ်ခုရှိနေပြီး သူ၏ဓားမှာ ဓားအိမ်အတွင်းသို့ သေသပ်စွာ ဝင်ရောက်နေလျက်ရှိသည်။
ရှေ့သို့တိုးသွားကာ သူ၏ဓားကို ကောက်ကိုင်လိုက်ရာ ရင်းနှီးကျွမ်းဝင်သော အထိအတွေ့ကြောင့် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"အမေရေ... ဘာတွေ ဆူညံနေတာလဲ”
ဆုရှောင်၏ရှေ့ရှိ အိပ်ခန်းတံခါး ပွင့်လာပြီး ကြိုးတစ်ချောင်းအင်္ကျီ ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးသည် မျက်လုံးကို ပွတ်သပ်လျက် တံခါးဝတွင် ရပ်နေသည်။ မိန်းမပျိုလေးသည် ဆုရှောင်နှင့် အမည်းရောင်သေနတ်ကို အလွန်အံ့အားသင့်စွာဖြင့် ကြည့်နေပြီး အော်ဟစ်ရန်အတွက် ပါးစပ်ကို အနည်းငယ်ဟလိုက်သည်။
ဆုရှောင်က သေနတ်ပြောင်းဝကိုမြှောက်ကာ လာရာလမ်းသို့ ပြန်သွားရန် အချက်ပြလိုက်သည်။ မိန်းမပျိုလေးသည် ခေါင်းကို အမြန်ညိတ်ပြလိုက်ပြီး တံခါးကို ဘုန်းခနဲ ပိတ်ပစ်လိုက်လေသည်။ သူ၏ဓားကို ပြန်လည်ရှာတွေ့ပြီဖြစ်ရာ ဆုရှောင်သည် အခန်းပြင်သို့ လျှောက်သွားကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
......
ဆုရှောင် မသေသေးကြောင်း သတင်းများ မပျံ့နှံ့မီ သူသည် အိမ်နီးချင်းမြို့တော်သို့ သွားမည့် အမြန်ရထားပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုအခါ ဆုရှောင်၏ ရုပ်သွင်ပြင်မှာ အတော်လေးပြောင်းလဲသွားပြီး ကျောင်းသားတစ်ယောက်ပုံစံ ပေါက်နေသည်။ သူ၏ အသက်အရွယ်နှင့်ဆိုလျှင် မိတ်ကပ်အနည်းငယ် ပြင်ဆင်လိုက်ရုံဖြင့် တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် လွယ်ကူစွာ ရုပ်ဖျက်နိုင်သည်။
အိမ်နီးချင်းမြို့တော်သို့ ရောက်ရှိသောအခါ ဆုရှောင်သည် မရပ်မနားဘဲ ခရီးဝေးသွားမည့် ခရီးသည်တင်ကားတစ်စီးပေါ်သို့ ကျပန်းတက်လိုက်သည်။ ခရီးသည်တင်ကား၏ ဆောင့်ထွက်မှုနှင့်အတူ ဆုရှောင်၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် ယိမ်းယိုင်နေသည်။ သူသည် မျက်လုံးများကိုမှိတ်ကာ အိပ်ပျော်နေသကဲ့သို့ ရှိသော်လည်း ပတ်ဝန်းကျင်အခြေအနေကိုမူ သတိဝီရိယရှိစွာဖြင့် အကဲခတ်နေသည်။
ကလေးငယ်များ၏ ငိုယိုသံများ၊ ရှေ့ခုံမှ မိန်းမပျိုနှစ်ဦး၏ တီးတိုးရယ်မောသံများနှင့် ရှေ့ခပ်စောင်းစောင်းမှ နားကြပ်တပ်ကာ ခန္ဓာကိုယ်ကို အဆက်မပြတ် လှုပ်ယမ်းနေသော လူငယ်တစ်ဦး။
"သတင်းအထူးအစီအစဉ်... အိမ်နီးချင်းမြို့တော်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ ရာဇဝတ်ကောင်တစ်ယောက် ပေါ်လာပါတယ်”
ခရီးသည်တင်ကား၏ ရှေ့ခန်းရှိ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှ ဇာတ်လမ်းသည် ရုတ်တရက် ပြတ်တောက်သွားပြီး ဆုရှောင်၏ ဓာတ်ပုံ ပေါ်ထွက်လာသည်။
"ရာဇဝတ်မှု ကျူးလွန်သူ မသင်္ကာသူဟာ..."
ကားပေါ်ရှိ ခရီးသည်များအားလုံးသည် ထိုသတင်းကို စိတ်ဝင်စားသွားကြပြီး မျက်လုံးများ ရောက်ရှိသွားကြသည်။ ဆုရှောင်သည် သူတို့၏ လျင်မြန်သော လှုပ်ရှားမှုကို တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ခြောက်နာရီပင် မပြည့်သေးမီ သူ၏ ဖမ်းဝရမ်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ မူလက ကြေးစားလူသတ်သမား ဖြစ်နေခြင်းနှင့် ယခု သေရာမှ ပြန်ရှင်လာခြင်းတို့ကြောင့် သူ့ကို ဖမ်းဝရမ်းထုတ်မည်မှာ သေချာလှပေသည်။
သို့သော် ဆုရှောင်အတွက်မူ ဤဖမ်းဝရမ်း၏ ခြိမ်းခြောက်နိုင်စွမ်းမှာ မကြီးမားလှပေ။ သူ၏ ကိုယ်ပိုင်စွမ်းအားကို အသာထား၍ သူ၏ ပုန်းကွယ်နိုင်စွမ်းနှင့်တင် ပုန်းအောင်းနေမည်ဆိုပါက လိုက်လံရှာဖွေရန် အလွန်ခဲယဉ်းလှသည်။
ကားများ အကြိမ်ကြိမ် ပြောင်းစီးပြီးနောက် ဆုရှောင်သည် လေးရက်ဆက်တိုက် ခရီးဆက်ခဲ့သည်။ နောက်ဆုံးတွင် သူ မည်သည့်နေရာသို့ ရောက်ရှိနေမှန်း ကိုယ်တိုင်ပင် မသိတော့သည့် အချိန်ကျမှသာ ခရီးသွားခြင်းကို ရပ်တန့်လိုက်လေသည်။ ဖုန်းအသစ်ကို ထုတ်ယူကာ တည်နေရာကို ရှာဖွေကြည့်လိုက်ရာ သူသည် ကမ်းရိုးတန်းမြို့တော်တစ်ခုဖြစ်သော ဒီအယ်လ်မြို့သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
"နေရာကောင်းလေးပဲ”
ဒီအယ်လ်မြို့တော်သည် သုံးဘက်သုံးတန် ပင်လယ်ဖြင့် ဝိုင်းရံထားသည်။ အကယ်၍ ရဲများ လာရောက်ဖမ်းဆီးလျှင်ပင် အလွန်ဆုံး နိုင်ငံခြားသို့ ခိုးထွက်သွားလိုက်ရုံသာဖြစ်သည်။ အခြေအနေ အဆိုးရွားဆုံးသို့ မရောက်မချင်း ဆုရှောင် နိုင်ငံခြားသို့ မထွက်ပြေးချင်ပေ။ နိုင်ငံခြားတွင်လည်း သူ၏ ရန်သူများစွာ ရှိနေသေးသည်။
ယခု အရေးအကြီးဆုံးကိစ္စမှာ အခြေချနေထိုင်ရန် နေရာတစ်ခု ရှာဖွေရေးပင်ဖြစ်သည်။ ဟိုတယ်ကဲ့သို့သော နေရာမျိုးကို ဆုရှောင် မသွားချင်ပေ။ ထိုနေရာမျိုးသည် လူရှုပ်ပြီး အမြင်များသဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ရန် မသင့်တော်ပေ။ ယာဉ်များ၊ လူများဖြင့် စည်ကားနေသော လမ်းမပေါ်တွင် ရပ်နေရင်း ဆုရှောင် ဆာလောင်မွတ်သိပ်မှုကို ခံစားလိုက်ရသည်။ ဤရက်ပိုင်းအတွင်း ခရီးဆက်နေရသဖြင့် ကောင်းကောင်းမွန်မွန် မစားသောက်ခဲ့ရပေ။
ဆုရှောင်သည် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေကာ ဒေသထွက် ပင်လယ်ကဏန်းများကို မှာယူလိုက်သည်။ ယခုအချိန်သည် မေလဖြစ်ရာ ပင်လယ်ကဏန်းများ အသားအပြည့်ဆုံး အချိန်ဖြစ်သည်။ ကဏန်းတစ်ကောင်လျှင် အနည်းဆုံး တစ်ပိဿာဝက်ခန့် ရှိသည်။
မာကျောသော ကဏန်းအခွံကိုခွာ၍ ထိုဆိုင်၏ လျှို့ဝှက်ချက်ဖြစ်သော အချဉ်ရည်ဖြင့် တို့စားလိုက်သည်။ အသားမှာ ထူထဲပြီး အရသာ အလွန်ကောင်းမွန်လှသည်။ ချိုမြိန်သော ကဏန်းသားက သူ၏ အရသာခံအာရုံကို နိုးဆွပေးလိုက်ပြီး ပင်လယ်စာ၏ ထူးခြားသော ရနံ့ကြောင့် ထပ်ခါထပ်ခါ စားချင်စိတ် ပေါ်လာစေသည်။
"သူဌေး... ပိုက်ဆံ ရှင်းမယ်”
ဆုရှောင်သည် လက်ထဲမှ နောက်ဆုံးကဏန်းအခွံကို ချလိုက်ပြီး လေချဉ်တစ်ချက် တက်လိုက်သည်။ စားသောက်ဆိုင်ပိုင်ရှင်သည် စာရင်းစာအုပ်ကို ကိုင်လျက် လျှောက်လာပြီး စားပွဲပေါ်ရှိ ကဏန်းခွံများကို ကြည့်ကာ အံ့အားသင့်သွားသည်။ သာမန်လူတစ်ယောက်ထက် ခုနစ်ဆ ရှစ်ဆခန့် ပိုစားနိုင်သော ဆုရှောင်၏ စားနိုင်စွမ်းကြောင့် ဆိုင်ပိုင်ရှင် အံ့ဩမှင်သက်သွားသည်။ ခန္ဓာကိုယ်စွမ်းရည်များ မြင့်တက်လာခြင်းသည် ဆုရှောင်အတွက် စွမ်းအင်ပိုမို လိုအပ်လာကြောင်း ပြသနေသည်။ ခွန်အားများမှာ အလကားနေရင်း ပေါ်ပေါက်လာမည်မဟုတ်ဘဲ စွမ်းအင်အမြောက်အမြား လိုအပ်ပေသည်။
"အားလုံးပေါင်း ၇၈၉ ယွမ် ကျပါတယ်... ၇၈၀ ပဲ ပေးပါ”
ဆုရှောင်သည် ငွေစက္ကူ ရွက်တစ်ရာတန်အချို့ကို ထုတ်ယူကာ ဆိုင်ပိုင်ရှင်ကို ပေးလိုက်သည်။
"ဒီနားမှာ အိမ်ငှားဖို့ ရှိလားဗျ။ ကျွန်တော်က ဒီကို အခုမှရောက်လာတဲ့ ကျောင်းသားပါ၊ လအနည်းငယ်လောက် ခဏနေဖို့ နေရာရှာနေလို့ပါ”
ဆိုင်ပိုင်ရှင်သည် ဖုန်းကို ထုတ်ယူကာ ခေတ္တမျှ ကလိပြီးနောက် ဆုရှောင်ဘက်သို့ လှည့်ပြလိုက်သည်။ ဖုန်းစခရင်ပေါ်တွင် 'ဒီအယ်လ်မြို့တော် အိမ်ငှား ဝက်ဘ်ဆိုက်' ဟု ရေးသားထားသည်။ ထိုအချိန်တွင် ဆိုင်ပိုင်ရှင်က ဆုရှောင်ကို ကြည့်သော အကြည့်မှာ 'လူငယ်လေးရယ်... အခုခေတ်မှာ လမ်းပေါ်ထွက်ပြီး အိမ်ငှားဖို့ လိုက်ရှာတဲ့သူ မရှိတော့ဘူးကွ' ဟု ပြောနေသကဲ့သို့ ရှိသည်။
ဆုရှောင် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး ဝက်ဘ်ဆိုက်လိပ်စာကို မှတ်သားကာ ထိုစားသောက်ဆိုင်မှ ထွက်ခွာလာခဲ့သည်။ စည်ကားသော လမ်းမပေါ်တွင် လျှောက်လှမ်းရင်း ဆုရှောင်သည် လက်မဖြင့် ဖုန်းစခရင်ပေါ်တွင် အလျင်အမြန် နှိပ်ကာ ထိုဝက်ဘ်ဆိုက်ကို ရှာဖွေလိုက်သည်။ ၎င်းမှာ အိမ်ခြံမြေအကျိုးဆောင်များ လုပ်ကိုင်သော ဒေသတွင်း လူမှုကွန်ရက် ဝက်ဘ်ဆိုက်ငယ်တစ်ခု ဖြစ်သည်။
အချိန်အတော်ကြာ ရွေးချယ်ပြီးနောက် ထူးဆန်းသော အိမ်ငှားကြော်ငြာတစ်ခုကို သူ တွေ့လိုက်ရသည်။
'နေရာကောင်း၊ သွားရေးလာရေး အဆင်ပြေ၊ တစ်လ အိမ်လခ ၁ သိန်း'
ဒီအယ်လ်မြို့တော်တွင် တစ်လ သိန်းတစ်သိန်းဟူသော အိမ်ငှားခမှာ အမြဲမတွေ့ရသော်လည်း ရှားပါးလှသည်တော့ မဟုတ်ပေ။ သို့သော် သံသယဖြစ်စရာကောင်းသည်မှာ ဤကြော်ငြာတွင် အိမ်အကြောင်း အသေးစိတ် မဖော်ပြထားဘဲ ဖုန်းနံပါတ်တစ်ခုတည်းသာ ချန်ထားခြင်းဖြစ်သည်။
ဆုရှောင်သည် ငွေကြေး မခက်ခဲသဖြင့် ထိုဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်သည်။ တစ်လကို သိန်းတစ်သိန်းပေးရသော အိမ်သည် အခြေအနေ အတော်လေး ကောင်းမွန်ပေမည်။ ဇိမ်ခံစံအိမ်ကြီးများ၏ စံသတ်မှတ်ချက်မျိုး ဖြစ်လောက်သည်။ ဖုန်း ချက်ချင်း ဝင်သွားပြီး အနည်းငယ် အက်ရှရှ အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။
"လူချင်း တွေ့ပြီးမှ စကားပြောကြတာပေါ့၊ ထျန်းဟိုင်လမ်း နံပါတ် ၃၇ ကို လာခဲ့ပါ”
ရိုးရှင်းသော စကားတစ်ခွန်း ပြောပြီးနောက် ဖုန်းချသွားလေသည်။ ဆုရှောင် အနည်းငယ် အလွန်အံ့အားသင့်စွာ ဖြစ်သွားပြီး ခေါင်းခါလိုက်သည်။ ပြဿနာများလွန်းသည်။ ဤကိစ္စတွင် အခြားသော လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။ တစ်လ သိန်းတစ်သိန်းဟူသော ဈေးနှုန်းကိုယ်တိုင်က ထူးဆန်းနေသည်။ ဤကိစ္စတွင် သူ ဝင်မပါချင်သဖြင့် အခြားနေရာများကိုသာ ဆက်လက်ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
အခန်း (၃၀)လွတ်မြောက်ခြင်းနှင့် ခြေရာဖျောက်ခြင်း
"ဘယ်လောက် လိုသေးလဲ" ဆုရှောင်သည် ကားလီဗာကို အကုန်နင်းထားလိုက်သည်။ ကားအမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အထက်၌ ရှိနေသည်။ သန်းခေါင်ယံအချိန်ဖြစ်၍ လမ်းမထက်၌ ဖြတ်သန်းသွားလာနေသော ကားများ သိပ်မရှိလှ။
ဤမျှပြင်းထန်သော အရှိန်ဖြင့် မောင်းနှင်နေရသော်လည်း သူ၏ ထိန်းချုပ်မှုက တည်ငြိမ်နေဆဲဖြစ်ကြောင်း ဆုရှောင် သတိထားမိလိုက်သည်။ တက်ကြွမှုစွမ်းရည် တိုးတက်လာခြင်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အမြန်နှုန်းကိုသာမက အာရုံကြောတုံ့ပြန်မှုအမြန်နှုန်းကိုပါ အဆမတန် မြင့်တက်သွားစေခဲ့သည်။
"ရောက်တော့မှာပါ သူငယ်ချင်းရယ် ကျေးဇူးပြုပြီး ကားကို နည်းနည်းလောက် လျှော့မောင်းပေးပါ ငါ မသေချင်သေးဘူးကွ"
လမ်းဘေးလူမိုက်၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ စွန်းထင်းနေသည်။ ယနေ့ညတွင် သူ သေဘေးမှ လွတ်နိုင်မည်မထင်ဟု ခံစားနေရသည်။
ဆုရှောင်၏ မျက်လုံးထဲမှ ထိုအကြည့်မျိုးကို လူမိုက် တစ်ခါမြင်ဖူးသည်။ လူသတ်ပြီးခါစ လူတစ်ယောက်၏ မျက်ဝန်း၌သာ တွေ့ရတတ်သော အေးစက်စက် အကြည့်မျိုးပင်။ လူမိုက်သည် ဆုရှောင်နှင့် သာမန်လူသတ်သမားများ မတူညီကြောင်းကိုလည်း ရိပ်မိနေသည်။ အကြောင်းမူကား ဆုရှောင်၏ အကြည့်များက အလွန်အမင်း ရိုင်းစိုင်းကြမ်းတမ်းလွန်းနေသောကြောင့်ဖြစ်သည်။
"ငါ့ဓားကို ပြန်ရှာပေး ပြီးတော့ ငါ့ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ကောင်တွေကိုပါ ရှာပေးမယ်ဆိုရင် မင်း အသက်ရှင်ခွင့်ရမယ်"
ဆုရှောင်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး နက်ရှိုင်းစွာ တစ်ချက်ဖွာရှိုက်လိုက်သည်။
လူမိုက်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ဆုံး၌ ခေါင်းညိတ်သဘောတူလိုက်ရတော့သည်။
လူနေအိမ်ရာဝင်းတစ်ခုအတွင်းသို့ ကားမောင်းဝင်လာပြီးနောက် သူတို့ သွားလိုသော နေရာသို့ ရောက်ရှိသွားသည်။
"ဆင်း"
ဆုရှောင်၏ လက်ထဲ၌ မည်းနက်နေသော သေနတ်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ ထိုသေနတ်သည် လူနေအိမ်တိုက်ခန်းထဲမှ သူ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး သူ့ကို ပစ်ခတ်ခဲ့သော သေနတ်ပင် ဖြစ်နိုင်ချေများလှသည်။
လူမိုက်၏ လမ်းပြမှုဖြင့် ဆုရှောင်သည် ဂိုဏ်းခေါင်းဆောင်၏ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
"တံခါးခေါက်လိုက်"
လူမိုက်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ဆုရှောင်လက်ထဲမှ သေနတ်ကို လှမ်းကြည့်လိုက်သည်။ ထိုသေနတ်သည် ကျည်ထိုးပြီးသား အသင့်အနေအထား၌ ရှိနေသည်။
ရွေးချယ်စရာမရှိတော့သဖြင့် လူမိုက်သည် အိမ်တံခါးကို ခေါက်လိုက်ရတော့သည်။
"ဒေါက်... ဒေါက်... ဒေါက်"
တံခါးကို ဆက်တိုက်ခေါက်လိုက်ပြီးနောက် အိမ်ထဲမှ ခြေသံဖွဖွ ထွက်ပေါ်လာသည်။
"ဘယ်သူလဲရှင်၊ သန်းခေါင်ယံကြီးမှာ"
အိပ်ချင်မူးတူးဖြစ်နေသော အမျိုးသမီးတစ်ဦး၏ အသံက တံခါးနောက်ကွယ်မှ ထွက်ပေါ်လာသည်။
"မမလေး၊ ကျွန်တော်ပါ၊ ရှောင်ကျန်းပါ"
စက္ကန့်ဆယ်ဂဏန်းခန့် ကြာပြီးနောက် အလှမပျက်သေးသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပေးသည်။
"ဝင်ခဲ့လေ၊ ဘယ်အချိန်ရှိနေပြီလဲ..."
အမျိုးသမီး၏ စကားသံက ရုတ်တရက် တိတ်ကျသွားသည်။ မည်းနက်အေးစက်နေသော သေနတ်ပြောင်းဝတစ်ခုက သူမ၏ နဖူးတည့်တည့်သို့ ချိန်ရွယ်ထားခြင်းကြောင့်ပင်။
"အနောက်ကို ဖြည်းဖြည်းချင်းဆုတ် အသံမထွက်နဲ့"
သက်လတ်ပိုင်းအမျိုးသမီးမှာ ကြောက်လန့်တကြားဖြစ်သွားပြီး ဆုရှောင်ကို မှင်သက်စွာ ကြည့်နေမိသည်။ ခဏမျှ အသိလွတ်သွားပြီးမှသာ အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ပေးလိုက်သည်။
ဆုရှောင်သည် ဘေးနားရှိ လူမိုက်ကို ဆွဲခေါ်ကာ အိမ်ထဲသို့ ဝင်လိုက်ပြီး တံခါးကို ဖွဖွလေး ပြန်ပိတ်လိုက်သည်။
အမျိုးသမီးသည် အနောက်သို့ ဆုတ်လိုက်စဉ် သူမနောက်ရှိ အမြင့်ပေဝက်ခန့်ရှိသော ပန်းအိုးတစ်လုံးကို မတော်တဆ ဝင်တိုက်မိသွားသည်။
"ခွမ်း"
ကြွေပန်းအိုးကွဲကျသွားသော အသံသည် တိတ်ဆိတ်နေသော ဧည့်ခန်းထဲ၌ နားကွဲမတတ် စူးရှစွာ ထွက်ပေါ်လာသည်။
"မ.. မလုပ်ပါနဲ့ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"
ဆုရှောင်သည် ထိုအမျိုးသမီးကို ဂရုမစိုက်ပါ။ သူ၏ အကြည့်များက ဧည့်ခန်းထဲရှိ လက်ဖက်ရည်စားပွဲဆီသို့သာ စူးစိုက်နေသည်။ စားပွဲပေါ်၌ ဓားစင်တစ်ခုရှိနေပြီး ထိုစင်ပေါ်တွင် သူ၏ဓားက အိမ်အတွင်း၌ သပ်ရပ်စွာ ရှိနေသည်။
ဆုရှောင် ရှေ့သို့တိုးကာ သူ၏ဓားကို ကောက်ယူလိုက်သည်။ ရင်းနှီးနေသော ဓား၏ အလေးချိန်နှင့် အထိအတွေ့က လက်ဖဝါးဆီသို့ စီးဆင်းလာချိန်တွင် သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။
"မေမေ၊ အရမ်းဆူတာပဲ"
ဆုရှောင်၏ အရှေ့ရှိ အိပ်ခန်းတံခါး ပွင့်လာသည်။ ကြိုးတစ်ချောင်းအင်္ကျီ ဝတ်ဆင်ထားသော ဆယ်ကျော်သက်ကောင်မလေးတစ်ဦးက မျက်လုံးကို ပွတ်သပ်ရင်း တံခါးဝ၌ ရပ်နေသည်။
ကောင်မလေးသည် ဆုရှောင်နှင့် မည်းနက်နေသော သေနတ်ကို တွေဝေစွာ ကြည့်နေမိသည်။ သူမ၏ နှုတ်ခမ်းလေး ပွင့်ဟသွားပြီး အော်ဟစ်တော့မည့်ဟန် ပြင်လိုက်သည်။
ဆုရှောင်သည် သေနတ်ပြောင်းဝကို အနည်းငယ်မြှောက်ကာ လာရာလမ်းကို ပြန်လှည့်သွားရန် အသံတိတ် အချက်ပြလိုက်သည်။ ကောင်မလေးသည် အလန့်တကြား ခေါင်းအဆက်မပြတ်ညိတ်ပြပြီး တံခါးကို "ဂျိုင်း" ခနဲ မြည်အောင် ဆွဲပိတ်ပစ်လိုက်သည်။
ဓားကို ပြန်လည်ရရှိသွားပြီဖြစ်၍ ဆုရှောင်သည် အိမ်ထဲမှထွက်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
——
သူ မသေသေးကြောင်း သတင်းများ မပြန့်နှံ့မီမှာပင် ဆုရှောင်သည် အိမ်နီးချင်းမြို့သို့ သွားမည့် အမြန်ရထားပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုအချိန်တွင် ဆုရှောင်၏ ရုပ်သွင်မှာ အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်သည်။ ကျောင်းသားတစ်ယောက်၏ ပုံစံမျိုး ဖန်တီးထားသည်။ သူ၏ အသက်အရွယ်အရ မိတ်ကပ်အနည်းငယ် လိမ်းခြယ်လိုက်ရုံဖြင့် တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် အလွယ်တကူ ဟန်ဆောင်နိုင်သည်။
အိမ်နီးချင်းမြို့သို့ ရောက်ရှိပြီးနောက် ဆုရှောင်သည် ထိုနေရာ၌ ဆက်မနေဘဲ ခရီးဝေးပြေးဆွဲသော ခရီးသည်တင်ကားတစ်စီးပေါ်သို့ တက်စီးလိုက်သည်။
ကား၏ လှုပ်ရှားမှုနှင့်အတူ ဆုရှောင်၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် ယိမ်းနွဲ့နေသည်။ သူသည် မျက်စိမှိတ်ကာ အိပ်စက်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ပတ်ဝန်းကျင်အခြေအနေကို အမြဲတစေ သတိထားစောင့်ကြည့်နေခြင်းဖြစ်သည်။
ကလေးငယ်တစ်ဦး၏ ငိုယိုသံ၊ အရှေ့ခုံမှ မိန်းကလေးနှစ်ဦး၏ တိုးတိုးတိတ်တိတ် ရယ်မောပြောဆိုသံနှင့် အရှေ့စောင်းစောင်းရှိ နားကြပ်တပ်ကာ ခေါင်းကို ဆက်တိုက်လှုပ်ရမ်းနေသော လူငယ်တစ်ဦး။
"သတင်းထူးတစ်ခု ကြားဖြတ်ကြေညာပါရစေ အိမ်နီးချင်းမြို့မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံတစ်ဦး ရှိနေပါတယ်"
ခရီးသည်တင်ကားအရှေ့ရှိ တီဗီစခရင်ပေါ်မှ ဇာတ်ကားပြသမှု ရုတ်တရက် ပြတ်တောက်သွားပြီး ဆုရှောင်၏ ဓာတ်ပုံ ပေါ်လာသည်။
"ရာဇဝတ်မှု ကျူးလွန်ထားတဲ့ သံသယတရားခံကတော့..."
ကားပေါ်ရှိ ခရီးသည်များအားလုံး ထိုသတင်းကို စိတ်ဝင်စားသွားကြပြီး ခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။
ဆုရှောင်က သူတို့၏ အလုပ်လုပ်ပုံ မြန်ဆန်လှကြောင်းကို စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ခြောက်နာရီပင် မပြည့်သေးချိန်မှာ သူ့အတွက် ဖမ်းဝရမ်းထုတ်ပြီးသွားပြီဖြစ်သည်။ အခြားအကြောင်းများကို ဖယ်ထားလျှင်ပင် သူ သေရာမှ ပြန်ရှင်လာခြင်းနှင့် ယခင်က လူသတ်သမားတစ်ဦးဖြစ်ခဲ့ခြင်းတို့ကြောင့် ဖမ်းဝရမ်းထုတ်ခံရမည်မှာ သေချာနေသည်။
သို့သော် ဆုရှောင်အတွက်မူ ဤဖမ်းဝရမ်းသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါ။ သူ၏ ကိုယ်ပိုင်စွမ်းရည်များကို ခေတ္တမေ့ထားလျှင်ပင် သူ၏ ကိုယ်ဖျောက်နိုင်စွမ်းနှင့် ခြေရာဖျောက်နိုင်စွမ်းတို့ကြောင့် သူ့ကို ရှာဖွေတွေ့ရှိရန်မှာ အလွန်ခက်ခဲလှသည်။
ကားအဆင့်ဆင့်ပြောင်းစီးကာ လေးရက်တိတိ ခရီးဆက်ပြီးနောက် သူ ဘယ်နေရာရောက်နေမှန်းပင် သေချာမသိတော့သည့် အချိန်ကျမှသာ ဆုရှောင်သည် ခရီးသွားခြင်းကို ရပ်တန့်လိုက်သည်။
ဖုန်းအသစ်ကို ထုတ်ကာ တည်နေရာရှာဖွေကြည့်လိုက်သောအခါ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သော DL မြို့သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
"မဆိုးဘူးပဲ"
DL မြို့သည် မျက်နှာစာသုံးဖက်လုံး၌ ပင်လယ်ပြင် ဝန်းရံထားသည်။ ရဲများက သူ့ကို ပိတ်ဆို့ရှာဖွေလျှင်ပင် အဆိုးဆုံးအခြေအနေ၌ နိုင်ငံခြားသို့ ခိုးထွက်သွား၍ ရနိုင်သည်။
အခြေအနေ အဆိုးရွားဆုံးသို့ မရောက်မချင်း ဆုရှောင်သည် နိုင်ငံခြားသို့ မထွက်ပြေးလိုပါ။ နိုင်ငံရပ်ခြားတွင် သူ၏ ရန်သူများ မနည်းမနော ရှိနေသည်။
ယခုအချိန်တွင် အရေးအကြီးဆုံးမှာ အခြေချနေထိုင်ရန် နေရာတစ်ခု ရှာဖွေရေးပင်ဖြစ်သည်။ ဟိုတယ်၊ တည်းခိုခန်းကဲ့သို့သော နေရာများ၌ ဆုရှောင် မနေချင်ပါ။ ထိုနေရာမျိုးတွင် လူရှုပ်ပြီး မျက်စိသူလျှို များပြားလှသဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ရန် မသင့်တော်ဟု သူ သတ်မှတ်ထားသည်။
ကားများ ရှုပ်ယှက်ခတ်နေသော လမ်းမပေါ်၌ ရပ်နေရင်း ဆုရှောင်သည် ပြင်းထန်သော ဆာလောင်မှုကို ခံစားလိုက်ရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ခရီးဆက်နေရသဖြင့် ကောင်းကောင်းမွန်မွန် မစားသောက်ရသေးပေ။
ဆုရှောင်သည် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားပြီး ဒေသထွက် ရေကူးကဏန်း ကို မှာယူလိုက်သည်။
ယခုအချိန်သည် မေလဖြစ်ရာ ရေကူးကဏန်းများ အဆူဖြိုးဆုံး ရာသီဖြစ်သည်။ ကဏန်းတစ်ကောင်လျှင် အနည်းဆုံး အလေးချိန် ခြောက်ရာဂရမ်ကျော်ခန့် ရှိသည်။
မာကျောသော ကဏန်းခွံကို ခွာချလိုက်ပြီးနောက် ဆိုင်၏ လျှို့ဝှက်ချက်လုပ်ထားသော ဆော့စ်ဖြင့် တို့ကာ အရသာရှိရှိ တစ်ကိုက် ကိုက်စားလိုက်သည်။ အသားပြည့်ပြီး ထူထဲနေသော ကဏန်းသားက သူ၏ အရသာခံဖုများကို လှုံ့ဆော်ပေးနေသည်။ ပင်လယ်စာများ၌သာ ရရှိနိုင်သော ထူးခြားသည့် အနံ့အရသာက လျှာပေါ်တွင် စွဲကျန်ရစ်စေသည်။
"သူဌေး၊ ရှင်းမယ်"
ဆုရှောင်သည် လက်ထဲမှ နောက်ဆုံးကျန်နေသော ကဏန်းခွံကို ချထားလိုက်ပြီး ကျေနပ်စွာ လေချဉ်တစ်ချက် တက်လိုက်သည်။
စားသောက်ဆိုင်ပိုင်ရှင်သည် ဘေလ်စာအုပ်ကို ကိုင်ကာ လျှောက်လာပြီး စားပွဲပေါ်ရှိ ကဏန်းခွံပုံကြီးကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။
"ဒါက..."
ဆုရှောင်၏ စားနိုင်သောက်နိုင်စွမ်းက ဆိုင်ရှင်ကို မှင်သက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဆုရှောင်သည် သာမန်လူ ခုနစ်ယောက်၊ ရှစ်ယောက်စာခန့်ရှိသော အစားအစာများကို တစ်ယောက်တည်း စားသောက်ထားခြင်းကြောင့်ဖြစ်သည်။
ခန္ဓာကိုယ်စွမ်းရည်များ မြင့်တက်လာခြင်းသည် ဆုရှောင်အနေဖြင့် စွမ်းအင်များစွာ လိုအပ်လာကြောင်းကို ညွှန်ပြနေသည်။ ခွန်အားဆိုသည်မှာ အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ စွမ်းအင်ပမာဏ အမြောက်အမြားကို လိုအပ်သည်။
"စုစုပေါင်း ၇၈၉ ယွမ် ကျပါတယ်။ ၇၈၀ ပဲ ပေးပါ"
ဆုရှောင်သည် အိတ်ကပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ကာ ဆိုင်ရှင်ကို ကမ်းပေးလိုက်သည်။
"ဒီနားဝန်းကျင်မှာ အိမ်ငှားဖို့ ရှိလား ကျွန်တော်က ဒီကို အခုမှရောက်တဲ့ ကျောင်းသားပါ လအနည်းငယ်လောက် ယာယီနေဖို့ နေရာတစ်ခု ရှာနေတာ"
ဆိုင်ရှင်သည် သူ၏ ဖုန်းကို ထုတ်ကာ ခဏမျှ ကလိလိုက်ပြီးနောက် ဖုန်းစခရင်ကို ဆုရှောင်ဘက်သို့ လှည့်ပြလိုက်သည်။ ဖုန်းစခရင်ပေါ်၌ "DL မြို့ အိမ်ခြံမြေ ငှားရမ်းရေး ဝက်ဘ်ဆိုက်" ဟူ၍ ထင်ရှားစွာ ရေးသားထားသည်။
ဆိုင်ရှင်က ဆုရှောင်ကို ကြည့်နေသော အကြည့်များမှာ 'လူငယ်လေး... အခုခေတ်မှာ ဘယ်သူမှ လမ်းပေါ်ထွက်ပြီး အိမ်မရှာကြတော့ဘူး' ဟု ပြောနေသည့်အလားပင်။
ဆုရှောင် အနေရခက်စွာ ရယ်မောလိုက်ပြီး ဝက်ဘ်ဆိုက်လိပ်စာကို မှတ်သားကာ ထိုစားသောက်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။
စည်ကားသိုက်မြိုက်နေသော လမ်းမပေါ်၌ လျှောက်လှမ်းနေရင်း ဆုရှောင်သည် ဖုန်းစခရင်ပေါ်တွင် လက်မဖြင့် အမြန်နှိပ်ကာ ထိုဝက်ဘ်ဆိုက်ကို ရှာဖွေကြည့်ရှုနေသည်။ ၎င်းသည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအတွက် သီးသန့်ပြုလုပ်ထားသော ဒေသတွင်း လူမှုကွန်ရက် ဝက်ဘ်ဆိုက်ငယ်တစ်ခု ဖြစ်သည်။
အချိန်အတန်ကြာ ရွေးချယ်ရှာဖွေပြီးနောက် အနည်းငယ် ထူးဆန်းနေသော အိမ်ငှားကြော်ငြာတစ်ခုကို သူ တွေ့ရှိသွားသည်။
'နေရာကောင်း၊ သွားလာရေး အဆင်ပြေသည်။ တစ်လလျှင် အိမ်လခ ယွမ် တစ်သိန်းမှ စတင်မည်'
DL မြို့တွင် တစ်လလျှင် ယွမ်တစ်သိန်းတန် အိမ်လခဆိုသည်မှာ အလွန်အမင်း မတွေ့ရတတ်သော်လည်း လုံးဝ မရှိသောအရာတော့ မဟုတ်ပါ။ သို့သော် အံ့သြစရာကောင်းသည်မှာ ဤကြော်ငြာတွင် အိမ်ရာနှင့်ပတ်သက်သော အချက်အလက်များကို အသေးစိတ် ဖော်ပြထားခြင်းမရှိဘဲ ဖုန်းနံပါတ်တစ်ခုတည်းကိုသာ ချန်ထားခဲ့ခြင်းဖြစ်သည်။
ဆုရှောင်၌ ငွေကြေးပြတ်လပ်နေခြင်းမရှိသဖြင့် ထိုဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ တစ်လ ယွမ်တစ်သိန်းပေးရသော အိမ်ဖြစ်ပါက အခြေအနေ မဆိုးနိုင်ပေ။ ဇိမ်ခံဗီလာ အဆင့်အတန်းမျိုး ဖြစ်သင့်သည်။
ဖုန်းအမြန်ဝင်သွားပြီးနောက် အက်ကွဲကွဲ အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။
"လူချင်းတွေ့ပြီးမှ စကားပြောကြတာပေါ့ ထျန်းဟိုင်လမ်း၊ အမှတ် ၃၇"
စကားကို တိုတိုပြတ်ပြတ်သာ ပြောပြီးနောက် ဖုန်းချသွားသည်။
ဆုရှောင်မှာ မင်သက်သွားပြီးနောက် ခေါင်းကို ရမ်းလိုက်သည်။ ပြဿနာများလှသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် အခြားသော လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။ တစ်လလျှင် ယွမ်တစ်သိန်းတန် အိမ်လခသည် ပင် ထူးဆန်းနေပြီဖြစ်ရာ ဤကိစ္စထဲသို့ သူ မပါဝင်ချင်တော့ပေ။ ထို့ကြောင့် အခြားနေရာကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။