ဆုရှောင်သည် သူ၏မိသားစု သေဆုံးခဲ့ရခြင်းအတွက် ကလဲ့စားချေရန် ကြိုးပမ်းနေသည့် သွေးအေးသော လူငယ်တစ်ဦးဖြစ်သော်လည်း၊ သူ၏အဆုံးသတ်မှာကား ဆိုးရွားခဲ့ရလေသည်။ သူ၏ နောက်ဆုံးထွက်သက်ကို ရောက်နေချိန်တွင် အခြားသော ကမ္ဘာတစ်ခုဆီမှ သူ့အား ခေါ်ဆိုနေသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။ ၎င်းမှာ သူ၏ထံသို့ ချဉ်းကပ်လာသော ထူးဆန်းသည့် စနစ် တစ်ခုဖြစ်ပြီး အသက်ရှင်လိုသလား၊ အခြားဘဝ၌ ပြန်လည်မွေးဖွား လိုသလား ဟူ၍ မေးမြန်းလာခဲ့၏။ သူသည် စာချုပ်တစ်ခုကို လက်ခံရန်သာ လိုအပ်ပေသည်။ ဆုရှောင်၌ အခြားရွေးချယ်စရာလမ်း မရှိသောကြောင့် လက်ခံလိုက်ရသော်လည်း၊ သူသည် မည်သည့်အရာကို သဘောတူလက်မှတ်ရေးထိုးလိုက်မိသည်ကိုမူ မသိခဲ့ချေ။ ကမ္ဘာပေါင်းစုံကို ဖြတ်သန်းသွားလာရင်း အလွန်တရာ အန္တရာယ်များသော မစ်ရှင်များကို ထမ်းဆောင်ရန်၊ အထူးပစ္စည်းများကို စုဆောင်း၍ အဆင့် မြှင့်တင်ရန်နှင့် ဇာတ်လိုက်များကိုပင် သတ်ဖြတ်ရန် စသည်တို့ကို ဖြစ်လေသည်။ သို့သော် ဆုရှောင်သည် သာမန် စာချုပ်ချုပ်သူ တစ်ဦး မဟုတ်ခဲ့ပေ။ သူသည် မုဆိုး တစ်ဦး ဖြစ်လေသည်။ ဇာတ်လိုက်ဖြစ်သူ ဖြတ်သန်းသွားရောက်ရမည့် ကမ္ဘာများမှာ One Piece, Tokyo Ghoul, Naruto, Fullmetal Alchemist, Attack on Titans အစရှိသော ကမ္ဘာများနှင့် စာရေးသူ၏ ကိုယ်ပိုင်ဖန်တီးမှုကမ္ဘာများဆီသို့ပင် ဖြစ်ပေသည်။

