← Chapters

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း (၃၇၁) ရှန့်ရှင်း ကွယ်လွန်ခြင်း။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော် ချိတ်ပိတ်ခြင်း

တိတ်ဆိတ်ခြင်း။ လီရာကျော်ပတ်လည်အတွင်း ကမ္ဘာကြီးက သဘာဝမကျစွာ တိတ်ဆိတ်သွားသည်။

လူတိုင်းသည် ချူဖုန်းနှင့် မဟာပဏ္ဍိတရှန့်ရှင်းတို့ကို ကြည့်လာကြ၏။

ချူဖုန်းနောက်တွင် ပေါ်နေသော ပုံရိပ်နှစ်ခု ပျောက်ကွယ်သွားသောကြောင့် ထိုပုံရိပ်ရှိ၊ မရှိ မထူးခြားသည့်အလားပင်။

မဟာပဏ္ဍိတရှန့်ရှင်း ရုတ်တရက် ရာစုနှစ်ပေါင်းများစွာ ကြီးရင့်သွားသည်။ သူသည် ယခင်က ဆွေးမြည့်နေသော သစ်သားတစ်စဆိုပါက ယခုအချိန်တွင် နောက်ဆုံးထွက်သက်ကို ရှူနေရသည့် လူအိုကြီးအလား ခန္ဓာမှာ သင်္ချိုင်းသို့ ခြေတစ်ဖက် လှမ်းနေတော့၏။

သူ့ခေါင်းပေါ်မှ ဓာတ်တော်မွေတော်များ မှေးမှိန်သွားပြီး ပတ်ဝန်းကျင်မှ စိပ်ပုတီးများသည် ဗုဒ္ဓအလင်းများ ပျောက်ဆုံးကုန်သည်။ ထို့နောက် တစ်လုံးပြီးတစ်လုံး အက်ကွဲသွားတော့၏။

“တာအိုရောင်းရင်း ခင်ဗျားရှုံးပြီ”

ချူဖုန်း ပထမဆုံး စကားပြောသည်။

“အော်မိထောဖော”

မဟာပဏ္ဍိတရှန့်ရှင်း အသံ နှေးကွေးစွာ ထွက်ပေါ်လာသည်။ စကားလုံးတစ်လုံးချင်းစီက သူ့ခန္ဓာကိုယ်ပေါ်မှ အားအင်အကုန်လုံးကို စုပ်ယူသွားသည့်အလားပင်။

“ခုနက ဓားနည်းစနစ်က ဘာလဲဆိုတာ မေးလို့ရမလား။ အဲဒါမှ ဒီဘုန်းကြီး စိတ်ဖြောင့်ဖြောင့်နဲ့ သေနိုင်မှာပါ”

“နာမည်မရှိဘူး”

ချူဖုန်း တွေးကာပြောသည်။ “တကယ်လို့ နာမည်သာပေးရမယ်ဆိုရင် တာအိုတစ်သောင်းတို့အပြန်”

“ကောင်းလိုက်တဲ့ နည်းစနစ်။ ဒီဘုန်းကြီးအိုကြီး စိတ်နှလုံးအပြည့်နဲ့ အရှုံးကို လက်ခံပါတယ်”

မဟာပဏ္ဍိတရှန်ရှင်း ချူဖုန်းကို ဦးညွှတ်၏။

“ဒီကိစ္စကို ဘုန်းကြီး ထပ်မနှောင့်ယှက်တော့ပါဘူး။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က နျဲ့မျိုးနွယ်ကိစ္စမှာ ပါတဲ့သူတွေ အားလုံးကို လက်လွှဲပေးပါ့မယ်။ တာအိုရောင်းရင်း ကျန်တဲ့သူတွေကိုတော့ သနားညှာတာပေးဖို့ တောင်းဆိုပါတယ်”

ချူဖုန်း ပြုံးသည်။

“ဒါပေါ့။ ကျုပ်တို့က လူဆိုးတွေ မဟုတ်ဘူး။ အပြစ်သားတွေကိုပဲ အပြစ်ပေးမှာပါ။ အပြစ်မဲ့တဲ့သူတွေကိုတော့ ဆွဲမသွင်းပါဘူး”

“ကောင်းတယ်”

ထိုသို့ပြောပြီးနောက် မဟာပဏ္ဍိတရှန့်ရှင်း မျက်လုံးများ မှိတ်ကျသွားတော့သည်။

သူ့အောက်က ငါးရောင်ခြယ်ကြာပွင့်သည် တောက်ပမှုများ ဆုံးရှုံးသွားပြီး ပေါင်ရှန့်ကျောင်းတော်သို့ ညင်သာစွာ ကျဆင်းလာသည်။

ခွမ်း

သူ ကျဆင်းသွားသည်နှင့် လွင့်မြောနေသော စိပ်ပုတီးများလည်း အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။

လျှို့ဝှက်ဗုဒ္ဓကျောင်းတော်မှ ကျင့်ကြံသူများ ထိတ်လန့်တကြား အော်ကြသည်။

“ဘိုးဘေး”

“ဘိုးဘေးလျှို့ဝှက်ဗုဒ္ဓ”

သူတို့ အလောတကြီး ပြေးသွားကြပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြသည်။ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျကုန်သည်။

“ဘိုးဘေး နီဗားနားလမ်းစဉ်ကို စံမြန်းသွားပြီ”

ထိုစကားများသည် မိုးကုပ်စက်ဝိုင်း၌ ခေါင်းလောင်းသံကြီးအလား ကြည်လင် ကျယ်လောင်လှသည်။

ထိတ်လန့်တကြား ငိုကြွေးမြည်တမ်းသံများ ထွက်လာ၏။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်မှ ပုန်းကွယ်ကျင့်ကြံနေကြသော လူအိုကြီးများသည် ထိတ်လန့်သွားကြသည်။ စျာပနခေါင်းလောင်းသံကို ကြားရသည့်အခါ သူတို့မျက်နှာများ ပြင်းထန်စွာ ပြောင်းလဲသွား၏။

အကြီးတန်း ဘုန်းတော်ကြီးတစ်ပါး ရေရွတ်သည်။

“စျာပနခေါင်းလောင်းသံ ကိုးချက်...မဟာပဏ္ဍိတရှန့်ရှင်း နီဗားနားလမ်းစဉ်ထဲ ဝင်ရောက်သွားပြီ။ မြန်မြန်... ဘာဖြစ်လဲဆိုတာ သွားစုံစမ်းကြ”

သူ့စကားမဆုံးခင် စိတ်ထဲသို့ အသံလှိုင်းတစ်ခု ဝင်လာသည်။

ထိုသည်ကို နားထောင်ပြီးနောက် သူ့မျက်နှာပေါ်တွင် မယုံကြည်မှုများ ပျံ့လွင့်လာသည်။ သူ ဝိညာဉ်ထုတ်ခံလိုက်ရသည့်ပမာ ငေးကြောင်သွားတော့၏။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် သူ ပြောလိုက်သည်။ “မဟာပဏ္ဍိတရှန့်ရှင်း ဆန္ဒကို သယ်ထုတ်ခဲ့။ ငြင်းဆန်တဲ့ ဘယ်သူမဆို ငါနဲ့တွေ့မယ်”

လျှို့ဝှက်ဗုဒ္ဓကျောင်းတော်သည် အဆုံးရှုံးကြီးနှင့် ကြုံလိုက်ရသည်။ ဗုဒ္ဓတစ်ပါးဖြစ်လာနိုင်သည့် မဟာပဏ္ဍိတရှန့်ရှင်းပင် နီဗားနား ဝင်သွားတော့သည်။ ဆက်လက်တိုက်ခိုက်နေပါ ကျောင်းတော်တစ်ခုလုံးပါ သူနှင့် မြှုပ်နှံခံရပေလိမ့်မည်။

မဟာမိုးကြိုးကျောင်းတော်သည် လျှို့ဝှက်ဗုဒ္ဓကျောင်းတော်အတွက်နှင့်တော့ ဝမ်တောက်ကျောင်းတော်နှင့် စစ်ခင်းမည် မဟုတ်ပေ။

ပေါင်ရှန့်ကျောင်းတော် အပြင်ဘက်တွင်

မဟာပဏ္ဍိတရှန့်ရှန်း နီဗားနားစံတော်မူသွားပြီဟူသော စကားကို ကြားလိုက်ရသည့် ပွဲကြည့်ပရိတ်သတ်များသည် ချူဖုန်းကို လေးစားစွာ ကြည့်နေကြတော့သည်။

မဟာပဏ္ဍိတရှန်ရှင်းကဲ့သို့ အနောက်ပိုင်းဒေသကို နှစ်တစ်သောင်းကြာ လွှမ်းမိုးနိုင်ခဲ့သည့် သူသည် ဤနေရာ၌ပင် ကျရှုံးသွားရမည်ဟု မထင်ထားပေ။

ထို့ပြင် အနိုင်ယူသွားသူမှာ နှစ်တစ်ရာပင် မပြည့်သေးသည့် မဟာပဏ္ဍိတတစ်ပါးပေ။

“မဟာပဏ္ဍိတမိုးမြေက သူတော်စင်အဆင့်အောက်မှာ ပြိုင်ဘက်ကင်းပဲ။ သူ့စွမ်းအားက ကြောက်ဖို့ကောင်းတယ်”

“သူတော်စင်အချို့တောင် မဟာပဏ္ဍိတမိုးမြေကို မယှဉ်နိုင်မှာ ကြောက်မိတယ်။ ဒီတိုက်ပွဲပြီးရင် ဘယ်သူ သူ့ကို စိန်ခေါ်ရဲဦးမှာလဲ”

“ဒီနေ့တော့ ပေါင်ရှန့်တိုင်းပြည်နဲ့ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်က သွေးချောင်းစီးမဲ့ ကံကြမ္မာပါလာပြီ”

အထိတ်လန့်ဆုံး၊ အမှင်တက်ဆုံး၊ အနာကျင်ဆုံးသူကတော့ ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ပေ။

သူ့အခြေအနေက တိမ်တိုက်များပေါ်မှ အဆုံးမဲ့ချောက်နက်ထဲသို့ ကျသွားပေသည်။

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် ပြိုင်ဘက်ကင်းဘိုးဘေးရှန့်ရှင်း အပြတ်အသတ်ဖိနှိပ်ခံလိုက်ရမည်ဟု မထင်ထားပေ။

‘ပြီးပြီ။ အရာအားလုံး ပြီးသွားပြီ’

ဘုရင်ကျင်းလွန်နှင့် ဘုရင်ဝူရှသည် သေလောက်သည်အထိ ဖြူဖျော့သွားသည်။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်ပင် ဝမ်တောက်ကျောင်းတော်ကို မယှဉ်နိုင်ပါက သူတို့လို သာမန်တပည့်များက သတ်ဖြတ်ခံရရုံသာ ရှိတော့၏။

အပျက်အစီးများကြားတွင် ကျင်းကွမ် ဗလာကျင်းစွာ ကြည့်နေသည်။ သူသည် ပေါင်ရှန့်တိုင်းပြည်၏ အိမ်ရှေ့မင်းသား ဖြစ်တော့မည်ဆိုသော်လည်း ထိုလှပသော အိမ်မက်လေးမှာ ပူးပေါင်းများအလား ပေါက်ကွဲသွားတော့၏။

သူ မကျေမနပ် အော်ဟစ်လိုက်ချင်သော်လည်း သူ့နှလုံးသားထဲက အကြောက်တရားသည် စကားတစ်လုံးမှ မထွက်အောင် ဆွဲပိတ်ထားသည်။ သူ မှင်သေသေ ထိုင်နေရုံသာ တတ်နိုင်တော့၏။

ဝမ်တောက်ကျောင်းတော်သားများ တိုက်ခိုက်တော့မည့်အချိန် ဗုဒ္ဓအလင်းတန်းများ ပေါ်လာသည်။ ကောင်းကင်ယံတွင် ဘုန်းကြီးတစ်စုသည် ပေါင်ရှန့်ကျောင်းတော် အပျက်အစီးများကြားသို့ တိုးဝင်လာသည်။

ထိုဘုန်းကြီးများတွင် ဘုရင်အဆင့်များ၊ မြို့စားအဆင့်များနှင့် ဓမ္မရုပ်သွင်ဗုဒ္ဓသားတောက်နှင့်ဆင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါဝင်သည်။

ဦးဆောင်လာသော ဘုန်းကြီးသည် ကျောင်းတော်အနီးသို့ ရောက်သောအခါ အော်ဟစ်သည်။

“ရပ်လိုက်ကြစမ်း”

ခေါင်းဆောင်ဘုန်းကြီးသည် ချူဖုန်းကို ဦးညွှတ်သည်။

“ဒီဘုန်းကြီးဟုန်ဟွေ့က မဟာပဏ္ဍိတမိုးမြေကို ဂါဝရပြုပါတယ်”

“ထ”

ချူဖုန်း ပြောလိုက်သည်။

ဟုန်ဟွေ့ ဆက်ပြောသည်။

“မဟာပဏ္ဍိတ ဒီလူတွေက နျဲ့မိသားစုကိစ္စမှာပါတဲ့သူတွေပါ။ စီနီယာဟုန်ယွမ်တို့ကတော့ စီနီယာ့လက်ထဲမှာပါ။ သူတို့ သေသေရှင်ရှင် စီနီယာသဘောပါ။ အခု ကျွန်တော်တို့ မဟာပဏ္ဍိတရှန့်ရှင်းရဲ့ အကြွင်းအကျန်တွေကို လျှို့ဝှက်ဗုဒ္ဓကျောင်းတော်ဆီ ယူခွင့်ပြုပါ”

“ရတာပေါ့”

ချူဖုန်း သူတို့ကို ခက်ခဲအောင် မလုပ်တော့ပေ။ သူ ဖိတ်ခေါ်သည့်ဟန် ပြုလုပ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ဟုန်ဟွေ့ပြောပြီးသည်နှင့် သူ့သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ်အခေါင်းကို ထုတ်လိုက်သည်။ လူတိုင်း၏အကြည့်အောက်တွင် သူသည် မဟာပဏ္ဍိတရှန့်ရှင်း ရုပ်အလောင်းကို ထည့်လိုက်၏။

သူတို့ မထွက်ခွာခင် ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ဒီနေ့ကစပြီး လျှို့ဝှက်ဗုဒ္ဓကျောင်းတော်ကို သုံးနှစ်ကြာ ချိတ်ပိတ်ထားပါမယ်”

ထိုကြေညာချက်က လျှို့ဝှက်ဗုဒ္ဓကျောင်းတော်သည် ပေါင်ရှန့်တိုင်းပြည်အရေးကို ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ကြောင်း ကြေညာချက်ပင်။

လူတိုင်း ဘာလုပ်ရမည်ကို သိကြ၏။

တစ်ခဏအတွင်းမှာပင် ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး မိုးကုပ်စက်ဝိုင်းအောက်၌ ပျောက်ကွယ်သွားတော့သည်။

“‌အော်မီထောဖော”

မဟာပဏ္ဍိတဟုန်ယွမ် ချူဖုန်းကို ကြည့်ပြီး ညင်သာစွာ ပြောသည်။

“မဟာပဏ္ဍိတတစ်ပါးက မဟာပဏ္ဍိတတစ်ပါးလက်ထဲမှာပဲ သေချင်ပါတယ်။ ကျုပ်ကို သိက္ခာရှိရှိ သေခွင့်ပြုပါ”

“ခွင့်ပြုတယ်”

ချူဖုန်း အကြမ်းပတမ်းမလုပ်တော့ပေ။ သူ့ရည်ရွယ်ချက်က အောင်မြင်သွားလေပြီ။ ကျန်သည့်အရာများကတော့ သူ့တပည့်များ ကိစ္စပေ။

မဟာပဏ္ဍိတဟုန်ယွမ်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မျက်လုံးများ ပိတ်သွား၏။ သူ့ခန္ဓာကိုယ်တော်ထဲမှ ဓာတ်တော်ပုလဲတစ်လုံး ထွက်လာသည်။ ထိုပုလဲသည် လျှို့ဝှက်ဗုဒ္ဓကျောင်းတော်သို့ ပျံသန်းသွား၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရုပ်အလောင်းသည် ပြာကျသွားတော့၏။ သူ့ဝိညာဉ်ပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။

လျှို့ဝှက်ဗုဒ္ဓကျောင်းတော်သည် ၎င်းကို မြင်သောအခါ သူတို့ခေါင်းကို ဆုပ်ကိုင်ပြီး နာကျင်စွာ ငိုကြွေးလိုက်၏။

“ဘိုးဘေးဟုန်ယွမ်”

ချူဖုန်း ဤသည်ကို မြင်သောအခါ ခပ်အေးအေးပင် ပြောလိုက်သည်။

“ကျန်တဲ့သူတွေကတော့ မင်းတို့ပဲ အဆုံးသတ်လိုက်တော့”

“ဆရာ့အမိန့်အတိုင်းပါ”

တပည့်များက တစ်ပြိုင်နက် ပြန်ဖြေပြီး ဆက်လက် တိုက်ခိုက်ကြတော့၏။

ချန်ကျင်းကျင်း ကျင်းကွမ်ကို အပျက်အစီးများကြားမှ ဆွဲထုတ်ပြီး ပြုံးကာ ပြောသည်။

“ကောင်လေး မင်း ဒီလိုဖြစ်မယ်လို့ မထင်ထားဘူးမလား။ ဒီနေ့တော့ ငါတို့တွေ ကြွေးဟောင်းရော ကြွေးသစ်ရော ရှင်းကြတာပေါ့”

“မဟုတ်ဘူး။ မလုပ်ပါနဲ့။ အမေ ကျွန်တော့်ကို ကယ်ပါဦး”

ကျင်းကွမ်သည် သူလမ်းပေါ်တွင် ထိပါးရန် ကြိုးစားခဲ့သော ကောင်မလေးသည် သူ့သေခြင်းကို ဆောင်ကျဉ်းလာမည်ဟု မထင်ထားချေ။

ဘုရင်ဝူရှ ထိုသည်ကို မြင်သော် သူမ မျက်နှာက ရုတ်တရက် ပြောင်းလဲသည်။ သူမ သားကို ကယ်တင်ရန် ပြေးဝင်သွားသော်လည်း သူမတွင် ခွန်အား မကျန်တော့ပေ။ သူမ ဒေါသတကြီး ပြောသည်။ “နျဲ့ရှို့ယွမ် နင် အသေဆိုးနဲ့ သေမဲ့ကောင်”

“လာဟောင်မနေနဲ့”

နျဲ့ရှို့ယွမ် အေးစက်စွာ ပြောသည်။

“ဘုရင်ဝူရှ မင်းတို့ ငါ့မိသားစုကို သတ်တုန်းက ဒီလိုတွေ ဖြစ်မယ်ဆိုတာ မျှော်လင်ထားခဲ့သင့်တာ။ အခု အနားယူလိုက်ဦး။ ငါက ကတိတည်တယ်။ မင်းတို့သုံးယောက်ကို နောက်ဆုံးမှ သတ်မှာ”

ထိုသည်ကို ကြားသော် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် မျက်လုံးထဲတွင် ဒေါသများဖြင့် ပြည့်နှက်သွား၏။ ဗုဒ္ဓသားတော်သည် တုတ်တစ်ချောင်းကို ယူကာ နျဲ့ရှို့ယွမ်ကို ရိုက်ချလိုက်သည်။

“ဗုဒ္ဓသားတော်က မင်းကို ဆေးကြောပစ်မယ်”

ကလန်

နျဲ့ရှို့ယွမ် သူ့ဓားဖြင့် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်၏ ဒန်ထျန်းကို ဖျက်ဆီးလိုက်ပြီး အေးစက်စွာ ပြောသည်။

“မင်းကပဲ ငါ့ကို ဆေးကြောမယ်။ မထိုက်တန်သေးဘူး”

နျဲ့ရှို့ယွမ် သူ့ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး တိုက်ပွဲမြေပြင်ကို ရှင်းလင်းတော့သည်။

ထိုအချိန်၌ ပေါင်ရှန့်ကျောင်းတော်နှင့် တော်ဝင်မြို့တော်သည် သွေးချောင်းစီးလာတော့သည်။

All Chapters