အခန်း (၃၇-၃၈)
Vol. 2 Ch. 37-38
အခန်း (၃၇) ပုန်ကန်တတ်သော လူငယ်လေး
ရုတ်တရက် ပေါ်လာသော လူတစ်စုကြောင့် ဆုရှောင်သည် လက်ထဲမှ အလုပ်ကို ရပ်တန့်လိုက်သည်။ လစ်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင် အတော်ကြာအောင် စမ်းသပ်ရှာဖွေနေခဲ့သော်လည်း ခါကုဟိုး (ကာဂူနဲအိတ်) ဟူသော အင်္ဂါအစိတ်အပိုင်းကို သူ လုံးဝ ရှာမတွေ့ခဲ့ပေ။ ဆုရှောင်သည် လစ်ရှီး၏ ဝမ်းဗိုက်ထဲမှ ဘယ်ဘက်လက်ကို ဆွဲထုတ်လိုက်သောအခါ လစ်ရှီး၏ ခန္ဓာကိုယ်သည် သိသိသာသာ တုန်ယင်သွားပြီး မြေပြင်ပေါ်တွင် ပက်လက်လှန်လျက် ဖျက်ဆီးခံထားရသည့်ပုံစံမျိုး ဖြစ်နေသည်။ အကယ်၍ လစ်ရှီးသာ အသက်ရှင်လွတ်မြောက်သွားမည်ဆိုပါက ဆုရှောင်သည် သူမ၏ ဘဝတစ်သက်တာ အိပ်မက်ဆိုး ဖြစ်လာမည်မှာ သေချာလှသည်။
"အအိုဂီရိသစ်ပင်အဖွဲ့ပဲ"
ရုတ်တရက် ပေါ်လာသော သူများသည် သာမန်လူများ မဟုတ်ကြပေ။ ဆုရှောင်၏ မှတ်ဉာဏ်များအရ တစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားသော မိန်းကလေးမှာ အအိုဂီရိသစ်ပင်အဖွဲ့၏ ခေါင်းဆောင်၊ မျက်လုံးတစ်ဖက်ပိုင်ရှင် ဒဏ္ဍာရီလာဘုရင် 'ဖန်းချွမ်းအိုက်ထဲ့' ပင် ဖြစ်သည်။ ဖန်းချွမ်းအိုက်ထဲ့သည် ပုံမှန်အားဖြင့် 'ကောင်းကွေ့ချွမ်' ဟူသော နာမည်ဝှက်ကို အသုံးပြုကာ ဝတ္ထုရေးဆရာမတစ်ဦးအဖြစ် လူ့လောကတွင် ဟန်ဆောင်နေထိုင်လေ့ရှိသည်။ ဂိုးလ်လောကတွင် ရှားပါးလှသော မျက်လုံးတစ်ဖက်ပိုင်ရှင် ဖြစ်သဖြင့် ကောင်းကွေ့ချွမ်၏ စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ သူမသည် အက်စ်အက်စ်အက်စ် အဆင့်ရှိ ဂိုးလ်များထဲတွင် အစွမ်းအထက်ဆုံး မဟုတ်သော်လည်း လျှော့တွက်၍မရသော သူတစ်ဦး ဖြစ်သည်။
ကောင်းကွေ့ချွမ်၏ ဘေးတွင်ရှိနေသူများမှာ အက်စ်အက်စ် အဆင့်ရှိသော ဂိုးလ် 'တိုတိုလျန်'၊ အက်စ်အက်စ် အဆင့်ရှိသော ဂိုးလ် 'ယဲ့လွီ' နှင့် အက်စ် အဆင့်ရှိသော ဂိုးလ် 'ဝူတောင်ရွှမ်တူး' တို့ ဖြစ်ကြသည်။ တိုတိုလျန်သည် အနီရောင်မျက်နှာဖုံးနှင့် အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးသည် သူ၏ မျက်နှာအောက်ပိုင်းကို ဖုံးကွယ်ထားသဖြင့် ရုပ်သွင်ကို သေချာ မမြင်ရပေ။ ယဲ့လွီမှာမူ ပို၍ပင် လုံခြုံစွာ ဖုံးကွယ်ထားပြီး လက်နှစ်ဖက်မှလွဲ၍ မည်သည့်အစိတ်အပိုင်းကိုမျှ အပြင်သို့ ဖော်ပြမထားပေ။ ဝူတောင်ရွှမ်တူးသည်လည်း မျက်နှာဖုံးကို တပ်ဆင်ထားပြီး အနီရောင်မျက်ဝန်းများဖြင့် ဆုရှောင်ကို ရိုင်းစိုင်းစွာ စိုက်ကြည့်နေသည်။ ထိုလူလေးယောက်၏ ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းလှသည်။ ရှန်းတိုက်လစ်ရှီးကို ဖမ်းဆီးခေါ်ဆောင်သွားရန် ဖြစ်သည်။ အစောပိုင်းက ပီဟူ ပေါ်လာခြင်းမှာလည်း ရှန်းတိုက်လစ်ရှီးကို ဖမ်းဆီးရန်အတွက်ပင် ဖြစ်သည်။
"လူကို လွှတ်ပေး၊ မဟုတ်ရင် မင်း သေမယ်"
တိုတိုလျန်၏ လေသံမှာ တည်ငြိမ်နေပြီး ခြိမ်းခြောက်သည့်အရိပ်အယောင် မပါဝင်သော်လည်း သူ၏ နောက်ကျောတွင် ကာဂူနဲများ ထွက်ပေါ်နေပြီဖြစ်သည်။ ပီဟူ၏ ခေါင်းပြတ်အလောင်းမှာ ဘေးနားတွင် ရှိနေသဖြင့် သူတို့သည် ဆုရှောင်ကို မကြောက်ရွံ့သော်လည်း ပေါ့ပေါ့တန်တန်တော့ သဘောမထားကြပေ။ အက်စ် အဆင့်ရှိသော ဂိုးလ်နှစ်ဦးကို အနိုင်ယူနိုင်စွမ်းရှိသည်ကို ကြည့်ခြင်းအားဖြင့် ဆုရှောင်၏ စွမ်းအားကို ခန့်မှန်းနိုင်သော်လည်း၊ ဤနေရာရှိ ဂိုးလ်များကမူ ပီဟူနှင့် ရှန်းတိုက်လစ်ရှီးတို့ အချင်းချင်း တိုက်ခိုက်ရင်း ဒဏ်ရာရနေချိန်တွင် ဆုရှောင်က အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်မည်ဟု တွေးထင်ထားကြသည်။
"ဒီနေ့ ငါ့ကံ တော်တော်ကောင်းနေပုံပဲ"
ဆုရှောင်သည် လစ်ရှီး၏ အဝတ်အစားပေါ်တွင် ဘယ်ဘက်လက်မှ သွေးများကို သုတ်ပစ်လိုက်ပြီး လစ်ရှီးကို လုံးဝ ဂရုမစိုက်တော့ပေ။ လစ်ရှီး၏ ခန္ဓာကိုယ်ထဲမှ ကာဂူနဲအိတ်ကို မထုတ်ယူရသေးသရွေ့ လစ်ရှီး သေဆုံး၍ မဖြစ်ပေ။ သို့မဟုတ်ပါက ဇာတ်လမ်းကမ္ဘာတွင် မည်သို့သော အခြေအနေများ ဖြစ်ပေါ်လာမည်ကို မသိနိုင်ပေ။ ဤကဲ့သို့သော အန္တရာယ်ကို ဆုရှောင် မစွန့်စားလိုပေ။ ဤသည်မှာ [ပြန်လည်ဝင်စားခြင်းသုခဘုံ] မှ ကြိုတင်သတိပေးထားသော အချက်ဖြစ်သည်။
အက်စ်အက်စ်အက်စ် အဆင့် ဂိုးလ်တစ်ဦး၊ အက်စ်အက်စ် အဆင့် ဂိုးလ်နှစ်ဦးတို့ကို ရင်ဆိုင်ရသဖြင့် ဆုရှောင်ကိုယ်တိုင်လည်း ဖိအားများကို ခံစားနေရသည်။ အက်စ် အဆင့် ဂိုးလ်ဖြစ်သော ဝူတောင်ရွှမ်တူးကိုမူ သူ လုံးဝ အရေးမစိုက်ပေ။ အက်စ် အဆင့် ဂိုးလ်များကို သူ အလွယ်တကူ အနိုင်ယူနိုင်ကြောင်း သေချာနေပြီး အက်စ်အက်စ် အဆင့်ဆိုလျှင်လည်း ပြဿနာမရှိနိုင်ဟု ယုံကြည်ထားသည်။ အစွမ်းအထက်ဆုံးဖြစ်သော အက်စ်အက်စ်အက်စ် အဆင့်နှင့်မူ တစ်ခါမျှ မတိုက်ခိုက်ဖူးသေးသဖြင့် အတိအကျ မပြောနိုင်သေးပေ။ သူ၏ရှေ့မှောက်ရှိ ဤလူများကို သတ်ဖြတ်နိုင်ခြင်း ရှိ၊ မရှိကိုတော့ လက်တွေ့စမ်းသပ်ကြည့်မှသာ သိနိုင်မည်ဖြစ်သည်။ ပြိုင်ဘက် မဟုတ်လျှင်တောင် သူ ထွက်ပြေးလွတ်မြောက်နိုင်ပြီး ထိုသူများက သူ့ကို ဖမ်းဆီးနိုင်မည်မဟုတ်ကြောင်း ယုံကြည်မှု အပြည့်အဝ ရှိသည်။ [နဂါးသတ်ဓား] ကို မြေပြင်သို့ စောင်းချထားလျက် ဆုရှောင်သည် အအိုဂီရိသစ်ပင်အဖွဲ့ဝင်များဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
အဝေးရှိ စာချုပ်ချုပ်ဆိုသူများ အားလုံး၏ စိတ်ထဲတွင် ဆုရှောင် ရူးသွပ်နေပြီဟုသာ ထင်မှတ်နေကြသည်။ ဂိုးလ်ကမ္ဘာ၏ အမြင့်ဆုံးစွမ်းအားရှင်ဖြစ်သော ကောင်းကွေ့ချွမ်ကို ထိပ်တိုက်ရင်ဆိုင်မည်တဲ့လား။ ထို့အပြင် အခြားဂိုးလ်များလည်း ရှိနေသေးသည်။ စာချုပ်ချုပ်ဆိုသူ အများအပြားသည် ဆက်လက်၍ မတွေဝေရဲတော့ဘဲ ချက်ချင်း ထွက်ပြေးကုန်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူစုကွဲသွားကြသည်။ သူတို့သည် ဆက်လက်ကြည့်ရှုရန် မဝံ့ရဲကြတော့ပေ။ အကယ်၍ ဆုရှောင် ရှုံးနိမ့်သွားပါက သူတို့လည်း သေဆုံးမည်ဖြစ်ပြီး ဆုရှောင် အနိုင်ရလျှင်ပင် သူတို့အတွက် အန္တရာယ်ရှိနိုင်သေးသည်။ အအိုဂီရိသစ်ပင်အဖွဲ့ဝင်များသည် ထွက်ပြေးသွားသော စာချုပ်ချုပ်ဆိုသူများကို သတိပြုမိသော်လည်း တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှုထားလိုက်ကြသည်။
"ရွှမ်တူး၊ သူ့ကို သတ်လိုက်"
တိုတိုလျန်သည် အအိုဂီရိသစ်ပင်အဖွဲ့တွင် ရာထူးပိုမြင့်သဖြင့် ဝူတောင်ရွှမ်တူးကို ဆုရှောင်အား သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။ ဝူတောင်ရွှမ်တူးသည် ပုန်ကန်တတ်သော လူငယ်လေးပီပီ တိုတိုလျန်၏ အမိန့်ကို မငြင်းဆန်သော်လည်း မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။
"လူသား... ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေလို့ မင်းကို ငါ့ဆီကနေ ထွက်သွားဖို့ အခွင့်အရေး ပေးလိုက်မယ်"
ဂိုးလ်အချို့သည် ဆုရှောင်၏ စွမ်းအားကို အတော်အသင့် ကောင်းမွန်မည်ဟု ခန့်မှန်းထားသော်လည်း သူ့ကို သိပ်ပြီး အလေးမထားကြပေ။ အဓိကအကြောင်းရင်းမှာ ဆုရှောင်၏ လက်ထဲတွင် ကွင်ကေး မရှိဘဲ သာမန် ဓားတစ်လက်သာ ရှိနေသောကြောင့် ဖြစ်သည်။ ကွင်ကေး ဆိုသည်မှာ စီစီဂျီ မှ ဂိုးလ်များကို တိုက်ခိုက်ရာတွင် အသုံးပြုသော အဓိကလက်နက်ဖြစ်ပြီး စီစီဂျီ ၏ သုတေသနခန်းခွဲများမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းမှာ ဂိုးလ်များ၏ ကာဂူနဲအိတ်ပင် ဖြစ်သည်။ ဆုရှောင်သည် စကားမပြောဘဲ ဆက်လက်၍ ဖြည်းညှင်းစွာ ရှေ့တိုးသွားသည်။ ရန်သူများ၏ အထင်သေးမှုသည် သူ့အတွက် အားသာချက်တစ်ခု ဖြစ်သည်။
"ချီးပဲ၊ မင်းက သေချင်နေမှတော့ ငါကိုယ်တိုင် သေမင်းဆီ ပို့ပေးမယ်"
ပုန်ကန်တတ်သော လူငယ်လေး ဝူတောင်ရွှမ်တူး၏ ကာဂူနဲများ ထွက်ပေါ်လာသည်။ သူ၏ ဘယ်ဘက်နောက်ကျောတွင် ပုံသဏ္ဌာန် မမှန်သော တောင်ပံတစ်ဖက် ပေါ်လာသည်။ ဤတောင်ပံသည် သူ၏ ကာဂူနဲဖြစ်သော 'ယူကာကူ' ဖြစ်သည်။ ယူကာကူ အမျိုးအစား ဂိုးလ်များ၏ ထူးခြားချက်မှာ အမြန်နှုန်း မြင့်မားခြင်းဖြစ်သည်။ ပေါက်ကွဲအား အလွန်ကောင်းမွန်ပြီး အများစုမှာ အဝေးပစ်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ သို့သော် အားနည်းချက်တစ်ခုလည်း ရှိသည်။ ၎င်းမှာ ခံနိုင်ရည်အား နည်းပါးခြင်းပင် ဖြစ်သည်။ တိုက်ပွဲစစချင်းတွင် ရန်သူကို လျင်မြန်စွာ အဆုံးမသတ်နိုင်ပါက ယူကာကူ ဂိုးလ်များသည် အများအားဖြင့် လျင်မြန်စွာ ရှုံးနိမ့်သွားတတ်ကြသည်။ ဝူတောင်ရွှမ်တူးသည် မာနကြီးသော်လည်း မိုက်မဲသူ မဟုတ်ပေ။ ဆုရှောင်သည် အနီးကပ်တိုက်ခိုက်မှုတွင် ထူးချွန်မည်ဟု မြင်သည်နှင့် ဝူတောင်ရွှမ်တူးသည် ဆုရှောင်အနီးသို့ မကပ်ပေ။ ဝူတောင်ရွှမ်တူး၏ ကျောဘက်ရှိ ကာဂူနဲများ ဖြန့်ကျက်သွားပြီး သိပ်သည်းလှသော အနီရောင်စိန်ပွင့်ပုံဆောင်ခဲများသည် ဆုရှောင်ဆီသို့ အရှိန်ပြင်းစွာဖြင့် ပစ်လွှတ်လာသည်။
"ရွှီး..."
လေခွင်းသံများ ထွက်ပေါ်လာခြင်းကို ကြည့်ခြင်းအားဖြင့် ထိုစိန်ပွင့်ပုံဆောင်ခဲများ၏ တိုက်ခိုက်မှုစွမ်းအားမှာ မသေးလှကြောင်း သိသာသည်။ ဆုရှောင်သည် ခြေလှမ်းရပ်တန့်လိုက်ပြီး အမည်းရောင် မျက်ဝန်းများဖြင့် အရှိန်ပြင်းစွာ ပျံသန်းလာသော အနီရောင်စိန်ပွင့်ပုံဆောင်ခဲများကို စိုက်ကြည့်လိုက်သည်။ သူ၏ စူးစိုက်ကြည့်ရှုမှုနှင့်အတူ လျင်မြန်စွာ ပျံသန်းလာသော အနီရောင်စိန်ပွင့်ပုံဆောင်ခဲများသည် သူ၏အမြင်တွင် တဖြည်းဖြည်း နှေးကွေးသွားသည်။ အမြန်နှုန်းစွမ်းရည် တိုးတက်လာခြင်းက သူ၏ လှုပ်ရှားမှုအမြင်အာရုံ (Dynamic Vision) ကို များစွာ တိုးတက်စေခဲ့သည်။ လက်ထဲမှ ဓားဖြင့် ဆက်တိုက် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းတန်းများသည် လေထုထဲတွင် အဖြူရောင်မျဉ်းကြောင်းများအဖြစ် ထင်ကျန်ရစ်ခဲ့သည်။
"ဒေါင်၊ ဒေါင်၊ ဒေါင်..."
သူ့ရှေ့သို့ အရှိန်ပြင်းစွာ ရောက်ရှိလာသော ပုံဆောင်ခဲများ အားလုံးကို သူက ခုတ်ချိုးပစ်လိုက်ရာ လေထုထဲတွင် အမှုန့်များအဖြစ် လွင့်စင်သွားလေသည်။ မိမိ၏ တိုက်ခိုက်မှုများကို ဆုရှောင်က ဤမျှ အလွယ်တကူ ကာကွယ်နိုင်လိမ့်မည်ဟု ဝူတောင်ရွှမ်တူး ထင်မထားခဲ့သဖြင့် အံ့သြသွားသည်။ ဝူတောင်ရွှမ်တူး အံ့အားသင့်နေသည့် တစ်ခဏအတွင်းမှာပင် ဆုရှောင်သည် ရုတ်တရက် အရှိန်တင်လိုက်ပြီး သုံးလှမ်းကို နှစ်လှမ်းပေါင်းကာ ဝူတောင်ရွှမ်တူး၏ ရှေ့သို့ ရောက်ရှိသွားသည်။
"မြန်လိုက်တာ"
ဝူတောင်ရွှမ်တူး၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ ဆုတ်ရန် ကြိုးစားလိုက်သည်။ သူသည် နောက်သို့ ခုန်ဆုတ်မည့် အနေအထားကို ပြင်ဆင်လိုက်သော်လည်း ခြေထောက်များ မြေပြင်မှ မခွာရသေးပေ။ ဆုရှောင်ကဲ့သို့ အနီးကပ်သမားတစ်ယောက် အနားကပ်လာသည်ကို ထိုမျှ အလွယ်တကူ ထွက်ပြေးနိုင်မည်ဟု ထင်နေသလား။ လုံးဝ မဖြစ်နိုင်ပေ။ ဆုရှောင်သည် ရှေ့သို့ ခြေတစ်လှမ်း ခုန်တိုးလိုက်ပြီး ဝူတောင်ရွှမ်တူး၏ ခြေသလုံးရိုးကို အားကုန် ကန်ချလိုက်သည်။ ခြေသလုံးရိုးမှာ မာကျောသော်လည်း အလွန် ကျိုးလွယ်သည်။
"ဖြောက်..."
ကြက်သီးထဖွယ် အရိုးကျိုးသံ ထွက်ပေါ်လာပြီး ဝူတောင်ရွှမ်တူး၏ ခြေသလုံးရိုးသည် ဆန့်ကျင်ဘက်သို့ ချိုးကွေ့သွားကာ V ပုံသဏ္ဍာန် ဖြစ်သွားသည်။ ဖြူစွတ်နေသော အရိုးကျိုးစများပင် အသားကို ဖောက်ထွက်လာသည်။ ဝူတောင်ရွှမ်တူးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ဆုတ်မည့် ခြေလှမ်းများ ပျက်ယွင်းသွားကာ နောက်သို့ ယိမ်းယိုင်လဲကျသွားသည်။ ဆုရှောင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး လက်ထဲမှ ဓားဖြင့် ဝူတောင်ရွှမ်တူး၏ လည်ချောင်းကို သနားညှာတာမှု ကင်းမဲ့စွာ ခုတ်ပိုင်းချလိုက်သည်။ ဤသည်မှာ ဆုရှောင်၏ တိုက်ခိုက်မှုဟန်ပင် ဖြစ်သည်။ မတိုက်ခိုက်လျှင် နေမည်၊ တိုက်ခိုက်ပြီဆိုလျှင် ရန်သူ၏ အသက်အန္တရာယ်ရှိသော နေရာများကိုသာ ဦးတည်တိုက်ခိုက်လေ့ရှိသည်။ [နဂါးသတ်ဓား] သည် ဝူတောင်ရွှမ်တူး၏ လည်ချောင်းကို မခုတ်ပိုင်းရသေးမီမှာပင် ဝူတောင်ရွှမ်တူးသည် လည်ချောင်းတွင် အပ်နှင့်ထိုးခံရသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ ဓားထိမှန်သွားပါက သေချာပေါက် သေဆုံးမည်ဖြစ်သည်။
ဝူတောင်ရွှမ်တူး အလွန် နောင်တရသွားသည်။ သူသည် အလွန် မိုက်မဲလွန်းခဲ့သည်။ အကြောင်းမသိသော ရန်သူတစ်ဦးကို သတိထားရန် လုံးဝ မေ့လျော့နေခဲ့သည်။ ဝူတောင်ရွှမ်တူး အသက်ဆုံးရှုံးရတော့မည့် အချိန်တွင် ကြီးမားတုတ်ခိုင်သော ကာဂူနဲတစ်ခုသည် သူ၏ရှေ့သို့ ကာဆီးလာသည်။ ထိုကာဂူနဲမှာ အလွန် ကြီးမားတုတ်ခိုင်ပြီး ထိပ်ဖျားတွင် အစွယ်ပုံသဏ္ဍာန် အရိုးများ ပါရှိသည်။ ၎င်းမှာ ယဲ့လွီ၏ ကာဂူနဲပင် ဖြစ်သည်။ ဆုရှောင်၏ ဓားချက်ကို ထိုမျှ အလွယ်တကူ တားဆီးနိုင်မည်ဟု ထင်နေသလား။ ယဲ့လွီ၏ ကာဂူနဲသည် တစ်ဝက်ခန့် ပြတ်တောက်သွားပြီး [နဂါးသတ်ဓား] သည် ကာဂူနဲထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။
ဆုရှောင် ဆက်လက် အားပြုလိုက်သော်လည်း ရော်ဘာကို ခုတ်ပိုင်းရသကဲ့သို့ ခံစားရပြီး ဆက်လက်၍ ပြင်းထန်သော ဒဏ်ရာကို မဖြစ်စေနိုင်တော့ပေ။ [သံမဏိပြာအရိပ်] အသက်ဝင်လာပြီး အပြာရောင်အလင်းတန်း စွမ်းအင်များသည် ယဲ့လွီ၏ ကာဂူနဲ ဒဏ်ရာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ အဝေးတွင်ရှိသော ယဲ့လွီသည် ညည်းတွားသံ တစ်ချက် ပြုလိုက်ပြီး ကာဂူနဲကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ဆုရှောင်သည် ယဲ့လွီ၏ အကြောင်းကို အနည်းငယ် သိရှိထားသည်။ ဤကောင်သည် အလွန် အစွမ်းထက်သည်။ ခန္ဓာကိုယ် တစ်ခုလုံး၏ ဖွဲ့စည်းပုံမှာ ကာဂူနဲနှင့် နီးပါး တူညီသဖြင့် မသေနိုင်လုနီးပါး ပြင်းထန်သော အနာကျက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
သေဘေးမှ သီသီလေး လွတ်မြောက်လာသော ဝူတောင်ရွှမ်တူးသည် အသက်ကို ပြင်းပြင်းရှူနေရသည်။ စောစောက ဆုရှောင် ဓားခုတ်ချလိုက်သော တစ်ခဏတွင် သူ သေချာပေါက် သေပြီဟု ထင်မှတ်ခဲ့မိသည်။ ဤတစ်ကြိမ်တွင်မူ ပြုံးရွှင်နေသော ဆုရှောင်ကို မည်သူကမျှ အထင်မသေးရဲတော့ပေ။ တိုတိုလျန်နှင့် အခြားသူများသည် ရှေ့သို့ တိုးလာကြပြီး ဝိုင်းရံထားလိုက်ကြသည်။
အခန်း (၃၈) ပြိုင်ဘက်
"နှမြောစရာပဲ၊ ရတနာသေတ္တာ နောက်တစ်လုံးရမယ် ထင်နေတာ" ဆုရှောင်သည် လက်ထဲမှ ဓားဖြင့် မြေပြင်ကို ခပ်ဖွဖွ ခေါက်လိုက်သည်။ သွေးများပေကျံနေသော ကိုယ်အထက်ပိုင်း ဗလာကျင်းနေသည့် သူ၏ရင်အုပ်ကို ကြည့်လိုက်လျှင် ထိုသွေးများသည် အလှပဂေးလေး လစ်ရှီးထံမှ သွေးများပင်ဖြစ်သည်။ စောစောက သူ လစ်ရှီး၏ ဝမ်းဗိုက်ကို ခွဲထုတ်လိုက်စဉ်က သွေးများစွာ ပန်းထွက်လာခဲ့ခြင်း ဖြစ်သည်။
"အိုက်ထဲ့ (အဲတို)၊ သူ့ကို ဆွဲထားလိုက်” တိုတိုလျန်၏ အသံမှာ ဩရှရှဖြစ်နေသည်။ အအိုဂီရိသစ်ပင်အဖွဲ့တွင် သူသည် ကောင်းကွေ့ချွမ်၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို သိရှိသော လူနည်းစုထဲမှ တစ်ဦး ဖြစ်သည်။
"မင်းတို့ ရှန်းတိုက်လစ်ရှီးကို အရင် ခေါ်သွားကြ" ကောင်းကွေ့ချွမ်သည် ဆုရှောင်ကို စိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် အလွန်လေးနက်သော အရိပ်အယောင်များ ရှိနေသည်။ တိုတိုလျန်သည် မျက်မှောင်ကြုတ်သွားသည်။
"အဲဒီလောက် လုပ်ဖို့ လိုလို့လား”
"လိုတယ်၊ ဒီလူသားက လုံးဝကို ဘီလူးတစ်ကောင်ပဲ” ကောင်းကွေ့ချွမ်သည် သူမ၏ အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများဖြင့် ရစ်ပတ်ထားပြီး ဆုရှောင်နှင့် အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်နေပုံရသည်။
"နားလည်ပြီ၊ ငါတို့ သွားမယ်... ရွှမ်တူး၊ ယဲ့လွီ"
တိုတိုလျန်သည် ဆက်လက်၍ မတွေဝေတော့ပေ။ ဝူတောင်ရွှမ်တူး ရှိနေသဖြင့် ကောင်းကွေ့ချွမ်သည် သူမ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ဖော်ပြရန် အဆင်မပြေပေ။ ယဲ့လွီမှာမူ ကောင်းကွေ့ချွမ်၏ လျှို့ဝှက်ချက်ကို သိရှိထားပြီး သူသည် ကောင်းကွေ့ချွမ်၏ မွေးစားဖခင်ပင် ဖြစ်သည်။
"ဟေ့၊ ငါတို့က ဒီလိုပဲ ခွေးပြေးဝက်ပြေး ထွက်ပြေးကြတော့မှာလား၊ ဒီကောင်က ပီဟူကိုတောင် သတ်ထားတာနော်"
ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော ဝူတောင်ရွှမ်တူးသည် အလွန် မကျေမနပ် ဖြစ်နေသည်။ စောစောက ဆုရှောင်သည် သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သည်ပင်။ တိုတိုလျန်သည် စကားမပြောဘဲ ဝူတောင်ရွှမ်တူးကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ဝူတောင်ရွှမ်တူးသည် ထိုအကြည့်ကို ခံရသောအခါ အနည်းငယ် နေရခက်သွားပြီး နောက်ဆုံးတွင် မကျေမနပ် နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွားလေသည်။
"ခွပ်..." မှန်ကွဲသံ ထွက်ပေါ်လာပြီး လူအားလုံး၏ အကြည့်များသည် အသံလာရာဆီသို့ ရောက်သွားကြသည်။ လစ်ရှီးသည် ဒဏ်ရာ အနည်းငယ် သက်သာလာပြီးနောက် ပြတင်းပေါက်မှ ခုန်ချထွက်ပြေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဤနေရာသည် မြေပြင်မှ ဆယ်မီတာကျော် မြင့်မားသော်လည်း လစ်ရှီးသည် အခြေအနေ အရပ်ရပ်ကြောင့်သာ ခုန်ချရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အအိုဂီရိသစ်ပင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပါက သေဆုံးမည်မဟုတ်သော်လည်း အခြေအနေကောင်းမည်တော့ မဟုတ်ပေ။ ဆုရှောင်၏ ဖမ်းဆီးခြင်းကို ခံရပါကမူ သေချာပေါက် သေဆုံးမည်ဖြစ်သည်။ ထို့ကြောင့် လစ်ရှီးသည် ပြတင်းပေါက်မှ ခုန်ချရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"ဘုန်း..."
အောက်ထပ်မှ ကျယ်လောင်သော အသံ ထွက်ပေါ်လာပြီးနောက် ကားအချက်ပေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ဆုရှောင်သည် ဤနေရာရှိ လူများကို ဆက်လက်၍ အရေးမစိုက်တော့ဘဲ ပြတင်းပေါက်အနီးသို့ အမြန်ပြေးသွားရာ ခြေလှမ်းယိုင်နဲ့နေသော ရှန်းတိုက်လစ်ရှီးကို တွေ့လိုက်ရသည်။ လစ်ရှီးသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း အံကြိတ်ကာ ဝေးရာသို့ ထွက်ပြေးသွားပြီး မှောင်မည်းနေသော လမ်းကြားလေးတစ်ခုထဲတွင် ပျောက်ကွယ်သွားလေသည်။
ထွက်ပြေးသွားပြီ၊ လက်ဝယ်ရရှိထားသော သားကောင် ထွက်ပြေးသွားပြီဖြစ်သည်။ ဆုရှောင်၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လက်ထဲမှ [နဂါးသတ်ဓား] ၏ ဓားရိုးကို အသံမြည်သည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ငါတို့... ဒီကောင့်ကို ဒေါသထွက်အောင် လုပ်မိသွားပြီ ထင်တယ်"
ဝူတောင်ရွှမ်တူးသည် အကြောင်းရင်းမရှိဘဲ ရင်ထဲတွင် အေးစက်မှုကို ခံစားလိုက်ရပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ ဆုတ်လိုက်သော်လည်း ခြေသလုံးမှ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာသည်။ ဆုရှောင်သည် အခန်းထဲရှိ လူများကို အေးစက်စွာ ကြည့်လိုက်ပြီး နဖူးပေါ်တွင် သွေးကြောများ ထောင်ထနေသည်။ ရှန်းတိုက်လစ်ရှီးကို မသတ်နိုင်လျှင်တောင် သူမ၏ ကာဂူနဲအိတ်ကို ရရှိမည်ဆိုပါက ကြီးမားသော ဆုကြေးငွေ ရရှိမည်မှာ သေချာလှသည်။ သို့သော် အအိုဂီရိသစ်ပင်အဖွဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့် လက်ဝယ်ရရှိထားသော အကျိုးအမြတ်များသည် 'ပြတင်းပေါက်မှ ခုန်ချ' သွားခဲ့လေပြီ။
"သူမ ထွက်ပြေးသွားပြီဆိုတော့ မင်းက သူမနေရာမှာ အစားထိုးပေးရလိမ့်မယ်၊ ဖန်းချွမ်းအိုက်ထဲ့” ဆုရှောင်က ဖန်းချွမ်းအိုက်ထဲ့၏ နာမည်ကို ခေါ်လိုက်သောအခါ အခန်းထဲရှိ လူသုံးယောက် မျက်နှာပျက်သွားကြသည်။ ဝူတောင်ရွှမ်တူး တစ်ယောက်သာလျှင် အူကြောင်ကြောင် ဖြစ်နေသည်။ သူသည် ဤနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
"လူတွေကို ခေါ်သွားလိုက်” ကောင်းကွေ့ချွမ်၏ အသံမှာ အေးစက်နေပြီး အစောပိုင်းက ကလေးအသံမျိုး မဟုတ်တော့ပေ။ ယဲ့လွီ၏ နောက်ကျောမှ ကာဂူနဲများ ရုတ်တရက် ထွက်ပေါ်လာပြီး ကာဂူနဲထိပ်ရှိ အစွယ်များဖြင့် ဝူတောင်ရွှမ်တူးကို ညှပ်ယူလိုက်သည်။
"ယဲ့လွီ၊ မင်း ဘာလုပ်တာလဲ၊ ငါ့ကို လွှတ်စမ်း” ဝူတောင်ရွှမ်တူးသည် အကြိမ်အနည်းငယ် ရုန်းကန်လိုက်သော်လည်း စွမ်းအားကွာဟမှု ကြီးမားလွန်းသဖြင့် မရုန်းထွက်နိုင်ခဲ့ပေ။ ယဲ့လွီသည် အပေါ်သို့ ခုန်တက်လိုက်ပြီး အစောပိုင်းက လစ်ရှီး ဝင်တိုက်သွားသော လသာဆောင် ပြတင်းပေါက်မှ ခုန်ဆင်းသွားသည်။ လစ်ရှီးကို လိုက်လံရှာဖွေရန် သွားခြင်း ဖြစ်ပုံရသည်။
"ကူညီပေးဖို့ လိုသေးလား"
တိုတိုလျန်သည် ဆုရှောင်၏ စွမ်းအားကို အနည်းငယ် စိုးရိမ်နေသည်။ ဤမျှ စွမ်းအားကြီးမားသော သန့်စင်သည့် လူသားမျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ဂိုးလ်များ၏ အနံ့ခံအာရုံသည် အလွန်ထက်မြက်ပြီး တိရစ္ဆာန်အများစုထက်ပင် ပို၍ ထက်မြက်ကြသည်။ ဆုရှောင်၏ ခန္ဓာကိုယ်မှ အနံ့ကို ရှူရှိုက်မိခြင်းဖြင့် တိုတိုလျန်သည် ဆုရှောင်မှာ သန့်စင်သော လူသားစစ်စစ်ဖြစ်ကြောင်း၊ အလွန်အမင်း သန့်စင်လွန်းသဖြင့် သူ့ကိုပင် အံ့အားသင့်စေကြောင်း သိရှိလိုက်သည်။ ဂိုးလ်ကမ္ဘာရှိ သာမန်လူသားများ၏ ခန္ဓာကိုယ်ထဲတွင်လည်း အာစီ ဆဲလ် အနည်းငယ် ပါဝင်လေ့ရှိသည်။ ဂိုးလ်များသည် အာစီ ဆဲလ် သိပ်သည်းဆကို ကြည့်ကာ ထိုသူသည် လူသား သို့မဟုတ် ဂိုးလ် ဖြစ်ကြောင်း ခွဲခြားကြသည်။ သို့သော် ဆုရှောင်၏ ခန္ဓာကိုယ်တွင်မူ အာစီ ဆဲလ် အနံ့ အနည်းငယ်မျှပင် မရှိပေ။ လုံးဝကို မရှိခြင်း ဖြစ်သည်။
"မလိုဘူး၊ မင်း ရှန်းတိုက်လစ်ရှီးကို သွားလိုက်ရှာ၊ သူမက ငါ့အတွက် အရမ်းအရေးကြီးတယ်၊ ရွေးချယ်ထားတဲ့ ပစ်မှတ်တွေထဲမှာ သူမက အကောင်းဆုံးပဲ" ဝူတောင်ရွှမ်တူးကို အတင်းအကျပ် ခေါ်ဆောင်သွားပြီးနောက် ကောင်းကွေ့ချွမ်သည် သူမ၏ အစစ်အမှန် အသံကို ဖုံးကွယ်မထားတော့ပေ။
"စီစီဂျီ က လူတွေ ရောက်လာတော့မယ်၊ လက်အောက်ငယ်သားတွေက အကြာကြီး တားထားနိုင်မှာ မဟုတ်ဘူး၊ မြန်မြန် အဆုံးသတ်လိုက်" တိုတိုလျန်သည် ပြတင်းပေါက်မှ ခုန်ထွက်သွားပြီး အခန်းထဲတွင် ဆုရှောင်နှင့် ကောင်းကွေ့ချွမ် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
"မင်းက ဘယ်သူလဲ၊ ငါ့ရဲ့ နာမည်အစစ်ကို ဘယ်လိုလုပ် သိနေတာလဲ" ကောင်းကွေ့ချွမ်သည် အသက် ၂၅ နှစ် ရှိပြီဖြစ်သော်လည်း ခန္ဓာကိုယ်မှာ သေးသွယ်ပြီး အရပ် ၁.၅ မီတာခန့်သာ ရှိသည်။ ကောင်းကွေ့ချွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ကာဂူနဲအိတ်များ စတင် လှုပ်ရှားလာသည်။ 'ခေါင်းဆောင်' ဖြစ်သူ သူမ၏ ခန္ဓာကိုယ်ထဲတွင် ကာဂူနဲအိတ် ၁၀ ခု ပါရှိသည်။ ကာဂူနဲများ ထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကွေ့ချွမ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ပတ်တီးများ အနည်းငယ် လျော့ရဲသွားသည်။
"ပိုင်ယဲ့" ဆုရှောင်၏ တိုတောင်းသော အဖြေကြောင့် ကောင်းကွေ့ချွမ် အံ့အားသင့်သွားသည်။
"ဘာ..." ဆုရှောင်သည် စကားထပ်မပြောတော့ဘဲ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ အနည်းငယ် ဖောင်းကြွလာကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ များပြားလှသော ကာဂူနဲများသည် ကောင်းကွေ့ချွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာပြီး သူမကို လွှမ်းခြုံသွားသည်။ သွေးရောင် ကာဂူနဲများ လှုပ်ရှားသွားပြီးနောက် မကြာမီမှာပင် ဆုရှောင်သည် ကောင်းကွေ့ချွမ်၏ မူလခန္ဓာကိုယ်ကို မမြင်ရတော့ပေ။
ဆုရှောင်၏ ရှေ့တွင် ပေါ်လာသည်မှာ အရပ် ၂.၅ မီတာအထက် ရှိသော ဘီလူးတစ်ကောင်ဖြစ်သည်။ ဖြူရော်ရော် လက်သည်းနှစ်ခုက မြေကြီးကို ထောက်ထားပြီး နောက်ကျောတွင် ပန်းပွင့်သဏ္ဍာန်ကဲ့သို့ အလယ်ဗဟိုမှ ဖြာထွက်နေသော ချွန်ထက်သည့် အရာများ ရှိနေသည်။ ထိုအရာများသည် ကာဂူနဲများ စုစည်းထားခြင်းဖြစ်ပြီး ခိုင်မာသော ကာကွယ်မှုစွမ်းအားရှိသလို တိုက်ခိုက်နိုင်စွမ်းလည်း ရှိသည်။ ယခုအခါ ကောင်းကွေ့ချွမ်၏ အသွင်သဏ္ဍာန်သည် သာမန်ဂိုးလ်တစ်ဦးနှင့် မတူတော့ပေ။ သူမ၏ လက်ရှိ အသွင်အပြင်မှာ 'ကာကူဂျာ' (ဟယ်ကျဲ့) ဖြစ်သည်။ ကာကူဂျာ နှင့် သာမန်ဂိုးလ်များသည် မတူညီကြပေ။ ကာကူဂျာ ဖြစ်တည်လာမှုမှာ အလွန် ရက်စက်ကြမ်းကြုတ်ပြီး အခြားသော ဂိုးလ်များစွာကို စားသုံးပြီးမှသာ ကာကူဂျာ ဖြစ်လာနိုင်ခြင်းဖြစ်သည်။ ကောင်းကွေ့ချွမ်သည်လည်း ယခုကဲ့သို့ အသွင်သဏ္ဍာန် ရရှိရန် မည်မျှ စွမ်းအားကြီးမားသော ဂိုးလ်များကို စားသုံးခဲ့ရသည် မသိနိုင်ပေ။
"ဟာ..."
ကာကူဂျာ အသွင်ပြောင်းထားသော ကောင်းကွေ့ချွမ်သည် သွေးစွန်းနေသည့် ပါးစပ်ကို ဟကာ အနီရောင် မြူခိုးများကို မှုတ်ထုတ်လိုက်သည်။
"ဟားဟားဟား၊ မင်းလို သန့်စင်တဲ့ လူသားမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ အရမ်း အရသာရှိမှာပဲ” ကောင်းကွေ့ချွမ်၏ စိတ်နေသဘောထား အကြီးအကျယ် ပြောင်းလဲသွားပြီး လေသံမှာ အနည်းငယ် ရူးသွပ်နေပုံရသည်။ ကာကူဂျာများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အများအားဖြင့် မတည်ငြိမ်ကြပေ။ ခန္ဓာကိုယ်ထဲတွင် အာစီ ဆဲလ်များ အမြောက်အမြား ပြည့်နှက်နေပြီးနောက် မူလကတည်းက အလွန် ကြမ်းတမ်းသော အာစီ ဆဲလ်များသည် ဂိုးလ်များ၏ ဦးနှောက်ကို လွှမ်းမိုးသွားတတ်သည်။ ကောင်းကွေ့ချွမ်သည် သူမ၏ စိတ်ခံစားချက်များကို ကောင်းစွာ ထိန်းချုပ်နိုင်သော်လည်း စရိုက်လက္ခဏာမှာမူ အလွန် ပွင့်လင်းလွတ်လပ်လာသည်။ ဆုရှောင် သတိထားလိုက်သည်။ အကယ်၍ စောစောက ကောင်းကွေ့ချွမ် ပေးသော ဖိအားသည် ၅ ဖြစ်ပါက ယခုအခါ အနည်းဆုံး ၁၃ ခန့် ရှိမည်ဖြစ်သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ တိုက်ပွဲဝင်ရာတွင် ဒေါသကြောင့် စိတ်အာရုံ လွင့်ပါးသွား၍ မဖြစ်ပေ။
"စွမ်းအားက အများကြီး တိုးလာတယ်၊ ပြီးတော့ စရိုက်လက္ခဏာလည်း အများကြီး ပြောင်းလဲသွားတာပဲ” ဆုရှောင်သည် တည့်တည့် တိုးမသွားဘဲ ဘေးသို့ ရွေ့လျားကာ ကောင်းကွေ့ချွမ်ကို စက်ဝိုင်းပုံစံ ပတ်နေလိုက်သည်။ ဆုရှောင် အကွာအဝေး တစ်ခုသို့ ရောက်သွားတိုင်း ကောင်းကွေ့ချွမ်သည် ခန္ဓာကိုယ်ကို လှည့်ကာ သူ့ကို အမြဲ မျက်နှာမူထားသည်။
ဆုရှောင်က ရှေ့သို့ ပြေးဝင်မည့်ဟန် ပြုလိုက်ရာ ကောင်းကွေ့ချွမ်၏ လက်သည်းများ မြောက်တက်လာပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ဆုရှောင်သည် ရှေ့သို့ ပြေးမဝင်ခဲ့ပေ။ မူလက ရှေ့သို့ ပြေးဝင်မည့် အနေအထားမှ ရုတ်တရက် ရပ်တန့်သွားပြီး လှည့်စားလိုက်ပြီးနောက် အခွင့်အရေးကို ဆက်လက် စောင့်ဆိုင်းနေသည်။ ကောင်းကွေ့ချွမ်သည် စိတ်မရှည်တော့ဘဲ သွေးစွန်းနေသော ပါးစပ်ကို ဟကာ အော်ဟစ်လိုက်ပြီး ခြေလေးချောင်းဖြင့် ဆုရှောင်ဆီသို့ ခုန်ဝင်လာသည်။ ကာကူဂျာ အသွင်ပြောင်းထားသော ကောင်းကွေ့ချွမ်၏ အမြန်နှုန်းမှာ မမြန်လှသော်လည်း အရှိန်အဝါမှာမူ သံချပ်ကာ ကားတစ်စီးကဲ့သို့ အလွန် ပြင်းထန်လှသည်။
လေပြင်းများ မျက်နှာကို ရိုက်ခတ်လာသည်။ ဆုရှောင်၏ အရှေ့သို့ ရောက်သောအခါ ကောင်းကွေ့ချွမ်၏ ခန္ဓာကိုယ်သည် မတ်တပ်ရပ်သွားပြီး ဖြူရော်ရော် လက်သည်းတစ်ဖက်က ဆုရှောင်ဆီသို့ လှမ်းဆွဲလာသည်။ သူ၏ ခေါင်းကို ဆွဲယူရန် ရွယ်လိုက်ခြင်း ဖြစ်သည်။ ဆုရှောင်၏ ခန္ဓာကိုယ်သည် ဘေးသို့ တိမ်းရှောင်သွားပြီး ချွန်ထက်သော လက်သည်းများသည် သူ၏ နားရွက်ဘေးမှ ပွတ်တိုက်သွားကာ ပါလာသော လေပြင်းများက သူ၏ အနက်ရောင်ဆံနွယ် များကို လွင့်ပျံသွားစေသည်။ ဆုရှောင်သည် ကောင်းကွေ့ချွမ်၏ လက်သည်းများကို ရှောင်တိမ်းပြီးသည်နှင့် ကောင်းကွေ့ချွမ်၏ ပခုံးပေါ်ရှိ ဓားကဲ့သို့ ထက်မြက်သော ကာဂူနဲများသည် သူ့ဆီသို့ ခုတ်ပိုင်းလာပြန်သည်။ ရှောင်လွှဲ၍ မရနိုင်တော့သဖြင့် ဆုရှောင်သည် ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ်လိုက်သည်။ လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ကာ ဆုရှောင်သည် ကောင်းကွေ့ချွမ်၏ ကာဂူနဲကို ခုတ်ချလိုက်သည်။
"ဘုန်း..."
ကျယ်လောင်သော အသံ ထွက်ပေါ်လာပြီး သူတို့နှစ်ဦး ခြေအောက်ရှိ ကြွေပြားများ အများအပြား ကွဲကြေသွားကာ ဖုန်မှုန့်များ လွင့်စင်လာသည်။ လက်ထဲမှ ဖြတ်သန်းလာသော ကြီးမားသည့် တွန်းကန်အားကြောင့် ဆုရှောင်၏ မျက်နှာ ပျက်သွားသော်လည်း နောက်ဆက်တွဲ အခြေအနေများက သူ့ကို အံ့အားသင့်စေခဲ့သည်။ [နဂါးသတ်ဓား] ၏ မျက်နှာပြင်ပေါ်ရှိ အပြာရောင်အလင်းတန်းများ လှုပ်ရှားသွားပြီး [သံမဏိပြာအရိပ်] မှ ပြောင်းလဲထားသော အထူးစွမ်းအင်များသည် ကောင်းကွေ့ချွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ကောင်းကွေ့ချွမ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် နောက်သို့ ဆုတ်သွားသည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းကို ဆုရှောင် သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
ဓားကို မြှောက်ကာ ခုတ်ချလိုက်ရာ ကောင်းကွေ့ချွမ်၏ လက်သည်းတစ်ဖက် ပြတ်ထွက်သွားလေသည်။ ခန္ဓာကိုယ်ကို ထောက်ကန်ထားသော လက်သည်း ပြတ်ထွက်သွားသဖြင့် ကောင်းကွေ့ချွမ်၏ ခန္ဓာကိုယ်သည် ဘေးသို့ လဲကျသွားသည်။ ဆုရှောင်သည် နောက်ထပ် ဓားတစ်ချက် ခုတ်ချလိုက်ပြန်သည်။ ဤဓားချက်သည် ကောင်းကွေ့ချွမ်၏ နောက်ကျောကို ထိမှန်သွားပြီး ကာဂူနဲ အများအပြား ကွဲကြေသွားကာ လေထုထဲတွင် အမှုန့်များအဖြစ် လွင့်စင်သွားသည်။ အနီရောင် တောက်ပနေသော ကာဂူနဲ အပိုင်းအစများသည် လေထဲတွင် အလွန် လှပစွာ လွင့်ပျံနေသည်။
ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသဖြင့် ကောင်းကွေ့ချွမ်သည် အလွန် ဒေါသထွက်သွားပြီး ခန္ဓာကိုယ်ထဲတွင် အာစီ ဆဲလ်များ လောင်ကျွမ်းနေသည့် နာကျင်မှုကို အံကြိတ်ခံကာ ကျန်ရှိနေသော လက်သည်းတစ်ဖက်ဖြင့် ဆုရှောင်၏ ဝမ်းဗိုက်ကို လှမ်းဆွဲလိုက်သည်။ ဆုရှောင်သည် ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်သော်လည်း အနည်းငယ် နောက်ကျသွားသဖြင့် သူ၏ ဝမ်းဗိုက်ပေါ်တွင် နက်ရှိုင်းသော ကုတ်ရာ အနည်းငယ် ပေါ်လာပြီး သွေးများ မြေပြင်ပေါ်သို့ စီးကျလာသည်။ သူ၏ တုံ့ပြန်မှုမှာ အလွန် မြန်ဆန်နေပြီ ဖြစ်သည်။ အကယ်၍ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက ဤလက်သည်းချက်ကြောင့် သူ၏ အူများပင် အပြင်သို့ ထွက်ကျလာမည်ဖြစ်သည်။
"ဖူး... ဖူး..."
ကောင်းကွေ့ချွမ်သည် လက်တစ်ဖက်တည်းဖြင့် ခန္ဓာကိုယ်ကို ထောက်ထားရသည်။ သူမ၏ ရှေ့မှောက်ရှိ ပိုင်ယဲ့ အမည်ရသော အမျိုးသားသည် သူမအား ထက်မြက်ပြီး လျင်မြန်ဖျတ်လတ်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ ဆက်လက်၍ တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ စောစောက ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ပေါ်လာသော နာကျင်မှုကြောင့် သူမသည် ယခုအခါ အရေးနိမ့်နေပြီဖြစ်သည်။ ကောင်းကွေ့ချွမ်သည် ပြတင်းပေါက်ဆီသို့ အမြန် ပြေးသွားသည်။ ဆုရှောင်သည် သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။ ဘယ်ဘက်လက်ဖြင့် ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာကို ဖိထားပြီး ညာဘက်လက်ဖြင့် ဓားကို ကိုင်ကာ အမြန် လိုက်သွားလေသည်။
ကောင်းကွေ့ချွမ်သည် လေထဲသို့ ခုန်တက်လိုက်ပြီး အဆောက်အအုံပေါ်မှ ခုန်ချသွားသည်။ ဆုရှောင်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ပြတင်းပေါက်ဘေးတွင် ဓားကိုင်ကာ ရပ်လျက် ကောင်းကွေ့ချွမ်ကို အေးစက်စွာ ကြည့်နေသည်။ လေထဲတွင် ကောင်းကွေ့ချွမ်သည် လှည့်ကြည့်လိုက်ပြီး ဦးခေါင်းပေါ်ရှိ ကာဂူနဲများ အက်ကွဲသွားကာ သူမ၏ အောက်ဘက် မျက်နှာတစ်ဝက်ကို ဖော်ပြလိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ကောင်းကွေ့ချွမ်သည် ဆုရှောင်ကို ပြုံးပြလိုက်သည်။ ဆုရှောင်သည် အောက်သို့ ခုန်မချခဲ့ပေ။ သူ၏ ခွန်အားနှင့် အမြန်နှုန်း စွမ်းရည်များ မြင့်မားသော်လည်း ခံနိုင်ရည် စွမ်းရည်မှာ မမြင့်မားလှပေ။ အကယ်၍ ဆယ်မီတာကျော် အမြင့်မှ ခုန်ချလိုက်ပါက မသေနိုင်သော်လည်း ခြေထောက်များ ဒဏ်ရာရမည်မှာ သေချာလှသည်။ ယနေ့တွင် အအိုဂီရိသစ်ပင်အဖွဲ့မှ လာရောက်သော ဂိုးလ်များ အလွန်များပြားပြီး မြေပြင်အနေအထားမှာလည်း ဆုရှောင်အတွက် အဆင်မပြေသဖြင့် ကောင်းကွေ့ချွမ်ကို ဖမ်းဆီးထားနိုင်ရန် မဖြစ်နိုင်ပေ။ ဆုရှောင်သည် ခေတ္တမျှ လက်လျှော့လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်ချိန်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လက်ထဲတွင် သတ္တုသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် ပါးစပ် အဟောင်းသားဖြင့် သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်။
"ယာမန်ကန်ထိုက်လန် (အာမွန်) လား"
စောစောက ဆုရှောင်သည် ခေါင်းဆောင်ကို လိုက်လံတိုက်ခိုက်နေသည့် မြင်ကွင်းကို ယာမန်ကန်ထိုက်လန် မြင်တွေ့သွားခဲ့သည်။ ဤမြင်ကွင်းက ယာမန်ကန်ထိုက်လန်ကို အတော်လေး အံ့အားသင့်သွားစေသည်။
(FOOTNOTE။ ။ ဤအခန်းပါ ဇာတ်ကွက်များသည် 'တိုကျိုဂိုးလ်' ဇာတ်လမ်းမှ ဖြစ်ပါသည်။ ဟယ်ကျဲ့ (ကာကူဂျာ) - ဂိုးလ်တစ်ဦးသည် အခြားဂိုးလ်များ၏ ကာဂူနဲများကို အကြိမ်ကြိမ် စားသုံးမိသောအခါ ခန္ဓာကိုယ်အတွင်း အာစီ ဆဲလ်များ သိပ်သည်းလာပြီး ကာဂူနဲသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားကာ ဘီလူးသဏ္ဍာန် ပြောင်းလဲသွားသော အဆင့်ဖြစ်သည်။ ကာကူဂျာအဆင့်သို့ ရောက်ရှိသွားသော ဂိုးလ်များသည် အလွန်စွမ်းအားကြီးမားသော်လည်း စိတ်လွတ်သွားတတ်ကြသည်။ စီစီဂျီ - ဂိုးလ်များကို တိုက်ဖျက်နှိမ်နင်းရန် ဖွဲ့စည်းထားသော အစိုးရအဖွဲ့အစည်းဖြစ်သည်။ အာမွန် နှင့် မာဒို - စီစီဂျီမှ ဂိုးလ်စုံစမ်းထောက်လှမ်းရေး အရာရှိများ ဖြစ်ကြသည်။ ဂိုးလ်များ၏ ကာဂူနဲအိတ်ကို အသုံးပြု၍ ဖန်တီးထားသော 'ကွင်ကေး' ဟုခေါ်သည့် လက်နက်များကို အသုံးပြုကာ ဂိုးလ်များကို ပြန်လည်တိုက်ခိုက်ကြသည်။)