← Chapters

အခန်း (၈၆၅-၈၆၆)

Vol. 87 Ch. 865-866

အခန်း (၈၆၅-၈၆၆)

Vol. 87 Ch. 865-866

အခန်း (၈၆၅) - ဝူကျန်းတစ္ဆေအိုကြီး ၊ ခရမ်းရောင်သစ်ရွက် ဂါလံမြက် ၊ ပရိယာယ်ဖြင့် လုပ်ကြံခြင်း

လီယန်ချူ စမ်းသပ်ကြည့်ပြီးသလောက် ဤမြို့ထဲတွင် ထူးဆန်းသော ဖိနှိပ်မှုစွမ်းအားတစ်ခု ရှိနေသည်။ ထို့ကြောင့် စိတ်အာရုံ ကို ဤနေရာ၌ အသုံးပြု၍မရချေ။

သူသည် ကျိုးရွှန်ဖုန်းနှင့်အတူ လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေစဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ကျိုးရွှန်ဖုန်း၏ နောက်ကွယ်ရှိ အရိပ်သည် တစ်ချက်လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။ ကျိုးရွှန်ဖုန်းကမူ ဘာမှမသိသေးသလိုပင်။

ထို့နောက် လေထုကို ဖြတ်သန်းသွားသော ပြင်းထန်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ကျိုးရွှန်ဖုန်း၏ အရိပ်သည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်လာပြီး သူ့ကို တိုက်ရိုက် ခုန်အုပ်လိုက်ခြင်းပင်။

"ဘုန်း"

ကျိုးရွှန်ဖုန်း၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ပါးလွှာသော အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုပါးလွှာသော အကာအကွယ်လေးကပင် ထိုအရိပ်ကို တကယ်တမ်း တားဆီးနိုင်ခဲ့သည်။

"ခုနကတည်းက ငါ့စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာ... မင်းက ငါ့ကို နောက်ကျောကနေ လုပ်ကြံချင်နေတာကိုး "

ကျိုးရွှန်ဖုန်းက ဒေါသတကြီး ဆဲဆိုလိုက်သည်။ သူ့ရှေ့တွင် ရောက်နေသည်မှာ သူ၏ ကိုယ်ပိုင်အရိပ်ပင် ဖြစ်၏။

လီယန်ချူသည် ကျိုးရွှန်ဖုန်း၏ လျင်မြန်သော တုံ့ပြန်မှုကို အနည်းငယ် အံ့သြမိသော်လည်း ချက်ချင်း ဝင်မပါသေးဘဲ ကြည့်နေလိုက်သည်။ ဤသည်မှာ မည်သည့်နည်းလမ်းမှန်း သူ မသိသော်လည်း ကျင့်ကြံသူတစ်ဦး၏ အရိပ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ထို့ပြင် ကျိုးရွှန်ဖုန်းမှာလည်း တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထိုအရိပ်သည် ရုတ်တရက် ခြေလှမ်းတစ်လှမ်း တိုးလာပြီး ကျိုးရွှန်ဖုန်းထံသို့ ပြေးဝင်လာပြန်သည်။

"တောက်"

ကျိုးရွှန်ဖုန်းက ပါးစပ်မှ တံတွေးတစ်ချက် ထွေးထုတ်လိုက်ရာ ထိုတံတွေးသည် လေထုထဲတွင် ပြင်းထန်သော ဓားအရှိန်အဝါ အဖြစ် ပြောင်းလဲသွားပြီး အလင်းတစ်ချက်အတွင်းမှာပင် ထိုအရိပ်ကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် သူသည် ဘယ်လက်နှင့် ညာလက်တွင် အစီရင်အဆောင် တစ်ခုစီ ကိုင်ဆောင်ကာ တိုက်ရိုက် ပစ်ခတ်လိုက်သည်။

"ဝုန်း"

အရိပ်သည် တိုက်ရိုက် အဝေးသို့ လွင့်စင်သွားပြီး မှေးမှိန်သွားခဲ့သည်။ ကျိုးရွှန်ဖုန်းသည် ဘယ်လက်တွင် ရေစွမ်းအားအဆောင် နှင့် ညာလက်တွင် မီးစွမ်းအားအဆောင် ကို သုံးခဲ့ခြင်းဖြစ်သည်။ ခဏချင်းအတွင်းမှာပင် ရေနှင့်မီး ပေါင်းစပ်မှုကို အသုံးချကာ အမြင့်ဆုံး ထိခိုက်မှုကို ပေးနိုင်ခဲ့သည်။

ဘေးမှ ကြည့်နေသော လီယန်ချူမှာ ကြောင်သွားရသည်။ ပါးစပ်က တံတွေးထွေးပြီး တိုက်ခိုက်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်...။

"ဒုန်း ဒုန်း ဒုန်း "

ကျိုးရွှန်ဖုန်းနှင့် ထိုလူမည်းရိပ်သည် လူသူကင်းမဲ့သော လမ်းမပေါ်တွင် တိုက်ခိုက်ကြတော့သည်။ သူ၏ ရင်ဘတ်မှာ ဟိုကလေးမလေး၏ ရိုက်ချက်ကြောင့် ဒဏ်ရာရရှိထားပြီး မပျယ်နိုင်သေးသည့် စွမ်းအားတစ်ခု ရှိနေသော်လည်း၊ ငရဲပြည်မှ နတ်ဘုရားနှစ်ပါးနှင့် ထိုကလေးမလေး လက်အောက်မှ လွတ်မြောက်လာနိုင်သူ ဖြစ်သည့်အားလျော်စွာ ကျိုးရွှန်ဖုန်း၏ အခြေအနေအရ တုံ့ပြန်မှုနှင့် မှော်အတတ် အသုံးချပုံမှာ ရွယ်တူများထက် များစွာ သာလွန်လှသည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အကြာတွင်...

ထိုလူမည်းရိပ်သည် ကျိုးရွှန်ဖုန်းကို မယှဉ်နိုင်တော့ဘဲ ထွက်ပြေးသွားပြီး လမ်းဘေးရှိ အမှောင်ရိပ်ထဲသို့ ရောနှောကာ ပျောက်ကွယ်သွားတော့သည်။

ကျိုးရွှန်ဖုန်းက ဒေါသတကြီး အော်ဆဲလိုက်သည်

"မြေးလေး မင်း ပြေးလို့ လွတ်သွားတာနော် မဟုတ်ရင်တော့ မင်းကို ငါ့ကို အဖေလို့ ခေါ်ခိုင်းတဲ့အထိ ရိုက်ပစ်မှာ "

ထိုလူမည်းရိပ်၏ အစွမ်းမှာ သူထင်ထားသည်ထက် သာလွန်လှသည်။ သူ အကောင်းတိုင်းဆိုလျှင် ဖမ်းဆီးထားနိုင်ရန် ကြိုးစားနိုင်သော်လည်း ယခုမူ ဒဏ်ရာရထားပြီး ဤမြို့ဟောင်းထဲတွင် ဖြစ်နေသောကြောင့် စွန့်စားခြင်း မပြုတော့ပေ။

သို့သော်လည်း ဘေးတွင် ရှိနေသည့် လီယန်ချူက ကျိုးရွှန်ဖုန်းသည် ထိုလူမည်းရိပ်ကို မဖမ်းနိုင်သည်ကို မြင်သောအခါ လက်ညှိုးတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ထွက်ပြေးနေသော လူမည်းရိပ်သည် ရုတ်တရက် တောင့်ခဲသွားတော့သည်။

အင်မတန် ထိရောက်သည့် ကိုယ်ခန္ဓာ ချုပ်နှောင်ခြင်းအတတ်

လူမည်းရိပ်သည် သူ၏ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး လှုပ်ရှား၍မရတော့ကြောင်း ခံစားလိုက်ရသည်။ လီယန်ချူသည် ရွှေရောင်တောက်ပနေသော တိုင်တစ်ခုကို ထုတ်လွှတ်လိုက်ရာ ၎င်းတွင် ရွှေရောင်ကွင်း ၃ ကွင်း ပါဝင်ပြီး ထိုလူမည်းရိပ်ကို တိုက်ရိုက် ချုပ်နှောင်လိုက်သည်။

နဂါးချုပ်တိုင်

ကျိုးရွှန်ဖုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ သူ အနားသို့ သွားကြည့်သောအခါ လူမည်းရိပ်မှာ လီယန်ချူ၏ နဂါးချုပ်တိုင်ဖြင့် ချုပ်နှောင်ခံထားရပြီး လုံးဝ လှုပ်မရတော့သည်ကို တွေ့လိုက်ရသည်။

သူသည် လီယန်ချူကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားပြီး

"ချောင် မိတ်ဆွေ၊ မင်းရဲ့ ဒီရတနာက နဂါးချုပ်တိုင်လား"

လီယန်ချူက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း ဤလူမည်းရိပ်ကို စိတ်ဝင်စားမိသည်။ သူ၏ ထက်မြက်သော အာရုံခံစားမှုဖြင့်ပင် ထိုအရိပ် မိမိရှေ့ မီတာအနည်းငယ်အကွာ ရောက်မှသာ သတိပြုမိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းက အသံတိတ် အရိပ်ထဲသို့ ရောနှောနိုင်စွမ်းရှိသည်။

လူမည်းရိပ်သည် နဂါးချုပ်တိုင်ပေါ်တွင် ရုန်းကန်သော်လည်း လုံးဝ မလှုပ်နိုင်ချေ။ လီယန်ချူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါက ဘာပစ္စည်းလဲ"

"ဒါက ဝူကျန်းတစ္ဆေအိုကြီးရဲ့ လျှို့ဝှက်အတတ်ပညာပဲ"

"အတွင်းရေးမှူး လား"

(တရုတ်အသံထွက်တူ၍ လီယန်ချူ နားလည်မှုလွဲသွားခြင်း ဖြစ်သည်)

လီယန်ချူ တစ်ချက် ကြောင်သွားပြီးမှ ကျိုးရွှန်ဖုန်း ပြောချင်သည်ကို နားလည်သွားသည်။

"ဝူကျန်းတစ္ဆေအိုကြီးဆိုတာ ဘယ်သူလဲ"

ကျိုးရွှန်ဖုန်းက ရှင်းပြသည်

"ဝူကျန်းတစ္ဆေအိုကြီးက တစ္ဆေဂိုဏ်း က ကျွမ်းကျင်သူတစ်ယောက်ပဲ။ ဒီဂိုဏ်းက အမြဲတမ်း လျှို့ဝှက်စွာ လှုပ်ရှားတတ်တယ်။ သူတို့က ယန်ဝိညာဉ် အဆင့်ကို မကျင့်ကြံဘဲ ကိုယ့်ကိုယ်ကိုယ် ငရဲပြည်က ဝိညာဉ်နတ်ဘုရား ဖြစ်အောင် လေ့ကျင့်ကြတာ။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်စဉ်က ပြဿနာရှိတော့ နောက်ဆုံးမှာ လူလည်းမကျ တစ္ဆေလည်းမကျတဲ့ အဖြစ်မျိုး ရောက်သွားကြတယ်။ အခု ဒီတစ္ဆေအရိပ် အတတ်ပညာက ဝူကျန်းတစ္ဆေအိုကြီး ပိုင်ဆိုင်တဲ့ လျှို့ဝှက်အတတ်ပညာတွေထဲက တစ်ခုပဲ။"

လီယန်ချူ ခေါင်းငြိမ့်လိုက်သည်။ ခုနက ထိုလူမည်းရိပ်ထံမှ ပြင်းထန်သော နာကျည်းမှု အရှိန်အဝါ ကို သူ ခံစားမိခဲ့သည်။ ယခင်က တွေ့ခဲ့သော ရှန်ကွမ်းကျူရှီးနှင့် မတူဘဲ ဤအရာမှာ မကောင်းသော စိတ်ခံစားမှုများနှင့် နာကျည်းချက်များ ပြည့်နှက်နေသည်။

လီယန်ချူက မေးလိုက်သည်

"မင်းနဲ့ အဲဒီ ဝူကျန်းတစ္ဆေအိုကြီးနဲ့ ရန်ငြိုးရှိလို့လား"

ခုနက အခြေအနေအရ ထိုအရိပ်ကို ကျိုးရွှန်ဖုန်း၏ အရိပ်ထဲတွင် လျှို့ဝှက်စွာ ထည့်ထားခြင်းမှာ သိသိသာသာပင် သူ့ကို ဦးတည်လာခြင်း ဖြစ်သည်။

ကျိုးရွှန်ဖုန်းက ခေါင်းခါပြသည်

"ရန်ငြိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် တတိယအဆင့်ကို ရောက်ပြီးတဲ့နောက် ကျိုဖုန်းတောင် အနားမှာ ဝူကျန်းတစ္ဆေအိုကြီးနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းက သူ့လက်ထဲက ရင်ရှယ်တု ( ငရဲလျှာပန်း) တစ်ပွင့်ကို လုယူခဲ့ဖူးလို့လေ။"

ငရဲလျှာပန်းအကြောင်းကို လီယန်ချူ ကြားဖူးပါသည်။ ၎င်းသည် တစ္ဆေသတ္တဝါများအတွက် အလွန် အားရှိစေသော အရာဖြစ်ပြီး လျှာပုံစံ အနီရဲရဲပွင့်ကာ အေးစက်သော စွမ်းအားများ ပြည့်နှက်နေသည်။

လီယန်ချူက သံသယဖြင့် မေးသည်

"မင်းက အဲဒီပန်းနဲ့ ဘာလုပ်မှာလဲ"

မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် ရိုးသားပုံရသော ဤကျိုးရွှန်ဖုန်းသည် တစ္ဆေလမ်းစဉ် ကျင့်ကြံသူများ ဖြစ်နေမည်လားဟု သူ တွေးမိသည်။

ကျိုးရွှန်ဖုန်းက ပြုံးကာ

"ချောင်မိတ်ဆွေ မေ့နေတာလား၊ ဒီမြို့ထဲမှာ ပစ္စည်းလဲလှယ်စရာ နေရာတွေ အများကြီး ရှိတာပဲလေ။ ဒီပန်းက ကျွန်တော့်အတွက် အသုံးမဝင်ပေမဲ့ တခြားပစ္စည်းနဲ့ လဲလို့ရတာပေါ့။ စိတ်ချပါ၊ ကျွန်တော်က လုံဟူရှန်းတပည့်ပါ၊ ဒီလို မိစ္ဆာလမ်းစဉ်တွေကို မလိုက်စားပါဘူး"

လီယန်ချူက ရယ်မောကာ

"ဒါကို ငါ မေ့သွားတာပဲ"

ထို့နောက် သူသည် လက်ဝါးကို ဖြန့်ကာ ထိုအရိပ်ကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်သော စွမ်းအားများဖြင့် ဖြတ်သန်းလိုက်ရာ

"ဘုန်း"

ထိုအရိပ်သည် တိုက်ရိုက် ပေါက်ကွဲသွားပြီး ဘာမှမကျန်အောင် ပျောက်ကွယ်သွားတော့သည်။ သို့သော် သူ ရင်းနှီးနေကျဖြစ်သော ကုသိုလ်စွမ်းအား တုံ့ပြန်မှုကိုမူ မရရှိခဲ့ပေ။ ဤသည်မှာ ဝိညာဉ်ခွဲ မဟုတ်ဘဲ အတတ်ပညာတစ်ခုသာ ဖြစ်သောကြောင့်ပင်။

လီယန်ချူသည် ခြေရာခံအတတ်ဖြင့် စမ်းသပ်ကြည့်သော်လည်း တစ်ဖက်လူမှာ မိစ္ဆာလမ်းစဉ်မှ ထိပ်သီးပုဂ္ဂိုလ်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာကို သုံးထားသဖြင့် ဘာအချက်အလက်မှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူ လက်လျှော့လိုက်ရသည်။

ဤတစ္ဆေအရိပ်အတတ်မှာ သက်ရှိမဟုတ်ဘဲ ပုံသဏ္ဍာန်မဲ့သော အရာဖြစ်သည်။ ခုနက ကျိုးရွှန်ဖုန်းသည် အစွမ်းထက်သော အဆောင်များစွာ သုံးခဲ့ရသော်လည်း နှိမ်နင်းရုံသာ တတ်နိုင်ပြီး မသတ်နိုင်ခဲ့ချေ။ ဤ ချောင်မိတ်ဆွေ တွင် နဂါးချုပ်တိုင် ရှိနေရုံသာမက ထိုအရိပ်ကို အသာလေး ချေမှုန်းနိုင်သည်မှာ အံ့သြစရာပင်။

"ချောင်ကိုကြီးကတော့ လန်းတယ်ဗျာ"

ကျိုးရွှန်ဖုန်းက ဘေးမှနေ၍ ရိုးသားစွာ ချီးကျူးလိုက်သည်။

မြို့ဟောင်းအတွင်းရှိ စံအိမ်ကြီးတစ်ခုအတွင်း...

ဤနေရာတွင် နံရံများ၊ ကျောက်ဆောင်များ၊ ရေကန်များ ရှိသော်လည်း ဗိသုကာလက်ရာမှာ အလွန်ပင် "ငရဲဆန်" လှသည်။ တစ်အိမ်လုံးကို အနက်ရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။ သို့သော် ဤအိမ်ကို ပုံဖော်သူမှာ အနုပညာမျက်စိ ရှိပုံရသည်။ ဤမျှ ကြမ်းတမ်းအေးစက်သော ပုံစံကိုပင် ထူးခြားသော ခံစားမှုတစ်ခု ဖြစ်အောင် ဖန်တီးထားသည်။

ရေကန်အလယ်ရှိ ဇရပ် ထဲတွင် မင်းစိုးရာဇာ အဝတ်အစား ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အစိမ်းရောင် ရင်စိဝတ်စုံ ဝတ်ထားသော အမျိုးသမီးငယ်တစ်ဦးတို့မှာ ကစားနေကြသည်။ ဤပွဲသည် မည်မျှကြာအောင် ကစားနေကြသည်မသိ။

ထိုအမျိုးသားကြီးမှာ အလွန် တည်ငြိမ်ပြီး ခန့်ညားလှသည်။ တစ်ဖက်မှ အမျိုးသမီးမှာမူ အလွန်ပင် ဆွဲဆောင်မှုရှိကာ အသားအရေမှာ ဝင်းမွတ်ဖြူစင်နေသည်။ သူတို့နှစ်ဦးမှာ စစ်တုရင်ခုံကိုသာ အာရုံစိုက်နေကြသည်။

ဤမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ထူးဆန်းနေသည်။ သူတို့ဘေးတွင် လက်ဖက်ရည်ပူပူများ ရှိနေသော်လည်း အငွေ့များမှာ လေထဲတွင် ခဲနေသကဲ့သို့ ရှိသည်။ ဤဇရပ်အတွင်းနှင့် အပြင်မှာ ကမ္ဘာနှစ်ခုကဲ့သို့ ကွဲပြားနေပြီး ဇရပ်အပြင်ဘက်တွင် ပန်းပင်အချို့ စိုက်ထားသည်။

အကယ်၍ ဆေးဖော်စပ်သည့် ကျွမ်းကျင်သူတစ်ဦးသာ ဤနေရာ၌ ရှိနေလျှင် အလွန်ပင် အံ့အားသင့်သွားပေလိမ့်မည်။ ထိုအပင်များထဲတွင်

ခရမ်းရောင်သစ်ရွက် ဂါလံမြက် ပါဝင်နေသောကြောင့်ပင်။

၎င်းမှာ ကျင့်ကြံသူများ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံ ကို ပြောင်းလဲပေးနိုင်သော အလွန်ရှားပါးသည့် နတ်ဆေးပင် ဖြစ်သည်။ ကျင့်ကြံသူတစ်ဦး၏ အခြေခံမှာ မွေးရာပါအတိုင်း ဖြစ်သော်လည်း ဤဆေးပင်က ၎င်းကို တိုးတက်ကောင်းမွန်စေနိုင်သဖြင့် ကျင့်စဉ်တိုးတက်မှုအတွက် အလွန် အထောက်အကူဖြစ်စေသည်။ ကျင့်ကြံရေးလောကတွင် ဤကဲ့သို့ အခြေခံကို ပြောင်းလဲနိုင်သည့် ဆေးပင်မျိုးအတွက်ဆိုလျှင် မည်သူမဆို အသေအလဲ လုယူကြမည်မှာ အမှန်ပင်။

ယခုအချိန်တွင် ထိုစံအိမ်ကြီးထဲ၌ ကျင့်ကြံသူ အများအပြား ရောက်ရှိနေပြီ ဖြစ်သည်။ သန်မာထွားကြိုင်သော အမျိုးသားကြီးတစ်ဦးမှာ ဓားရှည်ကြီးတစ်လက်ကို ပိုက်ထားပြီး ဓားအိမ်ပေါ်တွင် နဂါးနှင့် ကျား တိုက်ခိုက်နေသည့် ပုံများ ပါရှိကာ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားလှသည်။

ထို့ပြင် ဝတ်ရုံနက်ကို ခြုံထားသော ကျင့်ကြံသူတစ်ဦးလည်း ရှိနေသည်။ သူသည် ဤတစ္ဆေမြို့ဟောင်းထဲတွင် ရှိနေခြင်းမှာ လုံးဝ တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ လီယန်ချူ တွေ့ခဲ့ဖူးသော အမျိုးသမီးနှစ်ဦးလည်း ထိုနေရာတွင် ရှိနေသည်။ သူတို့မှာ ခရမ်းရောင်ဝတ်စုံဝတ် မိန်းကလေးနှင့် သူမ၏ အေးစက်သော အဒေါ် ပင် ဖြစ်သည်။

ခရမ်းရောင်ဝတ် မိန်းကလေးက ဇရပ်ထဲရှိ ကစားနေသူနှစ်ဦးကို ကြည့်လိုက်ပြီးနောက် ခရမ်းရောင်သစ်ရွက် ဂါလံမြက်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒေါ်လေး... ခုနကတည်းက တိုက်ရိုက်လုရအောင်လို့ ပြောသားပဲ။ အခုတော့ ကြည့်ဦး၊ တခြားလူတွေပါ ထပ်ရောက်လာပြီ"

အေးစက်သော မျက်နှာရှိသည့် ဝတ်လုံဝတ် သီလရှင် က တည်ငြိမ်စွာပင်

"ဒီဇရပ်က ထူးဆန်းတယ်။ အဲဒီလူနှစ်ယောက်ရဲ့ ကစားပွဲက တစ်ခုခုမှာ ပိတ်မိနေပုံရတယ်။ နောက်ပြီး ခုနက အဲဒီမှာ ရပ်နေတဲ့ ဝတ်ရုံနက်နဲ့လူက ဘယ်သူလဲဆိုတာ မင်းသိလား "

မိန်းကလေးက နားမလည်ဘဲ မျက်လုံးလေး အဝိုင်းသားဖြင့်

"ဒေါ်လေး သိလို့လား"

"မင်းကတော့ အမြဲတမ်း စိတ်လိုက်မာန်ပါပဲ။ အဲဒါ ဝူကျန်းတစ္ဆေအိုကြီးပဲ။ ငါလည်း သူ့ကို နိုင်မယ်လို့ အသေအချာ မပြောနိုင်ဘူး။ သူ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာလည်း မသိရဘူး"

မိန်းကလေးက မျက်မှောင်ကြုတ်ကာ

"ဒါဆို ဘယ်လိုလုပ်မလဲ ပြန်ကြမလား"

"ခဏစောင့်ဦး၊ ဟိုမှာ နဂါးကျားဓားကို ပိုက်ထားတဲ့လူက ဝူကျန်းတစ္ဆေအိုကြီးနဲ့ အရင်က ရန်ငြိုးရှိခဲ့ဖူးတယ်။ အခု သူရောက်လာတာ ငါတို့အတွက် မဆိုးပါဘူး"

မိန်းကလေး မျက်လုံးလေးများ လင်းလက်သွားပြီး

"ဒေါ်လေး ပြောချင်တာက ငါးဖမ်းတဲ့လူ လုယူမယ် ဆိုတဲ့ သဘောလား"

ဒေါ်လေးက သူမ၏ ခေါင်းကို တစ်ချက် ခေါက်လိုက်ပြီး

"စကားလုံးကို ကောင်းကောင်းသုံးစမ်းပါ၊ ဒါကို 'အကွက်ချပြီးမှ လှုပ်ရှားတာ' လို့ ခေါ်တယ် "

ထိုသီလရှင်မှာ အလွန် စိတ်ရှည်သော်လည်း နောက်မှရောက်လာသည့် မျက်နှာဘေး ကောက်ကျစ်ပုံရသော လူငယ်တစ်ဦးကမူ စိတ်မရှည်တော့ပေ။ ဤနေရာတွင် စိတ်အာရုံကို ပိတ်ထားသဖြင့် တစ်ဦးချင်းစီ၏ အစွမ်းကို ခန့်မှန်းရခက်လှသည်။ ထိုလူငယ်သည် ဆေးပင်ကို မြင်သည်နှင့် မျက်လုံးများ တောက်ပလာကာ ဘာကိုမှ ဂရုမစိုက်ဘဲ အလျင်အမြန်ပင် မြေလျှိုးအတတ် ကို သုံးကာ ဆေးပင်နားသို့ ချဉ်းကပ်သွားတော့သည်။

သူသည် ကျွမ်းကျင်သူများစွာ၏ ရှေ့တွင်ပင် ရဲရဲဝံ့ဝံ့ ဆေးပင်ကို လှမ်းယူလိုက်သည်။ ထိုစဉ် ဝတ်ရုံနက်နှင့် ဝူကျန်းတစ္ဆေအိုကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ မြေပြင်မှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုလူငယ်၏ ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။ သို့သော် ထိုလူငယ်မှာလည်း ပြင်ဆင်ထားပုံရသည်။ သူ့ကျောနောက်မှ ကြွက်မြီးကဲ့သို့ အမြီးရှည်ကြီးတစ်ခု ထွက်လာပြီး ဆေးပင်ကို လှမ်းပတ်လိုက်သလို လက်သည်းများဖြင့် အရိပ်ကို ဖြတ်တောက်ပစ်လိုက်သည်။

ဝူကျန်းတစ္ဆေအိုကြီးပင် အနည်းငယ် အံ့သြသွားသည်။ ထိုလူငယ်၏ အမြီးက ဆေးပင်ကို ယူတော့မည့်ဆဲဆဲမှာပင်

"ရှပ်"

ဓားအလင်းတစ်ချက် လောက်သွားပြီး ထိုအမြီးမှာ ပြတ်တောက်သွားတော့သည်။ ထိုအလင်းမှာ ဘယ်ကလာမှန်း မသိသော်လည်း ထိုအမျိုးသားကြီးကို ကြည့်နေသော သီလရှင်ကမူ

"အနှစ် ၆၀ ကြာပြီးတဲ့နောက် သူ့အစွမ်းက ပိုတိုးတက်လာတာပဲ" ဟု တွေးလိုက်မိသည်။

လူငယ်က အော်ဟစ်ကာ ဒဏ်ရာရသွားသော်လည်း သူက အလွန် ပြတ်သားသူဖြစ်သည်။ သူသည် ဆေးပင်ကို အတင်းလှမ်းဆုပ်ကိုင်လိုက်သည်။ ဆေးပင်ကို ရသည်နှင့် မြေအောက်ထဲသို့ ငုပ်လျှိုးသွားရန် ကြံစည်ထားခြင်းပင်။ ထိုစဉ် သီလရှင်က သူမ၏ လက်ထဲမှ ဖုန်ခါတံ ကို ဝှေ့ယမ်းလိုက်ရာ လူငယ်မှာ အဝေးသို့ လွင့်စင်သွားတော့သည်။

သီလရှင်က လူသတ်ရန် မရည်ရွယ်သော်လည်း လူငယ် မြေပြင်ပေါ်သို့ ကျကျချင်းမှာပင် အရိပ်တစ်ခုက သူ့ကို ဖိနှိပ်ထားလိုက်ပြီး ခဏချင်းမှာပင် ထိုလူငယ်မှာ ငြိမ်ကျသွားတော့သည်။ ဤဖြစ်စဉ်တစ်ခုလုံးမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။ သို့သော် သူ၏ အော်ဟစ်သံမှာ ဇရပ်ထဲရှိ စစ်တုရင်ကစားနေသူ နှစ်ဦးကိုမူ လုံးဝ မနှောင့်ယှက်နိုင်ခဲ့ချေ။

ဝူကျန်းတစ္ဆေအိုကြီးက အက်ကွဲသောအသံဖြင့်

"ဇရပ်ထဲက နှစ်ယောက်ကတော့ တကယ်ပဲ ပြဿနာတက်နေပုံရတယ်။ အခု ဒီဆေးပင်က ဘယ်သူရမှာလဲ "

ဓားပိုက်ထားသော အမျိုးသားကြီးက အေးစက်စွာပင်

"ဝူကျန်းခွေးအိုကြီး၊ မင်းမှာ စကားပြောပိုင်ခွင့် ရှိလို့လား "

ဝူကျန်းတစ္ဆေအိုကြီးမှာ မျက်နှာပျက်သွားသည်။ သူက သီလရှင်နှင့် အမျိုးသားကြီး ရောက်မလာခင် တစ်စုံတစ်ယောက် အရင်တိုက်ခိုက်ရန် စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ အခြေအနေက တင်းမာနေပြီ ဖြစ်သည်။

"ရော်ဟုန် ၊ မင်းကတော့ ရိုင်းစိုင်းမြဲပဲ။ ငါ့ကို စိန်မခေါ်နဲ့"

ဝူကျန်းတစ္ဆေအိုကြီးက ဒေါသတကြီး ပြောရင်း တိတ်တဆိတ် လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်သည်။

ထိုစဉ် ခုနက မြေပြင်ပေါ်တွင် လဲနေသော လူငယ်မှာ ရုတ်တရက် တောင့်တောင့်ကြီး ပြန်ထလာသည်။ သူ၏ မျက်နှာအမူအရာမှာ တောင့်တင်းနေသော်လည်း ထိုဆေးပင်ထံသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။ သီလရှင်က ထပ်မံ တိုက်ခိုက်သော်လည်း ထိုလူငယ်မှာ အလွန်လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

ရော်ဟုန်က ဆဲဆိုလိုက်သည်

"ဝူကျန်းခွေးအို မင်းက အအလောင်းကောင်ထိန်းအတတ် ကိုတောင် သုံးနေတာလား "

ခုနက ရော်ဟုန်၏ ဓားချက်ကို လူငယ်က အရိုးပြားတစ်ခုဖြင့် တားဆီးနိုင်ခဲ့သည်။ ထိုအရိုးပြားမှာ အလွန် စွမ်းအားကြီးလှသည်။ ဝူကျန်းတစ္ဆေအိုကြီးသည် လူငယ်ကို အလောင်းကောင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ၎င်းမှာ နဂိုက ကြွက်မျိုးနွယ် ဖြစ်သဖြင့် အလွန် လျင်မြန်လှသည်။ ထိုလူငယ် သည် ဆေးပင်ကို ရယူကာ စံအိမ်အပြင်သို့ ပြေးထွက်သွားတော့သည်။

ဝူကျန်းတစ္ဆေအိုကြီးသည် တစ်ဖက်မှ ကျွမ်းကျင်သူနှစ်ဦးကို တားဆီးရင်း၊ တစ်ဖက်မှ အလောင်းကောင်ကို ထိန်းချုပ်ကာ အောင်မြင်စွာ ထွက်ပြေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။ သူသည် ကျွမ်းကျင်သူများ၏ အရိပ်များကိုပင် တိုက်ခိုက်ခိုင်းကာ ရှုပ်ထွေးအောင် လုပ်လိုက်သည်။

သူက ပြုံးကာ ပြောလိုက်သည်

"သီလရှင်၊ အခု ဘယ်သူက နောက်ဆုံးမှ အမြတ်ရတဲ့လူလဲ"

သီလရှင်မှာ မျက်နှာ ပို၍ အေးစက်သွားသည်။ သူမက အခွင့်အရေးကို စောင့်ချင်သော်လည်း ဝူကျန်းတစ္ဆေအိုကြီးက သူမထက် ပို၍ ကောက်ကျစ်နေခြင်းပင်။ တိုက်ပွဲမှာ အလွန် ပြင်းထန်နေသော်လည်း ဇရပ်ထဲရှိ လူနှစ်ဦးမှာမူ လုံးဝ မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။

ထိုအချိန်တွင် စံအိမ်ကြီးရှေ့ရှိ လမ်းမပေါ်၌...

ခန့်ညားထည်ဝါသော တာအိုဆရာ တစ်ဦးနှင့် လူငယ်တစ်ဦး လမ်းလျှောက်လာကြသည်။ ကျိုးရွှန်ဖုန်းက ပြုံးကာ ပြောသည်။

"ချောင်အစ်ကိုကြီး၊ ဒီစံအိမ်ကြီးက ကျွန်တော် ပြောဖူးတဲ့ ဆေးပင်ရှိတဲ့ အိမ်ပဲ။ အထဲမှာ ကျွမ်းကျင်သူ နှစ်ယောက်ကတော့ အပြင်လောကကို ဂရုမစိုက်ဘဲ စစ်တုရင်ကစားနေကြတာ"

ကျိုးရွှန်ဖုန်းသည် လီယန်ချူ၏ နောက်ကွယ်မှ ရိုသေစွာ လိုက်ပါလာခြင်း ဖြစ်သည်။ လီယန်ချူသည် ထိုစံအိမ်ကြီးကို ကြည့်နေစဉ်

ရုတ်တရက် လူရိပ်တစ်ခု ပြေးထွက်လာသည်။ ထိုသူ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးရှိပြီး ကိုယ်ပေါ်တွင် အလောင်းကောင်အရှိန်အဝါများ ပြည့်နှက်နေသည်။ ထိုလူရိပ်သည် အလွန်မြန်သဖြင့် လီယန်ချူနှင့် တိုက်ရိုက် တိုးမိတော့မည့်ဆဲဆဲမှာပင်... လီယန်ချူက ထိုသူ၏ လည်ပင်းကို လှမ်းဖမ်းလိုက်ရာ ထိုသူမှာ လုံးဝ မလှုပ်နိုင်တော့ပေ။

"အလောင်းကောင် လား"

လီယန်ချူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

အခန်း (၈၆၆) - တတိယအဆင့် ကျွမ်းကျင်သူတို့၏ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်း ၊ ဝူကျန်းတစ္ဆေအိုကြီး ၊ဝမ်းမြောက်ခြင်းဂိုဏ်း

ငရဲပြည်မှ လာသည်ဟု ယူဆရသော ဤမြို့ဟောင်းကြီးအတွင်း လျှောက်လှမ်းနေစဉ်... လီယန်ချူသည် မူလက ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုရုံသာ ရည်ရွယ်ခဲ့သော်လည်း၊ အသက်ရှိအလောင်းကောင် တစ်ခုက သေဘေးကိုမကြောက်ဘဲ သူ့ထံသို့ တိုးတိုက်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ဤအရာမှာ အလောင်းကောင်အဖြစ် ပြုလုပ်ခံထားရပြီးနောက် တတိယအဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကိုပင် ရှောင်တိမ်းနိုင်စွမ်းရှိသော ကြွက်မျိုးနွယ်စုမှ လူငယ်ဖြစ်သော်လည်း၊ ယခုအခါတွင်မူ လီယန်ချူ၏ လက်ထဲ၌ လုံးဝ မလှုပ်နိုင်ဘဲ ဖြစ်နေရှာသည်။

လီယန်ချူ၏ အကြည့်သည် ထိုလူငယ်၏ လက်ထဲတွင် ကိုင်ထားသော ထူးဆန်းသည့် ပန်းပင်လေးပေါ်သို့ ကျရောက်သွားပြီးနောက် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

"ဒါက... ခရမ်းရောင်သစ်ရွက် ဂါလံမြက် လား"

ပြောရလျှင် ရွှမ်ချိန် ဆရာ၏ သင်ကြားပြသမှုများမှာ အခြေခံ အလွန်ခိုင်မာလှသည်။ အလွန်အမင်း ထူးဆန်းလွန်းသည့် အရာမျိုးမဟုတ်လျှင် လီယန်ချူအနေဖြင့် အကုန်လုံးနီးပါး ကြားဖူးနားဝ ရှိပေသည်။

သူသည် လက်ကို ဆန့်ထုတ်ကာ ထိုဆေးပင်ကို ယူလိုက်ပြီး

"ဒီနေရာက တကယ်ကို မဆိုးဘူးပဲ။ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်တဲ့ ဒီလိုနတ်ဆေးပင်မျိုးတောင် ရှိနေတာပဲ"

ဟု လီယန်ချူက ရေရွတ်ရင်း ကျေနပ်သွားမိသည်။

စံအိမ်ကြီးအတွင်း၌... တစ္ဆေအရိပ်များကို ထိန်းချုပ်နေသော ဝူကျန်းတစ္ဆေအိုကြီး၏ မျက်နှာသည် ရုတ်တရက် ပျက်သွားတော့သည်။ သူ ဖန်တီးထားသည့် အသက်ရှိအလောင်းကောင်မှာ တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီဖြစ်ကြောင်း သူ ခံစားလိုက်ရခြင်းပင်။

"မကောင်းတော့ဘူး တစ်ယောက်ယောက်က ကြားဖြတ်လုသွားပြီ"

ဝူကျန်းတစ္ဆေအိုကြီး၏ မျက်နှာမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ကိုယ်ပေါ်တွင် တစ္ဆေအရိပ်များစွာ ဝန်းရံလာကာ အရှိန်အဝါများ ပိုမိုပြင်းထန်လာတော့သည်။ သူသည် နဂါးကျားဓားကို ပိုက်ထားသော သန်မာသည့် အမျိုးသားကြီးနှင့် အေးစက်သော တာအိုသီလရှင် ကျင့်ရွှမ် တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို တိုက်ရိုက် ထိုးဖောက်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

ထိုသူနှစ်ဦးမှာလည်း ဝူကျန်းတစ္ဆေအိုကြီးကို ထိုအတိုင်း လွတ်ထွက်သွားခွင့် မပြုနိုင်သဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ တတိယအဆင့် ကျွမ်းကျင်သူ သုံးဦး၏ ပြင်းထန်သော အရှိန်အဝါများမှာ စံအိမ်ဟောင်းကြီးအတွင်း တစ်ပြင်လုံး ပျံ့နှံ့သွားတော့သည်။

သူတို့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် ခဏချင်းအတွင်းမှာပင် စံအိမ်တံခါးဝသို့ ရောက်ရှိသွားကြသည်။ စံအိမ်တံခါးဝတွင် အရပ်အမောင်း မြင့်မားထည်ဝါသော တာအိုဆရာငယ်တစ်ဦးက သူ အလောင်းကောင်အဖြစ် ဖန်တီးထားသည့် လူငယ်ကို လက်ဖြင့် ဆွဲကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ဝူကျန်းတစ္ဆေအိုကြီး၏ မျက်နှာမှာ မှောင်ကျသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟေ့ကောင်လေး ငါ့လူကို ခုချက်ချင်း ပြန်ပေးစမ်း"

ထို့နောက် သူသည် လက်ဝါးရိုက်ချက်တစ်ခုကို တိုက်ရိုက် ပစ်ခတ်လိုက်သည်။ ကျောက်တုံးများ လွင့်စင်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် အေးစက်သော လေပြင်းများ တိုက်ခတ်ကာ တစ္ဆေများ ငိုကြွေးသံကဲ့သို့ အသံများ ဆူညံသွားတော့သည်။ နဂါးကျားဓားကို ပိုက်ထားသော အမျိုးသားကြီးနှင့် တည်ငြိမ်လှသော သီလရှင် ကျင့်ရွှမ်တို့မှာမူ ဘေးတွင် ရပ်ကြည့်နေပြီး ချက်ချင်း ဝင်မပါသေးပေ။

ကျိုးရွှန်ဖုန်းမှာမူ ရုတ်တရက် ပေါ်လာသော လူသုံးဦးကို မြင်လိုက်ရသောအခါ မျက်နှာ ပျက်သွားသည်။ ဤသုံးဦးစလုံးမှာ တတိယအဆင့် ကျွမ်းကျင်သူများဖြစ်ပြီး တစ်ဦးချင်းစီမှာ သူ့ထက် များစွာ အစွမ်းထက်ကြသည်။

လီယန်ချူမှာမူ ထိုအခြေအနေကို မြင်သော်လည်း အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက အနည်းငယ် ပြုံးလိုက်ပြီး

"ကောင်းပြီလေ" ဟု ပြောကာ ခရမ်းရောင်သစ်ရွက် ဂါလံမြက်ကို သိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် ထိုအလောင်းကောင် လူငယ်၏ ကိုယ်ခန္ဓာကို တိုက်ရိုက် ပစ်ပေါက်လိုက်တော့သည်။ ကျိုးရွှန်ဖုန်း၏ နားထဲတွင် "ဝုန်း ဝုန်း" ဟု ပြင်းထန်သော မြည်ဟီးသံကြီးကို ကြားလိုက်ရသည်။ လူငယ်၏ အလောင်းမှာ လေထုကို ဖြတ်သန်းသွားစဉ် ပွတ်တိုက်မှုကြောင့် ပတ်ဝန်းကျင် အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားပြီး ကောင်းကင်မှ ကျလာသော ဥက္ကာခဲကြီးတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။

ဝုန်း

ဝူကျန်းတစ္ဆေအိုကြီးသည် ထိုပြင်းထန်လှသော စွမ်းအားကို ခံစားမိလိုက်သဖြင့် ထိုအလောင်းကို အတင်း မဖမ်းရဲတော့ပေ။ သို့သော်လည်း လီယန်ချူ ပစ်ပေါက်လိုက်သည့် အရှိန်မှာ အလွန်ပင် မြန်ဆန်ပြီး ထိတ်လန့်ဖွယ် ကောင်းလှသဖြင့်... ဝူကျန်းတစ္ဆေအိုကြီးမှာ ထိုအရှိန်ကြောင့်ပင် အနောက်သို့ လွင့်စင်သွားတော့သည်။

ထိုမျှမကသေး၊ ဘေးမှ ကြည့်နေသော အမျိုးသားကြီးနှင့် တာအိုသီလရှင်တို့ပင်လျှင် ထိုပြင်းထန်သော လေဖိအား ကြောင့် အနောက်သို့ လန်ကျသွားကြသည်။

တစ်ချက်တည်းနှင့်ပင်

"ဒီလောက်တောင် အစွမ်းထက်တာလား"

အမျိုးသားကြီးမှာ ထိတ်လန့်တုန်လှုပ်သွားသည်။

ဝူကျန်းတစ္ဆေအိုကြီး၏ မျက်နှာမှာလည်း မှောင်ကျသွားပြီး ထိုတာအိုဆရာငယ်၏ အစွမ်းကို ကြောက်ရွံ့စပြုလာသည်။ သို့သော်လည်း ခရမ်းရောင်သစ်ရွက် ဂါလံမြက် မှာ ကျင့်ကြံရေးလောကတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော နတ်ဆေးပင်ဖြစ်ရာ၊ ၎င်းကို ရရှိလျှင် သူ၏ အခြေခံကို တိုးမြှင့်နိုင်ပြီး သေခြင်းရှင်ခြင်း အတားအဆီးကိုပင် ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ဝူကျန်းတစ္ဆေအိုကြီးက လေးနက်သော အသံဖြင့် မေးလိုက်သည်။

"မိတ်ဆွေက ဘယ်သူလဲ"

လီယန်ချူက အေးဆေးစွာပင်

"မဟာဝေ က ကျင့်ကြံသူ၊ ချောင်ချောင် ပါ"

ဟု ဖြေလိုက်သည်။

ဤစကားကြောင့် အားလုံးမှာ အံ့အားသင့်သွားကြသည်။

ဝူကျန်းတစ္ဆေအိုကြီးက မျက်မှောင်ကြုတ်ကာ

"မဟာဝေ မဟာဝေဆိုတာ ဘယ်တိုင်းပြည်လဲ"

ဟု တွေးတောရင်း စိုးရိမ်စိတ်များ ဝင်လာသည်။

တစ်ဖက်လူ၏ အစွမ်းမှာ အလွန်ကြီးမားရုံသာမက နောက်ခံမှာလည်း အလွန် လျှို့ဝှက်ဆန်းကြယ်နေသည်။ လီယန်ချူက "မဟာဝေ" ဟု စကားနှစ်လုံးကို သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း၊ ကျန်သူများမှာမူ မိမိဘာသာ စိတ်ကူးများ ယဉ်နေကြတော့သည်။

ရှဲ့မျိုးနွယ်စုမှ လာသော သီလရှင် ကျင့်ရွှမ်မှာလည်း သူမ၏ မျက်လုံးလေးများကို မှေးလိုက်ရင်း

"ချောင်မျိုးနွယ်စုကများလား ဒါပေမဲ့ ချောင်မျိုးနွယ်ရဲ့ ဘိုးဘေးကြီး ကွယ်လွန်ပြီးကတည်းက အဲဒီမိသားစုက ဆုတ်ယုတ်သွားပြီ မဟုတ်လား..."

ဟု တွေးနေမိသည်။

ဝူကျန်းတစ္ဆေအိုကြီးမှာ မိစ္ဆာလမ်းစဉ်မှ ထိပ်သီးတစ်ဦးဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံ များပြားသူဖြစ်သည်။ သူသည် ရက်စက်ကာ ကောက်ကျစ်ပြီး ပရိယာယ် ကြွယ်ဝသည်။ ယခုအခါ သူ၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ တစ်ဖက်လူက မည်မျှပင် ခက်ခဲပါစေ၊ သူ စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ချောင်ချောင် မိတ်ဆွေ... ခရမ်းရောင်သစ်ရွက် ဂါလံမြက်ကို ပေးလိုက်ပါ။ ဒါဆို ခုနကကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်"

ခုနက သူ အကွက်ချစီစဉ်ပြီး တတိယအဆင့် ကျွမ်းကျင်သူနှစ်ဦးကို တားဆီးကာ ဆေးပင်ကို လုယူခဲ့သော်လည်း၊ နောက်ဆုံးတွင် သူတပါးလက်ထဲသို့ ရောက်သွားသည်ကို သူ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။ အကယ်၍ လီယန်ချူက ခုနက အလောင်းကို ပစ်ပေါက်လိုက်သည့် အရှိန်မှာ ဥက္ကာခဲကဲ့သို့ မပြင်းထန်ခဲ့လျှင်... ဝူကျန်းတစ္ဆေအိုကြီးမှာ စကားပြောမနေဘဲ ချက်ချင်း တိုက်ခိုက်ပြီးသား ဖြစ်ပေလိမ့်မည်။

လီယန်ချူက ထိုဆေးပင်ကို သူ၏ သိုလှောင်အိတ် အတွင်းသို့ သိမ်းလိုက်ပြီးနောက် သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

"ဘာ ခရမ်းရောင်သစ်ရွက် ဂါလံမြက်လဲ"

"................"

ဝူကျန်းတစ္ဆေအိုကြီး၏ နှုတ်ခမ်းများ တုန်ခါသွားပြီး အေးစက်စွာ ပြောလိုက်သည်။

"မိတ်ဆွေက ဒီရတနာကို တစ်ယောက်တည်း သိမ်းထားချင်တာလား "

လီယန်ချူက အမှန်တရားအတိုင်းပင်

"ဒါပေါ့၊ မဟုတ်ရင် ငါ ဒီကို ဘာလာလုပ်မှာလဲ"

ဟု ပြန်ပြောလိုက်သည်။

ဝူကျန်းတစ္ဆေအိုကြီး : "................"

ဘေးတွင်ရှိသော အေးစက်လှသည့် တာအိုသီလရှင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားကာ ပြုံးမိသွားသည်။ နဂါးကျားဓားကို ပိုက်ထားသော အမျိုးသားကြီးကလည်း သဘောကျစွာ ရယ်မောလိုက်သည်။ သူသည် ဝူကျန်းတစ္ဆေအိုကြီး၏ ဟန်ဆောင်ပန်ဆောင် အပြုအမူများကို ကြည့်မရချေ။ အကယ်၍ တစ်ဖက်လူသာ ဒုတိယအဆင့် ကျင့်ကြံသူလေးဖြစ်လျှင် ဝူကျန်းတစ္ဆေအိုကြီးမှာ ချက်ချင်းပင် လူသတ်လုယူပြီးသား ဖြစ်လိမ့်မည်။ စကားများနေမည် မဟုတ်ပေ။

အခုတော့ မနိုင်တာနဲ့ စကားတွေ လိုက်ပြောနေတာ... ဟက် အဆင့်မရှိလိုက်တာ

ဝူကျန်းတစ္ဆေအိုကြီး၏ မျက်နှာမှာ တစ်လှည့်နီ တစ်လှည့်ညို ဖြစ်နေသည်။ တစ်ဖက်လူက သူ့ကို လုံးဝ မျက်နှာမပေးခြင်းပင်။ သို့သော်လည်း သူသည် လီယန်ချူ၏ ခုနက တိုက်ကွက်ကြောင့် အလွန်အမင်း ထိတ်လန့်နေသဖြင့် အလွယ်တကူ မလှုပ်ရှားရဲချေ။

ကျန်သူနှစ်ဦးမှာလည်း လီယန်ချူကို ကြောက်ရွံ့နေကြသဖြင့် ဘာမှဝင်မပြောဘဲ ငြိမ်နေကြသည်။ ထိုစဉ် ကျိုးရွှန်ဖုန်းက ဘေးမှနေ၍ အသံတိုးတိုးဖြင့်

"ချောင်ကိုကြီး... ဒီလူက ဝူကျန်းတစ္ဆေအိုကြီးပဲ၊ သူက လူသတ်ရမှာကို မျက်တောင်မခတ်တဲ့ မိစ္ဆာအိုကြီးဗျ"

ဟု သတိပေးလိုက်သည်။

သူသည် ဝူကျန်းတစ္ဆေအိုကြီးနှင့် ရန်ငြိုးရှိသဖြင့် လီယန်ချူကို တိုက်တွန်းနေခြင်းပင်။

လီယန်ချူက ခေါင်းငြိမ့်ပြကာ

"အော်... သူကိုး၊ ဒါကြောင့်လည်း တစ်ကိုယ်လုံး တစ္ဆေအငွေ့အသက်တွေနဲ့ အပုပ်နံ့နံနေတာပဲ"

ဟု ပြောလိုက်သည်။

ဝူကျန်းတစ္ဆေအိုကြီးမှာ ကျိုးရွှန်ဖုန်းကို သတိထားမိသည်မှာ ကြာပြီဖြစ်သော်လည်း လီယန်ချူကို ကြောက်သဖြင့် သည်းခံနေခြင်း ဖြစ်သည်။ ယခုမူ ကျိုးရွှန်ဖုန်းက ဘေးမှနေ၍ ကုန်းချောနေသည်ကို မြင်သောအခါ ဒေါသမှာ ထိန်းမရတော့ပေ။

"မင်းကို ငါ တကယ်ကြောက်နေတယ်လို့ ထင်နေတာလား ဒီမှာ တတိယအဆင့် ကျင့်ကြံသူ သုံးယောက်ရှိတာ၊ မင်းတစ်ယောက်တည်းနဲ့ ကောင်းကင်ကို လက်ဝါးနဲ့ ကာနိုင်မလား ကြည့်ကြသေးတာပေါ့ "

ဝူကျန်းတစ္ဆေအိုကြီးက ဟိန်းဟောက်လိုက်ပြီး ရော်ဟုန် နှင့် သီလရှင် ကျင့်ရွှမ်တို့ကိုပါ ဆွဲထည့်ကာ ဤလျှို့ဝှက်ဆန်းကြယ်သော တာအိုဆရာကို အရင်တိုက်ခိုက်ရန် လှုံ့ဆော်လိုက်သည်။ သို့သော်လည်း သူ၏ စကားကို မည်သူမှ မထောက်ခံကြပေ။

အမျိုးသားကြီး ရော်ဟုန်မှာ လီယန်ချူ၏ ခုနက တုန်လှုပ်ဖွယ်ရာ တိုက်ကွက်ကို သတိရကာ သူ၏ နဂါးကျားဓားကိုသာ ပို၍ တင်းတင်းဆုပ်ကိုင်ထားပြီး အနောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သေးသည်။ သီလရှင် ကျင့်ရွှမ်မှာလည်း ဘာမှမကြားသလိုပင် ငြိမ်၍ ရပ်နေသည်။

"စိတ်နှလုံး မဖြူစင်တဲ့ အကောင်တွေ... ငါးဖမ်းတဲ့လူ လုယူဖို့ပဲ စောင့်နေကြတာကိုး "

ဟု ဝူကျန်းတစ္ဆေအိုကြီးက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

သူသည် လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ပြီး အော်ဟစ်လိုက်ရာ

ရှပ် ရှပ် ရှပ်

မရေမတွက်နိုင်သော တစ္ဆေအရိပ်များ ထွက်ပေါ်လာပြီး တစ္ဆေလက်ကြီးများဖြင့် လီယန်ချူထံသို့ လှမ်းဖမ်းလိုက်ကြသည်။ လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော စွမ်းအား ကြောင့် ထိုတစ္ဆေအရိပ်များမှာ အမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။

လီယန်ချူက လက်ညှိုးဖြင့် တစ်ချက် ထောက်လိုက်ရာ မီးလျှံလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုမီးလျှံမှာ ချက်ချင်းပင် ကြီးမားလှပသော မီးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ မီး များဖြင့် တောက်လောင်ကာ တစ်ဖက်လူထံသို့ ပြေးဝင်သွားတော့သည်။

ဝူကျန်းတစ္ဆေအိုကြီးမှာ တစ်ဖက်လူ၏ တစ်ချက်တည်းသော တိုက်ကွက်မှာပင် ဤမျှ ပြင်းထန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ဒီလောက်တောင် ကြီးတာလား... ဒါက တကယ့် မီးနဂါးအတတ် ဟုတ်ရဲ့လား"

မီးနဂါးမှာ အလွန်ပင် မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့သို့ ရောက်လာသည်။ ဝူကျန်းတစ္ဆေအိုကြီးမှာ သူ၏ အကာကွယ် ရတနာကို ထုတ်သုံးလိုက်ပြီး မိစ္ဆာအငွေ့အသက်များဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ကာ ဘေးသို့ အမြန်ရှောင်လိုက်ရသည်။

မီးလျှံများ ကြားထဲမှ အလွန် သနားစရာကောင်းသော ပုံစံဖြင့် လူတစ်ဦး ပြေးထွက်လာသည်။ တစ်ကိုယ်လုံးတွင် အရေပြားများ ပေါက်ပြဲကာ မျက်နှာမှာ မဲမှောင်နေပြီး ဆံပင်များမှာလည်း မီးလောင်ကျွမ်းသဖြင့် ပြန့်ကြဲနေသည်။ ထိုသူမှာ ခုနက ကျွမ်းကျင်သူအရှိန်အဝါ အပြည့်ရှိနေသော မိစ္ဆာလမ်းစဉ်မှ ထိပ်သီး... ဝူကျန်းတစ္ဆေအိုကြီး ပင် ဖြစ်သည်။

မီးနဂါးအတတ် တစ်ကွက်တည်းနှင့်ပင် ဝူကျန်းတစ္ဆေအိုကြီးမှာ သေလုနီးပါး ဖြစ်သွားရသည်။ သူ၏ အကာကွယ် ရတနာမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် လီယန်ချူကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း လက်ကွက်ကို ထပ်မံ ဖော်ဆောင်ကာ လက်ဝါးနှစ်ဖက်ဖြင့်

ကိုးပါးငရဲ တစ္ဆေလက်သည်း ကို ထုတ်လွှတ်လိုက်သည်။

ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်ကာ တိမ်တိုက်များ မှောင်ကျလာတော့သည်။

"သတိထား အဲဒါ ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်စေတဲ့ အတတ်ပဲ "

ဟု ကျိုးရွှန်ဖုန်းက စိုးရိမ်တကြီး သတိပေးလိုက်သည်။

လီယန်ချူမှာ တည်ငြိမ်စွာပင် ထိုနေရာ၌ ရပ်နေပြီး ပါးစပ်မှ အော်ဟစ်လိုက်သည်။

ထိုအသံမှာ နဂါးဟိန်းသံကြီးကဲ့သို့ပင်

မဟာနဂါးဟိန်းသံ

စွမ်းအားလှိုင်းတစ်ခုမှာ လှိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး ထိုတစ္ဆေလက်သည်းကို ထိတွေ့ရုံဖြင့် အစအနမကျန် ချေဖျက်လိုက်တော့သည်။ ဝူကျန်းတစ္ဆေအိုကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ ဝိညာဉ်ကို ထိခိုက်စေသည့် ထိုလျှို့ဝှက်အတတ်မှာ လီယန်ချူ၏ နဂါးဟိန်းသံရှေ့တွင် ဘာမှမဟုတ်တော့ပေ။

ဝူကျန်းတစ္ဆေအိုကြီးမှာ မျက်လုံးများ ပြာဝေသွားပြီး ဝိညာဉ်မှာ တုန်ခါသွားသဖြင့် မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။ တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးကို တစ်ချက်တည်းနှင့် ဒူးထောက်သွားအောင် လုပ်နိုင်သည်မှာ မယုံနိုင်စရာပင်။

နဂါးကျားဓားကို ကိုင်ထားသော ရော်ဟုန်မှာ ကြောက်လန့်သွားသဖြင့် အနောက်သို့ ထပ်မံ ခြေလှမ်းဆုတ်လိုက်ပြန်သည်။ ဤ မဟာနဂါးဟိန်းသံ အတတ်မှာ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး အသံလှိုင်းဖြင့် ဝိညာဉ်ကို တိုက်ရိုက် နှိမ်နင်းနိုင်စွမ်း ရှိသည်။ လီယန်ချူမှာ ယခုမှ စတင်သင်ယူထားရုံရှိသေးသော်လည်း ဝူကျန်းတစ္ဆေအိုကြီးမှာ မခံနိုင်တော့ချေ။

ဝူကျန်းတစ္ဆေအိုကြီးမှာ ခဏအကြာတွင် သတိပြန်ဝင်လာပြီး ဒေါသနှင့် ထိတ်လန့်မှုများ ပေါင်းစပ်ကာ

"ယုတ်မာလှချည်လား ဒါ မင်း ငါ့ကို အတင်းအကျပ် လုပ်တာပဲ "

ဟု အော်ဟစ်လိုက်သည်။

သူသည် မိစ္ဆာရတနာကို မသုံးဘဲ၊ ထူးခြားသော နတ်ဘုရားအရှိန်အဝါရှိသည့် သစ်သားပြား တစ်ခုကို ထုတ်လိုက်သည်။

ရှပ်

သစ်သားပြားမှ အလင်းတန်းများ လင်းလက်လာပြီး ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းအတွင်းမှ ကျူးချွဲ ၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းမှာ အစွမ်းအချို့ လျော့နည်းနေသော်လည်း တစ်ကြိမ်တစ်ခါတော့ သုံး၍ ရသေးသည်။

ကြီးမားလှသော ကျူးချွဲငှက်ကြီးမှာ ထိတ်လန့်ဖွယ် နတ်ဘုရားစွမ်းအားများဖြင့် ပျံသန်းထွက်ပေါ်လာသည်။ ဤသည်မှာ ဝူကျန်းတစ္ဆေအိုကြီး၏ နောက်ဆုံး လျှို့ဝှက်ချက်ပင် ဖြစ်သည်။ သူသည် မိစ္ဆာကျင့်ကြံသူဖြစ်သဖြင့် ဤနတ်ဘုရားသစ်သားပြားကို သုံးလျှင် မိမိကိုယ်တိုင်လည်း ထိခိုက်မှု ရှိနိုင်သော်လည်း၊ ယခုမူ လီယန်ချူကို သတ်နိုင်ရန်အတွက် ဘာကိုမှ ဂရုမစိုက်တော့ပေ။

"လူငယ်လေး... မင်း အရမ်း မောက်မာနေတာပဲ၊ ဒီနေ့တော့ ငါ မင်းကို သင်ခန်းစာ ပေးရမယ်..."

ဝူကျန်းတစ္ဆေအိုကြီး၏ စကားပင် မဆုံးသေးမီမှာပင်၊ သူ၏ လက်ထဲရှိ သစ်သားပြားမှာ အလိုအလျောက် ကျွတ်ကျသွားပြီး သူနှင့် ရှိနေသော ဆက်နွှယ်မှုမှာလည်း အတင်းအကျပ် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ ကောင်းကင်ပေါ်ရှိ ကျူးချွဲငှက်ပုံရိပ်မှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဝူကျန်းတစ္ဆေအိုကြီး : "................"

သူက လှမ်းဖမ်းရန် ကြံစည်သော်လည်း လီယန်ချူက အဝေးမှ ပစ္စည်းယူသည့်အတတ် ကို သုံးကာ ထိုသစ်သားပြားကို သူ၏လက်ထဲသို့ ရောက်အောင် ယူလိုက်ပြီဖြစ်သည်။

"မင်းလိုလူမျိုးဆီမှာ ဒီလိုပစ္စည်းကောင်း ရှိနေလိမ့်မယ်လို့ ငါ ထင်မထားဘူး"

ဟု လီယန်ချူက ပြောရင်း ထိုသစ်သားပြားကို ကြည့်လိုက်သည်။

ဤအရာမှာ နတ်ဘုရားများ နေထိုင်သည့် နေရာမှ လာသော ရတနာဖြစ်ပုံရပြီး သူ၏လက်ထဲရှိ အခြားသစ်သားပြားများထက် အစွမ်းပိုကြီးလှသည်။

လီယန်ချူသည် ထိုအဖိုးတန်သစ်သားပြားကို သူ၏ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။

"ငါ့ပစ္စည်း ပြန်ပေးစမ်း" ဝူကျန်းတစ္ဆေအိုကြီးမှာ မျက်လုံးများ နီမြန်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဗုန်း

လီယန်ချူက လက်ကို ဝှေ့ယမ်းကာ ပါးတစ်ချက် ရိုက်လိုက်ရာ ဝူကျန်းတစ္ဆေအိုကြီးမှာ သွေးများ အန်ထွက်ကာ လွင့်စင်သွားတော့သည်။ သူသည် လုံးဝ မခုခံနိုင်တော့ချေ။

ဝူကျန်းတစ္ဆေအိုကြီးမှာ မြေပြင်မှ အလုအယက် ပြန်ထလာပြီး သွေးများကို ထပ်မံ အန်ထုတ်ရင်း

"မိတ်ဆွေ... နေပါဦး၊ ဒါက နားလည်မှုလွဲတာပါ"

ဟု ချက်ချင်းပင် အသံပြောင်းပြောလိုက်သည်။

လီယန်ချူက တောင်များကို သယ်ဆောင်နိုင်သော စွမ်းအား ဖြင့် လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးချက်ကြောင့် ဝူကျန်းတစ္ဆေအိုကြီး၏ ကိုယ်တွင်းအင်္ဂါများနှင့် အရေးကြီးသော အချက်အချာ အားလုံးမှာ ပျက်စီးသွားတော့သည်။

ထို့နောက် လီယန်ချူသည် ယင်ယန်ပုလင်း ကို ထုတ်ယူကာ ဝူကျန်းတစ္ဆေအိုကြီး၏ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကိုပါ ပုလင်းထဲသို့ တိုက်ရိုက် စုပ်ယူသိမ်းဆည်းလိုက်သည်။ တတိယအဆင့်ရှိသော မိစ္ဆာလမ်းစဉ်မှ ထိပ်သီးပုဂ္ဂိုလ်ကြီးမှာ သူ၏ လက်ထဲတွင် ဘာမှမလုပ်နိုင်ဘဲ ဇာတ်သိမ်းသွားရတော့သည်။

ယင်ယန်ပုလင်းကို မြင်လိုက်ရသောအခါ ကျိုးရွှန်ဖုန်းမှာ မျက်လုံးများ ပြူးသွားတော့သည်။ သူ နှစ်ပေါင်းများစွာ ဂူသင်္ချိုင်းတွေ တူးပြီး ရှာဖွေခဲ့သမျှမှာ ဘာမှမဟုတ်တော့သလို သူ ခံစားလိုက်ရသည်။ ဤ ချောင်ချောင် မိတ်ဆွေမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ရတနာများစွာကို ပိုင်ဆိုင်ထားခြင်းပင်။

နဂါးကျားဓားကို ကိုင်ထားသော ရော်ဟုန်မှာလည်း ရင်ထဲတွင် အေးစိမ့်သွားသည်။ သူသည် ဝူကျန်းတစ္ဆေအိုကြီးနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သူဖြစ်ပြီး အစွမ်းမှာ အတူတူပင် ဖြစ်သည်။ သူ၏ ဓားမှာ အစွမ်းထက်သဖြင့် တိုက်ပွဲတွင် အသာစီးရနိုင်သော်လည်း ဝူကျန်းတစ္ဆေအိုကြီးကို သတ်နိုင်ရန်မှာမူ သူ လုံးဝ မစွမ်းသာချေ။

ယခုမူ ထိုတာအိုဆရာငယ်ထံမှ ဆေးပင်ကို လုယူရန်မှာ လုံးဝ မဖြစ်နိုင်တော့ကြောင်း သူ နားလည်သွားသည်။ ရတနာက အရေးကြီးသော်လည်း အသက်က ပိုအရေးကြီးသည်။ သူသည် စိတ်ထဲမှ ဝူကျန်းတစ္ဆေအိုကြီးကို ကျိန်ဆဲလိုက်မိသည်။ သူက ဘေးမှကြည့်ကာ အမြတ်ထုတ်ချင်သော်လည်း၊ ဝူကျန်းတစ္ဆေအိုကြီးမှာ ကြောင်ကလေးတစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရသဖြင့် သူလည်း မစွန့်စားရဲတော့ပေ။

လီယန်ချူသည် မျက်လုံးဖြင့် အရှိန်ဝါကြည့်အတတ် ဖြင့် ကြည့်လိုက်သောအခါ ထိုအမျိုးသားကြီးနှင့် သီလရှင်တွင် နာကျည်းချက်များ၊ မကောင်းသော အရှိန်အဝါများ မရှိသည်ကို တွေ့ရသဖြင့် သူတို့ကို ဘာမှမလုပ်ဘဲ လွှတ်ထားလိုက်သည်။

ထိုစဉ် ခရမ်းရောင်ဝတ် မိန်းကလေးမှာ အမြန်ပြေးလာပြီး သီလရှင်၏ ဘေးတွင် ရပ်လိုက်သည်။ သို့သော် သူမ၏ အကြည့်မှာမူ လီယန်ချူ၏ မျက်နှာပေါ်မှ မခွာတော့ပေ။ သီလရှင်က သူမကို တစ်ချက် စိုက်ကြည့်လိုက်သည်။ အဓိပ္ပာယ်မှာ "ဒီလောက် အန္တရာယ်များတဲ့လူကို မျက်လုံးကြီး ပြူးကြည့်မနေနဲ့ " ဟု သတိပေးလိုက်ခြင်းပင်။

သို့သော် မိန်းကလေးကမူ ဘာမှမကြားသလိုပင်။ မတတ်နိုင်ချေ၊ လီယန်ချူ၏ ချောမောသော မျက်နှာမှာ တစ်လောကလုံးတွင် အသာလွန်ဆုံး ဖြစ်နေသည်ကိုး။ အထူးသဖြင့် ယခုအခါ သူ၏ အရှိန်အဝါမှာ ပိုမို ထူးကဲလာပြီး၊ ဖုံးကွယ်ထားစဉ်ကထက် ယခုကဲ့သို့ အစွမ်းများကို ထုတ်ဖော်ထားချိန်တွင် ပို၍ ခန့်ညားလှသည်။ သူ၏ မျက်လုံးများမှာ ဓားကဲ့သို့ ထက်မြက်ကာ အမူအရာမှာ တည်ငြိမ်ပြီး တစ်လောကလုံးတွင် အတုမရှိသော သူရဲကောင်းတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေသဖြင့် မည်သူက မကြိုက်ဘဲ နေနိုင်ပါမည်နည်း။

သူ့ကို မြင်မြင်ချင်း ချစ်မိသွားသော မိန်းကလေးများထဲတွင် ဤခရမ်းရောင်ဝတ် မိန်းကလေးမှာ ပထမဆုံးလည်း မဟုတ်သလို နောက်ဆုံးလည်း ဖြစ်လိမ့်မည် မဟုတ်ပေ။

နဂါးကျားဓားကို ကိုင်ထားသော ရော်ဟုန်မှာ အမြန်ဆုံးပင် ထိုနေရာမှ ထွက်ခွာသွားတော့သည်။ တာအိုသီလရှင်ကလည်း မိန်းကလေးကို ခေါ်ထုတ်သွားရန် ပြင်လိုက်သော်လည်း၊ မိန်းကလေးမှာ သတ္တိမွေးကာ လီယန်ချူထံသို့ လျှောက်သွားပြီး

"ဆရာ... မင်္ဂလာပါ၊ ကျွန်မနာမည် ရှဲ့ဝမ်ရင် ပါ"

ဟု အသံတိုးတိုးလေးဖြင့် မိတ်ဆက်လိုက်သည်။

သီလရှင်မှာမူ တစ်ဖက်လူက စိတ်ပြောင်းသွားပြီး သူတို့အားလုံးကို သတ်ပစ်မည်ကို စိုးရိမ်သဖြင့် အာရုံအပြည့် စိုက်ထားရသည်။ သို့သော် သူမ၏ တူမဖြစ်သူကမူ တစ်ဖက်လူကို တိုက်ရိုက် သွားရောက် မိတ်ဆက်နေသည်ကို မြင်သောအခါ အံ့သြသွားမိသည်။

လီယန်ချူက အသာအယာ ခေါင်းငြိမ့်ပြကာ

"ငါက ချောင်ချောင်ပါ" ဟု နှုတ်ဆက်လိုက်သည်။

ထို့နောက် သူသည် ကျိုးရွှန်ဖုန်းနှင့်အတူ စံအိမ်ဟောင်းကြီးအတွင်းသို့ ဝင်သွားတော့သည်။ သူတို့သည် ဤနေရာကို စူးစမ်းရန် လာခဲ့ခြင်း ဖြစ်သည်ကိုး။ ခရမ်းရောင်ဝတ် မိန်းကလေးမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ခဲ့သည်။ ထိုတာအိုဆရာငယ်မှာ ဤမျှ အေးစက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားရသည်။ သို့သော် အချို့လူများမှာလည်း ထိုသို့ပင်၊ တစ်ဖက်လူက ဂရုမစိုက်လေလေ၊ ပို၍ စိတ်ဝင်စားလေလေ ဖြစ်တတ်ကြသည်။

မိန်းကလေးက တစ်ခုခု ထပ်ပြောရန် ပြင်စဉ်မှာပင် သီလရှင်က သူမ၏ ခေါင်းကို တစ်ချက် ခေါက်လိုက်ပြီး

"မင်း ရူးနေပြီလား သူက ချောလို့ သွားမိတ်ဆက်နေတာလား သူက ဝူကျန်းတစ္ဆေအိုကြီးကို အသာလေး သတ်နိုင်တဲ့ ကျွမ်းကျင်သူနော်၊ သူ နှာချေလိုက်ရုံနဲ့တင် မင်း ဘဝက ကုန်သွားနိုင်တယ် "

ဟု ဆူလိုက်သည်။

ရှေဝမ်ရင်က မကျေမနပ်ဖြင့်

"ကျွမ်းကျင်သူလည်း အဖော် ရှိဖို့ လိုတာပဲ၊ သူငယ်ချင်းတွေလည်း ရှိသင့်တာပေါ့ "

ဟု ပြန်ပြောလိုက်သည်။

သီလရှင်က အလျှော့မပေးဘဲ

"ဒီလို ထူးကဲတဲ့ ကျွမ်းကျင်သူမှာ အဖော် မရှိဘူးလို့ မင်း ထင်နေတာလား " ဟု မေးလိုက်သည်။

ရှဲ့ဝမ်ရင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ဟုတ်သားပဲ... ဤမျှ ထူးခြားသော အမျိုးသားတစ်ဦး၏ ဘေးတွင် နတ်သမီးလေးကဲ့သို့ လှပသော အမျိုးသမီးများစွာ ရှိနေမှာ အမှန်ပင်။ သူမ၏ ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားရသည်။ အကယ်၍ လမ်းမပေါ်တွင် တွေ့စဉ်က သူ့ကို လှောင်ပြောင်ခြင်း မပြုခဲ့လျှင် ယခုကဲ့သို့ ဆန့်ကျင်ဘက် အနေအထားမျိုး ဖြစ်လာမည် မဟုတ်ပေ။ ထိုသို့ တွေးမိသောအခါ သူမ အလွန်ပင် နောင်တရမိသွားသည်။

လူဆိုသည်မှာ ဤသို့ပင်၊ တစ်စုံတစ်ခုကို အလွန်အမင်း တန်ဖိုးထားမိလျှင် ဆုံးရှုံးရမှာကို ကြောက်တတ်ကြသည်။ သီလရှင်မှာမူ သူမကို စိတ်ကူးယဉ်ခွင့် မပေးတော့ဘဲ အတင်းအကျပ်ပင် ဆွဲခေါ်သွားတော့သည်။

မိန်းကလေးက မျက်နှာလေး ငယ်ငယ်ဖြင့်

"ဒေါ်လေး... ကျွန်မတို့ အိမ်ပြန်ကြတော့မလား" ဟု မေးလိုက်သည်။

ဤမြို့ထဲတွင် ဤမျှ အစွမ်းထက်သော ကျွမ်းကျင်သူ ရှိနေသဖြင့် ရတနာလုရန်မှာ မဖြစ်နိုင်တော့ဟု သူမ ယူဆမိခြင်းပင်။

သို့သော် သီလရှင်က ယုံကြည်မှုအပြည့်ဖြင့်

"မင်း အတွေ့အကြုံ နည်းသေးတယ်။ သူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ဒီမြို့ထဲက နေရာတိုင်းကိုတော့ သူ တစ်ယောက်တည်း မရောက်နိုင်ပါဘူး။ ငါတို့ တခြားနေရာကို အမြန်သွားကြရအောင်၊ ပစ္စည်းကောင်းတွေ တွေ့ဦးမှာပါ"

ဟု ပြောလိုက်သည်။

ရှဲ့ဝမ်ရင်က ခေါင်းငြိမ့်ပြလိုက်သည်။ ဒေါ်လေး၏ ယုံကြည်မှုမှာ အမြဲတမ်းပင် သင်ယူထိုက်စရာ ဖြစ်နေသည်ကိုး။

စံအိမ်ကြီးအတွင်းမှ အခြားကျင့်ကြံသူ နှစ်ဦးလည်း ထွက်လာကြသည်။ သူတို့နှစ်ဦးမှာ ခုနက ဝူကျန်းတစ္ဆေအိုကြီး၏ အရိပ်များ၏ နှောင့်ယှက်မှုကို ခံခဲ့ရသဖြင့် ဒဏ်ရာ အနည်းငယ် ရထားကြသည်။ လီယန်ချူက သူတို့ကို ကြည့်လိုက်သောအခါ ထိုသူနှစ်ဦးပေါ်တွင် နာကျည်းချက်များနှင့် သွေးညှီနံ့များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

ထိုသူနှစ်ဦးမှာ ရဟန်း များဖြစ်ကြပြီး ဖြူဖြူစင်စင်နှင့် သန့်ရှင်းပုံရသည်။ သို့သော် လီယန်ချူ၏ အကြည့်ကို ခံစားမိသည်နှင့် သူတို့မှာ အလွန်ပင် ထိတ်လန့်သွားကြသည်။ လီယန်ချူက ဝူကျန်းတစ္ဆေအိုကြီးကို အသာလေး သတ်လိုက်သည်ကို သူတို့ မြင်ခဲ့သည် မဟုတ်ပါလား။

"စီနီယာ... ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျာ" ရဟန်းတစ်ပါးက ဖားသည့်အသံဖြင့် မေးလိုက်သည်။

"စီနီယာ ဟုတ်လား" လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။

ထို့နောက် သူသည် လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်ရာ ထိုရဟန်းငယ်မှာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးကာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်နှစ်ခု မှာ ကြောင်အမ်းအမ်းဖြင့် ထွက်ပေါ်လာသည်။ လမ်းလျှောက်နေရင်းနှင့် ဘာအမှားမှ မလုပ်ဘဲ ပါးရိုက်သတ်ခံလိုက်ရခြင်းပင်။

ဘေးတွင်ရှိသော ကျိုးရွှန်ဖုန်းမှာလည်း ကြောင်သွားပြီး

"ချောင်အစ်ကိုကြီး... ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

လီယန်ချူက အေးဆေးစွာပင်

"ဘာမှမဟုတ်ပါဘူး၊ အသိဟောင်းတွေမို့ နှုတ်ဆက်လိုက်တာပါ" ဟု ပြောလိုက်သည်။

ကျိုးရွှန်ဖုန်း : ".........."

လီယန်ချူသည် လက်ကို ဆန့်ထုတ်ကာ ထိုဝိညာဉ်နှစ်ခုကို ဖမ်းဆွဲလိုက်ပြီး ဝိညာဉ်ရှာဖွေအတတ် ကို အသုံးပြုလိုက်သည်။ ထို့နောက် ထိုဝိညာဉ်နှစ်ခုမှာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

"ဝမ်းမြောက်ခြင်းဂိုဏ်း ရဲ့ လက်တံတွေက တော်တော် ရှည်တာပဲ"

ဟု လီယန်ချူက ရေရွတ်လိုက်သည်။

ယခင်က သူ ဖျက်ဆီးခဲ့သော တီယန်ကျူကျောင်းတော် မှာ ဝမ်းမြောက်ခြင်းဂိုဏ်း၏ လက်အောက်ခံတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းမှာ အနောက်ဘက်ဒေသ မှ ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး၊ ယခုအခါ ဤကျိုဖုန်းတောင် သို့ပင် လူလွှတ်ထားသည်ကို သူ သိလိုက်ရသည်။

ကျိုးရွှန်ဖုန်းက အံ့သြစွာဖြင့်

"ဒီလူတွေက ဝမ်းမြောက်ခြင်းဂိုဏ်းက တပည့်တွေလား"

လီယန်ချူက ခေါင်းငြိမ့်ကာ

"ဟုတ်တယ်၊ အရင်က သူတို့ဂိုဏ်းခွဲတစ်ခုကို ငါ ဖျက်ဆီးခဲ့ဖူးတယ်၊ ဒါကြောင့် သူတို့ရဲ့ ကျင့်စဉ်အငွေ့အသက်ကို ငါ မှတ်မိနေတာ"

ဟု ပြောလိုက်သည်။

သူက ကျိုးရွှန်ဖုန်းကို ကြည့်ကာ

"မင်း ဒီဂိုဏ်းအကြောင်း သိလား" ဟု မေးလိုက်သည်။

လီယန်ချူသည် အနောက်ဘက်ဒေသမှ အင်အားစုများအကြောင်း ကောင်းကောင်း မသိသေးသဖြင့် ယခင်က တီယန်ကျူကျောင်းတော်ကို နှိမ်နင်းစဉ်ကမှ အနည်းငယ် သိခဲ့ရခြင်း ဖြစ်သည်။

ကျိုးရွှန်ဖုန်းက ခေါင်းငြိမ့်ကာ

"ကျွန်တော် အနောက်ဘက်ဒေသကို ရောက်ဖူးတယ်၊ ဒါကြောင့် ဝမ်းမြောက်ခြင်းဂိုဏ်းအကြောင်း သိပါတယ်။ သူတို့က ဝမ်းမြောက်ခြင်းနတ်ဘုရားကို ကိုးကွယ်ကြတာ။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ သူတို့က မိန်းကလေးတွေကို အသုံးချပြီး ကျင့်ကြံတဲ့ မိစ္ဆာလမ်းစဉ် တွေပဲ။ အတိအကျ ပြောရရင်တော့ သူတို့က မိစ္ဆာဂိုဏ်းတွေထဲမှာ ပါတယ်ဗျ"

ဟု ရှင်းပြလိုက်သည်။

All Chapters