အခန်း (၁၈၇၃-၁၈၇၄)
Vol. 188 Ch. 1873-1874
အခန်း (၁၈၇၃) - အရိပ်မျိုးနွယ်
တန်ခိုးရှင်နှစ်ဦး၏ တိုက်ပွဲမှာ တစ်နာရီ ကြာမြင့်သည်အထိ ပြင်းထန်ခဲ့ပြီး နောက်ဆုံးတွင် ရွှေသားအနှစ်မျိုးနွယ်မှ အမျိုးသမီး ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
ထိုနှစ်ဦး၏ တိုက်ပွဲကြောင့် မြို့တော်မှာ ယခင်ကထက် ပိုမို၍ ပျက်စီးယိုယွင်းသွားခဲ့လေပြီ။
အတွင်းနယ်မြေရှိ မြက်ပင်၊ သစ်ပင် တိုင်းကို နဂါးသူတော်စင်ကိုယ်တိုင် စွမ်းအားမြှင့်တင်ပေးထားခြင်း ဖြစ်သည်။ အဆင့် ၇ တစ်ဦး၏ တိုက်ခိုက်မှု ဖျက်ဆီးနိုင်စွမ်းမှာပင် ဤမျှသာ ရှိပေလိမ့်မည်။
"ကျောက်ရှောင်မေ... ငါ မင်းကို မသတ်ဘူး။ အရှုံးပေးဖို့ အချိန်ရောက်လာရင် မင်းဘာသာမင်း ထွက်သွားလိုက်တော့"
နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်က ဆိုလိုက်သည်။
မြေပြင်ပေါ်တွင် လဲကျကာ အမောတကော အသက်ရှူနေသော ရွှေသားအနှစ်မျိုးနွယ် အမျိုးသမီးမှာ ထိုစကားကို ကြားသောအခါ ထရပ်၍ ထပ်မံတိုက်ခိုက်ရန် ပြင်လေသည်။
နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်မှာ မတတ်သာဘဲ သက်ပြင်းချလိုက်ပြီး၊ လျင်မြန်စွာ ပျံသန်းသွားကာ သူမကို တိုက်ရိုက်ပင် ရိုက်၍ မေ့မြောသွားစေလိုက်သည်။ ထို့နောက် အနီးအနားရှိ ပုံရိပ်များဆီသို့ လှည့်ကြည့်ကာ
"အခုထိ ကျန်နေသေးတဲ့သူတွေက အင်အားကြီးမျိုးနွယ် ၁၂ ခုက ဆင်းသက်လာတဲ့ ပါရမီရှင်တွေချည်းပဲ။ ဒါပေမဲ့ ဝိညာဉ်မျိုးနွယ် ကတော့ ထူးခြားတယ်၊ သူတို့က သူတော်စင်မျှော်စင်တိုက်ပွဲမှာ ဘယ်တော့မှ မပါဝင်ကြဘူး။ ဒါကြောင့် နောက်ဆုံးတိုက်ပွဲကို ငါတို့ အင်အားကြီးမျိုးနွယ် ၁၁ ခုက တန်ခိုးရှင်တွေပဲ..."
စကားမဆုံးသေးခင်မှာပင် သူသည် တစ်စုံတစ်ဦးထံမှ သတင်းစကား လက်ခံရရှိလိုက်ပုံရပြီး ခဏမျှ ကြောင်သွားကာ၊ ထို့နောက် ဖန့်ချန် ပုန်းအောင်းနေသည့် နေရာဆီသို့ အကြည့်ပို့လိုက်သည်။
သူတစ်ဦးတည်းတင် မဟုတ်ဘဲ အနီးအနားရှိ အင်အားကြီးမျိုးနွယ်များမှ တန်ခိုးရှင် အားလုံးမှာလည်း တစ်စုံတစ်ရာကို ကြားသိလိုက်ရသည့်အလား ဖန့်ချန် ရှိရာဘက်သို့ တပြိုင်နက် လှည့်ကြည့်လာကြသည်။
ရိပ်မိသွားပြီလား
ဖန့်ချန်၏ စိတ်ဓာတ်မှာ လှုပ်ရှားသွားပြီး မျက်လုံးထဲတွင် စဉ်းစားတွေးတောသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဒီမှာ အင်အားကြီးမျိုးနွယ်က မဟုတ်တဲ့ တန်ခိုးရှင်တစ်ယောက် ရှိနေတယ်"
နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်က ဖြည်းညှင်းစွာ ဆိုလိုက်သည်။
"မိတ်ဆွေ... ထွက်လာခဲ့ပါတော့၊ ထပ်ပြီး ပုန်းနေစရာ မလိုတော့ပါဘူး"
တန်ခိုးရှင် အသီးသီး၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြသည်။ ဖန့်ချန် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာပေးများမှာ ထူးဆန်းသွားကြတော့သည်။
လှပချောမောပြီး ဆွဲဆောင်မှုရှိသော မြွေနဂါးမျိုးနွယ် မှ တန်ခိုးရှင် အမျိုးသမီးတစ်ဦးက တခိခိ ရယ်မောကာ ဆိုလိုက်သည်။
"ဒါက ရှင်တို့ နတ်ဘုရားမျိုးနွယ် မဟုတ်ဘူးလား၊ အသားနည်းနည်း ပိုဖြူနေတာပဲ ရှိတာပါ"
"ငါပြောသားပဲ... အခု အဆင့် ၁၀၀ ထဲမှာ အဆင့် ၁၂ ရဲ့ အနောက်က အင်အားကြီးမျိုးနွယ်တွေတောင် အခုထိ ကြံ့ကြံ့မခံနိုင်တော့ဘူး။ ဘယ်လိုလုပ် တခြား အားနည်းတဲ့ မျိုးနွယ်က တန်ခိုးရှင် ကျန်နေဦးမှာလဲ။
ဘယ်လောက်ပဲ ကံကောင်းပါစေ၊ သေမင်းတိုက်ပွဲတွေကို အကြိမ်ကြိမ် ရှောင်လွှဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ကြည့်စမ်း... သူ့ကျောဘက်မှာ အလင်းကွင်း ၂၇ ခုတောင် ရှိတာ၊ ငါတို့နဲ့ ယှဉ်ရင်တောင် သိပ်မကွာတော့ဘူး"
"တိုက်ချုံယွင် ... ဒါ မင်းတို့ နတ်ဘုရားမျိုးနွယ်က စီစဉ်ထားတဲ့ နောက်ကွယ်က လူ မဟုတ်ပါဘူးနော်။
ငါကြားတာတော့... မင်းတို့ နတ်ဘုရားမျိုးနွယ်က ဒီတစ်ကြိမ်မှာ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်နဲ့ လောင်းကြေးထပ်ပြီး ဆုအားလုံးကို သိမ်းကျုံးယူဖို့ ကြံစည်နေတယ် ဆိုတာပဲ"
တန်ခိုးရှင် အများအပြားမှာ သံသယစိတ်များဖြင့် တိုက်ချုံယွင်နှင့် ဖန့်ချန်ကြားသို့ အကြည့်များ အပြန်အပြန် အလှန်လှန် ပို့နေကြသည်။
ထိုစဉ်မှာပင် ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး မည်သူမျှ သတိမပြုမိခင်မှာပင် ဖန့်ချန်၏ နောက်ကျောသို့ ရောက်ရှိသွားကာ လက်ထဲရှိ ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နက်မှောင်သည့် ဓားမြှောင်ဖြင့် ဖန့်ချန်၏ ဦးခေါင်းနောက်ဘက်ကို ထိုးစိုက်လိုက်တော့သည်။
အနီးအနားရှိ တန်ခိုးရှင်များမှာ ဤမြင်ကွင်းကို မြင်သောအခါ ရယ်မောကာ ပွဲကြည့်သကဲ့သို့ စောင့်ကြည့်နေကြသည်။ တိုက်ချုံယွင် တစ်ဦးတည်းသာ စကားပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ နေလိုက်သည်။
ဖန့်ချန်၏ နောက်ကျောတွင် ပေါ်လာသူမှာ တစ်ကိုယ်လုံး မင်ကဲ့သို့ မည်းနက်နေပြီး နဖူးမှ ရင်ဘတ်အထိ ရွှေရောင်မျဉ်းကြောင်း သုံးကြောင်း ရှိနေသည်။
မိမိ၏ လုပ်ဆောင်ချက်မှာ အောင်မြင်တော့မည်ကို မြင်သောအခါ ထိုသူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားပြီး ရှေ့မှလူ သေဆုံးသွားမည့် မြင်ကွင်းကို ကြိုမြင်နေဟန် ရနေသည်။ ထိုသူသည် မိမိ မည်သို့သေဆုံးသွားသည်ကိုပင် သိလိုက်လိမ့်မည် မဟုတ်ပေ။
ခဏအတွင်းမှာပင် နက်မှောင်သော ဓားမြှောင်မှာ ဖန့်ချန်၏ ဦးခေါင်းနောက်စေ့သို့ ထိမှန်သွားသည်။
သို့သော် ထိုဓားမြှောင်မှာ တစ်လက်မချင်းစီ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ချောင်းမြောင်းတိုက်ခိုက်သူမှာ ခဏမျှ ကြောင်သွားပြီး မိမိ၏ ဗလာဖြစ်သွားသော ညာလက်ကို ငေးကြည့်နေမိသည်။
ထိုအချိန်တွင် ဖန့်ချန်မှာ ကိုယ်ကိုလှည့်၍ လာသူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုတန်ခိုးရှင်မှာ သတိပြန်ဝင်လာပြီး ဟင်းလင်းပြင်ထဲသို့ ခုန်တက်ကာ ကိုယ်ယောင်ဖျောက် ထွက်ပြေးရန် ကြံစည်လေသည်။ သို့သော် သူသည် အပေါ်သို့ ပေအနည်းငယ်မျှသာ မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်းလာခဲ့ကာ ဘာမှ ဖြစ်မလာခဲ့ချေ။
ဤမြင်ကွင်းမှာ အနီးအနားရှိ တန်ခိုးရှင်များကိုသာမက ရေတွက်၍မရနိုင်သော အတွင်းနယ်မြေများထဲမှ စောင့်ကြည့်နေကြသည့် မျက်လုံးများကိုပါ အံ့အားသင့်သွားစေသည်။
"အရိပ်မျိုးနွယ် တန်ခိုးရှင်က မျောက်ကပြနေတာလား "
"သူက အဲဒီလူသားမျိုးနွယ် တန်ခိုးရှင်ကို တမင် သက်သက် ရန်စနေတာလား "
"ဒါမှမဟုတ် တစ်ခုခု နက်နဲတဲ့ ရည်ရွယ်ချက် ရှိနေတာလား "
"နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်က ခေါ်လို့ ငါ ထွက်လာခဲ့တယ်။ စကားတောင် အများကြီး မပြောရသေးဘူး၊ မင်းက ဘာလို့ ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ရတာလဲ "
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
အရိပ်မျိုးနွယ်ဝင် တန်ခိုးရှင်မှာ ဘာမှမပြောဘဲ ဟင်းလင်းပြင်ထဲသို့ ထပ်မံ ခုန်တက်ပြန်သည်။
ယခင်အတိုင်းပင် ဘာမှ ဖြစ်မလာခဲ့ချေ။
ဤအခြေအနေမှာ တိုက်ချုံယွင်တို့ တစ်ဖွဲ့လုံးကိုပင် အနေခက်သွားစေသည်။
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေ ဘာလို့ ပျောက်ကုန်တာလဲ "
အရိပ်မျိုးနွယ် တန်ခိုးရှင်သည် မိမိ၏ စွမ်းအားများ ဆုံးရှုံးသွားကြောင်း အသေအချာ သိရှိသွားပြီးနောက် ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
မိမိကိုယ်တိုင်မှာ လူလောက ဝိညာဉ်အသိဖြင့် လွှမ်းခြုံခံထားရသည်ကို သူ မသိလိုက်ချေ။ သူ၏ ကျင့်စဉ်အဆင့်မှာ ဖန့်ချန်ထက် မသာလွန်သရွေ့ ဤဝိညာဉ်အသိကို ခုခံရန် အလွန်ခက်ခဲလှသည်။ သို့မဟုတ် သူ၏ နတ်ဘုရားစွမ်းအားမှာ လူလောက ထက် အဆင့်အတန်း များစွာ နိမ့်ပါးနေခြင်း ဖြစ်သည်။
"ဒီလူကလည်း အင်အားကြီးမျိုးနွယ် ၁၂ ခုထဲက တစ်ခုပဲလား အင်အားကြီးမျိုးနွယ်တွေက ချောင်းမြောင်းတိုက်ခိုက်ဖို့ပဲ သိကြတာလား "
ဖန့်ချန်က အရိပ်မျိုးနွယ် တန်ခိုးရှင် မိမိကို မဖြေဘဲ တိုက်ချုံယွင်တို့ကို လှမ်းကြည့်နေသည်ကို မြင်သောအခါ အေးအေးဆေးဆေးပင် မေးလိုက်သည်။
လေသံမှာ တည်ငြိမ်နေသော်လည်း နားထောင်သူများအဖို့ လှောင်ပြောင်လိုက်သကဲ့သို့ ခံစားကြရသည်။
မြွေနဂါးမျိုးနွယ် တန်ခိုးရှင် အမျိုးသမီးက ချက်ချင်းပင် ငေါက်လိုက်သည်။
"အရိပ်မျိုးနွယ်က အရိပ်မျိုးနွယ်ပဲ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ သူတို့ လုပ်ရပ်တွေက ဘယ်လောက်အထိ ယုတ်မာတယ်ဆိုတာ နတ်ဘုရားနယ်မြေတစ်ခုလုံး သိပြီးသားပဲ"
သူမ ခေတ္တရပ်လိုက်ပြီး
"ဒါထက်... မင်းက သူ့ရဲ့ လုပ်ကြံမှုကို အေးအေးဆေးဆေး ခုခံနိုင်ရုံတင်မကဘဲ သူ့ကို ကစားစရာလို လုပ်နေနိုင်တာပဲ။ မင်း တကယ်ပဲ အင်အားကြီးမျိုးနွယ်က မဟုတ်တာ သေချာရဲ့လား"
ခုနက တန်ခိုးရှင် အားလုံးမှာ မိမိတို့၏ အကြီးအကဲ သူတော်စင်များထံမှ အသံကို ကြားခဲ့ကြရသည်။ အားလုံးက အနီးအနားတွင် အားနည်းသော မျိုးနွယ်စုမှ တန်ခိုးရှင်တစ်ဦး ရှိနေပြီး၊ ထိုသူကို မြင့်မားသော အဆင့် မရစေရန် သတ်ဖြတ်ပစ်ရမည်ဟု အမိန့်ပေးခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် လူတိုင်းမှာ ဖန့်ချန်အပေါ် သတိထားစရာ မလိုဟု ထင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ မကြာမီ ရှုံးနိမ့်ရတော့မည်ဟု မှတ်ယူထားသောကြောင့်ပင်။ သို့သော် ယခုအခါတွင်မူ သူတို့၏ စိတ်ထဲ၌ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ဖန့်ချန်ကို ခွဲစိပ်ကြည့်ချင်ခဲ့သော တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်ကဲ့သို့ပင်။
"အင်အားကြီးမျိုးနွယ် ဆိုတာကို အထွတ်ထိပ်အရိုးတွေနဲ့ပဲ သတ်မှတ်တာဆိုရင်တော့... ကျွန်တော်က အင်အားကြီးမျိုးနွယ်က မဟုတ်ပါဘူး၊ အားနည်းတဲ့ မျိုးနွယ်ကပါ"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
ပြောရင်းနှင့်ပင် သူသည် လက်အင်္ကျီစကို သဲ့သဲ့မျှ ဝှေ့ယမ်းလိုက်ရာ တိတ်တိတ်ကလေး ထွက်ပြေးရန် ကြံစည်နေသော အရိပ်မျိုးနွယ် တန်ခိုးရှင်မှာ စွမ်းအားတစ်ခုဖြင့် ပြန်လည် ဆွဲခေါ်ခံလိုက်ရပြီး ဖန့်ချန်၏ ဘေးတွင် လှုပ်မရအောင် ရပ်တန့်သွားရတော့သည်။
"ငါ့စကား မဆုံးသေးဘူး... မင်းဘက်ကလည်း ရှင်းပြချက် မပေးသေးဘဲ ဘာလို့ ထွက်သွားချင်ရတာလဲ"
ဖန့်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ထားလိုက်ပါတော့... မင်းက ဘယ်မျိုးနွယ်ကလဲဆိုတာ ငါ ဂရုမစိုက်တော့ဘူး။ ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေ အပိတ်ခံထားရလို့ မင်းကို ငါ မနိုင်ပါဘူး။ အချိန်စေ့ရင် ငါ တိုက်ရိုက် အရှုံးပေးလိုက်မယ်"
အရိပ်မျိုးနွယ် တန်ခိုးရှင်က မတတ်သာဘဲ ဆိုလိုက်သည်။
"ငါ ခုနက ချောင်းမြောင်းတိုက်ခိုက်တာကိုလည်း အပြစ်မတင်ပါနဲ့၊ ဒါက ငါ့မျိုးနွယ်ရဲ့ ထုံးစံပဲ။ ငါတို့က ဘယ်တော့မှ တစ်ဖက်လူနဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်ဘူး"
"မင်း ခုနက ငါ့နောက်မှာ ရုတ်တရက် ပေါ်လာတဲ့ နတ်ဘုရားစွမ်းအားက ဘာလဲ အဲဒါ မင်းတို့ အရိပ်မျိုးနွယ်ရဲ့ စွမ်းအားလား "
ဖန့်ချန်က ထိုသူကို အထက်အောက် ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ်... ဒါ ငါတို့ အရိပ်မျိုးနွယ်ဝင်တွေပဲ ရနိုင်တဲ့ သီးသန့်စွမ်းအားပဲ။ နာမည်က အရိပ်ဗောဓိသတ် နည်းပရိယာယ် လို့ ခေါ်တယ်"
အရိပ်မျိုးနွယ် တန်ခိုးရှင်က အေးဆေးစွာ ဖြေသည်။
"မင်း ငါ့ကို သတ်ဖို့တော့ မစဉ်းစားနဲ့နော်။ ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ငါ သေသွားရင်တောင် ဝိညာဉ်မျိုးနွယ်က ငါ့ကို လက်ခံမှာပဲ။ အရိပ်မျိုးနွယ်ကနေ ဝိညာဉ်မျိုးနွယ် ဖြစ်သွားရုံပဲ ရှိမယ်၊ အင်အားကြီးမျိုးနွယ် ၁၂ ခုထဲက တစ်ခုပဲလေ။ ငါတို့ကြားမှာ ဒီလောက်အထိ ရန်ငြိုးဖွဲ့ဖို့ မလိုပါဘူး"
ပြောနေစဉ်မှာပင် ဟင်းလင်းပြင်ထဲမှ နောက်ထပ် နက်မှောင်သော ဓားမြှောင် အနည်းငယ် ထွက်ပေါ်လာပြီး ဖန့်ချန်၏ ကိုယ်ပေါ်သို့ ညင်သာစွာ ကျရောက်လာပြန်သည်။
ခြွင်းချက်မရှိဘဲ ထိုဓားမြှောင်များ အားလုံးမှာ တစ်စစီ ကွဲအက်ကာ ပျောက်ကွယ်သွားကြသည်။
အရိပ်မျိုးနွယ် တန်ခိုးရှင် အနည်းငယ်မှာ အရိပ်ထဲမှ လွင့်ထွက်လာကြပြီး အနည်းငယ် ယိုင်တိယိုင်ထိုင် ဖြစ်သွားပြီးမှ ပြန်လည် ရပ်တည်နိုင်ကြသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ အလွန်တရာ တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် မျိုးနွယ်အသီးသီးမှ တန်ခိုးရှင်များမှာ သက်ပြင်းချသံများ တပြိုင်နက်တည်း ထွက်ပေါ်လာကြတော့သည်။
"အင်း... (သက်ပြင်းချသံ)"
အခန်း (၁၈၇၄) - အလွယ်တကူ နှိမ်နင်းခြင်း
လူတိုင်း၏ သက်ပြင်းချသံများမှာ တစ်ဝက်မှာ ထိုအရိပ်မျိုးနွယ် တန်ခိုးရှင်များအတွက် ဖြစ်ပြီး၊ ကျန်တစ်ဝက်မှာမူ ဖန့်ချန်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
အရိပ်မျိုးနွယ် တန်ခိုးရှင်များ၏ နည်းပရိယာယ်များကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။ ခုနကကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်မှုကို သူတို့ကိုယ်တိုင် ခုခံရမည်ဆိုပါက အစွမ်းကုန် အားထုတ်မှသာ ပြေလည်နိုင်မည် ဖြစ်သည်။
သို့သော် ဤအရိပ်မျိုးနွယ် တန်ခိုးရှင်များမှာ အားနည်းသောမျိုးနွယ်စုမှ တန်ခိုးရှင်တစ်ဦး၏ ရှေ့မှောက်တွင် အကြိမ်ကြိမ် အရေးနိမ့်ကာ အရှက်တကွဲ ဖြစ်ခဲ့ရသည်။ ဤအချက်ကပင် ရှေ့မှလူ၏ အစွမ်းမှာ သူတို့ ထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေကြောင်း သက်သေပြနေသည်။
"တိုက်ချုံယွင်... မင်း ဒီတစ်ကြိမ်မှာ နံပါတ် (၁) ရချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒီလူကို အရင်ဆုံး ရှင်းပစ်ရမယ်လို့ ငါမြင်တယ်"
နတ်ဘုရားမျိုးနွယ် တန်ခိုးရှင် အချို့သည် တိုက်ချုံယွင်၏ နောက်ကွယ်တွင် တစ်ဦးပြီးတစ်ဦး ပေါ်လာကြပြီး၊ ဖန့်ချန်ကို စူးစမ်းသော၊ လေးနက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"သူ့ရဲ့ နတ်ဘုရားစွမ်းအားက တကယ်ပဲ ထူးဆန်းတာပဲ။ ငါလည်း စိတ်ဝင်စားသွားပြီ၊ တစ်ချက်လောက် စမ်းကြည့်ချင်တယ်"
တိုက်ချုံယွင်၏ မျက်လုံးထဲတွင် တိုက်ပွဲဝင်လိုစိတ်များ လျှံထွက်လာသည်။
ဟင်းလင်းပြင်ရှိ ခမ်းနားထည်ဝါသော အဆောက်အအုံထက်တွင်မူ...
တစ်ကိုယ်လုံး မည်းနက်နေပြီး ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်မျဉ်းကြောင်း သုံးကြောင်းရှိသော အရိပ်မျိုးနွယ် သူတော်စင်သည် ဖန့်လဲ့ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
"ဒါက ဘယ်လို နတ်ဘုရားစွမ်းအားလဲ"
အနီးအနားရှိ အင်အားကြီးမျိုးနွယ်မှ သူတော်စင်များမှာလည်း ဖန့်လဲ့ထံသို့ တပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး ဤအားနည်းသော လူသားမျိုးနွယ်အပေါ် ရုတ်တရက် စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာကြသည်။
သို့သော် ထိုစိတ်ဝင်စားမှုမှာ ကြီးမားလှသည်တော့ မဟုတ်ပေ။ မျိုးနွယ်စုတစ်ခု၏ အင်အားကြီးခြင်း၊ အားနည်းခြင်းမှာ တစ်ဦးတစ်ယောက်အပေါ်တွင် မူတည်သည်မဟုတ်ဘဲ တစ်မျိုးနွယ်လုံး၏ စုပေါင်းအင်အားအပေါ်တွင်သာ မူတည်သောကြောင့် ဖြစ်သည်။
အားနည်းသော မျိုးနွယ်ဖြစ်နေလင့်ကစား သူတို့ပင် မမြင်ဖူးသော နတ်ဘုရားစွမ်းအားအချို့ နိုးထလာတတ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
"ကျွန်တော်လည်း မသိပါဘူး"
ဖန့်လဲ့က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
"မင်းလည်း မသိဘူးလား"
အရိပ်မျိုးနွယ် သူတော်စင်က မျက်မှောင်ကြုတ်လိုက်သည်။
တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က ခပ်ပြုံးပြုံးဖြင့် ဝင်ပြောသည်။
"နတ်ဘုရားစွမ်းအားတွေက တစ်ခုနဲ့တစ်ခု မတူကြဘူး၊ သတ်မှတ်ချက်လည်း မရှိဘူးဆိုတော့ မသိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဆင့် ၆ ရဲ့ နံပါတ် (၁) နေရာဟာ နတ်ဘုရားမျိုးနွယ်အတွက် သေချာပေါက် ဖြစ်ချင်မှ ဖြစ်တော့မှာပဲ"
ပြောပြီးနောက် သူက နတ်ဘုရားမျိုးနွယ် သူတော်စင်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"နတ်ဘုရားမျိုးနွယ်က ဆုတွေအားလုံးကို သိမ်းကျုံးယူဖို့ဆိုတာ အရင်လို မလွယ်တော့ဘူးထင်တယ်"
"ကိစ္စမရှိပါဘူး။ အကျိုးအမြတ်အားလုံးကို နတ်ဘုရားမျိုးနွယ်ကပဲ ယူနေလို့လည်း မဖြစ်ပါဘူး။ တခြားမျိုးနွယ်တွေ နေရာရဖို့ အခွင့်အရေး နည်းနည်းပါးပါးတော့ ချန်ပေးရမှာပေါ့"
နတ်ဘုရားမျိုးနွယ် သူတော်စင်က တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။
"ဒါပေမဲ့လည်း... အားနည်းတဲ့မျိုးနွယ်က ကောင်လေးတစ်ယောက်ကို သူတော်စင်မျှော်စင်တိုက်ပွဲမှာ အင်အားကြီး ၁၂ မျိုးနွယ်ထက် ပိုမြင့်တဲ့ အဆင့် ရခွင့်ပေးလိုက်ရင် ဘေးကလူတွေရဲ့ လှောင်ပြောင်တာကို ခံရလိမ့်မယ်။ ငါ့အထင်တော့... ဒီကောင်လေးရဲ့ အဆင့်ဟာ ဒီနေရာမှာတင် ရပ်တန့်သွားသင့်ပြီ"
ရွှေသားအနှစ်မျိုးနွယ် သူတော်စင်က အေးစက်စွာ ဆိုလိုက်သည်။
"မှန်ပါတယ်"
အနည်းဆုံး သူတော်စင် ဆယ်ဂဏန်းခန့်က ခေါင်းညိတ် ထောက်ခံကြသည်။ ထိုအထဲတွင် အင်အားကြီး ၁၂ မျိုးနွယ်မှ သူတော်စင်အချို့လည်း ပါဝင်သည်။
သူတို့သည် လူသားမျိုးနွယ်မှ သူတော်စင် ကိုးဦး ဤနေရာတွင် ရှိနေသည်ကိုပင် မမြင်သည့်အလား သူတို့၏ မျက်နှာချင်းဆိုင်မှာတင် ဖန့်ချန်ကို ဆက်လက်တိုက်ခိုက်ခွင့် မပေးရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ဝမ်တောက်သူတော်စင်နှင့် ဖန့်လဲ့မှလွဲ၍ ကျန်ရှိသော လူသားမျိုးနွယ် သူတော်စင်များမှာ နှုတ်ဆိတ်နေကြသည်။
"သူတော်စင် အားလုံးဟာ လူကြီးသူမတွေပဲ၊ နောက်မျိုးဆက် ပါရမီရှင်လေး တစ်ယောက်ကိုတော့ အခက်မတွေ့စေသင့်ဘူး မဟုတ်လား "
ဝမ်တောက်သူတော်စင်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ရွှေသားအနှစ်မျိုးနွယ် သူတော်စင်က သူ့ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ဆိုသည်။
"အခက်တွေ့အောင် လုပ်တာ မဟုတ်ပါဘူး၊ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်တာပါ။ ငါတို့ကိုယ်တိုင်လည်း တိုက်ရိုက် ဝင်မပါပါဘူး၊ အရာအားလုံးကို မျှော်စင်တိုက်ပွဲရဲ့ စည်းမျဉ်းအတိုင်းပဲ သွားမှာပါ"
"အင်း... စည်းမျဉ်းကို မဖောက်ဖျက်သရွေ့တော့ ရပါတယ်"
နဂါးသူတော်စင်က ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။
ဝမ်တောက်သူတော်စင်မှာ ထိုမြင်ကွင်းကို မြင်သောအခါ ဆက်၍ စကားမပြောတော့ပေ။ ဤနေရာရှိ လူသားမျိုးနွယ် သူတော်စင်များအားလုံး နားလည်သွားကြပြီ ဖြစ်သည်။ ဤအင်အားကြီးမျိုးနွယ် သူတော်စင်များသည် လူသားမျိုးနွယ်ကို သူတို့၏ မျက်စိထဲ၌ပင် ထည့်မထားကြချေ။
လူသားမျိုးနွယ်ထဲမှ အဆင့် ၁၀၀ ထဲ တိုးဝင်နိုင်သူ တစ်ဦး ထွက်ပေါ်လာသော်လည်း သူတို့အတွက် ဆွဲဆောင်ရန် မထိုက်တန်ပေ။ ဆွဲဆောင်ဖို့ မလိုလျှင် ကျန်ရှိသည့် အရာမှာ အလွယ်တကူ နှိမ်နင်းခြင်းသာ ဖြစ်သည်။
"အခြေအနေက မကောင်းတော့ဘူး"
ဝမ်တောက်သူတော်စင်၏ အသံမှာ ဖန့်လဲ့၏ နားထဲတွင် ပေါ်လာသည်။
"အဲဒီကောင်လေးရဲ့ အရည်အချင်းကိုပဲ ကြည့်ရမှာပေါ့။ အကယ်၍ သူ အဆုံးအထိ တောင့်ခံနိုင်ရင် ဒါဟာ သူ့ရဲ့ စွမ်းရည်ပဲ။ တောင့်မခံနိုင်ရင်လည်း ကိစ္စမရှိပါဘူး၊ ဒီတစ်ကြိမ် ရလဒ်ကတင် လူသားမျိုးနွယ်အတွက် စံနမူနာကောင်းတစ်ခု ဖြစ်နေပါပြီ"
ဖန့်လဲ့က အေးဆေးတည်ငြိမ်စွာပင် ပြန်လည်ပြောကြားလိုက်သည်။
ထိုအချိန်တွင် လူသားမျိုးနွယ်၏ ထိပ်သီးအဆင့် အနည်းငယ်မှာ အတွင်းနယ်မြေ အသီးသီးထဲ၌ မျှော်စင်ထဲမှ မြင်ကွင်းကို အာရုံစိုက် စောင့်ကြည့်နေကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင် တစ်ပိုင်းသူတော်စင်များ၏ ဘွဲ့အမည်ကိုသာ ထိုထိပ်သီးများက သိရှိကြသော်လည်း ယခုမူ သာမန် အဆင့် ၆ တန်ခိုးရှင်လေး တစ်ဦးမှာ သူတို့၏ စိတ်ထဲ၌ နက်ရှိုင်းသော စွဲထင်မှုကို ချန်ထားနိုင်ခဲ့လေပြီ။
အရိပ်မျိုးနွယ် တန်ခိုးရှင် အနည်းငယ်မှာ ချောင်းမြောင်းတိုက်ခိုက်၍ မအောင်မြင်သောအခါ လျင်မြန်စွာ ထွက်ပြေးရန် ကြံစည်ကြသော်လည်း ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်ကြောင့် လှုပ်မရဘဲ ဖြစ်နေကြသည်။
သို့သော် အစောဆုံး တိုက်ခိုက်ခဲ့သူမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် အစိတ်အပိုင်း အနည်းငယ်ကို ပြန်လည် အသုံးချနိုင်ပြီဖြစ်ကြောင်း သတိပြုမိသွားသည်။
"ဒီလူရဲ့ နတ်ဘုရားစွမ်းအားမှာ အကန့်အသတ် ရှိတယ် မင်းတို့ အခု ချက်ချင်း ဝိုင်းမတိုက်ရင် သူက တစ်ယောက်ချင်းစီကို ချေမှုန်းသွားလိမ့်မယ်၊ အဲဒီအခါကျရင် အဆင့် ၆ ရဲ့ နံပါတ် (၁) နေရာက သူ့လက်ထဲ ရောက်သွားလိမ့်မယ် "
ထိုအရိပ်မျိုးနွယ် တန်ခိုးရှင်က အော်ဟစ်လိုက်သည်။
နောက်တစ်ခဏတွင် မျိုးနွယ်စု အသီးသီးမှ တန်ခိုးရှင်များမှာ သတိဝင်လာကြပြီး အလွန် နားလည်မှုရှိစွာဖြင့် ဖန့်ချန်ကို တပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။
တန်ခိုးရှင် တစ်ဦးပြီးတစ်ဦး ချဉ်းကပ်လာသည်နှင့်အမျှ လူလောက ၏ အကန့်အသတ်မှာလည်း ကျော်လွန်ခံလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူတို့၏ နတ်ဘုရားစွမ်းအားများမှာ ပြန်လည် နိုးထလာကြတော့သည်။
ယခင်က မိမိတို့၏ သူတော်စင်များ မှာကြားခဲ့သည်များကို သတိရကာ သူတို့၏ လက်ရှိ ပစ်မှတ်မှာ ဖန့်ချန် တစ်ဦးတည်းသာ ဖြစ်သည်။ တိုက်ချုံယွင်နှင့် တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင် အနည်းငယ်မှလွဲ၍ ကျန်သူအားလုံးမှာ ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
လူသားမျိုးနွယ် တန်ခိုးရှင်များမှာ ဤမြင်ကွင်းကို မြင်သောအခါ အသက်ရှူရပ်မတတ် ဖြစ်သွားကြရသည်။ ဤမျှ များပြားလှသော အင်အားကြီးမျိုးနွယ်မှ တန်ခိုးရှင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရခြင်းမှာ အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိသလောက်ပင်။
တိုက်ချုံယွင်၏ မျက်နှာတွင် နှမြောတသဟန် ပေါ်လာသည်။ ရှေ့မှလူသည် မိမိနှင့် အဆင့် ၆ နံပါတ် (၁) နေရာအတွက် ယှဉ်ပြိုင်နိုင်မည့်သူ ဖြစ်သော်လည်း အထက်မှ သူတော်စင်များက ဤအားနည်းသောမျိုးနွယ်မှ တန်ခိုးရှင်ကို အဆုံးအထိ မကျန်စေချင်သဖြင့် တစ်ဖက်လူမှာ ရှုံးနိမ့်ထွက်သွားရုံသာ ရှိတော့သည်။
"ဝိညာဉ်မျိုးနွယ်က သူ့ကို လက်ခံကောင်း လက်ခံနိုင်လိမ့်မယ်၊ အဲဒီအခါကျရင် သူလည်း အင်အားကြီး ၁၂ မျိုးနွယ်က ဖြစ်လာမှာပဲ။ နောက်မှ ထပ်ပြီး ယှဉ်ပြိုင်ကြတာပေါ့... ဒါပေမဲ့... နောက်တစ်ကြိမ် ဆုံတဲ့အခါကျရင် ငါက အကန့်အသတ်တွေကို ကျော်လွန်နေတဲ့သူ ဖြစ်နေလောက်ပြီ"
တိုက်ချုံယွင်က စိတ်ထဲမှ တွေးလိုက်သည်။
ဖန့်ချန်၏ လက်ချက်ကြောင့် အရှက်ကွဲခဲ့ရသော အရိပ်မျိုးနွယ် တန်ခိုးရှင်များမှာ ယခုအခါတွင် အပျော်ဆုံး ဖြစ်နေကြသည်။ သူတို့၏ လက်ထဲရှိ နက်မှောင်သော ဓားမြှောင်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါများကို ထုတ်လွှတ်ကာ ဖန့်ချန်ထံသို့ အပြိုင်အဆိုင် ထိုးစိုက်လိုက်ကြသည်။
ဖန့်ချန်မှာ ထိုမြင်ကွင်းကို မြင်သောအခါ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ပြီး တစ်ကိုယ်လုံး အရိပ်ထဲသို့ နစ်ဝင်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
လူတိုင်း၏ တိုက်ခိုက်မှုများမှာ ဟင်းလင်းပြင်ကိုသာ ထိမှန်သွားပြီး၊ ပြင်းထန်လှသော ရိုက်ခတ်မှု အဟုန်ကြောင့် သူတို့ကိုယ်တိုင်ပင် ပေရာကျော်ခန့် လွင့်ထွက်သွားကြရသည်။
မြေပြင်ပေါ်ရှိ နက်မှောင်နေသော ကျင်းကြီးကို ကြည့်ကာ တန်ခိုးရှင်တစ်ဦးက အံ့ဩတကြီး မေးလိုက်သည်။
"သူ ဘယ်ရောက်သွားတာလဲ"
"အခုနက အဲဒါ အရိပ်ဗောဓိသတ် နည်းပရိယာယ် မဟုတ်ဘူးလား "
နတ်ဘုရားမျိုးနွယ် တန်ခိုးရှင် တစ်ဦးက အရိပ်မျိုးနွယ်ဝင်များကို လှည့်ကြည့်ကာ
"မင်းတို့ ဘယ်လိုဖြစ်တာလဲ သူက ဘာလို့ မင်းတို့ရဲ့ နတ်ဘုရားစွမ်းအားကို အသုံးပြုနိုင်ရတာလဲ "
"ငါတို့လည်း ဘယ်သိမှာလဲ"
အရိပ်မျိုးနွယ် တန်ခိုးရှင်များမှာလည်း တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပြီးနောက်၊ ချက်ချင်းပင် အရိပ်များထဲသို့ နစ်ဝင် ပျောက်ကွယ်သွားကြသည်။
ဟင်းလင်းပြင်ရှိ အဆောက်အအုံထက်တွင်မူ...
အရိပ်မျိုးနွယ် သူတော်စင်သည် ဖန့်လဲ့ကို စူးစမ်းသော၊ သံသယရှိသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
"တူညီတဲ့ နည်းပရိယာယ် ဖြစ်နေလို့နေမှာပါ"
ဖန့်လဲ့က ထူးဆန်းသော မျက်နှာပေးဖြင့် ဆိုလိုက်သည်။
"တူညီတဲ့ နည်းပရိယာယ် ဟုတ်လား အရိပ်မျိုးနွယ်ဟာ နတ်ဘုရားနယ်မြေမှာ နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တာ၊ နယ်မြေပေါင်းများစွာကို သိမ်းပိုက်ခဲ့ပေမဲ့ ငါတို့မျိုးနွယ်နဲ့ တူညီတဲ့ နတ်ဘုရားစွမ်းအားမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး"
အရိပ်မျိုးနွယ် သူတော်စင်က အေးစက်စွာ ပြောလိုက်သည်။
"ဒီစကားကတော့ နည်းနည်း ဘက်လိုက်ရာ ရောက်နေပြီ။ မင်းမတွေ့ဖူးတာနဲ့ ဒီလောကမှာ မရှိဘူးလို့ မဆိုလိုပါဘူး။ ဒါ့အပြင် အရိပ်ဗောဓိသတ် နည်းပရိယာယ်ဆိုတာကလည်း တစ်ခုတည်းသော စွမ်းအားမှ မဟုတ်တာ၊ အကယ်၍ အလင်းဗောဓိသတ် နည်းပရိယာယ် နဲ့ တွေ့ရင်လည်း အရှုံးပေးရမှာပဲ"
တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က ခပ်ရွှတ်ရွှတ် ဆိုလိုက်သည်။
သူ့စကားလည်း ဆုံးရော... အရိပ်ထဲသို့ ပုန်းလျှိုးသွားသော အရိပ်မျိုးနွယ် တန်ခိုးရှင်များမှာ အရှိန်ဖြင့် လွင့်ထွက်လာကြသည်ကို မြင်လိုက်ရသည်။
ဆက်လက်၍ ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိသော ပုံရိပ်တစ်ခုမှာ အရိပ်ထဲမှ ထွက်ပေါ်လာပြီး တန်ခိုးရှင် အားလုံးကို အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်လိုက်တော့သည်။
တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။
အရိပ်မျိုးနွယ် သူတော်စင်မှာမူ ခေတ္တမျှ ကြောင်သွားပြီးနောက် ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်။
"ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဟုတ်လား ဒီကောင်လေးက မင်းတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ရဲ့ သွေးနှော ဖြစ်နေတာတော့ မဟုတ်ဘူး မဟုတ်လား "
လူသားမျိုးနွယ် သူတော်စင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဖန့်လဲ့ကိုယ်တိုင်ပင် စိတ်ထဲ၌ တိတ်တဆိတ် အံ့သြနေမိသည်။ ထိုဒဏ္ဍာရီလာ သံသရာမသေမျိုးဂိုဏ်း သည် ဤမျှအထိ ထူးခြားဆန်းပြားနေသလော။