← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း (၃၇၂) တောင်တံခါးကိုဖွင့်ပြီး တပည့်များကို လက်ခံခြင်း

“ရှို့ယွမ်က ဆရာနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ ဝင်ရောက်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

ပေါင်ရှန့်တိုင်းပြည်အပြင်ဘက်တွင်

နျဲ့ရှို့ယွမ် ချူဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်ပြီး ကျန်သည့်သူများကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ချူဖုန်း ပြုံးသည်။

“ကျေးဇူးတင်ဖို့ မလိုဘူး။ အရေးကြီးဆုံးက မင်းစိတ်ထဲက နာကြည်းချက်တွေကို ဖြေရှင်းဖို့ပဲ။ ဒါပြီးရင် ဘာဆက်လုပ်ဖို့ တွေးထားလဲ”

နျဲ့ရှို့ယွမ် ပြန်ဖြေသည်။

“ဆရာ တပည့် ရွှမ်ထျန်းတိုက်ကြီးကို ဆက်ပြီး ခရီးဆန့်ချင်ပါတယ်။ အဆုံးမဲ့ပင်လယ်ကို ဖြတ်ပြီး ‌နေရာဒေသစုံ သွားချင်ပါတယ်”

ရွှမ်ထျန်းတိုက်ကြီးကို ကုန်းမြေကြီး ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ မြောက်ပိုင်းဒေသ၊ ဆန်းကြယ်ဒေသ၊ ဓားဒေသ၊ ကောင်းကင်ဒေသ၊ အောင်ပွဲဒေသ၊ နဂါးဒေသ၊ လူရိုင်းဒေသ၊ ကျယ်ပြန့်ဒေသနှင့် အပျက်အစီးဒေသတို့ဖြစ်သည်။

ချူဖုန်း နေထိုင်ရာဒေသသည် ဆန်းကြယ်ဒေသပင်။

ဓားဒေသနှင့် ကောင်းကင်ဒေသတို့လို မျိုးနွယ် မျိုးနွယ်တစ်ရာ လွှမ်းမိုးနေထိုင်သည့် ဒေသများမှလွဲ၍ ကျန်သည့် ဒေသများတွင် လူသားမျိုးနွယ်များ အဓိက နေထိုင်ကြ၏။

“ခွင့်ပြုတယ်”

ချူဖုန်း မဆိုင်းမတွ သဘောတူလိုက်သည်။

“စာအုပ်တစ်သောင်းဖတ်တာထက် မိုင်တစ်သောင်းခရီးသွားတာက ပိုကောင်းတယ်။ အပြင်ထွက်ပြီး စွန့်စားခရီးထွက်တာက ကောင်းပါတယ်”

နျဲ့ရှို့ယွမ် ပြောပြီးသည်နှင့် ခွန်ငှက်ကို ဆင့်ခေါ်ပြီး ထွက်သွားတော့သည်။

ချူဖုန်း ကျန်သည့်သူများကို ကြည့်လိုက်၏။

“ဘယ်သူက ဆရာနဲ့ လိုက်ပြီးပြန်မလဲ”

ချင်းချင်း၊ ရွှီချိုက်ချန်၊ ဟန်ပင်း၊ ချူချိုက်ယီ၊ ဖုန်းမူနှင့် ကျန်သည့်သူများသည် မဆိုင်းမတွ ရှေ့သို့ တစ်လှမ်းတက်လာသည်။

ရှောင်ချန်း၊ ချောင်ရို့ချန်နှင့် တပည့်အနည်းငယ်က တစ်ပြိုင်နက် ပြောသည်။

“ဆရာ ကျွန်တော်တို့က ဆက်ပြီး လေ့ကျင့်ပါမယ်”

ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့က မဝံ့မရဲ ရပ်နေကြသည်။

သူတို့အပြုအမူကို ကြည့်ရင်း ချူဖုန်း ပြုံးလိုက်သည်။

“မင်းတို့နှစ်ယောက်လည်း အပြင်ထွက်ပြီးလေ့ကျင့်ချင်တာလား”

ချန်ကျင်းကျင်း ခေါင်းညိတ်သည်။

“ဆရာ ကျွန်မလည်း ခရီးထွက်ချင်တယ်”

သူမ ထပ်လောင်းပြောသည်။ “ဆရာ ကျွန်မကိုယ်ကျွန်မနဲ့ ဂျူနီယာညီမလေး ပိုင်ကျင်းကို စောင့်ရှောက်ပါ့မယ်”

“ဟားဟားဟားဟား”

ချူဖုန်း ရယ်မောသည်။

“မင်းလိုကောင်မလေးက ပိုင်ကျင်းကို ဂရုစိုက်မယ်တဲ့လား။ ဘယ်သူက ဘယ်သူ့ကို ဂရုစိုက်မှာလဲဆိုတာ မသေချာပါဘူး။ ကောင်းပြီ။ ကောင်းပြီ။ မင်းတို့ဘာသာ သွားပျော်တော့။ မနိုင်ရင် ထွက်ပြေးဖို့ လုပ်ထား။ လိုအပ်လာရင် ဆရာ့နာမည်သုံး”

“နားလည်ပါပြီ”

ချန်ကျင်းကျင်း ခေါင်းညိတ်သည်။

“လာ ဆရာနဲ့အတူဝမ်တောက်ကျောင်းတော်ကို ပြန်ကြစို့”

ချူဖုန်း လက်ဝှေ့ယမ်းရင်း သူ့တပည့်များနှင့်အတူ ထွက်ခွာသွားသည်။

သုံးရက်ကြာပြီးနောက် ချူဖုန်းတို့ ဝမ်တော်ကျောင်းတော်သို့ ပြန်ရောက်လာသည်။ ထို့ပြင် ပေါင်ရှန့်တိုင်းပြည်၌ မဟာပဏ္ဍိတတိုက်ပွဲအကြောင်း ပျံ့နှံ့သွားတော့၏။

ထိုသတင်းများကို ကြားသော် ကျောင်းတော်တပည့်များသည် သောင်းပြောင်းပညာရပ်ဌာနတွင် ကျင့်ကြံရန် စိတ်အားထက်သန်စွာ ဆုံးဖြတ်လိုက်ကြသည်။

နောက်ထပ် အပြင်စည်းတပည့် ပြိုင်ပွဲ ကျင်းပလာသည်။

ယခုတစ်ကြိမ်တော့ သောင်းပြောင်းပညာရပ်ဌာနသည် ပါဝင်ခြင်း မရှိတော့ပေ။ ချူဖုန်းသည် မျက်နှာသာ လာပြပြီး ထွက်သွားတော့၏။

ဌာနသို့ ပြန်ရောက်ပြီးနောက် သူ ကျောင်းအုပ်ကြီးထံမှ စာတစ်စောင် လက်ခံရခဲ့သည်။

ချူဖုန်း စဉ်းစားမနေတော့ဘဲ မဟာပဏ္ဍိတရွှေတောင်ပံကို ဆင့်ခေါ်ကာ ကျောင်းအုပ်ကြီးထံ သွားတော့၏။

လူသားနှင့် လင်းယုန် ခြံဝင်း အပြင်ဝသို့ ရောက်သော် ကြီးကြပ်သူ တစ်ဦး စောင့်နေလေသည်။

မဟာပဏ္ဍိတနှစ်ပါး လူကိုယ်တိုင် ရောက်လာသည်ကို မြင်သော် ကြီးကြပ်သူ အလောတကြီး နှုတ်ဆက်၏။

“ဌာနမှူးချူ၊ ဘိုးဘေးရွှေတောင်ပံ ကျောင်းအုပ်ကြီး အထဲမှာ ရှိပါတယ်”

“အင်း”

ချူဖုန်း ခေါင်းအသာညိတ်ပြီး ကြီးကြပ်သူနောက်သို့ လိုက်သွားသည်။

အထဲသို့ ရောက်သော် ကျောင်းအုပ်ကြီး လက်ဖက်ရည်ဖျော်နေသည်ကို တွေ့ရ၏။ ချူဖုန်း လျင်မြန်စွာ အထဲသို့ ဝင်ပြီး ပြုံးသည်။

“ကျောင်းအုပ်ကြီး တပည့်ကို ဒီလို အသေးအဖွဲ့ကိစ္စလေးတွေလို လုပ်ခွင့်ပြုပါ”

မဟာပဏ္ဍိတရွှေတောင်ပံ ပြောသည်။

“ဒီစာသားက ငါပြောရမှာလေ”

ကြီးကြပ်သူက ပြောသည်။

“ငါကရော ဘာလို့အဲဒါကို မတွေးမိတာလဲ။ မဟာပဏ္ဍိတတွေနဲ့ ငါ့ကြားက အသက်ကွာခြားချက်လား”

ကျောင်းအုပ်ကြီး နွေးထွေးစွာ ပြုံးသည်။

“မင်းက လုံးဝမပြောင်းလဲသေးဘူး”

“ဟီးဟီး”

ချူဖုန်း ရယ်မောသည်။

“ကျောင်းအုပ်ကြီးရှေ့မှာဆိုရင် ဒီဂျူနီယာက ကလေးပါပဲ”

ရွှေတောင်ပံလင်းယုန် ဆက်ပြောသည်။

“သေစမ်း သူ ငါ့စကားကို လုပြောသွားပြန်ပြီ”

“ထိုင်”

ကျောင်းအုပ်ကြီးသည် ချူဖုန်းကို ဖော်လံဖားခွင့် ထပ်မပေးတော့ချေ။

ချူဖုန်း ထိုင်လိုက်ပြီး ကျောင်းအုပ်ကြီး ပြောမည်ကို ဖြည်းညှင်းစွာ စောင့်နေလိုက်သည်။

လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် ကျောင်းအုပ်ကြီး ဖြည်းညှင်းစွာ ပြောသည်။

“ရှောင်ဖုန်း မင်း ကြီးပြင်းလာပြီ”

ချူဖုန်း စိတ်ရှုပ်ထွေးသွားသော်လည်း ပြုံးလိုက်သည်။

“ကျောင်းအုပ်ကြီး ပြောတာမှန်ပါတယ်။ ဒီတပည့် ပြန်ရောက်ရင် ကျွန်တော့်တပည့်တွေကို ကျင့်ကြံရာမှာ ပိုပြီးအရှိန်မြှင့်ဖို့ ပြောလိုက်ပါမယ်”

“…”

ကျောင်းအုပ်ကြီး စိတ်မရှည်ဖြစ်သွား၏။

“ငါ ပြောချင်တာ အဲလို့မဟုတ်ဘူး။ မင်းတို့ သောင်းပြောင်းပညာရပ်ဌာနက တပည့်လက်မခံတာ ဘယ်လောက်ကြာပြီလဲ။ ရှောင်ချန်းနဲ့ ယဲ့ပေရွှမ်တို့က ရှီမန်ယဲ့နဲ့ ချင်ယွမ်တို့ကို တပည့်အဖြစ် လက်ခံခဲ့ပြီးပြီ”

ချူဖုန်း ချက်ချင်းနားလည်သွား၏။

“ဒီတပည့် ပြန်ရောက်ရင် ကျွန်တော့်တပည့်တွေကို လက်ခံခိုင်းလိုက်ပါ့မယ်”

“ခွင့်ပြုတယ်”

ကျောင်းအုပ်ကြီးသည် ချူဖုန်းကို ကိုယ်တိုင်တပည့်လက်ခံခိုင်းချင်သော်လည်း ချူဖုန်း တပည့်လက်ခံသည့်စံနှုန်းကို တွေးမိသွားပြီး ထိုအတွေးကို ပယ်ဖျက်လိုက်၏။

အာလာပသလာပပြောပြီးနောက် သူတို့နှစ်ဦး‌ မြောင်တောင်ပေါ်သို့ ပြန်လာသည်။

တစ်ခဏကြာပြီးနောက် ချူဖုန်း သူ့တပည့်အားလုံးကို ခေါ်လိုက်သည်။

“ကျွန်တော်တို့ ဆရာ့ကို ဂါဝရပြုပါတယ်”

လူအုပ်ကြီး ချူဖုန်းကို လေးစားစွာ ဦးညွှတ်သည်။

“ငါ မင်းတို့ကိုခေါ်တာ လာမဲ့ တပည့်လက်ခံပွဲနဲ့ ပတ်သတ်ပြီး ပြောမလို့”

ချူဖုန်း အလျင်မလိုစွာ ပြောသည်။

တပည့်လက်ခံပွဲကို ကြားသည်နှင့် လူတိုင်း၏ မျက်လုံးများ တောက်ပသွား၏။

ရွှီချိုက်ချန် စိတ်လှုပ်ရှားစွာ ပြောသည်။

“ဆရာ တပည့်လက်ခံတော့မလို့လား”

“မဟုတ်ဘူး။ ငါ လက်ခံမလို့ မဟုတ်ဘူး။ မင်းတို့ လက်ခံရမှာ”

ချူဖုန်း ဆက်ပြောသည်။

“ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ တပည့်ကြီးတွေအနေနဲ့ မင်းတို့ စည်းမျဉ်းတွေကို သိကြပါတယ်။ သတ်မှတ်ချက်တစ်ခု ကိုက်ညီတာနဲ့တင် လုံလောက်ပြီ။”

“ဒါပေမဲ့ အခုက အခြေအနေကွာခြားတယ်။ ငါတို့ အပြင်စည်းနဲ့ အတွင်းစည်းဆိုပြီး ခွဲမယ်။ တပည့်သစ်တွေကို အပြင်စည်းထဲ မင်းတို့ အလှည့်ကျလမ်းညွှန်မှုအောက်မှာ လေ့ကျင့်ခိုင်းမယ်။ သုံးနှစ်ပြည့်လို့ အတွင်းစည်းစမ်းသပ်ချက်ကို အောင်မြင်မယ်ဆိုရင် မင်းတို့ သူတို့ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံကြ”

လူအုပ်ကြီးသည် ထိုသည်ကို ကြားသော် မှင်သေသွားကြသည်။ သူတို့ထဲမှ သက်တမ်းအရင့်ဆုံးသူပင် ဝမ်တောက်ကျောင်းတော်သို့ ရောက်သည်မှာ နှစ်နှစ်ဆယ်ပင် မပြည့်သေးချေ။ သို့သော် ၎င်းက ကျင့်ကြံသူများအတွက် မျက်တောင်တစ်ခတ်စာမျှသာ။

သူတို့အကြည့်ကို ခံစားမိသော် ချူဖုန်း ပြုံးလိုက်၏။

“ဘာလဲ။ မင်းတို့ မလုပ်နိုင်လို့လား”

ချင်းချင်း ပထမဆုံး ပြောသည်။

“ဒီတပည့်က အခြားသူတွေအတွက် ဆရာဖြစ်ဖို့ မပြင်ဆင်ရသေးလို့ပါ”

ချူဖုန်း တည်ငြိမ်စွာ ပြောသည်။

“မင်း မသေချာသေးရင် ငါမင်းကို သင်ပေးခဲ့သလို သူတို့ကို သင်ပေးလိုက်လေ။ အဟောင်းတွေကို ပြန်လေ့လာရင် အသစ်တွေကို သိမြင်နိုင်တယ်။ အဲ့လိုဆို ဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်”

“တပည့်တွေကို လမ်းညွှန်ပေးတာကလည်း ကျင့်ကြံတဲ့ပုံစံတစ်မျိုးပါပဲ”

ထိုသည်ကို ကြားသော် တပည့်များ တစ်ပြိုင်နက် ပြောသည်။

“ကျွန်တော်တို့ ဆရာ့အဆုံးအမကို နာခံပါ့မယ်”

ချူဖုန်း ပြောသည်။

“လုံလောက်ပြီ။ ချင်းအာ မင်းက အကြီးအကဲပဲ။ ဒီတပည့်လက်ခံပွဲကို မင်းကြီးကြပ်လိုက်”

“ဆရာ့အမိန့်အတိုင်းပါ”

ချင်းချင်း သဘောတူလိုက်ပြီး ပြင်ဆင်မှုများ လုပ်ဆောင်ရန် ထွက်သွားတော့၏။

နောက်တစ်နေ့တွင် သောင်းပြောင်းပညာရပ်ဌာန တပည့်လက်ခံမည်ဟူသော သတင်းများ ပျံ့နှံ့သွားသည်။

တုန့်ပြန်မှုများက အမျိုးမျိုးပင်။ အချို့က ပျော်ကြပြီး အချို့က စိုးရိမ်ကြ၏။

ပျော်ရွှင်ကြသူများကတော့ ဌာနသို့ ဝင်ရန် အခွင့်အရေးရပြီဖြစ်၍ မဟာပဏ္ဍိတတစ်ပါးထံ၌ သင်ယူချင်နေကြတော့၏။ စိုးရိမ်ကြသူများကတော့ အပြင်စည်းတပည့်များအဖြစ် လက်ခံမည်ဖြစ်၍ပင်။

သို့သော် သတင်းများ ပျံ့နှံ့သွားသည်နှင့်ဝမ်တောက်ကျောင်းတော်၌ ကျင့်ကြံချင်ကြသော တပည့်များသည် ဝမ်တောက်မြို့သို့ ရောက်ရှိလာကြ၏။

All Chapters